Friday, June 21, 2024

လူသိရှင်ကြား ‌ဗြောင် ဖွင့်ချလိုက်ပြီး‌ နောက်


 

❝ လူသိရှင်ကြား ‌ဗြောင် ဖွင့်ချလိုက်ပြီး‌ နောက် ❞

“ လွယ်လွယ်‌လေးပါ အ‌ဖေ ”

“ ဟ ဒါဆို လုပ်စမ်းပါဦး ငါ ဒီ လူ့ အတွက် စိတ် မချမ်းသာ ”

၂၀၀၆ ခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၁၆ ရက် ကြာသပ‌တေး‌နေ့ က ခင်ဗျာ့ ။

ကျွန်‌တော် ‌မောင်ချမ်းသာ ၊ မာမီချစ် ( ‌ဒေါ်ခင်မိငယ် ) နဲ့ သမီး တို့ သုံး‌ယောက် ထမင်းစားပွဲ မှာ ဆုံမိ ။ ထုံးစံ အတိုင်း သည် သုံး‌ယောက် က လည်း ထမင်းဝိုင်း ကျ မှ ဆုံကြရတာဗျာ ( ကိုယ့် အလုပ် နဲ့ ကိုယ် ရှုပ် )

“ အင်း ‌ပြောပါဦး သမီး ရ ”

“ ပထမ အဆင့် ‌ဗြောင် ဖွင့်ချ လိုက်ရမယ် ၊ နာမည် ကို အရင် ဖျက်ချ ပစ်လိုက် ရမယ် ”

“ ဟယ် နင့် ဟာ ”

“ ဟုတ်တယ် အ‌ဖေ ၊ သိက္ခာ ကျ မှာ စိုးလို့ ဆိုပြီး အခုလို ပုန်းလျှိုး ကွယ်လျှိုး ‌ဝေ့လည်‌ကြောင်ပတ် လုပ်‌ နေတာ နဲ့ စာရင် ‌ဗြောင် ချ လိုက်တာ က ပို‌ ကောင်းတယ် ၊ အခုလဲ ဘာ ထူးလဲ အ‌ဖေ ၊ လူ‌ တွေ က သိ‌ နေတာပဲ ၊ အားနာလို့ မသိချင်‌ယောင်‌ ဆောင်‌ နေကြတာ ၊ ‌ဗြောင်ချ ပြ လိုက်‌တော့ ပြတ် သွား‌ရော ”

“ ဟယ် ‌ကောင်းပါ့မလား ”

တစ်ခါတစ်ရံ မှာ သား တို့ သမီး တို့ရဲ့ အကြံဉာဏ် က ကျွန်‌တော် တို့ အဘိုးကြီး‌ တွေ ထက် ပို‌ ကောင်း‌ နေတတ်တယ် ဗျာ့ ၊ ‌ခေတ်လူငယ်‌ တွေ ဆို‌တော့ ကြည့်တတ် မြင်တတ် ကြ တာ‌ပေ့ါ ။

အခု အဖြစ် က သည်လိုပါ ဗျာ ။ ကျွန်‌တော့် မိတ်‌ဆွေကြီး စီးပွါး‌ရေးသမား လုပ်ငန်းရှင် ကိုသံလုံး ခင်ဗျာ့ ။

ဆယ်နှစ်‌ လောက် အတွင်း မှာ ကိုသံလုံး ဟာ ဘာမျှ လက် ရွယ် စရာ မရှိတဲ့ ဘဝ က‌ နေ သိန်း တစ်ရာ‌ လောက် ကိုင် နိုင်တဲ့ အ‌ခြေအ‌နေ ကို ‌ရောက် လာတယ် ။

ကျွန်‌တော် တို့ ‌အောင်လံ လို ‌တောမြို့က‌လေး မှာ သိန်း တစ်ရာ ဆိုတာ ( ဒီ‌နေ့ အဖို့ ) ‌တော်‌တော်က‌လေး လုပ်နိုင် ကိုင်နိုင် တဲ့ အ‌နေအထား ဗျာ့ ။ လူရို‌သေ ရှင်ရို‌သေ လူရာက‌လေး ဝင် နိုင်ပြီ‌ ပေါ့ဗျာ ။ လှုပ်သာ ရှားသာ အ‌ခြေအ‌နေက‌လေး ‌ရောက်‌ နေပြီ‌ပေါ့ ဗျာ ။

ကံ‌ ကောင်းချင်‌တော့ စီးပွါး တက်‌ နေတုန်း တရားမဝင် ထီ သိန်း ၄ဝ ၊ ၅ဝ ဖိုး‌ လောက် ရ လိုက်တယ် ခင်ဗျာ့ ။

အဲ ကံ ဆိုးချင်‌တော့ ... ။

‌ချော်‌တော‌ ငေါ့ ပြီး အဲသည် ဘက် ကို မဲမဲ ပြီး လိုက်ရင်း လိုက်ရင်း ‌ဖောင်း‌ နေတဲ့ အိပ်ကပ်‌လေး ပိန်ပိန် သာ သွား‌တော့တယ်ဗျာ ။ ရ ထား လိုက်တာ‌လေး ပြန် ထွက်‌ပြေး တဲ့ အပြင် လက်ဆုပ်လက်ကိုင် အရင်းအနှီး လုပ် ထားတဲ့ အခင်းအကျင်း သိန်း ၁၀ဝ ( သိန်းတစ်ရာ ) က လည်း အားကျ မခံ ‌နောက် က အ‌ပြေး လိုက် သွား ပြန်တယ် ဗျာ ။ သည်မှာ တင် ဟင်း ဟင်း အဲသည် ဘက် မမဲ ရဲ‌တော့ ဘဲ မူလ စီးပွါး‌ရေး ဘက် ပြန် မဲပြီး ပြဲကျ သွားတာ ကို ပြန် ဖာ ကြည့် တယ်ဗျာ ။ အင်း ‌ငွေထုပ် ပြဲကျတယ် ဆိုတာ က လည်း ကတ္တရာလမ်း‌ ပေါ်  ပြုတ်ကျ သွားတဲ့ ‌ရေခဲတုန်းကြီး အစိတ်စိတ် အမြွာမြွာ ‌ကျေမွ သွား သလိုမျိုး ဗျာ ။ ‌ကျေမွ သွား တဲ့ ‌ရေခဲ ပြန်ပြီး လုံးမိဖို့ ဆိုတာ ။

လူ မသိ သူ မသိ စီးပွါး အရှိန် မပျက်‌အောင် ထိန်း ထားမယ် ဆိုပြီး လူ အထင်‌သေး မခံရ‌ အောင် ဆိုပြီး ‌ငွေ အ‌ကြွေး‌ တွေ ယူ ၊ ကုန် အ‌ကြွေး‌ တွေ ယူ ပြီး ဆက်လက် ‌လှော်ခတ်ပါ‌ သော်လည်း သုံးနှစ် ကြာသည် အထိ အရာ မထင်ဘူး ခင်ဗျာ့ ။

အတိုး‌ တွေ ပတ် တက် ၊ ကုန်‌ကြွေး‌ တွေ ပွ ထပြီး လက်ရှိ သိန်း တစ်ရာ ‌ပျောက် သွားတဲ့ အ‌ပေါ် ‌နောက် အ‌ကြွေး သိန်း တစ်ရာ့ငါးဆယ် ‌လောက် ‌ရောက် သွားတယ် ။

သည် အ‌ကြောင်း ဘယ်လို ‌ဖြေရှင်း ရင် ‌ကောင်းမလဲ ၊ အခု လူစုံတုန်း ‌ဆွေး‌နွေးကြတာ ဗျာ့ ။ မိတ်‌ဆွေ အရင်းကြီး ဆို‌ တော့ မ‌နေသာဘူး ။

ဒုတိယ အဆင့်‌ပေ့ါ‌ နော် ၊ ရှိတာ‌တွေ အကုန် ‌ရောင်း ပစ်ရမယ် ။ အိမ် ၊ ‌မော်‌တော်ဆိုင်ကယ် ၊ စက်ဘီး‌ တောင် မချန် နဲ့ ‌ရောင်း ။ ရောင်း ပြီး‌တော့ ။ ရောင်း ပြီး‌တော့ အ‌ကြွေး‌ တွေ ပြန် ဆပ် ၊ ရာခိုင်နှုန်း နဲ့‌ ပေါ့ အ‌ဖေ ။ ငါးဆယ် ရာခိုင်နှုန်း ၊ ‌ခြောက်ဆယ် ရာခိုင်နှုန်း အများ လက်ခံ နိုင်‌လောက်‌အောင် ။

အင်း ပြီး‌တော့ ။

အဲသလို ဆပ် ပြီး‌တော့ မှ တတိယ အဆင့် က ဆယ်သိန်း‌ လောက်က‌လေး  ဆယ့်ငါးသိန်း‌ လောက်က‌လေး နဲ့ တစ်နိုင်တစ်ပိုင်က‌လေး ‌ခေါင်း‌ အေး‌အေး နဲ့ လုပ်မယ် ဆိုရင် ။

အယ် ဟုတ်‌ပေတာ‌ပေါ့ သမီး ၊ သူ က အလုပ် မလုပ် လို့ မှ မဟုတ်တာ လမ်း‌ ချော် သွားလို့သာ ဖြစ်သွားရတာ ဆို‌တော့ ။

ဟုတ်တယ် အ‌ဖေ သူ အရမ်း အလုပ် လုပ်တယ် ဆိုတာ အားလုံး က သိ‌နေတာပဲ ဟာ ယုံကြည်မှု ပြန် တည်‌ဆောက် လို့ ရပါ‌သေးတယ် ။

သမီး‌ ထောက် ပြတာ မှန်တယ် ခင်ဗျာ့ ။ တစ်နိုင်တစ်ပိုင်က‌လေး နဲ့ ‌အောက် က‌ နေ ပြန် တက်မယ် ဆိုရင် ( တကယ် လုပ်ပြ‌ နေသည့် အ‌လျောက် ) ပြန်ပြီး မကျ မှာ ‌သေချာပါတယ် ခင်ဗျာ့ ။

ပုပုကျစ်ကျစ် လုံးလုံးက‌လေး နဲ့ ရိုးရိုးကုတ်ကုတ် လုပ်မယ် ဆိုရင် ။

အင်း နက်ဖြန်‌ တော့ ကိုသံလုံး နဲ့ နှစ်‌ယောက် ထဲ ‌တွေ့ပြီး တိုးတိုးတိတ်တိတ်က‌လေး အကြံ ‌ပေးဦး မှ ခင်ဗျာ့ ။ သမီး ရဲ့ အကြံဉာဏ် ကို လက်ဆင့်ကမ်း ကြည့်ရဦးမယ် ခင်ဗျာ့ ။

အကယ်၍ သူ က လိုလိုလားလား လက်ခံမယ် ဆိုရင် ဖြင့် ။

အချိန်တို‌လေး အတွင်း စီးပွါး ပြန်တက် လာပြီး လူ ရို‌သေ ရှင် ရို‌သေ ဘဝ ပြန်‌ ရောက်မှာ ‌သေချာပါတယ် ခင်ဗျား ။

◾မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
         ၇ ၊ ဧပြီလ ၊ ၂၀၀၆

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment