❝ မတူလေခြင်း ❞
အေးခင် ရောက် စ က တူးတူး သည် နှစ်ခါလည် သမီး လောက် ပင် ရှိ သေးသည် ။ အေးခင် က သုံးခါလည် ဖြစ်၍ အမေ က နို့ ဖြတ် လိုက်၏ ။ အေးခင် ကို ထမင်း ဆီ နှင့် ဆား နှင့် ကျွေး လျှင် အေးခင် စားတတ် ၍ နေ ပေပြီ ။
တူးတူး ကို မူ မာမီ က နို့ဘူး စို့ ခိုင်းတုန်း ပင် ရှိ သေးသည် ။ အမေ သည် ကလေးထိန်း သက်သက် မဟုတ် ၊ တူးတူး ကို ကြည့် ရင်း မာမီ ၏ အိမ် ဝေယျာဝစ္စများ ကို ကူ၍ လုပ် ရ၏ ။ ထမင်း လည်း ချက် ရ၏ ။ တူးတူး ငယ်ငယ် က အချိန်မှန် နို့ တိုက်ဖို့ အတွက် နို့ဘူးများ ပြုတ်သော ကိစ္စ ၊ နို့ဖျော် ရေချိုး နို့တိုက်ခြင်း များ ကို မူ မာမီ က သူ ကိုယ်တိုင် လုပ်သည် ။
ထို့ကြောင့်ပင် မာမီ က တူးတူး နှင့် အချိန် ကုန် ရသော ကြောင့် အမေ သည် မီးဖို တွင် ကူရန် ရောက် လာရခြင်း ဖြစ်လေသည် ။
မာမီ သည် ဝန်ထောက် ကတော် ပင် ဖြစ် သော်လည်း အတန်းအစား ခွဲခြားသော စိတ် သူ့ တွင် နည်းပါး လေသည် ။ မာမီ စကား ပြော လျှင် ဖြည်းဖြည်း နှင့် တိုးတိုး ပြော၏ ။ တူးတူး ဖို့ မုန့် တစ်ခု ထုတ် ပေး လျှင် အေးခင် ကို လည်း တစ်ခု ထုတ် ပေးသည် ။ တူးတူး ဖို့ ဂါဝန် အသစ် တစ်ခု ဝယ် လျှင် အေးခင် ဖို့ လည်း ဂါဝန် တစ်ခု ဝယ် ပေးသည် ။ သို့သော် အေးခင် ၏ ဂါဝန် သည် တူးတူး ဂါဝန် လောက် အဖိုး မတန်ပေ ။
ဘယ်လိုပင် ဖြစ်စေ ၊ ထိုမျှ သူ့ သမီးလေး အပေါ် တွင် ငဲ့ညှာ လျှင် ပဲ အမေ က စိတ်ချမ်းသာ လှပေပြီ ။ အမေ့ လခ သည် မများလှ ၊ သားအမိ နှစ်ယောက် လုံး ကို တူးတူး တို့ မာမီ က ထမင်း ကျွေး ၊ အဝတ် ပေး ၏ ။ လခ မှာ တစ်လ ကို နှစ်ဆယ့်ငါးကျပ် သာ အမေ ရ ပေသည် ။ အမေ့ အတွက် အရေးကြီးသည် က လခ ထက် အေးခင် စိတ်လက် ချမ်းသာစွာ နေရသည် ကို ကျေးဇူး တင်၏ ။ ပြီးတော့ လည်း ထမင်း နှင့် အဝတ် ဖူလုံ နေသည့် နောက် အမေ တို့ သားအမိ နှစ်ယောက် သည် လခ နှစ်ဆယ့်ငါးကျပ် ကို တစ်လလုံး အတွက် ချစ်ချစ်ချုပ်ချုပ် သုံး နိုင် လေသည် ။
ညနေစောင်း လျှင် တူးတူး တို့ ဒက်ဒီ အား မာမီ က သိုးမွေးစောင်လေး ထိုးရင်း ဖြစ်ဖြစ် ၊ လုံချည် ပေါ် တွင် ပန်းပွင့်လေး များ ထိုးရင်း ဖြစ်ဖြစ် ၊ မျှော်တတ်သည် ။ မျှော်သည့် နေရာ က လည်း တူးတူး ဘောလုံး ဆော့ တတ်
သော မြက်ခင်း နေရာ ဘေး တွင် ဖြစ်၏ ။ ထို နေရာ မှာ ထိုင် နေလျှင် အလုပ် လည်း ပြီးသည် ။ ဒက်ဒီ ကို လည်း ကြို ရသည် ။ သမီးလေး တူးတူး ကစား သည်ကို လည်း မျက်စိ နှင့် မြင် နေရသည် ။
ငယ်စဉ် က ကျောင်းစာ ထဲ တွင် “ ကြေးမုံ ကဲ့သို့ အမြဲ ရှုအပ်သော သားမောင် ” ဟူသော စကားပိုဒ်ကို မာဘောဝါဒ တွင် ကျက်ခဲ့ရသည် မှာ ခပ်ပေါ့ပေါ့ ပင် ဖြစ်၏ ။ ခုမှ မာမီ သည် တူးတူး ကို ကြေးမုံ လို နေ ရ၏ ။ အမှန် တော့ မျက်မှန် လို တပ် နေရသည် ဆိုလျှင် ပို မှန် ပေလိမ့်မည် ။ မာမီ နှင့် တူးတူး သည် တစ်ယောက် ကို တစ်ယောက် ကမ္ဘာ လုပ် ကာ နေ ကြသည် ။
တူးတူး သည် သာ မာမီ ၏ ကမ္ဘာ ဖြစ် သလို မာမီ သာ လျှင် လည်း တူးတူး ၏ ကမ္ဘာ ဖြစ် နေလေသည် ။
တူးတူး ကို ကျောင်း ပို့ချိန် တွင် မာမီ အတွက် အားလပ်ချိန်များ ပို၍ လာ ခဲ့သည် ။ ရန်ကုန် ထဲ ရှိ သာသနာပြုကျောင်း သို့ ကျောင်းပို့ ကျောင်းပြန် လုပ်ရသည် က လွဲ ၍ မာမီ သည် နေ့လယ်ပိုင်း တွင် အားလပ် နေ၏ ။ အေးခင် ကို မူ မာမီ က သူတို့ အနားရှိ မြူနီစီပယ်ကျောင်း တစ်ကျောင်း တွင် ထား ပေးသည် ။
“ အေးခင် ၊ ငါ့ သမီး စာ ကြိုးစား သင် နော် ၊ တူးတူး တို့ မာမီ မို့ လို့ သမီး ကို ကျောင်း ရယ် ဘာ ရယ် ထား ပေးတာ ၊ တချို့ အိမ် တွေ ဆို အိမ်စေ ရဲ့ စာ တတ် ဖို့ဟာ တွေ ဘာ တွေ ဂရုစိုက်တာ မဟုတ်ဘူး ”
အေးခင် သည် မှန် ရှေ့ တွင် သူ့ ဆံပင်လေး ကို လိမ်၍ လိမ်၍ ကျစ် နေစဉ် အမေ က ခဏခဏဆုံးမ၏ ။
“ ကိုးတန်း အောင်တယ် ဆိုရင် ဆရာဖြစ် သင်တန်း တက်နိုင်တယ် ” တဲ့ ။ ခုနစ်တန်း နဲ့ လည်း နှစ်လ ဆရာဖြစ် သင်တန်း ဆိုလား တက်လို့ ရတယ် လို့ တူးတူး တို့ မာမီ က အမေ့ ကို မနေ့ က ပြော နေတယ် ”
အမေ သည် ခေတ် ပညာရေးစနစ် ကို သိရှာ သူ မဟုတ်ပေ ။
“ အမေ ရယ် ၊ ကိုးတန်း နဲ့ ဆရာဖြစ် ပဲ ဝင် ချင်တယ် ။ ဆရာ ဖြစ်တော့ လည်း ကိုးတန်း ဆရာဖြစ် က လခ ပို ကောင်းတာပေါ့ ”
“ အေးပါ အေရယ် ၊ တူးတူး မာမီ ကို လည်း ငါ က အားနာ သေးတယ် ။ ကျောင်းလခ က တော့ မပေးရပါဘူး ။ ညည်းတို့ အရွယ်လေး တွေ က လည်း မငယ် တော့ ၊ အမေ စိတ်ပူ လို့ ပြောတာ အေးခင် ”
အမေ စိတ် ပူမည် ဆိုလည်း ပူစရာပင်တည်း ။ အသက် က သာ အေးခင် က ဆယ့်လေးနှစ် ဆိုသည် ။ ထွား လိုက်သည့် လူကောင်ကြီး မှာ အပျိုကြီးဖားဖား ဟန် ပေါက် နေတော့သည် ။ တူးတူး က မှ ဆယ့်သုံးနှစ်
လည်း ဖြစ်ပြန် ၊ ဂါဝန်ဝတ် ကျောင်း ဖြစ်၍ ဂါဝန် နှင့် ဆိုလျှင် ကလေးရုပ် မပျောက် သေးပေ ။
“ တူးတူး ဘာဖြစ်ဖြစ် အရေးမကြီးဘူး အေးခင် ၊ ညည်း မဖြစ် စေနဲ့နော် ”
အေးခင် က မှန် ကို ကြည့် ကာ အမေ့ ကို လျှာ ထုတ် ပြ၏ ။ ဤ အရွယ် သည် သစ်ရွက် ကြွေသည် ကို ပင် ရယ်မြူး တတ်သည် ဆိုသည် မှာ မှန်၏ ။ ရွှင်တုန်း မြူးတုန်း တက်ကြွတုန်း သာတည်း ။
••••• ••••• •••••
“ အချိန်တန် အရွယ်ရောက် ကာ လူလားမြောက်ရင် ချစ်သူ နဲ့ တွဲချင် ၊ ဘုရားသွား ကျောင်းတက် နေ့စဉ် မောင် နဲ့ ခင် ”
တူးတူး သီချင်းသံ မှာ မာမီ စိတ် ကို အထူး ပင် လှုပ်ရှား သွားစေလေ သည် ။ တူးတူး သည် ဘာရယ် မဟုတ် ၊ ပြေးကာ ခုန်ကာ အခန်း ထဲ ဝင် လာ ရင်း သီချင်း ဆို လာခြင်း ဖြစ်၏ ။ အေးခင် မှာ ကြမ်းပေါ် တွင် ထိုင် ကာ မာမီ ရွေးချ ပေးသော လုံချည်များ ကို ခေါက် နေရ လေသည် ။
“ မရွှေတူး မှန်တင်ခုံ ရှင်းစမ်း ... ”
“ မာမီ က တော့ လူ ကို မတွေ့လိုက် နဲ့ တွေ့ရင် ခိုင်းဖို့ပဲ ”
“ ဪ ... အေးခင် ကို သမီး ပဲ သနားတယ် ဆိုပြီး တူးတူး လုပ် လိုက် ရင် အေးခင် အတွက် အလုပ် တစ်ခု လျော့တာပေါ့ ”
တူးတူး သည် မှန်တင်ခုံ ရှေ့ တွင် ထိုင် ကာ မှန်သုတ် ၊ ငွေပေါင်ဒါ ဘူးများ ကို တိုက် နှင့် လုပ်နေ၏ ။ ပါးစပ် က လည်း ...
“ မေတ္တာတွေ သက်ဝင် ၊ ကရုဏာတွေသက်ဝင် ၊ ချစ်သူမောင်နဲ့ ဆုပန်ဆင်ဖို့ပင် ၊ ငယ်ငယ်တုန်းက ချစ်ရေစင် အသည်းထဲမှာ ဝင်စွဲမိပြီပေါ့
ပျိုမေရှင်မောင်ယုံစေချင် ... ”
မေရှင်ကြီး ၏ သီချင်း ကို အသံကုန် ဟစ် နေ တော့သည် ။ မာမီ မှာ တော့ ဘာရယ် မဟုတ် ၊ ဤ မြီးကောင်ပေါက် နှစ်ကောင် ကျောင်းပိတ် ရက် တွင် စိတ် ကို တစ်ခု မဟုတ် တစ်ခု အလုပ် ပေးနေရခြင်း ဖြစ်၏ ။ သူ လည်း တတ်လှ တော်လှ သော အိမ်ရှင်မကြီး တစ်ယောက် တော့ မဟုတ် ၊ မိန်းကလေးများ အရွယ် ရောက်စ တွင် စိတ် နှင့် အလုပ် နှင့် မပြတ်အောင် ခိုင်းထားရမည် ဟူ၍ စာ တစ်အုပ် တွင် ဖတ်ဖူး သောကြောင့် ဖြစ်၏ ။
“ မာမီ ခိုင်းရတာ က တစ်နေ့ သမီး တို့ ကြီး လာတော့ အခိုင်းအစေ နဲ့ နေ နိုင်လည်း ကိုယ် က တတ် နေတော့ ခိုင်းတဲ့လူ ကို စနစ်တကျ ခိုင်း နိုင်
တာပေါ့ ။ ကို က မခိုင်းတတ် ရင် ခိုင်း တဲ့ လူ က ကိုယ့် ပြန် ခိုင်း သွား တတ် တယ် ၊ သမီး တို့ မှာ ကုသိုလ်ကံ အကြောင်း မကောင်းလို့ အစေခံ မထား နိုင်ဘူးပဲ ထား ၊ ခုလို ကိုယ့် အိမ် မှာ ငယ်ငယ် က စပြီး လုပ်ကိုင် နေရတော့ အသားကျ နေပြီး နောက် တော့လည်း လုပ်တတ် သွားတာပေါ့ ၊ မိန်းကလေး ဆို တာ အောက်သက် ကျေဖို့ အရေးကြီးတာ ”
တူးတူး ကား မှန် ထဲ ကို ကြည့် ရင်း မာမီ ကို လျှာထုတ် ပြလိုက် ၏ ။ မာမီ မမြင်လိုက်သော် လည်း ... အေးခင် က မြင်လိုက် သောကြောင့် ခစ်ခနဲ ကျိတ်ကာ ရယ် လိုက် လေသည် ။
“ သမီး တော့ လင် ယူရင် ထမင်းချက် ၊ ဒရိုင်ဘာ ထား နိုင်တဲ့ လူ ကို
မှ ယူမယ် ”
“ အမလေး ”
မာမီ ရင် ထဲ တွင် ဒိန်းခနဲ ဖြစ် သွား၏ ။ ဤ ဆယ့်ငါးနှစ် ကျော် ဆယ့်ခြောက်နှစ် အရွယ် က “ သမီး တော့ လင် ယူရင် ...” ဟူသော စကား ကို ထည့် ပြောလိုက်သည် မှာ မာမီ နား ထဲ တွင် ရင့်သည်း လှချေသည် တကား ။
သို့သော် ... မာမီ သည် သူ့ မျက်နှာထား ကို မပျက် အောင် ဟန် လုပ် ထား လိုက်၏ ။
သူ က တော့ လင် အကြောင်း သား အကြောင်း နှင့် ပတ်သက်ပြီး စကားလုံး ကို တိုက်ရိုက် သုံးကာ ဆုံးမ လျှင် အရွယ် ရောက်စ သမီးလေး စိတ် ကို နှိုးဆွ သတိ ပေး သလို ဖြစ်မှာ စိုး၍ စကားလုံး ကို ရှောင် ရသည် ။ ရွေးရသည့် ဖြစ်ခြင်း ။ တူးတူး က တော့ ဒီ စိတ်ကူး နှင့် ဒီ လင် ဆိုသော စကားလုံး ကို သုံးတတ် ၍ နေပေပြီ ။ မာမီ သည် သိမ်မွေ့သူ ပီပီ သိမ်သိမ်မွေ့မွေ့ ပင် ပြုံး လိုက်၏ ။
“ ဟုတ်တာပေါ့ သမီး ၊ မာမီ လည်း ငယ်ငယ်တုန်း က ဒီလိုပဲ စိတ်ကူး တာ ပဲ ။ မာမီ လင် ယူ ရင် ထမင်းချက် လည်း ပါ ရမယ် ။ ဒရိုင်ဘာ လည်း ပါရမယ် ။ ကလေးထိန်း လည်း ရှိရမယ် ၊ စိတ်ကူး ထဲ တော့ ရှိတာပေါ့ သမီး ။ ဒါပေမယ့် ကံတရား ဆိုတာ ဘာ ပြောနိုင်မလဲ ၊ ဆင်းရဲချင် လည်း ဆင်းရဲတာ ပဲ ၊ ချမ်းသာ ချင် လည်း ချမ်းသာ တာပဲ ။ သမီး တို့ ဒက်ဒီ နဲ့ ယူစ က ဒက်ဒီ နောက် မာမီ လိုက် သွား ရတယ် ။ နယ်ပြောင်း သွား ရတယ် ”
မာမီ အဖို့ မတတ်နိုင်တော့ပြီ ။ သူ့ သမီး က ပင် ‘ လင် ... ’ ဟူသော စကားလုံး ကို သုံးတတ် လာ တော့လည်း သူ လင် ယူသော ဇာတ်လမ်း ကို ရဲရဲပင် ပြန် လှန်ရ၏ ။
“ အိမ် က ထည့် လိုက်တဲ့ ထမင်းချက် က အညာ မှာ မပျော်ဘူး ဆို ပြီး ပြန် သွားရော ... မာမီ ကိုယ်တိုင် ထမင်း ချက် ရ အဝတ် လျှော် ရ တာပေါ့ ။ မာမီ သာ အိမ် မှာ အစ က လုပ်နေကျ မဟုတ်ရင် အိုးနင်းခွက်နင်း ဖြစ် နေ မှာပေါ့ ”
“ အို - အဲဒီတော့ ယောက်ျား က ဝင် လုပ်ပေးပေါ့ ။ တူးတူး တို့ တော့ လုပ်နိုင်ပေါင် ”
တူးတူး သည် မှန် ထဲ တွင် မျက်နှာဟန် ကို အမျိုးမျိုး ထားကာ နှုတ် ခမ်း ကို “ ပေါင် ...” ဟူသော စကားလုံး တွင် အသံ ကျယ် အောင် အော် ပြီး မှ ပိတ် လိုက်၏ ။ မာမီ့ ရင် ထဲ တွင် အနား ရှိသည့် တံမြက်စည်း နှင့်သာ ထ,၍ ချ လိုက် ချင်သည် ။ ဒေါသ အတော် ဖြစ် သွား လေသည် ။
“ အေး ... အဲဒီလို လုပ်နိုင်ပေါင် မိန်းမ တွေ ပေါ့ ၊ နှာခေါင်းကျည်ပွေ့ တွေ့ ကြတာ ”
အေးခင် က မှန် ထဲ ရှိ တူးတူးမျက်နှာထား ဟန် နှင့် မာမီ မျက်နှာ ကို တစ်လှည့် စီ ကြည့် နေ၏ ။ မာမီ သည် မျက်နှာများ နီ နေ သော်လည်း အသံ အေးအေး နှင့် ပင် ဆက် ပြော၏ ။
“ ယောက်ျား ဆိုတာ လေ ရ စ ဆိုရင် ထဘီ တောင် လျှော်ပေး မတတ် အလို လိုက်ကြ ၊ ချစ်ကြ ၊ မြတ်နိုးကြ တာ ချည်းပဲ ။ အချိန်ကာလ ကြာ လာ ရင် မိန်းမ လုပ် တဲ့ လူ က အိမ် ကို ပိုင်ပိုင်နိုင်နိုင် ဦးစီးနိုင်တာ တောင် သူတို့ စိတ် က အချစ် ပေါ့ လာ ရင် ခင် ဟာ အသုံး ကြီးတယ် ။ ခင် ဟာ မီးဖိုချောင် မနိုင် ဘူး နဲ့ အပြစ် ရှာလာ တတ်ကြရော ။ ဒီတော့ ကိုယ့် ဘက် က လုံ မှ တော်ရုံ ကျတာ သမီးတို့ ။ ကဲ ... အေးခင် ဒီ ဘက် က လုံချည် တွေ ကို ဗီရို ထဲ ပြန် ပြီး စီထည့် ။ ဟို ဘက် က ဟာတွေ တော့ မီးပူ တိုက် တော့ ”
မာမီ သည် ရှေ့ဆက် စကား မပြောတော့ ဘဲ သူ့ အိပ်ခန်း ဘက် သို့ ကူး သွား တော့သည် ။ အိပ်ရာ ပေါ် လှဲရင်း စိတ် မှာ အတော် မချမ်းသာပေ ။ တူးတူး သည် ဘာ စကားတွေ များ ပြောလာပါသနည်း ။ စိတ် ပူ လွန်း ၍ မိန်းကလေး ကျောင်း က လည်း ဒီလို စိတ်မျိုး နိုးကြား လွယ်ပါ တကား ။ အိုး ... ဘယ် ကျောင်း ထား ထား ကိုယ့် သမီး က ကမြင်း လျှင် ဘယ်လို မှ ထိန်း မရ ဟူ၍ သူ့ စိတ် သူ ဖြေ လိုက်၏ ။ ရှေ့ ဆက်၍ သမီး အရိပ်အကဲ ကို ကြည့် ထိန်း ရပေမည် ။
ဒက်ဒီ ကို များ တူးတူး ကိစ္စ ဖွင့်တိုင်ပင် ရ ကောင်းလေမည်လား ၊ ဖွင့် တိုင်ပင် ရ အောင် အထုပ်အထည် နှင့် တူးတူး ဘာဖြစ်နေသည် ဟု လည်း သူ့ မှာ စွပ်စွဲစရာ အကြောင်း မရှိပေ ။ ကျောင်းသွား ကျောင်းပြန် က အစ ဒရိုင်ဘာ နှင့် နှစ်ယောက် တည်း မလွှတ် တူးတူး နှင့် အတူ သူ ကျောင်း သို့ လိုက် သွား၏ ။ ကျောင်း ဆင်းချိန် တွင် တူးတူး ကို သွား ကြို ရ၏ ။
အေးခင် မှာ ထို အချိန် တွင် တစ်ယောက်တည်း ပင် လွယ်အိတ်ကလေး လွယ် ကာ မြူနီစီပယ်ကျောင်း သို့ သွားရ၏ ။
••••• ••••• •••••
မိုးများ တဖြိုင်ဖြိုင် ရွာသွန်းသော တစ်ညနေ တွင် အမေ သည် မာမီ ဆီ သို့ ပြေး လာသည် ။ အမေ့ ကို မြင်သော အခါ မှာ မာမီ ရင် ထဲ တွင် ထိတ်ထိတ်ပျာပျာ ဖြစ် သွားသည် ။ အမေ သည် မျက်ရည်လည်ရွဲ နှင့် လက်များ မှာ ဆတ်ဆတ် တုန် နေသည် ။ သူ့ ကိုယ် တွင် မိုးရေများ ရွှဲ ၍ နေ လေသည် ။
“ တင်တင်ကြီး အေးခင် မရှိတော့ဘူး ၊ လင် နောက် လိုက် သွားပြီ ။ ဒီနေ့ ကျောင်း သွား တာ ထီး မပါသွား လို့ ကျောင်းဆင်း ကို ကျွန်မ သွား ကြို
တာ အေးခင် ကို မတွေ့တော့ဘူး ၊ သူ့ သူငယ်ချင်း တစ်ယောက် က ဒီ စာ ကို ပေးသွားတယ် ၊ ဖတ် ကြည့်ပါဦး တင်တင် ရယ် ”
အမေ စိတ် ကျေနပ်အောင် သာ စာခေါက် ကို ယူ လိုက် ရသည် ။ မာမီ က ထို စာ ကို မဖတ်ချင်တော့ ၊ လင် ယူ သွားသည် ဆိုသည့် နောက် ဘာ
လုပ်တော့ မည်နည်း ။ သူ လည်း သမီးရှင် တစ်ယောက် ပင် တည်း ။ အမေ ခံစားရမှု ဝေဒနာ ဘယ်လောက် ပြင်းထန်သည် ကို သူ ကိုယ်ချင်းစာ တတ် ပါ၏ ။ အမေ သည် မိုးရေများ အောက် တွင် ထီးဆောင်း ရမည် ကို ပင် သတိ မရ ၊ ကျောင်း မှ ပြန် လာခဲ့ဟန် တူသည် ။ ဇေယျတု သဗ္ဗမင်္ဂလံ တို့ နှင့် ငွေခရု မှ ရေ သွန်းကာ ကိုယ် ကြိုက် သော သူ ကို ခေါင်း ခေါက် ၍ ပင် ပေးစား
ခဲ့စေ ဦးတော့ သမီးရှင် မိခင် မှာ ရင် ထဲ မှ နှမြောတသ စိတ် မှာ ဖြစ်ရစမြဲ ပင်တည်း ။
“ ဒေါ်ပု သိပ်လည်း မငိုနဲ့တော့ လေ ၊ ဘာလုပ်ချင်လဲ ၊ လုပ်ချင်တာ ရှိရင် ကျွန်မ ကို ပြော ကျွန်မ လုပ်ပေးမယ် ”
အမေ က ရှိုက်၍ ရှိုက်၍ ဆက်ငို၏ ။
“ ခု ဘဝ ကျ တော့ မှ မထူးတော့ပါဘူး တင်တင်ကြီး ရယ် ၊ ဒါလောက် မိုက်တဲ့ သူ ကို ကျွန်မ ပြန် မကြည့်ချင် တော့ဘူး ။ တင်တင်ကြီး တို့ က
ကျောင်းတွေ ဘာတွေ ထား ပေးတဲ့ ကျေးဇူး ကို သူ မထောက်ဘဲ လုပ်ရက် တာ ကို အသည်း လည်း နာတယ် ။ မျက်နှာ လည်း ပူတယ် ”
“ ရှိပါစေတော့ ၊ ဒေါ်ပု အေးအေးဆေးဆေး ပဲ ပြန် သွား လုပ်စရာ ရှိ တာတွေ လုပ် ”
အမေ့ ကို လေချို နှင့် သွေး လိုက်ရ သော်လည်း မာမီ က အမေ့ထက် ဆယ်ဆ ပို၍ ပူ၏ ။ သူ့အိပ်ခန်း ကို သူ ပြန် ပြေးကာ အမေ့ လို ပင် ရှိုက်ကာ ငင်ကာ ငိုမိသည် ။ စင်စစ် အမေ့ အတွက် စိတ် မချမ်းသာ သည် ထက် တူး တူး တစ်ယောက် ပညာ တစ်ပိုင်းတလက်စ နှင့် အေးခင် လို သာ လုပ်သွား ပါ လျှင် သူ ရူးရချည် ရဲ့ ၊ တူးတူး သည် အေးခင် လို မဖြစ်ပါစေနှင့် ။
သို့သော် သူ့ ဆုတောင်း ကား မပြည့်ပါလေ ။
နှင်းကြွင်းများ စဲ၍ သစ်ရွက်များ ကြွေ သော နွေဦး တွင် သူ သည် အမေ့ လို ငို ရသည် ။ အမေ့ ထက် ပို၍ ငိုသည် ။ အိပ်ရာ ပေါ်တွင် ဗုန်းဗုန်း လဲ နေသောကြောင့် အမေ က အနား မှ နေ၍ ပြုစု ရသည် ။
တူးတူး က အေးခင် လမ်းစဉ် သို့ လိုက်၍ သွား လေသည် ။ ဒက်ဒီ သည် မာမီ အတွက် ဆရာဝန် ပင့်ခေါ် ပေး ရသည် ။ တူးတူး လင်နောက် လိုက် သွား ခါ စ က မူ “ မာမီ မင်း အအုပ်အထိန်း မတတ်လို့ ဖြစ်ရတာ ၊ မင်း အသုံးမကျ လို့ ဖြစ်ရတာ ” ဟု မာမီ ကို သူ ဆူခဲ့၏ ။ ဤကား ယောက်ျား တို့ ဓမ္မတာ တည်း ။ မိဘ နှစ်ဦး အတူ စောင့်ထိန်းကြသည် ပင် ဖြစ်သော် လည်း သားသမီး တစ်ယောက် လမ်းလွဲ သို့ ဖောက်ပြန် လာ လျှင် မိခင် ကို လက်ညှိုး ထိုး ၍ အမေ လုပ်သူ ကို “ အသုံးမှ မကျဘဲကို ” ဟူသော စကားလုံး ကို သုံးမြဲပင်တည်း ။
တူးတူး ကား အိပ်မက် မှ နိုး လေပြီ ။ တူးတူး သည် တကယ့် ကမ္ဘာ ကို ရင်ဆိုင်ရ ပေပြီ ။
တူးတူး ၏ အိပ်မက် ထဲ တွင် အေးခင် အမေ က လည်း ရှိ နေသည် ။ အိပ်ရာ မှ နိုး လျှင် အဆင်သင့် အမေ ပြင် ထားသော ကော်ဖီစားပွဲ တွင် မောင့် ဘေးနား မှာ ထိုင် ၍ အမေ ကင် ထားသော ပေါင်မုန့်မီးကင်လေး အား
ထောပတ်သုတ် ကာ မောင့် ကို ကျွေးမည် ။ ကော်ဖီ ကို ကိုယ်တိုင် ငှဲ့ ၍ ပေး မည် ။ မာမီ လို ပင် အမေ့ လို ဟင်း စီမံ ကာ မောင့် ထံ ကို ပြန် သွားရမည် ။
မောင် ရုံး တက် လျှင် ဝတ်ဖို့ အဝတ်အစား အသင့် ပြင်ကာ မောင် ရေချိုး ချိန် တွင် မျက်နှာသုတ်ပဝါလေး ကိုင် ကာ စောင့် နေမည် ။
အိပ်မက် မှ လန့် နိုးရသော အခါ အမေ လည်း မရှိ ၊ ဒက်ဒီ နှင့် မာမီ လည်း မရှိ ၊ သူတို့ အိမ်လေး လို အိမ်သား က လည်း သုံးယောက် တည်း မဟုတ် ။ မောင့် အိမ် မှာ ကုန်သည်ပွဲစား အိမ် ဖြစ်၍ လူ က လည်း ရှုပ် ၊ သားချင်း က လည်း များ လှသည် ။
သူ့ အိပ်မက် ထဲ တွင် မပါသော မျက်နှာထား ဆိုးဆိုးကြီး နှင့် ယောက္ခမကြီး ကို လည်း ယခု တွေ့ ရပေပြီ ။
ကော်ဖီ တွေ ကို လည်း ခရားကြီး နှင့် သုံးလေးလုံး ဖျော် ထားရမည် ။ ဟင်းအိုးကြီး က လည်း အကြီးကြီး ၊ လာသမျှ လူ ကို သင့် သလို ကျွေးချိန် တွင် တူးတူး သည် လုံးလုံး လုံးလုံး နှင့် ပါ နေသည် ။
မောင် အလုပ် သွား
ချိန် က ဒက်ဒီ လို ကိုးနာရီခွဲ အချိန် မှန် မဟုတ် ၊ သွား ချင်သည့် အချိန်
မောင် က တိုက် သို့ လည်းကောင်း ၊ ပွဲရုံ သို့ လည်းကောင်း ၊ လိုင်စင် ကိစ္စ အတွက် လည်းကောင်း ထွက် ၍ သွား တတ်၏ ။ မောင့် ကို လည်း ပြေး ၍ အဝတ်အစား ဆင် ပေးရ သေးသည် ။
ကုန်သည်ပွဲစား ဆိုသည် မှာ ချမ်းသာသည် ပင် ထားဦး ၊ ဒက်ဒီ နှင့် မာမီ တို့ လို လခစား အိမ် ကဲ့သို့ သပ်သပ်ရပ်ရပ် အေးအေးဆေးဆေး မဟုတ် သည် ကို တူးတူး ခုမှ ဂရုပြုမိ လေပြီ ။
အိမ် မှာ တုန်း က စန္ဒရာဒီး ဖြစ်ဖြစ် ၊ ပက်ဘွန်း ဖြစ်ဖြစ် ၊ ရုပ်ရှင်ကား သစ် တစ်ခု ခု ထဲ တွင် ပါလာလျှင် ...
‘
ဒက်ဒီ ၊ စနေနေ့ စန္ဒရာဒီးနော် ’ ဟု သူ က ဆို လိုက် လျှင် ဒက်ဒီ သည် ရုံး အပြန် လက်မှတ် ဝယ် လာခဲ့သည် ။ ဒီမှာ က တော့ မောင့် ကို ဒီလို မှာလို့ မရ ၊ ဝယ်ပြီး လက်မှတ်များ ကို ပင် ဖျက် ပစ်ရ၏ ။
“ တူးတူး ၊ မမ တို့ နဲ့ သွားနိုင် ရင်သွား ၊ မောင် တော့ မလိုက်တော့ ဘူး ” မောင့် မှာ အလုပ် တွေ က များလှ၏ ။ အိမ် က စိတ် က မပျောက်သေး တော့ တူးတူး သည် အိပ်ရာ ထဲ တွင် ခွေ ၍ ငို လိုက်ရသေးသည် ။
“ တူးတူး ကလည်း ကွယ် ၊ ကလေး မဟုတ် သူငယ် မဟုတ် ”
မောင် က သူ့ ကို ဆူ၏ ။
“ လင်နေ သားမွေး အရွယ် ရောက် နေပြီ ၊ ဘိုင်စကုပ် မကြည့်ရတာ နဲ့ ငိုသတဲ့ တော် ”
ယောက္ခမကြီး က လည်း သူ ငိုသည် ကို မိ သွား လျှင် အသံကြီး နှင့် အော်၏ ။ မာမီ က ဆူစရာ ရှိသည် ကို တောင် အသံအေးလေး နှင့် ပြောပြ တတ်၏ ။
ယခုမှ မာမီ ကို လွမ်း နေ၍ လည်း အကြောင်း မထူးတော့သည် ကို တူးတူး သိ၏ ။ ထို့ကြောင့် တူးတူး သည် ယောက္ခမ အိမ် တွင် ကြိုးစား နေ ကြည့်သည် ။
တစ်ခါတစ်ရံ သူ့ ကိုယ် သူ မှန် ထဲ တွင် ကြည့် ရင်း မာမီ ကို မှန် ထဲ မှ ကြည့် ကာ ပြောင်ခဲ့ လျှာထုတ် ပြခဲ့သည် များ ကို ပြန် ၍ သတိ ရ နေသည် ။ သူ လျှာ ထုတ် စဉ် က ခစ်ခနဲ ရယ် လိုက်သော အေးခင် တစ်ယောက် ကော ဘယ်လိုများ နေပါလိမ့် ၊ အေးခင် လင်ယူသည် က ရော ပျော်စရာများ ကောင်း လေမလား ။
“ မာမီ က လင် မယူ နဲ့ လို့ သမီး တို့ ကို မတားဘူး ၊ လင် ဟာ ယူ ရ မှာပဲ ၊ ဒီဂရီလေး ဘာလေး ရ ပြီးတော့ ယူ ကြတာပေါ့ ။ အခြေအနေ က မဖြစ်နိုင်လွန်း လို့ ဆို တောင် ဆယ်တန်း အောင် ပြီးတဲ့ အထိ တော့ စာသင် ပြီး မှ ယူကြတာပေါ့ ”
တစ်ခါ က မာမီ က ဤသို့ ပြောခဲ့၏ ။ စင်စစ် မာမီ သည် တစ်နေ့ သော အခါ လောက ထဲ တွင် သူ့ ကို တစ်ယောက် တည်း ထားခဲ့ရမည် ။ သူ့ သမီး သည် အဝေး သို့ လွှင့်ကာ ပျံထွက် သွားမည် ကို ကြိုတင် သိပြီး ဖြစ် သည် ။ သို့သော် အပြောကျယ် သော လောက ကို အတောင် အလက် စုံခါ မှ မာမီ က ပျံစေ ချင်၏ ။
သို့သော် “ မာမီ တို့ ကော ဘာလို့ လင် ယူသေးလဲ ” ဟူသော အတွေး က တူးတူး ရင် ထဲ တွင် ခံ ၍ နေ တတ် ပေသည် ။ ခုမှ မာမီ သည် ခံနိုင်ရည် ရှိမည့် အချိန် ကို တွက်ပြ နေခြင်း ဖြစ်သည် ကို တူးတူး သဘော ပေါက်၏ ။
မာမီ သည် ချစ်တုန်း က ချစ် သလောက် ၊ ခုတော့ မောင် တို့ ပြန် အပ်သည် ကို မှ လက်မခံ ။ သူ့ ကို အစိမ်းကြီး စိမ်း လေပြီ ။ သူ သည် မှန် ကို ကြည့် ရင်း ရှိုက်ကာ ရှိုက်ကာ ငို၏ ။
အိပ်မက် ထဲ တွင် မာမီ နှင့် ဒက်ဒီ ညား သော အခါ သမီးလေး တစ် ယောက် မွေးလာသည် ။ အေးအေးဆေးဆေး ပင် ဒီ တစ်ယောက် စု ချစ်ကြ၏ ။
ယခု တော့ အပြင် မှာ ပထမ ကလေး သုံးလ ရှိသေး ၊ တူးတူး ဗိုက် ထဲ တွင် နောက် တစ်ယောက် ရှိ လာပြန်သည် ။ ကြိုတင်၍ တူးတူး
တွေး မထား သော အကြောင်းများ သည် သည် လောက တွင် တစ်ပုံကြီး ရှိ ပါသေးသည် တကား ။
ယောက္ခမကြီး က နို့ မတိုက်ရ ၊ ကလေးထိန်း မငှားရ ဆိုသော အခါ တူးတူး ဟစ် ငိုချင်၏ ။ ကလေး နေ မကောင်း ၍ ဆေးတိုက် သွားရန် ကား လိုချင်သည် ကို မှ အား မှ ရ၏ ။ မအား လျှင် သုံးဘီး နှင့် ဆေးတိုက် ကို ပြေးရ၏ ။
မောင် သည် သား မမာသည် ကို မှ တယုတယ လုပ်ချိန် မရပေ ။ ပထမ ကလေး မှာ မိန်းကလေး ဖြစ်၍ ဒုတိယ ကလေး မှာ သားလေး ဖြစ် သည် ။ သူ သည် သားလေး ကို ပုခက် တွင်း ထည့် ကာ မာမီ လို ပင် အနား မှ ကလေး စွယ်တာလေး ထိုး ၍ ကလေး ကို စောင့် သိပ် ချင်သည် ။
သားလေး နေမကောင်း သည့် နေ့က သူ့ အနား မှ မခွာ ခုတင် ပေါ် တွင် သိပ် ကာ စောင့် နေ၏ ။
“ တူးတူး ”
ယောက္ခမကြီး ၏ အော်သံ မှာ မိုးချုန်း သလို အောက်ထပ် မှ ဟစ် ၍ ထွက် လာ၏ ။ တူးတူး သည် အောက် သို့ ပြေးဆင်း သွားရ၏ ။
”ကလေး ကို မှန် လို ကြည့် မနေနဲ့ ၊ မုံရွာ က အထည် တွေ ရောက် လာတယ် ၊ စာရင်း မှတ်ပြီး လက်ခံ လိုက်စမ်း ”
တူးတူး သည် သားလေး ဆီ စိတ် တစ်ဝက် ၊ လုံချည်များ စာရင်း ကို စိတ် တစ်ဝက် နှင့် ရေး နေရသည် ။
“ တူးတူး ”
မောင့် အသံ ပါ တကား ၊ မောင် ဘယ်တုန်း က များ အိမ် ပြန် ရောက် နေ ပါလိမ့် ။ စာရင်းများ ကို ပစ်ချ လိုက်ကာ အသံ လာရာ အိမ် ပေါ် သို့ ပြေး တက် သွား တော့သည် ။ မောင် သည် ခုတင်ဘေး တွင် မတ်တတ် ရပ် ကာ သူ့ ကို မျက်နှာကြီး နီ ၍ ကြည့် နေ၏ ။ သား ကား တဆတ်ဆတ် တုန်ကာ တက် နေ တော့သည် ။
“ သောက်သုံးမကျ ကလေး ကို ကြည့်ဖော် မရဘူး ၊ ဒီမှာ ကလေးတက်
နေပြီ ”
မောင့် အော်သံ က လည်း ခုနစ်သံချီ ၊ တူးတူး သည် အကျိုးအကြောင်း ကို ဘာမျှ မရှင်းပြတော့ ။ သား ကို ပြေး၍ ပွေ့ချီ ကာ အသံကုန် ဟစ်၍ ၊ သူ ချစ်သော စန္ဒရာဒီး ငို သလို ငိုချ လိုက်တော့သည် ။
••••• ••••• •••••
“ မာမီ ရေ ထ ကြည့်ပါဦး ၊ တို့များ သမီးလေး ပြန်လာပြီ ”
“ ဒက်ဒီ ... သူ တကယ် ပြန် လာပြီလား ”
မာမီ သည် အဟုတ်ပင် ခုတင် ပေါ် တွင် ထ ထိုင်ကာ မယုံ တစ်ဝက် ယုံ တစ်ဝက် နှင့် မေး လိုက်၏ ။ တကယ်မှ တကယ်ပင် မတ်တတ် သွား တတ်ခါစ သမီးလေး ကို လက်တွဲ ကာ သားကလေး ကို ပွေ့၍ အခန်း တွင် ရပ် နေသော တူးတူး ကို မာမီ မြင်ရ၏ ။
ကလေး ကို အမေ က ဆီး ယူ ကာ ချီ လိုက်၏ ။ တူးတူး သည် ငယ် ငယ် က ဟန် အတိုင်း ပင် မာမီ ရှိရာ သို့ ပြေး သွား ကာ ဖက် ငို လိုက်တော့သည် ။
“ မာမီ ... တူးတူး ပြန် မသွားတော့ဘူး ၊ တူးတူး ကို ပြန် မလွှတ်ပါ နဲ့နော် ၊ တူးတူး သူတို့ နဲ့ နေရမှာ ကြောက်တယ် ၊ မာမီ သမီး ကို ချစ်သေး
ရဲ့လား ”
တူးတူး ကား ရှိုက်ကာ ငင်ကာ ငိုရင်း အမေ ကို လှုပ် ၍ မေး၏ ။ မေး ပဲ မေးရက်လေခြင်း တူးတူး ရယ် ၊ ကလေး နှစ်ယောက် ရသည် ပင် “ မိခင် ” တစ်ယောက် ၏ မေတ္တာသဘော ကို တူးတူး မသိသေးသည် တကား ။
မာမီ ကား တူးတူး ခေါင်း ကို သူ့ရင်ခွင် တွင် ပွေ့ယူ ထား ကာ နဖူး စဆံနု ထဲ မှ ချွေးများ ကို သုတ် ပေး၏ ။ တူးတူး ငိုသံစဲ မှ မာမီ က စကား ပြော၏ ။ ဒက်ဒီ မှာ မြေးဦး မိန်းကလေး ကို ပွေ့ချီ ကာ သူတို့ အနား တွင် လာ ထိုင်သည် ။
“ မေးရက်လိုက်တာ တူးတူး ရယ် ၊ မာမီ ဟာ သမီးလေး ကို အစဉ် ချစ် နေတာပေါ့ ။ ဘယ်တော့မှ မာမီ မမုန်းဘူး ။ မာမီ က လောက ကို ရင်ဆိုင်နိုင်လောက်တဲ့ အချိန်ကျ မှ အေးအေးဆေးဆေး လင် ယူ စေချင် လို့ အုပ်ထိန်း လာခဲ့တဲ့ ကြား က မှ ခုလို ဖြစ်ရတာ ရင် နာလွန်း လို့ သမီး ကို ပစ် ထားတာပဲ ။ မာမီ ဟာ သူများ အမေ လို နင်ပဲငဆ ကြမ်းကြမ်းတန်းတန်းကြီး လည်း မဆုံးမ တတ်ဘူး ။ ခု ကိစ္စ မှာ လည်း သမီး သေသေချာချာ စဉ်းစား ။ ဒက်ဒီ တို့ မာမီ တို့ ဝင် မပါချင်ဘူး ။ သမီး လေး စိတ်ဆိုး ပြန် လာတာမျိုး တော့ မလုပ်နဲ့ ။ သမီး ဇာတ် ကို သမီး နိုင် အောင် ဆက် က ရမှာ ”
တူးတူး က မာမီ ၏ ညင်သာသော အသံ မှာ မည်မျှ တန်ဖိုးရှိသည် ကို ခုမှ နားလည်ပေပြီ ။
“ ဒက်ဒီ ... မာမီ ကို ရအောင် ပြောပေးပါ ဒက်ဒီ ရယ် ။ ဒက်ဒီ မှာရှိတဲ့ ၊ အာဏာ တွေ ကို လည်း အားလုံး သုံး ပေးပါ ။ တူးတူး ပြန် လာ တာ မောင် နဲ့ သဘောချင်း မတိုက်ဆိုင်တာ တင် မဟုတ်ဘူး ။ တူးတူး သူတို့ အသိုင်းအဝိုင်းကြီး တစ်ခုလုံး ကို ကြောက်တယ် ။ တူးတူး နေလို့ မဖြစ်တော့ဘူး ”
ဒက်ဒီ သည် သူ့ သမီး က “ ရှိသမျှ အာဏာ အားလုံး သုံးပေးပါ ”
ဟူ၍ ပင် စကားလုံး သုံး လာသည် ကို အံ့သြ မဆုံးတော့ပေ ။ ဒက်ဒီ မှာ အရာရှိကြီး တစ်ယောက် ပင် ဖြစ်၏ ။ သို့သော် ဒက်ဒီ နှင့် မာမီ သည် သမီး စိတ် ကို မယုံပေ ။ စောင့် ကြည့်ကြ၏ ။
တကယ်ပင် တူးတူး သည် စိတ် ပြတ် ခဲ့လေသည် ။ မောင် က လူကြီး စုံရာ နှင့် လာ ခေါ် သော် လည်း တူးတူး ပြန် မလိုက်တော့ ။ မောင် ကား လက် လျှော့ ၍ ပြန်ရ တော့သည် ။
ဆယ့်ရှစ်နှစ် တွင် တူးတူး ကလေး နှစ်ယောက် အမေ ဖြစ်ရသည် ။
“ တူးတူး စာ ဆက် သင်မယ် ၊ ပြီးတော့ ဒီဂရီ ရပြီး ဒီ ကလေး တွေ ကို တူးတူး ရှာကျွေးပါ့မယ် ဒက်ဒီ ရာ ”
ခုမှ ဒက်ဒီ နှင့် မာမီ က ဘာ ပြောနိုင်ပါမည်နည်း ။ မြေးများ ကို ဆက် ထိန်းထားကြရ ပေတော့မည် ။ တူးတူး ကား ထိုနှစ် တွင် မက်ထရစ် ချောချောမောမော အောင် သွားတော့သည် ။ သူတို့ သည် တူးတူး ကို ၊ တက္ကသိုလ် သို့ ဆက် ပို့ကြ၏ ။ တူးတူး တက္ကသိုလ် သို့ ရောက်သော နှစ် ၊ အေးခင် သည် လည်း အိမ် သို့ ပြန် လာသည် ။ အမေ သည် ထုံးစံအတိုင်း အူလျားဖားလျား မာမီ ဆီ သို့ ပြေးလာ၏ ။
“ တင်တင်ကြီး ၊ အေးခင် ... အေးခင် ရယ် ပြန် လာပြီ ”
အမေ့ အသံ သည် ဝမ်းနည်းသံလား ၊ ဝမ်းသာသံလား ဝေခွဲ၍ မတတ်အောင် တုန်ယင် လှ၏ ။ မာမီ က အစေခံ တန်းလျားလေး သို့ အမေ နှင့် အတူ ပြေး လိုက် လာသည် ။
အေးခင် ကို ယောက်ျားလေး သုံးယောက် နှင့် အတူ တွေ့ရ၏ ။
“ အေးခင်...ဒါ နင့် သားတွေ လား ၊ ကလေး တွေ အဖေ က ဘာ
လုပ်လဲ ”
“ ဟုတ်ကဲ့ ”
“ ဒီ သူငယ် ကော ဘယ်မှာလဲ ”
အေးခင် ကား ငိုချင်း ချ ပြန် လေပြီ ။ အမေ က လည်း ခုမှ ငို တော့၏ ။
“ တင်တင်ကြီး ရဲ့ သရဲသမိန် မှာ လယ်စာရင်းငှား လုပ် သတဲ့ ၊ သူ့ကို မပေါင်းနိုင်တော့ဘူး လို့ နှင်ချလိုက်တာတဲ့ ”
“ ဟင်း ”
မာမီ ကား သက်ပြင်း ချ လိုက်၏ ။ သက်ပြင်း ချ ၍ မာမီ က ဘာပြန် ပြောရမှန်း မသိတော့ ။
“ ကဲ ... အမေ စိတ်ရှုပ် မနေနဲ့ ၊ သူ ထွက် သွားတုန်း က နှစ်ယောက် မို့ လား ။ ခု ပြန် လာတော့ အားလုံး ခုနှစ်ယောက် ပေါ့ ၊ အဲဒါပဲ မှတ်ပေါ့ ”
မာမီ က ဒါပဲ ပြောကာ ထွက် သွားတော့သည် ။ မာမီ က တော့ ဒါ ထက် ပို၍ လည်း ဘာ ပြောရဦး မည်နည်း ။ အမေ့ ရင် ထဲ တွင် မူ မီးစကြီး ထိုး သလို ပူ လှသည် ။ ယခင် က မှ သားအမိ နှစ်ယောက် အတွက် ငွေ အစိတ် နှင့် နေ ရသည် ။ ယခု တိုး လာသော ပါးစပ် သုံးပေါက် ကို ဘယ်လို ကျွေးရ ၊ အေးခင် အလုပ် လုပ် ဆိုရအောင် ခုနစ်တန်း မှ မအောင် လျှင် ဘာ အလုပ် လုပ် ရပါမည်နည်း ။ တူးတူး လို အေးခင် အား ကျောင်း ဆက် နေ ဆိုရအောင် ဒီ ကလေး သုံးယောက် ကို ဘယ်လို မွေးရပါ့ ။
“ ဟဲ့ ... မိအေးခင် ရဲ့ ၊ သစ်ပင် လဲတာချင်း တူ ပေမယ့် တူးတူး ကို အောက် က သဲ ခံ ပေးမဲ့ လူ ရှိတယ် ဟဲ့ ၊ နင့် မှာ ဘယ်သူ ရှိသတုံး ”
အမေ ကား စာ မတတ်၍ ဖွဲ့ဖွဲ့နွဲ့နွဲ့ မငိုတတ် ၊ သူ့ ဝမ်း ထဲ ရှိ အသိဉာဏ် ကို သူ တတ်သမျှ စကားလုံး နှင့် ဖော်ထုတ်ခြင်း ဖြစ်၏ ။
စင်စစ်မတော့ မုန်တိုင်း ထန်သောအခါ လဲပြိုကျသည် ချည်း ပင် ဖြစ်၏ ။ တူးတူး က အထက် က နေသူ ဖြစ်၍ ပို နာ မည် ဟု ရုတ်တရက်
ထင်ဖွယ် ရှိ သော်လည်း အမေ ပြော သလို သဲ တွင် မက ပိုက် ရော ၊ လဲမွေ့ရာ ထူထူ ရော အောက် မှ ခံပေးမည့်သူ ရှိ၍ ကျ ပင် ကျ သော်လည်း မနာလှ ။
အေးခင် မှာ တော့ အမေ ပြောသလို ဘယ်သူ မှ မရှိသောကြောင့် အနိမ့်ဆုံး အကိုင်း မှ ကျရ သော်လည်း အေးခင် ဒဏ်ရာ မှာ ကြီးလှသည် တကား ။
မှန်တိုင်း တစ်ခု ထန် လာ လျှင် သစ်ပင် အမြင့် ကိုင်း ပေါ် တွင် ရှိနေ သူ မှာ အောက်ဆုံး အကိုင်း တွင် နေသော သူ ထက် အကျ နာသည် ဟု ဆိုသူ ၏ ဤ စကား သည် အခါခပ်သိမ်း မှန်လေ သလော ။
◾ခင်နှင်းယု
📖 ကြာတော၌ ရွာသောမိုး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment