အဲသည် အချိန် မှာ ပုံနှိပ်စက် ကို ခင်မောင်လတ် က တာဝန်ယူ အုပ်ချုပ် လုပ်ကိုင် နေပြီ ။ မန္တလေး မှာ စာအုပ်ပုံနှိပ် တဲ့ လုပ်ငန်း ဆို တာ က သိပ်ပြီး အလုပ် မလုပ်ရပါဘူး ။ အလုပ် ရှိတဲ့ အခါ မှ စာစီသမား တွေ ၊ စက်သမား တွေ ကို လိုက် ခေါ်ပြီး အလုပ် လုပ်တယ် ။ အလုပ် မရှိတဲ့ အခါ စက်ခန်း ကို သော့ ခတ်ပြီး ပိတ် ထားတယ် ။ အလုပ် ရှိတဲ့ ရက် နဲ့ အလုပ် မရှိတဲ့ ရက် ၊ အလုပ် မရှိတဲ့ ရက် က များပါတယ် ။ သိတဲ့ အတိုင်း အဲသည်တုန်း က ခင်မောင်လတ် ကိုယ်တိုင် က လဲ ငယ်သေးတယ် ။ အလွန်ဆုံး ရှိလှ ယင် နှစ်ဆယ် ကျော် ရုံပဲ ရှိတော့မှာပေါ့ ။ ပြီးတော့ လဲ ခင်မောင်လတ် က ခင်မောင်ဦး နဲ့ မတူဘူး ။ အလုပ် လုပ်တဲ့ နေရာ မှာ နဲ့ အလုပ် ကို စိတ်ဝင်စား တဲ့ နေရာ မှာ တော့ တော် ပါတယ် ။ ကိုဘဂျမ်း ရဲ့ စိတ်ကြိုက် သပ်သပ်ရပ်ရပ် လဲ လုပ် တတ်တယ် ။ အလေအလွင့် ၊ အပျက်အစီး နည်းအောင် လဲ လုပ်နိုင်တယ် ။
ခင်မောင်လတ် ရဲ့ ထူးခြားတဲ့ အရည်အချင်း တခု က တော့ သူ့ အလုပ်သမား တွေ နဲ့ သူ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ရှိတယ် ။
ဆိုလိုတာ က စက်သမား တွေ ၊ စာစီသမား တွေ ကို သူ ကောင်းကောင်း အုပ်ချုပ်နိုင်တယ် ။ အလုပ်သမား တွေ က လဲ သူ့ ကို ချစ်ကြ ခင်ကြတယ် ။ သူ က လဲ အလုပ်သမား တွေ ကို ပေးကမ်း ကျွေးမွေး တယ် ။
ခင်မောင်လတ် ရဲ့ စိတ်ဓာတ် က အခု ခေတ် စကား နဲ့ ပြော ရယင် လူတန်းစား မခွဲခြားဘူး ။ ငါ က အလုပ်ရှင် ၊ သဌေး ။ သူတို့ က အခစား ၊ အလုပ်သမား ။ သည်လိုသဘော ထားပြီး ခွဲခွဲခြားခြား မဆက်ဆံဘူး ။ သူတို့ ပုံနှိပ်စက် ကို ရောက် သွားယင် တရုန်းရုန်း နဲ့ ။ သီချင်း ဆို တဲ့ လူ က ဆိုကြ ။ ပြောင် တဲ့ လူ က ပြောင်ကြ ။ နောက်တဲ့ လူ က နောက်ကြ ။ ပျော်စရာကြီး ပဲ ။ အလုပ် ရှိတယ် ဆိုယင် လဲ တက်ညီလက်ညီ နဲ့ အလုပ် လုပ်ကြတယ် ။
အလုပ် မရှိတဲ့ အခါ မှာ လဲ ၊ အလုပ်သမား နှစ်ယောက် သုံးယောက် လောက် က တော့ အမြဲ လိုလို ရှိ နေ တတ်တယ် ။ သူတို့ အထဲ မှာ စာပြင်ဆရာကြီး ဦးဖေသောင်း က တော့ အဖေကြီး တယောက် လို ပဲ ။ ဦးဖေသောင်း ကို လဲ ခင်မောင်လတ် အပါ အဝင် အလုပ်သမား အားလုံး က အဖေသောင်း လို့ သာ ခေါ် ကြပါတယ် ။
ဦးဖေသောင်း က လဲ လူငယ်တွေ အားလုံး ကို သူ့ တူသား တွေ လို ပြောစရာ ရှိယင် ပြောတယ် ။ ဆုံးမစရာ ရှိယင် ဆုံးမ တယ် ။ ကိုဘဂျမ်း က လဲ ခင်မောင်လတ် နဲ့ ပတ်သက် ပြီး မမှားတန် တာ မမှားရ အောင် ကူညီ ထိန်းသိမ်း ပေးဖို့ အပ်ထားတယ် ။
မဆိုးပါဘူး ။ ပထမပိုင်း ပုံနှိပ်စက် ဖွင့်ခါစ မှာ သာ ပြင်ပ အလုပ်တွေ ကို မလုပ်ရပေမယ့် ၊ နောက်ပိုင်း မှာ ကျ တော့ တခြား စာအုပ်ဆိုင် တွေ က လာ အပ်တဲ့ စာအုပ်တွေကို လဲ ပုံနှိပ် လာ ရတယ် ။ ကိုယ့် စာအုပ်တိုက် က ထုတ်တဲ့ စာအုပ်တွေ သာ မက တော့ ပဲ တခြား အလုပ်တွေ ကို ပါ ရ လာတယ် ။ သည်တော့ ကိုယ့် စာအုပ် တွေအတွက် ကုန်ကျစရိတ် သက်သာရုံ တွင် မက တော့ ပဲ အပို ဝင်ငွေ ပါ ရလာတယ် ။
သည် ပုံနှိပ်စက် လုပ်ငန်း တခုလုံး ကို ခင်မောင်လတ် လက် အပ်ထားတဲ့ အတွက် ခင်မောင်လတ် က လဲ အပြင် အလုပ် လုပ် ရဖို့ ရှာတယ် ။ သူ့ အလုပ်သမား တွေ က လဲ သူတို့ ပုံနှိပ်စက် အတွက် အလုပ်တွေ ရှာလာ တတ်တယ် ။ အလုပ် လုပ်ရတယ် ဆိုတော့ အလုပ်သမား တွေ လဲ လုပ်ခ ပို ရကြတာပါ့ ။ စက် အနေနဲ့ လဲ အပို ဝင်ငွေ ရတာပေါ့ ။
အမှန်တော့ ကိုဘဂျမ်း ရဲ့ အဓိက ရည်ရွယ်ချက် က အပို ဝင်ငွေ ရဖို့ မဟုတ်ဘူး ။ ဆိုလိုတာ က တခြား စာအုပ်ဆိုင် တွေ က လာ အပ်တဲ့ အလုပ် ကို လုပ် ပေးဖို့ အဓိက မရည်ရွယ်ဘူး ။ ကိုယ့် စာအုပ် ကိုယ် ပုံနှိပ် တဲ့ အခါ မှာ လုပ်ငန်း တွင်ကျယ် ဖို့ နဲ့ ကုန်ကျ စရိတ် သက်သာဖို့ ပဲ ရည်ရွယ်တယ် ။
ဆိုလိုတာ က သူ့ နေရာ မှာ သူ ခင်မောင်လတ် အုပ်ချုပ် နိုင်တယ် ။ အောင်မြင်တယ် ဆိုပါတော့ ။
အမှန်တော့ အလုပ်သမား တွေ ကို အုပ်ချုပ် နိုင် ဖို့ ၊ စည်းရုံးထား နိုင်ဖို့ ဆိုတာ က လဲ သိပ် လွယ်လှတာ မဟုတ်ဘူး ။ ကိုယ့် ကိုယ်ပိုင် အလုပ် ကို လုပ်တော့မယ် ဆိုယင် တောင် ကိုယ့် အလုပ်သမား တွေ ကို ကိုယ် ပြန် စုစည်း ဖို့ ဆိုတာ မလွယ်ဘူး ။ အခုတော့ အခါခပ်သိမ်း စုစည်း ပြီးသား လို ဖြစ် နေတယ် ။ လုံလောက် တဲ့ ဝင်ငွေ ရဖို့ အတွက် အလုပ် က အဆင်သင့် ရှိနေတော့ လဲ အလုပ်သမား တွေ က ကျေနပ်ကြတယ် ။ ပျော်ကြတယ် ။
ခင်မောင်လတ် က လဲ သူ့ အလုပ် မှာ သူ ပျော် နေတယ် ။ အလုပ် များတဲ့ ရက် ဆိုယင် အိမ် ကို တောင် ပြန်ပြီး ထမင်း မစား တော့ဘူး ။ ပုံနှိပ်တိုက် မှာ ပဲ သူ့ လူတွေ နဲ့ သူ ချက်ပြုတ် စား သောက်ကြ သတဲ့ ။
တခုပဲ ပြောစ ရာရှိတယ် ။ တဘက် မှာ သိပ် တော်နေ ပြန် တော့လဲ ၊ တခြား တဘက် မှာ နည်းနည်း လျော့လျဲ ချင် လာ တယ် ။ ခင်မောင်လတ် က ခင်မောင်ဦး လောက် တော့ စာရင်း အင်း မနိုင်ဘူး ။ စနစ်ဇယား မရှိဘူး ။ အနုတ်အသိမ်း ၊ အပေး အကမ်း ၊ အသုံးအစွဲ နည်းနည်း များ ချင်တယ် ။ သူ့ အစ်မ မအေးနု ရဲ့ လက်အောက် မှာ ကြာကြာ နေခဲ့ရလို့ ထင်ပါရဲ့ ။ မအေးနု ရဲ့ စရိုက်တွေ နည်းနည်း လွှမ်းချင်တယ် ။ စာရင်း မှာ က တော့ ပြတာပေါ့ လေ ။ စက် ဆေး ဖို့ ရေနံဆီဖိုး က ဘယ်လောက် ။ ဘယ် ခဲစာလုံး လို လို့ ဘယ်နှစ်ပေါင် ဝယ်ရတာ က ဘယ်ရွေ့ ။ ပြင်ပ က အလုပ် ရှာလာ တဲ့ အတွက် ရှာလာ တဲ့ အလုပ်သမား ကို မုန့်ဖိုး ပေးရတာ က ဘယ်မျှ ။ စသဖြင့် ပေါ့ လေ ။ ကုန်ကျတဲ့ အသုံးစာရင်း က တော့ ပြတာပေါ့ ။
ခင်မောင်ဦး ကိုယ်တိုင် က သူ့ ညီ ကို မယုံလို့ တင်ပြတဲ့ စာရင်းတွေ ကို အသေအချာ စစ်ဆေး ကြည့်တော့လဲ ကွက်တိ ပဲ ။ အပိုအလို ၊ အမှားအယွင်း လုံးဝမ ရှိဘူး ။
ဘာ ပဲဖြစ်ဖြစ် လေ ။ နှစ်ချုပ် စာရင်း ရှင်း လိုက် တော့ ပုံနှိပ်လုပ်ငန်း က ပါ အမြတ် ထွက် နေတယ် ။ သည့်ထက် မက မြတ် နိုင်တယ် ၊ မြတ်ရမယ် လို့ တော့ မအေးနု နဲ့ ခင်မောင်ဦး တို့ က ခန့်မှန်းကြတယ် ။ ဒါပေမယ့် ကိုဘဂျမ်း ရဲ့ အမြင် က တော့ ခင်မောင်လတ် က အကြီး နှစ်ယောက် ထက် ပို လျင်တယ် ။
ကိုဘဂျမ်း ကျေနပ်တာ က ကိုယ်ပိုင် ထုတ်ဝေတဲ့ စာအုပ် လုပ်ငန်း မှာ အကုန်အကျ အများကြီး သက်သာ လာတယ် ။
ပြီးတော့ သူများ နဲ့ ပြိုင်ပြီး ပုံနှိပ် ယင် ကိုယ့် စာအုပ် က အယင် ထွက်တယ် ။ ဒါ့အပြင် မူလ က မျှော်လင့် မထားတဲ့ အပို ဝင်ငွေ တွေ လဲ ထောင် နဲ့ သောင်း နဲ့ ချီ ပြီး ဝင် လာတယ် ။ ကိုဘဂျမ်း မပြောတော့ဘူး ။ သိပ်ပြီး စစ်ဆေး မနေတော့ဘူး ။ ပုံနှိပ်စက် လုပ်ငန်း ရဲ့ သဘာဝ ကို က ခင်မောင်လတ် ရဲ့ နည်းစနစ် မှ ဖြစ်မယ် ။ ရှိပေစေတော့ ။
◾မောင်သာရ
📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
အတောင်ကျွတ်သော ကြိုးကြာ
ရေရှာ၍ မရသကဲ့သို့
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment