❝ ကြာတာ ကို ပို ကြိုက်တယ် ❞
“ အဖေ ဧည့်သည် တစ်ယောက် ”
“ သြော် ဟုတ်ကဲ့ ကိုတင်မောင်ဆွေ ကျွန်တော် ဘာလုပ် ပေးရ မလဲ မြေပဲလှော် ဖောက်သည် ယူ ချင်လို့လား ”
“ ဟားဟား ဆရာ က တော့ ရောင်းသမား ပီသပါပေတယ် ဗျာ ၊ ဆရာ ရေ ဝယ်ချင်တာ မဟုတ်ဘူး ၊ ရောင်းချင်တာ ”
“ ဘာများပါလိမ့် ”
“ ကျွန်တော့် လက်ဖက်ရည်ဆိုင် ရောင်းချင်တယ် ၊ အဲဒါ ဆရာ ”
“ ဟင် ကျွန်တော် က ပွဲစား မှ မဟုတ်တာ ”
“ ဆရာ မြေပဲဆားလှော် ဖြန့် ဖို့ ဆိုင်ခန်း လိုချင်တယ် ကြားထား လို့ပါ ”
“ဪ ဟုတ် ဒါထက် ဈေး ”
“ ခုန်ဆင်း၂၇ သိန်း ၊ အခွံချည်း ဆို ၂၅ သိန်း ပါ ဆရာ ရယ် ၊ ကျွန်တော် တို့ ကူညီတဲ့ အနေနဲ့ ....”
“ ကောင်းပြီ ကိုတင်မောင်ဆွေ ၊ ကျွန်တော် မိသားစု နဲ့ တိုင်ပင် လိုက် ဦးမယ် ။ ဒီနေ့ ဇန်နဝါရီ ၁ ရက် နော် ငါးရက် အချိန် ပေးဗျာ ၊ ၆ ရက် နေ့ အကြောင်းပြန်မယ် ”
ဤသို့ဖြင့် ဧည့်သည် ပြန် သွား လေ၏ ။
အင်း ကိုတင်မောင်ဆွေ ၊ ကို တင်မောင်ဆွေ ဘယ်လိုများ စိတ်ကူး ပေါက်ပြန်သည် မသိ ။ ယခု လက်ဖက်ရည်ဆိုင် ကို ဖြုတ်ပြီး ဘာလုပ်ဦးမှာ ပါလိမ့် ၊ ခုန် ဆင်း ၂၅ သိန်း နဲ့ ရောင်း မှာ ။
ဤနေရာ ၌ ခုန်ဆင်း ဆိုသော ကြောင့် ရှင်း နေ လေပြီ ။ ခုန်ဆင်း ဆိုတာ က ဆိုင်ရှိ ပစ္စည်း ဘာမျှ မယူ ။ လက်ဖက်ရည်ဆိုင်သုံး ပစ္စည်း တွေ အိုး ၊ ပန်းကန် ၊ ခွက်ယောက် ၊ စားပွဲ ၊ ကုလားထိုင် အားလုံး သည် အတိုင်း ထားခဲ့ပြီး ဆိုင် ထဲ က လူ လွတ် ထွက်ပေးမည် ။
“ ပေး ပိုက်ဆံ ”
“ ရော့ သော့ ”
အဲဒါ ခုန်ဆင်း ခင်ဗျာ ။
လက်ဖက်ရည်ဆိုင် က ခုန် ဆင်း ပြီး ဘယ်လို ဇာတ်လမ်းများ ခင်းကျင်းဦးမှာပါလိမ့် ။
သူ နှင့် ကျွန်တော် သိခဲ့ ကျွမ်းခဲ့ ရင်းနှီးခဲ့ သည့် နှစ်ပေါင်း နှစ်ဆယ် ကျော် ခဲ့လေပြီ ။ ၁၉၈၂ ခုနှစ် ကျွန်တော် အောင်လံမြို့ သို့ ပြောင်းလာ ကတည်း က သူ နဲ့ စတင် သိကျွမ်းရခြင်း ဖြစ်ပါလေ၏ ။ ရွာ က ဆွေမျိုးတွေ အတွက် နွား လိုက် ဝယ် ပေးရင်း နွားဈေး ( နွားပွဲဈေး ) ၌ တွေ့ဆုံရခြင်း ဖြစ်ပါ၏ ။ အဲသည် အချိန် က ကိုတင်မောင်ဆွေ က နွားဒလံ ( နဒလံ ) ခေါ် နွားပွဲစား ခင်ဗျာ့ ။
အပြော က ကောင်း ၊ နှင်တံကလေး တမြှောက်မြှောက် နှင့် အပေါင်းအသင်း က လည်း ဆံ့ ဗျာ ။
သူ့ အားကိုး နှင့် ကျွန်တော် ခိုင်းနွား တွေ ဝယ် ဝယ်ပေး ။
သုံးလေးနှစ် ကြာ တော့ သူ့ ကို နွားဈေး မှာ မတွေ့တော့ဘူး ခင်ဗျာ ။
“ ဟာ ကိုယ့်လူ နွား ဈေး မှာ ခင်ဗျား ကို ရှာ ရှာနေတာ ”
အောင်လံ ပြည်မြို့ ကား ပေါ် မှာ သူ နှင့် ဆုံမိ ။
“ ကျွန်တော် ဈေး ထဲ မှာ ဆန် ဆိုင် ဖွင့်ထားတယ် ဆရာ ။ အဲဒါ ပြည် သွားပြီး ဆန် ဝယ် မလို့ ”
“ ဟာ ကောင်းတာပေါ့ ၊ ဆန် ဆို တာ ဘယ်သူမှ မကင်းနိုင်တဲ့ ကုန်ပစ္စည်း ”
သို့နှင့် သူ့ ဆိုင် မှ အိုးတင် ဆန်သန့် လုံးစင်ကလေးများ ကျွန်တော် အားပေး ။
မကြာဘူး ခင်ဗျာ လေးငါးနှစ် လောက် ကြာ တော့ သူ ဆန် မရောင်း ပြန်ဘူး ။
အောင်လံမြို့ မြို့မဈေးကြီး ထဲ က အချက်အချာ ကျတဲ့ နေရာ မှာ မုန့်မျိုးစုံ ရောင်းတဲ့ ဆိုင် ဖွင့် ပြန်တယ် ။ ကျွန်တော့် ဆီ က အိုကေမြေပဲ ဆားလှော် တွေ သူ က ဖောက်သည် ယူ ရောင်း ပေးတယ် ။ အလုပ် ချင်း ဆက်စပ် မိပြီး လူချင်း ပို ရင်းနှီး သွား ကြတယ် ။
လက်ဖက်ရည်ဆိုင် မှာ အလှူ မင်္ဂလာ မှာ ၊ အရက်ဝိုင်း မှာ ခဏခဏ ဆုံမိ ၊ နောက်တော့ လူရင်း တွေ ဖြစ် သွားကြတယ် ။
“ ဟင် ကိုတင်မောင်ဆွေ တို့ မြေပဲဆားလှော် ယူ မရောင်းကြ ပြန် ဘူးလား ”
ကျွန်တော် က ကျွန်တော့် ဆိုင် မန်နေဂျာ မဌေးဌေး ကို မေး ။
“ သူတို့ ဆိုင် ရောင်း ပစ် လိုက်ပြီ ဘဘ ၊ အဲဒီ ဆိုင် ကို ကွမ်းယာပစ္စည်း ကိုဗအေး တို့ က ဝယ် လိုက်တယ် ”
အမှန်ပါပဲ ၊ ကိုတင်မောင်ဆွေ ဆိုင် နေရာ မှာ မုန့်မျိုးစုံ မဟုတ်တော့ ဘဲ ကွမ်းသီးစိတ် တွေ ကွမ်းရွက် တွေ အခြား ကျွန်တော် နာမည် မခေါ်တတ် တဲ့ ကွမ်းယာပစ္စည်း တွေ က နေရာ ယူ ထားပါပြီ ။
“ ဆရာ ရေ ကျွန်တော် ဟောင်ကောင် ပေါက်ပေါက်စက် ဝယ်ပြီး ၊ ထောပတ် ပေါက်ပေါက် လှော် ရောင်း နေတယ် အားပေးပါဦး ”
ကျွန်တော် ထောပတ် ပေါက် ပေါက် တစ်ထုပ် ဝယ်ပြီး မြည်း - အမယ် အကောင်းသား ဗျာ ။
“ ဟယ် ဟယ် ညည်းတို့ ဒါ ဘာတွေ ”
“ ခွေငှားဆိုင် လေ ”
“ အမယ်လေး ဟ စောစော က ပြောရောပေါ့ ငါ က တစ်ည ကို နှစ်ခွေ လောက် ဘီယာ နဲ့ မြည်းတာ ဟ ”
အမှန်ပါ ခင်ဗျာ ။ ကျွန်တော် က ည ဆို ခွေ ကြည့် ရင်း ဘီယာ သောက်တာ ။ သဘာဝ မကျတဲ့ အခန်း တွေ ပါ လာ ရင် ဘီယာမူးမူး နဲ့ ကော်ဆဲ ။
ထို အခွေ အငှားဆိုင် ကို ဖြုတ် ၍ ထို နေရာ ၌ လက်ဖက်ရည်ဆိုင် ဖွင့်ခြင်း ဖြစ်ပါ၏ ။
ဆိုင်နာမည် က အဟုတ် ခင်ဗျာ ။ “ လူကြီးမင်း ” တဲ့ ဗျား ။ လက်ဖက်ရည် က လဲ ကောင်းပါတယ် ။ မြို့မျက်နှာ ဖုံးတွေ အမြဲ အားပေးကြပါတယ် ။
အဲဒါ အခု အဲသည် ဆိုင် ကို ဖြုတ်ဦး မလို့တဲ့ ။ ရောင်းတာ တောင် မှ အောက်ဈေး ခင်ဗျာ ။ ကိုတင်မောင်ဆွေ ရယ် သည် လိုပဲ စိတ်ကူး တည့်ရာ လျှောက် လုပ်တော့မှာလား ။
အသက် ၁ဝဝ နေ ရရင် အလုပ် ၁ဝဝ များ ပြောင်းဦးမှာလား ဗျာ ။
အမှန်က တစ်ခု ခု ကို အရှည် အကြာကြီး လုပ်ရမှာ ခင်ဗျာ ၊ ခုတော့ ဗျာ သူ့ ဟာ က ... ။
◾မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၂၇ ၊ ဇန်နဝါရီ ၊ ၂၀၀၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment