❝ မပူဆာတော့ဘူး ❞
ကျွန်ုပ် သည် အိမ်ခြံမြေပွဲစား ဖြစ်၏ ။ အရောင်းအဝယ် မဖြစ်သည် မှာ ကြာပြီ ဖြစ်သောကြောင့် ငွေကြေး ကျပ်တည်း နေ၏ ။ ငွေကြေး ကျပ်တည်းသော ကြောင့် အစစအရာရာ အဆင်မပြေ ဖြစ်နေ၏ ။ အိပ် ၍ လည်း ကောင်းကောင်း မပျော်ပေ ။ စား ၍ လည်း မဝင်ပေ ။
ယနေ့ အပြင် သို့ ထွက်ခါနီး မိန်းမ ဖြစ်သူ က ထမင်း ခူး ပေး သဖြင့် ထမင်း စား သော်လည်း ခံတွင်း မတွေ့ ၍ တစ်လုတ် နှစ်လုတ် စား ပြီးသော် လက်ဆေး လိုက်ရ၏ ။
ထိုအခါ မိန်းမ ဖြစ်သူ က ...
“ ထမင်း လည်း ကောင်းကောင်း မစားပါလား .. ဘယ်လို ဖြစ်နေတာလဲ ... ” ဟု မေးလေ၏ ။
“ ခံတွင်း မတွေ့လိုပေါ့ကွ ... ၊ ငါ က မင်း ကို ပြောတာ သုံးခါ ရှိပြီ ၊ ငါးရံ့အူ ကို မရမ်းပြား နဲ့ ချက်တာလေး စားချင်တယ် လို့ ပြောခဲ့ တယ် ၊ အဲဒါကို မင်း မချက်ခဲ့ဘူး ငါ့ စကား ကို မင်း အလေးအနက်မထားခဲ့ဘူး .... ” ဟု ကျွန်ုပ် ပြော လိုက်ရာ ...
ကျွန်ုပ် ၏ မိန်းမ က
“ ဒီလိုတော့ မပြောပါနဲ့ မောင် ရယ် ၊ ဆောင်း ဝင်ပြီး ကတည်း က ရန်ကင်း က စတိုးဆိုင် မှာ တွေ့ခဲ့တဲ့ ဆွယ်တာ အဖြူလေး ၊ မီးခိုးရောင် ပန်းပွင့်ကလေး တွေ နဲ့ ဟာ လေ သိပ်ပြီး ဘို ဆန်တာပဲ ခင် ကြိုက်တယ် ၊ ဝယ်ပေးပါ လို့ ပြောခဲ့တာလေ ၊ အခု ဆောင်း ပဲ ကုန် တော့မယ် ၊ အခုထိ မရ သေးဘူး ၊ ခင့် စကား ဆိုရင် မောင် က အလေးအနက် မထား ဘူး .. ” ဟု ကျွန်ုပ် အား ပြန် ၍ ပက်လေ ၏ ။
ထို့ကြောင့် ကျွန်ုပ် က
“ ဪ ... သိပြီ ... သိပြီ ... မင်း လိုချင်တဲ့ ဆွယ်တာ ဝယ်မပေး လို့ ငါ့ ကို ငါးရံ့အူဟင်း ချက် မကျွေးတာပေါ့ ... ဟုတ်လား တော်တော် ကောင်းတဲ့ မိန်းမ ၊ သေရင် တော့ ငရဲ ကျမှာ ပဲ ... ” ဟု ကျွန်ုပ် က ပြော လိုက်လျှင် ...
ကျွန်ုပ် မိန်းမ က ...
“ ခင် က ကျရုံ ကျမှာ ... မောင် က ပြန် ကို တက်ရမှာ မဟုတ်ဘူး ၊ ချိုး ကပ် မှာ ... ၊ ဘာတွေ ညာတွေ အပိုတွေ ပြော မနေနဲ့ မောင် မနက်ဖြန်ခါ ခေါင်းရင်းအိမ် က လှလှ တို့ ကျိုက်ထီးရိုးဘုရား တက် ကြမှာ ၊ ခင် လိုက်သွားမယ် ဒါပဲ ၊ အိမ် ကို စောစော ပြန်ခဲ့ ... ” ဟု စိတ်ဆိုးမာန်ဆိုး ဖြင့် ကျွန်ုပ် အား ပြော လေတော့၏ ။
“ စောစော ပြန်ခဲ့လေ ၊ ဘာတွေ မမှာ နဲ့ ကွ ၊ အ လုပ် သွား လုပ်တာ ၊ သွားပြီး အလေလိုက် တာ မဟုတ်ဘူး ကွ ၊ အလုပ် ပြီး မှ ပြန်လို့ ရမှာ ပေါ့ ... ” ဟု ကျွန်ုပ် က
ပြော လိုက် လျှင် ...
ကျွန်ုပ် ၏ မိန်းမ က ...
“ မောင့် ကို ဘယ်သူ က မှ အလေလိုက်တယ် လို့ မပြောပါဘူး ၊ အိုး မလုံ အုံ ပွင့် မနေပါနဲ့ ၊ ရှင့် မျက်နှာ ဟာလေ အိမ် က မိန်းမ နဲ့ ဆိုရင် စူပုပ် နေတာပဲ ၊ ပွဲစားမ ဖင်ကောက်မ နဲ့ တွေ့ရင် မျက်နှာ ကို ရွှင်လို့ ၊ အဲဒါ လူတိုင်း သိတယ် ၊ ဟို စားသောက်ဆိုင် ဝင်လိုက် ၊ စား လိုက်ကြ ၊ သောက်လိုက်ကြ လုပ်နေတာ ပွဲစား လောက မှာ
ဟိုးလေးတကျော် ဖြစ် နေပြီ ၊ ကြည့်လည်း လုပ်ပါဦး မောင် ရယ် ၊ အိမ် က မိန်းမကြီး ကျတော့ ဆွယ်တာအင်္ကျီလေး တစ်ထည် ဝယ် ပေးဖို့ တွန့်တို နေ တယ် ။ ပွဲစားမ ကို အိမ် ပုံစံ လက်ကိုင်အိတ်လေး တစ်လုံး လက်ဆောင် ဝယ် ပေးတာ ဒီက သိနေတယ် နော် ၊ မပြောချင် လို့ မြုံနေတာ ... ” ဟု ကျွန်ုပ် မိန်းမ က ကျွန်ုပ် အား ပြောလေ၏ ။
“ မင်း နဲ့ ကွာ ၊ တို့ လောက ဟာ အပေးအယူ လောက ကွ ၊ အဲဒီလို အပေးအယူ ရှိမှ သူတို့ ဆိုင် ထားတဲ့ ပွဲလမ်း မှာ ကိုယ် က နောက်တိုး ဝင်ချင် ဝင်ခွင့် ရမှာ ကွ ၊ တို့ လောက မှာ က လက်ဆောင် ပေးတယ် ဆိုတာ က အလုပ် လုပ်တာကွ စားသောက်ဆိုင် မှာ တစ်ဝိုင်း ကျွေးတယ် ဆိုတာ က သူများ လုပ် ထား တဲ့ ခွင် ထဲ ကို ဝင်ဖို့ ဝင်ခွင့် လျှောက် တာကွ ၊ အိမ် မှာ အကြောင်း မရှိ အကြောင်း ရှာပြီး ဘုရားကိုးဆူ လုပ်တာ တို့ ၊ ကလေးကင်ပွန်းတပ် လုပ်တာ တို့ ဟာ တို့ လောက မှာ ကွန်ရက် ဖြန့်တာကွ ၊ အိမ် မှာ ဘယ် ဘုရား ကြွနေလို့ လာ ဖူးပါ ဆိုပြီး ဖိတ်တာ က ကုသိုလ် ရဖို့ ထက်
အရောင်းအဝယ် ကိစ္စ တွေ ပြောဖို့ က ပိုပြီး များ တယ်ကွ ၊ အဲဒါကို နားလည်စမ်းပါ မိန်းမ ရာ ၊ မနုံစမ်းပါနဲ့ ” ဟု ကျွန်ုပ် က ရှင်းပြလိုက်ရာ ...
ကျွန်ုပ် ၏ မိန်းမ က ...
“ မနုံပါဘူး တော် ၊ ပြည်သူ့ရင်ပြင် မှာ ဖင်ကောက်မ ရဲ့ ပခုံး ကို ကိုင် ပြီး ဓာတ်ပုံ အရိုက် ခံတာ က တော့ အလုပ်သဘော မဟုတ် ဘူး ထင်တယ်နော် အဲဒီ ဓာတ်ပုံ ထုတ် ရှိုး လိုက် ရင် မောင် ဘာပြော မလဲ ၊ ရေပန်းကြီး တွေ ကျ နေတဲ့ နားမှာ ရိုက်ထားတဲ့ ပုံ လေ ၊ အဲဒါကို ရော အလုပ် လုပ် တယ်လို့ ပြော မလို့ လား ... ” ဟု ကျွန်ုပ် အား ပြောပြန်လေ၏ ။
ထိုအခါ ကျွန်ုပ် က ...
“ ငါတို့ လောက မှာ က အလုပ် ဘယ်လောက် ဖြစ်သလဲ ဆိုတာ က ဘယ်လောက် ရ င်းနှီး နေ သလဲ ဆို တာပေါ် မူတည်နေတယ် ကွ ၊ ဖင်ကောက်မ နဲ့ ပတ်သက်တဲ့ ပွဲစား တွေ အကုန်လုံး အလုပ် ဖြစ် ကြ တယ် ၊ ဖင်ကောက်မ နဲ့ မကြည် တဲ့ ပွဲစားတွေ အကုန်လုံး ထီး ဖြူ ပြီး ဖိနပ် ပါး သွားကြတယ် ၊ မောင် ရှင်းရှင်းပဲ ပြောမယ် ၊ ဖင်ကောက်မ လို မိန်းမမျိုး မပြော နဲ့ တာဝတိံသာ က နတ်သမီး ဆယ်တွဲ နဲ့ လဲပါ ဆိုရင် တောင် ခင့် တစ်ယောက် နဲ့ မလဲနိုင်ပါဘူး မိန်းမ ရာ ... ” ဟု ကျွန်ုပ် က ပြောလို က်ရာ ...
ကျွန်ုပ် ၏ မိန်းမ သည် ပြုံးသွားပြီး လျှင် ...
“ အဲဒီ အပြောမျိုးတွေ ကြောင့် ဒီက ဟာမ က တော့ ဆွယ်တာ အင်္ကျီလေး တစ်ထည် မရဘဲ နဲ့ တောင် ကျေနပ် နေရတာပဲ မောင် ရေ ၊ အပြော ကောင်းတယ် ၊ ဇကော ကို တောင် တောင်း လို့ ပြောပြီး ရောင်း လို့ ရတယ် ၊ သွားပေတော့ ၊ သွားပေတော့ ၊ မြန်မြန် တော့ ပြန်လာ ၊ ဖင်ကောက်မ နဲ့ လျှောက်လည် မနေနဲ့ .. ” ဟု ပြော လိုက်လေ၏ ။
ကျွန်ုပ် လည်း အိမ် မှ ခပ်သွက်သွက် ထွက်လာခဲ့၏ ။ ကျောက်မြောင်း မှ မြေ တစ်ကွက် ရောင်းရ သော ကြောင့် ပွဲစားခ အဖြစ် ခြောက်သောင်း ရရှိ လေရာ ဖင်ကောက်မ သည် ကျန် ပွဲစား ဆယ်ယောက် ကို ဝေ လိုက်သောကြောင့် သူ့ အတွက် ခြောက်ထောင် ကျန်လေ၏ ။ ထို ခြောက်ထောင် အနက် မှ ကျွန်ုပ် အပါအဝင် ပွဲစား လေးဦး ကို ခွဲပေး လိုက်ရာ ၁၅၀၀ ရရှိ လေ၏ ။ ကျွန်ုပ် သည် လက်တွင်း သို့ ငွေ ၁၅၀၀ ရလိုက်သည် နှင့် တစ်ပြိုင်နက် ရန်ကင်းရှေ့ စတိုးဆိုင် သို့ ပြေး ၍ ကားငှား ရ လေ၏ ။
ထိုအခါ ဖင်ကောက်မ က ...
“ ဘယ်လိုလဲ .. ကိုအောင်ထွန်း ၊ ပိုက်ဆံလေး လက် ထဲ ရောက် တာ နဲ့ အိမ် က ချစ်ချစ် အတွက် ဆွယ်တာ ဝယ်ဖို့ ပြေးပြီလား ... ” ဟု လှမ်း၍ မေးလေ၏ ။
“ အမှန်ပဲ မကောက် ရေ ... ၊ အဲဒီ ဆွယ်တာ ဒီနေ့ ပါ မသွားရင် ကျုပ် မိန်းမ က ကျုပ် ကို သ,တ်တော့မယ် ” ဟု ကျွန်ုပ် က ပြော လိုက်ရာ
ဖင်ကောက်မ က ...
“ ကိုအောင်ထွန်း က လည်း မိန်းမ ကြောက် လိုက်တာ မပြောနဲ့ တော့ .. ” ဟု အပြစ် တင် လေ ၏ ။
ထို့ ကြောင့် ကျွန်ုပ် က ...
“ မိန်းမ ပဲဗျာ ဘာဖြစ်လို့ ကြောက်ရမှာ တုန်း ... ”
လှမ်း ၍ အော် ပြော လိုက်လေ၏ ။
ထိုအခါ ဖင်ကောက်မ သာ မက ကျန် လူများ က ပါ ဝိုင်း၍ ရယ်ကြ လေ၏ ။
ကျွန်ုပ် သည် ရန်ကင်းရှေ့ စတိုးဆိုင် သို့ သွား၍ မိန်းမ ကြိုက်သည် ဆိုသော ဆွယ်တာအင်္ကျီ ကလေး ကို ၈၀၀ ပေး ၍ ဝယ်ယူခဲ့လေ၏ ။
ထို့နောက် ကျွန်ုပ် သည် မိုးကောင်းဘုရား အနီး ရှိ ထမင်းဆိုင် သို့ ဝ င်၍ ထမင်း စား လေ၏ ။
“ ဘာ ဟင်းတွေ ရသလဲ ... ”
ကျွန်ုပ် က စားပွဲထိုးကလေး အား မေး ရာ ...
ကောင်တာ တွင် ထိုင် နေသော မိန်းမ က ...
“ ငါးရံ့အူ ဆီပြန် ရှိတယ် ... ” ဟု ပြောလိုက်ရာ ကျွန်ုပ် သည် သွားရည်များ ပင် ကျမိ လေ၏ ။ သို့ရာတွင် ကျွန်ုပ် သည် ကျွန်ုပ် ၏ မိန်းမ ဘုရား ဖူးထွက်ရန် အတွက် ငွေ ၇၀၀ လောက် ပေးလိုက်ရမည် ဖြစ်ရာ ထို ငွေ မှ လျော့ မသွားစေရန် အတွက် ထို မိန်းမ အား ...
“ နေပါစေဗျာ ... သက်သတ်လွတ် နဲ့ ပဲ စားချင်ပါ တယ် ... ” ဟု ပြော လိုက်ရာ ...
ကျွန်ုပ် ၏ စားပွဲ သို့ ထမင်းတစ်ပန်းကန် နဲ့ ပဲသီးကြော် တစ်ပန်းကန် လာ ၍ ချပေး လေ၏ ။ ကျွန်ုပ် လည်း ပဲသီးကြော် နှင့် ပင် ကုန်း ၍ လွေး ရလေတော့၏ ။ ထို့နောက် ရေခဲရေ တစ်ခွက် မှာ ပြီး အဝ သောက် လိုက် လေတော့၏ ။ ထို့နောက် မိုးကောင်းဘုရား ၊ တနင်္ဂနွေထောင့် ၌ သစ္စာပန်း ၊ သပြေပန်း တို့ ကို လှူဒါန်း ပြီး သက်သတ်လွတ် အဓိဋ္ဌာန် ( ၄၉ ) ရက် ယူ လိုက်လေ တော့၏ ။
ထိုသို့ အဓိဋ္ဌာန် ယူ ပြီး လျှင် အိမ် သို့ စောစော ပြန်ခဲ့လေ၏ ။ အိ မ်သို့ ရောက်လျှင် ...
ကျွန်ုပ် ၏ မိန်းမ က ...
“ မောင် ... ညနေစာ စောစော စား လိုက်လေ ၊ မောင် ထမင်းစား မကောင်းတာ ကြာပြီ ၊ အဲဒါကြောင့် ကျိုက်ထီးရိုး သွား ဖို့ စု ထားတဲ့ ပိုက်ဆံ ထဲ က ငါးရံ့အူ ဝယ်ပြီး ဆီပြန်လေး ချက်ထား တယ် ၊ မောင် ထမင်းစား လို့ မြိန်မှာ ပါ ၊ အဲဒါ ငါးရံ့အူဟင်း ထဲ မှာ နောက်ထပ် ဘာတွေ ထည့် ထားသေးသလဲ သိလား ၊ ခင့် ရဲ့ စေတနာတွေ ထည့်ထားတယ် ” ဟု ပြော လိုက်လျှင် ကျွန်ုပ် သည် ရင်ဘက် ကို လက်ဝါး နဲ့ ဖိပြီး ...
“ အောင်မယ်လေး ခင် ရယ် ၊ မောင် ဒီ မနက်ပဲ မိုးကောင်းဘုရား မှာ သက်သတ်လွတ် အဓိဋ္ဌာန် ယူခဲ့တယ် ၊ စားလို့ မဖြစ်ဘူး ”
ဟု ပြော လိုက်ရာ ကျွန်ုပ် မိန်းမ က
“ ခင် လည်း ဒီနေ့ ဘုရား မှာ အဓိဋ္ဌာန် ဝင်လိုက်တယ် ။ ဆွယ်တာအင်္ကျီ နဲ့ ပတ်သက်ပြီး မောင့် ကို နင်ပဲ ငဆ ပြောမိတယ် ၊ အဲဒါကို နောင်တ ရပြီး ၊ ဒီ တစ်သက် ဆွယ်တာအင်္ကျီ မဝတ် တော့ပါဘူးလို့ သစ္စာ ဆို လိုက်တယ် .. ” ဟု ပြော လိုက် လျှင် ကျွန်ုပ် သည် ရင်ဘတ် ကို လက်ဝါး ဖြင့် ဒုတိယအကြိမ် ဖိ၍ ...
“ အမယ်လေး ... ” ဟု အော် လိုက် မိလေ၏ ။
ထို့နောက် အိတ် အတွင်း မှ ဝယ်ယူ လာသော ဆွယ်တာအင်္ကျီလေး ကို ထုတ် ၍ ပေး လိုက်ရာ ကျွန်ုပ် ၏ မိန်းမ သည် ရှိုက်ကြီးတငင် ငိုကြွေး ပြီး လျှင် ထို အင်္ကျီ ကို ကတ်ကြေး ဖြင့် အစိတ်စိတ် အမြွှာမြွှာ ညှပ် ၍ ပစ် လိုက် လေတော့၏ ။
ထို့နောက် ကျွန်ုပ်တို့ လင်မယား သည် တစ်ဦး မျက်နှာ ကို တစ်ဦး ကြည့် ပြီး ကြလျှင် ဟက်ဟက် ပက်ပက် ရယ်လိုက်ကြလေတော့၏ ။ ကျေနပ်အောင် ရယ် လိုက်ပြီး နောက် တစ်ဦး ကို တစ်ဦး ပြေး ၍ ဖက်ထား ကြလေ၏ ။ ထိုသို့ ဖက်ထားရင်း ...
“ နောက် ကို ဘယ်တော့မှ ဘယ်ဟာ စားချင်တယ်လို့ မပြောတော့ဘူး ... ” ပြောလိုက်ရာ ကျွန်ုပ် ၏ မိန်းမ က
“ ခင် လည်း နောက်ကို ဘယ်တော့မှ ဘယ်ဟာ လိုချင်ပါ တယ် လို့ မပူဆာတော့ဘူး ၊ ကျိုက်ထီးရိုး လည်း မလိုက်ဖြစ်တော့ဘူး ၊ ခေါင်းရင်းအိမ် က လှလှ တို့ ကား စောစောက ပဲ ထွက် သွားတယ် ... ” ဟု ဆို့နင့်နင့် လေသံကြီး ဖြင့် ပြော လိုက်လေ တော့ သတည်း ။
သဗ္ဗေသတ္တာ ကမ္မသကာ
◾ မင်းသိင်္ခ
📖 ဖတ်စရာ ဂျာနယ်
အမှတ် ( ၁၇ )
၁၁ - ၅ - ၂၀၁၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment