Monday, June 3, 2024

တစ်ခါတုန်းက လေးသည်တော်


 

❝ တစ်ခါတုန်းက လေးသည်တော် ❞

တစ်ခါတုန်းကပေါ့ ။ အလွန် နက်ရှိုင်းတဲ့ တောအုပ်ကြီး တစ်ခု ရှိတယ် ။ အဲဒီ တောအုပ်ကြီး ရဲ့ အနီးအပါး မှာ အတန်အသင့် စည်ကားတဲ့ မြို့ တစ်မြို့ ရှိတယ် ။ မြို့ကလေး က လျှို့ဝှက် သိပ်သည်းတယ် ။ အနေအထိုင် ကျစ်လျစ် တယ် ။ အဲဒီ မြို့ကလေး ကို မှ တစ်နေ့ မှာ ထူးခြားတဲ့ လူ တစ်ယောက် ရောက် လာတယ် ။

အဲဒီ လူ ဟာ နက်မှောင် ရှည်လျား တဲ့ မျက်ခုံးတွေ ရှိပြီး လေး နဲ့ မြား ကို လွယ် ထားတယ် ။ မြို့ကလေး ရဲ့ အစွန် ဘက် မှာ အိမ် တစ်လုံး ဆောက်ပြီး သူ့ ဖာသာ သီးသန့် နေ တယ် ။ မြို့သူမြို့သားတွေ နဲ့ အဆက်အဆံ မလုပ်ဘူး ။

ပြည့်စုံလုံလောက် တဲ့ ငွေကြေးဥစ္စာ ရှိ ပုံလည်း ရပါရဲ့ ။ ဘာ အလုပ် မှ လည်း မလုပ်ဘူး ။ တစ်နေ့ တစ်နေ့ သူ ဟာ သူ့ ခြံ ထဲ မှာ မြားပစ် လေ့ကျင့်တာ နဲ့ပဲ အချိန် ကုန် နေတယ် ။

မြို့သူမြို့သားတွေ က သူ့ ကို စိတ်ဝင်စား ကြတယ် ။ အထင် လည်း ကြီးတယ် ။ ဒါပေမဲ့ သူ့ အကြောင်း ကို ဘယ်သူ က မှ လည်း မသိကြဘူး ။ သိ ရအောင် ချဉ်းက ပ်ကြိုးစား သူ တွေ ကလည်း မအောင်မြင်ဘူး ။ ဒါပေမဲ့ အဲဒီ လေးသည်တော်ကြီး ဆီ ကို မသွားမဖြစ် သွား ရမယ့် ကိစ္စ တစ်ခု က ကြုံ လာတယ် ။ တောအုပ် လိုဏ်ဂူ ထဲ က နဂါးကြီး နဲ့ ပတ် သက်ပါတယ် ။

မြို့ပြင် ထွက်ပြီး ထင်းခွေ ၊ ယာ လုပ် တဲ့ သူတွေ ဟာ အဲဒီ နဂါး ရဲ့ ဒုက္ခ ပေး မှု ကို အကြီးအကျယ် ခံ နေရတယ် ။ သေ သူ သေ ပျောက် သူ ပျောက် ၊ ဒုက္ခိတ ဘဝ ရောက် သူ က ရောက် နဲ့ ပေါ့ ။ အဲဒီ နဂါးကြီး ကို ချေမှုန်းနိုင်ဖို့ အတွက် သူရဲကောင်း ကို မျှော်မြင် ကြည့်ရာ မှာ တစ်မြို့လုံး က အဲဒီ လေးသည်တော်ကြီး ကိုပဲ အာရုံ ရ ကြပါတယ် ။

“ လေးသည်တော်ကြီး ကျွန်တော်တို့ ကို ကူညီပါ ”

“ ........”

“ တောထဲ က နဂါးကြီး ကို ချေမှုန်းပေးပါ ”

သူတို့ တွေ ဘယ်လို ပြောပြော လေးသည်တော်ကြီး က ဘာမှ ပြန် မပြောဘူး ။ မျက်နှာသေကြီး နဲ့ ပဲ ငြိမ်သက် နေတယ် ။ မြို့သူမြို့သားတွေ စိတ်ပျက် ပြီး ပြန် သွားကြရ တယ် ။ နဂါးကြီး ရဲ့ အန္တရာယ် က လည်း ဆိုး သည် ထက် ဆိုး လာတယ် ။ လေးသည်တော်ကြီး ဆီ ကိုပဲ သူတို့ ဒုတိယ အခေါက် လာပြီး တောင်းဆို ကြရ ပြန်တယ် ။

“ လေးသည်တော်ကြီး ကျွန်တော်တို့ ကို ကူညီပါ ”

“ တော ထဲ က နဂါးကြီး ကို ချေမှုန်းပေးပါ ”

ဒီတစ်ခါ လည်း ပထမ တစ်ခါ တုန်း က လို ပါပဲ ။ လေးသည်တော်ကြီး က “ အင်း ” မလှုပ် ၊ “ အဲ ” မလှုပ် လုပ်နေ တယ် ။ သူတို့ ကို ပဲ ခပ်စူးစူး ပြန် ကြည့် နေတာ ကြောင့် စိတ် လျော့ပြီး ပြန် ခဲ့ကြရတယ် ။

နဂါးကြီး က ဆိုး သည် ထက် ဆိုး လာတယ် ။ တစ်မြို့ လုံး လည်း နေလို့ ထိုင်လို့ မရတော့ဘူး ။ ရှု သွင်း လိုက်တဲ့ လေ က တောင် နှာခေါင်း ထဲ မှာ ယောက်ယက် ခတ်တယ် ။

ဘယ်လိုမှ ကြံရာ မရတဲ့ အဆုံး မှာ လေးသည်တော်ကြီး ဆီ ကိုပဲ တတိယ အကြိမ် ပြန် သွားရ ပြန်တယ် ။ ဒီ တစ်ကြိမ် မှာ တော့ ထူးခြားပါတယ် ။ လေးသည်တော်ကြီး က ....

“ ဘာမှ မပြောနဲ့တော့ ”

သူတို့ ကို လက် ကာ ပြပြီး လေး နဲ့ မြား ဆွဲ ပြီးတော့ တော ထဲ ဝင် သွားတယ် ။ မြို့သူမြို့သားတွေ အားလုံး ဝမ်းသာအားရ ဖြစ် ကုန် ကြတယ် ။ သူတို့ အတွက် အခက် မကြုံရ တော့ဘူးပေါ့ ။

အမှန်ဆို အခက် ကြုံ ရတာ က လေးသည်တော်ကြီး ပါ ။ သူ့ မှာ ဟိတ်ဟန် သာ ရှိတယ် ၊ ဘာ အရည်အချင်း မှ မရှိဘူး ။ သူ လေး နဲ့ ချိန်ရွယ် ပစ်ခတ်တိုင်း မှာ မြား ဟာ ပစ်မှတ် ကို တစ်ခါမှ မမှန်ဘူး ။ အရင် နေတဲ့ မြို့ မှာ ပေါတာကြီး ဖြစ် လာ လို့ ဒီ မြို့ မှာ လာ ဇာတ်မြှုပ် နေတာ ။ ခုတော့ ဒုက္ခ ပေါ့ ။

လေးသည်တော်ကြီး ဟာ နဂါးကြီး ရှိတဲ့ တော တွင်း လိုဏ်ဂူ ဆီ ကို မရောက် ရောက် အောင် ခရီး ထွင်သွား ပါတယ် ။ တွေ့မယ့် တွေ့တော့ နဂါးကြီး နဲ့ မျက်နှာချင်းဆိုင် တွေ့တယ် ။

“ ဝှစ် .. ဝှစ် ... ဝှစ် .. ဝှစ် ”

သူ့ မှာ ပါလာတဲ့ မြားတွေ နဲ့ အလျင်အမြန် ပစ် ခတ် လိုက်တယ် ။ ထုံးစံ အတိုင်း တစ်ချက် မှ မထိဘူး ။ နဂါး ကြီး တောင် ကြောင်အမ်းအမ်း ဖြစ် သွားတယ် ၊ ပြီးမှ ဒေါသ ထွက်ပြီး လေးသည်တော်ကြီး ဆီ “ ရှူး” ခနဲ ခုန်ပျံ ရောက် ရှိလာတယ် ။ လေးသည်တော်ကြီး မျက်လုံးတွေ ပြာဝေပြီး ကိုယ့် ကိုယ် ကို သေပြီ လို့ အောက်မေ့ မိတယ် ။ ဒါပေမဲ့ အဲဒီ အချိန် မှာ ပဲ “ ဝုန်း ” ဆို မီးခိုးလုံးကြီး ပေါ်လာပြီး နဂါးကြီး နဲ့ သူ နဲ့ တစ်နေရာစီ ဝေး သွားတယ် ။ ဆန်းကြယ်တဲ့ ပုဂ္ဂိုလ် တစ်ဦး က သူ့ ကို ကယ် လိုက်တာပါ ။

“ ကျေးဇူး တင်လိုက်တာဗျာ ၊ ကျုပ် ကို ကယ်တဲ့ အတွက် ”

လေးသည်တော်ကြီး က အဲဒီလို ပြောတော့ ဆန်း ကြယ် တဲ့ ပုဂ္ဂိုလ်ကြီး က ခပ်ပြုံးပြုံး ပြန် ပြောတယ် ။

“ ကျုပ် က သာ ခင်ဗျား ကို ကျေးဇူး တင်ရမှာပါ ။ ကျုပ် က ပစ်မှတ် ကို စောင့် နေတဲ့ နတ် ပါ ”

နှစ်ယောက်သား ဝမ်းသာအယ်လဲ နဲ့ နှုတ်ဆက် နေကြတုန်း “ ခွပ် .. ခွပ် ” ဆိုတဲ့ အသံ နဲ့ အတူ အထိုး ခံရပြီး နှစ်ယောက် လုံး လဲ ကျ သွားတယ် ။ ဆန်းကြယ်တဲ့ ပုဂ္ဂိုလ် နောက် တစ်ဦး ရောက် လာတာ ကိုး ။

“ အမြင်ကတ် လို့ ဝင် ထိုး တယ်ကွာ ဘာဖြစ်လဲ ငါ က မြား ကို စောင့် တဲ့ နတ်ကွ ”

“ ငါ အထိုး ခံရတာကို မကျေနပ်ဘူး ကွ ”

ပစ်မှတ် ကို စောင့် နေတဲ့ နတ် က အဲလို ပြန် ကြုံး ဝါးပြီး သတ်ရင်းပုတ်ရင်း .. သူတို့တွေ ပြန် ပျောက်ကွယ် သွား ကြတယ် ။

ထပ်ပြီး အခက် ကြုံ ရတာက လေးသည်တော်ကြီး ပါ ။ ဘယ် ရောက် နေမှန်း မသိ ။ ဘယ် ပြန်ရမှန်း မသိ ။ ဘာတွေ ဖြစ် သွားမှန်း လည်း မသိ ။ တစ်ယောက် တည်း ယောင်တိ ယောင်ချာ ။ ယောင်တိ ယောင်ချာ ။

ပုံပြင်ကလေး ကတော့ ဒါပါပဲ ။ နဂါးကြီး လည်း နေ လို့ မှ ကောင်းရဲ့လား မသိဘူး ။

◾တာရာမင်းဝေ

📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment