ကိုဘဂျမ်း လေ့လာကြည့် မိတယ် ။ မအေးနု ရေချိုး ပြီး အိမ် ပေါ် ပြန် တက် လာပြီ ဆိုပါတော့ ။ မှန် ရှေ့ မှာ ထိုင် တယ် ။ ပထမဆုံး သနပ်ခါး သွေးတယ် ။ သနပ်ခါး သွေးပြီ ဆိုယင်လဲ ကျောက်ပျဉ် တို့ ၊ သနပ်ခါးတုံး တို့ ကို ဘယ်တော့ မှ ရေ မဆေးဘူး ။ သနပ်ခါး သွေး တဲ့ ရေ ကို လဲ မရှိတော့ မှ သာ ထ ခပ်တယ် ။ ရှိ သာ ရှိ နေလို့ က တော့ ဘယ်တော့ မှ ရေသစ် မလဲ ဘူး ။ ရှိတဲ့ ရေ နဲ့ ပဲ သွေးတာပဲ ။ စဉ်းစား ကြည့်လေ ။ တနေ့ တနေ့ အိမ် ပေါ် မှာ တက် နေတဲ့ ဖုန် ထု က နည်း သလား ။ မနက် က ခါ ထားခဲ့ တဲ့ အိပ်ရာခင်း ပေါ် မှာ တောင် ညဘက် ကျယင် သဲ နဲ့ ရှပ်ရှပ် ဖြစ် နေတတ်တာပဲ ။ သည် ကျောက်ပျဉ် ပေါ် မှာ ဖုန် မတင်ပဲ နေ မလား ။ သနပ်ခါး သွေး တဲ့ ရေခွက် ထဲ ကို ရော ဖုန် မဝင်ပဲ နေမလား ။
အဲ ... သနပ်ခါး က တော့ သွေး ပါတယ် ။ မျက်နှာ ကို သာ လိမ်းတာ မဟုတ်ဘူး ။ ထဘီ ရင်ရှား ထားတော့ ၊ ရင်ရှား နဲ့ လွှတ်တဲ့ နေရာ မှန်သမျှ အကုန်လုံး လိမ်း တာပဲ ။ လည်ပင်း တွေ ၊ ပခုံး တွေ ၊ ရင်ဘတ် တွေ ၊ လက် တွေ နဲ့ ခြေထောက် တွေ ကို လဲ လိမ်း တာပဲ ။ သနပ်ခါး လိမ်း တဲ့ နေရာ မှာ တော့ စိတ် ရှည်တယ် ။ မအေးနု မှာ သည် တချက် က တော့ ထူးခြားတယ် ။ သနပ်ခါး ကို သူ ကိုယ်တိုင် သွေးရ မှ ကျေနပ်တတ်တယ် ။ သွေး ပြီးသား သနပ်ခါးတွေ ကို ဘယ်လောက်ပဲ ကောင်းတယ် ပြောပြော ၊ ဘယ်တော့မှ ဝယ် မလိမ်းဘူး ။ ကိုဘဂျမ်း လေ့လာ မိ သမျှ အထဲ မှာ တော့ မအေးနု မပျင်းတာ သည် တခု ပဲ ရှိတယ် လို့ ထင်တယ် ။
ဒါပေမယ့် ကျင့်သား ရ နေလို့လား တော့ မပြောတတ် ဘူး ။ ဒါမှမဟုတ် ကျွမ်းကျင် နေလို့ပဲလား မပြောတတ်ဘူး ။ သနပ်ခါး လိမ်း တဲ့ နေရာ ၊ အလှ ပြင် တဲ့ နေရာ မှာ တော့ အချိန် သိပ် မကြာတတ်ဘူး ။ ကြာ လှ ယင် ဆယ်မိနစ် ပဲ ။ ပြီးတော့လဲ လိမ်း ပြီးယင် ကြည့်လိုက် ။ ညီလို့ ။ ချောလို့ ။ တချို့ အမျိုးသမီး တွေ လို သနပ်ခါး ရေကျဲကလေး လိမ်း တာလဲ မဟုတ်ဘူး ။ ပိန်းရိုက် လာတာလဲ မဟုတ်ဘူး ။ မထူမပါး အနေတော် ပဲ ။
အဲဗျ .. မျက်ခုံးမွေး ဆွဲ တာ က တော့ အံ့ဩစရာ ကောင်းတယ် ။ မအေးနု ရဲ့ မျက်ခုံးမွေး က ထူတယ် ။ မျက်ခုံးမွေး နုတ် တာ တို့ ၊ ခဲတံ သုံးတာ တို့ ကို တော့ လုပ်လေ့ လုပ်ထ မရှိပါဘူး ။ ဒါပေမယ့် မျက်ခုံးမွှေး ဆွဲဖို့ အတွက် သပ်သပ် ဝယ် ထားတဲ့ သွားပွတ်တံ အသေးကလေး တချောင်း ရှိတယ် ။ အဲသည် သွားပွတ်တံ ကလေး ကို လဲ မျက်ခုံးမွေး ဆွဲပြီးတာ နဲ့ တပြိုင်နက် မှန်တင်ခုံ ပေါ် ပစ် တင် လိုက်တာပဲ ။ ခွက် ထဲ အံဆွဲ ထဲ ကို သေသေချာချာ ထည့်ပြီး သိမ်းထားလေ့ မရှိပါဘူး ။ မအေးနု ရဲ့အကျင့် မျက်နှာ မှာ သနပ်ခါး ခြောက် အောင် စောင့်တယ် ။ စောင့် ယင်း နဲ့ အင်္ကျီ ဝတ်တယ် ။ ထဘီ လဲ တယ် ။
အဲ ... သနပ်ခါး ခြောက် ပြီ ဆိုတော့ မှ သွားပွတ်တံကလေး ကို ကောက် ယူ လိုက်ပြီး သူ့ လျှာဖျား နဲ့ တံတွေး ဆွတ် လိုက်တာပဲ ။ သွားပွတ်တံ မှာ ကပ် နေတဲ့ သနပ်ခါးမှုန့် တွေ ၊ ဖုန် တွေ ကို တောင် ခါ ပစ်လေ့ ပစ်ထ မရှိဘူး ။ တံတွေး ဆွတ်ပြီး ပင်ကို မျက်ခုံးမွှေး ကို လျှောက် ခြစ် လိုက်တာပဲ ။ သဘော က တော့ မျက်ခုံးမွေး ထဲ မှာ ဝင် နေတဲ့ သနပ်ခါးတွေ ကို သွားပွတ် တံ နဲ့ ခြစ် ထုတ် ပစ် လိုက်တာပဲ ။ အဲဒါ ပြီးရော ။
နောက်ဆုံး ... နောက်ဆုံး ဆိုတာ က အိမ်ပြင် ထွက်ခါ နီး ကျ မှ နှုတ်ခမ်း ဆိုးတယ် ။ နှုတ်ခမ်းဆိုးဆေးတောင့် က တော့ သူ့ လက်ကိုင်အိတ် ထဲ မှာ အမြဲတမ်း ပါလေ့ ရှိတယ် ။ အပြင် ထွက်ခါ နီး ၊ လက်ကိုင်အိတ် ကို ယူ လိုက်ပြီ ဆိုတော့ မှ ပဲ နှုတ်ခမ်းဆိုး ဆေးတောင့် ကို ထုတ်တယ် ။ နှုတ်ခမ်း ဆိုးတယ် ။
ကိုဘဂျမ်း ကြည့် ကြည့် မိတယ် ။ မအေးနုမှာ သည် နှုတ်ခမ်းဆိုး ဆေးတောင့် တတောင့် တည်း ပဲ ရှိတယ် ။ တချို့ အမျိုးသမီးတွေ မှာ လို နှုတ်ခမ်းဆိုးဆေး အရောင် အမျိုးမျိုး ဆိုးလေ့ ဆိုးထ လဲ မရှိဘူး ။ ထားလေ့ ထားထ လဲ မရှိဘူး ။ ပြီးတော့ သူ့ ကို ဘယ်သူ က မြှောက်ပေး ထားသလဲ မပြောတတ် ဘူး ။ မအေးနု ရဲ့ နှုတ်ခမ်းဆိုးဆေး အရောင် က လိမ္မော်ရောင် ။ သူ့ အသား ဖြူဖြူ နဲ့ ၊ သနပ်ခါး ဝါဝါ နဲ့ ၊ သည် လိမ္မော်ရောင် က မှ လိုက်တယ် တဲ့ ။ သည် လိမ္မော်ရောင် ပဲ ဆိုး နေတော့တာပဲ ။
တခါတလေ ကိုယ့် မိန်းမ ကိုယ် လှစေချင်တဲ့ စေတနာ နဲ့ ကိုဘဂျမ်း အကြံ ပေး ဖူးတယ် ။ တခါတလေ ပန်းရောင် ကလေး ဆိုးပါလား ။ တခါတလေ အနီရဲရဲကလေး ဆိုပါ လား ။ တခါတလေ ဝတ် ထားတဲ့ ထဘီ နဲ့ လိုက်တဲ့ အရောင် တရောင်ရောင် ကို ရွေးပြီး ဆိုးပါလား ။ ကိုဘဂျမ်း လဲ ကြားဖူး နားဝ နဲ့ လျှောက်ပြီး ပြောတာပဲ ။ ဒါပေမယ့် မအေးနု က သူ မူ နဲ့ သူ မပြင်ဘူး ။
မိန်းမလှ ပန်းပန် တပွင့်တန် တဲ့ ။ တော်ပြီ ။ “ ခင်ဗျား က နှုတ်ခမ်းဆိုးဆေး ကို ချစ် မှာလား ၊ ကျွန်တော့် ကို ချစ် မှာ လား ” တဲ့ ။ ကိုဘဂျမ်း လဲ ဆက် မပြောတော့ပါဘူး ။ လက် လျှော့ လိုက်ပါတယ် ။
အဲ ... သေချာတာ က တော့ ခါး က ချွတ်ချ လိုက်တဲ့ ရေ လဲ ထဘီ ကို ခြေဖျား နဲ့ ခတ် ပြီး အဝတ်ဟောင်း ခြင်း ပေါ် တင် လိုက်မယ် ။ ဒါမှမဟုတ် သေတ္တာ ပေါ် တင်လိုက်မယ် ။ ရောက် ချင် ရာ ရောက် ။ ကြုံရာ ဘက် ကို ခတ်ပြီး တင် လိုက်မယ် ။ တခါတလေ ဖိနပ် မစီး ခင် မှာ အဲသည် ရေလဲ ထဘီ နဲ့ သူ ခြေဖဝါးတွေ ကို သူ သုတ် သေးတယ် ။ တခါတလေ ကြမ်းပြင် ပေါ် မှာ ကျ နေ တဲ့ သနပ်ခါးစက် တွေ ၊ ရေစက် တွေ ကို အဲသည် ထဘီ ပေါ် ခြေထောက် နဲ့ နင်း ပြီး သုတ် ချင် သုတ် သေးတယ် ။ ပြီးတော့မှ ခြေမ နဲ့ ညှပ်ပြီး ထဘီ ကို တနေရာရာ ကောက် တင်တယ် ။ တနေ့ တော့ သည် အပြုအမူ ကို မကြိုက်တဲ့ သဘောမျိုး နဲ့ ကိုဘဂျမ်း က မျက်မှောင် ကုပ် ပြီး မဲ့ ကြည့်တယ် ။ ဘာ ပြန် ပြောတယ် မှတ်သလဲ ။ “ အို ... ပြန် ဝတ်မှာ မှ မဟုတ်ပဲ နဲ့ ၊ ရေချိုး တော့ ဝတ်ပြီး ချိုး မှာပဲ ၊ ဘာဖြစ်သေးသလဲ ” ... တဲ့ ။ ကိုဘဂျမ်း ပြုံးမိတယ် ။
ဟုတ်တယ် ။ သည်လို ရေလဲ ထဘီ မျိုး ကို ရေ ချိုးတဲ့ အခါ နဲ့ ရေချိုး ပြီး လဲဝ တ်တဲ့ အခါမှာ ပဲ မအေးနု ဝတ်တယ် ။ ကျန်တဲ့ အချိန် တွေ မှာ တော့ သည်လို ထဘီမျိုး ကို ဘယ်တော့မှ မဝတ်ဘူး ။ မအေးနု မှာ အိမ် နေယင်း ဝတ်တဲ့ ထဘီ ရယ် ၊ ဈေး ထွက်တဲ့ အခါ ဝတ် တဲ့ ထဘီရယ် လို့ လဲ ဘယ်တော့ မှ ခွဲခြား ထား လေ့ မရှိဘူး ။ ဈေး က နေ အိမ် ပြန် ရောက် လာယင် လဲ အဲသည် ထဘီ ကို ပဲ ဆက် ဝတ် ထားတာပဲ ။ ည အိပ်ရာ ဝင် တော့ လဲ အဲသည် ထဘီ နဲ့ ပဲ ဝင် အိပ် လိုက်တာပဲ ။ သည် တနေ့ အဖို့ ရာ မှာ တော့ အဲသည် ထဘီ ကို လဲ မနေတော့ဘူး ။ နောက်တနေ့ မနက် ကျတော့ မှ ပဲ ချွတ်မယ် ။ အဝတ်ဟောင်း တောင်း ထဲ ထည့်မယ် ။ အဝတ် တထည် ထုတ် ဝတ်မယ် ။ တနေ့ ထဘီ တထည် ပဲ ။ ဥပုသ်နေ့ ဈေး ပိတ်တဲ့ ရက် ကျ တော့ မှ ပဲ တပတ်စာ စုပေါင်း ပြီး လျှော်မယ် ။ ကြားရက်တွေ မှာ တော့ မလျှော်ဘူး ။
စဉ်းစားကြည့် လေ ။ တပတ် မှ တခါ လျှော်တော့ လျှော် စရာ အဝတ်တွေ က ပုံ နေတာပေါ့ ။ လျှော်ပြီ ဆိုတော့လဲ စိတ် ပါ တဲ့ အခါ ၊ အားတဲ့ အခါတော့ မဆိုးပါဘူး ။ ဒါပေမယ့် ဥပုသ်နေ့ ကျတော့ လဲ ဥပုသ်နေ့ အလျောက် တာဝန်တွေ က များ တာပဲ ။ ၀ါတွင်း ဆို ယင် ပို ဆိုးတယ် ။ အမေ က ဥပုသ် စောင့် တယ် ။ ဥပုသ်ဇရပ် သွားတယ် ။ ညနေ မိုးချုပ် မှ ပြန် လာတတ်တယ် ။
သည်တော့ အမေ့ အလုပ် တွေ အကုန်လုံး ကို မအေးနု လွှဲပြောင်း တာဝန် ယူရတယ် ။ ဈေး နား တဲ့ ရက် ဆိုပေမယ့် လူ က တော့ မနားရပါဘူး ။ အောက်ထပ် သန့်ရှင်းရေး အတွက် အငယ်တွေ ကို ခိုင်းလို့ ရပေမယ့် ၊ အပေါ်ထပ် သန့်ရှင်းရေး အတွက် ကို တော့ မအေးနု ကိုယ်တိုင် ပဲ လုပ်ရတယ် ။ တအိမ်လုံးစာ အတွက် ချက်ရ ပြုတ်ရ တယ် ။ အငယ်တွေ ရဲ့ ကျောင်း အဝတ် တွေ ကို လဲ လျှော်ရ ဖွပ်ရ တယ် ။ ဆိုပါတော့ ။ မအေးနု အလုပ် နဲ့ လက် ပြတ်ရတယ် မရှိဘူး ။
သည်တော့ အဝတ်လျှော် တဲ့ နေရာ မှာ လဲ ကိုဘဂျမ်း ရဲ့ အမြင် မှာ တော့ ကရော်ကမည် ပဲ ။ ရေ ဆွတ် ပြီး ဆပ်ပြာ တိုက် လိုက်တယ် ။ သုံးလေးထည် ပေါင်းပြီး တချက် နှစ်ချက် ဆောင့် လိုက်တယ် ။ ပြီးယင် တန်း ရေလျှော် လိုက်တာပဲ ။ ဘယ်တော့ စင် မလဲ ။ မစင် မှန်း သိသာ တာ က အဖြူ တွေ ဆိုယင် လျှော် ယင်း လျှော် ယင်း နဲ့ ကြာ လာ တော့ ၀ါညစ် သွားတာပဲ ။ ကလေးတွေ ရဲ့ ကျောင်းဝတ် အင်္ကျီတွေ ဆိုယင် ဘယ်တော့ မှ ဖွေးဖွေးဖြူဖြူ မရှိဘူး ။
အဲ .. မီးပူ တိုက် ပြန်တော့လဲ သည်လိုပဲ ပေါ့ ။ မအေးနု ကိုယ်တိုင်ပဲ တိုက်တိုက် ၊ သူ့ အမေ ပဲ တိုက်တိုက် ၊ ဒါမှမဟုတ် အငယ်မ လှနု ပဲ တိုက်တိုက် ၊ အများ နဲ့ လုပ်ရတာ ဆိုတော့ ဘယ် စိတ်ရှည် လက်ရှည် လုပ်နိုင်ပါ့မလဲ ။ ဘယ် ပြန့် နေ အောင် တိုက် နေနိုင်ပါ့ မလဲ ။ ထဘီ တွေ ဆိုတာလဲ အောက် မှာ ထပ် ခင်း ပြီး အပေါ် က အင်္ကျီတွေ တိုက်ယင်း နဲ့ ပြန့် ကြရတာပဲ ။ ဘယ်မှာ တထည် ချင်း ဟိုဘက် သည်ဘက် လှန် ပြီး ပြန့် နေအောင် တိုက် နိုင်ပါ့မလဲ ။ ကိုဘဂျမ်း ရဲ့ ပုဆိုး တွေ ဆိုတာလဲ သည်လိုပါပဲ ။ မီးပူ တိုက်တယ် ဆိုရုံ ပေါ့ ။
ပြဿနာ က ကိုဘဂျမ်း မှာ ပုဆိုး အင်္ကျီ သိပ် ရှိလှတာ မဟုတ်ဘူး ။ အလွန်ဆုံး ရှိလှယင် ဆယ်စုံ ပေါ့ ။ ပြီးတော့လဲ သိတဲ့ အတိုင်း ကိုဘဂျမ်း ရဲ့ အကျင့် က အဝတ်အစား ကို သန့်သန့် ပြန့်ပြန့် ဝတ်တတ်တယ် ။
အဲသည်တော့ အမှန်အတိုင်း ပြောရယင် မအေးနု ရဲ့ ပြီးစလွယ် လက်ရာ ကို သိပ် မကြိုက်လှဘူး ။ သူ့ အဝတ် ကို သူ ကိုယ်တိုင် တိုက် ချင်တယ် ။ ဒါပေမယ့် ခက်တာ က ကြီးကျယ်ရာ ကျမယ် ။ မိန်းမ ကိုယ်တိုင် က တောင် သည် အခြေအနေမျိုး နဲ့ ဝတ်နိုင်ပါ လျက်ကယ် နဲ့ ၊ ကိုဘဂျမ်း က သိပ် မသန့်ပြန့် လို့ မဝတ်ချင်ဘူး ဆိုယင် အလကား နေယင်း လင်မယား စကား များ ရမယ် ။
လူပျိုဘဝ တုန်း က လဲ ကိုဘဂျမ်း ကိုယ့် အဝတ် ကိုယ် မီးပူ တိုက် ခဲ့တာပါပဲ ။ လျှော်တာ ဖွပ်တာ က တော့ အိမ်ဖော် အမျိုးသမီးကြီး တယောက် က တခြား အဝတ်တွေ နဲ့ ရောပြီး လျော်ပေးတယ် ။
တထည် နှစ်ထည် ဆိုတော့ လဲ လျှော်ရတဲ့ လူ အဖို့က မထောင်းသာဘူးလေ ။ ပြီးတော့လဲ သဌေး ဦးကျော်စွာ ကိုယ်တိုင် က ပ,စား ပေးထားတယ် မဟုတ်လား ။ ဒါပေမယ့် မီးပူ တိုက် တဲ့ အခါမှာ တော့ ကိုဘဂျမ်း က သူ့ အဝတ်တွေ ကို သူ ကိုယ်တိုင် ယူ တိုက်တယ် ။ မီးပူ တိုက်ရတာ ကလဲ လျှပ်စစ်မီးပူ နဲ့ ဆိုတော့ မပင်ပန်းဘူးလေ ။ အဝတ်တွေ ကို မတိုက်ခင် မှာ ရေဆွတ် ။ ပြီးတော့ နူးနေအောင် လုံးထား ။ အားလုံး ရဲ့ အဝတ်တွေ ပြီးပြီ ဆိုတော့မှ အသေအချာ တိုက်တယ် ။ အသေအချာ ခေါက်တယ် ။
သည် အိမ် မှာ ကတော့ လျှပ်စစ်မီးပူ မရှိဘူး ။ မီးသွေးမီးပူ နဲ့ ပဲ တိုက် ရတယ် ။ မီးသွေးမီးပူ ဆိုတာက သိတဲ့ အတိုင်း အပူရှိန် က တက်တဲ့ အခါ တက်လိုက် ။ ကျတဲ့ အခါ ကျလိုက် ။ အပူရှိန် ကျသွား ပြီ ဆိုယင် ချည်ထည် အထူတွေ က မပြန့် နိုင်တော့ဘူး ။ သည်တော့ မီးသွေးထပ် ထည့်ဦး ဟဲ့ ။ ယပ်ခတ်ဦး ဟဲ့ နဲ့ အလုပ် ရှုပ်တယ် ။ သည် အထဲ ပြာတွေက လဲ လွှင့် သေးတယ် ။ အင်္ကျီ အဖြူ ပေါ် မှာ များ ပြာ ကျ သွားယင် ယောင်လို့ မှ လက် နဲ့ ခါ မပစ်လိုက်လေနဲ့ ။ တခါတည်း မည်း သွားရော ။ ပြာမှုန့် ကို ယပ် နဲ့ ခတ် ပစ်ဖို့ ကျတော့လဲ နောက်ထပ် ပြာတွေ က ထပ်ပြီး လွင့် ဦးမယ် ။ ပြီးတော့လဲ အဝတ် တွေ က များတော့ ရေ ဆွတ် မနေ နိုင်ဘူး ။ နူး သွားအောင်လဲ တထည်ချင်း လုံး မထားနိုင်ဘူး ။ ဘယ် ပြန့် တော့မှာလဲ ။
ကိုဘဂျမ်း စိတ် တော့ သိပ် မချမ်းသာလှဘူး ။ ဒါပေ မယ့် ကိုယ့် အဝတ်ကလေး ကျ မှ ကိုယ် သီးသန့် ရွေးထုတ် ပြီး မီးပူ တိုက်လို့ ဘယ် ကောင်းနိုင်ပါ့မလဲ ။ ကိုဘဂျမ်း လက်ပိုက် ကြည့် နေခဲ့ရတယ် ။ သိတဲ့ အတိုင်း သည် အလုပ်မျိုး ဆိုတာ က မိန်းမ ရဲ့ အလုပ် ။ ကိုဘဂျမ်း ကိုယ့် မိန်းမ ကိုယ် သနားငဲ့ညှာ တဲ့ အနေနဲ့ ကူ လုပ် ပေးနိုင်ပါတယ် ။ ဘာ ပင်ပန်းတာ မှတ်လို့ပဲ ။ ဒါပေမယ့် မလိုအပ်ဘူးလေ ။ တော်နေကြာယင် အိပ်ရာ သိမ်း တဲ့ အလုပ် လို အမြဲတမ်း ကိုယ့် အလုပ် ဖြစ်သွား နိုင်တယ် ။
ပြီးတော့လဲ မအေးနု ဆိုင် မှာ ထိုင် ရောင်းရတယ် ဆိုတာ က ဘာ ပင်ပန်းတာ မှတ်လို့ ။ ထိုင်ရတာ တခုပဲ ရှိတာပဲ ။ လက် မလည် အောင် ရောင်း နေရတဲ့ အစားအသောက် ဆိုင်မျိုး မှ မဟုတ်ပဲ ။ သည်လို အားလပ်တဲ့ ဥပုသ် နေ့ တနေ့ ပဲ ပင်ပန်းရတာပဲ ။
ပင်ပန်းရတာ က လဲ ကိုယ် မဟုတ်လို့ သာ ကို ။ ည အိပ်ရာ မဝင်ခင် မှာ ပဲ ဖြစ်ဖြစ် ၊ မနက် အိပ်ရာ ထ ရေချိုး တဲ့ အခါမှာ ပဲ ဖြစ်ဖြစ် ၊ တနေ့ ဝတ် တဲ့ အဝတ် ကို တနေ့ လျှော် လိုက်ယင် ပြီး တာပဲ ။ အခုလို စု ထား ပြီးမှ ၊ တပတ်စာ အလုပ် ကို စု လုပ်တော့ ပင်ပန်းတာပေါ့ ။ ဒါပေမယ့် ကိုဘဂျမ်း မဝေဖန်ပါဘူး ။
ကိုဘဂျမ်း ရဲ့ ဘဝ ကလဲ ပြန် တွေးကြည့်ဦးလေ ။ သိတတ် တဲ့ အရွယ် ရောက်လာ ကတည်း က သူများ အိမ် မှာ ချည်း နေခဲ့ရ တဲ့ ဘဝ မဟုတ်လား ။ သည်တော့ လဲ ကိုယ့် စိတ် နဲ့ မတွေ့ပေမယ့် နေတတ် နေပြီလေ ။ ကိုယ် မကြိုက်ပေမယ့် လဲ မကြိုက်တဲ့ အကြောင်း ကို ဖွင့် မပြောပဲ နေတတ် နေပြီလေ ။ ရေငုံနှုတ်ပိတ် နေတတ်ပြီ ဆိုပါတော့ ။ မဝေဖန်တတ်တော့ဘူး ဆိုပါ တော့ ။ ရေလိုက် ငါးလိုက် နေတတ်ပြီ ဆိုပါတော့ ။
အဲ. .. တနေ့ နေ့ ကိုယ့် အိမ် ကိုယ် ယာ နဲ့ နေနိုင်ပြီ ဆိုယင် တော့ လဲ တမျိုးပေါ့ လေ ။ ကိုယ် ကြိုက်သလို စီစဉ်တော့ မှာ ပေါ့ ။ ကိုယ့် စိတ်တိုင်းကျ လုပ်ဆောင် တော့ မှာပေါ့ ။
သည် အိမ် မှာ ဆိုယင်လဲ ကြည့်လေ ။ အပေါ်ထပ် မှာ ဆို ယင် စာအုပ်ထုပ်တွေ ၊ စာအုပ်တွေ နဲ့ ပစ်စလက်ခတ် ။ သေသေ ချာချာ ကျကျ နန မောင်နှမ တစု လုပ်အားပေး ပြီး ရှင်း လိုက် မယ် ဆိုယင် တန်ဖိုး ရှိတဲ့ စာအုပ်တွေ လဲ သန့်ရှင်း သွားမယ် ။ ပိုး မကိုက် ၊ ခြ မတက် ပဲ ကြာရှည်ခံမယ် ။ နေရာတွေ လဲ အတော် အတန် လွတ် လာမယ် ။ မောင်နှမ တသိုက် သာ တက်ညီလက်ညီ နဲ့ သန့်ရှင်းရေး လုပ် လိုက်ယင် အလွန်ဆုံး နေ့ တဝက် ပေါ့ ။ ကိုယ့် ပစ္စည်း တွေကို လဲ ထိန်းသိမ်းစောင့်ရှောက် ရာ ရောက်သေးတယ် ။ ကိုယ့် အိမ် ကိုယ် ယာ လဲ သန့်ရှင်း သွားမယ် ။ ကြည့် လို့ လဲ ကောင်း သွားမယ် ။ နေစရာ နေရာ လွတ်လဲ ကျယ် လာမယ် ။
ဒါပေမယ့် ဘယ်သူ က မှ လဲ ခေါင်းဆောင် ပြီး မလုပ် ကြဘူး ။ လုပ်ရ ကောင်းမှန်းလဲ မသိကြဘူး ထင်ပါရဲ့ ။ ယောက်ျား တွေ ဖြစ်ကြတဲ့ ခင်မောင်ဦး တို့ ... ခင်မောင်လတ် တို့ က လဲ အား ယင် စက်ဘီး ကိုယ် စီနဲ့ ထွက်ကြမယ် ။ လက်ဖက်ရည်ဆို င်မှာ အဖော်အပေါင်း နဲ့ အချိန်ကုန် ခံပြီး ထိုင် စကား ပြောကြမယ် ။ စားချိန် သောက်ချိန် ရောက်တော့မှ အိမ် ပြန် လာကြမယ် ။ သူတို့ အလုပ် က ဒါပဲ ။ အိမ် ကို လဲ သိပ် စိတ်ဝင်စားကြပုံ မရဘူး ။ အလုပ် ကို လဲ မလွှဲသာ လို့ သာ လုပ် နေကြရပုံ ရတယ် ။ သိပ် စိတ်ဝင်စားဟန် မတူဘူး ။
မပြောပါဘူး ။ မအေးနု ကို တောင် ကိုဘဂျမ်း ဖွင့် မပြော ပါဘူး ။ မတော် ကြိုက်မှန်း သိ ၊ မကြိုက်မှန်း သိ ။ မအေးနု ကိုယ်တိုင် က မကြိုက် ယင် ပြဿနာ ဖြစ်မယ် ။ ဥစ္စာရင် က ဥစ္စာရင် လို မခဲပဲ ၊ မြင်း က မလှုပ် ခုံတိုင် လှုပ် လို့ ဘယ် ကောင်း ပါ့မလဲ ။
ကိုဘဂျမ်း သိတယ် ။ သည် မိသားစု မှာ ခေါင်းဆောင် ကောင်း တယောက် လို နေပြီ ဆိုတာ ကို တဖြည်းဖြည်း နဲ့ သိလာတယ် ။
ဒါပေမယ့် မအေးနု တို့ ရဲ့ စာအုပ်လုပ်ငန်း ကို ကိုဘဂျမ်း မကျွမ်းကျင်ဘူး ။ ခြောက်လ တန်သည် ၊ တနှစ် တန်သည် သေသေချာချာ လေ့လာလိုက် ယင် တော့ နားလည် လာနိုင် ကောင်းပါရဲ့ လို့ ကိုဘဂျမ်း ထင်တယ် ။ လေ့လဲ လေ့လာ နေပါတယ် ။ ဆည်း လဲ ဆည်းပူး နေပါတယ် ။
ခက်တာ က သူတို့ စာအုပ်လုပ်ငန်း မှာ က သာမန် နားလည်ရုံ နဲ့ တွင် မရဘူး ။ အထည်အလိပ် လုပ်ငန်း မှာ လို မဟုတ်ဘူး ။ ရှုပ်ထွေးတယ် ။ လုပ်မယ် ဆိုယင်လဲ အဆုံး အဖြတ် မှန်ဖို့ က သိပ် အရေးကြီးတယ် ။ အဆုံးအဖြတ် မှား သွား ယင် ထောင် နဲ့ သောင်း နဲ့ ချီပြီး ဆုံး နိုင်တယ် ။ သည်တော့ ကျွမ်းကျင်ဖို့ လိုတယ် ။
ကောင်းပါပြီ ။ ကျွမ်းကျင်ပြီ ဆိုဦးတော့ ၊ ကိုဘဂျမ်း ကို ဘယ်သူ က ခေါင်းဆောင် ခန့်မလဲ ။ လက်တွေ့ မရှိသေးပဲ နဲ့ ကိုဘဂျမ်း ရဲ့ ကျွမ်းကျင်မှု ကို ဘယ်သူက ယုံယုံကြည်ကြည် နဲ့ လက်ခံမလဲ ။
အမှန် ပြောရယင် နားလည် သင့် သလောက် နားလည် လာတဲ့ တိုင်အောင် ၊ ကိုဘဂျမ်း အနေနဲ့ က လဲ ရဲရဲယုံယုံ ခေါင်း မဆောင် ဝံ့ပါဘူး .... ။ မတော်တဆ အဆုံးအဖြတ် မှားပြီး ကတိမ်းကပါး ဖြစ် သွားယင် ကိုယ့် တာဝန် ဖြစ်မယ် ။ နူရာ ဝဲစွဲ ၊ လဲရာ သူခိုး ထောင်း ဆိုတာမျိုး ဖြစ်သွားယင် မကောင်းဘူး ။ အဲသည်တော့ နောက်ပိုင်း က နေ လေ့လာဆည်းပူး နေတာပဲ ကောင်းတယ် ။ မအေးနု နဲ့ အတူ ဆိုင် မှာ ထိုင်တဲ့ အခါ ထိုင် တယ် ။ ခင်မောင်ဦး နဲ့ အတူ အပြင် အလုပ်တွေ ကို လိုက် လုပ် တန် လုပ်တယ် ။ ကိုဘဂျမ်း လဲ သိတတ်ပါတယ် ။ အနား မနေ ပါဘူး ။ အ,အား မနေပါဘူး ။
ပြဿနာ က သူတို့ ရဲ့ စာအုပ် လုပ်ငန်း မှာ စာ တတ် ဖို့လဲ လိုတယ် ။ လေ့လာယင်း လေ့လာယင်း နဲ့ စာတတ် ဖို့ လိုမှန်း သိလာတဲ့ အခါကျ တော့ မှ ကိုဘဂျမ်း နောင်တ ရ မိတယ် ။ စာ ဆက် မသင်ခဲ့မိ တဲ့ အမှား ကို မြင် လာတယ် ။
ဒါပေမယ့် သိပ်တော့ နောက် မကျသေးဘူး ဆိုပါ တော့ ။ ဦးပဉ္စင်းတွေ အမိန့် ရှိတဲ့ အတိုင်း ကျည်ပွေ့ က တောင် အတက် ပေါက် နိုင်သေးတယ် ဆိုယင် ကိုဘဂျမ်း လဲ စာ တတ် လာနိုင်ပါသေးတယ် ။ သည်လိုပဲ လေ့လာ ဆည်းပူး ရမှာပေါ့ ။
ကိုဘဂျမ်း စာ ဖတ်တယ် ။
စာ ဖတ်တာ ကို အလုပ် တခု အနေ နဲ့ လုပ်တယ် ။ သာမန် သူများ ရဲ့ အမြင် က တော့ အား နေလို့ စာ ဖတ်တယ် ထင်မှာပဲ ။ ကိုယ့် မိန်းမ ဖြစ်တဲ့ မအေးနု က လဲ သည် လိုပဲ အောက်မေ့မှာပဲ ။ ဒါပေမယ့် ကိုဘဂျမ်း ကုသိုလ် ကံ ကောင်းတာ က အဲသည်လို စာပေ လေ့လာ ဆည်းပူး နေတာ ကို ဘယ်သူ က မှ မငြိုငြင်ကြဘူး ။ မသရော်ကြဘူး ။
အမှန်ကို ဝန်ခံရမယ် ဆိုယင် တော့ သူတို့ ဆိုင် က စာအုပ် တွေ ကို ကောက် ကိုင်လိုက် ။ ဆယ်အုပ် မှာ တအုပ် လောက် ပဲ ကိုဘဂျမ်း ဖတ် နိုင်တယ် ။ သည် ဖတ်နိုင်တယ် ဆိုတဲ့ စာအုပ် ကို တောင် အမှန်အတိုင်း ပြောရယင် လုံးစေ့ပတ်စေ့ နားလည် နိုင်တာ မဟုတ်ဘူး ။ ဒါပေမယ့် ရှုပ် မနေနဲ့ ။ နားလည်သည် ဖြစ်စေ ၊ နားမလည်သည် ဖြစ်စေ ၊ ကိုဘဂျမ်း က တော့ ဖတ် တာပဲ ။ နားမလည် ယင် နားမလည်တဲ့ နေရာ ကို မှတ် ထား တယ် ။ စာအုပ် ဝယ် လာတဲ့ ကိုယ်တော်တွေ နဲ့ တွေ့တော့ မေး ကြည့်တယ် ။ ဆည်းပူး မှတ်သားတယ် ။
တနေ့ ကို စာ တလုံးပဲ နားလည်ဦး တော့ ။ တလ ကြာ ယင် စာ အလုံး အစိတ် လောက် နားလည်လာမယ် ။ တနှစ် ကြာ ယင် စာ အလုံး သုံးရာ လောက် နားလည် လာမယ် ။ သည် လိုပေါ့ ။ ပညာ ဆိုတာ တဖြည်းဖြည်း နဲ့ ပဲ စုဆောင်းရမှာပေါ့ ။
အဲ ... မအေးနု က လဲ စုဆောင်းပါတယ် ။ ဈေး ထဲ မှာ တနေ့ ငါးမူး ပေး ၊ တမတ်ပေး နဲ့ အကြွေး လိုက် ရောင်းတဲ့ အထည်သည် တွေ ရှိတယ် ။ အဲသည် အထည်သည် တွေ က ထဘီစတွေ ၊ အင်္ကျီစတွေ ကို အဝတ်ဖာ နဲ့ ထည့် ပြီး ဆိုင် တကာ လှည့်လည် ရောင်းတာပဲ ။ ဆိုပါတော့ ။ မအေးနု ကို လာ ပြမယ် ။ မအေးနု ကြိုက်တဲ့ အဆင် ကို ရွေး ။ ကြိုက်တဲ့ အထည် ကို ယူ လိုက် ။ လက်ငင်း ငွေ ချေစရာ မလိုဘူး ။ ယူ လိုက် တဲ့ အထည် က ဆယ့်ငါးကျပ်တန် ဆို ယင် တနေ့ ကို ငါး မူးပဲ ပေး ။ အဲသည် ငါးမူး ကို နေ့စဉ် လာ ယူမယ် ။ တလ လဲ ပြည့် ရော ၊ ဆယ့်ငါး ကျပ် လဲ ကျေရော ။ စာရင်းစာအုပ်ကလေး နဲ့ ။
သူတို့ က လဲ သူတို့ တွက်ကိန်း နဲ့ သူတို့ က တော့ သည် ဆိုင် က တထည် ၊ ဟို ဆိုင် က တထည် ဝယ် လိုက်တာတွေ ကို စု လိုက်တဲ့ အခါမှာ တနေ့ တနေ့ လေးငါးထည် ရောင်း ရတဲ့ သဘောပဲ ။ တထည်ခေါင်း မှာ တကျပ် လောက် က လဲ ပို အမြတ် တင် ထားသေးတယ် ဆိုတော့ ၊ သူတို့ အဖို့ က လဲ ပို တွက်ခြေ ကိုက်တယ် ။
မအေးနု က တော့ မလွှတ်တမ်း ဝယ် တာပဲ ။ အသစ် အဆန်း ပေါ် တိုင်းလဲ ရောင်းတဲ့ လူ က လာ ရောင်းတော့ ၊ မအေးနု က လဲ အသစ်အဆန်း ပေါ်တိုင်း သည်နည်း နဲ့ ဝယ် တာပဲ ။ တနေ့ နှစ်ကျပ် လောက် ကတော့ ပေး နေရတာပဲ ။
မအေးနု ပြောတာလဲ မှန်ပါတယ် ။ တခါတည်း နဲ့ လုံးကနဲ ခဲကနဲ ပေး ဝယ်ဖို့ ဆိုတာ မလွယ်ဘူး တဲ့ ။ ဆိုင် က ရောင်းရ ငွေ ထဲ က နုတ် ယင်လဲ နုတ်မှန်း သိသာမယ် တဲ့ ။ သည် နည်းနဲ့ ဝယ်တော့ နုတ် မှန်း လဲ မသိသာဘူး တဲ့ ။ ဝင်ငွေ လဲ မလျော့ဘူး တဲ့ ။ ပြီးတော့ သူများ နည်းတူ လဲ အသစ် ပေါ် တာ နဲ့ တပြိုင်နက် ခါး ပေါ် တင်နိုင် သတဲ့ ။ သည် နည်း ဟာ နေ့စဉ် ငါးမူး တကျပ် စုပြီး ဝယ်တဲ့ သဘောမျိုး ပဲ တဲ့ ။ မအေးနု က လဲ သူ နည်း နဲ့ သူ တော့ စုဆောင်း နေတာပဲ ။
ကိုဘဂျမ်း က ပညာတွေ ကို စုဆောင်းတယ် ။ မအေးနု က အဝတ်အထည်တွေ ကို စုဆောင်းတယ် ။
◾မောင်သာရ
📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
အတောင်ကျွတ်သော ကြိုးကြာ
ရေရှာ၍ မရသကဲ့သို့
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment