❝ ပဲငှက်ငယ်လေးများ ❞
( ခင်လေးနွယ် )
ဟို ရှေးရှေးတုန်း က တရုတ်ပြည် ရဲ့ ကျေးရွာ တစ်ခု မှာ မင်းခစား ယောက်ျား တစ်ယောက် ရှိ သတဲ့ ။ သူ့ မယား ဟာ သားယောက်ျားလေး တစ်ဦး ကို မွေးပြီး တစ်နှစ် လောက် အကြာ မှာ သေသွားရှာတယ် ။ ဒီတော့ မင်းခစား ယောက်ျားကြီး ခမျာ မှာ လည်း ကလေး က တစ်ဖက် ၊ အလုပ် တစ်ဖက် နဲ့ မို့ အတော်ကလေး ကို ပဲ ဒုက္ခ ရောက် နေရတာပေါ့ ကွယ် ။ သူ ဟာ တစ်နေ့ တစ်နေ့ နန်းတော် မှာ သွားပြီး အမှုတော် ကို ထမ်းဆောင် နေရတဲ့ အတွက် ဘိုးဘွား လက်ထက် က အမွေ ရ ထားတဲ့ ယာခင်း တစ်ခင်း ကို လည်း တခြား လူတွေ ကို ငှား ထားရတယ် ။ နောက် မကြာခင် မှာ ပဲ သူ့ သားလေး ကို ထိန်းသိမ်း ပြုစုဖို့ အတွက် နောက် အိမ်ထောင် ပြု သတဲ့ ကွယ် ။ သူတို့ အိမ်ထောင် မှာ ကလေး တစ်ယောက် ထပ်ပြီး ထွန်းကား လာ သတဲ့ ။
အဲဒီ နောက် မယား က အိမ် ကို ခြယ်လှယ် ချင် တိုင်း ခြယ်လှယ် နေတာပဲ တဲ့ ။ ကိုယ်ချင်းစာ တရား လည်း မရှိ တော့ အဲဒီ ကလေး ၂ - ယောက် ထဲ က သူ ကိုယ်တိုင် မွေး တဲ့ ရင်သွေး ကလေး ကို သာ ပိုပြီး ချစ်တယ် ။ ပိုပြီး အလို လိုက်တယ် ။ အစားအစာ ဆိုရင် လည်း သူ့ ရင်သွေး ကို ဘဲ ကျွေး သတဲ့ ။ သူ့ ယောက်ျား က ပါတဲ့ ကလေးလေး ကို တော့ နှိပ်စက် ရိုက်နှက် ပြီး မိထွေး ပီပီ ညှဉ်းပန်း တာပေါ့ ။
မိထွေး ဖြစ်သူ က ဘယ်လိုပဲ သွေးခွဲ ပေမယ့် ကလေး နှစ်ယောက် ဟာ တစ်ယောက် ကို တစ်ယောက် သေမလောက် ပဲ ချစ်ကြတယ် တဲ့ ။ အစ်ကိုကြီး တစ်ယောက် ထဲ လုပ် နေရတဲ့ အလုပ် ကို သူ့ အမေ မရှိ တဲ့ အခါ ညီကလေး က တိတ်တိတ် ခိုးပြီး ကူညီ လုပ် ပေးတယ် ။ သူ့ အစ်ကို ကြီး ကို သူ့ အမေ က နှိပ်စက် ရင်လည်း သူ့ ညီလေး က မျက်နှာ မသာမယာ နဲ့ စိတ် မကောင်း ဖြစ်နေတာပဲတဲ့ ကွယ် ။
မိထွေး ဖြစ်သူ က သားအကြီး ကို အမျိုးမျိုး နှိပ်စက် နေပေမယ့် သူတို့ အဖေ က လည်း မသိရှာဘူး တဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ မိထွေး က သူ့ ယောက်ျား ရှေ့ မှာ ဆိုရင် အစ်ကိုကြီး ကို သိပ် အရေးပေး ဟန် ပြုနေတာ ကိုး ။ ကလေးတွေ က လည်း ကြောက်တာ နဲ့ သူတို့ အဖေ ကို မတိုင် ပြောရဲကြဘူးတဲ့ ကွယ် ။
အဲဒီ ကလေးတွေ ကြီးပြင်းလို့ အရွယ် ရောက် လာတော့ မိထွေး ဖြစ်သူ က သူ့ ယောက်ျား မှာ ရှိတဲ့ အမွေ ကို သူ့ ရင်သွေး ဖြစ်တဲ့ သားငယ်လေး ကို သာ ပေးစေချင် တဲ့ အတွက် သား အကြီး ကို သ,တ်ပစ်ဖို့ မိုက်မဲစွာ ကြံစည် သတဲ့ ။ တစ်နေ့ တော့ အကြံ ရတာ နဲ့ “ ငှား ထားတဲ့ လယ်ယာတွေ ကို သားလေး နှစ်ယောက် ကို ဝေ ပေးပြီး သား နှစ်ယောက် ကို ပဲ စိုက် ခိုင်းချင်တယ် ” လို့ သူ့ ယောက်ျား ကို အကြံ ပေး သတဲ့ ။ သူ့ ယောက်ျား က လည်း ဒီ အကြံ ဟာ ကလေး တွေ အတွက် အကောင်းဆုံး ပဲ လို့ ယူဆပြီး ငှား ထားတဲ့ လယ်တွေ ကို ပြန် သိမ်း လိုက်တယ် ။
တစ်နေ့ ကျ တော့ မိထွေး ဖြစ်သူ က ကလေး၂ - ယောက် ကို ခေါ်ပြီး မင်းတို့ ညီအစ်ကို နှစ်ယောက် ယာခင်း ထဲ ကို သွားပြီး ပဲ စိုက်ကြရမယ် ။ပဲ စိုက် လို့ ပဲပင်တွေ အစို့အညှောက် ထွက်ပြီး အပင်ငယ်လေးတွေ ပေါက် ထွက် လာ မှ ပြန်ခဲ့ကြရမယ် ” လို့ ပြော သတဲ့ ။
လေးငါးရက် ကြာတော့ ကလေးတွေ ပဲ စိုက် ဖို့ အတွက် ပဲလွန်းစေ့လေးတွေ ကို နှစ်ပုံ ခွဲ လိုက်တယ် ။ တစ်ပုံ ကို လတ်လတ်ဆတ်ဆတ် ပဲအိတ် တစ်လုံး ထဲ ထည့်ပြီး သိမ်းထား လိုက် တယ်တဲ့ ကွယ် ။ နောက် တစ်ပုံ ကို တော့ ဒယ်အိုး နဲ့ ကျွမ်းအောင် လှော် ပြီး မှ အိတ် တစ်ခု ထဲ ကို ထည့် သတဲ့ ။
သူ့ ရင်သွေး ဖြစ်တဲ့ သားငယ် ကို တိုးတိုးတိတ်တိတ် ခေါ်ပြီး “ မင်း အတွက် ပဲမျိုးစေ့ တွေ ဟာလတ်လတ်ဆတ်ဆတ် မို့ မကြာခင် အပင် ပေါက် လိမ့်မယ် ။အပင်ပေါက် အညှောက်ကလေး တွေ ထွက်တယ် ဆိုရင် ငါ့ သား ပြန်ခဲ့ပေတော့ ။ မင်း အစ်ကိုကြီး ရဲ့ ပဲတွေ က တော့ လှော် ပြီးသား တွေ မို့ ဘယ်တော့မှ ပေါက် မှာမှုတ်ဖူး ။ ဒါကြောင့် ငါ့ သား သူ့ ကို မစောင့် နဲ့ သူ အန္တရာယ် တစ်ခု ခု တွေ့ပြီး သေ မှ ဒို့ သားအမိ ချမ်းသာ မှာ ” လို့ ပြော သတဲ့ ။ သား အကြီး ကို တော့ လှော် ထား တဲ့ ပဲတွေ ပေး သတဲ့ ။
ဒီလိုနဲ့ ညီအစ်ကို နှစ်ယောက် ယာခင်း ထဲ ကို ရောက် လာကြပါရော တဲ့ ကွယ် ။ တရုတ်ပြည် က ယာခင်းတွေ ဟာ လူ နေတဲ့ အရပ် နဲ့ အဝေးကြီး ပဲ ။ ယာခင်း ထဲ မှာ သူတို့ မြေ ကို တူးဆွ ကြ ပြီး ပဲပင် တွေ စိုက်ခါနီး ကျတော့ ညီလေး က “ ကိုကြီး ရယ် ... ကိုကြီး ရဲ့ ပဲအိတ် ကို ညီလေး ကို ပေးပါ ။ ညီလေး ရဲ့ ပဲအိတ် ကို ကိုကြီး ယူပါ ။ ကျွန်တော် တို့ အိတ်ချင်း လဲကြရအောင် ” လို့ ဆို သတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ ကိုကြီး ရဲ့ လှော် ထားတဲ့ ပဲတွေ ဟာ ဘယ်တော့ မှ အပင် ပေါက် မှာ မဟုတ်ဘဲ သူ့ ကိုကြီး ဒုက္ခ ရောက် မှာ စိုးလို့ပေါ့ကွယ် ။
“ ညီလေး ရယ် ။ မေမေ က ပေး လိုက်တာပဲ ကွယ် ။ ကိုယ့် ဝေစု အိတ် နဲ့ ကိုယ် ပဲ စိုက်ကြတာပေါ့ ။ အစ်ကိုကြီး ပဲ တွေ မပေါက် ရင် လည်း ကိုကြီး ထိုက်နဲ့ ကိုကြီး ရှိပါစေကွာ ” လို့ ပြော သတဲ့ ။ ဒါပေမယ့် နောက်ဆုံးတော့ ညီလေး က ငိုပြီး တောင်းတဲ့ အတွက် အစ်ကိုကြီး က မနေသာတော့ဘဲ ပဲအိတ် ချင်း လဲလိုက်ရတော့တာပဲကွယ် ။
ပဲအိတ်ချင်း လဲ ပြီး စိုက်ပျိုးကြ ရာ က လေးငါးရက် ကြာတော့ အစ်ကိုကြီး ရဲ့ ပဲပင်လေးတွေ ဟာ ပဲရွက်နှစ်ခွလေးတွေ ထွက် လာကြတယ် ။ ဒါပေမယ့် ညီလေး ရဲ့ ပဲခင်း ထဲ မှာ တော့ ဘာပင် မှ ပေါက်တာ မတွေ့ရဘူး ။ ဒါနဲ့ သူ့ ညီလေး ရဲ့ ပဲပင်တွေ ပေါက်တဲ့ အထိ အစ်ကိုကြီး က စောင့်နေရှာ သတဲ့ ။ ဒီတော့ သူ့ ညီလေး က “ ကိုကြီး ရယ် ကျွန်တော့် ကို စောင့်ပြီး မနေပါနဲ့တော့ ဗျာ ။ ကျွန်တော့် ပဲ က ပေါက်ချင် မှ ပေါက်မှာ ။ မေမေ က ပဲ အရင် ပေါက်တဲ့ လူ က အရင် ပြန်ခဲ့ရမယ် လို့ မှာ လိုက်တယ် ။ ကိုကြီး ပြန်နှင့်ပါ တော့ ။ ညီလေး လည်း ပဲပင်တွေ ပေါက်တာ နဲ့ တစ်ပြိုင်နက် ပြန်ခဲ့မှာပါ ” လို့ ဆိုပြီး သူ့ ကိုကြီး ကို အတင်း ပြန်လွှတ် လိုက်တယ် ။ သူ့ ကိုကြီး က လည်း စိတ် တထင့်ထင့် နဲ့ ညီလေး ကို ထားပစ်ခဲ့ပြီး ပြန်ခဲ့ရတာပေါ့ ။
အိမ် လည်း ရောက်ရော သူ့ ရင်သွေး အစစ် ကို သာ မျှော်နေတဲ့ မိထွေး က သူ့ သားငယ်လေး ပြန်လာမယ့် အစား သားကြီး ပြန် လာတော့ အံ့အားသင့် နေရှာတာပေါ့ ။ နောက်တော့ မှ သူ့ သားငယ်လေး ဟာ သူ့ အစ်ကိုကြီး အပေါ် မှာ အင်မတန် ချစ်ခင် နေကြောင်း ရိပ်မိ သတဲ့ ။ ဒါကြောင့် စိတ်ဆိုးဆိုး နဲ့ “ မင်း ညီလေး ကို ဘယ်မှာ ထားပစ်ခဲ့သလဲ ” လို့ မေးတာ နဲ့ သားကြီး က ပဲပင်တွေ မပေါက်သေးတာ နဲ့ စောင့် နေရကြောင်း ပြောပြ သတဲ့ ။ မိထွေး က ကိုကြီး ကို ညီငယ်လေး တွေ့ အောင် ရှာရမယ် ဆိုတာ နဲ့ ပဲခင်း ဆီ ကို ပြန်ခဲ့တယ် ။ ပဲခင်း ထဲ မှာ အနှံ့အပြား လိုက် ရှာပေမယ့် ညီလေး ကို မတွေ့ရ တော့ဘူးတဲ့ ကွယ် ။ ဘာကြောင့်လဲ ဆိုတော့ ယာခင်းကြီး ဟာ တောနက်ကြီး နဲ့ အလွန် နီးတဲ့ အတွက် ညီလေး ဟာ ကျားစာ ဖြစ်သွား ရှာတယ် ။ ကျား ကိုက် လို့ သေရတဲ့ သူ့ ညီလေး ဟာ ကိုကြီး ကို ဘယ်လောက် ချစ်သလဲ ဆိုရင် သေသွားတာ တောင် စိတ် မဖြောင့်ဘဲ သေသွားရ လို့ ငှက်ကလေး တစ်ကောင် ဖြစ်နေ သတဲ့ကွယ် ။ အဲဒီ ငှက်ကလေး ဟာ လည်း “ ကိုကိုး ... ကိုကိုး ” လို့ အော်ရင်း သူ့ ကိုကြီး ကို ယာခင်း ထဲ မှာ အနှံ့အပြား လိုက်ရှာ နေတုန်းပဲ တဲ့ ။
ဒါပေမယ့် ဘဝချင်း မတူလို့ မတွေ့နိုင်ကြဘူးပေါ့ကွယ် ။ ( ကိုကိုး ဆိုတာ က တရုတ် လို ကိုကြီး လို့ အဓိပ္ပာယ် ရတယ်တဲ့ ။ )
ဒါနဲ့ အစ်ကိုကြီး ခမျာ လည်း ညီလေး ကို မတွေ့ တွေ့ အောင် ရှာမယ် ။ မတွေ့ ရင် အိမ် ကို လည်း မပြန်တော့ဘူး လို့ စိတ် ဆုံးဖြတ်ချက် ချ ပြီးတော့ လိုက်ရှာ လိုက်တာ တောတောင် အထပ်ထပ် မှာ မောပန်းတာ နဲ့ ရင် ကွဲပြီး သေသွား ရှာ သတဲ့ ။ သူ့ ခမျာ လည်း ညီလေး အတွက် စိတ် မဖြောင့်ဘဲ သေရလို့ ငှက်ကလေး တစ်ကောင် ဖြစ်သွား ရှာ ပြန် သတဲ့ ကွယ် ။ အဲဒီ ငှက်ကလေး က တော့ ပဲ သိမ်းချိန် မှာ “ တီ - တိ - တီ ... တီ - တိ - တီ ” လို့ အော်သံ ကြားရ သတဲ့ ။ ( တရုတ် ဘာသာ မှာ ရှိုးတီ ဆိုတာ ညီလေး လို့ ခေါ် သတဲ့ ။ )
အဲဒီ ငှက်ကလေး နှစ်ကောင် ဟာ အဲဒီ အချိန် က စပြီး ယနေ့ ထက် တိုင်ပဲ ရှိကြသေး တယ် ။ ပဲ စပြီး စိုက် တဲ့ လ မှာ “ ကိုကိုး …. ကိုကိုး ” လို့ အော်တဲ့ ငှက်ကလေးတွေ ရဲ့ အသံ ကို ကြားရ ပြီး ပဲ သိမ်းချိန် ဆိုရင် “ တီ - တိ - တီ ... တီ - တိ - တီ ” လို့ အော်တဲ့ ငှက်ကလေးတွေ ရဲ့ အသံ ကို ကြားရတယ် ဆိုပဲ ။ ပဲစိုက်ချိန် နဲ့ ပဲသိမ်းချိန် ဟာ ၅ လ ၆ လ လောက် ကွာတာ မို့ ငှက်ကလေး တွေ ဟာ တစ်ကောင် နဲ့ တစ်ကောင် ဘယ်တော့မှ မတွေ့ဆုံကြဘူး တဲ့ ကွယ် ။အမှန်က တော့ ဒီ ငှက်ကလေး တွေ ဟာ ပဲခင်း ထဲ မှာ တစ်ယောက် ကို တစ်ယောက် အသက် လောက် ချစ်ကြတဲ့ ညီအစ်ကို နှစ်ယောက် သေဆုံး ရာ က စတင် ပေါက်ဖွားလာတာ မို့ ငှက်ကလေး တွေ ကျတော့ လည်း အော် ရင်း နဲ့ ရင်ကွဲပြီး သေကြရတာ လို့ ယခု ထက်တိုင် ဆိုစမှတ် ပြုနေကြတယ် ကလေးတို့ ရယ် ။
◾ခင်လေးနွယ်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၈ ၊ ဇန်နဝါရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment