❝ ကောင်းတာကြီးတွေ ကို မြင်တတ်အောင် ကြည့်ရမတဲ့ ❞
“ ဟင် ဦး ဝယ် လာတဲ့ သရက်သီး က လဲ အနာကြီး နဲ့ ”
“ ဟုတ်ပါ့ မောင့် သရက်သီးကြီး က လဲ အနာကြီး နဲ့ ”
၂၀၀၅ ခုနှစ် မေလ ၁၅ ရက်နေ့ မနက် ။
ကျွန်တော် မောင်ချမ်းသာ ဈေးကလေး က သရက်သီး သုံးလုံး ဝယ် လာတဲ့ အထဲ မှာ အကြီးဆုံး လှလှကြီး တစ်လုံး မှာ ငရုတ်ကောင်းစေ့ လောက် အနာကလေး ပါလာ သဗျာ့ ။
အဲဒါလေး ကို ကြည့်ပြိး တပည့်မလေး နှင့် ကျွန်တော့် ဇနီး တို့ က အပြစ် ပြောကြတာ ခင်ဗျာ့ ။
မဖြစ်စလောက်ကလေး ပါ ဗျာ ။ လှီးထုတ် ပစ် လိုက်ရင် အသား နည်းနည်းကလေး ပဲ့ ပါ သွားမှာ လေးပါဗျာ ။
••••• ••••• •••••
“ အဲဒါ လူ့ သဘော ပေါ့ ကောင်ရ ”
သည် အကြောင်း ကို ကျွန်တော် က တရုတ်ကြီး ဦးဟုတ်လျန် ( အသက် ၈ဝ ကျော် ) ကို ပြန် ပြောပြတော့ ဦးဟုတ်လန် ရဲ့ ကောက်ချက် ခင်ဗျာ့ ။
“ ဟေ့ကောင် ငချမ်း မင်း မချမ်းသာချင်ဘူးလား ၊ သူဌေး မဖြစ်ချင်ဘူးလား ”
“ အမယ်လေး ဘယ်လို ပြော လိုက်ပါလိမ့် ဟုတ်ကြီး ရယ် ၊ ချမ်းသာ ချင် လွန်းလို့ နာမည် ကို တောင် မောင်ချမ်းသာ လို့ မှည့်ထားတာပါဗျာ ”
“ အေး အဲသလို ဆို အညံ့ ဘက် နင်းကန် အာရုံ စိုက် မကြည့်ဘဲ အကောင်း ဘက် ကို ဦးစားပေး ပြီး ကြည့်ကွ ”
“ ကျွန်တော် နား မရှင်းသေးဘူး ဗျာ ”
“ ဟာကွာ မင်း က လဲ လည်တော့ မလိုလို နဲ့ ညံ့ လိုက်တာ ”
“ ဥပမာ ကွာ မင်း မြေပဲဆားလှော် မှာ သုံးဖို့ မြေပဲဆန် ဝယ်တယ် ဆိုပါစို့ ”
“ အဲဒီ ပဲဆန်တွေ ဟာ တစ်ညီ ထဲ ရနိုင်ရဲ့ လား ”
“ မရဘူး ဟုတ်ကြီး စက် နဲ့ ပုံသွင်း ထားတာမှ မဟုတ်တာ ”
“ ပဲဆန် တွေ မှာ အညှပ်ဆန်ကလေး တွေ မှဲ့ပြောက်စွန်း နေတာကလေး တွေ စမ်းစေ့ကလေး တွေ မပါဘူးလား ”
“ ပါတာပေါ့ ဟုတ်ကြီး ၊ တစ်ခါတလေ ပဲဆန် အဟောင်း နီကြောင်ကြောင် တွေ တောင် ပါလာတတ်သေး ”
“ မင်း အဲဒါတွေ ရှောင် နေမယ် ဆိုရင် ပဲဆန် ဝယ်လို့ ရပါဦးမလား ”
“ မရနိုင်ဘူး ၊ မလွှဲသာ မရှောင်သာ ယူသင့် တဲ့ အခါ ယူ လိုက်ရတာပဲ ”
“ ဒါပဲပေါ့ ကွ ၊ အမှန်ကတော့ ကွာ ဒါလေး တွေ က မဖြစ်စလောက်ကလေး ပါ ၊ ရွေး ထုတ် လိုက်ရင် ဘယ်လောက် မှ ထွက် မလာပါဘူး ”
“ ဒါပေမယ့် များစွာသော လူတို့ က အပြစ် ကို အရင် ကြည့် အနာ ကို အရင် ရှာတတ်ကြတယ် ကွ ၊ လူ့ ဓမ္မတာ ”
“ တချို့က အဲဒါလေး တွေ ကို ဇောင်း ပေး မှန်ဘီလူး နဲ့ အတင်း ဖြဲ ကြည့် ပြီး ပုံကြီး ချဲ့ တတ်ကြတယ် ကွ ”
“ မှန်လိုက်လေ ဟုတ်ကြီး ရယ် ”
“ အေး အဲဒါပဲ ”
“ စီးပွါး ရှာ တဲ့ အခါ လုပ်ငန်း တစ်ခု ခု လုပ်တဲ့ အခါ လူတွေ နဲ့ ဆက်ဆံ တဲ့ အခါ အပြစ်အနာ ကို ဘေးချိတ်ပြီး အကောင်း ဘက် ကို အဓိက အာရုံ စိုက်မယ် ဆိုရင် မင်း လုပ်ငန်း အောင်မြင်ပြီး မင်း သူဌေး ဖြစ်ပြီသာ မှတ်ပေတော့ ”
ဟုတ်ကြီး ဟုတ်ကြီး ၊ ဒါကြောင့် လည်း သူဌေးကြီး ဖြစ်နေတာပဲ ။
ကျွန်တော့် လုပ်ငန်း ပြန် ကြည့် လိုက်တော့ ... ။
ကျွန်တော့် လုပ်ငန်း နောက်ကြောင်း ပြန် ကြည့် လိုက်တော့ ... ။
မြေပဲဆန် ထဲ မှာ အအောက်စေ့ကလေး တွေ ပါ လည်း ယူရတာပဲ ခင်ဗျာ့ ။
ပေါက်ပြဲ နေတဲ့ ဆားအိတ်တွေ ရော ပါလာလည်း ယူ ရတာပဲ ခင်ဗျာ့ ။
( ဝယ်သူ က တမင် ညစ်ပြီး ) ကျပ်တန် တွေ ထိုး ပေးလည်း ယူရတာပဲ ခင်ဗျာ ။ ငွေစက္ကူ အနွမ်းအစုတ်တွေ ညှပ် ထည့် ပေး လည်း ယူ ရတာပဲ ခင်ဗျာ့ ။ ငါးဆယ်ကျပ်တန် မြေပဲဆားလှော်ကလေး တစ်ထုပ် ဝယ်ပြီး တစ်ထောင်တန် ပိုက်ဆံ အပြဲကြီး ထိုး ပေး လည်း ယူရတာပဲ ခင်ဗျာ့ ။
အဲဒါ ကလေးတွေ ကို သာ ဇာချဲ့ ပြီး အကြောက်အကန် ငြင်းဆန် နေမယ် ဆိုရင် တော့ ဘာမျှ လုပ် စားလို့ ရမှာ မဟုတ်တော့ပါ ။
ကျွန်တော့် မြေပဲ ဆားလှော်ကလေး ဟာ ၁၆ နှစ် ကျော် လို့ ၁၇ နှစ် ထဲ ရောက် လာပါပြီ ။ လူ သာ ဆို လူပျိုပေါက်ကလေး ပေါ့ ။ ၁၇ နှစ် သားလေး ဟာ ကြွကြွရွရွ တောက်တောက်ပပ ကလေး ဖြစ် နေပါပြီ ။
အဲဒါဟာ အပြစ်အနာ ကို ခေါင်း ထဲ သိပ် မထည့်ပဲ ကောင်းကွက်ကြီး တွေ ကောင်းတာကြီး တွေ ကို အာရုံစိုက် မိ လို့ ဖြစ်ပေါ်လာတဲ့ ရလဒ်ပါ ခင်ဗျာ ။
တရုတ်အဘိုးကြီး ဟုတ်ကြီး ရဲ့ စကား တွေ မှန် လိုက်လေဗျာ ။
ဟုတ်ကြီး က ချုပ်ပြီး ပြောတယ် ။
“ ကောင်းတာကြီးတွေ ကို မြင်တတ်အောင် ကြည့်ဟ ကောင်ရ ” တဲ့ ။
◾ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၁ ဇူလိုင်လ ၂၀၀၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment