❝ ကြွက်နဖား ❞
မန္တလေးသား တွေ က တော့ ကြွက်နဖားတောင် ကို ကောင်းကောင်းကြီး သိ ကြပါတယ် ။ မန္တလေး က လှမ်း ကြည့် လိုက်ရင် ရှမ်းရိုးမ တောင်တန်း ကြီး ကို တွေ့ ရမယ် ။ တောင်တန်းတွေ ၊ တောင်စွယ်တွေ တစ်ထပ် ပြီး တစ်ထပ် မြင့် မြင့်တက် သွားမယ် ၊ ဝေး သွားမယ် ၊ မှိုင်းညို့ နေမယ် ။ ဒါပေမဲ့ တောင်စွယ် တောင်တန်း အားလုံးဟာ ခပ်ပြေပြေ ၊ ခပ်ရိုးရိုး ပါပဲ ။ ဆိုလိုတာ က ဆန်းဆန်းပြားပြား ပုံသဏ္ဌာန် မရှိဘူး ။ ရုတ်တရက် ချွန်ထွက် နေတာ တို့ ၊ ချိုင့်ဝင် သွားတာ တို့ ၊ ပြတ်တောက် သွားတာ တို့ မရှိဘူး ။ အဲ ကြွက်နဖားတောင် ဆိုတာကြီး ကတော့ ရှမ်းရိုးမ ရဲ့ အခြေ မှာ ရှိတယ် ။ သူ့ ပုံပန်းကြီး က တော့ ထူးခြားတယ် ။ သူ့ တောင်စောင်း တွေ က မတ်စောက်တယ် ။ ရုတ်တရက် မြေပြင် က နေ သိသိသာသာကြီး ထိုးထွက် နေတဲ့ တောင်ကြီး ပါ ။ ရှမ်းရိုးမ နဲ့ ယှဉ် ကြည့် လိုက် တော့ ပို ထူးခြားတယ် ။ သတ်သတ် သီးခြားကြီး ဖြစ်နေတယ် ။
ကြွက်နဖား တောင်ခြေ က ပတ်ပြီး ဒုဋ္ဌာဝတီမြစ် စီးဆင်းတယ် ။ မြစ်ကွေ့ တစ်ခု မှာ ပဲ ကြွက်နဖားရွာ ဆိုတာ ရှိတယ် ။ တော်တော် ကြီး တဲ့ ရွာ ပါပဲ ။ ရွာသူ ရွာသားတွေ က တော့ ပတ်ဝန်းကျင် မှာ စိုက်ဟယ် ပျိုးဟယ် နဲ့ ထွက်သမျှ ကုန် ကို မန္တလေး ပို့ စသဖြင့် ပေါ့လေ ။ ဒါက သူတို့ စီးပွားရေး ။
အဲဒီ ရွာ က ‘ ဘသာ ’ အကြောင်း ပြောချင်တာပါ ။ ဘသာ ဆိုတာ က ရွာ မျက်နှာကြီး အသိုင်းအဝိုင်း ထဲ က ပဲ ။ ဆွေအား မျိုးအား ကောင်းတယ် ။ စီးပွားရေး လည်း ကောင်းကြပါတယ် ။ ဘသာ ငယ်ငယ် ကတည်း က ခပ်အေးအေး နေ တတ်တယ် ၊ ကျောင်း မှန်မှန် တက်တယ် ၊ မှန်မှန် အောင် တယ် ။ အလယ်တန်း အောင် တော့ မန္တလေး သွားပြီး အထက်တန်း တက် တယ် ။ နောက် ဆယ်တန်း အောင်ပြီး မန္တလေး တက္ကသိုလ် ဆက် တက်တယ် ။ နှစ်နှစ် တောင် ရှိပြီ ။ ထူးခြားတာ က တောသား မြို့ တက် ရင် လူလည် ဖြစ် လာ တတ်တယ် ။ စကား ပိုများ လာ တတ်တယ် ။ လူတွင်ကျယ် လုပ် တတ်ကြ တယ်ပေါ့ဗျာ ။ ဘသာ က တော့ သည်လို မဟုတ်ဘူး ။ သူ က တစ်မျိုး ၊ အတန်းကြီး လေ စကားပြော နည်းလေ ဖြစ် လာတယ် ။ မန္တလေး တက္ကသိုလ် ရောက် တော့ ပိုတောင် အပြောအဆို ကျဲ သွား သေးတယ် ။ ကျောင်း ပိတ် လို့ ရွာ ပြန် ပြန်လာတဲ့ အခါ လည်း ခပ်အေးအေး ပဲ ။ တစ်ယောက် တည်း နေတာ များပါတယ် ။
အဲ .. တစ်ခု တော့ ရှိတယ် ၊ ညနေပိုင်း ဆိုရင် မြစ်ဆိပ် က ညောင်ပင်ကြီး အောက် တစ်ယောက် တည်း သွား သွား ထိုင် တတ်တယ် ။ အဲဒီ ညောင်ပင်ကြီး နဲ့ မနီးမဝေး မှာ ရွာသူ တွေ ညနေ ဘက် ရေ ဆင်း ဆင်း ခပ်တဲ့ ရေဆိပ် ရှိတယ် ။ ဒီ ရေဆိပ် နဲ့ ကြွက်နဖားတောင်ကြီး ဟာ ပနံ ရပြီး ကြည့် လို့ သိပ် လှတယ် ။ ရေ ခပ် တဲ့ အဖွဲ့ ထဲ မှာ နှင်းအေး ဆိုတာ က လည်း အထက်တန်း ကျောင်းသူ ပဲ ။ ဘသာ နဲ့ မကြာခဏ ပြောဆို နှုတ်ဆက် တတ်တယ် ။ ကြာ တော့ လည်း အများ က နှင်းအေး ကို ဘသာ နဲ့ စ ကြတာပေါ့ ၊ စ မယ် ဆို လည်း စ စရာပဲ ။ ဘာလို့လဲ ဆိုတော့ ဘသာ ဟာ မြစ်ဆိပ် က ညောင်ပင်ကြီး မှာ သာ မဟုတ်ဘူး ၊ ရွာ အရှေ့ထိပ် က လက်ပံပင်ကြီး နား ကို လည်း မကြာခဏ တစ်ယောက် တည်း သွား သွား နေတတ် တယ်လေ ။ အဲဒီ လက်ပံပင်ကြီး က နေ လှမ်း ကြည့် ရင် နှင်းအေးတို့ အိမ်ကလေး ဟာ ကြွက်နဖား တောင်ကြီး နောက်ခံ ထားပြီး အတော် လှတာ ။ သေသေချာချာ လှမ်း ကြည့်မယ် ဆိုရင် နှင်းအေး တစ်ယောက် အိမ် ထဲ ဝင်လိုက် ၊ အိမ် ပြင် ထွက်လိုက် နဲ့ ဝေယျာဝစ္စ လုပ် နေတာ ကို မြင်ရမှာ ပေါ့ ။ ဘာပဲ ဖြစ်ဖြစ် ဒီ ကိစ္စတွေ ဟာ အဆန်း မဟုတ်ပါဘူး ။ နှင်းအေး နဲ့ ဘသာ ငြိ သွားမယ် ဆိုရင် ဒါ အဆန်း မှ မဟုတ်ဘဲ ။ နှင်းအေး ကို ကျိတ်ပိုး နေပြီး မစွံ တဲ့ ကောင် တချို့ က လွဲ လို့ ဘသာ နဲ့ နှင်းအေး ကို တစ်ရွာလုံး က သဘော တူ ကြတာပဲ ။ ဆွေဂုဏ် မျိုးဂုဏ် ချင်း လည်း သိပ် ကွာကြတာ မဟုတ် ။ ရုပ်ရည်ချင်း ပညာ အရည်အသွေးချင်း အားလုံး လိုက်ဖက် နေတာ ပဲ မဟုတ်လား ။ သူတို့ ကွယ်ရာ မှာ ရော ၊ သူတို့ ရှေ့ မှာ ရော မသိမသာ တစ်မျိုး ၊ သိသိသာသာ တစ်မျိုး စ နေကြတာပဲ ။ ဘသာ က လည်း မလှုပ် တလှုပ် ၊ နှင်းအေး က လည်း နှုတ်ခမ်းကလေး စူလိုက် ၊ မျက်စောင်းကလေး ထိုး လိုက်နဲ့ ။ တစ်ခါတလေ စ တဲ့ သူတွေ ကို လိုက် ရိုက်မယ့် ဟန် လုပ်လိုက် နဲ့ပေါ့ ။ ဘသာ က တော့ စ တာ နည်းနည်း လွန် လာရင် တစ်နေရာ ထ ထွက် သွား တတ်တာပဲ ။
ကြာ တော့ တစ်ရွာလုံး အားမလို အားမရ ဖြစ်ကြ ရတယ် ။ တချို့ က တော့ လည်း သူတို့ နှစ်ယောက် ဖြစ်နေကြပါပြီ တဲ့ ။ အနေအထိုင် ပိရိ လို့ နေမှာပါ တဲ့ ။ လက်ပူးလက်ကြပ် မိလို မိငြား ချောင်း တဲ့ လူ က လည်း ချောင်း ကြတယ် ။ အထူးသဖြင့် နှင်းအေး တို့ အိမ် နား က လက်ပံပင်ကြီး အောက် ကို ဘသာ သွားပြီး အရှေ့ဘက် ကို မျှော် မျှော် ကြည့်တဲ့ အခါ ပို ချောင်း ကြတယ် ။ ဒါပေမဲ့ အခြေအနေ ဟာ ဘာမှ မတိုးတက်ဘူး လို့ ဘဲ ကောက်ချက် ချ ကြတယ် ။ ဘသာ ဟာ ချောင်းကြည့် ပြုံးပြန် လောက် ပဲ ရှိပါသေး သတဲ့ ။ ညောင်ပင်ကြီး အရှေ့ဘက် က မြစ်ဆိပ် မှာ လည်း အခြေအနေဟာ ပိရိ တယ် ပဲ ပြောရမလို ဖြစ် နေတယ် ။ ဘသာ ဟာ ညောင်ပင်ကြီး အောက် မှာ တစ်ယောက် တည်း ထိုင်ရင်း အရှေ့ဘက် ကို တော့ မျှော်ကြည့်ပါရဲ့ ။ သည် ထက် တော့ ဘာမှ တိုးတက် မလာဘူး ။ နှင်းအေး ရဲ့ သူငယ်ချင်း တစ်စု ပိုပြီး အစ ကြမ်း လာတာ သာ ရှိတယ် ။
နဂါးရုံ ဘုရားပွဲ ချိန် ရောက်ပြီ ဆိုရင် ကြွက်နဖား တစ်ရွာလုံး အပျော် ဆုံး အချိန် ပေါ့ ။ ပွဲဈေးတန်းကြီး လည်း ရှိတယ် ။ ဇာတ်ပွဲ တွေ လည်း ပါတယ် ။ ဆပ်ကပ် ၊ ရုပ်ရှင် … စုံလို့ပါပဲ ။
ဘီအီးဒီအောင်သိုက် ရဲ့ ဇာတ်ရုံ နောက်ဘက် မှာ ဘသာ နဲ့ နှင်းအေး တို့ ချိန်းတွေ့ ကြတယ် လို့ ပြောကြတယ် ။ တချို့ က လည်း အအေးဆိုင် တစ်ဆိုင် မှာ သူတို့ နှစ်ယောက် ကို အတူ တွေ့လိုက် သလိုလို ၊ ချားရဟတ် ကြီး ပဲ အတူ တွဲ စီးကြ သလိုလို သည်လို လည်း ပြောကြတယ် ။ သိပ် တိတိ ကျကျတော့ မဟုတ်ဘူး ။ အားလုံး က လည်း ပွဲတော်ကြီး မှာ ကိုယ့် ကိစ္စ နဲ့ ကိုယ် ရှုပ် နေကြတာ မဟုတ်လား ။ အဲ ... တစ်ခု တော့ ရှိတယ် ။ နှင်းအေး က ဘီအီးဒီအောင်သိုက် ဇာတ်အဖွဲ့ ထဲ က လူရွှင်တော် ဝင်းမောင် နဲ့ စကား ပြော နေတုန်း က အနား မှာ ဘသာ ရှိတာ မှန်တယ် ။ ညတိုင်း လိုလို နှင်းအေး ဘီအီးဒီအောင်သိုက် ဇာတ် ကြည့် တာ လည်း မှန်တယ် ။ လူရွှင်တော် ဝင်းမောင် ဟာ ဘသာ နဲ့ သိတယ် လို့ လည်း ပြောကြတယ် ။
နဂါးရုံ ဘုရားပွဲ လည်း ပြီးရော ကြွက်နဖားရွာ မှာ ပြဿနာ စတော့ တာပဲ ။ ပွဲခင်းကြီး ပျောက် သွားတာ နဲ့ အတူ နှင်းအေး နဲ့ ဘသာ လည်း ပျောက် သွားတော့တာပဲ ။
ဘသာ ဘက် က မိဘတွေ က ဘသာ ကို တော်တော် စိတ်ဆိုး ကြတယ် ။ ဘာလို့ သည်လို လုပ်ရမှာလဲ ။ ကြိုက် ရင် ဖွင့် ပြောကြပေါ့ ။ လူကြီး တွေ က စီစဉ် ပေးမှာပေါ့ ။ ဘာညာပေါ့ ။
နှင်းအေး မိဘ တွေ က ပို ဆိုးတယ် ။ ခုလို ခိုးရာ လိုက် ပြေးတယ် ဆိုတာ ယောက်ျားလေး ဘက် က ဦးဆောင် တာ ဖြစ်ရမတဲ့လေ ။
ဘသာ ရဲ့ ဦးလေး တွေ က တော့ လူလတ်ပိုင်းတွေ မဟုတ်လား ။ တော်တော် လျင် ကြတယ် ။ လိုရင်းက ဘာလဲ ဆိုတာ သိကြတယ် ။ မန္တလေး မှာ ရှိတဲ့ ဘသာ ရဲ့ သူငယ်ချင်း တွေ အိမ် ကို တန်း လိုက် ကြတယ် ။ သူငယ်ချင်း ဆို လို့ ဘသာ မှာ များများစားစား ရှိတာ မဟုတ်ပါဘူး ။ ရွှေဂဲဘွား က ထွန်းဆင့် ရယ် ၊ ဟော့ကုန်း က သန်းမောင် ရယ် ၊ ဒါပါပဲ ။ တစ်နေရာ မဟုတ် တစ်နေရာ မှာ ရှိမယ် ။ သေချာပေါက် တွက် ထားပြီးသားပဲ ။ ဒါပေမဲ့ တကယ့် တကယ် အဲဒီ နေရာတွေ သွား ရှာတော့ ဘသာ တို့ မလာကြပါဘူးတဲ့ ။ သတင်း အစအန တောင် မရခဲ့ကြပါဘူး ။
ဘသာ ရဲ့ အဒေါ်များ က တော့ ရန်ကင်းတောင် အရှေ့ဘက် က အရှေ့တော ကို လိုက် သွား ကြတယ် ။ အဲဒီမှာ လည်း ဘသာ တို့ အမျိုးတွေ ရှိ တယ်လေ ။ ဒါပေမဲ့ အလကား ပါပဲ ။ မတွေ့ခဲ့ကြပါဘူး ။ ဝှက် ထားကြ သလား မေးမိလို့ အမျိုးတွေ အားလုံး ဒေါသတကြီး နဲ့ ရန်တွေ့ လွှတ် လိုက် တာ ခံကြရတယ် ။
ဘသာ ရဲ့ အစ်မတွေ က တော့ မျက်ရည်လည်ရွဲ နဲ့ပေါ့ ။ ဘာပဲ ပြော ပြော သူတို့ မောင်လေး မဟုတ်လား ၊ မျက်နှာငယ် ၊ အားငယ် နေရှာရော့မယ် ဆိုပြီး ဟံသာဝတီ သတင်းစာ ထဲ မှာ ကြော်ငြာ ထည့်ကြတယ် ။ နှစ်ယောက် စလုံး ရောက်ရာ အရပ် က ပြန်လာကြပါပေါ့ ။ အားလုံး ခွင့်လွှတ်တယ် စသဖြင့် ပေါ့ ။ ဒါလည်း ပေါ် မလာကြဘူး ။ အဲဒီမှာ တင် ကြွက်နဖား တစ်ရွာ လုံး အစဉ်းစားရ ကျပ် နေကြတယ် ။ ဓာတ်ရိုက် ၊ ဓာတ်ဆင် ကိစ္စတွေ ရော ၊ နတ်မေး ၊ ဗေဒင်မေး အစုံပေါ့လေ ။ သိတဲ့ အတိုင်းပဲ ၊ ယတြာ တွေ လည်း လုပ်ကြတာပေါ့ ။ ရွာ လူငယ်ပိုင်း တွေက တော့ စိတ်ကူး ကိုယ်စီ ထုတ်ပြော ကြရင်း တဝါးဝါး နဲ့ ပေါ့ ။
ရွာခံ နှဲဆရာ ကိုညွန့် ဆိုတာ က မန္တလေး စိန်မွတ်တား ဝိုင်း မှာ ရှိတယ် ။ သူ ကိစ္စ တစ်ခု နဲ့ ကြွက်နဖားရွာ ကို ပြန် လာတော့ မှ ဇာတ်လမ်း က တစ်မျိုး ပြောင်းပြီး ကျွမ်းထိုး မှောက်ခုံ တွေ ဖြစ်ကုန်တော့ တာပဲ ။ ကိုညွန့် က နှင်းအေး ကို မြင်းခြံ မှာ တွေ့ ခဲ့တယ်တဲ့ ။ ဘီအီးဒီအောင်သိုက် ရဲ့ ဇာတ် ထဲ က လူရွှင်တော် ဝင်းမောင် နဲ့ ခိုးရာ လိုက်ခဲ့တာ တဲ့လေ ။ နှင်းအေး က မင်းသမီး လည်း ဖြစ်ချင်တာ တဲ့ လေ ။
သွားပြီ ၊ ဘသာ တော့ ဆွေးပြီ ။ နှင်းအေး သူများ နောက် ပါ သွားပြီ ။ ဒါပေမဲ့ ဘသာ ဘယ်မလဲ ။ ဘသာ က ဘာကြောင့် ပျောက်သွားရ တာလဲ ။ ကြွက်နဖား တစ်ရွာလုံး အတွေး ကိုယ်စီ နဲ့ ခေါင်းနားပန်း ကြီးကြရပြီ ။
နှင်းအေး တစ်ယောက် ဝင်းမောင် နဲ့ ခိုးရာလိုက် ပြေးတာ ကို သိလို့ ရှက်ရှက် နဲ့ ခြေဦး တည့်ရာ ထွက်သွားတာ လား ။ ဒါမှမဟုတ် ... ဘုရား … ဘုရား … သူ့ အသက် သူ ရန်ရှာ သွားပြီလား ။ ဘသာ အစ်မများ က သတင်းစာ ထဲ ကြော်ငြာ ထပ် ထည့်ကြ ပြန်တယ် ။ လူတွေ လည်း ဖြန့်လွှတ် ပြီး သတင်း စုံစမ်းရင်း ရှာကြ ၊ ဖွေကြတယ် ။
ဘသာ အဒေါ် တွေ က ဆိုရင် ရွာ မှာ ရှိတဲ့ ရေတွင်း ၊ ရေကန် တွေ မှာ သွား ရှာကြတယ် ။
ဘသာ ရဲ့ ဘကြီး များ က တော့ ဒုဋ္ဌာဝတီမြစ် အောက်ပိုင်း တွေ မှာ စုံစမ်းကြတယ် ။ လိုအပ်ရင် တံငါပိုက် တွေ နဲ့ ဆွဲပြီး ရှာဖို့ တောင် ပြင်ဆင် ကြတယ် ။
ကြွက်နဖား တစ်ရွာလုံး ဘသာ နဲ့ ပတ်သက်လို့ တွေး ကြတယ် ။ ထင်ကြေး အမျိုးမျိုး ပေး ကြတယ် ။ ဒါပေမဲ့ သူတို့ အားလုံး တွေးကြတာ နဲ့ ဘာမှ မဆိုင်တဲ့ ကိစ္စတွေ က ကြွက်နဖားတောင် ပေါ် မှာ ဖြစ် နေတယ် ။
ဘသာ တစ်ယောက် ကြွက်နဖားတောင်ကြီး ကို ကြည့် ကြည့်နေခဲ့ တာ ကြာပြီ ။ တခြား တောင်တွေ နဲ့ မတူဘဲ ဘာကြောင့် ထူးထူးခြားခြား ကြီး ရပ်တည် နေခဲ့တာလဲ ။ နဂါးရုံ ဘုရားပွဲ ပြီးတဲ့နေ့ က တော့ ဘသာ မနေနိုင် တော့ဘူး ။ ပြောနေ ကြာတယ် ၊ ကိုယ်တိုင် တက် ကြည့် လိုက်တာ ကောင်း တယ် ။ ဟုတ်တယ် ။
တောင်ကြီး ပေါ် ကို တစ်ယောက် တည်း တက် ခဲ့တော့ တောင်ပေါ် မှာ တကယ် ထူးခြားတာပဲ ။ ထူးခြားလွန်း လို့ ရက်တွေ တောင် ကြာ လာပြီ ။ ဘယ်လို ထူးခြားတယ် ဆိုတာတော့ ဘသာ ကို မေးကြည့် မှ သိမှာ ပေါ့ ။ ဒါမှ မဟုတ်လည်း ကိုယ့် ဟာ ကိုယ် တက် ကြည့်ကြပေါ့ ။
ရွာ မှာ ဖြစ်ပျက် နေကြတာ ကို ဘသာ က တော့ ဘာမှ မသိပါဘူး ။ သိအောင် လည်း စဉ်းစား နေဟန် မတူပါဘူး ။ ကဲ .. မခက်ဘူးလား ။
◾ဝင်းဖေ
📖 ဝင်းဖေ ၏ ဝတ္ထုတိုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment