အမှန်က တော့ စဉ်းစားချင် ပါတယ် ။ အသက်အရွယ် က လဲ စကား ပြော လာတယ် ။ နှစ်ဆယ် ဆိုတဲ့ အရွယ် ဟာ မငယ်တော့ဘူး လို့ ထင် လာတယ် ။ အိမ်ထောင်ရေး ကိစ္စ ကို စဉ်းစား မယ် ဆိုယင် သည် အရွယ် မှာ စဉ်းစားထိုက်ပြီ လို့ လဲ ယူဆ လာတယ် ။
လွန်ခဲ့တဲ့ သုံးနှစ် လောက် တုန်း က လဲ မအေးနု တကြိမ် ကြုံခဲ့ဖူးပါတယ် ။ တယောက် သော ယောက်ျားပျို က အခု လို ပဲ ဇွဲရှိရှိ နဲ့ လိုက် ချဉ်းကပ် ခဲ့ ဖူးတယ် ။ အဲသည်တုန်း ကတော့ ဘာဖြစ်လို့ လဲ မသိဘူး ။ သိပ် စိတ်မဝင်စား မိဘူး ။ အဲသည် လူ ကို လဲ စိတ် မဝင်စား မိဘူး ။ အချစ်ရေး ကိစ္စ ၊ အိမ်ထောင်ရေး ကိစ္စ ကို လဲ စိတ် မဝင်စား မိဘူး ။
အဲသည်တုန်း က အဖေ ရှိသေးတယ် ။ တနေ့ အဲသည် လူ လိုက် စကား ပြော တာ ကို အဖေ ကိုယ်တိုင် မြင် သွားတယ် ။ အဖေ က တောင် မှ နောက် သေးတယ် ။ ....“ သမီး ရဲ့ လူ က အချော သားပဲ ၊ သူ က ဘယ်ကလဲ ၊ ဘယ်သူ့ သားလဲ ၊ ဖေဖေ လိုက် ကြောင်းလမ်း ပေးရတော့ မလား ” .... တဲ့ ။
အဖေ့ သဘော ထား ကို မအေးနု သိပါတယ် ။ အဖ အနေ နဲ့ ကတော့ မအေးနု ဘယ်သူ့ ကိုပဲ ကြည်ဖြူ ကြည်ဖြူ သဘောတူ မှာပဲ ။
ဒါပေမယ့် အဲသည်တုန်း က မအေးနု ရဲ့ အသက် က ဆယ်ခြောက်နှစ် သာသာ ပဲ ရှိ သေးတယ် ။ ဒါ့ကြောင့်လဲ ကိုယ် ကို ယောက်ျား တယောက် က ရည်းစား စကား လိုက် ပြောတယ် ဆိုတော့ ပျော်တာ တခု ပဲ ရှိတယ် ။ ကျေနပ်တာ တခုပဲရှိ တယ် ။ အဲ .... နည်းနည်းတော့ စိတ် ပြောင်း မိတယ် ထင်တယ် ။ ကိုယ့် ကိုယ် ကို အရွယ် ရောက်ပြီ ဆိုတာ ကို သိ လာတယ် ။ ပိုပြီး လှချင် ပချင် လာတယ် ။ လှလှပပ ဝတ်ချင် ဆင်ချင် လာ တယ် ။ ဒါ့ကြောင့်လဲ ကိုယ့် ကိုယ် ကို သိသိသာသာ ပိုပြီး အလှ ပြင် လာတယ် ။ ပြင်လဲ ပြင်တတ် လာတယ် ။ ဆင်လဲ ဆင်တတ် လာတယ် ။ ပြောရမယ် ဆိုယင် နည်းနည်းလဲ စိတ်ကြီး ဝင် လာတယ် ။
စိတ်ကြီး ဝင်တယ် ဆို တာ က ငါ လှတယ် ၊ ငါ့ ကို ကြိုက်တဲ့ လူ ရှိတယ် ၊ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး ဆိုတဲ့ မာန မျိုး မဟုတ်ပါဘူး ။ ငါ အရွယ် ရောက် လာပြီ ၊ ငါ အပျို ဖြစ်လာပြီ ဆိုတဲ့ စိတ်ကြီး ဝင်တာမျိုး သာ ဖြစ်တယ် ။ ဒါပေမယ့် စဉ်းစား စရာ လိုပြီ လို့ တော့ မယူဆမိဘူး ။ စိတ် မလှုပ်ရှားဘူး မဟုတ် ပါဘူး ။ လှုပ်ရှားပါတယ် ။ ဒါပေမယ့် ကိုယ့် ကိုယ် ကို ငယ် သေးတယ် ဆိုတာ လဲ သိတယ် ။ အိမ်ထောင် ပြုဖို့ စောသေး တယ် ဆိုတာလဲ နားလည်တယ် ။
ဒါကြောင့် စိတ် လှုပ်ရှား ပေမယ့် မစဉ်းစားခဲ့ဘူး ။ ရင် ထဲ မှာ ပဲ ထားခဲ့တယ် ။ ခေါင်း ထဲ မထည့်ခဲ့ဘူး ။
မှန်တာ ကို ဝန်ခံရယင် အဲသည်လိုမျိုး အတွေ့အကြုံ အဲသည် တခါပဲ ရှိခဲ့ဖူးပါတယ် ။ ကိုယ် က ပဲ မလှလို့လား ။ အခြေအနေ က ပဲ မပေးလို့လား တော့ မပြောတတ်ဘူး ။
တခုတော့ ရှိတာပေါ့လေ ။ မအေးနု တို့ ရဲ့ ( စီ ) ရုံ ဆိုတာ က တရားစာအုပ်တွေ အများဆုံး ရောင်းတဲ့ ရုံ ။ အထည်ဆိုင် အနည်းအကျဉ်း ပဲ ရှိတယ် ။ ပြီးတော့လဲ မိန်းမပျို အလှအပ ကလေးတွေ သိပ် မရှိဘူး ။ အထည်တန်း ဖြစ် တဲ့ ( အိုင် ) ရုံ တို့ ၊ ရွှေဆိုင်တန်း ဖြစ်တဲ့ ( အီး )ရုံ တို့ လို ယောက်ျားကလေး တွေ ဝေ့ ချင် စရာ ၊ ရစ် ချင် စရာ ၊ ဆွဲဆောင်မှု က လဲ မရှိဘူး ။ ဆိုပါတော့ ။ ချောင် ကျတယ် ။
နေရာ ကြောင့် ဖြစ်ရတယ် လို့ ကိုယ့် ကိုယ် ကို နှစ်သိမ့် တာ တော့ မဟုတ်ပါဘူး ။ ကိုယ် မလှတာ ကလဲ ပါ ပါလိမ့်မယ် ။ တကယ်တမ်း သာ ကိုယ် ရုပ်ရည် ကလဲ ငေး ကြည့် ရ လောက် အောင် လှ နေမယ် ဆိုယင် လူ့ သတင်း လူချင်း ဆောင် ကြ မှာ ပေါ့ ။ မဟုတ်ဘူးလား ။
အဲသည်တုန်း က လဲ အဲသည် လူ က လမ်း မှာ တွေ့တာ မဟုတ်ပါဘူး ။ ဆိုင် ရှေ့ က ဖြတ် အလျှောက် မှာ မြင်သွားတာ ထင်ပါရဲ့ ။ နောက်တော့ နေ့စဉ် ရက်ဆက် ဆိုင် ရှေ့ က ဖြတ် လျှောက် တော့တာပဲ ။
ဇွဲကောင်း ပါတယ် ။ နှစ်ခါ သုံးခါ လား ပဲ မသိဘူး ။ လိုက် စကား ပြောတယ် ။ အဲသည်လို လိုက် စကား ပြောတာ ကို တခါ မှာ အဖေ မြင် သွားတာပေါ့ ။ စာ တော့ မပေးဘူး ။ ဒါပေမယ့် အဲသည် လူ က ဘာလဲ မသိဘူး ။ ကျောင်းသား ပဲ ဖြစ်ပါလိမ့်မယ် ထင်ပါရဲ့ ။ နေ့ခင်း ဘက် ကျောင်း နားချိန်ကလေး လောက် မှာ တခေါက် ၊ ညနေဘက် ကျောင်း ဆင်းချိန် မှာ တခေါက် ၊ ခဏ ပဲ လာလေ့ ရှိတယ် ။ ဆိုင် ရှေ့ က ဖြတ် လျှောက် တယ် ဆိုယင်လဲ စက်ဘီးကလေး ကို တွန်းပြီး တခေါက် လောက် ဖြတ် လျှောက်တာပဲ ။ ဒါတောင် ဆိုင် မှာ အဖေ ထိုင် နေယင် ဆိုင် ဘက် ကို သူ ကောင်းကောင်း မကြည့်ရဲဘူး ။
သည်လို နဲ့ ပြီး သွားတာပဲ ။ နှစ်လ သုံးလ လောက် တော့ ကြာလိမ့်မယ် ထင်ပါရဲ့ ။ သူ့ ဘက် က ဝတ္တရား မပျက် ကြိုးစား ချဉ်းကပ် ရှာပါတယ် ။ ဒါပေမယ့် မအေးနု က ဘာ အဖြေ မှ မပေးခဲ့ဘူး ။ ဖြူ တယ်လဲ မပြောခဲ့ဘူး ။ မည်း တယ်လဲ မပြော ခဲ့ဘူး ။ စကား လဲ တခွန်း မှ ပြန် မပြောခဲ့ဘူး ။ သည်လိုပဲ မသိလိုက် မသိဘာသာ နေလိုက်တာပဲ ။
အေးလေ ... ဖူးစာ မပါလို့ ပဲ ဖြစ်မှာပေါ့ ။ တချို ဆယ်ငါးနှစ် ဆယ့်ခြောက်နှစ် နဲ့ လဲ ခိုးရာ လိုက် ပြေး နေတတ် ကြတာပဲ ။ မအေးနု လဲ အဲသည်တုန်း က ဆယ်ခြောက်နှစ် ပြည့် ပြီး ပါပြီ ။ လိုက်ချင် သပ ဆိုယင် လိုက်နိုင်တာပဲ ။ မိုက်ချင် သပ ဆိုယင်လဲ မိုက်နိုင်တာပဲ ။
အခုတော့ ဘယ့်နှယ် ဘယ့်နှယ် ကိုယ့် ထက် အသက် လေးနှစ် လောက် ကြီးတဲ့ သည် လူကြီး ကို မှ ပြန် ကြိုက်မိတယ် မပြောတတ်ဘူး ။
သည် လူကြီး မှာ က စိတ်ဝင်စားစရာ လဲ ဘာမှ မရှိပါဘူး ။ နာမည်ကြီး ကို က လဲ ကြည့်ဦး လေ ။ ဘဂျမ်း တဲ့ ။ ဘယ်လို နာမည်ကြီး မှန်းလဲ မသိဘူး ။ တောသား လိုလို ။ ဘုန်းကြီးကျောင်းသား လိုလို ။
ဒါပေမယ့် ရုပ်ရည် က တော့ မဆိုးပါဘူး ။ ကိုယ် ထင် ခုတင် ရွှေနန်း မို့ ပြောတာ မဟုတ်ပါဘူး ။ ကိုဘဂျမ်း ကို ကြည့် ရတာ က ရိုးသားပုံ ရတယ် ။ အေး ပုံ လဲ ရတယ် ။ ညှာတာ တတ် ပုံ လဲ ရတယ် ။
မအေးနု ရဲ့ နောက် ကို လိုက်ပြီး စကား ပြောတဲ့ အခါမှာ ပဲ ကြည့်လေ ။ သိမ်သိမ်မွေ့မွေ ကလေး ။ ချိုချိုသာသာကလေး ။ သူ့ မှာ ဖုတ်ပူမီးတိုက် ၊ တက်သုတ်ရိုက် ပြောတာမျိုး လဲ မရှိ ဘူး ။ စကား ပြောလက်စ မပြတ်သေးပဲ နဲ့ မအေးနု က လမ်း ခွဲ ပြီး ထွက်လာခဲ့ယင် လဲ ...... ‘ နေပါဦး ’ မတောင်းဆို ပဲ နေရစ်ခဲ့ တာပဲ ။
ပြီးတော့ တပူဆာဆာ လဲ မလုပ်ဘူး ။ မအေးနု လဲ အပေါင်းအသင်းတွေ က တဆင့် ကြားဖူးပါတယ် ။ ယောက်ျား ဆိုတာမျိုး က တဘက် က နည်းနည်းပါးပါး လိုက်လျောဟန် ပြ လိုက်တာ နဲ့ တပြိုင်နက် ကမ်းတက် လာ တတ်ကြ သတဲ့ ။ မေတ္တာ တုံ့ပြန်ပြီ ဆိုယင်လဲ ချစ်ပါတယ် ဆိုတဲ့ စကား ကို သိပ် ကြားချင်တတ်ကြ သတဲ့ ။ အဲသည်က နေမှ တဆင့် တက်ပြီး နှစ်ယောက် တည်း နှစ်ယောက် ချင်း လွတ်လွတ်လပ်လပ် တွေ့ရ အောင် ချိန်းတတ်ကြ သတဲ့ ။
သည် ကိုဘဂျမ်း ဆိုတဲ့ လူကြီး က တော့ သည်လို မဟုတ် ပေါင် ။ သူ က ဖွင့် ပြောပြီး ကတည်းက သူ့ ကို ပြန် ကြိုက်ပြီး သား လို့များ အောက်မေ့ ထားသလား မပြောတတ်ဘူး ။ ဘာမှလဲ ပြန် မေးမနေဘူး ။ ဘာမှလဲ ပြန် ပြောပြဖို့ မတောင်းဆိုဘူး ။ ဘာမှလဲ မပူဆာဘူး ။ သူ ပြောချင်တာ တွေ ကို ပဲ လိုက်ပြီး ပြောတာပဲ ။
ကိုဘဂျမ်း မှာ ချီးမွမ်းစရာ ကောင်းတာ တခု လဲ ရှိသေး တယ် ။ မအေးနု ဘယ် အချိန် မှာ ပဲ ဆိုင် က သွားသွား ၊ မလွယ်ပေါက် ကြား ထဲ ရောက်တာ နဲ့ ကိုဘဂျမ်း နဲ့ ပက်ပင်း တွေ့ တာပဲ ။ သူ့ ဆိုင် မှာ မှ သူ ထိုင်ရဲ့လား မပြောတတ်ဘူး ။ အချိန် ရှိသရွေ့ သည် လမ်းကြား ထဲ က “ ကျော်လှိုင် ” လက်ဖက်ရည် ဆိုင် မှာ ချည်း လာ ထိုင်စောင့် နေသလားလဲ မပြောတတ်ဘူး ။ မအေးနု အမျိုးမျိုး စမ်း ကြည့်ခဲ့ဖူးတယ် ။အချိန်တွေ ပြောင်းပြီး ထွက် ကြည့်ခဲ့ဖူးဘယ် ။ မလွတ်ပါဘူး ။ ရှေ့ က ကြို စောင့်နေ တာ ကို မတွေ့ရယင် တောင် ၊ နောက်ပြန် လှည့် ကြည့်လိုက်ယင် သူ လိုက်လာတာ ကို တွေ့ရတတ်တာပဲ ။ လွှဲတယ်ရယ် လို့ တခါမှ မရှိဘူး ။
ကြာတော့လဲ မအေးနု သနား လာ မိတယ် ။ မလွတ်မယ့် အတူတူ တော့ သူ့ ခမျာ လဲ အချိန် မကုန်ပါစေနဲ့ တော့ ။ တနေ ကုန် ထိုင်စောင့် နေရတယ် ဆိုတာ နည်းတဲ့ ဒုက္ခ မှ မဟုတ်ပဲ ။ ပြီးတော့လဲ သူ့ အလုပ် က ရှိသေးတယ် ။ ကိုယ့် အတွက် နဲ့ သူ့ အလုပ် ပါ ထိခိုက်နစ်နာရယင်လဲ မကောင်းဘူး မဟုတ်လား ။
နောက်ပြီးတော့ ကိုဘဂျမ်း ရိုးသားတာ က သူ့ ဘဝ ကို အမှန်အတိုင်း ဖွင့် ပြောပြထားတယ် ။ သူ့ မှာ မိဘ မရှိဘူး ဆိုတာ တို့ ၊ သည် ပိုးထည်ဆိုင် က လဲ သူ နဲ့ ဘာမှ မပတ်သက်ဘူး ဆိုတာ တို့ ၊ သူ့ ဘဝ က သား အရင်း လဲ မဟုတ် ၊ အလုပ်သမား သက်သက်လဲ မဟုတ် ဆိုတာတို့ ၊ အိတ်သွန်ဖာမှောက် အကုန် လုံး ဖွင့် ပြောပြထားဘယ် ။ မအေးနု က မမေးပဲနဲ့ ကို အစောကြီး ကတည်း က ကြိုတင် ဖွင့် ပြောပြ ထားတယ် ။
သည်တော့လဲ ကိုဘဂျမ်း ကို ငဲ့ညှာသင့်တယ် လို့ မအေးနု တွေးမိတယ် ။
ဘာပဲပြောပြာ ဆိုင် ဘက် မှာ သိပ်ပြီး တော့ ဝတ္တရား ပျက်ကွက် လာ ယင် ကိုဘဂျမ်း အငြို ငြင် ခံရနိုင်တယ် ။ အလုပ် မှာ ထိခိုက်လာ နိုင်တယ် ။ ကိုယ့် အတွက် နဲ့ လူ တဘက်သား မှာ ထိခိုက် နစ်နာမယ် ဆိုယင် ဘယ် ကောင်းပါ့မလဲ ၊ မအေးနု စဉ်းစားမိတယ် ။
စဉ်းစားမိတဲ့ အတွက် လဲ မအေးနု ဆင်ခြင် လိုက်တယ် ။ ဆိုင် က ထပြီး အပြင် ထွက်မယ်ဆိုယင် အချိန်မှန် ပဲ ထွက် တော့ တယ် ။ နေ့ခင်း ဘက် မွန်းတည့်ချိန် လောက် မှာ တကြိမ် ထွက် တယ် ၊ ညနေဘက် သုံးနာရီ လောက် မှာ တကြိ မ်ထွက်တယ် ။ သည် နှစ်ကြိမ် ပဲ ထွက် တော့တယ် ။
ဟုတ်တယ်လေ ။ သနားစရာ ကောင်းတာ က တကြိမ် မှာ ဆိုယင် ကိုဘဂျမ်း က လက်ဖက်ရည်ဆိုင် မှာ ထိုင်ခါစ ။ လက်ဖက်ရည် လဲ မှာပြီး ခါ စ ။ လက်ဖက်ရည်ပန်းကန် သူ့ ရှေ့ ရောက် ခါစ ။ စားပွဲထိုး က လက်ဖက်ရည်ပန်းကန် လာ ချတာ ကို မအေးနု ကိုယ်တိုင် မြင်လိုက်တယ် ။ ဒါပေမယ့် မအေးနု ကို မြင်လိုက်တယ် ဆိုတော့ ကိုဘဂျမ်း လက်ဖက်ရည် သောက် နေချိန် မရတော့ဘူး ။ လက်ဖက်ရည်ခွက် ကို သည် အတိုင်း ပစ်ထား ခဲ့ရတယ် ။ မအေးနု ရဲ့ နောက် ကို လိုက်လာ ခဲ့ရတယ် ။ မအေးနု စိတ် မကောင်းပါဘူး ။ ပြီးအောင် သောက်လိုက်ပါဦးလေ လို့ လဲ ပြောလိုက်ချင်ပါရဲ့ ။ ဒါမှမဟုတ် ရပ်ပြီးတော့ စောင့်နေလိုက်ချင်ပါ ရဲ့ ။ ဒါပေမယ့် သူ နဲ့ ကိုယ် နဲ့ က ဘာမှလဲ ဟုတ်ကြသေးတာ မဟုတ် ။ အသိအကျွမ်း သဘောမျိုး နဲ့ ကို အပြန်အလှန် စကား ပြောဖူးကြ သေးတာလဲ မဟုတ် ၊ ပြီးတော့လဲ လက်ဖက်ရည်ဆိုင် ဆိုတာ က မိန်းမပျိုကလေးတွေ ထိုင်အပ်တဲ့ အရပ် မဟုတ် ။ ဘာ တတ်နိုင် မှာလဲ ။ အားနာပေမယ့် ဣန္ဒြေ မပျက် ဆက် လျှောက် ခဲ့ရတယ် ။
စိတ် မကောင်းစရာ ကောင်းတာ က သူ့ ခမျာ လက်ဖက်ရည် မှာ ပြီး မှ မသောက်ရရုံ တွင် မကဘူး ။ အဲသည်တုန်း က သူ့ ခြေထောက် မှာ ကလဲ ပတ်တီး နဲ့ ။ လမ်း လဲ ကောင်းကောင်း မလျှောက်နိုင်ဘူး ။ ထော့နင်း ထော့နင်း နဲ့ ။ ယက်ကန်းရုံ မှာ စက် နဲ့ ခိုက်မိတယ် ပြောတာပဲ ။ မအေးနု က မေးတာ မဟုတ် ပါဘူး ။ စကား ပြောဖူးလက်စ ရှိတာ မဟုတ်ပဲ နဲ့ ဆိုတော့ ကိုယ် က စပြီးတော့ လဲ မေးဖို့ မရည်ရွယ်ပါဘူး ။ ကိုဘဂျမ်း က ထုံးစံ အတိုင်း သူ့ နေ့စဉ်မှတ်တမ်း ကို သူ ပြန် ပြောပြတာပါ ။ နာတာ က တော့ တော်တော် နာ နေတဲ့ ပုံပဲ ။ မအေးနု နှုတ် က ဖွင့် မမေးပေမယ် ကိုဘဂျမ်း ရဲ့ ခြေထောက် ကို တော့ မသိမသာ လှမ်း ကြည့် လိုက်မိတယ် ။ ဟုတ်တယ် ၊ ခြေဖမိုးတွေ လဲ ရောင် နေတယ် ။
ခက်တာ က ကောင်းကောင်း ထောက်နိုင်တာလဲ မဟုတ်ပဲ နဲ့ ။ တနေ့တလေ မလိုက်ပဲ နေပါ့လား ။ လိုက်လာတတ် ဆိုယင် လဲ ဆယ်လှမ်း ဆယ့်ငါးလှမ်း လောက် ပဲ လိုက်ပြီး ၊ ခွင့် တိုင်တဲ့ သဘော နဲ့ အကျိုးအကြောင်း ပြောပြ နေရစ်ခဲ့ပါ လား ။ အခုတော့ မဟုတ်ဘူး ။ ထုံးစံအတိုင်း လမ်းဆုံး ၊ ဈေးရုံ နား အထိ လိုက်တယ် ။ လိုက်တယ် ဆိုပေမယ့် လူ သာမန် လို လိုက်နိုင်တာ မှ မဟုတ်ပဲ ၊ သည်တော့ မအေးနု ဒုက္ခ ရောက် တာပေါ့ ။ သူ့ ကို စောင့် ခေါ်ရမှာ လဲ အခက် ။ ဖြည်းဖြည်း မလျှောက်ပဲ ပုံမှန် လျှောက်ပြီး ထွက်သွားရမှာ လဲ အခက် ။ တွဲပဲ တွဲ ခေါ်ရတော့ မလိုလို ၊ နှုတ် က ဖွင့်ပြီး နေရစ်ခဲ့ပါလို့ ပဲ ပြောရတော့ မလိုလို ။
ဒါပေမယ့် သည် ကောင် မက လဲ အသုံး မကျပါဘူး ။ ကိုယ့် ခြေလှမ်းတွေ ကို ကိုယ် ချုပ်ပြီး သူ လိုက်နိုင်အောင် စောင့် လျှောက်မိတယ် ။
သည်ကတည်း က ဘယ် ကောင်းတော့မှာလဲ ။ ချစ်ပါတယ် လို့ တရားဝင် ပြန် ဖွင့် မပြောသေးပေမယ့် ၊ ကိုယ် ကိုယ်တိုင် က သူ့ ဘက် ပါ နေပြီ ဆိုတာ သူ ရိပ်မိတော့မှာပေါ့ ။ ပြီးတော့လဲ နေရာ က ဈေးချို ။ အချိန်က မွန်းတည့်ချိန် ။ ညနခင်း မှောင်စပျိုး ချိန် မှာ ကျုံးနံဘေး လေညင်းခံ လမ်းလျှောက် နေတာ မဟုတ်ဘူး ။
ဘယ်မှာ မမြင်ပဲ နေကြပါ့မလဲ ။ ဘယ်မှာ မပြောပဲ နေကြပါ့မလဲ ။ ဘေးလူ တွေ ရိပ်မိကုန် ကြတာပေါ့ ။
အဲဒါလဲ ပါတယ် ဆိုပါတော့ ။ မထူးတော့ပါဘူး ဆိုပြီး ဖွင့် ပြောလိုက်ရတယ် ။ ပြောတော့ မပြောချင်ပါဘူး ။ မိန်းမပျိုကလေး တယောက် အနေ နဲ့ ချစ်ပါတယ် ဆိုတဲ့ စကားမျိုး ကို နှုတ် က ဖွင့် ပြောရတာ ရှက်စရာကြီး ။ သူ က မရမက မေး နေလို့ ၊ ကိုယ် က ခေါင်း ညိတ်ရုံ ညိတ်ပြရတယ် ဆိုယင် တော်သေးတယ် ။ အခုတော့ ကိုဘဂျမ်း ပွ သွားတာပေါ့ ။ စကားပြန် ရသွားတယ် ။
ဒါပေမယ့် ကိုဘဂျမ်း က လဲ ဇွဲကောင်းတယ် ။ ခြေထောက် က ဒဏ်ရာ ကြောင့် ဆိုင် ကို မလိုက်ပဲ တိုက် မှာ ပဲ နေရစ်ခဲ့ဖို့ ပြောတာတောင် မနေရစ်ခဲ့ဘူး ။ ဆရာဝန် က သည် ရက်ပိုင်း အတွင်းမှာ ခြေထောက် ကို မလှုပ်ရှားပဲ အနား ပေး ထားဖို့ ပြောတာလဲ မလိုက်နာဘူး ။ မအေးနု ကို တနေ့ မမြင်ရယင် တနေ့ မနေနိုင်ဘူး ဆိုတဲ့ ဆုံးဖြတ်ချက် နဲ့ လိုက်လာခဲ့တယ်လို့ ပြန် ပြောတယ် ။
ဟုတ်သလား မဟုတ်သလား တော့ မပြောတတ်ဘူး ။ ဟုတ်တော့လဲ ဟုတ်လောက်ပါတယ်လေ ။ လမ်း မှ ကောင်းကောင်း မလျှောက်နိုင်တာပဲ ။ ဒါပေမယ့် ဘာပဲ ပြောပြော မအေးနု အဖို့တော့ ကြည်နူး ကျေနပ်ရတာပေါ့ ။ အဲသည် ကတည်း က ဆိုပါတော့ ။ မအေးနု က လဲ တုံ့ပြန် စကား ပြောမိတယ် ။
မအေးနု အပြင် ထွက်ချိန် ကို လဲ သတ်မှတ်လိုက်တယ် လေ ။ တနေ့ နှစ်ကြိမ် တွေ့ ကြရတယ် ။ စကား ပြောကြရတယ် ဆိုယင် တော်ပြီပေါ့ ။ ကျေနပ်သင့်ပြီပေါ့ ။ ကိုဘဂျမ်း လဲ ဆိုင် မှာ အလုပ် မပျက်စေနဲ့ ။ အငြိုငြင် မခံနဲ့ ။
ကိုဘဂျမ်း က လဲ ကျေနပ်ပါတယ် ။ မအေးနု ရဲ့ မေတ္တာ ကို ရပြီ ဆိုတော့ လဲ ကိုဘဂျမ်း ကျေနပ် နိုင်ပါတယ် ။
ကိုဘဂျမ်း ပျော်လဲ ပျော်တယ် ။ ပျော်တဲ့ အလျောက်လဲ ပထမ မခင်မမ ကို ဖွင့်ပြောတယ် ။ နောက် ဒေါ်ဒေါ်ခင် နဲ့ ဒေါ်ဒေါ်တင် တို့ ကို လဲ ဖွင့် ပြောပြလိုက်တယ် ။ သူတို့ က မှ တဆင့် ဦးလေးကျော်စွာ ကို သိစေတယ် ။
ဦးလေး ကျော်စွာ သိပြီ ဆိုတော့ တည မှာ ဦးလေး ကျော်စွာ က သူ့ ကို ဖွင့် မေးတယ် ။ မင်း ဘယ်လို လုပ်ချင်သလဲ တဲ့ ။ အိမ်ထောင် ပြုတာကတော့ ဟုတ်ပါပြီ ။ ကြောင်းလမ်း ပေးဖို့ ကိစ္စ ၊ လက်ထပ်ပေးဖို့ ကိစ္စ ကတော့ သူ့ တာဝန် ထား ။ သူ တာဝန် ယူပြီး စီစဉ် ဆောင်ရွက်ပေးမယ် ။ ဒါပေမယ် လက်ထပ် ပြီး တဲ့ နောက်ပိုင်း မှာ ဘယ်လို လုပ်လဲ ။ သည်မှာ ပဲ ဆက် နေမလား ။ အမျိုးသမီး ကို ပါ ခေါ်ထား မလား ။ အလုပ် လုပ်တော့ ကော သည် အတိုင်းပဲ ဆက် လုပ် နေမလား ။
သူ့ သဌေး ဦးလေးကျော်စွာ ရဲ့ သဘောထား က တော့ ပြတ်တယ် ။ သည်မှာပဲ ဆက် နေစေချင်တယ် ။ အမျိုးသမီး ကို သည်မှာ ခေါ်ထားချင်တယ် ဆိုယင်လဲ လက်ခံမယ် ပြောတယ် ။ တိုက်ဘေး က မော်တော်ကား ထား တဲ့ ရုံ ကို အပေါ် ထပ် တထပ် ထပ် လုပ်လိုက်မယ် ။ အဲသည် အပေါ်ထပ်ကလေး မှာ လွတ်လွတ်လပ်လပ် နေကြ ။ လက်ရှိ မော်တော်ကားရုံ ဆိုတာ က လဲ တိုက်မကြီး နဲ့ ဆက် နေတဲ့ အတွက် တိုက်ပါပဲ ။ ဒါပေမယ့် အခုတော့ ကားရုံ ရဲ့ အပေါ် မှာ လသာဆောင် လုပ် ထားတယ် ။ အဲ့သည် လသာဆော င်ကို နောက်ထပ် တထပ် အုတ် တက်ပြီး အဆောင် လုပ်ပေးမယ့် သဘောပါပဲ ။ မဆိုး ပါဘူး ။ နေပျော်ပါတယ် ။
ပြီးတော့ စားရေးသောက်ရေး နဲ့ ပတ်သက်လို့ လဲ အိုး မခွဲပဲ အတူတူ စားဖို့ ပြောဘယ် ။ ဦးလေးကျော် ပြောတာလဲ မှန်တယ် ။ သူတို့ အိမ် က စားအိုး မှာ လူ တယောက် တိုး လာလို့ ဘာမှ ထူးခြား မသွားဘူး ။ ပိုပြီး ကုန်ကျစရာ အကြောင်း လဲ မရှိ ဘူး ။ လူ နှစ်ဆယ်ကျော် စား နေတဲ့ စားအိုး ပဲ ။ အဲ ... နောက် တခုလဲ ပြော သေးတယ် ။ သား နဲ့ မယား နဲ့ ဖြစ်လာတဲ့ အခါမှာ ကိုယ်ပိုင် သုံးဖို့စွဲဖို့ ဆိုတာလဲ လိုလာလိမ့်မယ် တဲ့ ။ အဲသည် အတွက် လဲ လခ သဘောမျိုး နဲ့ တရာ့ငါးဆယ် ပေးမယ် လို့ ဆိုတယ် ။
ဘာပဲ ပြောပြောလေ ။ နေစရာ လုပ်ပေးမယ် ဆိုတာ ကလဲ ကုန်ဦးမယ် ။ လက်ထပ် ပေးမယ် ဆိုတာ ကလဲ ကုန်ဦးမယ် ။ သည်ထက် ဘယ် ကောင်းနိုင်ပါ့မလဲ ။
ပြီးတော့လဲ ဒေါ်ဒေါ်ခင် ရော ဒေါ်ဒေါ်တင် က ပါ သည် အိမ် မှာ ပဲ ဆက် နေကြစေ ချင်တယ် ။ ဆိုင် မှာ လဲ ဆက်ပြီး တော့ လုပ်နေစေ ချင်တယ် ။ ဆိုင် မှာ ယောက်ျား တယောက် က တော့ ရှိ ကို ရှိနေသင့်တယ် လို့ ယူဆကြတယ် ။ အနေက ကြာ လာတော့ သံယောဇဉ် က လဲ တူ သား တယောက် လို ဖြစ်နေပြီလေ ။
မတားမြစ် ကောင်းလို့သာ မတားမြစ်တာ ကိုး ။ အချိန် တန် အရွယ် ရောက် လို့ သူ့ သဘာဝ နဲ့ သူ အိမ်ထောင် ပြုတယ် ဆိုတော့လဲ ဘယ် တားမြစ်ဖို့ သင့်ပါ့မလဲ ။ ဒါပေမယ့် အမှန် အတိုင်း ပြောရမယ် ဆိုယင်တော့ လဲ ကိုဘဂျမ်း ကို အိမ်ထောင် မပြုစေချင်ဘူး ။ လူရင်း တယောက် လက်လွှတ် ဆုံးရှုံးလိုက် ရ မှာ နှမြောတယ် ။
ခက်တာက အမျိုးသမီး ရဲ့ ဘက် က အခြေအနေ ကို စုံစမ်း ကြည့် ကြ ပြန် တော့လဲ အဲသည် အမျိုးသမီး အနေ နဲ့ ကိုဘဂျမ်း နောက် ကို လိုက်လာနိုင်ဖို့ ဆို တာ မလွယ်ပါဘူး ။
ဘာပဲပြောပြော အဲသည် အမျိုးသမီး အနေ နဲ့ က သူတို့ မိသားစု စီးပွားရေး လုပ်ငန်း မှာ ဦးစီးဦးကိုင် သဘောမျိုး ဖြစ် နေတယ် ။ ပြီးတော့ သားသမီး တွေ ထဲ မှာ လဲ အကြီးဆုံး ဖြစ်တယ် ။ အငယ်တွေ ရဲ့ အနာဂတ် ကို တာဝန် ယူ ဖို့ ကလဲ ရှိသေးတယ် ။ လက်တွေ့ ခေါင်းဆောင်ပြီး စီးပွားရေး လုပ်နေရ တဲ့ သမီး အကြီးဆုံး တယောက် အနေ နဲ့ ကိုဘဂျမ်း ရဲ့ နောက် ကို လိုက်လာမယ် ဆိုယင်လဲ အဲသည် အမျိုးသမီး ကို မိုက်တယ်လို့ ဝေဖန်ကြမှာပဲ ။ အမျိုးသမီး အနေ နဲ့ ကလဲ လိုက်လာနိုင် မှာ မဟုတ်ပါဘူး ။ အမိုက် ခံပြီး လိုက်လာမယ် ဆိုဦးတော့ ။ ကိုဘဂျမ်း အနေနဲ့ က လဲ ခေါ်မလာ သင့်ဘူး ။ မဆွဲဆောင် သင့်ဘူး ။ သည် ဘက် က လူကြီးတွေ အနေ နဲ့ ကလဲ သည် ဘက် ကို လိုက်လာ အောင် မစည်းရုန်း မသိမ်းသွင်းသင့်ဘူး ။
မှန်တယ် ။ ကိုဘဂျမ်း က လဲ မအေးနု နဲ့ ဆွေးနွေး ကြည့် တယ် ။ မဆွေးနွေး လို့ လဲ မဖြစ်ဘူးလေ ။ တနေ့ မဟုတ် တနေ့ မှာ ရင်ဆိုင်ကြရမယ့် ပြဿနာပဲ ။ လာမယ့် ဘေး ၊ ပြေးတွေ့ ထားတာ ကောင်းတယ် လို့ ယူဆပြီး နှစ်ယောက် ညှိနှိုင်း တိုင်ပင် ကြည့်ကြတယ် ။
အမှန်တော့ ညှိနှိုင်း တိုင်ပင်တယ် ဆိုတာ ကလဲ ညှိနှိုင်း တိုင်ပင်တယ် ဆိုတာ လောက် ပါပဲ ၊ သဘောထား က ပြတ်ပြီး သားပါ ။ မအေးနု က လဲ မန္တလေးသူ ၊ ဈေးချိုသူ ပဲ ။ ဘယ် မိုက်ပါ့မလဲ ။ ကိုဘဂျမ်း ကလဲ ခေါ်ဖို့ မကြိုးစားပါဘူး ။ ခေါ် ဖို့ ကြိုးစားရအောင် က သူ့ အိမ် သူ့ ယာ မှ မဟုတ်ပဲ ။ အလုပ် ဆိုတာ က လဲ သူ့ ကိုယ်ပိုင် လုပ်ငန်း မှ မဟုတ်ပဲ ။
တကယ်တမ်း တိုင်ပင် ညှိနှိုင်းရ မှာ က မအေးနု တို့ ဘက် က ကိုဘဂျမ်း ကို လက်ခံမယ် လက်မခံဘူး ဆိုတဲ့ ပြဿနာ ပါ ။ မအေးနု တို့ ဘက် က သာ ကိုဘဂျမ်း ကို ကြည်ကြည်ဖြူဖြူ နဲ့ လက်ခံမယ် ၊ မိသားစု သိုက်သိုက်ဝန်းဝန်း နဲ့ ကြိုးစားလုပ်ကိုင် စားသောက်ကြမယ် ဆိုယင် ကိုဘဂျမ်း အနေ နဲ့ က တော့ အထုပ်အပိုးကလေး ပြင်ပြီး အိမ် ပြောင်းလိုက်ရုံပဲ ။
တခု ပဲ ရှိတယ် ။ မအေးနု တို့ ရဲ့အမေ က တော့ အရုပ် ။ မအေးနု ကြိုးဆွဲရာ က မှာပဲ ။ ဘာမှ ပြောနေမှာ မဟုတ်ဘူး ။ ဒါပေမယ့် ခင်မောင်ဦး ရှိတယ် ။ ခင်မောင်ဦး က သဘော တူ ပါ့မလား ။ ပြီးတော့ ခင်မောင်လတ် လဲ ရှိသေးတယ် ။ သိပ် အရာ မဝင်ဘူး ဆိုပေမယ့် ခင်မောင်လတ် လဲ နားလည်တဲ့ အရွယ် ရောက် နေပြီ ။ ပြီးတော့ အစ်မ မအေးနု နဲ့ အနီးကပ်ဆုံး နေရတဲ့ မောင် ။ သူ လဲ သူ့ သဘောထား ကို ပြောပိုင်ခွင့် ရှိတာပဲ ။
အရေးအကြီးဆုံး ကတော့ မအေးနု ပါ ပဲ ။
မေတ္တာ မျှ ပြီ ဆို မှ တော့ မအေးနု က လဲ ကိုဘဂျမ်း ကို သူတို့ မိသားစု နဲ့ အတူ လက်တွဲလုပ်ကိုင် စေချင်မှာပဲ ။ သိထားတဲ့ အခြေအနေ အရ ကိုဘဂျမ်း မှာ ဘာမှ နောက် ပြန် ကြည့်နေ စရာ မလိုဘူး ။ ဘယ်သူ့ ကို မှ ငဲ့နေစရာ မလိုဘူး ။ ရင်းချာတဲ့ ဆွေမျိုးသားချင်း ရှိတာလဲ မဟုတ်ဘူး ။ တယောက် တည်း သမား ။ သည်တော့ ငြင်းစရာ အကြောင်း လဲ ရှိမှာမဟုတ်ဘူး ။ မလိုက် နိုင်စရာ အကြော င်းလဲ ရှိမှာ မဟုတ်ဘူး ။
အဲ .. ကိုဘဂျမ်း က မအေးနု တို့ မိသားစု နဲ့ အတူ လက်တွဲ လုပ်ကိုင်မယ် ဆိုယင် တော့ ၊ မအေးနု အနေ နဲ့ က အမေ့ ကို ဖွင့် ပြော လိုက်ရုံ ပဲ ။ ခင်မောင်ဦး တို့ ၊ ခင်မောင်လတ် တို့ကို တော့ မအေးနု ဂရု မစိုက်ပါဘူး ။ ကိုယ့် ထက် အငယ်တွေ ပဲ ။ ကန့်ကွက်ချင် ကန့်ကွက် ။ မကန့်ကွက် ချင် နေ ။ ကိုယ် သဘောဆန္ဒ နဲ့ ကိုယ် လုပ်ချင် ရာ လုပ် မှာပဲ ။
အမေ ဆိုတာ က လဲ မအေးနု ပိုင်ပါတယ် ။ “ အမေ .... ကျွန်တော် တော့ ခင်မောင်ဦး နဲ့ တွဲရုန်းဖို့ နောက်ထပ် နွား တကောင် ရလာပြီဗျ ” .... လို့ ပြော ပြလိုက်ရုံပဲ ။ အမေ အလွန်ဆုံး ပြောလှ ယင် .. “ ဟုတ်လား ” .... တလုံး ပဲ ပေါ့ ။
◾မောင်သာရ
📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
အတောင်ကျွတ်သော ကြိုးကြာ
ရေရှာ၍ မရသကဲ့သို့
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment