❝ တန်ဖိုးရှိတဲ့ အသက်ရှင်ခြင်း ❞
[ သူ့ မျက်နှာ က ကြည်လင် ပြီး အစဉ်သဖြင့် ပြုံးယောင်သမ်း နေတယ် ။ သူ့ ဘဝ သူ ကျေနပ် နေပုံပါပဲ ။
သူ့ အသက် ရှင် နေခြင်း ဟာ သူများ အတွက် ဖြစ်ရမယ် ဆိုတဲ့ ဆန္ဒ နဲ့ ဦးမောင်မောင်လှ ( ၄၃ နှစ် ) ဟာ နယ် က ကလေး တွေ ကို ရန်ကုန် က သူ့ အိမ် မှာ လာ နေစေပြီး ပညာ သင်ယူ စေတယ် ။ မကျန်းမာသူ တွေ ကို သူ့ အိမ် က နေပြီး ဆေး ကု စေတယ် ။ ပညာရေး တစ်ပိုင်းတစ်စ ဖြစ် နေတဲ့ မိန်းကလေး သုံးရာ ကျော် ကို အသက်မွေး ဝမ်းကျောင်းမှု အတွက် ကြိမ်ထိုး သင် ပေးတယ် ။ ပညာ လိုလားသူ လူငယ် တွေ အတွက် အနယ်နယ် အရပ်ရပ် မှာ စာကျက်ဝိုင်း တွေ လုပ် ပေးတယ် ။ ဆာလောင် နေတဲ့ ဝမ်းဗိုက် တွေ ကို အစာ ဖြည့် ပေးတယ် ။
သူ့ စေတနာ ကို အသိအမှတ် ပြုတဲ့ အနေ နဲ့ ( Unicef ) က ကမ္ဘာ တစ်ဝှမ်းလုံး မှာ တာဝန် ထမ်းဆောင် နေသူ ပေါင်း ၈၄၀၀ ခန့် ထဲ က ၂၄ ဦး ကို ရွေးချယ်ပြီး “ သူ မတူအောင် စွမ်းဆောင်နိုင်သူ ” အဖြစ် ဦးမောင်မောင်လှ ကို ချီးမြှင့် ပါတယ် ။ ကမ္ဘာ တစ်ဝှမ်းလုံး ထဲ က ရွေးချယ်ရာ မှာ ပါဝင်တဲ့ မြန်မာ တစ်ဦး ပါ ။ သူ့ အသက် ကို မငဲ့ကွက်ဘဲ သူများ ကို ဦးစားပေး ခဲ့တဲ့ အဖြစ်အပျက် အချို့ ကို ကျွန်တော် က တောင်းဆို လို့ ဦးမောင်မောင်လှ က ပြောပြ ပါတယ် ။ သူများ အတွက် သူ ဆောင်ရွက် ပေးခဲ့ပုံ တွေ ကို ပြောပြ နေစဉ် မှာ သူ့ မျက်နှာ ပြည့် ပြည့်ဝိုင်းဝိုင်းကြီး က ချိုပြုံးရွှင် နေတယ် ။ ဆန်းစ လပြည့်ဝန်း ကို တွေ့မြင် ရ သလို သူ့ မျက်နှာ ကိုကြည့် ပြီး ရင် မှာ အေးမြပါတယ် ။ ]
••••• ••••• •••••
၁၉၈၉ ခုနှစ် တုန်း က ပေါ့ ။ ချင်းတောင် က ကျီခါး ဆိုတဲ့ ရွာ မှာ သောက်ရေ အခက်အခဲ ဖြစ် နေကြောင်း မြို့နယ် ကောင်စီလူကြီး တွေ က တစ်ဆင့် သတင်း ကြား ရတယ် ။
ကျီခါးရွာ က အိန္ဒိယနယ်စပ် ပေါ် မှာ ။ တွန်းဇံ က နေ ၅၇ မိုင် လောက် ဝေးတယ် ။ ဆာလ်ဖာ ထွက် တော့ ရေ က ခါး နေပြီး သောက် လို့ မရဘူး ။ အဲဒီ နား က ရွာ သုံးရွာ ဟာ သောက်ရေ ကောင်းကောင်း တစ်ခွက် သောက် ရဖို့ ဝါးကျည်တောက် ထမ်း ပြီး သုံးမိုင်ခွဲ လောက် ရေ သွား ခပ် ရတယ် ။ အဲဒီ နေရာ ကို အိတ်စပတ် ( expert ကျွမ်းကျင်သူ ပညာရှင် ) တွေ ရောက် အောင် ကျွန်တော် မပို့ ရင် ရေ ကောင်းကောင်း သောက် ရဖို့ မမြင်ဘူး ။ အဲဒီ ရွာ ရဲ့ အပေါ် က ငါးမိုင် နီးပါး ရှိတဲ့ နေရာ မှာ ရေ ထွက်တယ် ။ ကျွန်တော် မရောက် ရောက် အောင် ပို့မယ် ။ ဒါမှ အဲဒီ ရွာ သုံးရွာ ရေ သောက်ရမယ် ။
ကျွန်တော် က do or die ပဲ ။ ဘုရားသခင် လက် ထဲ ကျွန်တော့် အသက် အပ် ပြီးပြီ ။ ဒီ လူ တွေ အကျိုး ဖြစ်ဖို့ ဘုရားသခင် အလိုတော် ရှိရင် ကျွန်တော် တို့ ရောက်မှာပဲ ။
တွန်းဇံ က ထွက် တော့ ညနေ သုံးနာရီ ။ လမ်း က မကောင်းဘူး ၊ အန္တရာယ် များတယ် ။ တစ်နာရီ မှ ဆယ်မိုင် လောက် ပဲ ပေါက်တယ် ။ ပေ ၇၈ဝဝ မှာ ကျွန်တော် တို့ ရောက် နေတယ် ။ အောက် က ချောက် ထဲ ကို ကျွန်တော် တို့ မြင် နေ ရတယ် ။ ကားဘီး လိမ့် ရင် မြေကြီး က ပြို ကျတယ် ။ ကား တစ်ဘီး လိမ့် တိုင်း မြေပြို ကျ နေတာ ။ ည ရှစ်နာရီ ထိုး မှ ကျွန်တော် တို့ ရောက် တယ် ။
အခု သူတို့ ရေ ရ နေပြီ ။ သူတို့ လည်း ပျော် ၊ ကျွန်တော် လည်း ပျော် တာပေါ့ ။
နယ် က ကလေးတွေ ကို အိမ် မှာ လက်ခံ ကျောင်း ထား ပေးတာ ၁၉၈၅ ခု ၊ ကျွန်တော် အိမ်ထောင် ကျ ကတည်း က ပဲ ။ ကျွန်တော် တို့ လင်မယား ရဲ့ဝါသနာ က နယ် က ကလေး တွေ ကို ပညာ တတ် စေချင်တယ် ။ ကျွန်တော့် ဇနီး နော်မြသွေး က ကျွန်တော့် အလုပ် ကို အားပေးတယ် ။ ကျွန်တော် အမြဲ ပြောတဲ့ စကား က ကျွန်တော် ရှေ့ က လုပ်တာ ကို နောက် က သူ ပါ လိုက် လုပ် နိုင်လို့ အကျိုး ရှိတဲ့ အလုပ် တွေ လုပ် နိုင်တာပါ ။
ပညာ လိုလား တဲ့ ကလေး တွေ အတွက် စာကျက်ဝိုင်း လုပ် ပေး ထား တာ ခြောက်ဝိုင်း ရှိတယ် ။ အတန်း က အငယ်တန်း က ဆယ်တန်း အထိ ။ ဒေသ က လည်း နယ်စုံ ပဲ ၊ဖူးကြီး ၊ ငှက်အော်စမ်း ၊ မန်းကျီးကန် ၊ တလုပ်ထော် ။ ဘက်ထရီအိုး ၊ နှစ်ပေမီးချောင်း တွေ ဝယ် ပေးတယ် ။ ဆရာ ငှား ပေးတယ် ။ ကျွန်တော် တစ်ယောက် တည်း ငွေ မနိုင် ရင် ရုံး က အလှူ ခံတယ် ။ ဒီ နှစ်ကျောင်းသား ၁၈၄ ယောက် ရှိတယ် ။
လှိုင်သာယာ မှာ အစိုးရကျောင်းကြီး ဖွင့် တော့ ကလေး တွေ ကျောင်း အပ် နိုင်ဖို့ ကျောင်းဝင်ကြေး ၊ စာအုပ်ဖိုး တွေ ကျွန်တော် ကျခံ ပေးတယ် ။ ၁၉၉၂ ခုနှစ် မှာ တစ်ယောက် ၄၂ ကျပ် ပဲ ကျတယ် ။ ကလေး ၁၇ဝ ကျွန်တော် ကျောင်း အပ် ပေးခဲ့တယ် ။
ကျွန်တော် က လှိုင်သာယာ ကို မကြာခဏ သွားတယ် ။ ၁၉၉၀ ခုနှစ် က ပေါ့ ။ ၁၁ နှစ် ၁၂ နှစ် အရွယ် ကလေးမလေး တစ်ယောက် ဝါးတဲ အိမ် လှေကား တက် မှာ ထိုင် နေတယ် ။ သူ့ ပေါင် ပေါ် တစ်ဘက် တစ်ချက် မှာ မောင်လေး နဲ့ ညီမလေး က ထိုင် ပြီး ငို နေတယ် ။ ကလေးမလေး က တော့ မျက်ရည် တွေ စီးကျ နေ တယ် ။ ဘာဖြစ်လို့ လဲ လို့ မေး တော့ ကျွန်မ အမေ နဲ့ အဖေ က သံဈေး မှာ လမ်းဘေး ဈေး ရောင်းတာ တဲ့ ။ မနေ့ က ဂဠုန် ဖမ်း လို့ အရင်း ပြုတ် လာတယ် ။ မနေ့ ည ကတည်း က မောင်လေး နဲ့ ညီမလေး ကို ဘာမှ မကျွေးရသေးဘူး တဲ့ ။ ညနေ သုံးနာရီ ရှိပြီ ။ ဒါနဲ့ အိတ် ထဲ ပါတဲ့ ပိုက်ဆံ ကို ထုတ် ပြီး ပါ လာတဲ့ လူငယ် တစ်ယောက် ကို လှိုင်သာယာမီးခွက်ဈေး ထိပ် မှာ ရှိတဲ့ ဖြစ်ကတတ်ဆန်း ဆိုင်ကလေး ကို လွှတ်ပြီး ခေါက်ဆွဲကြော် ရ သလောက် ဝယ်ခဲ့ကွာ ဆိုပြီး သူတို့ ကို ကျွေး ခိုင်းတယ် ။
ကလေး တွေ အတွက် ရည်ရွယ်ပြီး လှိုင်သာယာ မှာ ၁၉၉၀ ခု ၊ ဇွန်လ ၂ ရက် က စပြီး ၁၉၉၁ ခု ၊ ဒီဇင်ဘာလ အထိ ၁၈ လ လောက် ဆန်ပြုတ် ကုသိုလ် လုပ်တယ် ။ တစ်လ ကို ဆန်အိတ် ခုနစ်အိတ် က ရှစ်အိတ် ကြား ကုန်တယ် ။ ရုံး က မိတ်ဆွေ တွေ က လည်း ဆန်အိတ် တွေ လှူကြတယ် ။ လူမျိုး မရွေး ဘာသာ မရွေး စားလို့ ရအောင် ဘာ သား မှ မထည့်ဘူး ။ အာလူး ထည့်တယ် ။ ကန်စွမ်းဥ ချိန် ဆို ကန်စွန်းဥ ထည့်တယ် ။ ပဲ ထည့်တယ် ။ ဂျုံမှုန့် လေး သကြား လေး ပဲငန်ပြာရည် လေး ထည့် ပြုတ်တယ် ။
အိမ် တစ်အိမ် က မိသားစု တစ်စုလုံး အနာ တွေ ပေါက် နေတာ ဖျားနေ တာ ကြောင့် ဆုတောင်း ပေးပါ တဲ့ ။ ကျွန်တော် က အိမ်ရှေ့ က ကပြင်ကလေး မှာ တင်ပါးလွဲ ထိုင်ပြီး ဆုတောင်း ပေးတယ် ။ ဆုတောင်း ပေးရင်း နဲ့ တဲအိမ် ပေါ် မှာ ခွေး ငါးကောင် မြင်တယ် ။ ခွေး တွေ က လည်း ဝဲစား ထားတာ ၊ ခွေးသန်း တွေ လည်း ရှိတယ် ။ ဦးလေး အဲဒီ ခွေးတွေ မောင်းချ လိုက်ပါ ၊ ကလေး တွေ နဲ့ ဦးလေး မှာ အနာ တွေ ပေါက် တာ ခွေးသန်း ကိုက် လို့ ဆိုတော့ ဆရာ မောင်းချ လို့ မဖြစ်ဘူး ၊ ကလေး တွေ က ခွေး နဲ့ အိပ် မှ နွေး တာ တဲ့ ။ လ က ဇန်နဝါရီလ ။ ကျွန်တော် အနာ ကို ဖန်ရေ ဆေး ပေးပြီး ဒီ ဆေး တွေ သောက် လို့ ဆေး ပေး ခဲ့တယ် ။
၁၉၉၉ ခုနှစ် ရောက် တော့ ခြောက်လ လောက် အတွင်း ကျွန်တော့် ကျန်းမာရေး က လုံးဝ ပြောင်းလဲ သွားတယ် ။ ရင်ဘတ် အောင့် လို့ ဆေး ကို ပဲလှော် စားသလို စား ရတယ် ။
ဆေးလိပ် သောက် ခဲ့ လို့ အကြော တွေ ေ သပြီး နှလုံး ထဲ မှာ ပိတ် ကုန် တာ ။ ဆေးလိပ် ဖြတ်ပြီး ဆယ်နှစ် ကြာ မှ ဖြစ်တာ ။ ၁၉၈၉ ခု ၊ ဒီဇင်ဘာ ၁ ရက် က ဆေးလိပ် ဖြတ်တာ ။ ကျွန်တော် ဆေးလိပ် သောက် ရင် ကျွန်တော့် ပတ်ဝန်းကျင် က လူ တွေ ကို လည်း ဒုက္ခ ပေးတယ် လို့ စာအုပ် ထဲ မှာ တွေ့ လို့ ကျွန်တော် ဖြတ် လိုက်တာ ။
၂ဝဝဝ ပြည့်နှစ် ၊ အောက်တိုဘာလ မှာ ဘန်ကောက် ကို သွားပြီး လက်ဖျံ က အကြော ထုတ် ၊ ခြေထောက် မှာ လည်း ခြေမျက်စိ က နေ ဒကောက်ကွေး အထိ အကြော တွေ ထုတ်ပြီး နှလုံး ထဲ မှာ ပိတ် နေတဲ့ အကြော တွေ ကို လဲ တာ ။ နှလုံး ခွဲစိပ် တာ ။ ဒေါ်လာ ၁၆ဝဝဝ လောက် ကုန်ကျတာ ကို ယူနီဆက် က အကုန်အကျ ခံပြီး ကု ပေးတယ် ။
အဲဒီတုန်း က ဘုရား နဲ့ စကား ပြော တာ ရှိတယ် ။ Surgeon က လက် က အကြော ထုတ် ရင် ဆယ်ယောက် တစ်ယောက် ပြန် မကောင်းနိုင်ဘူး ။ ခြေထောက် က အကြော ထုတ် ရင် ဆယ်ယောက် တစ်ယောက် လမ်း မလျှောက်နိုင်ဘူး ။ ခင်ဗျား နှလုံး နဲ့ အဆုပ် ကို အနည်းဆုံး ငါးနာရီ ရပ် ထားမယ် ။ ဦးနှောက် ကို တော့ မသေ အောင် ကွန်ပျူတာ နဲ့ run ပေး ထားမယ် တဲ့ ။ အသက် ရှင် ဖို့ ၂ဝ ရာခိုင်နှုန်း ပဲ အာမခံတယ် လို့ ဆရာဝန် က ပြောတယ် ။
ကျွန်တော် က အခြား သော သူ တွေ အတွက် အလုပ် လုပ်စရာတွေ အများကြီး ရှိသေးတယ် ။ ဘုရားသခင် ခွင့်ပေးတော် မူမယ် ဆိုရင် ထားပါ ။ ဒါမှမဟုတ် ငါ့ သား ပင်ပန်း နေပြီ ထင် ရင် ပြန် ခေါ်ပါ လို့ ။
ဘန်ကောက် မှာ ဆေးရုံ တင် ရင်း သူများ ကို ကျွန်တော် ထပ် ကူညီ ခွင့် ရခဲ့တယ် ။ ကျွန်တော် က နေ့လယ် တစ်နာရီ မှာ ခွဲ ရ မှာ ။ ဆရာဝန် တွေ က လာ ပြောတယ် ။ အရေးပေါ် ခွဲ ရမယ့် လူ တစ်ယောက် ရှိ နေလို့ မင့် အချိန် ရွှေ့ပေး နိုင်မလား တဲ့ ။ သဘော တူပါတယ် ဆိုတော့ သူတို့ ဆီ မှာ အစွဲအလန်း တစ်ခု ရှိ တယ် ။ ကိုယ် ခွဲရမယ့် အချိန် ကို ရွှေ့ဆိုင်း ရင် အသက် မရှင်တတ်ဘူး တဲ့ ။ ကိစ္စ မရှိပါဘူး မပူပါနဲ့ ၊ ကျွန်တော် သူများ အတွက် ကူညီရလို့ ပျော်ပါတယ် လို့ ။
ညနေ လေးနာရီခွဲ ကျ တော့ အဖိုးကြီး ရဲ့ သမီး နဲ့ သား က ရောက် လာ ပြီး သူတို့ အဖေ အသက် ချမ်းသာ ရ လို့ ကျေးဇူးတင်ကြောင်း လာ ပြောတယ် ။ ကျွန်တော့် ကို ညနေ ငါးနာရီ က ခွဲ တာ ည ၁၁ နာရီ ကျ မှပြီးတယ် ။ ဆရာဝန် ၁၄ ယောက်ခွဲ ကြတာ ။
ကျွန်တော် က အသက် ရှင် နေစဉ် မှာ ကျွန်တော် နဲ့ ထိတွေ့ သမျှ လူ သားတိုင်း အတွက် အကောင်းဆုံး လုပ်ပေးခဲ့တာ မို့ ကျွန်တော် နေရ သမျှ တန်တယ် ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment