Sunday, June 30, 2024

အဓိပတိ

❝ အဓိပတိ ❞

“ အင်မတန် အားကစား လုပ်ခဲ့တဲ့သူ ၊ ၁ဝ နှစ် လောက် ပစ်ထားလိုက်တာ မယုံနိုင်စရာ ဒီ ပုံမျိုး ဖြစ်သွားတာပဲ ” လို့ ဦးတင်ဝင်းမြင့် က ပြောပြီး ရယ် ပါတယ် ။

ဦးတင်ဝင်းမြင့် ( ယခု အသက် ၅၈ နှစ် ) ရဲ့ ခန္ဓာကိုယ် က ဝဖိုင့် နေပြီ ။ နှစ်ပေါင်း ၂ဝ ကျော် ဘတ်စကက်ဘော ကစား ခဲ့ တဲ့ အားကစားသမား ၊ တိုင်းလက် ရွေးစင် ဖြစ်ခဲ့သူ ၊ မလေးရှားနိုင်ငံ ကို ဘတ်စကက်ဘော နည်းပြ သင်တန်း သွား တက် ခဲ့ပြီး ထူးချွန်လက်မှတ် ရခဲ့သူ ဆိုတာ ယုံနိုင်ဖွယ်ရာ မရှိပါဘူး ။

ဦးတင်ဝင်းမြင့် ဟာ စီးပွားရေး လုပ်ငန်း များစွာ ကို ဦးစီး လုပ်ကိုင် နေသူ ဖြစ်ပါ တယ် ။ မုံရွာမြို့ ကမ်းနားလမ်း မှာ အဓိပတိစာပေ ၊ စာအုပ် အရောင်းဆိုင် ဖွင့် ထားတဲ့ တိုက် မှာ သူ့ ကို ကျွန်တော် က သွား တွေ့ တာပါ ။

“ ဘတ်စကက်ဘော သာ မကစား ခဲ့ရင် ဒီ အခြေအနေ ကို ရောက်လာနိုင်မယ် ထင်သလား ” လို့ ကျွန်တော် မေး တော့ “ ဒီအခြေအနေ ကျွန်တော် မရောက်လောက်ဘူး ” ဆို ပြီး သူ ပြောတယ် ။ ပြီးတော့ ရှင်းပြတယ် ။

“ ကျွန်တော် တို့ ဆရာ က ပြောထားတယ် ။ ဘတ်စကက်ဘော ကစား ရာ မှာ ကစားဖော် ချင်း ဘယ် ကျောင်း က ဆိုတာ ကျောင်း မခွဲရဘူး ။ လူမျိုးဘာသာ မခွဲခြားရဘူး ။ အသက် ကြီး ရင် လေးစားရမယ် ။ senior ( ဝါရင့်သူ ) ကို လေးစားရမယ် ။ ယောက်ျားလေး ၊ မိန်းကလေး ရှုပ်ရှုပ်ထွေးထွေး ကိစ္စ ကင်းရှင်း ရမယ် ။ အဲဒီ သီအိုရီ ကို လုပ်ငန်း တွေ အထိ ယူ လာပြီး အသုံးပြု လို့ ကျွန်တော် လုပ်ငန်း တွေ ကောင်းတာ ”

ကျွန်တော် က သူ့ စကား ကို မဖြတ် ဘဲ နားထောင် နေတော့ ဦးတင်ဝင်းမြင့် က ဆက် ပြောပါတယ် ။

“ ဘတ်စကက်ဘော က ကစားသမား တွေ ကွင်း ထဲ မှာ ခေါက်တုံ့ ခေါက်ပြန် ပြေး နေ ရတာ ။ ဘတ်စကက်ဘော ဟာ ကိုယ့် လက် ထဲ ဘောလုံး ရတာ နဲ့ ဝင် အောင် ရှူးခဲ့ ၊ ကိုယ် က မဝင်ရင် minus ( အနုတ် ) ဖြစ်တယ် ။ ဘတ်စကက်ဘော က ပုံမှန် နေရာ က သွင်း ရင် နှစ်မှတ် ရတယ် ။ ဟို ဘက် က ကိုယ့် ဘက် သွင်း ရင် သူ နှစ်မှတ် ရတယ် ။ ကိုယ် နှစ်မှတ် ရှုံးတာ မဟုတ်ဘူး ၊ ရသင့် တဲ့ နှစ်မှတ် ကို ကိုယ် မရဘဲ ပေးရမယ့် နှစ်မှတ် ကျ ပေးလိုက်ရ လို့ ကွာဟချက် က လေးမှတ် ၊ ရှေ့ တစ်လှမ်း မတိုး ဘဲ နောက် တစ်လှမ်း ဆုတ် တာ ဟာ တစ်လှမ်း ပဲ ကွာတာ မဟုတ်ဘူး ။ နှစ်လှမ်း ကွာဝေး သွားတာ ။ အဲဒါ ဘဝ ပဲ လို့ မိသားစု ကို လည်း ဒီအတိုင်း ပြောတယ် ။ ကျွန်တော် လည်း အဲဒီ အတိုင်းပဲ ကြိုးစားတယ် ”

ကျွန်တော် က ဦးတင်ဝင်းမြင့် နဲ့ စီးပွားရေး အကြောင်း ဆက် မေး ပါတယ် ။

“ အဖေ က အာမခံ ကိုယ်စားလှယ် လုပ်တယ် ။ အမေ က ဆေးအမျိုးစုံ ရောင်း တယ် ။ နာဘိုဂျင် တို့ ၊ ပြည်သူ့ဆန္ဒ ၊ ခန္ဓသုခ တို့ ၊ ဆိုင်းဘုတ် တွေ မနက် ကျ ခင်း ရတယ် ။ ညနေ ကျ သိမ်း ရတယ် ။ မုံရွာ မှာ ဆိုင်းဘုတ် အများဆုံး အိမ် က ကျွန်တော် တို့ အိမ် ပဲ ”

သူ က ပြော ရင်း ရယ်တယ် ။

“ အဖေ ဆုံး တော့ အမေ က အာမခံ ကိုယ်စားလှယ် ပဲ ဆက် လုပ်တယ် ။ ဒီ ကမ်းနား မှာ ပဲ ပရိဘောဂ ရောင်းတယ် ။ ကျွန်တော် အိမ်ထောင် ကျခါ နီး တော့ အလုပ် တစ်ခု ခု ရှိရင် ကောင်း မှာ ပဲ ဆိုပြီး စာအုပ် အငှားဆိုင် စ ဖွင့်တယ် ။ ကျွန်တော့် ဘဝ ရဲ့ ပထမဆုံး အလုပ် က စာအုပ် အငှားဆိုင် ၊ ဆိုင် နာမည် က အဓိပတိ ”

“ စာအုပ် အငှားဆိုင် ကို အောင်မြင် အောင် ဘယ်လို နည်းလမ်း တွေ နဲ့ လုပ်သလဲ ”

“ ရှားပါးတဲ့ စာအုပ်ကလေး တွေ ကံအားလျော်စွာ ရ ရင် တီထွင်ပြီး ငှားတယ် ။ ဥပမာ - မင်းသိင်္ခ ရဲ့ပုဏ္ဏားဘကွန်း ကို ကံအားလျော်စွာ မုံရွာ တစ်မြို့လုံး မှ ကျွန်တော့် ဆီ နှစ်အုပ် ပဲ ရောက်တယ် ။ တခြား ဆိုင် တွေ က ငွေ မသွင်း လို့ ။ တစ်အုပ် ကို ငှားနေ ကျ ဖောက်သည် တွေ ကို ငှား ပေးတယ် ၊ ကျန် တစ်အုပ် ကိုတော့ ဖောက်သည် မဟုတ်တဲ့ သူတွေ ကို ငှား ပေးတာ ၊ ဖောက်သည် မဟုတ်တဲ့ သူ တွေ ငှား ချင် ရင် မဂ္ဂဇင်း ငှား ရမယ် ။ ကာတွန်း ငှား ရမယ် ။ ဒါမှ ပုဏ္ဏားဘကွန်း ငှားတယ် ”

“ အဲဒီလို လုပ်တော့ စာအုပ် လည်း ပို ငှားရ ၊ ဖောက်သည် လည်း တိုး မှာပေါ့ ”

“ အဲဒီ အချိန် က ခင်စိန်လှိုင် က ငှားရတယ် ။ ကျွန်တော် က တီထွင်ပြီး ဆယ်အုပ် တင် ကြည့်တယ် ။ နှစ်အုပ် ကို အဖုံး ဖုံးတယ် ။ ရှစ်အုပ် ကို မဖုံးဘူး ။ မဖုံး တဲ့ စာအုပ် ကို ရိုရိုသေသေ ကိုင်ဖို့ ပြောပြီး ဖောက်သည် မဟုတ်တဲ့ လူ တွေ ကို မဂ္ဂဇင်း ၊ ကာတွန်း နဲ့ တွဲ ငှားတယ် ။ ငါးရက် လောက် ငှား ပြီးရင် ဝတ္ထုစာအုပ် ငှားခ က ငါးကျပ် ရ ပြီးပြီ ။ စာအုပ် ဝယ်ရတာ က ၁၉ ကျပ် ၂ဝ ။ တခြား အငှားဆိုင် တွေ ကို လေးကျပ် လျှော့ ပြီး ကျွန်တော် ပြန် ရောင်းတယ် ၊ ၂၀ တန် ကို ၁၅ ကျပ် ၊ ၁၆ ကျပ် နဲ့ ရတော့ သူတို့ ကလည်း စောင့် ဝယ်တယ် ။ ကျွန်တော့် ကို ဝယ်ချင် သူ တွေ က စာရင်း ကြိုပေး ထား ကြတယ် ”

စိတ်ကူးကောင်း ရှိတဲ့ သူ တွေ ဟာ စီးပွားရေး မှာ အောင်မြင်တာပဲ လို့ ကျွန်တော် တွေး မိပါတယ် ။

“ မုံရွာ မှာ အဲဒီတုန်း က ညနေစောင်း စာအုပ်ကလေး ကိုင် ပြီး စာအုပ် အငှားဆိုင် လာ ၊ စာအုပ် ငှားကြတာ က စတိုင် ပဲ ၊ တောရွာ တွေ မှာ ရေခပ် ဆင်းကြတဲ့ ပုံစံမျိုး ။ ယခု အထူးကုကြီး တွေ ၊ အင်ဂျင်နီယာကြီး တွေ ဖြစ် နေတဲ့ ပုဂ္ဂိုလ် တွေ က ကျွန်တော့်  ဆိုင် မှာ စာအုပ် ငှား ဖတ်ဖူးခဲ့တဲ့ သူ တွေ ”

“ အမေ က ပရိဘောဂဆိုင် ဖွင့်ထားတယ် နော် ”

“ ဟုတ်တယ် ။ အဓိပတိစာပေ ကိုဖွင့် ရင်း အမေ ရောင်းတဲ့ ပရိဘောဂ ဒီဇိုင်း နဲ့ မတူ တဲ့ ဒီဇိုင်းတွေ ထွင် လုပ်တယ် ။ ဝယ်သူ ကြိုက်မယ့် ပုံစံ ကို ပိတောက်သား နဲ့ ထင်းရှူးသား တစ်ကွက် စီစပ် ၊ အံဝှက် ကို နှစ်နေရာ သုံးနေရာ ထည့် ၊ ထူးထူးခြားခြား လုပ်ပြီး ကျွန်တော် ဆိုင် တင်တယ် ။ အမေ့ ဆီ လာဝယ်တဲ့ လူ ပြန် ထွက် တော့ မှ ဒီလိုလေး လည်း ရှိသေးတယ် ဆိုပြီး အပေါက်ဝ လိုက် ပြတယ် ။ မှတ်မှတ်ရရ ပထမဆုံး ဗီရို တစ်လုံး ရောင်း ရတာ ၁၅ ကျပ် လား မြတ်တယ် ”

“ အဲဒါ ဘယ်တုန်းကလဲ ”

“ ၁၉၇၇ ခုနှစ် တုန်း က ၊ အဲဒီတုန်း က ဗီရို တစ်လုံး သုံးရာ ( ကျပ် ၃ဝဝ ) ပဲ ရှိတာ ။ အခုတော့ တစ်သိန်း လောက် ဖြစ်သွားပြီ ။ ကျွန်း တစ်တန် က တစ်ထောင့်ငါးရာ ( ကျပ် ၁၅ဝဝ ) လောက် ပဲ ရှိတာ ။ ယခု ဟာ က ခြောက်သိန်း ကျော် သွားပြီ ”

“ ဈေးကွက် က ဘယ်ဘက်လဲ ”

“ အထက်ချင်းတွင်း တစ်ခုလုံး ပဲ ။ ချင်းတွင်းလိုင်း မော်တော် မှန် သမျှ ကျွန်တော် တို့ ပရိဘောဂ မပါတဲ့ မော်တော် မရှိဘူး ။ တစ်ရက် မှာ တော့ အမေ က ဆိုင် ကို ကျွန်တော့် လွှဲ ပေးတယ် ။ ပရိဘောဂဆိုင် အမည် က သီရိရတနာ ။ ပရိဘောဂ ရောင်းတာ ကျောက်ခဲ သလဲ ရောင်း သလို အုန်းအုန်းကျွက်ကျွက် ရောင်းရတာပဲ ။ ပွဲဈေးသမား တွေ ကို လည်း ပြန်ခါ ချ ပေးတယ် ”

“ ဆယ့်နှစ်ပွဲ ဈေးသည် တွေ ကို ပေးတာလား ”

“ ဆယ့်နှစ်ပွဲသည် တွေ ထဲ က တစ်ဦး ကို ပင်တိုင် ထားတယ် ။ ဆယ့်နှစ်ပွဲသမား ကို ပစ္စည်း ပေး လိုက်တာ ။ ခါလည် လောက် ရောက် ရင် ကျွန်တော် က ငွေလိုက် သိမ်း တယ် ”

“ ကြွေးဆုံးတာ တွေ မဖြစ်ဘူးလား ”

“ အများကြီး ဖြစ်တာပေါ့ ၊ တစ်ယောက် က သူတို့ သွားတဲ့ လိုင်း ကို လွှဲ ပြော တယ် ။ တောင်ကြီး တက် တာ ( နေပြည်တော် ) တပ်ကုန်း လို့ ပြောတယ် ။ ကျွန်တော် ( နေပြည်တော် ) တပ်ကုန်း လိုက် သွားတော့ မတွေ့ဘူး ။ ဘယ် ကူး သွားသလဲ မေးတော့ ပဲခူး တဲ့ ။ ဒါတော့ မဖြစ်နိုင်ဘူး ။ မုံရွာထည် ပဲခူး အထိ တော့ မရောက်လောက်ဘူး ။ ကိုယ် က ငယ်သေးတော့ ပဲခူး ဆက် လိုက် သွားတယ် ။ မတွေ့ပါဘူး ။ စိတ် လျှော့ပြီး မုံရွာ ပြန် လာတော့ အိမ် မှာ စက်ဘီး က ပျောက် နေရော ”

ဦးတင်ဝင်းမြင့် က ပြောရင်း ရယ်ပါတယ် ။

“ ကျွန်တော် သီရိဝေ ဆိုပြီး ရွှေဆိုင် ဖွင့်ဖူးတယ် ။ မအောင်မြင်ဘူး ။ ပရိဘောဂ လုပ်ရင်း အထပ်သား ၊ မှန် ရောင်းဖူးတယ် ။ သော့လက်ကိုင် ရောင်းတယ် ။ မြေ ဝယ်ရောင်း လုပ်တယ် ။ အလူမီနီယမ် လုပ်ငန်း ၊ ပန်းပုလုပ်ငန်း တွေ မုံရွာ မှာ ကျွန်တော် ပထမဆုံး လုပ်တာ ”

ကျွန်တော် ဦးတင်ဝင်းမြင့် နဲ့ စကား ပြော နေတာ က မုံရွာမြို့ ၊ ကမ်းနားလမ်း က သူ့ ရုံးခန်း မှာ ပါ ။ သူ့ ရုံးခန်း ရဲ့ ထူးခြားချက် က တော့ သစ်သားပန်း ပုလက်ရာ ကောင်း ကောင်းတွေ အများကြီး ရှိ နေတာပဲ ။ သူ့ နောက် က နံရံ ပေါ် မှာ ပန်းချီကား တစ်ချပ် ချိတ်ဆွဲ ထားပြီး သူ့ ညာဘက် သံမဏိဗီရို နဲ့ မီးခံသေတ္တာ ပေါ် မှာ ပျံသန်းဖို့ အားယူ နေတဲ့ သိမ်းငှက် နှစ်ကောင် ပုံတူ ပန်းပုရုပ် တွေ ရှိတယ် ။ သူ့ ရှေ့ က စားပွဲ ပေါ် မှာ ရော စင်တွေ ပေါ် မှာ ပါ ပန်းပု တွေ ရှိပါတယ် ။

“ ကျွန်တော် က အလူမီနီယမ် မှန်ဘောင် သွင်းတဲ့ လုပ်ငန်း လည်း လုပ် တော့ တစ်နေ့ မှာ ဂုဏ်ထူးငါးဘာသာ လား ပဲ ရတဲ့ ကျောင်းသား တစ်ယောက် က မှန်ဘောင် လာ သွင်းတယ် ။ သူ က ဘယ်လောက် ကျသလဲ မေးတော့ ကျသင့်တဲ့ ပြေစာလေး မှာ ရှင်းပြီး လို့ ရေးပြီး ပေး လိုက်တယ် ။ ကျွန်တော် မရှင်းရသေးဘူး တဲ့ ။ မင်း ကို ဦး က ဆု ချတာပါ လို့ ပြောရင်း နဲ့ တက္ကသိုလ် တက် ဖို့ မင်း ဘာ လျှောက်မှာလဲ မေးလိုက် မိတယ် ။ အိမ် က ဆရာဝန် လျှောက်စေချင်တာ ၊ ကျွန်တော် က အင်ဂျင်နီယာ လုပ် ချင်တာ တဲ့ ။ ကျွန်တော် က မင်း ဘာ ရွေးမှာလဲ မေးတော့ မဆုံးဖြတ်ရသေးဘူး တဲ့ ။ ဘာပဲ ရွေးရွေး အကောင်းဆုံး လုပ်ပါလို့ ကျွန်တော် ပြော လိုက်တယ် ။ ကျွန်တော့် သားသမီး တွေ ကို လည်း အမြဲ ပြောတဲ့ စကား ရှိတယ် ။ ဘာပဲ လုပ်လုပ် အကောင်းဆုံး လုပ် ၊ စားပွဲထိုး  လုပ်မှာလား ၊ ကမ္ဘာကျော် စားပွဲထိုး ဖြစ်အောင် လုပ် ။ ဓားပြ လုပ်မှာလား ၊ ဓားပြဗိုလ် ဖြစ်အောင် လုပ် ။ အဲဒါ လက်ကိုင် ထားတဲ့ ဆောင်ပုဒ် ပဲ ”

ကျွန်တော် က သူ့ စကား ကို စိတ်ဝင်တစား နားထောင် နေတယ် ။ သူ့ ရုံးခန်း ထဲ ကို ဝေ့ဝိုက် အကဲခတ် ကြည့် လိုက်တော့ မန်နေဂျာ က အစ ဝန်ထမ်း တွေဟာ ဦးတင်ဝင်းမြင့် ပြောတာ ကို စိတ်ဝင်တစား နားစွင့် နေတာ တွေ့ရတယ် ။

“ တစ်ရက် မှာ တော့ သူ နဲ့ ကျွန်တော် ခရီး တစ်ခု မှာ ကြုံတယ် ။ ည အိပ် ကြ တော့ ဦးလေး က ကျွန်တော့် မမှတ်မိဘူး ။ ကျွန်တော် က ဖီးနစ်ကွန်ပျူတာသင်တန်း ပိုင်ရှင် ကိုသိန်းဇော် ပါတဲ့ ။ ဒါတော့ သိတာပေါ့ ။ မင်း က နာမည်ကြီး ပဲ ။ ဒါလောက် မိတ်ဆက် ပေးစရာ မလိုပါဘူး ဆိုတော့ ကျွန်တော် ဆယ်တန်း အောင် တော့ ဦးလေး ပြော တဲ့ စကား တစ်ခွန်း ကြောင့် ကျွန်တော် အင်ဂျင်နီယာ လုပ်ဖြစ်တာ ။ ဒီ လုပ်ငန်း မှာ အောင် မြင်နေတာ တဲ့ ။ သူ လည်း မုံရွာမြို့ ရဲ့ pioneer ( ရှေ့ဆောင်သူ ) ပဲ ။ စက်မှုတီထွင် ဆု တွေ ၊ ဘာ တွေ ရ သွားတယ် ။ ဦးလေး ပြော လိုက်ပြီး တဲ့ နောက် မိဘ နဲ့ ကျွန်တော် အကျေအလည် ဆွေးနွေးပြီး ကျွန်တော် ကြိုက်တဲ့ ဟာ ကို အစွမ်းကုန် လုပ်ပါရစေ ခွင့် တောင်းပြီး လုပ်တာ တဲ့ ”

ဦးတင်ဝင်းမြင့် ပြောလိုက်တဲ့ စကား တစ်ခွန်း ကြောင့် လူ တစ်ယောက် မှာ ဘဝ လမ်းကြောင်း မှန်ကန်စွာ ရွေးချယ် နိုင်သွားခဲ့တာ ကို ကျွန်တော် သဘောကျ မိတယ် ။ သူ ကိုယ်တိုင် လည်း ဒီလိုပဲ အားထုတ် လုပ်ကိုင်ခဲ့တာ ဖြစ်ပါ လိမ့်မယ် ။ ဦးတင်ဝင်းမြင့် က သူ့ စကား ကို ဆက် ပြောပါတယ် ။

“ ကျွန်တော် စာအုပ်ဆိုင် လုပ်တုန်း က လည်း မုံရွာမြို့ မှာ တစ် ၊ နှစ် ၊ သုံး ဝင်တယ် ။ ပရိဘောဂလုပ် တော့ လည်း တစ် ၊ နှစ် ၊ သုံး ဝင်တယ် ။ “ တစ် ” လို့ တော့ ကျွန်တော် မပြောချင်ပါဘူး ။ ကျွန်တော့် ထက် လက်ရာ ကောင်းတဲ့ သူ ၊ ဈေးချို တဲ့ သူ တွေ ရှိနိုင်ပါတယ် ”

◾ကျော်ရင်မြင့်

📖 ဘဝကြေးမုံ အဖြစ်စုံ

#ကိုအောင်နိုင်ဦး

.

အသည်းဟင်း တစ်ခွက်

❝ အသည်းဟင်း တစ်ခွက် ❞

( ၁ )

အကယ်၍ မောင် သာ နေ့လယ် က အကြောင်း ကို စကား စ ဖြစ်ခဲ့ လျှင် သို့မဟုတ် သူမ ၏ လက်ရာ ကြက်အသည်းအမြစ်ဟင်း ၏ အရသာ နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြစ်တင်ဝေဖန် ခဲ့လျှင် သူမ ငိုချ လိုက်မိလေမည်လား မပြောတတ် ။

သို့သော် ကံကောင်း ထောက်မစွာ မောင် သည် နေ့လယ် က အဖြစ်အပျက် ဆီ သို့ စကားဦး မတည် ခဲ့ သလို ကြက်အသည်းအမြစ်ဟင်း နှင့် ပတ်သက်၍ လည်း တစ်စုံတစ်ရာ မှတ်ချက် မချခဲ့ ။ ဟင်းဆီ ဝေ့ နေသော နှုတ်ခမ်းအစုံ ကို တင်းတင်းစေ့လျက် ပါးစပ် ထဲ မှ အသည်းဖတ် ကို ဝါး ရင်း နောက် တစ်ကြိမ် ပါးစပ် ထဲ ထည့် ရန် အသည်းဖတ် ကို ခတ်ရင်း ဖြင့် ထိုးစိုက် ၍ အသင့်ပြင် နေသော မောင့် ကို သူမ ရီဝေစွာ ငေးစိုက် ကြည့် နေ မိသည် ။ အသည်းအမြစ်ဟင်းချက် တိုင်း အသည်း ကို သာ ရွေးချယ်၍ စား တတ်သော အစားအသောက် နှင့် ပတ်သက် လျှင် အလွန် အလိုရမ္မက် ကြီးသော သူမ ရှေ့ မှ ဤ အမျိုးသား သည် သူမ အား အိပ်မက် ထဲ ထိ ပင် ရင်ခုန် ထိတ်လန့် စေနိုင်သူ ဖြစ်သည် ။

“ ငါ သူ့ ကို ဘာဖြစ်လို့များ ချစ်ခဲ့မိတာပါလိမ့် ”

ဘယ်တုန်းက မှ အဖြေ မရခဲ့ သလို ဘယ်တော့ မှ လည်း အဖြေ ရနိုင် လိမ့်မည် မဟုတ်သော ထို မေးခွန်း သည် သူမ အား အံ့ဩစရာ ကောင်း လောက်အောင် တည်ငြိမ် သွား စေကာ စောစောက အော်ဟစ် ငိုကြွေး မိ မတတ် ပျက်ယွင်းလုလု ဖြစ် နေသော သူ မ ၏ စိတ် တို့ ကို ပြန်လည် အနယ်ထိုင်စ ပြုလာစေသည် ။

“ တစ်ခါတည်း ဝင် စား လိုက်ပါလား ”

တိတ်ဆိတ်နေမှု ကို ရင် မဆိုင်ဝံ့ သည် လား ၊ သူမ ၏ တည်ငြိမ်မှု ကို သဘော မကျ သည် လား မပြောတတ် ။ မောင် ရုတ်တရက် စကား စသည် ။

“ ဟင့်အင်း ကျွန်မ မဆာသေးလို့ပါ ”

အဖျားခတ် တုန်ခါခြင်း မရှိအောင် သတိကြီးစွာ ထား လိုက် သော်လည်း သူမ ၏ အသံ က သတိ ထားစရာ မလိုလောက် အောင် ပင် ပကတိ တည်ငြိမ်လျက် ရှိသည် ။ ထမင်း နည်းနည်း ဟင်း များများ စား တတ်သော မောင့် ပန်းကန် ထဲ သို့ အသည်းဖတ်များ ကို ရွေး ဆယ် ထည့် ပေး လိုက်ရင်း ယခု တစ်ကြိမ် ဟင်းထည့် ပေးရတာ ဟာ နောက်ဆုံး အကြိမ်များ ဖြစ်နေလေ မလား ဟု တွေးလျက် လှိုက်ခနဲ ဝမ်းနည်း သွား မိပြီး မှ ထို ဝမ်းနည်းမှု ကို သူမ ဘာသာ ပြန်လည် ချေဖဲ့ လိုက်သည် ။

“ စား လို့ ကောင်းရဲ့လား မောင် ”

သူ မ၏ မေးခွန်း က သာမန် ဇနီးသည် တစ်ယောက် ၏ မေးခွန်း မျိုး ဖြစ်သလို ခေါင်းညိတ် အဖြေပေး လာသည့် မောင့် အပြုအမူ က လည်း သာမန် ခင်ပွန်းသည် တစ်ယောက် ၏ အပြုအမူမျိုးသာ ဖြစ်ပါလိမ့်မည် ။ သို့သော် ဝမ်းနည်းစရာ ကောင်းသည် မှာ မောင် နှင့် သူမ အကြား သာမန် ဟူ သော အနေအထား သည် နေ့လယ် ကတည်း က ပင် လွှင့်ပါး ပျောက်ကွယ်ခဲ့ခြင်း ဖြစ်သည် ။

ဒါကို မောင် သတိထား မိပါရဲ့လား ။

သို့သော် အရာရာ ကို အလေးအနက် မထားတတ် သော မောင် သည် သူမ တို့ နှစ်ယောက် ကြား ၌ စိတ်နှလုံး ကြေကွဲဖွယ် ကိစ္စ တစ်ခု နေ့လယ် က ပေါ်ပေါက်ခဲ့ ဖူးကြောင်း ၊ သူ ဖတ်လေ့ ရှိသော အပျော်ဖတ် ဝတ္ထု ဇာတ်လမ်းများ ကို မေ့ ပစ်လိုက် သလို မေ့ပစ်ပြီး ဖြစ်ကောင်း ဖြစ် နိုင်ပါသည် ။

ခင်ထွေး ကြောင့် မဟုတ်ဘူး မမ ၊ တကယ်ပါ ခင်ထွေး စ ခဲ့တာ မဟုတ်ပါဘူး ဟူသော ငိုသံ တို့ဖြင့် ထစ်ငေါ့ တုန်ယင် နေ ရှာသည့် ညီမလေး ၏ စကားသံ ကို ယခု တိုင် အောင် စိတ် မသက်မသာ ဖြစ်စွာ ကြားယောင် နေ မိသည် ။ သည်တုန်း က ညီမလေး အခြေအနေ မှာ စိုးရိမ်စရာ ကောင်း လောက် အောင် ဆိုးဆိုးဝါးဝါး ရှိလှပါသည် ။ သူမ ရော ဘာ ထူးပါသလဲ ။ သူမ ကိုယ်တိုင် လည်း ထိုစဉ်က ကိုယ့် ကိုယ် ကို သ-တ်‌ေ-သ မိ မတတ် စိတ်ဓါတ် တို့ ပျက်ယွင်းစွာ ဖရိုဖရဲ ဖြစ်ခဲ့ရသည် ။

အကယ်၍ သူမ သာ ခေါင်း ကို ဝေဒနာ တစ်ခု ကို ရှောင်တခင် မခံ စား ခဲ့ ရ လျှင် နာကျင်ကြေကွဲဖွယ် ထို အဖြစ်အပျက် နှင့် သူမ ဆုံစည်း ခဲ့ ရ လိမ့်မည် မဟုတ်ပါ ။ သို့သော် ကံကြမ္မာ ၏ ဆိုးဝါးသော လှည့်စားမှု က စူးရှ ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ တစ်ခု အား သူမ ထံ သို့ ပို့ဆောင် ပေးခဲ့သည် ။ ထို့ကြောင့်ပင် သုတေသနဌာန တစ်ခု ၏ ဓာတ်ခွဲခန်း တစ်ခု အတွင်း ပစ္စည်းကိရိယာများ နှင့် အလုပ် ရှုပ် ခဲ့ရာ မှ နေ့ဝက် ခွင့်တင် ၍ အိမ် ပြန် ဖြစ်ခဲ့ခြင်း ဖြစ်သလို ရင်နာဖွယ် ထို အဖြစ်အပျက် နှင့် ရင်ဆိုင် တိုးခဲ့ ရခြင်း လည်း ဖြစ်သည် ။ တကယ်တော့ အိမ် ရှေ့ ၌ ရပ် ထားသော မောင့် ကား ကို တွေ့ခဲ့ ကတည်း က အခြေအနေ အရပ်ရပ် ကို သူမ နားလည် စွာ သဘော ပေါက် ခဲ့ မိ ဖို့ ကောင်း ပါသည် ။ နေ့လယ် တစ်နာရီ ဟူသော အချိန် သည် အလွန် အလုပ် များ သော ဌာန တစ်ခု မှ အရာရှိ တစ်ယောက် ဖြစ်သော မောင့် အတွက် အိမ်ပြန် ရောက်ရှိဖို့ စောလွန်းတဲ့ အချိန် မဟုတ်ပါလား ။ မောင် ဘာဖြစ်လို့များ အစောကြီး အိမ်ပြန် ရောက် နေ တာပါလိမ့် ။

ဇဝေဇဝါ ဖြစ်စွာ သံသယ ဝင်ဖို့ ကောင်းသော အတွေး ဖြစ်ပါ လျက် ညံ့ဖျင်းနုံချာ သော သူမ က တော့ တစ်စုံတစ်ရာ သံသယ မဖြစ်မိခဲ့ ။ သူမ နှင့် လက် မထပ်ခင် က ပင် ရည်းစားပေါင်း မြောက်မြားစွာ ထား ခဲ့ပြီး ( သူမ အပါအဝင် ) ထို ရည်းစား များစွာ အား မျက်ရည် ကျ စေခဲ့သော မောင့် အကျင့်စရိုက် နှင့် နောက်ခံသမိုင်း တို့ ကို နားလည် ထားခဲ့ပါ လျက် မောင့် အပေါ်  ယုံကြည်စိတ်ချ ထားမိတဲ့ သူမ အတွက် အဲဒီ အဖြစ်အပျက် ဟာ ထိုက်တန် တဲ့ ရလဒ် ပါ ပဲ ။

တကယ်ဆို မောင် ဆင်ခြင်ဖို့ ကောင်းပါတယ် ။ မောင့် ကိုအချစ် ကြီး စွာ အရာရာ ကို သည်းခံ ခွင့်လွှတ်တတ် တဲ့ မိန်းမ တစ်ယောက် ကို မသနား တောင် မှ နယ် က နေ အားကိုးတကြီး သူမ တို့ အိမ် မှာ မှီခို လာ နေရှာ တဲ့ ညီမလေး ကို တော့ ငဲ့ညှာဖို့ ကောင်းတာပေါ့ ။

“ ခင်ထွေး တစ်ယောက် ရော မတွေ့ပါလား ”

ရုတ်တရက် ထွက်ပေါ် လာ သည့် မောင့် စကားသံ က အတွေး တို့ ၌ နစ်မျော နေမိသော သူမ ကို ပုတ်ခတ် လှန့်နိုး လိုက် ကာ သူမ ၏ တည်ငြိမ်မှု တို့ကို လည်း ယိမ်းယိုင် သွားစေသည် ။

“ သူ အိပ် နေတယ် ”

ကိုယ့် အသံ ဟု ပင် မယုံကြည် နိုင် လောက် အောင် အသံ တစ်ခု က သူမ နှုတ်ဖျား မှ တွန်းထိုး ထွက်ပေါ် ၍ လာသည် ။ သို့သော် သူမ အချိန် မီ ပင် ကိုယ့် စိတ် ကို ပြန်လည် ထိန်းသိမ်း လိုက်ပြီး သက်ပြင်း တစ်ချက် ကို ရှိုက် လိုက်သည် ။

“ ကျွန်မ ဗေလီယံ တိုက် ထား လို့ပါ ။ ခုချိန် မှာ သူ အိပ် နေဖို့ လိုအပ်တယ် လေ ”

သူမ စကား ကြောင့် မောင် သူမ ကို ဖျတ်ခနဲ မော့် ကြည့်သည် ။

သို့သော် သူမ အကြည့် ကို ရင်မဆိုင် ရဲ သလို ချက်ချင်း ပင် ခေါင်း ပြန် ငုံ့ သွားပြီး ပန်းကန် ထဲ မှ အသည်းဖတ် ကို သာ ဇွန်းခက်ရင်း ဖြင့် တိတ်ဆိတ်စွာ ဖဲ့ နေ တော့သည် ။

••••• ••••• •••••

၂ ။

သူ နားမလည်သည် မှာ သူမ ၏ သွေးအေး တည်ငြိမ်နေမှု ပင် ဖြစ် သည် ။

သူ့ အား အမြဲလိုလို အလျော့ပေး သည်းခံ ခဲ့ သော်လည်း မိန်းမ ကိစ္စ နှင့် ပတ်သက် လျှင် တော့ ဘယ်တုန်း က မှ မယဉ်ကျေးခဲ့ဖူးသော သူမ သည် ယခုမှ စိတ်ရှည် တည်ငြိမ် နေခြင်း က အံ့သြဖွယ် ကောင်း လှပါသည် ။ တကယ်တော့ နေ့လယ် ကတည်း က ပင် သူမ ထံ မှ ပေါက်ကွဲမှု တစ်စုံတစ်ရာ ကို သူ မျှော်လင့်နေခဲ့ခြင်း ဖြစ်သည် ။ သို့သော် အံ့သြ တုန်လှုပ်ဖွယ် အဖြစ်အပျက် နှင့် ပက်ပင်း တိုး ခဲ့သည့် တိုင် သူမ သူ့ အား စူးရှ ဝင်းလက်စွာ စိုက် ကြည့်ခဲ့သည် မှ အပ တစ်စုံတစ်ရာ မရိုင်းပျခဲ့ ။ ဘာ လုပ်ရမှန်း မသိဘဲ ငေးကြောင် မှင်တက် နေခဲ့မိ သော သူ့ ကို ပင် မောင် ရုံး ပြန် သွားဖို့ သင့်ပြီ နဲ့ တူတယ် ဟု အကြံ ပေး ခဲ့ပါသေးသည် ။

သူမ ၏ အကြံပေးမှု ၊ လက်ရှိ အခြေအနေ မှ ရှောင်ခွာ ထွက်ပြေးလိုမှု တို့ ဖြင့် ခင်ထွေး နှင့် သူမ အပါး မှ ထွက်ခွာ လာခဲ့ပြီး ကား တစ်စီး နှင့် ဦးတည်ရာ မဲ့ စွာ လျှောက် မောင်း နေခဲ့မိ၏ ။ အကယ်၍ သူ သာ ဆက် နေမည် ဆို လျှင် ဘာတွေများ ဆက် ဖြစ်မှာပါလိမ့် ။ သည်းမခံနိုင်စွာ သူမ ပေါက်ကွဲမယ် နဲ့ တူပါရဲ့ ။ ဘာပဲဖြစ်ဖြစ် သုံးယောက် စလုံး အတွက် သွေးပျက်ဖွယ် ကောင်းသော ထို အချိန် နှင့် ထို နေရာ မှ ရှောင်ခွာ ထွက်လာ နိုင်ခဲ့ခြင်း အတွက် ယခု တိုင်အောင် သူ စိတ် သက်သာရာ ရ မိသည် ။

သို့သော် အကြွင်းမဲ့သော လွတ်ငြိမ်းချမ်းသာ နိုင်ခွင့် ကို တော့ သူ မမျှော်လင့် နိုင်ပါ ။ သူမ ၏ တုံ့ပြန်မှု တစ်စုံတစ်ရာ အား ရင်ဆိုင် နိုင် အောင် သူ အတော့် ကို သတ္တိ မွေး ယူခဲ့ရပါသည် ။ စူးရှဝင်းလက်သော အကြည့် တစ်ချက် ဖြင့် ကြည့်ခဲ့ရုံ နဲ့ တော့ သူမ ကျေနပ် နိုင်လိမ့်မည် မဟုတ်ပါ ။ သို့သော် အံ့သြစရာ ကောင်းသည် မှာ ဖရိုဖရဲ ဖြစ် နေသော စိတ်ဓါတ် တို့ ကို စုစည်းလျက် သူ မ ၏ ပေါက်ကွဲမှု တစ်ခု ခု အတွက် သူ အိမ် ပြန် လာခဲ့သော ညနေစောင်း ၌ သူမ အေးဆေးစွာ ထမင်းပွဲ ပြင်ဆင် နေခြင်းပင် ဖြစ်သည် ။ ဒါဟာ ဒေါသ ဖြစ်ဖွယ် အခြေအနေ တစ်ခု နဲ့ ရင်ဆိုင် ခဲ့ရတဲ့ အိမ်ထောင်ရှင်မ တစ်ယောက် ရဲ့ နာကြည်းမှု တဲ့လား ။ ဘယ်လိုနည်း နဲ့ မှ မဖြစ်နိုင်ပါ ။ သူမ ၏ အပြုအမူ တို့အား ယခု ထက် ပိုမို ဆိုးဝါးစွာ သူ  မျှော်လင့် ထားခဲ့ပါသည် ။

ပြင်းထန်စူးရှ တဲ့ စကားလုံး တွေ နဲ့ ပစ်ပေါက်တဲ့ အပြုအမူ မျိုး ၊ ကိုယ်ထိလက်ရောက် တုံ့ပြန် လာ တဲ့ အပြုအမူမျိုး ၊ အနည်းဆုံး တော့ မိန်းမ ပီပီ အော်ဟစ် ငိုကြွေး လိုက်တာမျိုးပဲ ဖြစ်ဖြစ်ပေါ့ ။ သို့သော် သူ အထင် နှင့် ဆန့်ကျင်စွာ သူမ တည်ငြိမ်အေးစက် နေခဲ့ပြီး ထမင်းပွဲ ကို သာ စိတ်ရှည်လက်ရှည် ပြင်ဆင် နေခဲ့သည် ။ ဟင်းနံ့ ရ ရုံ နှင့် သူ ကြိုက် သော အသည်းဟင်း ဖြစ်ကြောင်း ထမင်းစားပွဲ ကို လှမ်း ကြည့်စရာ မလိုဘဲ ၊ သူ အကဲခတ် နိုင်ခဲ့သည် ။ ဒါဟာ သူ့ ရဲ့ အပြစ် တွေ အတွက် သူမ ရဲ့ တုံ့ပြန်မှု တဲ့ လား ။

“ ထမင်း အရင် စား လိုက်ကြရအောင် ပြီးတော့မှ စကား ပြောကြတာပေါ့ ”

ဘုရား တ ရ လောက်အောင် ပင် သူမ ၏ အသံ က တည်ငြိမ် လွန်း လှပါသည် ။ အသည်းဟင်း ဆို လျှင် ဣန္ဒြေ မဆောင်နိုင် သူ ပီပီ သူ ထမင်း စားပွဲ ၌ တိတ်ဆိတ်စွာ ဝင် ထိုင်လိုက် တော့ သူမ က ပြုနေကျ အတိုင်း သူ့ ပန်းကန် ထဲ သို့ ထမင်း ခူး ထည့်ပေးပြီး အသည်းဖတ် တို့ ခပ်ထည့် ပေး ခဲ့သည် ။ သူမ ၏ ပုံမှန် တည်ငြိမ်နေနိုင်မှု တို့ က သူ့ အား မယုံကြည်နိုင် လောက် အောင် ဖြစ်စေခဲ့သလို .. ထမင်း အရင် စားလိုက်ကြအောင် သူ ပြောဆို လျက် တစ်ခါ တည်း ဝင် မစားခြင်း က လည်း ထူးခြား နေ ခဲ့သည် ။ မိန်းမ တစ်ယောက် ၏ ထိုကဲ့သို့ သွေးအေး နေမှုမျိုး ကို သူ သဘော မကျပါ ။ ခင်ထွေး ရော ဟု စကား စ လျက် သူမ ၏ ဒေါသ ကို နှိုးဆွ ရန် ကြိုးစားကြည့် ခဲ့ သော်လည်း သူ ၏ ကြိုးစားမှု က မအောင်မြင် ဘဲ သူ့ ပန်းကန် ထဲ သို့ သာ သူ အသည်းဖတ် တွေ တစ်ဖတ် ပြီးတစ်ဖတ် ခပ်ထည့် ပေး နေခဲ့လေသည် ။

••••• ••••• •••••

၃ ။

“ တော်ပြီလား မောင် ။ စားလို့ မြိန်ရဲ့လား ”

ဇွန်းခက်ရင်း ကို ပူးလျက် ထမင်း စားခြင်း အား အဆုံးသတ် လိုက် သော မောင့် ကို သူမ မော့ ကြည့်ရင်း မေးတော့ မောင် အေးဆေးစွာ ခေါင်း ညိတ်သည် ။ ပြီးမှ စကားစ ရှာ သလိုမျိုး ဖြင့် အသည်းအမြစ် က နည်းနည်း ခါးသလို ပဲ ဟု ရေရွတ်လျက် သောက်ရေခွက် ကို တစ်ဝက် ခန့် သောက် လိုက်သည် ။ ခါး သလိုပဲ ဟူသော မှတ်ချက် ကြောင့် သူမ နာကျင်စွာ ပြုံးရင်း မောင် က အသည်း တွေ ချည်း ရွေး စားတာကိုး ဟု ပြော လိုက် တော့ မောင့် အကြည့် တွေ က သူမ ထံ သို့ ဖြတ်ခနဲ ရောက်ရှိ လာကြသည် ။

“ အသည်း ဆိုတာမျိုး က နည်းနည်း တော့ ခါးသက်သက် နိုင် တာပေါ့ မောင် ရဲ့ ။ အစား များ ရင် ပိုပြီး ခါးသလို ထင်ရတယ် ”

မောင် ဘာ မှ ပြန် မပြောဘဲ ဟင်းဆီ ဝေ့ နေသော နှုတ်ခမ်းဖျား တို့ကို လက်သုတ်ပဝါ ဖြင့် သုတ် လိုက်သည် ။ မောင့် နှုတ်ခမ်း တွေ က လှ လိုက်ကြတာ ။ အဲဒီနှုတ်ခမ်း တွေ နဲ့ အမျိုးသမီး များစွာ ရဲ့ အသည်း တွေ ကို မောင် ဖဲ့ခြွေ စားသုံး ခဲ့တာပဲ ထင်ပါရဲ့ ။

“ အသည်း လို ပဲ များများ စား ရင် ခါး သလို ထင်ရတာ တစ်ခု ရှိသေးတယ် ”

သူမ ၏ အဆက်အစပ် မဲ့ စကား ကို မောင် နားမလည် စွာ စိတ်ဝင် စား သွားလျက် ဘာလဲ ဟု ဇဝေဇဝါ မေးသည် ။

“ ခု ကျွန်မ တို့ ဓါတ်ခွဲခန်း မှာ စမ်းသပ် နေရတဲ့ အဆိပ် တစ်မျိုးပေါ့ ”

“ အဆိပ် ”

မောင် ထိတ်လန့် သလို ရေရွတ် လိုက်သည် ။

“ ဟုတ်တယ် ။ အဲဒီ အဆိပ် က အရောင်အဆင်း အနံ့အရသာ မရှိဘူး ။ ဘယ်လို အရည်မျိုး ထဲ မဆို ပျော်ဝင် လွယ်တယ် ။ အပူ ပေး ပြီး ချက် ရ တဲ့ ဟင်း တစ်ခွက် ထဲ ဆိုရင် ပိုပြီး ပျော်ဝင် လွယ် တာပေါ့ ။ အဆိပ် ခတ် ခံရကြောင်း ကို လည်း တော်တော် နဲ့ စစ်ဆေး တွေ့ရှိ ဖို့ မလွယ်ဘူး ။ သူ့ ရဲ့ အားနည်းချက် က အခတ် များ ရင် မဆိုသလောက်လေး ခါးသက်သက် နိုင်တာပဲ ”

လက်ထောက်ဓါတ်ခွဲခန်းမှူး ဖြစ်သူ သူမ ၏ စကားများ က မောင် တစ်စုံတစ်ရာ စောဒက တက်နိုင်မည့် စကားမျိုး မဟုတ် သလို တစ်စုံတစ်ရာ ဝင်ရောက် ဆွေးနွေးနိုင်မည့် စကား လည်း မဟုတ်ပါ ။ ထိတ်လန့်မှု ၊ နားမလည်မှု တို့ ဖြင့် သာ မောင် သူမ ကို စူးရှစွာ စိုက်ကြည့် လာလေ သည် ။

“ မပြောပလောက်တဲ့ ပြစ်ချက်လေး ရှိပေမယ့် သူ ရဲ့ ထိရောက်မှု က တော့ အရမ်း တာ သွားတယ် ။ အသည်းအမြစ်ဟင်း လို ဟင်း တစ်ခွက် ထဲ ကို အဲဒီ အဆိပ် မီးခြစ်ဆံခေါင်း လောက် ထည့် လိုက် ရင် ”

သူမ ၏ စကား မဆုံးခင် မှာ ပင် မောင် ဝုန်းခနဲ ထ ရပ် သည် ။ မောင့် မျက်နှာ က စိုးရိမ်ထိတ်လန့်မှု ၊ ဒေါသဖြစ်မှု တို့ ဖြင့် အံ့သြဖွယ်နီမြန်း လျက် ၊ ခက်ထန်ကြမ်းတမ်း နေ ကြသည် ။

“ အဲဒီလို အဆိပ် မိတဲ့ လူ ဟာ အလိုလို ဒေါသ ကြီး လာတယ် ။ ပြီးတော့ ရင်ခုန် မြန်လာတယ် တဲ့ ။ နောက်ဆုံးတော့ ... ”

“ တော်စမ်း ”

မောင့် ရဲ့ ဒေါသတကြီး အော်ဟစ်လိုက်မှု က သူမ စကားသံ ကို ဖုံးလွှမ်းကာ ရပ်တန့် သွားစေလေသည် ။

“ လတ်စသတ်တော့ .. မင်း ငါ့ ကို ယုတ်မာ လိုက်တယ်ပေါ့ ဟုတ်လား ။ အသည်းဟင်း ထဲ မှာ အဆိပ်ခတ် လိုက်တယ် မဟုတ်လား ”

မောင့် ဒေါသ က နူးညံ့သည့် မောင့် မျက်နှာနုနု ကို အရုပ်ဆိုး စေ လှပါသည် ။

“ သိပ် ဒေါသမကြီးပါနဲ့ မောင် ။ မောင့် မှာ သွေးတိုး နဲ့ နှလုံး ရှိတယ် မဟုတ်လား ။ မောင့်သူငယ်ချင်း ဒေါက်တာအောင်ဝင်း က လည်း ဒေါသ ကြီး တာ ဟာ မောင့် အသက်အန္တ ရာယ် ကို ဒုက္ခ ပေးနိုင်တယ် လို့ ပြောထားတယ်လေ ”

“ ဒေါသ မကြီးရဘူး ဟုတ်လား ။ ခုလို အခြေအနေမျိုး ကို ဒေါသ မကြီး ဘဲ တည်တည်ငြိမ်ငြိမ် နဲ့ နေရမှာလား ”

စိတ် ဖေါက်ပြန်သွားသူ တစ်ယောက် ပမာ သွေးရူးသွေးတန်း အော်ဟစ် ရင်း စားပွဲခုံ ကို ထု လိုက်သည် ။ ထို့နောက် မျက်နှာ ရှုံ့ မဲ့လျက် ရင်ဘတ် ကို လက် နဲ့ ဖိ ရင်း သူမ တစ်စုံတစ်ရာ မတားဆီးနိုင် ခင် မှာ ပင် ထမင်းစားပွဲ ပေါ် သို့ မောင့် ခန္ဓာကိုယ် ပြိုလဲကျဆင်း လာတော့သည် ။

မလှုပ်မယှက် ငြိမ်သက် သွားသော မောင့် ကို ကြည့်ရင်း ကွာရှင်း ပြတ်စဲဖို့ စကား တောင် ပြောခွင့် မရလိုက်ပါလား ဟု သူမ  တွေး လိုက် မိသည် ။ စိတ် မကောင်း ဖြစ်စွာ အကြာကြီး ငြိမ်သက် ငေးငူ နေမိပြီး မှ မောင့် သူငယ်ချင်း ဒေါက်တာအောင်ဝင်း ထံ သို့ ဖုန်း ဆက်ရန် ထိုင်ရာ မှ ထ ရပ် လိုက်သည် ။

နောက်ဆုံးပေါ် အဆိပ် တစ်မျိုး အကြောင်း ပြောပြ နေရင်း ဒေါသတကြီး လဲကျ သေဆုံး သွားခဲ့သော မောင့် ‌ေ သ ဆုံးမှု သည် ဦးနှောက်သွေးကြော ပြတ်ခြင်းလား ၊ နှလုံးရောဂါ ၏ ဆိုးဝါးစွာ တိုက်ခိုက်မှု ကြောင့် လား ဆိုသည် ကို တော့ ဒေါက်တာအောင်ဝင်း က သာ အဆုံးအဖြတ် ပေးနိုင်ပါလိမ့်မည် ။

တယ်လီဖုန်း ရှိရာ သို့ မသွား မီ မောင့် မျက်နှာ အနီး ဟင်းပန်းကန် ထဲ မှ အသည်း တစ်ဖတ် ကို ကောက်ယူ ဝါး လိုက်တော့ သူမ ၏ လက်ရာ အသည်းဟင်း က မောင် ပြော သလို အမှန်တကယ် ပင် ခါးသက်သက် ဖြစ်၍  နေ လေသည် ။

◾နေနော်

📖 နှောင်ကြိုး တစ်မျှင်

#ကိုအောင်နိုင်ဦး

.

Saturday, June 29, 2024

အေးချမ်းတဲ့ ဘဝ

❝ အေးချမ်းတဲ့ ဘဝ ❞

[ မန္တလေး ရတနာပုံ နေပြည်တော် ကို စည်မျက်နှာ လို ညီတဲ့ မြေပြင် မှာ လမ်း အဖြောင့်တွေ မှာ မင်းတုန်းမင်း က တည်ခဲ့တယ် ။ လမ်းဖြောင့်ခြင်း ကြက်ခြေခတ် ဖြတ်ပြီး လေးထောင့်စပ်စပ် ဝင်းကြီး တွေ ဖြစ်လာတယ် ။ ဂုဏ်တန်ဝင်း ၊ ကသည်းဝင်း ၊ အစ်မတော်ဝင်း ၊ ကြယ်ခတ်ဝင်း စတဲ့ ဝင်း တွေ ရှိတယ် ။ ကြယ်ခတ်ဝင်း ကတော့ တစ်ချိန်တစ်ခါ က မြန်မာ တို့ အဆင်တန်ဆာ ဖြစ်တဲ့ ဖန်ကြယ်သီး ၊ ဖန်နားဋောင်း စတာ တွေ လုပ်တဲ့ ဖန်ကျီဆရာတွေ အနေ များ ခဲ့တယ် ။

မန္တလေး ၈၄ လမ်း အနောက်ဘက် ၊ ၃၄ လမ်း နဲ့ ၃၅ လမ်း အကြား က တောင်ကြယ်ခတ်ဝင်း ထဲ ကို မနက် ခုနှစ်နာရီ လောက် ရောက် သွားမယ် ဆိုရင် ကိုရင်ငယ် တွေ ဟာ မုန့်တီဆိုင် မှာ မြိန်ရည်ယှက်ရည် ဘုဉ်းပေး နေတာ ကို နေ့စဉ် တွေ့မြင် နိုင်တယ် ။ ကြည်နူး ကြည်ညိုစရာ အလွန် ကောင်းတယ် ။

ကျောက်သမား တစ်ဖြစ် လဲ တိုင်းရင်းသမားတော်ကြီး ဦးမောင်မောင် ( ယခု ၆၇ နှစ် ) က ဒါန ပြု လို့ ကိုရင်လေး တွေ ယခု လို ဘုဉ်းပေး ကြရတာပါ ။

ဦးမောင်မောင် ဟာ ကျောက်စိမ်း လောက မှာ အောင်မြင် ထင်ရှားခဲ့သူ ဖြစ်တယ် ။ ကျောက် အရည်အသွေး အကဲဖြတ် တာ သာ မက ကျောက် အရောင်းအဝယ် ပညာ မှာ ပါ ထူးချွန်တယ် ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ် က ထိုင်းနိုင်ငံ ကျောက်လောက အထိ သူ့ ကို သိကြတယ် ။ ကျော်စောမှု နဲ့ သူ အဖမ်းအဆီး ခံ ရတယ် ။ ရင်မအေး တဲ့ ကျောက်သမား ဘဝ ကို စွန့်ပြီး မိဘ ရိုးရာ တိုင်းရင်းဆေးဆရာ လုပ်ဖို့ သူ့ မိခင် က မေတ္တာရပ်ခံတဲ့ အတွက် ငွေဝင် ကောင်းတဲ့ ကျောက်သမား ဘဝ ကို ဦးမောင်မောင် ကျောခိုင်း ခဲ့တယ် ။

ဦးမောင်မောင် ပြုတဲ့ ကောင်းမှု တွေ ထဲ က နံနက် တိုင်း မုန့်တီဆွမ်း ကပ် တဲ့ အကြောင်း က စပြီး သူ့ ဆေးဆရာ ဘဝ ကို ကျွန်တော် က မေးမြန်းပါတယ် ။ ]

•••••   •••••   •••••   •••••

ကျွန်တော် ငယ်ငယ် ကတည်း က အမေ က မုန့် နှစ်ခု ပေး လိုက်ရင် ပထမဆုံး တွေ့တဲ့ သူငယ်ချင်း ကို မုန့် တစ်ခု ခွဲ ပေး ရမှ ကျေနပ်တာ ။ ကျွန်တော် အသက် ၄၁ ကျော် လာ တော့ မနက် မနက် မှာ သာမဏေလေး တွေ ဆွမ်းခံ ကြရင်း သပိတ် ထဲ ကို လောင်းလှူ လိုက်တဲ့ အကြော်ကလေး တွေ ဘာလေး တွေ ကို စား တာ မြင် ရတယ် ။ သူ တို့ ကျောင်း တုန်း က အာရုံဆွမ်း စားခဲ့ရ ရှာတာ မဟုတ်တော့ ဆာ မှာ ပေါ့ ။ ဒါနဲ့ ကိုရင် မုန့်တီ ဘုဉ်းပေးမလား မေးတယ် ။ ဘုဉ်းပေး မှာ ပေါ့ တဲ့ ။ အဲသည်တုန်း က မုန့်တီ တစ်ပွဲ တစ်ကျပ် ၊ ဆယ်ပါး အတွက် တစ်နေ့ ငွေ တစ်ဆယ် လှူမယ် ပေါ့ ။ ဒါပေမယ့် ကိုရင် က အပါး နှစ်ဆယ် ဖြစ် လာ ရော ။ ဒါနဲ့ ဒီနေ့  ဘုဉ်းပေး တဲ့ ကိုယ်တော် မနက်ဖန် ဘုဉ်း မပေးပါနဲ့ ။ တစ်လှည့်စီ ဘုဉ်းပေးကြပါ လျှောက်တယ် ။ အဲသည် အတိုင်းပဲ အလှည့်ကျ ဘုဉ်းပေး ရှာကြပါတယ် ။ ဒါပေမယ့် သတင်း ကြား လို့ ကြွ လာတဲ့ ကိုရင် တွေ က ရှိတော့ တစ်နေ့ ၁၅ ပါး ၊ အပါး ၂ဝ က နေ့စဉ် ရှိ နေတယ် ။ ဒါနဲ့ တစ်နေ့ အပါး ၂၀ ကပ်တယ် ။ တိုးတိုး လာ နေတော့ အပါး ၃၀ - ၄၀ - ၅၀ ။ အခု ဆိုရင် အပါး ၇၀ ။ မုန့်တီ က လည်း တစ်ပွဲ တစ်ရာ ဆိုတော့ တစ်နေ့ ရှင်း ရတာ ၇၀၀၀ ။

ကျွန်တော် က လက်မှတ်ကလေး တွေ လုပ် ထားတယ် ။ အရပ် ထဲ က မုန့်တီဆိုင် သုံးဆိုင် ဘယ်ဆိုင် သွား စားစား ။ ဆိုင်တွေ က လက်မှတ်ကလေး ပါရင် ကျွေးတယ် ။ မနက် ဆိုရင် ကိုရင်လေး တွေ က အိမ် ကို လာ ဆွမ်းခံတယ် ။ ကျွန်တော် က ဆွမ်းလောင်း ပြီးတော့ မုန့်တီ လက်မှတ်ကလေး ကပ် လိုက်တယ် ။ မနက် ရှစ်နာရီခွဲ လောက် ဆိုရင် ကျွန်တော် ငွေ လိုက် ရှင်းတယ် ။ ကိုရင်လေး တွေ လည်း ဘုဉ်းကံ ရှိတယ် ။ မုန့်တီဆွမ်း ကပ်ဖို့ ပိုက်ဆံ က တော့ ကျွန်တော် ရ နေတာပဲ ။

ကျွန်တော့် အဖိုး ဦးဩဇာ က နန်းတွင်း သမားတော်ကြီး ။ သူ့နှမ ကို မဏိပူရ က နေ သီပေါမင်း ကို ဆက်တယ် ။ နှမမိဖုရား ကို စောင့်ရှောက် ဖို့ အဖိုး ဦးဩဇာ မန္တလေး ကို လိုက် လာတယ် ။ အဖိုး က ဂါထာမန္တရား နဲ့ ဆေးပညာ တတ်တယ် ။ မင်္ဂလာဈေး နား မှာ ပုဏ္ဏားတော်ဝင်း ဆိုပြီး ဝင်း တစ်ဝင်း ပေးတယ် ။ သီပေါမင်း လက်ထက် ထီ တွေ ဖွင့် ကြတော့ အဖိုး က ထီ ရှုံးလို့ သူ့ ဝင်း ကို ရောင်း ဆပ်ပြီး တောင်ကြယ်ခတ်ဝင်း ထဲ ပြောင်း လာတာ ။

အဘိုး ဆီ က ပညာ က အမေ ဒေါ်စိန့်ညွန့် က ရတယ် ။ မယ်တော်ကြီး ဒေါ်စိန်ညွန့် က ဆေးပညာ နဲ့ အဖိုး သင်ပေးတဲ့ ဂါထာမန္တရား တွေ ကျွန်တော့် ကို သင် ပေးတယ် ။

အမေ က ကျောက် မလုပ် နဲ့ မိစဉ်ဖစဉ် လုပ်ငန်း ဖြစ်တဲ့ ဆေးဆရာ လုပ်ပါ ပြောတယ် ။ ဆေးဆရာ ဘဝ ကို ပြောင်း တော့ ကျွန်တော့် ပညာ က မစုံဘူး ။ ကျမ်းတတ် တာ မှန်တယ် ။ ရောဂါ လေး - ငါး - ဆယ်မျိုး ကုတတ်တာ မှန်တယ် ။ ဒါပေမဲ့ ရောဂါ ဆိုတာ အင်မတန် နယ် ကျယ် တာ ကိုး ။ ဒါနဲ့ ရန်ကုန် သွားပြီး ဆရာကြီး ဦးသိန်းလွင် ဆီ မှာ တပည့် ခံတယ် ။ ဆရာကြီး ဦးသိန်းလွင် က လည်း သူ့ စာအုပ် တွေ အကုန် ပေးပြီး ပညာကုန် သင်ပေးပါတယ် ။ ကျွန်တော် က ဆေးပညာ ကို ဆရာ အစုံ ဆီ က ဆည်းပူး ခဲ့တယ် ။ သင်္ဘောတန်း ဆရာကြီး ဦးကြံအောင် ၊ ဒေးဝန်း ဆရာကြီး ဦးအောင်ညွန့် ၊ ဗောဓိကုန်း ဆရာကြီး ဦးအုန်းခိုင် စတဲ့ ဆရာ တွေ ဆီ က သင်ယူ ခဲ့တယ် ။

ပထမ တော့ ကုသိုလ်ဖြစ် ဆေး ပေး တာပါ ။ လူနာ က လည်း နှစ်ယောက် သုံးယောက် ပဲ လာတယ် ။ အင်မတန် နည်းတယ် ။ ကျောက်ကုန်သည် ဘဝ က လာတာ ဆိုတော့ ငွေ သုံး က ကြမ်းတုန်း ၊ လက် ဖွာ တာ က အကျင့် ပါ နေဆဲ ။ ဆင်းရဲသား ဆေးကု လာရင် အိတ် ထဲ က ရှိတာ တောင် ထုတ်ပေးတယ် ။ ငွေ က သိပ် မဝင်တော့ စိတ် နေ ကျဉ်းကြပ်တာပေါ့ ။ အမေ က ငါ့ သား စိတ် ရှည်ရှည် ထားပါ ။ သည် လုပ်ငန်း က ကုသိုလ် လည်း ရမယ် ၊ တစ်နေ့ ကျ ရင် မင်း သုံးချင် သလောက် သုံး မကုန်အောင် ရမယ် လို့ ပြောတယ် ။

အမေ့ တော့ ကျွန်တော် ယုံကြည်တယ် ။ ကုရင်း ကုရင်း နဲ့ လူနာ က တစ်နေ့ အစိတ် သုံးဆယ် ဖြစ် လာတယ် ။ တဖြည်းဖြည်း များများ လာတယ် ။

အချို့ လူနာ ကို သွား စမ်း ကြည့် လိုက်တော့ သူ့ အခြေအနေ က အလွန်ဆုံး ခံရင် တစ်လ ပဲ ။ ရောဂါ က ကျွမ်း နေပြီ ။ သူ လည်း ဆရာ စုံ ခဲ့ပြီ ၊ ဆေးရုံ က ဆင်းခဲ့ပြီ ။ သည် လူနာမျိုး ဆိုရင် လူနာစောင့် ကို ကိုယ် မနိုင် ရင် ငါ မနိုင်ဘူးနော် ၊ ဒီ ဆေး ကို တစ်ပတ် စား ၊ မထူးခြား ရင် ဆရာ ပြောင်း နော် လို့ ပြောတယ် ။ လူနာ လည်း တကယ်ပဲ တစ်လ လောက် နေတော့ ဆုံး ရှာတယ် ။ ဒါမျိုး ကြုံရတဲ့ အခါ နည်းနည်းပါးပါး တော့ စိတ် ဆင်းရဲတာ အမှန်ပဲ ။ ကိုယ် မနိုင်လို့ ၊ ကိုယ့် ပညာ မပြည့်စုံလို့ သေရှာတာ လို့ မှတ်ချက် ချ မိတယ် ။

အချို့က ဆေးခန်း ကို လာ တာ ငွေကြေး က မပြည့်စုံ ရှာဘူး ။ ဒီနေ့ တောင် တစ်ယောက် လာ သေးတယ် ။ တမာကုန်း က လာတာ ။ လင် ရော မယား ရော မကျန်းမာဘူး ။ ဆရာကြီး ရယ် လာချင်တာ ကြာလှပြီ ငွေ ခက်နေလို့ ၊ ဒီနေ့မှ ဘေးအိမ် က သုံးထောင် ချေးလိုက် လို့ တဲ့ ။ ဒါနဲ့ ချေးလာတဲ့ ပိုက်ဆံ ကို ပြန် ပေးလိုက် ။ ပိုက်ဆံ တစ်ပြား မှ မရှိလည်း လာခဲ့ ၊ လင် ရော မယား ရော ကု ပေးမယ် ။ တစ်လခွဲ ဆေး သောက်ရင် ပျောက်မှာ စိတ်ရှည်ရှည် လာ ၊ အားမနာ နဲ့ ပြော ရတယ် ။

အဘိုး အဘွား အဖေ အမေ ပေးခဲ့တဲ့ ဆေးပညာ အမွေ နဲ့ ကုသ ပေးနေတာ ဆယ်ယောက် ကုရင် ကိုးယောက် ပျောက်ပါတယ် ။ ကျွန်တော် ကံ လိုက် ပါတယ် ။ အမေ ပြောခဲ့တဲ့ စကား မှန်တယ် ။ ဆေးဆရာ ဘဝ မှာ ကျွန်တော် ကုသိုလ် လည်း ရတယ် ။ စိတ် လည်း အေးချမ်းတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

ပင်လယ်လှိုင်း လို ဘဝ

 ❝ ပင်လယ်လှိုင်း လို ဘဝ ❞

[ မန္တလေးမြို့ မှာ ကျောက်စိမ်းသူဌေးတွေ အများကြီး ရှိပါတယ် ။ ဦးမောင်မောင် ( ၆၁ နှစ် ) ဟာ ပုဏ္ဏားမောင်မောင် ဆိုတဲ့ အမည် နဲ့ ကျောက်လောက မှာ လူသိ များ ခဲ့တယ် ။ သူ့ အမည် က ထိုင်းနိုင်ငံ ကျောက်လောက အထိ ထင်ရှားခဲ့ ပါတယ် ။

ကျောက်စိမ်းတုံး တစ်တုံး ကို မခွဲစိပ် မဖြတ်တောက်သေး ဘဲ အပြင် က ကြည့်ပြီး အတွင်း က ကျောက် အရည်အသွေး ကို ခန့်မှန်း တာ တော်တယ် လို့ အသိအမှတ် ပြု ခံရတယ် ။ ဦးမောင်မောင် ဟာ ကျောက်လုပ်ငန်း နဲ့ ချမ်းသာတယ် ။ မန္တလေးမြို့လယ် ၈၄ လမ်းမကြီး ပေါ် မှာ ကိုယ်ပိုင်တိုက် ဝယ် နိုင်တယ် ။

မြန်မာ့ဆိုရှယ်လစ် စီးပွားရေးခေတ် မှာ ကျောက် လုပ်ငန်းကြောင့် ဦးမောင်မောင် အကြိမ်ကြိမ် အဖမ်းအဆီး အမေးအမြန်း ခံရတယ် ။ သူ့  မိခင် ဒေါ်စိန်ညွန့် က သူ့ သား ကို ကျောက် မလုပ်ဖို့ မေတ္တာရပ်ခံ သတဲ့ ။ အဲသည် အချိန် က စပြီး ကျောက် ကို လုံးဝ လှည့် မကြည့်တော့ တဲ့ အထိ မိခင် စကား ကို ဦးမောင်မောင် နားထောင် တယ် ။

ဦးမောင်မောင် ရဲ့ တိုက် ကို သွားပြီး သူ့ ရဲ့ ကျောက်သမား ဘဝ အတွေ့ အကြုံ ကို ကျွန်တော် မေး ပါတယ် ။ ]

•••••   •••••   •••••   •••••

ကျွန်တော့် ကို မွေး တာ က မန္တလေး ၊ တောင်ကြယ်ခတ်ဝင်း မှာ ။ အဖေ က ကျောက်ကုန်သည် ။ စစ် အတွင်း မှာ ကျောက်ကုန်သည် အတွက် ဘာ အလုပ် မှ မရှိဘူး ။ မန္တလေး က လူတွေ စစ်ပြေးကြတော့ စစ်ကိုင်းတောင်ရိုး ကို ပြေး ကြတယ် ။ စစ်ကိုင်း မှာ လည်း လူ တွေ က ပြည့် နေပြီ ။ ဒါနဲ့ အမရပူရနယ် ဟင်္သာရွာ ကို ပြေးခဲ့ကြတယ် ။ အဲသည်တုန်း က ကျွန်တော် က အသက် ခုနစ်နှစ် လောက် ရှိပြီ ။

ဟင်္သာရွာ မှာ အမေ က အကြော် ကြော် ရောင်းတယ် ။ ညှော် မိဖန် များ လို့ ခါးနည်းနည်း ကုန်း လာ တော့ မုန့်ပျားသလက် လုပ် ရောင်းတယ် ။ ဂျပန်ခေတ် ဂျပန်စက္ကူ နဲ့ ရောင်း ရတာ ။ စ ရောင်း တုန်း က မုန့် တစ်ခု ကို နှစ်ကျပ် သုံးကျပ် ။ နောက်ဆုံး ကျ တော့ မုန့်ပျားသလက် အဖြူ က ၁၅ဝ ၊ အနီ က ၂၀၀ ဖြစ်တာ ။

ဂျပန် ပြေးမယ် ဆို တော့ အမရပူရ က စစ်လမ်းကြောင်း ကျသတဲ့ ။ ဒါနဲ့ နေရာ ပြောင်း ရတယ် ။ ကျောက်ဆည်နယ် က ဂင်ဂါ ကို ရွှေ့ကြတယ် ။ တောရွာလေး ပေါ့ ။ ကျောက်ဆည် ကနေ အနောက် ထဲ လှည်း နဲ့ ၁၂ မိုင် လောက် သွားရတယ် ။ နောက်တော့ သတင်း က ရောက် လာ ပြန်ရော ၊ ဂျပန် ပြေး ရင် အဲသည် ရွာ ကို ဖြတ် ပြေး မှာ တဲ့ ။ ဒါနဲ့ လယ်ကွင်း ထဲ ပြောင်းပြီး တဲထိုး နေရတာပေါ့ ။ ဂျပန် တွေ စစ်ပြေး တော့ တကယ် ရောက်လာတာပါပဲ ။

မန္တလေး မှာ အေးချမ်းပြီ ဆိုတော့ ကိုယ့်ရပ် ကိုယ့်ရွာ ကို ပြန်ခဲ့တယ် ။ ပြန် ရောက် တော့ ကျွန်တော်တို့ နေခဲ့ တဲ့ အိမ် က ဗုံးကျ လို့ မီး လောင် သွားပြီ ။ ဒါနဲ့ မြေငှား ပြီး အိမ်ဆောက် နေကြတယ် ။ မြေငှားခ က တစ်လ ကို သုံးကျပ် ပေး ရတယ် ။

ကျွန်တော်တို့ သား အဖ နှစ်ယောက် ဖန်ကြယ်သီး သွေး ကြတယ် ။ အဖေ က ငါ့ သား သည် အလုပ် က ရေရှည် မခံဘူး ။ ဖန် ကို လူတွေ မသုံးတော့ဘူး ၊ ပြင်သစ် က ကျောက်သွေး တဲ့ ပညာ ပြောင်း သင် တဲ့ ။

ကျွန်တော် ၁၃ နှစ် သား ရှိပြီ ။ တစ်နှစ် လောက် သင် တော့ ပြင်သစ် ချက်ကျောက်ကလေးတွေ ကို အကွက်ဖော် သွေးတတ် လာတယ် ။ တစ်နေ့ သုံးကျပ် ရတယ် ။ ကြိုးစားတော့ နောက်ကျ တစ်နေ့ လေးကျပ်ခွဲ ရတယ် ။ နောက်ကျ တစ်လ တစ်ရာ့ရှစ်ဆယ် လောက် ရ လာတယ် ။ အဲသည် ဝင်ငွေ က နေ့တိုင်း ကြက်သားဟင်း ချက်စား လို့ ရတယ် ။

အသက် က ၁၇ နှစ် သား ရောက် လာပြီ ။ အရင် က ပိုက်ဆံ မရှိလို့ ရှင် မပြုနိုင်ဘူး ။ ၁၇ နှစ် သား မှာ ကျွန်တော် ရှင် ပြုရတယ် ။ အသက် ၂၀ လောက် ရောက် တော့ ကျောက်သွေးဆရာကြီး ဦးလှဘော် နဲ့ တွေ့တယ် ။ မင်း တစ်လ ငွေ ဘယ်လောက် ရ သလဲ တဲ့ ။ တစ်ရာ့ငါးဆယ် လောက် ရပါတယ် ပေါ့ ။ လျှော့ ပြောတာ ။ အင်္ဂလိပ်စာ တတ် သလား တဲ့ ။ မတတ်ပါဘူးလို့ ။ ကျွန်တော် က တန်းကျောင်း မှ မနေဖူးတာ ။ သင်ပေါ့ တဲ့ ။ သင် တော့ သင်ချင်ပါတယ် ။ ကျွန်တော် က အမေ နဲ့ အဖေ ကို ရှာ ကျွေးနေရတာ ဆိုတော့ မင့် တစ်ရာ့ငါးဆယ် ငါ ပေးမယ် ။ ကျောင်း သွား တက် တဲ့ ။ သက်ကြီး ညကျောင်း တက်တယ် ။ ကျွန်တော် ခုနစ်တန်း ဝင် ဖြေတာ အောင် သွားတယ် ။ ဆယ်တန်း ရောက်တော့ စာမေးပွဲ မှာ မြန်မာစာ က ပါဠိ ကို ဘာသာပြန် ခိုင်းတာ မဖြေနိုင်ဘူး ။ စာမေးပွဲ ကျရော ။

ဒါနဲ့ ဦးလေးဦးလှသောင်း က ကျောက်အရောင်း သင် ပေးတယ် ။ ပွဲစားပညာ သင်တယ် ။ ပွဲစားပညာ မှာ ကုန်သည်တွေ ကို သင့်မြတ်အောင် ပေါင်းဖို့ သူတို့ လိုချင်တဲ့ ပစ္စည်း ဘယ်သူ့ လက် ထဲ မှာ ရှိတယ် ဆိုတာ သိဖို့ လိုတယ် ။ လိုချင်တာ ရအောင် ရှာနိုင် ရမယ် ။ ဈေးနှုန်း လည်း မှန်မှန်ကန်ကန် ရှိရတယ် ။ အရောင်း အဝယ် မှာ ပွဲညွန့် ဆိုတာ ရှိတယ် ။ ပစ္စည်း ပိုင်ရှင် က ၅ဝဝဝ နဲ့ ရောင်းမယ် ဆိုတာ ကိုယ် က ၆ဝဝဝ ရ အောင် ရောင်းပြီး ပိုင်ရှင် ကို ၄ဝဝဝ ပြန် ဆစ် ၊ ကြား က ၂ဝဝဝ စား ။ ဒါတွေလည်း မလုပ်ရဘူး ။ ရိုးရိုးသားသား လုပ် ရင် ဘယ်တော့မှ မဆင်းရဲဘူး တဲ့ ။

ကျွန်တော့် ကို ဦးဘိုကေ က ကျောက်စိမ်းပညာ သင် ပေးတယ် ။ ကျောက်စိမ်း ရောင်း ရာ မှာ ရန်ကုန် က ပို ရတယ်လို့ ညွှန်ပြတယ် ။ သူ က ရန်ကုန် ခေါ် သွားပြီး ကျောက်ကုန်သည် တွေ နဲ့ မိတ်ဆက် ပေးတယ် ။ ကျွန်တော့် ကျောက် ကို စိတ်ချပါ ။ ခိုးရာပါ ပစ္စည်း မပါဘူး ။ အတု မပါဘူး ။ ရဲရဲ ဝယ်ပါ လို့ အာမခံ ပေးတယ် ။ မန္တလေး က ကုန်သည် တွေ က လည်း မောင်မောင် မင်း ပွဲခ ယူပါ ပေးပြီး ရန်ကုန် လွှတ် ကြတာ ။ တစ်လ နှစ်ခေါက် လောက် သွားရတယ် ။ ပွဲခ ရတာ ကို မနည်းဘူး ။

ရန်ကုန် သွားတဲ့ အခါ ရုပ်ရှင်မင်းသားကြီး ဦးဇေယျ အိမ် မှာ တည်းတယ် ။ နောက်တော့ သူ့ သမီး မမြမြအေး နဲ့ နီးစပ် သွားကြတယ် ။ မိဘတွေ က လည်း သဘော တူ ကြပါတယ် ။

မင်္ဂလာဆောင် ဖို့ အတွက် စထရင်းဟိုတယ် မှာ ဧည့်ခံပွဲ လုပ်မယ် စီစဉ်တယ် ။ စီစဉ်ဆဲ မှာ ပဲ ကျွန်တော့် ကျောက် အလိမ် ခံရတယ် ။ ခုနစ်သိန်း ဖိုး ။ အဲဒါ မင်္ဂလာဆောင် ဧည့်ခံပွဲ မလုပ်နိုင်တော့ဘူး ။ ဦးဇေယျ က လည်း ငါ ကြိုက်တာတော့ နှစ်ဖက် မိဘ ကို ကန်တော့မယ် ကွာ ဧည့်ခံပွဲတွေ မလုပ်နဲ့ တဲ့ ။

ကြည့်မြင်တိုင် ဒေါ်ပို ဆိုတာ ရှိတယ် ။ မောင်နှမတွေ လို နေကြတာ ။ သူ့ ဆီက ပိုက်ဆံ နှစ်ကျပ် သွား ချေးတယ် ။ မင်း ဘာလုပ်ဖို့လဲ တဲ့ ။ မင်္ဂလာဆောင်ဖို့ ။ မင်္ဂလာဆောင် တာ နှစ်ကျပ် နဲ့ ရမလားကွာ တဲ့ ။ ဘုန်းကြီး ဆွမ်းကပ်မယ် ၊ လာတဲ့ ပုဂ္ဂိုလ်တွေ ကို လုံချည် တစ်ထည် စီ ကန်တော့မယ် ၊ လုံချည် တစ်ထည် က လည်း အဲသည်တုန်း က ခုနှစ်ကျပ် ဗျ ။ ဘယ်တော့မှ ဆပ်ဆပ် ဆိုပြီး ဒေါ်ပို က ငွေ နှစ်ထောင် ပေးတယ် ။

မင်္ဂလာပွဲ ကို အေဝမ်းဦးတင်မောင် တို့ ၊ ဦးသုခ တို့ ၊ ဦးသာဂေါင်ကြီး တို့ ၊ သန်းနွဲ့ တို့ လာကြတယ် ။ ထမင်း ကျွေးပြီး လုံချည် တစ်ထည် စီ ကန်တော့တယ် ။ ဦးသုခ က ဆုပေးကောင်း ဗျ ။ သူ့ ရှေ့ ထိုင် လည်း ကန်တော့ ရော ကြယ်ကလေးတွေ ချစ်စရာ အပြာရောင် ကောင်းကင်မှာ ... သီချင်း အားရပါးရ ဆိုတာ ။ တွေ့လား ၊ ကြယ်ကလေးတွေ ကို ပြုံးရင်း တစ်လုံးချင်း ကြည့် နေရင် ကြယ်ကလေးတွေ က လည်း ကိုယ့် ကို ပြန်ပြီး အပြုံး နဲ့ တုံ့ပြန် ကြည့်မှာ ။ မင်း တို့ လင်မယား လည်း အိုအောင်မင်းအောင် ပေါင်းရပါစေ ဆိုတာ နဲ့ မလုံလောက်ဘူး ။ ရန် မဖြစ်ကြနဲ့ ။ တစ်ယောက် ကို တစ်ယောက် အပြုံး နဲ့ ကြည့် မှ တစ်သက်လုံး စိတ်ချမ်းသာ မှာ တဲ့ ။

ကျွန်တော် ကျောက် အရောင်းအဝယ် လုပ်တာ ပိုက်ဆံ နည်းနည်း များ လာတော့ တော်ဝင်ရုပ်ရှင်ရုံ ရှေ့ က ရွှေလက်ဝါးတိုက် ကို ရောင်းမယ် ဆိုတာ နဲ့ တစ်သိန်းသုံးသောင်း နဲ့ ဝယ်ပြီး ပြောင်း နေ ကြတယ် ။

နောက် တော်လှန်ရေးအစိုးရ တက် လာပြီး ကျောက်စိမ်း လုပ်တဲ့ သူ တွေ ကို ဖမ်းတယ် ။ ဖမ်း ထားတဲ့ လူ ကို ဘယ်က ဝယ်တာလဲ မေးတော့ ပုဏ္ဏားမောင်မောင် ဆီ က ဝယ်တာပါ လို့ ဆိုတယ် ။ ဒါနဲ့ အိမ် လာ ရှာတော့ ကျောက် တွေ ရွှေချောင်း တွေ တွေ့ တယ် ။ အဲသည် အချိန်က ထိုင်းနယ်စပ် ဒေါ်လမ်း ၊ မြဝတီ ၊ ကော့ကရိတ် ၊ ကျုံဒိုး က ကျောက် လာ ဝယ်တဲ့ သူတွေ က ငွေ မပါဘူး ။ ရွှေချောင်း တွေ ယူ လာတာ ။ ကျွန်တော့် မှာ ရွှေချောင်း တွေ ရှိတယ် ။

ကျွန်တော့် ကို ဖမ်း သွားတာ လေးလ လောက် ကြာတယ် ။ သက်ဆိုင်ရာ က ကျွန်တော့် မှာ အပြစ် တော့ ရှာ မတွေ့ဘူး ၊ ဖမ်း မိတဲ့ ကျောက် တွေ ရွှေချောင်း  တွေ အစိုးရ ကို လှူ မလား ၊ လှူ ရင် လွတ် မယ်ပေါ့ ။ လွတ် ရင် လှူ မှာ ပါ့ ။ လွတ် ရင် ဘာ လုပ်စားမှာလဲ မေးတော့ ကျွန်တော် က ဒါပဲ လုပ်တတ်တာ ၊ ကျောက် ဆက် လုပ်ရမှာ ပဲ ပြောတော့ သူတို့ က ရယ်တယ် ။ အဲဒါ အသက် ၃ဝ ။

လွတ် လာတော့ ကျောက် လုပ်ငန်း ပဲ ဆက် လုပ်တယ် ။ ၃၁ နှစ် ရောက် တော့ ပါ သွားပြန် ရော ။ ကျော်ကြားမှု တဲ့ ။ အဲဒါ တစ်နှစ် လောက် ကြာတယ် ။ နောက်တော့ ပြန် လွတ် လာတယ် ။ ကျောက် ပြန် လုပ်တယ် ။ ဖမ်း ပြန်တယ် ။

တတိယအကြိမ် မြောက် အဖမ်း ခံ ရတာ က တစ်လ လောက် ကြာတယ် ။ ပြန် လွတ် လာတော့ ကျွန်တော့် အမေ က ငါ့ သား မင်း နောက် တစ်ခါ အဖမ်း ခံရရင် အမေ ‌ေ သတာတောင် မင်း တွေ့ ရမှာ မဟုတ်ဘူး ။ ကျောက် မလုပ်ပါနဲ့ တော့ ငါ တို့ မိဘ အစဉ်အဆက် ဆေးဆရာ လုပ်စား ခဲ့တာပါ ။ မင်း လည်း ဆေးဆရာ ပဲ လုပ်ပါတော့ လို့ မေတ္တာရပ်ခံတယ် ။

ကျွန်တော့် အဖိုး က ဘုရင့်လက်ထက် က ဆေးဆရာ ။ အဖိုး ရဲ့ အမွေ ဆေးနည်း တွေ က လည်း ကျွန်တော့် လက် တစ်ကမ်း မှာ ပဲ ရှိတယ် ။ အမေ့ ဆန္ဒ အရ ကျောက်သမား ဘဝ ကို လုံးဝ စွန့်လွှတ်လိုက်ပြီး ဆေးဆရာ ဘဝ ကို ခံယူ လိုက်တယ် ။

ကျောက်သမား ဘဝ က တော့ ပင်လယ်လှိုင်း စီးရ သလိုပဲ ။ လှိုင်းထိပ် အမြင့်ကြီး ရောက်တဲ့ အခါ လည်း ရောက် ရဲ့ ၊ လှိုင်းခွဲ ထဲ ကျပြီ ဆိုရင်တော့ လည်း အသူတစ်ရာ ချောက် ထဲ ကျ သလို ပါ ပဲ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

Friday, June 28, 2024

သက်တူ ရွယ်တူ

❝ သက်တူ ရွယ်တူ ❞

တစ်ခါက ဟိမဝန္တာ တောတန်း ရဲ့ ညောင်ပင်ကြီး တစ်ပင် အောက် မှာ ဆင်ကြီး တစ်ကောင် နေတယ် ။ သစ်ကိုင်း ပေါ် မှာ မျောက် ၊ သစ်ပင် ထိပ်ဖျား မှာ ခါ တို့ နေကြတယ် တဲ့ ။

အဲဒီ သစ်ပင်ကြီး ကို အမှီ ပြုပြီး အတူတကွ နေထိုင်ကြပေမယ့် သူတို့ ချင်း မသင့်မြတ်ကြဘူး ။ ပြော ရရင် တော့ “ မတည့် အတူနေ ” တွေပေါ့ ။ တစ်နေ့ မှာ သူတို့ ရဲ့ သစ်ပင်ကြီး အောက် ဆီ ကို အလွန်လှပ မွှေးမြတဲ့ သစ်သီးတစ်လုံး ပြုတ်ကျ လာတယ် ။ ပိုင်ဆိုင်မှု ဟာ အပြိုင် ဖြစ် နေတယ် ။ အဲဒီတော့ မျောက် က ပြောတယ် ...

“ ဒါ ဆိုရင်လည်း ငါတို့ ထဲ က အသက် အကြီးဆုံး သူ ကို ဦးစားပေးမယ် ကွာ ၊ သူ အရင် စားပြီးမှ သူ့ ထက် ငယ်သူ စား ၊ နောက်ဆုံး ကျ မှ အငယ်ဆုံး က စားပေါ့ကွာ ”

“ ဒါဖြင့် အသက် ကို တွက်ကြည့် ကြရအောင် ”

ရိုးအ လှတဲ့ ဆင်ကြီး က အရင် စ ပြောတယ် ။

“ ငါ ဆင်ပေါက် ငယ်ငယ်လေး တုန်း က ဒီ ညောင်ပင် ဟာ ငါ့ ဗိုက် အောက် ကို တောင် မထိသေးဘူး ”

မျောက် က ပြောတယ် ။

“ ငါ ထိုင်တက်ခါစ အရွယ် မှာပဲ ဒီ ညောင်ပင် ရဲ့ အညွန့်တွေ ကို လှမ်း ဆွဲ ကစားခဲ့တာ ”

ခါ က ပြောတယ် ။

“ ဒီ ညောင်ပင် က ငါ မစင် စွန့် လို့ ပေါက်တဲ့ ညောင်ပင် ကွ ၊ အစ က ဒီမှာ တောင် မရှိဘူး ”

အဲဒီတော့ ခါ က သူတို့ သုံးယောက် ထဲ မှာ အသက် အကြီးဆုံး ဖြစ်သွားတော့ တာပေါ့ ။ မျောက် က အလတ် ၊ ဆင် က အငယ်ဆုံး ။ အဲဒါ အဆုံးအဖြတ် ပဲ ။ ဆင် က အငယ်ဆုံး ဖြစ်နေတော့ သက်ပြင်း ချရင်း ပြောတယ် ။

“ အဲဒါ ဆိုရင်လည်း ဒီ သစ်သီး ကို အစ်ကိုကြီး ခါ က အရင် စားပါ ၊ ဦးဦးဖျားဖျား ဦးချရတာပေါ့ ၊ ပြီး အစ်ကိုလတ် ဖြစ်တဲ့ မျောက် က ဆက် စားပေါ့ ။ ခင်ဗျားတို့ စားပြီး ကျန်တာ ကို မှ အငယ်ဆုံး ဖြစ်တဲ့ ကျွန်တော် က စား ပါ့မယ် ”

ခါ က တဟားဟား ရယ်တယ် ။ မျောက် က လည်း လိုက် ရယ်တယ် ။ ဆင်ကြီး မှာ တော့ မျက်နှာငယ်ကလေး နဲ့ ၊ ရယ်လို့ အားရတဲ့ အဆုံး မှာ ခါ က သစ်သီး ကို စ,စားတယ် ။

“ ဂစ် ”

တစ်ချက် နှစ်ချက် ပဲ မြိုချ ရသေးတယ် ။ ခါ ဟာ တစ်ကိုယ်လုံး ပြာနှမ်း ပြီး ‌ေ သဆုံး သွားတယ် ။ အသက် ကြီးတယ် ဆိုပြီး ဦးဦးဖျားဖျား စား ချင်တဲ့ ခါ က တော့ ( အရပ်စကား နဲ့ ပြောရရင် ) ‘ ကြွ ’ သွားပါပြီ ။ မျောက် မှာ ( နဂို မှ ဂဏှာ မငြိမ်ရတဲ့ ကြား ထဲ ) ထိုင်ရ မလို ထရ မလိုဖြစ်ပြီး

“ ဒါ .. ဒါ အဆိပ်သီးပဲ ကွ ”

“ အင်း ...”

“ ဒါဖြင့်လည်း လွှင့်ပစ် လိုက်ရအောင်ကွာ နော် ၊ ဘာဖြစ်လို့ စား နေတော့ မှာ လဲ ။ မင်း နဲ့ ငါ ကြား မှာ လည်း အကြီးအငယ် မခွဲခြား ပါနဲ့တော့ ။ သက်တူ ရွယ်တူ တွေ လိုပဲ သဘောထား ကြတာပေါ့ကွာ .. နော် ... နော်  ... နော် ”

သစ်ကိုင်း တွေ ကို လေတိုးသံ က ရှဲခနဲ မြည် သွားပါ တော့တယ် ။

◾တာရာမင်းဝေ

📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်

#ကိုအောင်နိုင်ဦး

.

မတူလေခြင်း

❝ မတူလေခြင်း ❞

အေးခင် ရောက် စ က တူးတူး သည် နှစ်ခါလည် သမီး လောက် ပင် ရှိ သေးသည် ။ အေးခင် က သုံးခါလည် ဖြစ်၍ အမေ က နို့ ဖြတ် လိုက်၏ ။ အေးခင် ကို ထမင်း ဆီ နှင့် ဆား နှင့် ကျွေး လျှင် အေးခင် စားတတ် ၍ နေ ပေပြီ ။ 

တူးတူး ကို မူ မာမီ က နို့ဘူး စို့ ခိုင်းတုန်း ပင် ရှိ သေးသည် ။ အမေ သည် ကလေးထိန်း သက်သက် မဟုတ် ၊ တူးတူး ကို ကြည့် ရင်း မာမီ ၏ အိမ် ဝေယျာဝစ္စများ ကို ကူ၍ လုပ် ရ၏ ။ ထမင်း လည်း ချက် ရ၏ ။ တူးတူး ငယ်ငယ် က အချိန်မှန် နို့ တိုက်ဖို့ အတွက် နို့ဘူးများ ပြုတ်သော ကိစ္စ ၊ နို့ဖျော် ရေချိုး နို့တိုက်ခြင်း များ ကို မူ မာမီ က သူ ကိုယ်တိုင် လုပ်သည် ။

ထို့ကြောင့်ပင် မာမီ က တူးတူး နှင့် အချိန် ကုန် ရသော ကြောင့် အမေ သည် မီးဖို တွင် ကူရန် ရောက် လာရခြင်း ဖြစ်လေသည် ။ 

မာမီ သည် ဝန်ထောက် ကတော် ပင် ဖြစ် သော်လည်း အတန်းအစား ခွဲခြားသော စိတ် သူ့ တွင် နည်းပါး လေသည် ။ မာမီ စကား ပြော လျှင် ဖြည်းဖြည်း နှင့် တိုးတိုး ပြော၏ ။ တူးတူး ဖို့ မုန့် တစ်ခု ထုတ် ပေး လျှင် အေးခင် ကို လည်း တစ်ခု ထုတ် ပေးသည် ။ တူးတူး ဖို့ ဂါဝန် အသစ် တစ်ခု ဝယ် လျှင် အေးခင် ဖို့ လည်း ဂါဝန် တစ်ခု ဝယ် ပေးသည် ။ သို့သော် အေးခင် ၏ ဂါဝန် သည် တူးတူး ဂါဝန် လောက် အဖိုး မတန်ပေ ။

ဘယ်လိုပင် ဖြစ်စေ ၊ ထိုမျှ သူ့ သမီးလေး အပေါ် တွင် ငဲ့ညှာ လျှင် ပဲ အမေ က စိတ်ချမ်းသာ လှပေပြီ ။ အမေ့ လခ သည် မများလှ ၊ သားအမိ နှစ်ယောက် လုံး ကို တူးတူး တို့ မာမီ က ထမင်း ကျွေး ၊ အဝတ် ပေး ၏ ။ လခ မှာ တစ်လ ကို နှစ်ဆယ့်ငါးကျပ် သာ အမေ ရ ပေသည် ။ အမေ့ အတွက် အရေးကြီးသည် က လခ ထက် အေးခင် စိတ်လက် ချမ်းသာစွာ နေရသည် ကို ကျေးဇူး တင်၏ ။ ပြီးတော့ လည်း ထမင်း နှင့် အဝတ် ဖူလုံ နေသည့် နောက် အမေ တို့ သားအမိ နှစ်ယောက် သည် လခ နှစ်ဆယ့်ငါးကျပ် ကို တစ်လလုံး အတွက် ချစ်ချစ်ချုပ်ချုပ် သုံး နိုင် လေသည် ။ 

ညနေစောင်း လျှင် တူးတူး တို့ ဒက်ဒီ အား မာမီ က သိုးမွေးစောင်လေး ထိုးရင်း ဖြစ်ဖြစ် ၊ လုံချည် ပေါ် တွင် ပန်းပွင့်လေး များ ထိုးရင်း ဖြစ်ဖြစ် ၊ မျှော်တတ်သည် ။ မျှော်သည့် နေရာ က လည်း တူးတူး ဘောလုံး ဆော့ တတ် သော မြက်ခင်း နေရာ ဘေး တွင် ဖြစ်၏ ။ ထို နေရာ မှာ ထိုင် နေလျှင် အလုပ် လည်း ပြီးသည် ။ ဒက်ဒီ ကို လည်း ကြို ရသည် ။ သမီးလေး တူးတူး ကစား သည်ကို လည်း မျက်စိ နှင့် မြင် နေရသည် ။ 

ငယ်စဉ် က ကျောင်းစာ ထဲ တွင် “ ကြေးမုံ ကဲ့သို့ အမြဲ ရှုအပ်သော သားမောင် ” ဟူသော စကားပိုဒ်ကို မာဘောဝါဒ တွင် ကျက်ခဲ့ရသည် မှာ ခပ်ပေါ့ပေါ့ ပင် ဖြစ်၏ ။ ခုမှ မာမီ သည် တူးတူး ကို ကြေးမုံ လို နေ ရ၏ ။ အမှန် တော့ မျက်မှန် လို တပ် နေရသည် ဆိုလျှင် ပို မှန် ပေလိမ့်မည် ။ မာမီ နှင့် တူးတူး သည် တစ်ယောက် ကို တစ်ယောက် ကမ္ဘာ လုပ် ကာ နေ ကြသည် ။

တူးတူး သည် သာ မာမီ ၏ ကမ္ဘာ ဖြစ် သလို မာမီ သာ လျှင် လည်း တူးတူး ၏ ကမ္ဘာ ဖြစ် နေလေသည် ။ 

တူးတူး ကို ကျောင်း ပို့ချိန် တွင် မာမီ အတွက် အားလပ်ချိန်များ ပို၍ လာ ခဲ့သည် ။ ရန်ကုန် ထဲ ရှိ သာသနာပြုကျောင်း သို့ ကျောင်းပို့ ကျောင်းပြန် လုပ်ရသည် က လွဲ ၍ မာမီ သည် နေ့လယ်ပိုင်း တွင် အားလပ် နေ၏ ။ အေးခင် ကို မူ မာမီ က သူတို့ အနားရှိ မြူနီစီပယ်ကျောင်း တစ်ကျောင်း  တွင် ထား ပေးသည် ။

“ အေးခင် ၊ ငါ့ သမီး စာ ကြိုးစား သင် နော် ၊ တူးတူး တို့ မာမီ မို့ လို့ သမီး ကို ကျောင်း ရယ် ဘာ ရယ် ထား ပေးတာ ၊ တချို့ အိမ် တွေ ဆို အိမ်စေ ရဲ့ စာ တတ် ဖို့ဟာ တွေ ဘာ တွေ ဂရုစိုက်တာ မဟုတ်ဘူး ”

အေးခင် သည် မှန် ရှေ့ တွင် သူ့ ဆံပင်လေး ကို လိမ်၍ လိမ်၍ ကျစ် နေစဉ် အမေ က ခဏခဏဆုံးမ၏ ။

“ ကိုးတန်း အောင်တယ် ဆိုရင် ဆရာဖြစ် သင်တန်း တက်နိုင်တယ် ” တဲ့ ။ ခုနစ်တန်း နဲ့ လည်း နှစ်လ ဆရာဖြစ် သင်တန်း ဆိုလား တက်လို့ ရတယ် လို့ တူးတူး တို့ မာမီ က အမေ့ ကို မနေ့ က ပြော နေတယ် ” 

အမေ သည် ခေတ် ပညာရေးစနစ် ကို သိရှာ သူ မဟုတ်ပေ ။

“ အမေ ရယ် ၊ ကိုးတန်း နဲ့ ဆရာဖြစ် ပဲ ဝင် ချင်တယ် ။ ဆရာ ဖြစ်တော့ လည်း ကိုးတန်း ဆရာဖြစ် က လခ ပို ကောင်းတာပေါ့ ”

“ အေးပါ အေရယ် ၊ တူးတူး မာမီ ကို လည်း ငါ က အားနာ သေးတယ် ။ ကျောင်းလခ က တော့ မပေးရပါဘူး ။ ညည်းတို့ အရွယ်လေး တွေ က လည်း မငယ် တော့ ၊ အမေ စိတ်ပူ လို့ ပြောတာ အေးခင် ”

အမေ စိတ် ပူမည် ဆိုလည်း ပူစရာပင်တည်း ။ အသက် က သာ အေးခင် က ဆယ့်လေးနှစ် ဆိုသည် ။ ထွား လိုက်သည့် လူကောင်ကြီး မှာ အပျိုကြီးဖားဖား ဟန် ပေါက် နေတော့သည် ။ တူးတူး က မှ ဆယ့်သုံးနှစ် လည်း ဖြစ်ပြန် ၊ ဂါဝန်ဝတ် ကျောင်း ဖြစ်၍ ဂါဝန် နှင့် ဆိုလျှင် ကလေးရုပ် မပျောက် သေးပေ ။

“ တူးတူး ဘာဖြစ်ဖြစ် အရေးမကြီးဘူး အေးခင် ၊ ညည်း မဖြစ် စေနဲ့နော် ”

အေးခင် က မှန် ကို ကြည့် ကာ အမေ့ ကို လျှာ ထုတ် ပြ၏ ။ ဤ အရွယ် သည် သစ်ရွက် ကြွေသည် ကို ပင် ရယ်မြူး တတ်သည် ဆိုသည် မှာ မှန်၏ ။ ရွှင်တုန်း မြူးတုန်း တက်ကြွတုန်း သာတည်း ။

••••• ••••• •••••

“ အချိန်တန် အရွယ်ရောက် ကာ လူလားမြောက်ရင် ချစ်သူ နဲ့ တွဲချင် ၊ ဘုရားသွား ကျောင်းတက် နေ့စဉ် မောင် နဲ့ ခင် ”

တူးတူး သီချင်းသံ မှာ မာမီ စိတ် ကို အထူး ပင် လှုပ်ရှား သွားစေလေ သည် ။ တူးတူး သည် ဘာရယ် မဟုတ် ၊ ပြေးကာ ခုန်ကာ အခန်း ထဲ ဝင် လာ ရင်း သီချင်း ဆို လာခြင်း ဖြစ်၏ ။ အေးခင် မှာ ကြမ်းပေါ် တွင် ထိုင် ကာ မာမီ ရွေးချ ပေးသော လုံချည်များ ကို ခေါက် နေရ လေသည် ။

“ မရွှေတူး မှန်တင်ခုံ ရှင်းစမ်း ... ”

“ မာမီ က တော့ လူ ကို မတွေ့လိုက် နဲ့ တွေ့ရင် ခိုင်းဖို့ပဲ ”

“ ဪ ... အေးခင် ကို သမီး ပဲ သနားတယ် ဆိုပြီး တူးတူး လုပ် လိုက် ရင် အေးခင် အတွက် အလုပ် တစ်ခု လျော့တာပေါ့ ”

တူးတူး သည် မှန်တင်ခုံ ရှေ့ တွင် ထိုင် ကာ မှန်သုတ် ၊ ငွေပေါင်ဒါ ဘူးများ ကို တိုက် နှင့် လုပ်နေ၏ ။ ပါးစပ် က လည်း ... 

“ မေတ္တာတွေ သက်ဝင် ၊ ကရုဏာတွေသက်ဝင် ၊ ချစ်သူမောင်နဲ့ ဆုပန်ဆင်ဖို့ပင် ၊ ငယ်ငယ်တုန်းက ချစ်ရေစင် အသည်းထဲမှာ ဝင်စွဲမိပြီပေါ့ ပျိုမေရှင်မောင်ယုံစေချင် ... ”

မေရှင်ကြီး ၏ သီချင်း ကို အသံကုန် ဟစ် နေ တော့သည် ။ မာမီ မှာ တော့ ဘာရယ် မဟုတ် ၊ ဤ မြီးကောင်ပေါက် နှစ်ကောင် ကျောင်းပိတ် ရက် တွင် စိတ် ကို တစ်ခု မဟုတ် တစ်ခု အလုပ် ပေးနေရခြင်း ဖြစ်၏ ။ သူ လည်း တတ်လှ တော်လှ သော အိမ်ရှင်မကြီး တစ်ယောက် တော့ မဟုတ် ၊ မိန်းကလေးများ အရွယ် ရောက်စ တွင် စိတ် နှင့် အလုပ် နှင့် မပြတ်အောင် ခိုင်းထားရမည် ဟူ၍ စာ တစ်အုပ် တွင် ဖတ်ဖူး သောကြောင့် ဖြစ်၏ ။

“ မာမီ ခိုင်းရတာ က တစ်နေ့ သမီး တို့ ကြီး လာတော့ အခိုင်းအစေ နဲ့ နေ နိုင်လည်း ကိုယ် က တတ် နေတော့ ခိုင်းတဲ့လူ ကို စနစ်တကျ ခိုင်း နိုင် တာပေါ့ ။ ကို က မခိုင်းတတ် ရင် ခိုင်း တဲ့ လူ က ကိုယ့် ပြန် ခိုင်း သွား တတ် တယ် ၊ သမီး တို့ မှာ ကုသိုလ်ကံ အကြောင်း မကောင်းလို့ အစေခံ မထား နိုင်ဘူးပဲ ထား ၊ ခုလို ကိုယ့် အိမ် မှာ ငယ်ငယ် က စပြီး လုပ်ကိုင် နေရတော့ အသားကျ နေပြီး နောက် တော့လည်း လုပ်တတ် သွားတာပေါ့ ၊ မိန်းကလေး ဆို တာ အောက်သက် ကျေဖို့ အရေးကြီးတာ ”

တူးတူး ကား မှန် ထဲ ကို ကြည့် ရင်း မာမီ ကို လျှာထုတ် ပြလိုက် ၏ ။ မာမီ မမြင်လိုက်သော် လည်း ... အေးခင် က မြင်လိုက် သောကြောင့် ခစ်ခနဲ ကျိတ်ကာ ရယ် လိုက် လေသည် ။ 

“ သမီး တော့ လင် ယူရင် ထမင်းချက် ၊ ဒရိုင်ဘာ ထား နိုင်တဲ့ လူ ကို မှ ယူမယ် ”

“ အမလေး ”

မာမီ ရင် ထဲ တွင် ဒိန်းခနဲ ဖြစ် သွား၏ ။ ဤ ဆယ့်ငါးနှစ် ကျော် ဆယ့်ခြောက်နှစ် အရွယ် က “ သမီး တော့ လင် ယူရင် ...” ဟူသော စကား ကို ထည့် ပြောလိုက်သည် မှာ မာမီ နား ထဲ တွင် ရင့်သည်း လှချေသည် တကား ။

သို့သော် ... မာမီ သည် သူ့ မျက်နှာထား ကို မပျက် အောင် ဟန် လုပ် ထား လိုက်၏ ။

သူ က တော့ လင် အကြောင်း သား အကြောင်း နှင့် ပတ်သက်ပြီး စကားလုံး ကို တိုက်ရိုက် သုံးကာ ဆုံးမ လျှင် အရွယ် ရောက်စ သမီးလေး စိတ် ကို နှိုးဆွ သတိ ပေး သလို ဖြစ်မှာ စိုး၍ စကားလုံး ကို ရှောင် ရသည် ။ ရွေးရသည့် ဖြစ်ခြင်း ။ တူးတူး က တော့ ဒီ စိတ်ကူး နှင့် ဒီ လင် ဆိုသော စကားလုံး ကို သုံးတတ် ၍ နေပေပြီ ။ မာမီ သည် သိမ်မွေ့သူ ပီပီ သိမ်သိမ်မွေ့မွေ့ ပင် ပြုံး လိုက်၏ ။

“ ဟုတ်တာပေါ့ သမီး ၊ မာမီ လည်း ငယ်ငယ်တုန်း က ဒီလိုပဲ စိတ်ကူး တာ ပဲ ။ မာမီ လင် ယူ ရင် ထမင်းချက် လည်း ပါ ရမယ် ။ ဒရိုင်ဘာ လည်း ပါရမယ် ။ ကလေးထိန်း လည်း ရှိရမယ် ၊ စိတ်ကူး ထဲ တော့ ရှိတာပေါ့ သမီး ။ ဒါပေမယ့် ကံတရား ဆိုတာ ဘာ ပြောနိုင်မလဲ ၊ ဆင်းရဲချင် လည်း ဆင်းရဲတာ ပဲ ၊ ချမ်းသာ ချင် လည်း ချမ်းသာ တာပဲ ။ သမီး တို့ ဒက်ဒီ နဲ့ ယူစ က ဒက်ဒီ နောက် မာမီ လိုက် သွား ရတယ် ။ နယ်ပြောင်း သွား ရတယ် ”

မာမီ အဖို့ မတတ်နိုင်တော့ပြီ ။ သူ့ သမီး က ပင် ‘ လင် ... ’ ဟူသော စကားလုံး ကို သုံးတတ် လာ တော့လည်း သူ လင် ယူသော ဇာတ်လမ်း ကို ရဲရဲပင် ပြန် လှန်ရ၏ ။

“ အိမ် က ထည့် လိုက်တဲ့ ထမင်းချက် က အညာ မှာ မပျော်ဘူး ဆို ပြီး ပြန် သွားရော ... မာမီ ကိုယ်တိုင် ထမင်း ချက် ရ အဝတ် လျှော် ရ တာပေါ့ ။ မာမီ သာ အိမ် မှာ အစ က လုပ်နေကျ မဟုတ်ရင် အိုးနင်းခွက်နင်း ဖြစ် နေ မှာပေါ့ ”

“ အို - အဲဒီတော့ ယောက်ျား က ဝင် လုပ်ပေးပေါ့ ။ တူးတူး တို့ တော့ လုပ်နိုင်ပေါင် ”

တူးတူး သည် မှန် ထဲ တွင် မျက်နှာဟန် ကို အမျိုးမျိုး ထားကာ နှုတ် ခမ်း ကို “ ပေါင် ...” ဟူသော စကားလုံး တွင် အသံ ကျယ် အောင် အော် ပြီး မှ ပိတ် လိုက်၏ ။ မာမီ့ ရင် ထဲ တွင် အနား ရှိသည့် တံမြက်စည်း နှင့်သာ ထ,၍ ချ လိုက် ချင်သည် ။ ဒေါသ အတော် ဖြစ် သွား လေသည် ။

“ အေး ... အဲဒီလို လုပ်နိုင်ပေါင် မိန်းမ တွေ ပေါ့ ၊ နှာခေါင်းကျည်ပွေ့ တွေ့ ကြတာ ”

အေးခင် က မှန် ထဲ ရှိ တူးတူးမျက်နှာထား ဟန် နှင့် မာမီ မျက်နှာ ကို တစ်လှည့် စီ ကြည့် နေ၏ ။ မာမီ သည် မျက်နှာများ နီ နေ သော်လည်း အသံ အေးအေး နှင့် ပင် ဆက် ပြော၏ ။

“ ယောက်ျား ဆိုတာ လေ ရ စ ဆိုရင် ထဘီ တောင် လျှော်ပေး မတတ် အလို လိုက်ကြ ၊ ချစ်ကြ ၊ မြတ်နိုးကြ တာ ချည်းပဲ ။ အချိန်ကာလ ကြာ လာ ရင် မိန်းမ လုပ် တဲ့ လူ က အိမ် ကို ပိုင်ပိုင်နိုင်နိုင် ဦးစီးနိုင်တာ တောင် သူတို့ စိတ် က အချစ် ပေါ့ လာ ရင် ခင် ဟာ အသုံး ကြီးတယ် ။ ခင် ဟာ မီးဖိုချောင် မနိုင် ဘူး နဲ့ အပြစ် ရှာလာ တတ်ကြရော ။ ဒီတော့ ကိုယ့် ဘက် က လုံ မှ တော်ရုံ ကျတာ သမီးတို့ ။ ကဲ ... အေးခင် ဒီ ဘက် က လုံချည် တွေ ကို ဗီရို ထဲ ပြန် ပြီး စီထည့် ။ ဟို ဘက် က ဟာတွေ တော့ မီးပူ တိုက် တော့ ”

မာမီ သည် ရှေ့ဆက် စကား မပြောတော့ ဘဲ သူ့ အိပ်ခန်း ဘက် သို့ ကူး သွား တော့သည် ။ အိပ်ရာ ပေါ် လှဲရင်း စိတ် မှာ အတော် မချမ်းသာပေ ။ တူးတူး သည် ဘာ စကားတွေ များ ပြောလာပါသနည်း ။ စိတ် ပူ လွန်း ၍ မိန်းကလေး ကျောင်း က လည်း ဒီလို စိတ်မျိုး နိုးကြား လွယ်ပါ တကား ။ အိုး ... ဘယ် ကျောင်း ထား ထား ကိုယ့် သမီး က ကမြင်း လျှင် ဘယ်လို မှ ထိန်း မရ ဟူ၍ သူ့ စိတ် သူ ဖြေ လိုက်၏ ။ ရှေ့ ဆက်၍ သမီး အရိပ်အကဲ ကို ကြည့် ထိန်း ရပေမည် ။

ဒက်ဒီ ကို များ တူးတူး ကိစ္စ ဖွင့်တိုင်ပင် ရ ကောင်းလေမည်လား ၊ ဖွင့် တိုင်ပင် ရ အောင် အထုပ်အထည် နှင့် တူးတူး ဘာဖြစ်နေသည် ဟု လည်း သူ့ မှာ စွပ်စွဲစရာ အကြောင်း မရှိပေ ။ ကျောင်းသွား ကျောင်းပြန် က အစ ဒရိုင်ဘာ နှင့် နှစ်ယောက် တည်း မလွှတ် တူးတူး နှင့် အတူ သူ ကျောင်း သို့ လိုက် သွား၏ ။ ကျောင်း ဆင်းချိန် တွင် တူးတူး ကို သွား ကြို ရ၏ ။

အေးခင် မှာ ထို အချိန် တွင် တစ်ယောက်တည်း ပင် လွယ်အိတ်ကလေး လွယ် ကာ မြူနီစီပယ်ကျောင်း သို့ သွားရ၏ ။

••••• ••••• •••••

မိုးများ တဖြိုင်ဖြိုင် ရွာသွန်းသော တစ်ညနေ တွင် အမေ သည် မာမီ ဆီ သို့ ပြေး လာသည် ။ အမေ့ ကို မြင်သော အခါ မှာ မာမီ ရင် ထဲ တွင် ထိတ်ထိတ်ပျာပျာ ဖြစ် သွားသည် ။ အမေ သည် မျက်ရည်လည်ရွဲ နှင့် လက်များ မှာ ဆတ်ဆတ် တုန် နေသည် ။ သူ့  ကိုယ် တွင် မိုးရေများ ရွှဲ ၍ နေ လေသည် ။

“ တင်တင်ကြီး အေးခင် မရှိတော့ဘူး ၊ လင် နောက် လိုက် သွားပြီ ။ ဒီနေ့ ကျောင်း သွား တာ ထီး မပါသွား လို့ ကျောင်းဆင်း ကို ကျွန်မ သွား ကြို တာ အေးခင် ကို မတွေ့တော့ဘူး ၊ သူ့ သူငယ်ချင်း တစ်ယောက် က ဒီ စာ ကို ပေးသွားတယ် ၊ ဖတ် ကြည့်ပါဦး တင်တင် ရယ် ” 

အမေ စိတ် ကျေနပ်အောင် သာ စာခေါက် ကို ယူ လိုက် ရသည် ။ မာမီ က ထို စာ ကို မဖတ်ချင်တော့ ၊ လင် ယူ သွားသည် ဆိုသည့် နောက် ဘာ လုပ်တော့ မည်နည်း ။ သူ လည်း သမီးရှင် တစ်ယောက် ပင် တည်း ။ အမေ ခံစားရမှု ဝေဒနာ ဘယ်လောက် ပြင်းထန်သည် ကို သူ ကိုယ်ချင်းစာ တတ် ပါ၏ ။ အမေ သည် မိုးရေများ အောက် တွင် ထီးဆောင်း ရမည် ကို ပင် သတိ မရ ၊ ကျောင်း မှ ပြန် လာခဲ့ဟန် တူသည် ။ ဇေယျတု သဗ္ဗမင်္ဂလံ တို့ နှင့် ငွေခရု မှ ရေ သွန်းကာ ကိုယ် ကြိုက် သော သူ ကို ခေါင်း ခေါက် ၍ ပင် ပေးစား ခဲ့စေ ဦးတော့ သမီးရှင် မိခင် မှာ ရင် ထဲ မှ နှမြောတသ စိတ် မှာ ဖြစ်ရစမြဲ ပင်တည်း ။ 

“ ဒေါ်ပု သိပ်လည်း မငိုနဲ့တော့ လေ ၊ ဘာလုပ်ချင်လဲ ၊ လုပ်ချင်တာ ရှိရင် ကျွန်မ ကို ပြော ကျွန်မ လုပ်ပေးမယ် ”

အမေ က ရှိုက်၍ ရှိုက်၍ ဆက်ငို၏ ။

“ ခု ဘဝ ကျ တော့ မှ မထူးတော့ပါဘူး တင်တင်ကြီး ရယ် ၊ ဒါလောက် မိုက်တဲ့ သူ ကို ကျွန်မ ပြန် မကြည့်ချင် တော့ဘူး ။ တင်တင်ကြီး တို့ က ကျောင်းတွေ ဘာတွေ ထား ပေးတဲ့ ကျေးဇူး ကို သူ မထောက်ဘဲ လုပ်ရက် တာ ကို အသည်း လည်း နာတယ် ။ မျက်နှာ လည်း ပူတယ် ” 

“ ရှိပါစေတော့ ၊ ဒေါ်ပု အေးအေးဆေးဆေး ပဲ ပြန် သွား လုပ်စရာ ရှိ တာတွေ လုပ် ”

အမေ့ ကို လေချို နှင့် သွေး လိုက်ရ သော်လည်း မာမီ က အမေ့ထက် ဆယ်ဆ ပို၍ ပူ၏ ။ သူ့အိပ်ခန်း ကို သူ ပြန် ပြေးကာ အမေ့ လို ပင် ရှိုက်ကာ ငင်ကာ ငိုမိသည် ။ စင်စစ် အမေ့ အတွက် စိတ် မချမ်းသာ သည် ထက် တူး တူး တစ်ယောက် ပညာ တစ်ပိုင်းတလက်စ နှင့် အေးခင် လို သာ လုပ်သွား ပါ လျှင် သူ ရူးရချည် ရဲ့ ၊ တူးတူး သည် အေးခင် လို မဖြစ်ပါစေနှင့် ။

သို့သော် သူ့ ဆုတောင်း ကား မပြည့်ပါလေ ။ 

နှင်းကြွင်းများ စဲ၍ သစ်ရွက်များ ကြွေ သော နွေဦး တွင် သူ သည် အမေ့ လို ငို ရသည် ။ အမေ့ ထက် ပို၍ ငိုသည် ။ အိပ်ရာ ပေါ်တွင် ဗုန်းဗုန်း လဲ နေသောကြောင့် အမေ က အနား မှ နေ၍ ပြုစု ရသည် ။

တူးတူး က အေးခင် လမ်းစဉ် သို့ လိုက်၍ သွား လေသည် ။ ဒက်ဒီ သည် မာမီ အတွက် ဆရာဝန် ပင့်ခေါ် ပေး ရသည် ။ တူးတူး လင်နောက် လိုက် သွား ခါ စ က မူ “ မာမီ မင်း အအုပ်အထိန်း မတတ်လို့ ဖြစ်ရတာ ၊ မင်း အသုံးမကျ လို့ ဖြစ်ရတာ ” ဟု မာမီ ကို သူ ဆူခဲ့၏ ။ ဤကား ယောက်ျား တို့ ဓမ္မတာ တည်း ။ မိဘ နှစ်ဦး အတူ စောင့်ထိန်းကြသည် ပင် ဖြစ်သော် လည်း သားသမီး တစ်ယောက် လမ်းလွဲ သို့ ဖောက်ပြန် လာ လျှင် မိခင် ကို လက်ညှိုး ထိုး ၍ အမေ လုပ်သူ ကို “ အသုံးမှ မကျဘဲကို ” ဟူသော စကားလုံး ကို သုံးမြဲပင်တည်း ။

တူးတူး ကား အိပ်မက် မှ နိုး လေပြီ ။ တူးတူး သည် တကယ့် ကမ္ဘာ ကို ရင်ဆိုင်ရ ပေပြီ ။

တူးတူး ၏ အိပ်မက် ထဲ တွင် အေးခင် အမေ က လည်း ရှိ နေသည် ။ အိပ်ရာ မှ နိုး လျှင် အဆင်သင့် အမေ ပြင် ထားသော ကော်ဖီစားပွဲ တွင် မောင့် ဘေးနား မှာ ထိုင် ၍ အမေ ကင် ထားသော ပေါင်မုန့်မီးကင်လေး အား ထောပတ်သုတ် ကာ မောင့် ကို ကျွေးမည် ။ ကော်ဖီ ကို ကိုယ်တိုင် ငှဲ့ ၍ ပေး မည် ။ မာမီ လို ပင် အမေ့ လို ဟင်း စီမံ ကာ မောင့် ထံ ကို ပြန် သွားရမည် ။ မောင် ရုံး တက် လျှင် ဝတ်ဖို့ အဝတ်အစား အသင့် ပြင်ကာ မောင် ရေချိုး ချိန် တွင် မျက်နှာသုတ်ပဝါလေး ကိုင် ကာ စောင့် နေမည် ။

အိပ်မက် မှ လန့် နိုးရသော အခါ အမေ လည်း မရှိ ၊ ဒက်ဒီ နှင့် မာမီ လည်း မရှိ ၊ သူတို့ အိမ်လေး လို အိမ်သား က လည်း သုံးယောက် တည်း မဟုတ် ။ မောင့် အိမ် မှာ ကုန်သည်ပွဲစား အိမ် ဖြစ်၍ လူ က လည်း ရှုပ် ၊ သားချင်း က လည်း များ လှသည် ။

သူ့ အိပ်မက် ထဲ တွင် မပါသော မျက်နှာထား ဆိုးဆိုးကြီး နှင့်  ယောက္ခမကြီး ကို လည်း ယခု တွေ့ ရပေပြီ ။

ကော်ဖီ တွေ ကို လည်း ခရားကြီး နှင့် သုံးလေးလုံး ဖျော် ထားရမည် ။ ဟင်းအိုးကြီး က လည်း အကြီးကြီး ၊ လာသမျှ လူ ကို သင့် သလို ကျွေးချိန် တွင် တူးတူး သည် လုံးလုံး လုံးလုံး နှင့် ပါ နေသည် ။

မောင် အလုပ် သွား ချိန် က ဒက်ဒီ လို ကိုးနာရီခွဲ အချိန် မှန် မဟုတ် ၊ သွား ချင်သည့် အချိန် မောင် က တိုက် သို့ လည်းကောင်း ၊ ပွဲရုံ သို့ လည်းကောင်း ၊ လိုင်စင် ကိစ္စ အတွက် လည်းကောင်း ထွက် ၍ သွား တတ်၏ ။ မောင့် ကို လည်း ပြေး ၍ အဝတ်အစား ဆင် ပေးရ သေးသည် ။ 

ကုန်သည်ပွဲစား ဆိုသည် မှာ ချမ်းသာသည် ပင် ထားဦး ၊ ဒက်ဒီ နှင့် မာမီ တို့ လို လခစား အိမ် ကဲ့သို့ သပ်သပ်ရပ်ရပ် အေးအေးဆေးဆေး မဟုတ် သည် ကို တူးတူး ခုမှ ဂရုပြုမိ လေပြီ ။

အိမ် မှာ တုန်း က စန္ဒရာဒီး ဖြစ်ဖြစ် ၊ ပက်ဘွန်း ဖြစ်ဖြစ် ၊ ရုပ်ရှင်ကား သစ် တစ်ခု ခု ထဲ တွင် ပါလာလျှင် ...

‘ ဒက်ဒီ ၊ စနေနေ့ စန္ဒရာဒီးနော် ’ ဟု သူ က ဆို လိုက် လျှင် ဒက်ဒီ သည် ရုံး အပြန် လက်မှတ် ဝယ် လာခဲ့သည် ။ ဒီမှာ က တော့ မောင့် ကို ဒီလို မှာလို့ မရ ၊ ဝယ်ပြီး လက်မှတ်များ ကို ပင် ဖျက် ပစ်ရ၏ ။

“ တူးတူး ၊ မမ တို့ နဲ့ သွားနိုင် ရင်သွား ၊ မောင် တော့ မလိုက်တော့ ဘူး ” မောင့် မှာ အလုပ် တွေ က များလှ၏ ။ အိမ် က စိတ် က မပျောက်သေး တော့ တူးတူး သည် အိပ်ရာ ထဲ တွင် ခွေ ၍ ငို လိုက်ရသေးသည် ။

“ တူးတူး ကလည်း ကွယ် ၊ ကလေး မဟုတ် သူငယ် မဟုတ် ”

မောင် က သူ့ ကို ဆူ၏ ။

“ လင်နေ သားမွေး အရွယ် ရောက် နေပြီ ၊ ဘိုင်စကုပ် မကြည့်ရတာ နဲ့ ငိုသတဲ့ တော် ”

ယောက္ခမကြီး က လည်း သူ ငိုသည် ကို မိ သွား လျှင် အသံကြီး နှင့် အော်၏ ။ မာမီ က ဆူစရာ ရှိသည် ကို တောင် အသံအေးလေး နှင့် ပြောပြ တတ်၏ ။

ယခုမှ မာမီ ကို လွမ်း နေ၍ လည်း အကြောင်း မထူးတော့သည် ကို တူးတူး သိ၏ ။ ထို့ကြောင့် တူးတူး သည် ယောက္ခမ အိမ် တွင် ကြိုးစား နေ ကြည့်သည် ။ 

တစ်ခါတစ်ရံ သူ့ ကိုယ် သူ မှန် ထဲ တွင် ကြည့် ရင်း မာမီ ကို မှန် ထဲ မှ ကြည့် ကာ ပြောင်ခဲ့ လျှာထုတ် ပြခဲ့သည် များ ကို ပြန် ၍ သတိ ရ နေသည် ။ သူ လျှာ ထုတ် စဉ် က ခစ်ခနဲ ရယ် လိုက်သော အေးခင် တစ်ယောက် ကော ဘယ်လိုများ နေပါလိမ့် ၊ အေးခင် လင်ယူသည် က ရော ပျော်စရာများ ကောင်း လေမလား ။

“ မာမီ က လင် မယူ နဲ့ လို့ သမီး တို့ ကို မတားဘူး ၊ လင် ဟာ ယူ ရ မှာပဲ ၊ ဒီဂရီလေး ဘာလေး ရ ပြီးတော့ ယူ ကြတာပေါ့ ။ အခြေအနေ က မဖြစ်နိုင်လွန်း လို့ ဆို တောင် ဆယ်တန်း အောင် ပြီးတဲ့ အထိ တော့ စာသင် ပြီး မှ ယူကြတာပေါ့ ”

တစ်ခါ က မာမီ က ဤသို့ ပြောခဲ့၏ ။ စင်စစ် မာမီ သည် တစ်နေ့ သော အခါ လောက ထဲ တွင် သူ့ ကို တစ်ယောက် တည်း ထားခဲ့ရမည် ။ သူ့ သမီး သည် အဝေး သို့ လွှင့်ကာ ပျံထွက် သွားမည် ကို ကြိုတင် သိပြီး ဖြစ် သည် ။ သို့သော် အပြောကျယ် သော လောက ကို အတောင် အလက် စုံခါ မှ မာမီ က ပျံစေ ချင်၏ ။

သို့သော် “ မာမီ တို့ ကော ဘာလို့ လင် ယူသေးလဲ ” ဟူသော အတွေး က တူးတူး ရင် ထဲ တွင် ခံ ၍ နေ တတ် ပေသည် ။ ခုမှ မာမီ သည် ခံနိုင်ရည် ရှိမည့် အချိန် ကို တွက်ပြ နေခြင်း ဖြစ်သည် ကို တူးတူး သဘော ပေါက်၏ ။

မာမီ သည် ချစ်တုန်း က ချစ် သလောက် ၊ ခုတော့ မောင် တို့ ပြန် အပ်သည် ကို မှ လက်မခံ ။ သူ့ ကို အစိမ်းကြီး စိမ်း လေပြီ ။ သူ သည် မှန် ကို ကြည့် ရင်း ရှိုက်ကာ ရှိုက်ကာ ငို၏ ။

အိပ်မက် ထဲ တွင် မာမီ နှင့် ဒက်ဒီ ညား သော အခါ သမီးလေး တစ် ယောက် မွေးလာသည် ။ အေးအေးဆေးဆေး ပင် ဒီ တစ်ယောက် စု ချစ်ကြ၏ ။ ယခု တော့ အပြင် မှာ ပထမ ကလေး သုံးလ ရှိသေး ၊ တူးတူး ဗိုက် ထဲ တွင် နောက် တစ်ယောက် ရှိ လာပြန်သည် ။ ကြိုတင်၍ တူးတူး တွေး မထား သော အကြောင်းများ သည် သည် လောက တွင် တစ်ပုံကြီး ရှိ ပါသေးသည် တကား ။ 

ယောက္ခမကြီး က နို့ မတိုက်ရ ၊ ကလေးထိန်း မငှားရ ဆိုသော အခါ တူးတူး ဟစ် ငိုချင်၏ ။ ကလေး နေ မကောင်း ၍ ဆေးတိုက် သွားရန် ကား လိုချင်သည် ကို မှ အား မှ ရ၏ ။ မအား လျှင် သုံးဘီး နှင့် ဆေးတိုက် ကို ပြေးရ၏ ။

မောင် သည် သား မမာသည် ကို မှ တယုတယ လုပ်ချိန် မရပေ ။ ပထမ ကလေး မှာ မိန်းကလေး ဖြစ်၍ ဒုတိယ ကလေး မှာ သားလေး ဖြစ် သည် ။ သူ သည် သားလေး ကို ပုခက် တွင်း ထည့် ကာ မာမီ လို ပင် အနား မှ ကလေး စွယ်တာလေး ထိုး ၍ ကလေး ကို စောင့် သိပ် ချင်သည် ။ 

သားလေး နေမကောင်း သည့် နေ့က သူ့ အနား မှ မခွာ ခုတင် ပေါ် တွင် သိပ် ကာ စောင့် နေ၏ ။

“ တူးတူး ”

ယောက္ခမကြီး ၏ အော်သံ မှာ မိုးချုန်း သလို အောက်ထပ် မှ ဟစ် ၍ ထွက် လာ၏ ။ တူးတူး သည် အောက် သို့ ပြေးဆင်း သွားရ၏ ။

”ကလေး ကို မှန် လို ကြည့် မနေနဲ့ ၊ မုံရွာ က အထည် တွေ ရောက် လာတယ် ၊ စာရင်း မှတ်ပြီး လက်ခံ လိုက်စမ်း ”

တူးတူး သည် သားလေး ဆီ စိတ် တစ်ဝက် ၊ လုံချည်များ စာရင်း ကို စိတ် တစ်ဝက် နှင့် ရေး နေရသည် ။

“ တူးတူး ”

မောင့် အသံ ပါ တကား ၊ မောင် ဘယ်တုန်း က များ အိမ် ပြန် ရောက် နေ ပါလိမ့် ။ စာရင်းများ ကို ပစ်ချ လိုက်ကာ အသံ လာရာ အိမ် ပေါ် သို့ ပြေး တက် သွား တော့သည် ။ မောင် သည် ခုတင်ဘေး တွင် မတ်တတ် ရပ် ကာ သူ့ ကို မျက်နှာကြီး နီ ၍ ကြည့် နေ၏ ။ သား ကား တဆတ်ဆတ် တုန်ကာ တက် နေ တော့သည် ။

“ သောက်သုံးမကျ ကလေး ကို ကြည့်ဖော် မရဘူး ၊ ဒီမှာ ကလေးတက် နေပြီ ”

မောင့် အော်သံ က လည်း ခုနစ်သံချီ ၊ တူးတူး သည် အကျိုးအကြောင်း ကို ဘာမျှ မရှင်းပြတော့ ။ သား ကို ပြေး၍ ပွေ့ချီ ကာ အသံကုန် ဟစ်၍ ၊ သူ ချစ်သော စန္ဒရာဒီး ငို သလို ငိုချ လိုက်တော့သည် ။

••••• ••••• •••••

“ မာမီ ရေ ထ ကြည့်ပါဦး ၊ တို့များ သမီးလေး ပြန်လာပြီ ”

“ ဒက်ဒီ ... သူ တကယ် ပြန် လာပြီလား ”

မာမီ သည် အဟုတ်ပင် ခုတင် ပေါ် တွင် ထ ထိုင်ကာ မယုံ တစ်ဝက် ယုံ တစ်ဝက် နှင့် မေး လိုက်၏ ။ တကယ်မှ တကယ်ပင် မတ်တတ် သွား တတ်ခါစ သမီးလေး ကို လက်တွဲ ကာ သားကလေး ကို ပွေ့၍ အခန်း တွင် ရပ် နေသော တူးတူး ကို မာမီ မြင်ရ၏ ။

ကလေး ကို အမေ က ဆီး ယူ ကာ ချီ လိုက်၏ ။ တူးတူး သည် ငယ် ငယ် က ဟန် အတိုင်း ပင် မာမီ ရှိရာ သို့ ပြေး သွား ကာ ဖက် ငို လိုက်တော့သည် ။

“ မာမီ ... တူးတူး ပြန် မသွားတော့ဘူး ၊ တူးတူး ကို ပြန် မလွှတ်ပါ နဲ့နော် ၊ တူးတူး သူတို့ နဲ့ နေရမှာ ကြောက်တယ် ၊ မာမီ သမီး ကို ချစ်သေး ရဲ့လား ”

တူးတူး ကား ရှိုက်ကာ ငင်ကာ ငိုရင်း အမေ ကို လှုပ် ၍ မေး၏ ။ မေး ပဲ မေးရက်လေခြင်း တူးတူး ရယ် ၊ ကလေး နှစ်ယောက် ရသည် ပင် “ မိခင်  ” တစ်ယောက် ၏ မေတ္တာသဘော ကို တူးတူး မသိသေးသည် တကား ။

မာမီ ကား တူးတူး ခေါင်း ကို သူ့ရင်ခွင် တွင် ပွေ့ယူ ထား ကာ နဖူး စဆံနု ထဲ မှ ချွေးများ ကို သုတ် ပေး၏ ။ တူးတူး ငိုသံစဲ မှ မာမီ က စကား ပြော၏ ။ ဒက်ဒီ မှာ မြေးဦး မိန်းကလေး ကို ပွေ့ချီ ကာ သူတို့ အနား တွင် လာ ထိုင်သည် ။

“ မေးရက်လိုက်တာ တူးတူး ရယ် ၊ မာမီ ဟာ သမီးလေး ကို အစဉ် ချစ် နေတာပေါ့ ။ ဘယ်တော့မှ မာမီ မမုန်းဘူး ။ မာမီ က လောက ကို ရင်ဆိုင်နိုင်လောက်တဲ့ အချိန်ကျ မှ အေးအေးဆေးဆေး လင် ယူ စေချင် လို့ အုပ်ထိန်း လာခဲ့တဲ့ ကြား က မှ ခုလို ဖြစ်ရတာ ရင် နာလွန်း လို့ သမီး ကို ပစ် ထားတာပဲ ။ မာမီ ဟာ သူများ အမေ လို နင်ပဲငဆ ကြမ်းကြမ်းတန်းတန်းကြီး လည်း မဆုံးမ တတ်ဘူး ။ ခု ကိစ္စ မှာ လည်း သမီး သေသေချာချာ စဉ်းစား ။ ဒက်ဒီ တို့ မာမီ တို့ ဝင် မပါချင်ဘူး ။ သမီး လေး စိတ်ဆိုး ပြန် လာတာမျိုး တော့ မလုပ်နဲ့ ။ သမီး ဇာတ် ကို သမီး နိုင် အောင် ဆက် က ရမှာ ”

တူးတူး က မာမီ ၏ ညင်သာသော အသံ မှာ မည်မျှ တန်ဖိုးရှိသည် ကို ခုမှ နားလည်ပေပြီ ။ 

“ ဒက်ဒီ ... မာမီ ကို ရအောင် ပြောပေးပါ ဒက်ဒီ ရယ် ။ ဒက်ဒီ မှာရှိတဲ့  ၊ အာဏာ တွေ ကို လည်း အားလုံး သုံး ပေးပါ ။ တူးတူး ပြန် လာ တာ မောင် နဲ့ သဘောချင်း မတိုက်ဆိုင်တာ တင် မဟုတ်ဘူး ။ တူးတူး သူတို့ အသိုင်းအဝိုင်းကြီး တစ်ခုလုံး ကို ကြောက်တယ် ။ တူးတူး နေလို့ မဖြစ်တော့ဘူး ”

ဒက်ဒီ သည် သူ့ သမီး က “ ရှိသမျှ အာဏာ အားလုံး သုံးပေးပါ ” ဟူ၍ ပင် စကားလုံး သုံး လာသည် ကို အံ့သြ မဆုံးတော့ပေ ။ ဒက်ဒီ မှာ အရာရှိကြီး တစ်ယောက် ပင် ဖြစ်၏ ။ သို့သော် ဒက်ဒီ နှင့် မာမီ သည် သမီး စိတ် ကို မယုံပေ ။ စောင့် ကြည့်ကြ၏ ။

တကယ်ပင် တူးတူး သည် စိတ် ပြတ် ခဲ့လေသည် ။ မောင် က လူကြီး စုံရာ နှင့် လာ ခေါ် သော် လည်း တူးတူး ပြန် မလိုက်တော့ ။ မောင် ကား လက် လျှော့ ၍ ပြန်ရ တော့သည် ။

ဆယ့်ရှစ်နှစ် တွင် တူးတူး ကလေး နှစ်ယောက် အမေ ဖြစ်ရသည် ။

“ တူးတူး စာ ဆက် သင်မယ် ၊ ပြီးတော့ ဒီဂရီ ရပြီး ဒီ ကလေး တွေ ကို တူးတူး ရှာကျွေးပါ့မယ် ဒက်ဒီ ရာ ”

ခုမှ ဒက်ဒီ နှင့် မာမီ က ဘာ ပြောနိုင်ပါမည်နည်း ။ မြေးများ ကို ဆက် ထိန်းထားကြရ ပေတော့မည် ။ တူးတူး ကား ထိုနှစ် တွင် မက်ထရစ် ချောချောမောမော အောင် သွားတော့သည် ။ သူတို့ သည် တူးတူး ကို  ၊ တက္ကသိုလ် သို့ ဆက် ပို့ကြ၏ ။ တူးတူး တက္ကသိုလ် သို့ ရောက်သော နှစ် ၊ အေးခင် သည် လည်း အိမ် သို့ ပြန် လာသည် ။ အမေ သည် ထုံးစံအတိုင်း အူလျားဖားလျား မာမီ ဆီ သို့ ပြေးလာ၏ ။

“ တင်တင်ကြီး ၊ အေးခင် ... အေးခင် ရယ် ပြန် လာပြီ ”

အမေ့ အသံ သည် ဝမ်းနည်းသံလား ၊ ဝမ်းသာသံလား ဝေခွဲ၍ မတတ်အောင် တုန်ယင် လှ၏ ။ မာမီ က အစေခံ တန်းလျားလေး သို့ အမေ နှင့် အတူ ပြေး လိုက် လာသည် ။

အေးခင် ကို ယောက်ျားလေး သုံးယောက် နှင့် အတူ တွေ့ရ၏ ။

“ အေးခင်...ဒါ နင့် သားတွေ လား ၊ ကလေး တွေ အဖေ က ဘာ လုပ်လဲ ”

“ ဟုတ်ကဲ့ ”

“ ဒီ သူငယ် ကော ဘယ်မှာလဲ ”

အေးခင် ကား ငိုချင်း ချ ပြန် လေပြီ ။ အမေ က လည်း ခုမှ ငို တော့၏ ။

“ တင်တင်ကြီး ရဲ့ သရဲသမိန် မှာ လယ်စာရင်းငှား လုပ် သတဲ့ ၊ သူ့ကို မပေါင်းနိုင်တော့ဘူး လို့ နှင်ချလိုက်တာတဲ့ ”

“ ဟင်း ”

မာမီ ကား သက်ပြင်း ချ လိုက်၏ ။ သက်ပြင်း ချ ၍ မာမီ က ဘာပြန် ပြောရမှန်း မသိတော့ ။

“ ကဲ ... အမေ စိတ်ရှုပ် မနေနဲ့ ၊ သူ ထွက် သွားတုန်း က နှစ်ယောက် မို့ လား ။ ခု ပြန် လာတော့ အားလုံး ခုနှစ်ယောက် ပေါ့ ၊ အဲဒါပဲ မှတ်ပေါ့ ”

မာမီ က ဒါပဲ ပြောကာ ထွက် သွားတော့သည် ။ မာမီ က တော့ ဒါ ထက် ပို၍ လည်း ဘာ ပြောရဦး မည်နည်း ။ အမေ့ ရင် ထဲ တွင် မူ မီးစကြီး ထိုး သလို ပူ လှသည် ။ ယခင် က မှ သားအမိ နှစ်ယောက် အတွက် ငွေ အစိတ် နှင့် နေ ရသည် ။ ယခု တိုး လာသော ပါးစပ် သုံးပေါက် ကို ဘယ်လို ကျွေးရ  ၊ အေးခင် အလုပ် လုပ် ဆိုရအောင် ခုနစ်တန်း မှ မအောင် လျှင် ဘာ အလုပ် လုပ် ရပါမည်နည်း ။ တူးတူး လို အေးခင် အား ကျောင်း ဆက် နေ ဆိုရအောင် ဒီ ကလေး သုံးယောက် ကို ဘယ်လို မွေးရပါ့ ။

“ ဟဲ့ ... မိအေးခင် ရဲ့ ၊ သစ်ပင် လဲတာချင်း တူ ပေမယ့် တူးတူး ကို အောက် က သဲ ခံ ပေးမဲ့ လူ ရှိတယ် ဟဲ့ ၊ နင့် မှာ ဘယ်သူ ရှိသတုံး ”

အမေ ကား စာ မတတ်၍ ဖွဲ့ဖွဲ့နွဲ့နွဲ့ မငိုတတ် ၊ သူ့ ဝမ်း ထဲ ရှိ အသိဉာဏ် ကို သူ တတ်သမျှ စကားလုံး နှင့် ဖော်ထုတ်ခြင်း ဖြစ်၏ ။

စင်စစ်မတော့ မုန်တိုင်း ထန်သောအခါ လဲပြိုကျသည် ချည်း ပင် ဖြစ်၏ ။ တူးတူး က အထက် က နေသူ ဖြစ်၍ ပို နာ မည် ဟု ရုတ်တရက် ထင်ဖွယ် ရှိ သော်လည်း အမေ ပြော သလို သဲ တွင် မက ပိုက် ရော ၊ လဲမွေ့ရာ ထူထူ ရော အောက် မှ ခံပေးမည့်သူ ရှိ၍ ကျ ပင် ကျ သော်လည်း မနာလှ ။

အေးခင် မှာ တော့ အမေ ပြောသလို ဘယ်သူ မှ မရှိသောကြောင့် အနိမ့်ဆုံး အကိုင်း မှ ကျရ သော်လည်း အေးခင် ဒဏ်ရာ မှာ ကြီးလှသည် တကား ။

မှန်တိုင်း တစ်ခု ထန် လာ လျှင် သစ်ပင် အမြင့် ကိုင်း ပေါ် တွင် ရှိနေ သူ မှာ အောက်ဆုံး အကိုင်း တွင် နေသော သူ ထက် အကျ နာသည် ဟု ဆိုသူ ၏ ဤ စကား သည် အခါခပ်သိမ်း မှန်လေ သလော ။

◾ခင်နှင်းယု

📖 ကြာတော၌ ရွာသောမိုး

#ကိုအောင်နိုင်ဦး

.

Thursday, June 27, 2024

ငယ်ငယ်‌လေး ကို အရင် လုပ်ကြည့်ပါဦး

❝ ငယ်ငယ်‌လေး ကို အရင် လုပ်ကြည့်ပါဦး ❞

“ ဆရာ ဆရာ ”

“ ဟာ ကိုချစ်ကြီး‌မောင် ”

“ ဆရာ လက်ဖက်ရည်ဆိုင် သွားရ‌အောင် ”

“ အင်း အင်း အ‌တော်ပဲ ၊ အခု‌လေးတင် မုန့်ဟင်းခါး အရည်‌ဖျော် တစ်ပွဲ တွယ်လာတာနဲ့ ”

ကျွန်‌တော် ‌မောင်ချမ်းသာ ၏ ဘရိတ်ဖတ် မှာ များ‌သောအားဖြင့် မုန့်ဟင်းခါး အရည်‌ဖျော် တစ်ပွဲ နှင့် ‌ကော်ဖီ တစ်ခွက် ဖြစ်‌လေ့ ရှိပါ၏ ။ အဲဒီလို စားကြည့်ပါလား မိတ်‌ဆွေ ။ ဘယ်လို အကျိုး သက်‌ရောက်မှု ရှိသလဲ ဆိုတာ ။

သို့နှင့် လက်ဖက်ရည်ဆိုင် ‌ရောက်

“ ဆရာ ဘာ‌ သောက်မလဲ ဆရာ ”

“ ‌ကော်ဖီ ရိုးရိုး ”

“ ပုံမှန် တစ်ခွက် ‌ကော်ဖီရိုးရိုး တစ်ခွက် မုန့်အစုံ ချ ကွာ ”

“ ဆရာ မုန့် ”

ကိုချစ်ကြီး‌မောင် ‌စေတနာ‌ တွေ အလွန်‌ ကောင်း‌နေပါ၏ ။

စာဖတ်သူ ချစ်မိတ်‌ဆွေ လူ တစ်‌ယောက် ဟာ ကိုယ့် အ‌ပေါ် မှာ ‌စေတနာ‌ တွေ အရမ်း ပရပွ ဖြစ် လာပြီ ၊ မျက်နှာ က လည်း အရမ်း ချို‌ နေပြီ ၊ မျက်လုံး‌ တွေ က လည်း အ‌ရောင်‌ တောက်‌ နေပြီ ၊ အပြုံး‌ တွေ က လည်း အရမ်း လွန်‌ နေပြီ ဆို သတိ ထားပါ ။ သူ ဟာ တစ်ခု ခု ကို အရမ်း လိုချင်‌ နေလို့ အရမ်း ဝင် လုံး‌ နေတာ ဖြစ်ဖို့ များတယ် ။

‌ကော်ဖီ‌ သောက်ပြီးကြ‌သော်

“ ဆရာ ကျွန်‌တော့် တူ‌တော်‌မောင် ဖိုးချစ်‌အောင် ဖွင့် ထားတဲ့  ‌ဆေးဆိုင် ကို ခဏ‌လေး လိုက်ခဲ့ပါ ဆရာ ”

“ အယ် ကျွန်‌တော် က ဘာ အား‌ဆေး မှ ဝယ်‌ သောက်‌လေ့ မရှိဘူး‌နော် ”

“ ဆရာ ရယ် ‌ဆေးဝယ် ခိုင်းမလို့ မဟုတ်ပါဘူး ၊ လိုက် ကြည့်ရုံက‌လေးပါ ”

“ ကဲ ကဲ ဒါဖြင့်လဲ ”

“ ဆရာ စက်ဘီး ထားခဲ့‌လေ ၊ ကျွန်‌တော့် ‌မော်‌တော်ဆိုင်ကယ် နဲ့ ”

“ ဟင့် အင်း ဗျာ ကျွန်‌တော့် စက်ဘီးအိုက‌လေး က ကျန်းမာ‌ရေး ကို ပိုပြီး အ‌ထောက်အကူ ဖြစ်တယ်ဗျာ့ ”

ဆိုင်‌ ရောက်‌ သော် ။

လာ ဝယ်သူ မရှိ ။ ငုတ်တုတ်က‌လေး မှိုင်‌တွေချ‌ နေ‌သော ‌ကောင်က‌လေး နဲ့ က‌လေးမ‌လေး ကို ‌တွေ့ရ‌ လေ၏ ။

“ ဆရာ ‌ရောင်း မ‌ကောင်း လို့ ဆရာ ၊ အဲဒါ အကြံဉာဏ် ”

“ ကိုချစ်ကြီး‌မောင် ခင်ဗျား လူ‌ပေါင်း မှားပြီ ထင်တယ် ၊ ကျွန်‌တော် က ယတြာ‌ တွေ ၊ အ‌ဆောင်‌ တွေ ၊ လက်ဖွဲ့‌ တွေ လုပ်တတ်တဲ့ လူ မှ မဟုတ်တာ ”

“ မဟုတ်ဘူး ဆရာ ၊ ဆရာ့ ဆီ က အကြံဉာဏ် ကို လိုချင်တာ ”

အမှန် က သည် ဆိုင် ကို မြင်‌ နေမိသည် မှာ ‌ခြောက်လ ခန့် ကြာပြီ ခင်ဗျာ့ ။

အိမ် ရဲ့ ‌ရှေ့မျက်နှာစာ အနံ ၁၅ ‌ပေ ‌လောက် ၊ အလျား ‌ပေ ၃ဝ ‌လောက် ရှိတဲ့ ‌မြေကွက်‌ ပေါ် မှာ အ‌ဆောင်အအုံ တစ်ခု ‌ဆောက် ကတည်း က သတိ ပြုမိတာ ခင်ဗျာ့ ။ အုတ်ညှပ် မဟုတ်ဘူး ။ အာရ်စီ ခင်ဗျာ့ ။ တကယ့် အခိုင်အခံ့ သားသားနားနား ကို ‌ဆောက်‌ နေတာဗျာ ။

လူ‌ နေ မှာ လား ၊ ဘာ လုပ်မှာလဲ ကျွန်‌တော် အမျိုးမျိုး စိတ်ကူးကြည့်‌ နေတာ ။

‌ဟော အဲဒါ‌လေး ပြီးသွား ၊ အကျအန ရွှိုင်း ၊ အပီအပြင် ဖြစ် လာ‌တော့ ရှိုး‌ကေ့စ်‌ တွေ ဘာ‌ တွေ ‌ရောက် လာပြီး ‌တော်‌တော် ကြီးတဲ့ ‌ဆေးဆိုင်ကြီး ဘွားကနဲ ဖြစ် လာတာ ‌တွေ့လိုက်ရ‌ တော့တာပဲ ခင်ဗျာ့ ။

အလျား ‌ပေ ၃ဝ ၊ အနံ ၁၅ ‌ပေ ၊ အမြင့် ၁၂ ‌ပေ ‌လောက် ဆို‌တော့ ‌တော်‌တော်ကျယ် ‌တော်‌တော်ကြီး တဲ့ ဆိုင်‌ ပေါ့ ဗျာ ။

ပြီး‌တော့ ‌နေရာ က ပြည်လမ်းမကြီး ရဲ့ ‌ဘေး မှာ ဗျာ့ ၊ ဆိုစရာ မရှိဘူး ။

“ ဆရာ ရယ် ‌ရောင်း မ‌ကောင်းလို့ ”

ဟုတ်‌ပေလိမ့်မည် ။ မနက် ကိုးနာရီ ထိ ‌ဈေးဦး မ‌ပေါက်‌သေးပါဘူး တဲ့ ။

ဆိုင်းဘုတ် က လည်း အပျံစား ခင်ဗျာ့ ။ အကြီးကြီးပဲ မဟာ အာ‌ရောဂျံ ‌ဆေးဆိုင်ကြီး ပါတဲ့ဗျာ ။

ရှိုး‌ကေ့စ်‌ တွေ ထဲ မှာ ၊ ရှိုး‌ကေ့စ်‌ တွေ ထဲ မှာ ‌ဆေး‌ တွေ ‌ဆေး‌ တွေ အပြည့်ပဲ ။

“ ဆရာ ရယ် ၊ ဒါ‌လောက် ‌ဆေး‌ တွေ စုံ‌ နေတာ‌တောင် မ‌ရောင်းရလို့ ”

“ ‌နေပါဦး ကိုချစ်ကြီး‌မောင် ၊ ဒီ က‌လေး‌ တွေ က အရင် က ‌ဆေးဆိုင် ဖွင့်ဖူးသလား ”

“ မဖွင့်ဖူးဘူး ဆရာ ”

“ သူများ ‌ဆေးဆိုင် မှာ‌ ကော လုပ်ဖူးသလား ”

“ မလုပ်ဖူးဘူး ဆရာ ”

“ ‌ဆေး နဲ့ ပတ်သက်တဲ့ သင်တန်း‌ တွေ ၊ ဘာ‌ တွေ‌ ကော တက်ဖူးသလား ၊ ဥပမာ သူနာပြုသင်တန်း လို ဟာမျိုး ”

“ ဘာမှ မတက်ဖူးဘူး ဆရာ ”

“ ဟာ ကိုချစ်ကြီး‌မောင် ”

“ ‌ပြောပါ ဆရာ အားမနာပါနဲ့ ”

“ စိတ် မဆိုးရဘူး‌ နော် ”

“ စိတ် မဆိုးပါဘူး ဆရာ ”

“ ခင်ဗျား တူ‌တော်‌မောင် ဒီ‌ နေရာ မှာ ဒီလို ဆိုင်ကြီး ဖွင့် ပစ်လိုက်တာ တက်တက်စင် လွဲပြီဗျာ ”

“ ဆရာ ဘယ်လို ၊ ဒါ‌လောက် ‌နေရာ‌ ကောင်း ၊ ဒါ‌လောက် ဆိုင်ကြီး ၊ ဒါ‌လောက် ‌ဆေး‌ တွေ စုံ‌ နေတာကို ”

“ ဟား ဟား ကိုချစ်ကြီး‌မောင် ဒီတစ်ခါ‌ တော့ ခင်ဗျား အတွက် ‌ချော် သွားပြီဗျာ ”

“ ပြည်လမ်း‌ ပေါ် ‌နေရာ‌ကောင်း မှန်တယ် ၊ အ‌ဆောက်အအုံ ၊ ‌ဆေးဝါး ၊ ကျွန်‌တော် ဘာမှ မ‌ပြောလိုဘူး ။ ဒါ‌ပေမယ့် ဒီ‌ နေရာ က လူ‌ ခြောက်တယ် ။ လူ မစည်ဘူး ဗျာ ။ ‌နောက် တစ်ချက် က က‌လေး‌ တွေ က ‌ဆေး နဲ့ ပတ်သက် လို့ ဘာ အ‌တွေ့အကြုံ မှ မရှိဘူးဗျာ ”

“ သိန်း တစ်ရာ‌ လောက် ရင်း ထားရတာ ဆရာ ”

“ အဲဒါနဲ့လဲ မဆိုင်ဘူးဗျာ ”

“ ဒီလိုဆို ဘယ်လို လုပ်ရမလဲ ဆရာ ”

“ ‌ဆေးဝါးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ လူ ဆရာဝန်‌ တွေ နဲ့ အလွမ်းသင့် တဲ့ လူ တစ်‌ယောက် ရ‌အောင် ရှာ ၊ သူ့ ကို ဆရာ တင် ၊ ပြီး‌တော့ လူ စည်‌လေ့ ရှိတဲ့ ‌ဈေးနား မှာ ‌ပြောင်း ဖွင့် ဗျာ ”

“ ဒါဆို တစ် က ပြန် စရ‌တော့မှာ‌ပေါ့ ”

“ အဟုတ်‌ပေါ့ ကိုချစ်ကြီး‌မောင်  တစ် က ပြန်စ ၊ တတ်‌ အောင် သင် ၊ ငယ်ငယ်‌လေး ကို အရင်လုပ် ကြည့် ၊ ပိုင် ပြီ ဆို မှ အကြီးကြီး ကို ‌ဆော် ”

◾‌ မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
      ၂၄ ‌ဖေ‌ဖော်ဝါရီလ ၂၀၀၆

#ကိုအောင်နိုင်ဦး

.

ငယ်မူ မဖျောက်နိုင်ဘု

 ❝ ငယ်မူ မဖျောက်နိုင်ဘု လွမ်းလောက်ဖွယ် မယ်ရင် ရယ် လွမ်းပါဘိတယ် ❞

ရွာ မှာ “ ဒေါ်သင် ” ဆိုတာက လူရွှင်တော်ကြီး ဦးဓာတ်အိုး ရဲ့ အစ်မ ပေါ့ ။ ကိုသိန်းလွင် တို့ ဘကြီး နဲ့ အိမ်ထောင် ကျတော့ သားသမီးတွေ ထဲ က မွေးတဲ့ မြေးတွေ အများကြီး ရှိတယ် ။ အဲဒီ အထဲ က ဒေါ်သင် တို့ နဲ့ အတူ နေ နေတဲ့ မြေးကလေး တစ်ယောက် က တော့ “ မောင်မြင့် ” တဲ့ ။ အဆိုးလေး ပါ ။ သူ့ ကြောင့် ဒေါ်သင် စိတ်ညစ်ရပေါင်း လည်း များပါပြီ ။ ဒါပေမဲ့ ကိုယ့် မြေး အစစ် ဖြစ် နေတော့ရကာ မပြောသာဘူးပေါ့ ။ မောင်မြင့် ကို ဒေါ်သင် က မရှိမဲ့ ရှိမဲ့ ကြား က မြို့ကျောင်း ထား စာသင်စေတာ ၊ ငွေ ကုန် ၊ အချိန် ကုန် တာပဲ အဖတ် တင် ရဲ့ ။ အောင် ပေါင် ။ ဆယ်တန်းနှစ်ခါ ကျ နဲ့ ရွာ ပြန်လာ ၊ ဒေါ်သင် တို့ နဲ့ ပြန် လာ နေတော့ ဒီကောင် က နတ်အိုးကွဲ ။ ချီး မကော် လောက် ၊ ပဲ မလှော် လောက် ၊ ဘယ်နေရာ မှာ မှ အားမကိုးရ ၊ အသုံးမကျ ဆန်ကုန် မြေလေး ပေါ့ ။ ဒေါ်သင် မ တော့ “ သူ့ ” ကြောင့် နဲ့ ကို စိတ်တွေ ရှုပ် လှပါပြီ ။ တစ်နေ့ တစ်နေ့ ဒီကောင့် အတွက် ဘယ်လိုများ လုပ် ပေးရရင် ကောင်းမလဲ လို့ ဟောဒီက ခေါင်းတွေ ပွရှုပ် နေအောင် စဉ်းစား နေရတာ ကို က အမောသား ရယ် ။ တစ်နေ့ ရွာ အလယ်ကောင် လမ်းမ ပေါ် က အပျိုလေး တစ်သိုက် ကြွက်စီကြွက်စီ နဲ့ ဆူညံသံတွေ ကြား နေရပါပကော လား ။ ဪ .. ဟုတ်သားပဲ ။ ဒီအချိန် က တောင်ပြုန်းနတ်ပွဲ ချိန် ကိုး ။ နတ်ပွဲ ကျ ရင် လူတွေ ဆိုတာ တိုး လို့ မပေါက်အောင် ကို စည် ဆိုပါလား ။ ရွာ ထဲ က  မိန်းကလေး တွေ လည်း တောင်ပြုန်းပွဲ သွားကြမလို့ နဲ့ တူရဲ့ ။ ဟိုခေါ် ၊ ဒီခေါ် နဲ့ လူ စု နေကြတဲ့ အသံတွေ အိမ် ထဲ ကနေ အတိုင်းသား ကြား နေရတယ် ။ ဒေါ်သင် လည်း အိ မ်ထဲ ငုတ်တုတ် ထိုင်နေရာ က အကြံ ရတာ နဲ့ အိမ်ရှေ့ လမ်းမ ပေါ် က ကောင်မလေးတွေ ကို လှမ်း ခေါ်လိုက်တယ် ။

“ ဟဲ့ .. ကောင်မလေး တွေ ၊ လာကြစမ်း ၊ ဒီကို ”

“ ဘာလုပ် မလို့တုံး အဘွား ၊ ကျွန်မ တို့ နဲ့ နတ်ပွဲ လိုက် မလို့လား ၊ ဒါဖြင့် ပြင်လေ ”

“ ငါ့ အရွယ်ကြီး နဲ့ မလိုက်နိုင်ပေါင် အေ ရယ် ”

“ ဒါဖြင့် ကျုပ်တို့ ကို ဘာပြုလို့ ခေါ်တာတုံး အဘွား ရဲ့ ”

“ အိမ် ကကောင် “ မောင်မြင့် ” ကို ထည့်လိုက်ချင်လို့ ”

“ အလိုတော်... ဘယ်လိုလုပ် ဖြစ်မှာတုံး ၊ နတ်ပွဲ မှာ လူ က စည်သနဲ့ ”

ဒေါ်သင် မြေး မောင်မြင့် က လည်း လူပျို ၊ သူတို့ က လည်း အပျိုလေးတွေ ဆိုတော့ သင်းတို့ နဲ့ လည်း မဖြစ် ၊ ခေါ် မဖြစ်တာ ဒေါ်သင် တွေးမိ စဉ်းစားမိ တာပေါ့ ။ ဒါပေမဲ့ အိမ် မှာ ရှိ လည်းပဲ စား လိုက် ၊ အိပ် လိုက် နဲ့ ၊ ဆန်ကုန် မြေလေး ၊ အလကား ကောင် အမြင်ကတ်ကတ် ရှိတာ နဲ့ ‌ေ သ လည်း အေးတာပဲ ဆိုတဲ့ သဘောပါ ။ ဒါကြောင့်မို့ လို့
ဒေါ်သင် က ...

“ နတ်ပွဲ က လူ စည်တော့ မောင်မြင့် ကို လူနင်း ‌ေ သအောင် ငါ က ထည့်ချင် တာဟဲ့ ” လို့ ရွဲ့ ပြောတော့ ဒါမျိုး ကျတော့ အိမ်ထဲ က ကွပ်ပျစ် ပေါ် အပျင်း ကြီးပြီး လှဲ နေတဲ့ မောင်မြင့် က ကြားဖြစ် အောင် ကြားပါ့ဗျား ။ ဟာဗျာ ... အဘွားက လည်း အလကား နေရင်း လူ ကို နိမိတ် မရှိ နမာ မရှိ ပြောကရော့မယ် တဲ့ ။

မြေး မောင်မြင့် ပျင်းတာ လည်း မပြောနဲ့ ၊ ဒေါ်သင် မှာ မောင်မြင့် လို ပဲ ပျင်းတဲ့ သား တစ်ယောက် ရှိတယ် ။ တစ်နေ့ ရွာ ထဲ မှာ လူ စုံတုန်း သူ့ သား ကိုယ့် သား အပျင်း ပြိုင်ကြတာတဲ့ ။ ကိုဖိုးပုံ က သူ့ သား မောင်ကြိုင် တို့များ အပျင်း ကြီး ချက် ကတော့ အိမ် အလုပ် တစ်ချက် ယောင် လို့ တောင်မှ ကူ မလုပ်ဘူးတဲ့ ။ ည ဆို သန်းခေါင်သန်းလွှဲ အထိ အပျိုအိမ် တွေ လိုက် လည် တော့ မနက် ကျ တော့ ၉ နာရီ ၊ ၁ဝ နာရီ မှ အိပ်ရာ က ထ တာ ၊ အဲဒီအထိ ပျင်းတဲ့ လူ လို့ ပြော တော့ ရွာ ထဲ က လူတွေ က မောင်ကြိုင် ကို ပျင်းလိုက် တာ လွန်ပါရော ဆိုပြီး နှာခေါင်း ရှုံ့ကြ သတဲ့ ။

အဲဒီမှာ ဒေါ်သင် က မင်းသား မောင်ကြိုင် ပျင်းတာ ဘာ ဟုတ်သေးလို့ တုံး ၊ ငါ့ သား “ ငဗြော့ ” တို့ ပျင်းချက် က မှ ဆိုပြီး ဒေါ်သင် က ပြောပြပါတယ် ။ “ ငဗြော့ ” က လယ်ထွန်မယ် ဆိုပြီး လယ် ထဲ သွား ၊ လယ် တော့ ထွန်ပါရဲ့ ၊ ထွန် တစ်စပ် နှစ်စပ်ရတော့ ဟာ ... ပျင်း တယ်ကွာ ၊ ဗိုက် ဆာတယ် ကွာ ဆိုပြီး ထွန် မဖြုတ် ဘာ မဖြုတ် ထည်ချေးဖတ် ထဲ ခေါင်းချ အိပ် နေလိုက်တာ ၊ အဲဒါ အိမ် က သူ့ ဆီ ထမင်း လာ မပို့မချင်း နေ့လယ် ၁၂ နာရီ ၊ ၁ နာရီ အထိ ကို မထတမ်း အိပ် တာတဲ့ လို့ ပြောတော့ အနား က လူတွေ က ဟယ် ... အို နဲ့ တောင် အံ့သြ ကုန်ကြတော့တာပေါ့ ။

ဒါ ဘာဟုတ်သေးလို့တုံး ဆိုပြီး ဒေါ်သင် က သူ့ သား ငဗြော့ အကြောင်း ဆက် ပြောပါတယ် ။ တစ်နေ့ မှာ တော့ ထည် ထိုး နေရင်း က သူ့ ဝသီ အတိုင်း ဆာ လို့ ထည်ချေးဖတ် ထဲ အိပ် နေတုန်း ဖြစ်ချင် တော့ လယ်နီးချင်း တွေ က ထွန် လို့ ထည် လို့ လွယ်ကူအောင် ကတွတ် ပေါက် ကနေ ရေ တွေ သွင်း ကြတော့ ငဗြော့ ထွန် နေတဲ့ လယ် ထဲ လည်း ရေ တွေ ဝင် တာပေါ့ ။ ငဗြော့ အောက် က ထည်ချေးဖတ် တွေ ထဲ ရေတွေဝ င်ပေမယ့် ကိုလူပျင်း ငဗြော့ တို့ ကတော့ ထ ရမှာ ပျင်းလို့ ၊ ထမင်း ဆာ လို့ အိပ်ရာ က အိပ် နေရာ က တောင် မထပါဘူး တဲ့ ဆို ၊ တကတဲ အရည် ထွက် အောင် ကို ပျင်းတဲ့ ကောင်ပါ လို့ ပြောတော့ ရွာ ထဲ က ကြားရတဲ့ သူတွေ ဆိုတာ အံ့ လို့ ကို သြ နေကြပါတယ် ဆိုနေ ။

တစ်နေ့ ရွာ ထဲ က လူတွေ ဒေါ်သင် အိမ် လာ လည်ကြရင်း က လူ စုံတော့ “ ခွေး ” ဆိုး တဲ့ အကြောင်း ၊ ခွေး ကိုက်ချင်တဲ့ အကြောင်း တွေ ပြောကြပါရော လား ။ တချို့ အိမ် တွေ မှာ မွေး ထားတဲ့ ခွေးတွေ ဆိုး လိုက်တာ ၊ ကိုက် က လည်း ကိုက် ချင် ၊ ဟောင် က လည်း ဟောင် ၊ အသံ တွေ ဆိုတာ ဟိန်း ထွက်လို့ သိပ် ကြောက်စရာ ကောင်း တာပေါ့ ။ ခွေး ဆိုး တဲ့ အထဲ မှာ ရွာမြောက်ပိုင်း က “ မတဆုပ် ” ခွေး တော့ မီမယ် မထင်ဘူး လို့ ပြောကြတယ် ။ ဘယ်လောက်များ ဆိုး သလဲ ဆိုရင်တော့ ရွာ မှာ
ကိုခင်မောင် ဆိုတဲ့ လူကြီး ခင်ဗျား တို့ လည်း မြင်နေ သိနေကြတာ ပဲ ဟာ ။
တရုတ်ပြည် က ဘတ်စကက်ဘော လက်ရွေးစင်ကြီး ကျလို့ အရပ် က လည်း အရှည် ကြီးရယ် ။ အဲဒီ မတဆုပ် တို့ အိမ် က ခွေး ပေါ့ ။ ကိုခင်မောင် ကို ကိုက် ရင်း မျက်နှာ ကို မှ ခုန်တက် ကိုက်တာဗျ ။ ဘယ်လောက် ဆိုးသလဲ ။ ကြောက်စရာ ကောင်းချက် က တော့ လို့ ပြောတော့ ဒေါ်သင် က “ ဟင်း ” ဆိုတဲ့ ကာ ဒါက ဘာ ဟုတ်သေးလို့ တုံး ဆိုပြီး သူ့ စကား ကို စ ပါတယ် ။

“ ခွေး တကာ့ ခွေး ထဲ မှာ တော့ ငါ့ အထင် ငရှိန် အိမ် က ခွေး မလောက် ဆိုးတာ မကြုံဖူးဘူး ”

“ မတဆုပ်ခွေး လောက် တောင် ဆိုး လို့လား အဘွားသင် ရ ”

“ မတဆုပ် ခွေး ဆိုး တာ ဘာ ဟုတ် သေးလို့တုံး ၊ ငရှိန် ခွေး က မှ မယုံရင် လွှတ်
ထား ကြည့်လိုက် ၊ လေယာဉ်ပျံ တောင် တက် ကိုက်မယ့် ခွေးဟဲ့ ၊ ဘာမှတ်သတုံး ”

လို့ ပြောတော့ ကျန်တဲ့ ရွာသားတွေ ဆိုတာ ပါးစပ်တွေ အဟောင်းသား နဲ့ ဘာဆို ဘာမှ  မပြောသာကြတော့ပါဘူး ။ ဆိုး လိုက်တဲ့ ခွေး နှယ် ။

ဒီ တစ်ခါ တော့ ဒေါ်သင် ကိုယ်တိုင် မဟုတ်ပါဘူး ။ ဒေါ်သင် ရဲ့ သားတွေ ထဲ က ငဗြော့ ရဲ့ အစ်ကို “ ကိုငကြော့ ” ပါ ။ ကိုငကြော့ က အိမ်ထောင် မရှိ လူပျိုကြီး ၊ အရက်သမား ၊ ထန်းရည်သမား ပါ ။ တစ်ရက် ရွာ မှာ ဖောင်တော်ဦး ဘုရား ပြင်ဖို့ ရန်ပုံငွေ ရှာ ကြ တော့ ရွာ ဥက္ကဋ္ဌ က အဖွဲ့လိုက် တာဝ န်ပေး ၊ ရွာနီး ချုပ်စပ် က ရွာတွေ ဆီ အလှူခံ အဖွဲ့တွေ လွှတ်ပါတယ် ။ ဒီ နေရာ မှာ ရွာ ဥက္ကဋ္ဌ က အလှူခံ တဲ့ လူတွေ အလုပ် မပျက်ရလေ အောင် အလှူ ခံလို့ ရတဲ့ ငွေထဲ က တစ်ယောက် ကို တစ်ရက် ငွေကျပ် ၅ဝဝ စီ သုံးစွဲခွင့် ပြုခဲ့ပါတယ် ။

အဲဒီတော့ ငကြော့ နဲ့ အတူ လူ သုံးယောက် ဟာ တောင်ရွာ ဘက် ဆီ အလှူခံ ထွက်ကြတာ တစ်နေကုန် လို့ ပြန်လာတဲ့ အထိ အလှူငွေ က တစ်ထောင် ပဲ ရပါတယ် ။ ဒါနဲ့ ဒီ သုံးယောက် ရွာ ပြန်လာပြီး ရွာဥက္ကဋ္ဌ ဆီ အလှူငွေ တွေ အပ်ကြ တော့ ...

“ ဥက္ကဋ္ဌကြီး ရေ .... စာရင်း သာ ၁၅၀ဝိ/- လို့ မှတ် ထားလိုက် ၊ ငွေ က တော့ အပ်နိုင်မှာ မဟုတ်ဘူး ဗျ ”

“ ပေး ... ပေး စာရင်း စာအုပ် ၊ ကျုပ် ရေးထား လိုက်ပါ့မယ် ဗျာ ” ဆိုပြီး ငကြော့ ဥက္ကဋ္ဌကြီး ရဲ့ စာရင်းစာအုပ် ဂေါပက ငွေစာရင်း မှာ မှတ်ထား လိုက်တာ က ငွေ မဆပ် တဲ့ အပြင် ...

“ မှတ်ချက် ဂေါပကအဖွဲ့ မှ ရရန် ၅၀ဝိ/-  ” လို့ ရေးထားလိုက်ခြင်းပါပဲ ခင်ဗျား ။

ဒေါ်သင် ရဲ့ သား ငဗြော့ မှာ သား တွေ ရှိပါတယ် ။ လူပျို တွေ ၊ အရွယ် ရောက် ကုန် ကြပါပြီ ။ ဒေါ်သင်တို့ ရွာ မှာ “ ဗြော ” အဖွဲ့ လည်း ရှိ ပါတယ် ။ အဲဒီ ဗြောအဖွဲ့ မှာ ငဗြော့ သား မောင်နိုင် က လင်းကွင်း တီး ပါတယ် ။ မောင်နိုင် လင်းကွင်းတီး ပုံ ကို ငဗြော့ သေချာ လိုက် ကြည့် ပြီးပါပြီ ။ ဒီကောင် လင်းကွင်း တီး တာ မဟုတ်သေးပါဘူး ။ ကြည့်စမ်း ။ ဘယ်လို တီးနေတာပါလိမ့် ။ အားမရ လိုက်တာ ။ လင်းကွင်း နှစ်ဖက် ကို အားပါးတရ တီးရမယ့် အစား ရှန် ရှန် ရှန် နဲ့ ပွတ်ပြီး ဆွဲ ဆွဲနေတာ ကြား ရတော့ ငဗြော့ နားတွေ အူ ၊ သွားတွေ ကျိန်းနဲ့ ခံရ ခက်လိုက်တာ ။ ဒီတော့ မနေနို င်တာ နဲ့ ငဗြော့ က သူ့ သား မောင်နိုင် ကို ခေါ်ပြီး ပညာ ပေးတာတဲ့ ။

“ ဟေ့ကောင် မောင်နိုင် ၊ မင်း လင်းကွင်း တီးရင် ဘယ်လို တီးတာတုံး ”

“ ရှန် .. ရှန် .. ရှန် .. ရှန် ရှန် ... ရှန် နဲ့ တီးတာပေါ့ အဖေ ရ ”

“ ပွတ် ပြီး တီးတာ မဟုတ်လား ၊ အဲဒါကြောင့် နားထောင် လို့ မကောင်းတာ ”

“ ဟာဗျာ .. အဖေ က လည်း တီးလုံး နဲ့ သီချင်းအ လိုက် တီးရတဲ့ ဟာကို ”

“ တီးလုံး တွေ ၊ သီချင်း အလိုက် တွေ လုပ် မနေနဲ့ ဟေ့ကောင် ၊ နောက် တစ်ခါ တီးရင် မင်း သေချာ မှတ်ထား ၊ ဂွမ်း ... ဂွမ်း ... ဂွမ်း ... ဂွမ်း ၊ ဂွမ်း ... ဂွမ်း .. ဂွမ်း ... ဂွမ်း လို့ သာ တီး ၊ ကြားလား ”

“ အဖေတို့ ကတော့ ဗျာ တကတဲ ”

တစ်နေ့ သူ့ အမေ ဒေါ်သင် ရဲ့ အိမ် ကို သူ့ သား ငကြော့ လာ လည်တယ် ။ သူ့ အမေ က အိမ် အလုပ် တွေ တစ်ဖက် လုပ် ရင်း က သူ့ သား နဲ့ စကား ပြောတယ် ။
သားအမိ နှစ်ယောက် စကား တွေ ပြော လိုက်ကြ သမှ တစ်ရွာလုံး အကြောင်း
စုံတကာ စေ့ နေတာပါပဲ ။ ရွာ ထဲ က ငရှိန် တို့ ၊ ငနီ တို့ အကြောင်းတွေ လည်း ပါရဲ့ ။
အဲဒီတုန်း မှာ အမေ ဒေါ်သင် က သူ့ ရေအင်တုံ ထဲ က ပန်းကန်ခွက်ယောက် တွေ ဆေးကြော ပြီးလို့ အိမ်ရှေ့ သလင်းပြင် ဖုန်တွေ သိပ် အောင် လို့ ရေအင်တုံ သွန် မလို့ ပြင်နေတုန်းရှိသေး ၊ သူ့ သား ငကြော့ က ဒေါ်သင် ကို အလန့်တကြား နဲ့ တား ပါတယ် ။

“ ဟိုး ... ဟိုး ... ဟိုး ... အမေ ၊ ရေ သွန် မလို့လား ”

“ အေးလေ ငကြော့ ရဲ့ ၊ မင်း မလည်း အလန့်တကြား ၊ ငါ ရေသွန်မယ့် ဟာကြီး ကို ”

“ အမေ ရေ သွန်တာ က အရေး မကြီးဘူး ၊ တော်နေကြာ ရွာ ထဲ က ငရှိန် တို့ ကောင်တွေ “ အင်း ” မှတ် လို့ ငါး လာ ပက်ကြမှာ စိုးလို့ပါဗျာ  ”

“ မင်း မလည်းကွယ် ”

ရွာ မှာ ငရှိန် တို့ ၊ ငနီ တို့ ကောင်တွေ က သိပ် အလုပ် လုပ်ကြတာ ။ ဒါတောင် သူတို့မိသားစု ဆိုတာ ဆင်းတောင့် ဆင်းရဲ တာ မဟုတ်ဘူးနော် ။ စားနိုင်သောက် နိုင်တွေ ထဲ က ချည်းပဲ ။ ဒါပေမဲ့ ဒီကောင် တွေ ကမ္ဘာ မှာ နယ်ပယ်သစ် ရှာ ၊ စီးပွား ရှာ စားခဲ့ကြတဲ့ ကိုလံဘတ်စ် တို့ ၊ ဘတ်စကိုဒဂါးမား တို့ နဲ့ ဘာ တော်သလဲ မသိဘူး ။ အလကား မနေရဘူး ။ အလုပ် လုပ် ၊ ပိုက်ဆံ ရှာကြတာပါ ဆို နေ ။ ရေအိုင် မြင် တိုင်း ငါး ပက် ကြတော့ ဒေါ်သင် ပက် လိုက်တဲ့ ပန်းကန်ဆေးရေ ရေကွက် ကို ငါး ရှိမယ် ထင်ပြီး လာ ပက် နေကြမှာ စိုးရ လောက်အောင် ဒီကောင် တွေ က အိုင် မြင် တိုင်း ခြေ ဆေး တတ်ကြလွန်း လို့ပါ ။

တစ်နေ့ ငရှိန် နဲ့ ငနီ တို့ ပေါ့ ၊ မိုး တွင်း က မျှစ်ချိုး ၊ မှိုရှာ ခဲ့ကြပြီး နွေ ရောက် တော့ ထင်းခုတ် ၊ ထင်းခွေ ရောင်း ကြတယ် ။ ရွာ မှာ က သူတို့ လို ထင်းခွေ တဲ့ သူတွေ က များ လာတော့ ထင်းပင် တွေ ရှား လိုက်လာတာ နဲ့ မြေပေါ် နဲ့ မြေအောက် က သစ်မြစ် တွေ တူး ရောင်း ကြ ပြန်တယ် ။ ငရှိန် နဲ့ ငနီ သစ်မြစ် ထင်း နှစ်ထမ်း ဒေါ်သင် အိမ် လာ ရောင်းကြ တော့ ဒေါ်သင် က အားပေး ပါတယ် ။ ဒါပေမဲ့ ထင်းမြစ် တစ်ထမ်း ငါးရာ ၊ နှစ်ထမ်း ခုနစ်ရာ နဲ့ ဆစ် တာ မရပါဘူး ။ မကိုက်လို့ ပါ အဘွား ရယ် ဆိုပြီး ငြင်း တော့ ဒေါ်သင် က ပြောတော့တာပေါ့ ။

“ ဟဲ့ .. မင်းတို့ သစ်မြစ်တွေ တော ထဲ က တူး လာတာပဲ ၊ မကိုက်ရ အောင် အရင်းက ဘယ်လောက် တောင် ပေးခဲ့ရလို့တုံး ” လို့ ပြောတော့ ငရှိန် တို့ ဘာမှ မပြောကြတော့ပါဘူး ။

ဒေါ်သင် မှာ အစ်ကို တစ်ယောက် ရှိသေးတယ် ။ ဦးပုကြီး တဲ့ ။ အင်္ဂလိပ် ခေတ် ၊ ဂျပန်ခေတ် ကောင်းကောင်း မီခဲ့ကြ တာ ပေါ့ ။ အင်္ဂလိပ် တွေ က အပြေး ၊ ဂျပန် တွေ က ဝင် လာတော့ နောက် လာမယ့် ဂျပန် တွေ အသုံးပြုလို့ မရအောင် အင်္ဂလိပ်တွေ က လမ်းတံတားတွေ ကို ဖြိုဖျက် ထားခဲ့ကြတာ နည်း ရောလား ။ အဲဒီ အထဲ မှာ “ ညောင်ပင်ဝန်း ” တံတား လည်း ပါတယ် ။ ဂျပန် တွေ ရောက်လာ တော့ အင်္ဂလိပ် တွေ ဖျက်ကြလို့ ပျက် တဲ့ လမ်းတံတား ၊ ရေတွင်းရေကန် တွေ အမြန်နှုန်း နဲ့ ပြင်တယ် ။ ပြင် တော့ လူထု အားလုံး ပြင်ရတဲ့ အခါ အနား ကျေးရွာ က လူတွေ ကို ချွေးတပ် ဆွဲ ခေါ်တယ် ။ အတင်း အလုပ် ခိုင်း ကြတယ် ။ ဂျပန် တွေ က ရိုင်းတယ် ။ ရွာသား တွေ ကို ပါး တွေ နား တွေ ရိုက်တယ် ။ ခြေထောက် တွေ နဲ့ ကန်ကျောက်ကြတယ် ။ မထင်ရင် မထင် သလို နှိပ်စက်ကြတာ ။  ရွာ ထဲ က လူတွေ က ဂျပန်ငပု တွေ ဖက်ဆစ်တွေ ဆိုးကြောင်း ၊ မိုက်ရိုင်းကြောင်း ၊ လူလူချင်း စာနာစိတ် မထားကြောင်းတွေ သူတို့ ရဲ့ ချွေးတပ် အတွေ့အကြုံ တွေ ကို ပြောပြ ကြတဲ့ အခါ အနား က ဦးပုကြီး က တော့ ပြုံး ပြီးမှ နားထောင် နေတာ တဲ့ ။ သူ ထင် တာ ဒီကောင် တွေ ပေါင်းသင်း ဆက်ဆံရေး မတတ်ကြ လို့ပါ ။ လူ ဆိုတာ သူ့ အကြိုက် လိုက် ဆောင်ရွက် ပေးလိုက်ရင် ဘယ်သူ မဆို သဘောကျ ကြမှာပါ ။ ဂျပန် တွေ ၊ ဒီကောင် တွေ လည်း အာရှတိုက်သား တွေ ပဲ ။ ထင် သလောက် တော့ ဆိုး မထင်ပါဘူး ။ မင်း တို့ မပေါင်းတတ် လို့ ပါကွာ လို့ ပြော ဆိုပါလား ။

ဂျပန် တွေ အင်္ဂလိပ် တွေ ကြောင့် ပျက်စီး သွားခဲ့ရတဲ့ ညောင်ပင်ဝန်း တံတားကြီး ပြန် ပြင်တော့ အနီးအနား ရွာ က လူတွေ အလှည့်ကျ ချွေးတပ်စွဲ တဲ့ နေရာ ဆင့်ခေါ် လို့ လိုက်ကြရတယ် ။ ဂျပန် တွေ ဆိုတာ ကိုယ့် ရွာ က လူတွေ ညံ့ လို့ မဆက်ဆံတတ် လို့ ပါ လို့ ပြော တဲ့ ဦးပုကြီး ကိုယ်တိုင် တစ်ကြိမ် တော့ ချွေး တပ်စွဲ တဲ့ နေရာ ပါသွားခဲ့တယ် ။ ပို ဆိုး တာ ဦးပုကြီး ဆိုတဲ့ လူ က “ နား ” က လေး သေးတာရယ် ။ ဘယ်လိုလဲ ဗျာ ဦးကြီးပု ရ ၊ ဂျပန်တွေ နဲ့ ဆက်ဆံရတာ အဆင်ပြေ ရဲ့ လား သိချင် လို့ ရွာ က လူတွေ က ဝိုင်းမေး ကြတော့ မပြောနိုင် မဆိုနိုင် ခေါင်းတွေ ညိတ် ၊ လက်တွေ ခါ တဲ့ ပြီး မှ ပြောတဲ့ စကား က ရှိပါတယ် ။

“ မလွယ်ပါဘူး မောင်ရာ ၊ ဒီ ကောင် တွေ လူ မပြောနဲ့ ၊ ဘုန်းကြီး တောင် ချမ်းသာ ပေးမယ့် ကောင်တွေ မဟုတ် ဘူးရယ် ၊ ရိုင်းချက်မတော့ လို့ ပြော ပါတယ် ”

ရွာ မှာ က ဒီလိုပါပဲ ။ ဒေါ်သင် တို့ ၊ ဦးပုကြီး တို့ ဆိုတာက ရွာ လူကြီးတွေ က လည်း ဖြစ် ၊ စကား က လည်း တတ် ၊ စကား က လည်း ကပ် တော့ ပြောစမှတ် ကြီး ကို ဖြစ်လို့ပါ ဆိုနေ ။ တစ်ခါတုန်း က လည်း မြို့ပေါ် က တက္ကသိုလ်ကျောင်းသူ တွေ နေမှာပေါ့ ။ ရွာ ကို ရောက် လာပြီး တော့ မှ စီးပွားရေးစစ်တမ်း ဆိုလား ၊ လာ ကောက်ကြတာ ။ ဒီတော့ ဒီ အရပ်က လူတွေ ရဲ့ ဒေသ အသုံးအနှုန်း အခေါ်အဝေါ် တွေ က စလို့ အသစ်အဆန်း တွေ ဖြစ် နေကြတော့ တအံ့တသြ နဲ့ လေ့လာကြတာပေါ့ ။

ရွာတွေ မှာ က အင်္ကျီအိတ်ထောင် ကို အိတ်ထောင် လို့ မခေါ်ကြဘူး ။ “ ဘေးထိုး ” တဲ့ ။ ကောင်းကင် ပေါ် က ကြယ် တွေ ကို “ ကြည် ” တဲ့ ။ ရေပုံး ကို “ သွပ်ချောင် ” တဲ့ ခေါ်ဝေါ်ကြတာ ။ အိမ် မှာ တစ်ရက် နို့ဆီဘူး ဘယ်နှဘူး ချက်ရ သလဲ ဆိုရင် ဘယ်နှချောင် ချက်ရတာလဲ လို့ မေးကြတယ် ။ ညရေးညတာ သုံးတဲ့ လက်နှိပ်ဓာတ်မီး ကို “ ဒုတ်မီး ” တဲ့ ။ ရင်ဘတ် မှာ တပ် တဲ့ အင်္ကျီကြယ်သီး ကို “ ကြည်သီး ” တဲ့ ။ လျှပ်စစ်ဓာတ်မီး ၊ မီးလုံး ကို “ ဘတ်သီး ” တဲ့ ။ ဘောလုံး ကို “ ဘော ” တဲ့ ။ အဲဒီလို ပဲ ခေါ်ကြတယ် ။ ဘောလုံး ပွဲ ကြည့်တာကို ဘောပွဲ ကြည့် မလို့တဲ့ ။ အဲဒီလို ပြော ကြတော့ မြို့ က လာတဲ့ တက္ကသိုလ်ကျောင်းသူတွေ အံ့သြကြတာပေါ့ ။

ရွာဓလေ့ ကို လည်း လေ့လာချင် ၊ စကား အဆန်း တွေ ၊ အညာ စကားတွေ သင်ကြားချင် ကြတဲ့ တက္ကသိုလ် ကျောင်းသူ တွေ ကတော့ သူတို့ အားတိုင်း ရွာ ထဲ က ဒေါ်သင် အိမ် မှာ ချည်း စု နေကြတာ ။ ဒေါ်သင် က လည်း တက္ကသိုလ် ကျောင်းသူ မိန်းမချောလေး တွေ ကို ကျွေးရ မွေးရ တော့ ဂုဏ် ရှိတာပေါ့ ။ ပျော်တာပေါ့ ။ ပြီးတော့ ဒေါ်သင် ဆီ က စကား တွေ ၊ အညာလေ တွေ သင် ကြတယ် ။

တစ်နေ့ ဒေါ်သင်ကြီး က မြို့တက် ဈေး သွား ဝယ်တာ မြို့ က နေ ပြန် လာ တော့ တက္ကသိုလ်ကျောင်းသူ တွေ က ဒေါ်သင်ကြီး ဆီ က စကားအဆန်းတွေ သင်ချင် ကြားချင် ကြတော့ နှုတ်ဆက် စကား ဆို ကြတာပေါ့ ။

“ အဘွား သင် ၊ ဘယ် က ပြန်လာတာတုံး ”

“ မြို့ က ဈေးသုံး ပြန် လာတာကွယ့် ”

“ မှန်းစမ်း .. ခြင်း ထဲ မှာ လည်း စုံလို့ပါလား ၊ ဘာတွေ ဝယ်လာတာတုံး ”

“ တိုလီမိုလီလေးတွေ ပေါ့ ကွယ် ”

ဟော ကြည့် ၊ ဒေါ်သင် ပြောတဲ့ စကား မြန်မာစကား တော့ မြန်မာစကား ပါပဲ ။ ဒါပေမဲ့ ဒေါ်သင် ပြောတဲ့ စကား နားမလည်ကြတာ နဲ့ ပြန် မေး ယူရတယ် ။

“ တိုလီမိုလီ ဆိုတာ ဘာတုံး ... အဘွားသင် ရဲ့ ”

“ ဟယ်တော် .. ညည်းတို့ မလည်း မြို့ က တက္ကသိုလ် ကျောင်းသူ တွေ ပညာတတ် တွေ လို့ လည်း ပြောရဲ့ ၊ တိုလီမိုလီ တောင် မှ မသိကြဘူးတဲ့လား ၊ အံ့ပါ ရဲ့ ”

“ တကယ် မသိလို့ပါ အဘွား ရယ် ၊ တိုလီမိုလီ ဆိုတာ ဘာတုံး ”

“ ဟဲ့ ... မှတ်ထားကြတဲ့ ခေတ်ကလေးတွေ ၊ တိုလီမိုလီ ဆိုတာ ဗြုတ်စဗျင်းတောင်း ကို ခေါ်တာကွယ့် ကလေးတို့ ရဲ့ ”

လာပြန်ပေါ့ စကား တစ်ခွန်း ၊ ဗြုတ်စဗျင်းတောင်း တဲ့ ။ ဒါ မြန်မာစကား ပြော တာပါပဲ ။ ပြောတဲ့ စကားတွေ ဆို တာ အဆန်းတွေချည်း ဆိုတော့ ကြား မှ မကြား ဖူးကြတဲ့ ဟာ ။ ဒီ တက္ကသိုလ် ကျောင်းသူ တွေ ဘယ်က လာ သိကြပါ့မလဲ ။ တိုလီမိုလီ ကို မသိလို့ မေး တော့ ဗြုတ်စဗျင်း တောင်း တဲ့ ။ ဒါဖြင့် ဗြုတ်စဗျင်းတောင်း ဆိုတာ ကရော ဘာတုံးဟင် အဘွား လို့ မေးကြည့် ကြည့်ပါလား ။ အဲဒါ ရှေး အခေါ် စကား အသစ်အဆန်း တစ်လုံး က ပေါ်လာပြန်ဦးတော့မှာ ပါ ။ ဒါနဲ့ပဲ ဦးနှောက် က လိုက် မမီ မှတ်မကုန်တာ နဲ့ အဲဒီ ဗြုတ်စဗျင်းတောင်း ရဲ့ အဓိပ္ပာယ် ကို ဒီ အတိုင်းပဲ ထားလိုက်ကြတာ အေးပါတယ် ။

အဲဒီ ဒေါ်သင် ပဲ ပေါ့ ။ တစ်ခါ မြို့ က ဆေးကုအဖွဲ့ ၊ ကျေးရွာ ရောက် အခမဲ့ ကု ပေးတာ နဲ့ ဒေါ်သင် ဆရာဝန် ဆီ သွား တွေ့ပါရော လား ။ ဆရာဝန် က ဒေါ်သင် ကို မေးတာပေါ့ ။ အဘွား ဘာဖြစ်တာတုံး ဆိုတော့ အေးကွယ် ၊ ရင် ထဲ သရိုးသရီ နဲ့ နေမကောင်း လို့ ပါ ။ ခေါင်းမူး သလား ။ မူးဘူး ။ ဗိုက် ရော အောင့် သလား ။ အောင့် ပေါင် ၊ အကြောတက် သလား ။ တက်ဘူး ။ ညောင်းရော ညောင်းသလား ။ ညောင်းပါဘူး ။ ဒါဖြင့် အဘွား ရောဂါ က ဘာဖြစ်တာတုံး ။ သိဘူး ။ ဟုတ်ဘူးလေ ။ ရောဂါသည် က ဘာဖြစ်ရင် ဖြစ်တယ်လို့ ပြောပြ မှ ဆေးဆရာ က ဆေး ကုလို့ ရတော့မပေါ့  ။ ဒီတော့ အဘွား ရင် ထဲ စိတ် ထဲ ဘယ်လို ခံစား နေရတယ် ပြောပြ မှ ဒီက ဆေး ပေး လို့ ရမှာပါ ။ အဲဒီတော့ ပြောပါလို့ ဆရာဝန်လေး က အတင်း မေးတာ နဲ့ ဒေါ်သင် သူ့ ရောဂါ ပြောတော့ ပြောတာပါပဲ ။ ဒါပေမဲ့ ဒေါ်သင် အပြော က ဆေးပညာ မှာ ဘယ်လို မှ ရောဂါ အဖြေ ရှာ မရတဲ့ ရောဂါ ဖြစ်နေပါတယ် ။ ဘာပြုလို့လဲ ဆို တော့ ဆရာရယ် အဘွား ရဲ့ ရင်ထဲ မှာ “ ဘူရှိန် ဘတ်သတ် ဂျတ်တင်း ” ကြီး ဖြစ် နေလို့ပါ တဲ့ ။

ပြောရရင် ဒေါ်သင် တို့ ရွာ မှာ အုပ်ချုပ် ခဲ့တဲ့ တစ်ခါတုန်း က သူကြီး တစ်ယောက် ဟာ ရွာ ထဲ က လူတွေ ကို ဟိုဟာ ခိုင်း ဒီဟာ ခိုင်း နဲ့ အတော် နာမည်ကြီး နေတဲ့ သူပါ ။ ထန်းရည် မူး လို့ ဆူဆူ ၊ လင်မယား ရန် ဖြစ်ဖြစ် ဒဏ်ပေး တာ ကတော့ အလုပ် တစ်ခု ခိုင်းပြီးမှ အပြစ် ပေးတာပေါ့ ။ အပြစ် မရှိလည်း သူကြီး အိမ်ရှေ့ ဖြတ် သွားတဲ့ လူ ဆို လှမ်း ခေါ်တဲ့ပြီး သူ့ အိမ် မှာ နွား ကျွေးခိုင်း ၊ နွားစာ စဉ်းခိုင်း ခိုင်း တတ် တော့ ရွာ က လူ တွေ သူကြီး အိမ် ရှေ့ တောင် ဖြတ်ရဲကြတာ လိုက်လို့ ။ အဲဒီလို အခိုင်း ပက်စက်တဲ့ သူကြီး ပေါ့ ။ တစ်နေ့ ဒေါ်သင် အိမ် ထဲ ဝင် အလာ ခွေး က ဟောင်ရော ။ ဒီတော့ ဒေါ်သင် က ခွေး ကို ငေါက်တာ ၊ ငေါက် လို့ မရတော့ အနား က “ ဆန်ဆေးတောင်း ” နဲ့ ခွေး ကို ကောက် ပေါက် လိုက်ပါတယ် ။ ဒီတော့ ဆန်ဆေးတောင်း က သူကြီး ခြေထောက် နား ရောက် အနေ ဒေါ်သင် က လည်း လက် ထဲ ပဲစေ့ ညှစ်နေရာ က မအား တော့ ...

“ သူကြီး ရယ် ၊ မရိုမသေ တော် ၊ ရှေ့ က ဆန်ဆေးတောင်းလေး ၊ ခြေလုံး ခတ် လိုက်စမ်းပါ ”

သူကြီး က လည်း ဒေါ်သင် ရဲ့ စကား အတိုင်း ခြေထောက် နဲ့ ခတ် ပေး လိုက်တယ် ။ ဒီ ကတည်း က ဒေါ်သင် တို့ များ နာမည် ကြီးချက် ကတော့ ဘာမှတ် သတုံး ၊ ဒေါ်သင် ဆိုတာ သူကြီး ကို တောင် ခိုင်းစား နိုင်တဲ့ သူ လို့လေ ။ ရပ်နီး ရပ်ဝေး ဟိုးဟိုးလေး ကို ကျော် လို့ ပါလား ။

◾မောင်သင်းထုံ ( ကျောက်မဲ )

📖 ရယ်စရာ မဂ္ဂဇင်း
      ဩဂုတ်လ ၊ ၂၀၁၂ ခုနှစ်