❝ မှားတတ်သော အသုံးအနှုန်းများ ❞
( ဒေါက်တာညိမ်းညိမ်း )
ကိုယ့်ကိုယ်ကိုယ်
၁ ။ ကိုယ် = ခန္ဓာကိုယ် ကို ရည်ညွှန်းပြီး ပြောတဲ့ အခါ မှာ သုံးနိုင်တယ် ။
ကိုယ်လက် သန့်စင်ပါ ။
ဒီ ကိုယ်ခန္ဓာကြီး ကို အလုပ်အကျွေး ပြုနေရတယ် ။
ကိုယ်ရော စိတ်ပါ အလုပ်လုပ်ပါ ။
၂ ။ ကိုယ် = မိမိ ၊ ကိုယ် ဆိုပြီး တွဲသုံးတာ ကို တွေ့နိုင်တယ် ။ မိမိ ဆိုတာ ကိုယ်တိုင် ။ ကိုယ်ပိုင် ဆိုတဲ့ သဘောကို ရည်ညွှန်းတယ် ။
မိမိ ကိုယ် ကို ကောင်းအောင် ကြိုးစားပါ ။
( ဒီစကား မှာ ပါတဲ့ ကိုယ် ကို ဆိုတဲ့ အတွဲ မှာ ကို ဟာ ဝိဘတ် တစ်ခု သာ ဖြစ်ပြီး ။ ဂို ။ လို့ အသံ ပြောင်း သွားတာ ကို ဂရုပြုပါ )
မိမိ အတန်း ကို ကောင်းအောင် ကြိုးစားပါ ။
မိမိ ကျောင်း ကို ကောင်းအောင် ကြိုးစားပါ ။
၃ ။ ကိုယ် ဆိုတာ အပြောစကား မှာ ကိုယ့် ကိုယ် ကိုယ် ရည်ညွှန်းတဲ့ စကားပါ ။
ကိုယ် ကလေ မင်း လာမယ်လို့ မထင်မိဘူး ။
ကိုယ် ပြန် လာပြီ ။
ကိုယ် နဲ့ နေပါ ။
ကိုယ် က လူလွတ်ပါ ။
▣ အများပြ စကားသုံး
ကိုယ်တို့ နှစ်ယောက် အတူ သွားကြတာပေါ့ကွာ ။
ကိုယ်တို့ အဖွဲ့ ကို ပြောင်းလာပါလား ။
၄ ။ ကိုယ့် - ပိုင်ဆိုင်မှု ကို ဖော်ပြချင်တဲ့ အခါမျိုး မှာ သုံးကြတယ် ။
ဒါ ကိုယ့်ကား ဒါ ကိုယ့်နေရာ ။
ဒါ ကိုယ့်ချစ်သူလေး ။
ကိုယ့် ဘဝရဲ့ အဖော်မွန် ။
ကိုယ့် သူဌေးပေါ့ ။
ကိုယ် နဲ့ ဆက်စပ်နေတဲ့ ရုပ်ဝတ္ထု ၊ ပစ္စည်း နဲ့ လူတွေ ကို ဒုတိယ နေရာ မှာ ထားတယ် ။
ကိုယ့် ကိုယ် ကိုယ် ဂရုစိုက်ပါ ။
ပထမ စကားလုံး ကိုယ့် က ပိုင်ဆိုင်ခြင်း ကို ဖော်ပြတယ် ။ ဘယ်သူ့ ကို ပိုင်တာလဲ ။
ကိုယ်တိုင် ကို ဆိုလိုကြောင်း ဒုတိယ ကိုယ် က ဖော်ပြတယ် ။ ဘာလုပ်ရမှာ လဲ ဂရုစိုက်ရမယ် ။
ဘယ်သူကလဲ တတိယ ကိုယ် ( ကိုယ်တိုင် ။ မိမိ ကိုယ်တိုင် ) လို့ ပြောနိုင်တယ် ။
ကိုယ့် ကိုယ် ကိုယ် တာဝန်ယူပါ ။
အသံထွက် မပြောင်းတာ ကို တွေ့နိုင်တယ် ။ တာဝန် ယူရမှာ က ဘာလဲ ၊ မိမိ ။ ကိုယ်တိုင် ရဲ့ ရုပ်ပိုင်း စိတ်ပိုင်း အားလုံး ကို ၊ ဘယ်သူက တာဝန် ယူမှာလဲ ၊ ကိုယ်တိုင် ပဲ ။
ကိုယ့်ကိုယ်ကို တာဝန်ယူပါ ။
အဓိပ္ပာယ်ပြောင်းသွားနိုင်တယ် ။
အသံထွက် လည်း ပြောင်းတယ် ။
စာလုံးပေါင်း မှားတတ်တယ် ။
၁ ။ နုတ် နဲ့ နှုတ်
နုတ် - ဆွဲငင် ထုတ်ယူသည် ။
ဥပမာ - သွားကြား တွင် စိုက် နေသော အရိုး ကို ညှပ်ဖြင့် နုတ်ယူ,သည် ။
နုတ် - ရုပ်သိမ်းသည် ။
ဥပမာ - ဒါဆို လွယ်ပါတယ် ။ ကျွန်မ နုတ်ထွက်မယ် ။
နုတ် - အများ မှ အနည်း ကို ထုတ်ယူသည် ။
ဥပမာ - ၃၃ ထဲ က ၅ ကို နုတ်ရင် ဘယ်လောက် ကျန်မလဲ ။
အပေါင်း အနုတ် မှ မတတ်ရင် ဘယ်လို လုပ်မလဲ ။
နှုတ် - ခံတွင်း ပါးစပ် စတဲ့ စကားနဲ့ ပတ်သက်တဲ့ ကိစ္စတွေ မှာ သုံးတယ် ။
ဥပမာ - ဒီ လူ နှုတ်ကတော့ ချိုပါရဲ့ ။ စိတ်ကတော့ မမှန်ဘူး ။
၂ ။ မြုပ် နဲ့ မြှုပ်
မြုပ် - ရေမြေ စသည် အတွင်း၌ ကျနစ် တည်နေသည် ။ အတွင်းသို့ နစ်ဝင်သည် ။
ဥပမာ - ပြောင်းဖူးပြုတ်ရန် အိုးအတွင်း ပြောင်းဖူးများ ကို ရေမြုပ် အောင် ထည့်ပါ ။
မြုပ် - မြင်မြင်ထင်ထင် ရှိရာက ကွယ်ပျောက် နေသည် ။
ဥပမာ - ဒီလောက် နာမည်ကြီး နေပြီးမှ စုပ်စမြုပ်စ ပျောက်သွား လိုက်တာ ။
မြှုပ် - မဖော်ပြဘဲ ခြွင်းချန်သည် ။
ဥပမာ - ဒီအပိုင်းလေး ကို မြှုပ်ထားလိုက် မှ ဇာတ်လမ်း က ပိုတက် လာတာ ။
ခင်ဗျား က ဇာတ်မြှုပ် ထားပေမဲ့ ကျွန်တော်တို့ က မမေ့ပါဘူး ။
၃ ။ ကျိုး နဲ့ ချိုး
ကျိုး - ၂ ပိုင်း သို့မဟုတ် အပိုင်းပိုင်း ဖြစ်သွားသည် ။
ဥပမာ - သူ့ ရဲ့ လက် က နှစ်ပိုင်း ကျိုးသွားတယ် ။
ခြေကျိုး လက်ကျိုး ဖြစ်နေမှတော့ ဘယ်လိုလုပ် ခိုင်းစားရ ။
က နဲ့ ဂ ( က နဲ့ ရေးပြီး ဂ နဲ့ အသံထွက်တယ် ) မလဲ ။
ကျိုး - အချိန်ကာလ ကုန်သွားသည် ။
ဥပမာ - ဒီနေ့တော့ လမ်းပေါ်မှာ တင် နေ့တစ်ဝက် ကျိုးတော့မှာ ပဲ ။
ကျိုး - ဥပုသ် ၊ သီလ ပျက်ပြန်သည် ။
ဥပမာ - မေ့ပြီး သီချင်း ညည်းလိုက်မိတာ ဥပုသ်တော့ ကျိုးပါပြီဟယ် ။
ကျိုး - ထောင်လွှားမှု လျော့ကြသည် ။
ဥပမာ - အရင်လို မမောက်မာနိုင်တော့ဘူးလေ ဇက်ကျိုးသွားပြီ ။
ကြိုး - သွယ်တန်းရန် ချည်နှောင်ရန် သုံးသောအရာ ။
ဥပမာ - ကြိုးတန်း တန်းပြီး အဝတ်လှမ်းပါ ။
ကြိုး - ပတ္တမြား ၊ နီလာ စသည် တို့ အတွင်း ပါသော အရေးအကြောင်း
ဥပမာ - သူ့ ပတ္တမြား လက်စွပ် ကို သေသေချာချာ ကြည့် ကြိုးပါတယ် ။
က နဲ့ ဂ ( က နဲ့ ရေးပြီး ဂ နဲ့ အသံထွက်တယ် )
၁ ။ ကဏန်း / ဂနန်း / ပုစွန်လုံး တစ်မျိုး ။ ပင်လယ်ကမ်းစပ်တွင် တွေ့ရ သော အနီရောင် ကဏန်း တစ်မျိုး ။
ဥပမာ - ကဏန်းမဆလာဟင်း သိပ်ကို မွှေးကြိုင်ပြီး အရသာ ရှိတယ် ။
က ဂဏန်းကောင် လက်မထောင် လို့ ဆိုရတယ် ။
ကဏန်းလက်မ / ဂနန်းလက်မာ့ န -
မူလီခေါင်း ဖြုတ်ရ တပ်ရသည့် အခွ ပါသော ကိရိယာ ။ ခွ ။
ဥပမာ - ကားပြင်မဲ့သူ က ခွတို့ ကဏန်းတို့ လက်မတို့ ဆောင်ထားရမှာပေါ့ ။ ဂဏန်း ၁ / ၂ / ၃ / ၄ / ၅ / ၆ / ၇ / ၈ / ၉ / ၀ ဟူသော အမှတ်အသား ။
ဥပမာ ကျွန်မ လေ ဘာသာရပ် ထဲမှာ ဂဏန်းသင်္ချာ ကို အကြောက်ဆုံးပဲ ။ ဂဏန်း မတွက်တတ် ရင် စာရင်းကိုင် လုပ်ဖို့ စိတ်မကူးနဲ့ ။
၂ ။ ကတိ / ဂဒိ / သဘောတူညီချက် ။ ပြောသည့် အတိုင်း လုပ်ပါမည် ဟု အာမခံချက် ။
ဥပမာ - ပြောတုန်းကတော့ ကတိ ပေးပါတယ် ဆို ၊ အခုတော့ ကတိ လဲ မတည်ပါလား ။
ကတိ တည်ဖို့ ကြိုးစားပါ ။
၃ ။ ကနေ့ / ဂနေ့ / န - အပြော စကားတွင် သုံး , နေ့ ။
ဥပမာ - ကနေ့ လာမှာ လားကွယ် , မနက်ဖြန် ရောက်မှာ လားကွယ် ။
၄ ။ ကလဲ့ / ဂလဲ့ / အလှည့် အကြိမ် ။
ဥပမာ - ဒီတစ်ခါ သူ့ကလဲ့ ပါ ။ နောက်တစ်ခါ ကျွန်တော့် ကလဲ့ ။
၅ ။ ကလဲ့စားချေ / ဂလဲ့ဇားချေ / မိမိ အပေါ် မကောင်းပြု သော သူ ကို မိမိ က ပြန်၍ မကောင်းပြုသည် ။
ဥပမာ - ကျွန်တော့် ကို ကလဲ့စား ချေနိုင်ပါတယ် ။ ကျွန်တော့် မိသားစု ကို တော့ မထိပါနဲ့ ။
၆ ။ ကလိုင် / ဂလိုင် / တွင်း ၊ လိုဏ်ခေါင်း ၊ အခေါင်းပေါက်
ဥပမာ - ကလိုင်ပေါက် ထဲ ကို လက် မနှိုက်နဲ့ နော် မြွေ ရှိနေရင် ဘယ်လို လုပ်မလဲ ။
၇ ။ ကလန်ကဆန် / ဂလန်ဂဆန် / ဆန့်ကျင်လျက်
ဥပမာ - မင်း ရဲ့ သမီး ကတော့ လေ အခု ကတည်းက ကလန်ကဆန် လုပ် နေပြီ ။
၁ ။ ရော နဲ့ ကော
ရော - ပေါင်းစည်းခြင်း အနက်ဖြင့် နာမ် ကို အထောက်အကူ ပြုသော စကားလုံး ။
ကော - ( အပြော ) ပေါင်းစည်းသည့် သဘောဖြင့် ထောက်ပံ့သည့် စကားလုံး
▣ အမေးသဘော ဖြင့် ထောက်ပံ့သည့် စကားလုံး
ဥပမာ - သူ့ ကို ရော ခေါ်သွားမလို့လား ။
ကလေး ကို ရော ဆေးခန်း ထဲ ခေါ်သွား မလို့လား ။
မိသားစု ရော ပါလာတယ်ပေါ့ ။ သိပ်ကောင်းတယ် ။
လူရော နတ်ရော တည်ထား တဲ့ ဘုရားပါ ။
လူငယ်ရော လူကြီးရော အားလုံး လိုက်ခဲ့ပါ ။
အဆောက်အဦ ။ အဆောက်အအူ ။
အသုံးအဆောင် ပစ္စည်း ကိရိယာ တန်ဆာပလာ ။
ဥပမာ - ရဟန်းတော်များ အတွက် အဆောက်အဦ ကတော့ ကျောင်း ၊ သင်္ကန်း ၊ ဆွမ်း ၊ ဆေးဆိုတဲ့ ပစ္စည်း ၄ ပါး ပါ ။
အဆောက်အအုံ
၁ ။ စုစည်း တည်ရှိသော ဒြပ် ၊ စုဖွဲ့ တည်ရှိသော အရာ ။
- တဖြည်းဖြည်း ဖြစ်တည်လာတဲ့ အုံဖွဲ့လာတဲ့ သဘော ကို ဆိုလို ပါတယ် ။
- ပါရမီ အဆောက်အအုံ ၊ ရောဂါ အဆောက်အအုံ ဆိုတဲ့ စကားတွေမှာ သုံးလေ့ ရှိတယ် ။ မြတ်စွာဘုရားရှင် ဟာ ဘုရား အဖြစ် ကို မရခင် က ပါရမီ ၁၀ ပါး လုံး ကို ဖြည့်ကျင့်ခဲ့ရတယ် ။
၂ ။ သစ် ၊ ဝါး ၊ အုတ် စသည် တို့ဖြင့် တည်ဆောက် ထားသော အိမ် စသည်
- အိမ် ၊ တိုက် စသည် တို့ နဲ့ တည်ဆောက်ထားတဲ့ လူတွေ နေထိုင် တဲ့ အိုးအိမ်တွေ ကို ဆိုလိုပါတယ် ။
ဥပမာ - ဒီ အဆောက်အအုံ က အန္တရာယ် ဖြစ်နိုင်တယ် လို့ စည်ပင် က ကြေညာထားတယ် ။
▣ ကြိယာဝိသေန စကားလုံးများ
အဓိပ္ပာယ်ချင်း ဆင်တူယိုးမှား စကားလုံးများ
၁ ။ ကချော်ကချွတ် = အလွဲလွဲအမှားမှား ၊ ပေါ့တန်စွာ
ဥပမာ - မင်း ကတော့လေ အလုပ် ကို ကချော်ကချွတ် အမြဲ လုပ်တယ် ။
၂ ။ ကပြက်ကချော် = ပေါ့ပေါ့တန်တန် ၊ ဖြစ်ကတတ်ဆန်း
ဥပမာ - မိန်းကလေး ပဲ ဖြစ်ဖြစ် ယောက်ျားလေး ပဲ ဖြစ်ဖြစ် အလုပ် ကို ကပြက်ကချော် လုပ်လို့ ကတော့ အသိပဲ ။
▣ ကံ နှင့် ပတ်သက်သော စကားပုံများ
၁ ။ ကံကောင်းတဲ့ ကျား သွားရင်း သမင် တွေ့
၂ ။ ကံကောင်းတဲ့ ကျား သားကောင် ရင်ဆိုင်တွေ့
၃ ။ ကံဆိုးမ သွားလေရာ မိုး လိုက်လို့ ရွာ
၄ ။ ကံမရှိ ဉာဏ်ရှိတိုင်း မွဲ
၅ ။ ကံယုံ မီးပုံ မဆင်းရာ ။ ကံ ယုံ၍ ဆူးပုံ မနင်းရာ
- တစ်ရွာ ပြောင်း မှ သူကောင်း ကျွန်စော်နံ
- သေချင်တဲ့ ကျား တောပြောင်း
- တစ်ရွာ မပြောင်း သူကောင်းမဖြစ်
▢ ဒေါက်တာညိမ်းညိမ်း
📖 စာပေရေးသားခြင်း အနုပညာ
No comments:
Post a Comment