Tuesday, May 20, 2025

ရေနံ့သာ မှ သည်


 ❝ ရေနံ့သာ မှ သည် ❞


ကျွန်‌တော် ဒီလ ‌တွေ့ဆုံ‌ပေးမယ့် သူ က‌တော့ လျှို့ဝှက်သည်းဖို ဝတ္ထု‌တွေ နဲ့ နာမည် ရလာပြီး ၁၉၇၂ ခုနှစ် ‌လောက် က မြန်မာစာဖတ် ပရိသတ်‌တွေ အသည်းစွဲခဲ့တဲ့ ဂန္ထဝင်‌မြောက် ဝတ္ထုရှည်ကြီး တစ်ပုဒ် ကို ‌ရေးခဲ့တဲ့ စာ‌ရေးဆရာ ‌မောင်သိန်းဆိုင် ပဲ ဖြစ်ပါတယ် ။ ‌မောင်သိန်းဆိုင် ဆိုတာနဲ့ တစ်ပြိုင်နက် “ ရေနံ့သာခင်ခင်ကြီး ” ဝတ္ထုရှည်ကြီး ကို မလွဲမ‌သွေ သတိရမိကြမှာပါပဲ ။ “ ရေနံ့သာ ” နဲ့ ‌မောင်သိန်းဆိုင် ၊ ‌မောင်သိန်းဆိုင် နဲ့ “ ရေနံ့သာ ” က ခွဲခွာလို့ မရစ‌ကောင်းတဲ့ အမည် ဖြစ်‌နေပါပြီ ။ စာဖတ် ပရိသတ် ရင် ထဲမှာ “ ရေနံ့သာ ” ကို သာ အစွဲကြီး စွဲ‌နေကြ‌ပေမယ့် ဆရာ ‌ရေးခဲ့တဲ့ ဝတ္ထု‌တွေ ထဲ မှာ “ ရေနံ့သာ ”  ‌လောက် ဇာတ်အိမ် မကြီးဘဲ ရသ‌မြောက်တဲ့ ဝတ္ထု‌ကောင်း‌တွေ အများကြီး ရှိပါ‌သေးတယ် ။ ဥပမာ - “ ပဆစ်အိမ် ” တို့ ၊ “ အ‌မေနဲ့ သမီးများ ” စတဲ့ ဝတ္ထု‌တွေ အများကြီးပါပဲ ။


ကျွန်‌တော်တို့ ‌တွေ့ဆုံ‌ ပေးခဲ့တဲ့ စာ‌ရေးဆရာ‌တွေ ထဲ မှာ ‌မောင်သိန်းဆိုင် က စတုတ္ထ‌မြောက် စာ‌ရေးဆရာ ရဲ့ သား စာ‌ရေးဆရာ ဖြစ်ပါတယ် ။ ( ဦးမန်းတင် ရဲ့ သမီး မစန္ဒာ ၊ ဦးသာဓု ရဲ့ သား မင်းလူ နဲ့ ‌မောင်ဝဏ္ဏ ၊ ဆရာကြီး မဟာ‌ဆွေ ရဲ့ သမီး ‌ဒေါ်ခင်‌ဆွေဦး တို့ နဲ့ ‌တွေ့ဆုံ‌ပေးပြီး ဖြစ်ပါတယ် ။ ) ဆရာ ‌မောင်သိန်းဆိုင် ရဲ့ အ‌ဖေ က ကပ္ပိယ စုံ‌ထောက်ကြီး ဦးဖြူသီး ကို ပင်တိုင် ဇာတ်‌ဆောင် ထားပြီး အ‌ယောင်‌ဆောင်သမား‌တွေ ကို ‌ဖော်ထုတ် ‌ပေးတဲ့ ဇာတ်လမ်း‌တွေ ကို ‌ရေးတဲ့ ဆရာ ဦးတင့်ဆန်း ဖြစ်ပါတယ် ။ စာ‌ရေးဆရာ သားသမီး တိုင်း စာ‌ရေးဆရာ ၊ စာ‌ရေးဆရာမ ဖြစ်လာကြတာ ဗီဇ တစ်ခုတည်း‌ ကြောင့် ဟုတ်နိုင်ပါ့မလား ‌တွေးမိရာ က ဆရာ့ ကို ပထမဆုံး ‌မေးခွန်း အဖြစ် ‌မေးမိပါတယ် ။


•••••   •••••   •••••


“ ကျွန်‌တော်‌တော့ ဗီဇ‌တွေ ပါရမီ‌တွေ ကို သိပ် မယုံဘူး ။ ကျွန်‌တော့် အ‌ဖေ ဟာ ‌ကျေးလက်‌တောရွာ က လယ်သမား သားသမီး က‌နေ စာ‌ရေးဆရာ ဖြစ်လာတာပါပဲ ။ အဓိက က‌တော့ အာရုံစူးစိုက်မှု ၊ စိတ်ပါဝင်စားမှု နဲ့ ကြိးစား အားထုတ်မှု‌တွေ အ‌ပေါ်မှာ မူတည်ပြီး ဖြစ်လာတယ်လို့ ထင်ပါတယ် ”


“ ဆရာ က စာ‌ရေးဆရာ ၊ အယ်ဒီတာ တစ်‌ယောက် ရဲ့ သား ဖြစ်‌နေ‌တော့ စာ‌ပေ‌လောက ထဲ တိုးဝင်ရာမှာ တခြား စာ‌ပေ ဝါသနာရှင်‌တွေ‌ လောက်‌ တော့ အခက်အခဲ ရှိမယ် မထင်ဘူး ၊ ဟုတ်ပါသလား  ”


“ ဟုတ်ကဲ့ ။ စာ‌ပေ နဲ့ ယဉ်ပါးမှု‌တော့ တခြားသူ‌တွေ ထက် ရှိလာတာ‌ပေါ့ဗျာ ။ ဒါ‌ပေမဲ့ အ‌ဖေ က အယ်ဒီတာ ဆို‌ပေမယ့် သူ က လည်း အ‌သေအချာ ဖတ်ပြီး ကြိုက် မှ ထည့်တာဗျ ။ သူ အယ်ဒီတာ မလုပ်တဲ့ တခြား မဂ္ဂဇင်း တိုက်‌ တွေ ပို့တဲ့ အခါ ကျ‌တော့ တခြားသူ‌တွေ လိုပဲ စိစစ် ခံရတာပါပဲ ။ ဒါ ကိုတင့်ဆန်း ရဲ့ သားက‌လေး ပဲ ဆိုပြီး မျက်မှန်းတန်းမိတာ‌တွေ‌ တော့ ရှိသ‌ပေါ့ဗျာ ။


အထူးသဖြင့် က‌တော့ စာ‌ရေးဆရာ ဆိုတာ ကိုယ် လုပ်မှ ကိုယ် ရတာ ။ ကိုယ့် နာမည် ရပ်တည်နိုင်‌ရေး အတွက် ကိုယ့် ဘာသာ ရုန်းကန်ရတာဗျ ။ ဘယ်သူမှ လာ လုပ်‌ပေးလို့ ရတာ မဟုတ်ဘူး ။ ကိုယ်ဖြစ် ကိုယ်ခံ ဆိုတာ မျိုး ။ ကိုယ့် ကိုယ် ကိုယ် ကိုယ့် ဘာသာ ပဲ အာမခံရတယ် ။


ကိုယ့် စာ‌ ကောင်းမှ ပရိသတ် က လက်ခံမယ် ၊ ပရိသတ် လက်ခံမှ နာမည် အရှည် တည်တံ့မယ် ။ အဲဒီ‌တော့ စာ‌ကောင်း ‌ပေ‌ကောင်း ‌ရေးနိုင်‌အောင် ကိုယ့် ဘာသာ ကြိုးစား ယူရတာပဲ ။ ပတ်ဝန်းကျင် နဲ့ အသိုင်းအဝိုင်း ဆိုတာ မဖြစ်သင့်တာ မဖြစ်ရ‌လေ‌အောင် ကျားကန်‌ပေးတဲ့ သ‌ဘော‌လောက်ပဲ ရှိတာပါ ။


နာမည် ကြီး လာ‌တော့ ပိုဆိုးတယ် ။ နာမည် မကျ‌ရေး ၊ တည်တံ့‌နေ‌ရေး အတွက် ကျားကုတ်ကျားခဲ ကြိုးပမ်းရ တာ မိမိ ကိုယ်တိုင်ပါပဲ ။ စာ‌ရေးဆရာ အလုပ် ဆိုတာ ပုဂ္ဂလိက ဆန်တယ်လို့ ကျွန်‌တော်‌တော့ ယူဆ တယ်“ 


“ ဆရာ ဘယ်အရွယ်‌ လောက် မှာ စာ စ ‌ရေးဖြစ်တာလဲ ”


“ ၁၉၅၄ ‌လောက်မှာပါ ။ ငါးတန်း‌ကျောင်းသား ဘဝ ။ ဒီတုန်းက ကျွန်‌တော့် အသက် ၁၃ နှစ် ပဲ ရှိပါ ‌သေးတယ် ။


အမှန်က ကျွန်‌တော် ဖြစ်ချင်တာ စာ‌ရေးဆရာ မဟုတ်ပါဘူး ။ ပန်းချီဆရာ ။ ကျွန်‌တော်တို့ သူငယ်ချင်း နှစ်ယောက် ရှိကြတယ်ဗျာ ။ ကိုစံတိုး နဲ့ ကျွန်‌တော်‌ ပေါ့ ။ တစ်မြို့တည်းသား ၊ တစ်‌ကျောင်းတည်း အတူ‌ နေခဲ့ကြ သူ‌တွေ ။ သူ က စာ‌ရေးဆရာ ဖြစ်ချင်တယ် ။ တကယ်တမ်း ဖြစ်လာ‌တော့ ကျွန်‌တော် က စာ‌ရေးဆရာ ၊ သူ က ပန်းချီဆရာ ဖြစ်လာတယ် ။ ရယ်စရာ‌ ကောင်း‌နေမလား‌ တော့ မသိဘူး ။ ကျွန်‌တော် က ပန်းချီဆရာ ဖြစ်ချင်လို့ ပန်းချီ အ‌ကြောင်း ‌လေ့လာရင်း ပန်းချီဆရာ တစ်‌ယောက်‌ လောက် နီးနီး ပန်းချီအ‌ကြောင်း ‌တွေ‌ တော့ ‌ပြောတတ် ပါရဲ့ ။ ပန်းချီဆရာ‌ တော့ ဖြစ်မလာဘူး ။ ကိုစံတိုး လည်း စာ‌ရေးဆရာ ဖြစ်ချင်လွန်း လို့ စာ‌ပေ အ‌ကြောင်း ကို ‌ပြောနိုင်ပြီး လက်‌တွေ့ကျ‌တော့ ပန်းချီဆရာ ဖြစ်လာတယ် ။


ဒီတုန်းက ကျွန်‌တော် ပဲခူး မှာ ‌ကျောင်း‌နေတယ် ။ ‌ကျောင်း ပိတ်ရက်‌တွေ မှာ အ‌မေ ရှိတဲ့ ရန်ကုန် ကို လာ လည်‌လေ့ ရှိတယ် ။ အ‌ဖေ က စုံ‌ထောက်မဂ္ဂဇင်း ( ယခု မိုး‌ဝေ ) မှာ အယ်ဒီတာ လုပ်ရင်း စာ‌ရေး‌နေတယ် ။ စုံ‌ထောက် မဂ္ဂဇင်း မှာ ဆရာမိုး‌ဝေ ၊ နတ်နွယ် ၊ ‌စောလင်း ၊ စစ်ကိုင်း‌အေးလွင် ၊ ‌မောင်သက်‌နောင် တို့ ကို ‌တွေ့ရ တယ် ။ မြဝတီ လို ၊ ရှုမဝ လို ၊ ‌သွေး‌သောက် လို မဂ္ဂဇင်း‌တွေ ဘက် ‌ရောက်တဲ့ အခါမှာလည်း တခြား နာမည်ကြီး စာ‌ရေးဆရာ‌တွေ ‌တွေ့ရတတ်ပါရဲ့ ။


ဒါ‌ပေမဲ့ စာ‌ရေးဆရာ အလုပ် ဟာ အားကျစရာ မဟုတ်ပါဘူး ။ စာ‌ရေးဆရာ ‌တော်‌တော်များများ ဟာ ဘိုင်ကျ ‌နေတာ ‌တွေ့ရ‌တော့ ‌ကျောင်း‌နေဆဲ လူငယ် တစ်‌ယောက် အဖို့ အားကျစရာ မဟုတ်ခဲ့ဘူး‌ပေါ့ဗျာ ။


ဒီလိုနဲ့ တစ်‌နေ့ အားအား ရှိတာနဲ့ စုံ‌ထောက် မဂ္ဂဇင်းတိုက် မှာပဲ စက္ကူ အတိုအစ က‌လေး‌တွေ နဲ့ “ လည်ဆွဲရတနာ ” ကို ‌ရေးပါတယ် ။ ပြဇာတ်ပုံစံ နဲ့ ပါ ။ အ‌ဖေ က ဖတ်ကြည့်ပြီး မဆိုးဘူး ၊ ဝတ္ထုပုံစံ နဲ့ ဆို ပို‌ကောင်းမယ် ဆိုရာက ပြန်‌ ရေးပြီး ပထမဆုံး ပုံနှိပ်စာလုံး အဖြစ် ‌ဖော်ပြခံခဲ့ရတယ် ။ ကျွန်‌တော့် အသက် ၁၃ နှစ် ၊ ငါးတန်း ‌ကျောင်းသား ဘဝ‌ပေါ့ ”


“ ဆရာ့ နာမည် စ ရလာတာက‌တော့ “ ခင်ပပမြိုင် ” ထင်တယ် ”


“ ဟုတ်ပါတယ် ။ ၁၉၆၄ ခုနှစ်မှာ “ ခင်ပပမြိုင် ”  ထွက်‌တော့ နာမည် စ ရလာပါတယ် ။ ဒီမတိုင်ခင် ပြား‌ခြောက်ဆယ်တန် ‌ခေတ် မှာ လုံးချင်း ရှစ်အုပ်‌ လောက် ‌ရေး‌သေးတယ် ။ သိပ် မထင်ရှားခဲ့ဘူး ။ “ ခင်ပပမြိုင် ”  ကျမှ ပရိသတ် နဲ့ မျက်မှန်း တန်းမိလာတယ် ။ ဆရာ ဦးကြီး‌မောင် (‌ ငွေဥ‌ဒေါင်း ) က ‌ကြေးမုံ မှာ ‌ရေးသလို ပါပဲ ။ ‌မောင် သိန်းဆိုင် သည် “ ခင်ပပမြိုင် ” တစ်အုပ်တည်း ဖြင့် စာ‌ပေနယ် မှာ ‌ခြေချ၍ ရနိုင်‌ပေပြီ ဆိုသလို ‌ပေါ့ဗျာ ။ “ ခင်ပပမြိုင် ” နောက်ပိုင်း မှာ‌တော့ ကျွန်‌တော် လုံးချင်း ဝတ္ထု‌တွေ အဆက်မပြတ် ‌ရေးခဲ့ပါတယ် ။


လုံးချင်းဝတ္ထု စ ထုတ်ဖို့ အကြံ‌ပေးတာ က‌ တော့ မှတ်မှတ်ရရ ဆရာ‌အောင်လင်း ပါပဲ ။ မဂ္ဂဇင်း‌တွေ မှာ ဝတ္ထုတို ရှည်‌တွေ ပါ‌နေပြီး ထိုက်သင့်သ‌လောက် လူ လက်ခံတာ ‌တွေ့ရ‌တော့ ကိုယ့် ကိုယ်ပိုင်အင်အားနဲ့ ပရိသတ် ကို စမ်းသပ် ကြည့်သင့်တယ် ။ လုံးချင်းဝတ္ထု ထုတ်သင့်တယ် လို့ ဆရာ‌အောင်လင်း က အကြံ‌ ပေးတယ် ။ ပထမဆုံး လုံးချင်းဝတ္ထု “ အသည်းလွှာ မဟီဝယ် ” ကို ထုတ်ဖြစ်‌အောင် ကူညီသူ က‌တော့ ဆရာနတ်နွယ် ပါ ။ ၁၃ နှစ်သား အရွယ်‌ လောက် က စာ စ ‌ရေး‌တော့ ခပ်ကျဲကျဲ ‌ရေး တာ‌တောင် အခု‌တော့ စာများများ ‌ရေးတဲ့ စာ‌ရေးဆရာ စာရင်းထဲ ပါ‌နေပြီ ထင်ပါရဲ့ ”


“ ဆရာ ‌ရေးခဲ့တဲ့ စာ‌ပေ‌တွေ ကို ပြန်‌ လေ့လာ ကြည့်ရင် ပထမပိုင်း မှာ လျှို့ဝှက်သည်းဖို ဝတ္ထု‌တွေ ‌ရေး ခဲ့တယ် ၊ ‌အောင်မြင်ခဲ့တယ် ။ ‌နောက်ပိုင်းမှာ ကျ‌တော့ အချစ်နဲ့ အိမ်‌ထောင်‌ရေး သရုပ်‌ဖော် ဘက် လိုင်း‌ပြောင်း ‌ရေးလာ တာ‌တွေ့ရတယ် ။ ဆရာ ဘာဖြစ်လို့ ‌ပြောင်း‌ ရေးတာလဲ ။ လျှို့ဝှက်သည်းဖို ‌ရေးရတာ ငြီး‌ငွေ့ လာလို့လား ။ ဒါမှ မဟုတ် အသက်အရွယ် အရ ဒီလို ဝတ္ထု‌တွေ ‌ရေးချင်လာလို့လား ”


“ လျှို့ဝှက်သည်းဖို ဝတ္ထု‌တွေ ‌ရေးခဲ့မိတဲ့ အတွက် ‌နောင်တ မရမိဘူး ဆိုတာ အရင် ‌ပြောချင်ပါတယ် ။ စာမျက်နှာ တစ်‌ထောင်‌ကျော် ရှိတဲ့ “ ရေနံ့သာခင်ခင်ကြီး ” လို ဝတ္ထုမျိုး ကို အစ က‌နေ အဆုံးအထိ စိတ်ဝင်တစား ဖတ်သွားလို့ ရ‌အောင် ‌ရေးနိုင်တာ လျှို့ဝှက်သည်းဖို ဝတ္ထု‌တွေ ‌ရေးခဲ့တဲ့ အတတ်ပညာ ‌ကြောင့်လို့ ထင်တယ် ။ လျှို့ဝှက်သည်းဖို ဝတ္ထု‌တွေ ‌ရေးရတာ ငြီး‌ငွေ့တယ်လို့ လည်း မရှိပါဘူး ။ ကျွန်‌တော့် အဖို့ အကျိုး‌ပေးတယ် လို့ ‌ပြောရလိမ့်မယ် ထင်တယ် ။ ကျွန်‌တော် နာမည် ရလာတာ ဒီ ဝတ္ထု‌တွေ‌ ကြောင့်ပဲ ။


စာ‌ပေ ‌ဆွေး‌နွေးပွဲ မှာ ကျွန်‌တော် ‌ပြောသလိုပဲ ကျွန်‌တော် က စာအစုံ ‌ရေးချင်တယ် ။ လိုင်း တစ်လိုင်း တည်း သတ်မှတ် မထားချင်ဘူး ။ အချစ် ၊ အိမ်‌ထောင်‌ရေး ၊ ဘဝသရုပ်‌ဖော် အားလုံး ကို ‌ရေးချင်တယ် ။


ဒါ‌ကြောင့် ကျွန်‌တော် ပင်တိုင် ဇာတ်‌ဆောင် ထားပြီး‌တော့‌တောင် မ‌ရေးခဲ့ဘူး ။ များ‌သောအားဖြင့် လျှို့ဝှက်သည်းဖိုလိုင်း မှာ ပင်တိုင်ဇာတ်‌ဆောင် ထား‌လေ့ ထားထ ရှိကြတယ် ။ ဆရာမိုး‌ဝေ ဆိုရင် တင်‌မောင်‌ဆွေ ၊ ဆရာရဲစိုး ဆိုရင်လည်း ‌ကျော်ညွန့် စသည်ဖြင့်‌ပေါ့ ။ ကျွန်‌တော့် မှာ အဲဒီလို ပင်တိုင်ဇာတ်‌ဆောင် မရှိဘူး ။


ပင်တိုင် ဇာတ်‌ဆောင် ထားတဲ့ အတွက် စာ‌ရေးဆရာ မှာ ‌ဘောင် ကျဉ်းသွားတယ် ။ ဒီ ဇာတ်‌ဆောင် ကို လူ‌တွေ ငြီး‌ငွေ့လာတဲ့‌ နေ့မှာ က‌လောင် လည်း ‌သေသွားမှာပဲ ။ ဒီအဖြစ် ကို ကျွန်‌တော် မလိုလားပါဘူး ။ လွတ်လပ်ချင်တယ် ။ ‌ရေးချင်တဲ့ အ‌ကြောင်းအရာ ကို လွတ်လွတ်လပ်လပ် ‌ရေးနိုင်ခွင့် ရ‌အောင် လိုင်းသတ်သတ် မထားဘဲ ကျွန်‌တော် စာစုံ ‌ရေးခဲ့တာပါ ။


‌ပြောရရင်‌တော့ လျှို့ဝှက်သည်းဖို ဆိုတာ ကျွန်‌တော့် ငယ်ချစ် ဗျ ။ အသစ်‌တွေ ဘယ်လို‌ ကောင်း‌ကောင်း ငယ်ချစ်က‌လေး ကို‌ တော့ လက် မလွှတ်နိုင်ဘူး ။ အသက်ထက်ဆုံး ‌ရေးသွားမှာပါ ”

 

“ ဒီလိုဆိုရင် ဆရာ့ ငယ်ချစ် လျှို့ဝှက်သည်းဖိုစာ‌ပေ‌တွေ ဟာ အ‌ပျော်ဖတ်စာ‌ပေ ‌တွေ လို့ ဆိုကြတာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို သ‌ဘောထားပါသလဲ ”


“ ဝတ္ထု ဘာ‌ကြောင့် ဖတ်သလဲ ဆိုတာ ‌မေ့ထားကြတဲ့ လူ တချို့က ဝတ္ထု မှာ ‌ဖြေ‌ဖျော်မှု ( Entertainment ) သ‌ဘော ပါတယ် ဆိုတာကို လျစ်လျူရှုချင်ကြတယ် ။ ရုပ်ရှင် ဘာ‌ကြောင့် ကြည့်သလဲ ၊ အမြဲတမ်း သင်ခန်းစာ ‌တွေ ရ‌ နေဖို့လား ၊ ဗဟုသုတ‌တွေ ပွားများ ‌နေဖို့လား ၊ ‌လောက ကို သံ‌ဝေဂ ယူ‌နေဖို့လား ၊ မဟုတ်ပါဘူး ။ စိတ် အပန်း‌ဖြေဖို့ ၊ ‌ပျော်ချင်လို့ ကြည့်ကြတာလည်း ပါတယ် ။ ‌ပျော်ရင်းပါးရင်း က‌နေ သင်ခန်းစာ‌တွေ ရချင် ရလာ မယ် ။ ဗဟုသုတ‌တွေ ရချင်လာမယ် ။ သံ‌ဝေဂ ယူချင်လည်း ယူမိလိမ့်မယ် ။ အဓိက က‌တော့ ‌ဖြေ‌ဖျော်မှု ( Entertainment ) ‌ကြောင့် ကြည့်ကြတာပဲ ။ ဗဟုသုတ ရဖို့ သက်သက် ဆိုပြီး သတင်းကား ‌တွေ ချည်း ဘယ်သူမှ ထိုင် ကြည့် မ‌နေပါဘူး ။ ဇာတ်လမ်း ပါတဲ့ ကား‌တွေ ကြည့်ကြတာပဲ ။


စာဖတ်တဲ့ ‌နေရာ မှာလည်း အမြဲတမ်း သင်ခန်းစာ ရဖို့လား ၊ ဗဟုသုတ ရှိဖို့လား ၊ တရားသံ‌ဝေဂ ယူဖို့ပဲလား ။ ဒါဆို ဘာလို့ ဝတ္ထု ဖတ်‌နေ‌တော့မှာလဲ ။ စွယ်စုံကျမ်း‌တွေ ၊ ဗဟုသုတ ဟင်းလင်းအိုး လို စာအုပ်‌တွေ ၊ နီတိကျမ်း ‌တွေ နဲ့ တရားစာအုပ်‌တွေ ရှိ‌နေသားပဲ ။ ဝတ္ထု ဖတ်တယ် ဆိုတဲ့ ‌နေရာ မှာ လည်း တစ်စိတ် တစ်‌ဒေသ အားဖြင့် ‌ပျော်ချင်လို့ ၊ ‌ဖြေ‌ဖျော်မှု ရချင်လို့ ဆိုတာ ‌တွေ့လာရတယ် ။ ဒါ‌ကြောင့် ဝတ္ထု မှာ ‌ဖြေ‌ဖျော်မှု သ‌ဘော ပါမှ ဖြစ်တဲ့ အတွက် အ‌ပျော်ဖတ်လို့ ‌ပြောကြတာ ကိစ္စ မရှိပါဘူး ”


“ ဆရာ ဝတ္ထု ‌ရေးတဲ့‌ နေရာမှာ ဇာတ်‌ကောင် စရိုက် အသား‌ပေးတဲ့ ဝတ္ထု နဲ့ ဇာတ်လမ်း အသား‌ပေးတဲ့ ဝတ္ထု ဘယ်ဟာ ကို ပိုပြီး သ‌ဘောကျပါသလဲ ”


“ ကျွန်‌တော် က‌တော့ ဇာတ်‌ကောင်စရိုက် နဲ့ ဇာတ်လမ်း ဆိုတာကို သိပ် အကွဲပြားကြီး ခြား မထားဘူး ။ ဇာတ်‌ကောင် ဟာ လှုပ်ရင်းရှားရင်း ‌ပြောရင်း ဆိုရင်း ဇာတ်လမ်း ကို ဖန်တီး သွားတယ် ။ ဇာတ်‌ကောင် နဲ့ ဇာတ်လမ်း သဟဇာတ မျှဖို့ လိုတယ်လို့ ထင်တယ် ။ ဒါ‌ကြောင့် ဇာတ်‌ဆောင် နဲ့ ဇာတ်လမ်း မျှမျှတတ ရှိတဲ့ ဝတ္ထုမျိုး ကို ‌ရေးဖို့ ပိုပြီး အားသန်တယ်လို့ ‌ယေဘုယျ ‌ပြောချင်ပါတယ် ”


“ ဆရာ ‌ရေးတဲ့ ဝတ္ထု‌တွေ ထဲ က နိုင်ငံခြားကား‌တွေ ကို မြန်မာမှုပြုထားတဲ့ “ စောသီတာလှိုင် ” နဲ့ “ ပုဂံမြို့သူ ” ဝတ္ထု ‌တွေ ဘာဖြစ်လို့ ‌ရေးဖြစ် သွားတာလဲ ဆရာ ”


“ စောသီတာလှိုင် ( Dead Ringer ) ကို ‌ရေးဖြစ်တာ က‌ တော့ ဘက်တီ‌ဒေးဗစ် ဆိုတဲ့ နိုင်ငံခြား က ‌ခေတ်‌ဟောင်း မင်းသမီးကြီး ကို ကြည့်ဖူးချင်တာ နဲ့ သွား ကြည့်ရာက နှစ်ကိုယ်ခွဲ ဇာတ်လမ်း ကို စွဲလွန်းတာ ။ မင်းသမီးကြီး ရဲ့ သရုပ်‌ဆောင်မှု ကို ‌ကျေနပ်လွန်းတာ‌ကြောင့် ပြန်‌ ရေးဖြစ်တာပါ ။ ကိုဝင်းငြိမ်း လည်း ကြည့်လိုက်မိမယ် ထင်ပါတယ် ။ အသက်‌ ခြောက်ဆယ်‌ကျော် အရွယ်ကြီး နဲ့ အမြွှာညီအစ်မ ခပ်ပျံပျံ က တစ်ယောက် ၊ တည်တည်ကြည်ကြည် အဖြစ် နဲ့ တစ်‌ယောက် သရုပ်‌ဆောင် သွားတာ ။


“ ပုဂံမြို့သူ ” ကို ‌ရေးဖြစ်တာ က‌ တော့ ကျွန်‌တော် အညာ ဘက် ပုဂံ ဆိုပါ‌တော့ဗျာ ။ ‌လေ့လာ‌ရေး သွားမယ် ဆိုပြီး သွားခါနီး မှာ ရွိုင်ရယ်ရုံ မှာ ပြ‌နေတဲ့ My Bolld Rund Cold ကို သွား ကြည့်မိတယ် ။ ပုဂံ ‌ရောက်‌တော့ ‌ရောက်‌လေရာမှာ အဲဒီ ဇာတ်ကား ထဲ က ဇာတ်ကွက်‌တွေ ကို ပြန်ပြီး မြင်‌ယောင်‌ နေတယ် ။ သိတဲ့ အတိုင်း အဲဒီကား ကို အ‌ခြေခံ ထားတာ က ပင်လယ်ကမ်း ။ ကျွန်‌တော် ‌ရောက်‌နေတာ က အညာ ။ ဒါနဲ့ အမြင့်ကြီး မဟုတ်တဲ့ နတ်သမီး တစ်ပါး က ဇာတ်‌ဆောင် မ‌စောလတ် ကို ခုန်ချခိုင်းတာတို့ ဘာတို့ ဖြစ်သွားတယ် ။


‌ခေါင်း ထဲ မှာ စွဲ‌နေတယ် ။ ‌ဖျောက်လို့ မရ‌အောင် ဖြစ်‌နေတယ် ဆိုရင် အ‌ကောင်းဆုံး က ‌ရေးထုတ်ပစ် လိုက်တာပါပဲ ။ ဒီ နည်းနဲ့ ‌ဖျောက်ဖျက် ပစ်ရတတ်တယ် ။ ဒီသ‌ဘော နဲ့ နိုင်ငံခြား ရုပ်ရှင်ကား‌တွေ ကို ပြန်‌ ရေး ဖြစ်တာပါ ”


“ ဆရာ‌ ရေးခဲ့တဲ့ “ ရေနံ့သာခင်ခင်ကြီး ”  ကို‌တော့ ဆရာ့ ရဲ့ Master Piece အ‌နေ နဲ့ စာဖတ် ပရိသတ် က လက်ခံ ထားကြပါတယ် ။ ခင်ခင်ကြီး ‌ရေးတဲ့ အချိန်မှာ ဆရာ အသက် ဘယ်‌လောက် ရှိပါပြီလဲ ”


“ ကျွန်‌တော့် အသက် သုံးဆယ် က ‌ရေးခဲ့တာပါ ”


“ ခင်ခင်ကြီး ကို ဆရာ ဖန်တီးနိုင်ဖို့ အချိန် ဘယ်‌လောက် ယူခဲ့ရပါသလဲ ”


“ ဇာတ် စဉ်းစားချိန် တစ်နှစ်ခွဲ ကြာ ပြီး ချ‌ ရေးတာ တစ်နှစ်ခွဲ ကြာခဲ့ပါတယ် ။ ဒါ‌ကြောင့် ခင်ခင်ကြီး ကို ဖန်တီးတာ သုံးနှစ် ကြာတယ် ‌ပြောရမှာ‌ပေါ့ ”


“ ခင်ခင်ကြီး ကို မြန်မာစာ‌ပေ‌လောက မှာ ဂန္ထဝင်ဝတ္ထု အဖြစ် သတ်မှတ်ကြပါတယ် ။ ခင်ခင်ကြီး ကို ဆရာ ကြိုးပမ်းခဲ့ပုံ သိပါရ‌စေ ” 


“ ၁၉၄၇ ခုနှစ် တုန်း က ဂန္ထဝင်ဝတ္ထု‌တွေ ကြိုးစား ‌ရေးကြရ‌အောင် ဆိုပြီး ဆရာဒဂုန်တာရာ တို့ ၊ ဆရာမြသန်း ( မြသန်းတင့် ) တို့ ၊ ကို‌ကျော်‌အောင် တို့ ၊ ‌သေသွားတဲ့ ကိုကြည်လင် ၊ ဆရာဗန်း‌မော်တင်‌အောင် တို့ ၊ ဂျာနယ် ‌ကျော်မမ‌လေး တို့ တိုင်ပင်ကြတယ် ။ ဒါ‌ပေမဲ့ အ‌ခြေအ‌နေ အမျိုးမျိုး‌ ကြောင့် မ‌ရေးဖြစ်ခဲ့ကြဘူး ။ ‌နောက်ပိုင်း မှာ အဲဒီ အစွန်းအစ ကို ပြန်ပြီး ‌ဖော်တဲ့ အ‌နေနဲ့ ပုဂံစာအုပ်တိုက် က ပြန်‌ ဖော်ထုတ်တယ် ။ အဲဒီ အချိန်က ကို‌ကျော်‌အောင် ရဲ့ “ အ‌ရေးကြီးပြီ‌ သွေးစည်းကြစို့  ” ၊ မင်း‌ကျော် ရဲ့ “ လှိုင် ” ၊ “ ငါတို့‌ခေတ် နဲ့ အပြိုင် ” ၊ နတ်နွယ် ရဲ့ “ မြန်မာပြည်‌ မြောက်ပိုင်း ” ၊ ‌မောင်‌နေဝင်း ရဲ့ “ ရေရိုင်း ‌မြေရိုင်း ” တို့ ထွက်လာတယ် ။


အဲဒီ အချိန်က ကျွန်‌တော် လျှို့ဝှက်သည်းဖို ဝတ္ထု‌လေး‌တွေ ‌ရေး‌နေချိန်ပဲ ရှိ‌သေးတယ် ။ သူတို့ တိုင်ပင်‌ဆွေး ‌နွေးကြတာ‌တွေ ၊ ‌ရေး‌နေကြတာ‌တွေ မြင်ပြီး‌တော့ ကျွန်‌တော် လည်း အားကျ လာတယ် ။ ဒါ‌ကြောင့် ‌နောက်ခံ ကား ကျယ်ကျယ်ပြန့်ပြန့် ၊ ဇာတ်လမ်းဇာတ်ကွက် ခံ့ခံ့ညားညား ၊ ဇာတ်‌ကောင်စရိုက် ပီပီပြင်ပြင် နဲ့ ‌ရေးဖွဲ့ရတဲ့ ဝတ္ထု အမျိုးအစား တစ်ပုဒ် ‌ရေးမယ်လို့ ကြိုးစားရာ က‌နေ ခင်ခင်ကြီး ကို ‌ရေးဖြစ်သွားတာပါပဲ ။


ခင်ခင်ကြီး ကို ‌ရေးဖို့ရာ ‌ရေနံ‌ချောင်း တို့ ၊ ဘာ တို့ သွားပြီး ‌လေ့လာ ၊ မိတ်‌ဆွေ‌တွေ ဆီ က ‌ရေနံ‌ချောင်း နဲ့ ပတ်သက် တဲ့ အချက်အလက်‌တွေ စု‌ဆောင်းတာ ကို က တစ်နှစ်ခွဲ ကြာသွားတယ် ။ အချက်အလက် ပြည့်စုံ သွားပြီး ‌ရေး‌တော့မယ် ဆို‌တော့ ဇွဲ ပုံနှိပ်တိုက် က သူတို့ ထုတ်မယ် ဆိုလို့ ပုံနှိပ်စက်‌တွေ ကြား မှာပဲ ‌ရေးရင်း ၊ စီရင်း ၊ ရိုက်ရင်း နဲ့ တစ်တွဲ ကို ‌ခြောက်လ‌ လောက် ‌ရေးလိုက်တယ် ။ သုံးအုပ် ဆို‌တော့ တစ်နှစ်ခွဲ‌ ပေါ့ဗျာ ”


“ ရေနံ့သာခင်ခင်ကြီး မှာ ဇာတ်‌ကောင်စရိုက် ကို ဆရာ ‌တော်‌တော်‌ ဖော်သွားနိုင်ပါတယ် ။ ခင်ခင်ကြီး ၊ ‌မောင်‌မောင်ဦး ၊ ဦး‌ကောင်းမိုး ၊ ဦး‌အောင်ခန့် တို့ အ‌ပေါ်လွင်ဆုံးပါပဲ ။ ဒါ‌ပေမဲ့ တချို့‌ နေရာ‌လေး‌တွေ မှာ Extreme ဖြစ်သလားလို့ ။ ဥပမာ ဆိုပါ‌တော့ ဆရာရယ် ... ခင်ခင်ကြီး က အပျို ဖြစ်‌နေပြီပဲ ။ ‌ယောက်ျား တစ်‌ယောက် နဲ့ အိပ်ရင် ကိုယ်ဝန် ရှိလာနိုင်တယ် ဆိုတာ လုံးဝ မသိတာမျိုး ‌ရေးထားတယ် ။ ဒါမျိုးကျ‌တော့ ခင်ခင်ကြီး ဘက် က လွန်ရာ‌ ရောက် မသွားဘူးလား ”


“  ခင်ခင်ကြီးဆိုတဲ့ နာမည်ကိုသာ တစ်ဖက်စွန်း ‌ရောက်တတ်တဲ့ Extremage နာမည်မျိုးပါ ။ ပြင်းထန်တတ် တဲ့ သ‌ဘော ရှိပါတယ် ။ သူ့ နာမည် ကို‌ တောင် “ ခင်ခင်ကြီး ” လို့ ‌ခေါ်ရင် မကြိုက်ဘူး ။ ‌ရေနံ့သာ ခင်ခင်ကြီး လို့ ‌ခေါ်ရပါတယ် ။ အဲဒီတုန်းက ဦးသာယာဝတီ‌ မောင်‌မောင် တို့ ဘာ တို့ ရှိတယ် ။ ဒါကို သ‌ဘောကျပြီး ကျွန်‌တော် က ‌ဒေါ်‌ရေနံ့သာခင်ခင်ကြီး လို့ ‌ရေးခဲ့တာပဲ ။ သူ က အဓိက ဇာတ်‌ဆောင် ဖြစ်တဲ့ အတွက် ကျွန်‌တော် က သူ့ ကို ပြင်းထန်မှု ‌ပေးထားခဲ့ပါတယ် ။ ဇာတ် တစ်ဇာတ်လုံး သူ က သယ်သွားမယ့် သူ ဆို‌တော့ သူများ ထက်‌တော့ ပြင်းထန်ထားမှ ဖြစ်မယ် ။ ဒါမှ သူ့‌နောက်ပိုင်း က ဝင်လာမယ့် ဇာတ်‌ဆောင်‌တွေ ရဲ့ လှုပ်ရှားမှု‌တွေ က သူ့ ကို ဝိုင်းပြီး ပို့သလို ဖြစ်သွားမယ်‌လေ ။


ကျွန်‌တော် “ ရေနံ့သာခင်ခင်ကြီး ” ကို ‌ရေးမယ် ဆို‌တော့ “ စစ်နဲ့ ငြိမ်းချမ်း‌ရေး ” ကို ‌ခြောက်‌ခေါက် ဖတ်ပါတယ် ။ တခြား ကမ္ဘာ့ ဂန္ထဝင် ဝတ္ထု‌တွေ လည်း ဖတ်ပါတယ် ။ အဲဒီ ဝတ္ထု‌တွေ မှာ လည်း ဒီလို ပြင်းထန်တာ‌လေး‌တွေ ‌တွေ့ရပါတယ် ။ ဥပမာ - “ စစ်နဲ့ ငြိမ်းချမ်း‌ရေး ” ထဲ က “ ပီယာ ” ဆိုရင်လည်း Extremage ပဲ ။ နပိုလီယံ ကို သွားပြီး သ,တ်ဖို့ ကြိုးစားတဲ့ အထိ ဖန်တီးထားတယ် ။ လူ‌တွေ နဲ့ ‌ပေါင်းလို့ မရဘူး ။ သူ့ စရိုက် က တစ်မျိုး ကို ဖြစ်‌နေတယ် ။


ခင်ခင်ကြီး က လည်း ဒီအတိုင်းပါပဲ ။ နည်းနည်း‌လေး‌ တော့ ပို ထားလိုက်တယ် ။ တင် ထားလိုက်တယ် ။ ဒီလို ပို ထားလိုက်တဲ့ အတွက် သူ့‌ ဘေးက ဇာတ်‌ဆောင်‌တွေ ရဲ့ လှုပ်ရှားမှု က ပိုပြီး ‌ပေါ်လွင်လာပါတယ် ။


ခင်ခင်ကြီး နဲ့ ပတ်သက်ပြီး ‌ရှေ့ပိုင်း က ‌ပြောခဲ့တဲ့ ဇာတ်လမ်း နဲ့ ဇာတ်‌ဆောင်စရိုက် ကို ဆက်‌ ပြောချင်ပါတယ် ။ ခင်ခင်ကြီး က သုံးအုပ် စလုံး တစ်ဆက်တည်း ‌ရေးခဲ့ရတာ လည်း မဟုတ်ဘူး ။ တစ်အုပ် ပြီး တစ်အုပ် ‌ရေးသွား ခဲ့ရတာ ။ ဒီမှာ ကျွန်‌တော် အဓိက ထားချင်တာ က ခင်‌မောင်ညွန့် ၊ မဝင်းရီ တို့ ၊ ဗိုလ်မှူးညိုထွန်း တို့ပါ ။ ဗိုလ်မှူး ညိုထွန်း ဆိုရင် လာတဲ့ ‌ရေခံ‌မြေခံ အ‌ခြေအ‌နေ ကလည်း ‌ကောင်းတယ် ။ အလုပ်သမား လူတန်းစား က ‌ပေါက်ဖွားခဲ့တယ် ။ ‌တော်လှန်တဲ့ စစ် လည်း ဆင်နွှဲခဲ့တယ် ။ ဒီလို သူ့ ကို ‌နေရာ‌တွေ အများကြီး ‌ပေးထားတယ် ။ ‌မောင်‌မောင်ဦး က‌တော့ ဗီလိန် ပဲ ။ ဒါ‌ပေမဲ့ ‌ရေးရင်း က‌ နေ ဘယ်လို ဖြစ်သွားသလဲ ဆို‌တော့ ဗိုလ်မှူးညိုထွန်း တို့ က မြုပ် သွားပြီး ‌မောင်‌မောင်ဦး က ‌ပေါ်လာတယ် ။


‌မောင်‌မောင်ဦး ကို ‌လေ့လာကြည့်ရင် ‌ရေခံ ‌မြေခံ မ‌ကောင်းဘူး ။ အ‌ဖေ က တွင်းရိုး ဆို‌ပေမယ့် ‌လောင်းကစား‌ ကြောင့် ပျက်စီးပြီး နည်းမျိုးစုံ နဲ့ လူယုတ်မာ ဆိုတဲ့ အဆင့် ကို ‌ရောက်‌နေတယ် ။ ‌မောင်‌မောင်ဦး ကိုယ်တိုင် ကလည်း ဘမျိုးဘိုးတူ ဆိုတာမျိုး လို ခပ်‌ပွေ‌ပွေ ၊ ခပ်ရှုပ်ရှုပ် ဗီလိန် အဖြစ် ဖန်တီးထားတာပဲ ။ “ ပန်းသာမစာဥ ” ထဲ က ပန်းသာ‌မောင်‌မောင် လို့‌ပေါ့ ။ ဒါ‌ပေမဲ့ ဘယ်လို က‌ နေ ဘယ်လို ဖြစ်သွားသလဲ မသိဘူး ။ ‌မောင်‌မောင်ဦး က ပရိသတ် သနားစရာ ဇာတ်‌ကောင် ဖြစ်သွားတယ် ။ သူ့ ကို ကျွန်‌တော် ဆွဲချလို့ မရ‌တော့ဘူး ။ အဲဒါ ကျွန်‌တော် ‌ဘောင်ချ မထားတဲ့ ဇာတ်လမ်း ထဲ မှာ ဇာတ်‌ဆောင် ရဲ့ စရိုက် မှာ ဈာန်ဝင်စား သွားမှုပါပဲ ။ ကိုယ် က တင်ချင်‌ပေမယ့် လည်း မြင်းကတ် သလို ကတ်‌ နေတမျိုး ကျ‌တော့ ဘယ်လိုမှ တင်မရဘူး ။ ‌တောက်‌ပြောင် လာမယ့် ဇာတ်‌ကောင် ကျ‌တော့လည်း ကိုယ် က နှိမ် လို့ကို မရ‌တော့ဘူး ။ သူ့ ဟာ သူ ‌ပြောချင်တာ‌တွေ ‌ပြောသွား ၊ လုပ်ချင်တာ‌တွေ လုပ်သွားတာ ကို ကိုယ် က က‌လောင် ကိုင်ပြီး ‌မှေးလိုက် သွားရုံပါပဲ ။ 


ဇာတ်‌ဆောင် အင်အားက ဇာတ် မှာ အံဝင်ခွင်ကျ ဖြစ်လာတဲ့ အခါမှာ သူ့ ဇာတ် ကို သူ ဖန်တီး သွားတာပါပဲ ။ ဒါ‌ကြောင့်လည်း ကျွန်‌တော် က ဇာတ်‌ဆောင် နဲ့ ဇာတ်လမ်း သမမျှတမှု ရှိသင့်တယ်လို့ ‌ပြောခဲ့တာပါ ”


“ ‌ရေနံ့သာခင်ခင်ကြီး ကို ကက်ဆက်ဇာတ်လမ်း ဖန်တီးခွင့်ပြုထားတယ် ဆ်ိုတာ ဟုတ်ပါသလား ဆရာ ” 


“ လုပ်ဖို့ စီစဉ်တာ ကြာပါပြီ ။ ကျွန်‌တော် လျာထား‌ပေးတဲ့ ဇာတ်‌ကောင်‌တွေ‌ တောင် တချို့ ကွယ်လွန် ကုန်ကြပါပြီ ။ ဥပမာဗျာ ... ဦး‌ကောင်းမိုး ‌နေရာမှာ ဦး‌ကျောက်လုံး ၊ ဦး‌အောင်ခန့် ‌နေရာ မှာ ဗိုလ်ဗကို ၊ ‌ဒေါ်မြ‌လေး က ‌ဒေါ်‌မေနွဲ့ ၊ ‌ဒေါ်သူဇာ က ‌ဒေါ်‌မေသစ် ၊ ‌မောင်‌မောင်ဦး က ‌ကောလိပ်ဂျင်‌နေဝင်း စသဖြင့်‌ပေါ့ဗျာ ။ ဒီမှာ ကျွန်‌တော် တင်းထားတာ တစ်ခု က လည်း ‌ရေနံ့သာခင်ခင်ကြီး ‌နေရာမှာ‌ တော့ ဝါဝါဝင်း‌ရွှေ က လွဲလို့ တခြားသူ သရုပ်‌ဆောင်ခွင့် မ‌ပေးနိုင်ဘူး လို့ ‌ပြောထားတယ် ။ ထွက်ရင် လည်း သုံးတွဲ‌ လောက် လုပ်ရမှာ ဆို‌တော့ ကြိုးစာကြတုန်းပါပဲ ” 


“ ခင်ခင်ကြီး ထွက်ပြီး ‌တော်‌တော်ကြာ‌ တော့မှ ဆရာ “ စိန်ခြယ်ခြူးသန်း ” ကို ‌ရေးလိုက်တာ ‌တွေ့ရတယ် ။ ကျွန်‌တော့် အမြင်‌တော့ “ စိန်ခြယ်ခြူးသန်း ” ဆက် ထွက်တဲ့ အတွက် ခင်ခင်ကြီး မှာ ရပြီးသား Climax ကို ပြန်ကျ သွား‌စေတယ်လို့ ထင်ပါတယ် ။ ဆရာ ဘယ်လို မြင်ပါသလဲ ” 


“ သတိထား‌ နေလျက်နဲ့ မှားခဲ့တဲ့ အမှား တစ်ခုပါပဲ ။ ကျွန်‌တော် ကိုယ်တိုင် လည်း ဆက်တွဲ ကိစ္စ‌တွေ ကို ‌တော်‌တော် ရွံ့ခဲ့ပါတယ် ။ ‌ရှေ့က တစ်ခုခု ‌အောင်မြင်ထားတာ အ‌ပေါ် မှာ ခိုကပ်မှီတွဲပြီး စားတာမျိုး‌ပေါ့ ။ ဒီ ကိစ္စမျိုး ဆန့်ကျင်တဲ့ အထဲ မှာ ကျွန်‌တော် ပါခဲ့ပါတယ် ။ ခင်ခင်ကြီး ထွက်ပြီးတဲ့ ‌နောင်ပိုင်းမှာ သိပ် အားမရ ကြဘူးလို့ ‌ပြောကြတယ် ။ ဒါ အ‌ရှေ့တိုင်း အနုပညာ ( Oriental Art ) ‌ပေါ့ဗျာ ။ ကျွန်‌တော်တို့ အ‌ရှေ့တိုင်း မှာ က ဇာတ်လမ်း တစ်ခု ကို ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းမျိုး ကို လိုချင်ကြတယ် ။


ခင်ခင်ကြီး မှာ ကျွန်‌တော် က သူ့ သမီး ကို ‌လေဆိပ် သွား ကြိုတာနဲ့ ဇာတ် ပြီးပြီ ဆိုပြီး ထားခဲ့တယ် ။ ‌နောက်ဆက်တွဲ မ‌ရေးဘူး ။ သူများ‌တွေ မှားခဲ့တာမျိုး မမှား‌စေရဘူး ဆိုပြီး တင်းခံ‌ နေရာ က‌နေ တိုက်တွန်းကြ လွန်းတာနဲ့ ၊ နားပူနားဆာ လုပ်ကြလွန်းတာ နဲ့ ပဲ မှားလိုက်မိတဲ့ အမှားပါ ။


“ ရေနံ့သာခင်ခင်ကြီး ” က ၁၉၇ဝ ဩဂုတ် မှာ ပြီးသွားပြီး စိန်ခြယ် က ၁၉၇၂ မှ ‌ရေးတာ ဆို‌တော့ ခင်ခင်ကြီး နဲ့ ပတ်သတ်တဲ့ Mood လည်း မရှိ‌တော့ဘူး ။ ဒီလို ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းမျိုး ကို ကြိုက်တတ်တဲ့ ပရိသတ် အလို ကို လိုက်လိုက်မိတာပါ ။ ‌ပြေရရင်‌တော့ စိန်ခြယ် ကို ‌ရေးမိတဲ့ အတွက် ‌နောင်တ လည်း ရပါတယ် ။ ဒါမျိုးက မလုပ်‌ကောင်းဘူး ဆိုတာလည်း သိပါတယ် ” 


“ ‌ကျေးဇူးတင်ပါတယ် ဆရာ ။ အဲဒီ‌ နောက်ပိုင်းမှာ ‌ကြော်ငြာတဲ့ “ ထိပ်တင်ထားထား‌ထွေး ” ကို‌ ကော ဆရာ မ‌ရေးဖြစ်‌တော့ဘူးလား ”  


“ ကျွန်‌တော့် ရည်မှန်းချက် က ဆယ်နှစ် တစ်ကြိမ် One Decade ‌လောက် မှာ ရေနံ့သာခင်ခင်ကြီး လို ဝတ္ထုမျိုး တစ်ပုဒ် ‌ရေးသွားမယ် လို့ စိတ်ကူးရှိပါတယ် ။


“ ရေနံ့သာခင်ခင်ကြီး ” ‌ရေးတုန်းက အသက် သုံးဆယ် ဆို‌တော့ ကြားထဲ မှာ “ ငရမန် ” ဆိုတာ  ‌ကြော်ငြာ လိုက်‌သေးတယ် ။ “ ငရမန် ” ကို အသက်‌ လေးဆယ် မှာ ‌ရေးမယ် ။ ဒီ ကြားထဲ မှာ “ ထိပ်တင်ထားထား‌ထွေး ” ကို ‌ရေးမယ်‌ပေါ့ ။ ပထမတုန်း က‌တော့ လည်း ခင်ခင်ကြီး လို မျိုး စာအုပ်မျိုး တွေချည်း ဆက်တိုက် ‌ရေးမယ်လို့ ကြိုးစားတာ‌ပေါ့ဗျာ ။ မ‌အောင်မြင်ဘူး ။ ဘာ‌ကြောင့်လဲ ဆို‌တော့ ဒီလို စာအုပ်မျိုး ‌ရေးမယ် ဆိုရင် စာမျက်နှာချည်း တစ်‌ထောင်‌ ကျော်တယ် ။ ဒီလို ‌ရေးနိုင်ဖို့ အနည်းဆုံး သုံးနှစ်‌ လောက် အချိန် ယူရမယ်လို့ ကျွန်‌တော် ယုံကြည်တယ် ။


‌နောက် တစ်ခု က ဟာရိုးလ်‌ရော်ဘင် တို့ လည်း ဒီလိုပဲ သုံးနှစ်‌ လောက် အချိန် ယူကြရတာပါပဲ ။ ‌ဒေါ်ခင်‌ဆွေဦး နဲ့ ကိုဝင်းငြိမ်း ‌တွေ့ဆုံ သွားတုန်း က ‌ပြောခဲ့ သလိုပါပဲ ။ ဒီလို စာအုပ် တစ်အုပ် ထွက် ပြီးရင် တစ်နှစ်ခွဲ ‌လောက် ထိ ဂယက် က ရိုက်တယ် ။ အဲဒီမှာ ကျွန်‌တော်တို့ က ပရိသတ် အကြိုက် ဘယ်လို ရှိတယ် ။ ဘာ‌တွေ ချို့ယွင်းချက် ရှိတယ် ဆိုတာ ‌လေ့လာရတယ် ။ ‌ဝေဖန်ကြတဲ့ အထဲ က ကျွန်‌တော် တို့ အမှား‌တွေ ‌တွေ့လာတာ ကို ပြင်ရမယ် ။ အဲဒီလို အချက်အလက် စုရင်း ‌နောက် တစ်အုပ် အတွက် အစပျိုးတာ က တစ်နှစ်ခွဲ ‌လောက် ကြာနိုင်တယ် ဆို‌တော့ သုံးနှစ် မှ ခင်ခင်ကြီး လို စာအုပ် တစ်အုပ် ထွက်နိုင်မယ်လို့ ကျွန်‌တော် ယူဆပါတယ် ။


အဲဒီလို အချိန် ရနိုင်မယ် ဆိုရင်‌တော့ ကျွန်‌တော် မှန်းထား သလို ငရမန် တို့ ၊ ထိပ်တင် ထားထား‌ထွေး တို့ လည်း ထွက်လာနိုင် လိမ့်မယ် ထင်ပါတယ် ။ ခုချိန်ထိ‌ တော့ အချိန် ယူလို့ ကို မရနိုင်‌သေးဘူး ကိုဝင်းငြိမ်း‌ ရေ့ ။ ‌ကြော်ငြာ ထားတာပဲ ရှိတယ် ။ ငရမန် နဲ့ ပတ်သက်လို့ က‌တော့ မှတ်မှတ်သားသား ‌ပြောစရာ ရှိပါတယ် ။ ကျွန်‌တော် က ငရမန် ကို ဟံသာဝတီ ‌ခေတ်‌ လောက် ‌နောင်ခံ ထားပြီး ‌ရေးမယ် စိတ်ကူး ထားတာ ။  ဒီအတွက် အချက်အလက်‌ တွေ ရှာ ၊ စာအုပ်‌တွေ ဖတ် နဲ့ အကြီးအကျယ် ပြင်ဆင် ထားတာ ။ တချို့တစ်ဝက်‌ တောင် ‌ရေးပြီး‌ နေပါပြီ ။ အဲဒီမှာ ဘာဖြစ်လာသလဲ ဆို‌တော့ အခု ကွယ်လွန် သွားရှာပြီ ဖြစ်တဲ့ ဆရာမကြီး ‌ဒေါ်ဒဂုန်ခင်ခင်‌လေး က ကျွန်‌တော့် “ ငရမန် ” ‌ကြော်ငြာ ကို ဖတ်ပြီး ဇွဲပုံနှိပ်တိုက် ပိုင်ရှင် ဦးထွန်းရှိန် ကို ‌ပြောသတဲ့ ။ “ မောင်ထွန်းရှိန် ... ဒီ သူငယ် သိပ်ပြီး ရဲတာပဲ ” လို့  ၊ ပထမ‌ တော့ ဆရာမကြီး စကား ကို ကျွန်‌တော် မတွက်တတ်ဘူး ။ ‌


နောက်‌တော့ တွက်ကြည့်တယ် ။ အသက် သုံးဆယ် အရွယ် မှာ ‌လေ့လာထားမှု နဲ့ ရာဇဝင်‌နောက်ခံ ထား ‌ရေးမယ် ဆို‌တော့ တစ်ဇွတ်ထိုး လုပ်တတ် ဆိုတဲ့ အဓိပ္ပယ်မျိုး သက်‌ရောက်တယ်လို့ ‌အောက်‌မေ့တာပဲ ။ အချက်အလက် မှားယွင်း သွားရင် မ‌ကောင်းတာတို့ ၊ ဘာတို့ ကို အဲဒီ အရွယ် က မသိတတ်ခဲ့‌ပေမယ့် လူကြီး က သိတတ်‌နေ‌တော့ ‌ပြောတာ‌ပေါ့ ။ အဲဒါနဲ့ပဲ ငရမန် ကို ကျွန်‌တော် ‌ခေါက်ထားလိုက်‌တော့တယ် ။


“ ထိပ်တင်ထားထား‌ထွေး ” ကို‌တော့ မဖြစ်မ‌နေ ‌ရေးဖို့ စိတ်ကူးရှိပါတယ် ။ သူ နဲ့ ပတ်သက်တဲ့ အချက်အလက် ‌တွေ လည်း စုပြီး‌ဆောင်းပြီး ရှိပါတယ် ။ “ ရေနံ့သာခင်ခင်ကြီး ” ကို ကျွန်‌တော် Master Piece လို့‌ ပြောကြတယ် မဟုတ်လား ။ “ ထိပ်တင်ထားထား‌ထွေး ” က “ ရေနံ့သာ ” ကို မသာရင်‌ တောင် မီ မှ ဖြစ်မယ်‌လေ ။ ချန်ပီယံ ဆိုတာ မျိုး က သူ တင်ထားတဲ့ စံချိန် ကို အမြဲ ချိုးနိုင်မှ ‌ကောင်းမယ် ဆို‌တော့  ကျွန်‌တော် ကြိုးစား နေဆဲပါပဲ ”


“ ဆရာ့ ဝတ္ထု ဘယ်နှစ်ပုဒ် ရုပ်ရှင် ရိုက်ပြီးပါပြီလဲ ” 


“ ရှစ်ပုဒ်‌ လောက် ရှိပါပြီ ။ ပထမ ကို‌ကျော်‌ဆွေ နဲ့ “ စိမ်း ” ၊ ‌နောက် ‌ဇော်ခင် နဲ့ “ ချစ်မိ‌လေ‌သော‌ကြောင့် ” ၊ ‌နောက် ‌ဇော်ဝမ်း နဲ့ “ ပုစ္ဆာဆန်‌သော မိန်းက‌လေး ” ၊ ‌နောက် ‌မောင်ကိုဦး နဲ့ “ တံခါး‌ခေါင်သံ ” ၊ ‌နောက် “ ဒေါက်တာ ‌ကောင်းမြတ် နဲ့ မြတ်သီတာ ” ( သူ က‌တော့ ဝတ္ထု မဟုတ်ပါဘူး ၊ ကျွန်‌တော့် ဇာတ်ညွှန်း သက်သက် ပါ ။ ) ၊ ‌နောက် ဦးသုခ ရိုက်တဲ့ “ စိတ်‌စေတသိက် ” ၊ ‌နောက် ‌အောင်မြင့်မြတ် ရိုက်တဲ့ “ အ‌မေ နဲ့ သမီးများ ” ၊ ‌မောင်တင်ဦး ရိုက်တဲ့ “ လူစိမ်းတစ်‌ယောက် ” ၊ “ ပုဂံမြို့သူ ” အားလုံး ဆယ်ကား‌ လောက်‌တော့ ရှိမယ် ထင်ပါတယ် ။


အဲဒီ ကား‌တွေ ထဲ မှာ “ အ‌မေနဲ့ သမီးများ ” ( မိန်းက‌လေးရှင်ရဲ့ ဆန္ဒ ) က‌တော့ စိတ် နဲ့ ‌တွေ့ပါတယ် ။ ကျန်တာတွေ က‌တော့ ပရိသတ်‌ ဝေဖန် သလိုပါပဲ ။ ဝတ္ထု မမီဘူး‌ပေါ့ ။ ကျွန်‌တော် နားလည်တာ က လည်း ရုပ်ရှင် အတတ်ပညာ နဲ့ ဝတ္ထု အတတ်ပညာ မတူပါဘူး ။ သို့ပေမဲ့ လည်း ဝတ္ထု ကို လေးလေးစားစား နဲ့ ရိုက်တာ နဲ့ ခပ်‌ပေါ့‌ပေါ့‌လေး‌ တွေးပြီး ရိုက်တာ ကွာပါတယ် ။ “ မိန်က‌လေးရှင် ရဲ့ ဆန္ဒ ” က‌တော့ ကျွန်‌တော့် ရဲ့ “ အ‌မေ နဲ့ သမီးများ ” ကို ‌လေး‌လေးစားစား နဲ့ အတတ်နိုင်ဆုံး ချဉ်းကပ်ပြီး ရိုက်တယ်လို့ ကျွန်‌တော် ထင်ပါတယ် ။


“ ‌ရေနံ့သာခင်ခင်ကြီး ” လို ဂန္ထဝင် တစ်ပုဒ် ‌ရေးဖို့ အားထုတ်ရတာနဲ့ သာမန် ဝတ္ထု တစ်ပုဒ် ‌ရေးဖို့ အားထုတ်ရတာ ဘယ်လို ကွာခြားသလဲ ဆရာ ”


“ ‌ရေနံ့သာ လို ဝတ္ထုမျိုး ‌ရေးနိုင်ခဲ့တာ ‌စော‌စောက ကျွန်‌တော်‌ ပြောခဲ့သလိုပါပဲ ။ လျှို့ဝှက်သည်းဖို ‌ရေးခဲ့တဲ့ အတတ်ပညာက‌လေး ကလည်း ‌ကျေးဇူး ပြုပါတယ် ။ classics  လို့‌ ပြောတဲ့ ဂန္တဝင် မှာ ဝတ္ထု‌ရေးနည်း အတတ်ပညာ ‌တော်‌တော်များများ က စီးဝင်‌ နေတယ် ။ မြစ်‌တွေ ၊‌ ချောင်း‌တွေ ‌ပေါင်း ပြီးမှ ပင်လယ်သမုဒ္ဒရာ ထဲ စီးဝင် သလိုပါပဲ ။ ကျွန်‌တော်တို့ ဂန္တဝင် ဝတ္ထု တစ်ပုဒ် ‌ရေးမယ် ဆိုရင် ဇာတ်အိမ် ခိုင်မာရမယ် ။ ပါတဲ့ ဇာတ်‌ကောင်‌တွေ ရဲ့ စရိုက် ကို ပီပြင်‌အောင် ကြိုးစားရမယ် ။ ဒါ‌ကြောင့် သူ့ မှာ က အတတ်ပညာ‌တွေ အများကြီး ပါ‌နေတယ် ။


နောက်ခံကား အ‌ကြောင်း ‌ရေးမယ် ဆိုရင် ‌နောက်ခံကား ကို ခြယ်မှုန်းတဲ့ အတတ်ပညာ ၊ ‌နောက်ပြီး ဇာတ် ထဲမှာ စာဖတ်သူ ‌မျောပါ သွား‌အောင် ‌ရေးတဲ့ အတတ်ပညာ ၊ ဒီလို အတတ်ပညာ‌တွေ အများကြီး ပါ‌နေတာ ကို ကိုယ် က ပိုင်ပိုင်နိုင်နိုင် ကိုင် နိုင်မှ လည်း ဖြစ်မှာပါ ။ ဒါ‌ကြောင့် ကျွန်‌တော့် အ‌နေ နဲ့ ဒီ‌နေ့ ဖြစ်လာတဲ့ လူငယ်စာ‌ရေးဆရာ‌တွေ ကို တိုက်တွန်းချင်ပါတယ် ။ လက်ရှိ ဖြစ်‌နေသ‌လောက်က‌လေး နဲ့ မတင်းတိမ်ကြပါနဲ့ ။ တစ်ဆင့် တက် ပြီး ‌ရေးကြည့်ကြ‌ စေချင်တယ် ။ စမ်းကြည့်ကြ‌ စေချင်တယ် ။ အဲဒီ အတွက် လည်း အကျိုး မယုတ်ပါဘူး ။ ကိုယ့် အတွက် မှတ်တိုင် တစ်ခု‌တော့ ကျန်ရစ်မှာပါပဲ ။


“ ‌ရေနံ့သာခင်ခင်ကြီး က မဟာဝိဇ္ဇာတန်း မှာ ရည်ညွှန်း စာအုပ် အဖြစ် သတ်မှတ်ထားတယ် ဆိုတာ ဟုတ်လားဆရာ ”


“ ဟုတ်ပါတယ် ။ ကျွန်‌တော် စာ‌ပေ‌ ဆွေး‌နွေးပွဲ စာအုပ် က‌တော့ မြန်မာစာဌာန မှာ ရှိတဲ့ နိုင်ငံရပ်ခြား က တက္ကသိုလ်‌ တွေ မှာ ရည်ညွှန်းစာအုပ် အဖြစ် သတ်မှတ် ထားကြပါတယ် ”


“ ‌ကျေးဇူးပါပဲ ဆရာ ‌ရေနံ့သာခင်ခင်ကြီး နဲ့ ပတ်သက်လို့ တဝကြီး ‌ပြောလိုက်ရတဲ့ အတွက် .... ”


“ ‌ကိုဝင်းငြိမ်း လိုပဲ ကျွန်‌တော့် စာဖတ် ပရိသတ်‌တွေ က ‌မောင်သိန်းဆိုင် ဆိုရင် “ ‌ရေနံ့သာ ” ပါမှ ပြည့်စုံတယ် ထင်ကြတယ် ။ ဒါနဲ့ ပတ်သက်လို့ ကျွန်‌တော် စဉ်းစားမိတာ ရှိပါတယ် ။ လီယို‌တော်စတွိုင်း ဆိုရင် စစ် နဲ့ ငြိမ်းချမ်း‌ရေး နဲ့ပဲ တွဲ သိကြတယ် ။ ဒါ‌ပေမဲ့ ‌ဝေဖန်‌ရေး ဆရာ‌တွေ ၊ အနုပညာသမား‌တွေ က ‌တော်လ်စတွိုင်း ရဲ့ အနုပညာရသ အ‌မြောက်ဆုံး လို့ သတ်မှတ်ထားတဲ့ ဝတ္ထု က  အင်နာကရယ်နီနာ ပါ ။ ဒါပေမဲ့ နာမည် ထွက်လာတာ က စစ် နဲ့ ငြိမ်းချမ်းရေး ပဲ ။ အင်နာကရယ်နီနာ မှာ ဆိုရင် ဇာတ်‌ကောင် ချည်း ပဲ ၁၇၅‌ ယောက် ပါတယ် ။ အဲဒီမှာ စာ‌ ရေးတဲ့ အတတ်ပညာ အ‌ပြောင်‌မြောက်ဆုံးလို့ ဆိုကြတယ် ။


ကျွန်‌တော့် ကိုလည်း ‌ရေနံ့သာ နဲ့ တွဲ သိကြတယ် ။ ဒါ‌ပေမဲ့ ကျွန်‌တော် ကိုယ်တိုင် အားရ ‌ကျေနပ်တာ က ပဆစ်အိမ် ပါ ။ ဒီမှာ ကျွန်‌တော့် စာ‌ရေးသားခြင်း အတတ်ပညာ အပြည့်အစုံဆုံး လို့ ခံစားမိပါတယ် ” 


“ ဆရာ‌ လေ့လာမိ မလား‌တော့ မ‌ပြောတတ်ဘူး ။ အခု ဒီဘက်ပိုင်းမှာ ဘက်ဆဲလာ Best Seller‌ ဖြစ်လာတဲ့ စာ‌ရေးဆရာ ‌တွေဟာ ခဏပဲ ခံတယ် ။ ပြန် ကျသွားတာ များတယ် ။ ဘာဖြစ်လို့ပါလဲ ... ” 


“ ဒီဘက် ခေတ် မှာ စာအုပ် သုံးထောင် လောက် ရိုက်တာ ကုန်သွားရင် Best Seller‌ လို့ ပြောနေကြတာကိုး ။ ဆရာအောင်လင်း တို့ ခေတ် က ဆိုရင် စာအုပ် နှစ်သောင်း လောက်‌ တောင် ကုန်တာပဲ ။ ဟိုတုန်းက နာမည်ကြီး တစ်ယောက် က ဆယ်စုနှစ် တစ်ခု လောက် One Decade ခံတယ် ။ ဆယ်နှစ် မခံတောင် ငါးနှစ် ၊ ခြောက်နှစ် လောက်တော့ ထိန်းနိုင်ကြတယ် ။ ဒါက သူတို့ အားထုတ်တဲ့ အနုပညာ ကလည်း သိပ်ပြီး အပေါစား မဆန်တာလည်း ပါပါတယ် ။ လေးလေးနက်နက် လုပ်ကြတယ် ။ ကိုယ့် နာမည် ကိုယ် ထိန်းတယ်ပေါ့ဗျာ ။ ဒါကြောင့် ရေရှည်ခံတာပဲ ။


ဒီ‌နေ့‌ တွေ့ရတဲ့ Best Seller‌ တွေ က‌တော့ နှစ်နှစ်‌ တောင် ဖျစ်ဖျစ်မြည်‌ အောင် ကြိုးစား‌ နေရတယ် ။ ဒါက ဘာလဲ ဆို‌တော့ တချို့လည်း အကြံအဖန် များတယ်ဗျာ ၊ ကြိုးစား အားထုတ်မှု မှာ လည်း အ‌လေးအနက် မရှိကြ‌တော့ဘူး ။ ဖြစ် ပြီး‌ရော ဆိုတာမျိုး က များ‌နေတယ် ။ ပရိသတ် နဲ့ မကင်းကွာ‌အောင် အရှည်‌ နေမယ် ဆိုတဲ့ ဆန္ဒမျိုး က နည်းပြီး ဖြစ်‌တဲ့ အချိန်မှာ ဖြစ်သလို လုပ်လိုက်မယ် ဆိုတာမျိုး က များ‌နေတယ် ။ ဒါ‌ကြောင့် ‌ရေရှည် မခံကြတာပါပဲ ။ Beset seller  အဖြစ် က ကျသွားပြီး ရင်လည်း ကုန်း‌ကောက်စရာ မရှိ‌တော့‌ လောက်‌အောင် ဖြစ်သွားကြတာပဲ ” 


“ ဆရာ့ လိပ်စာက‌ကော ...” 


“ အလွယ် ဆက်သွယ်ချင်‌တော့ ၁၇၈ - ၃၃လမ်း ၊ ရန်ကုန် ။ ဖုန်း ၇၈၉၈၄ ပါ ” 


“ ကျေးဇူးတင်ပါတယ် ဆရာ ။ ‌ဒေါ်‌ရေနံ့သာခင်ခင်ကြီး ရဲ့ ညီမ ဖြစ်လာမယ့် ထိပ်တင်ထားထား‌ထွေး ကို လည်း ကျွန်‌တော်တို့ ‌မျှော်‌နေပါတယ် ။ ဆရာ .... ‌ရေးဖြစ်‌အောင် ကြိုးစား‌စေချင်ပါတယ် ” 


 ▢ ဝင်းငြိမ်း

📖ပေဖူးလွှာ မဂ္ဂဇင်း

     အမှတ် - ၂၆

     ဇူလိုင်လ ၊ ၁၉၈၃ ခုနှစ်

No comments:

Post a Comment