Friday, May 2, 2025

စာပေရေးသားခြင်း အနုပညာ ( ဆရာဝင်းမောင် )


 ❝ စာပေရေးသားခြင်း အနုပညာ ❞

( ဆရာ ဝင်းမောင် )


ကဗျာဆရာ ဆိုတာ ဘာလဲ ၊ ကဗျာဆရာ ဆိုတာ ကဗျာ နဲ့ ပတ်သက်တာ အားလုံး ၊ ခေါင်း ထဲမှာ စုစည်း ပြီး တော့ တစ်စိုက်မတ်မတ် လုပ်ဆောင် တာဟာ ကဗျာဆရာ ပါ ။ အဲဒီတော့ ကဗျာဆရာ ဟာ သူ ဘာကို သိချင်သလဲ ဆိုတော့ သူ ဟာ အမှန်တရား ပဲ သိချင်တာပါ ။ မမှန်တာ ကို မသိချင်ဘူး ။ အဲဒီလို ကဗျာ ကို ဖက်တွယ်ပြီ ဆိုမှ တော့ မဟုတ် မမှန်တာ ၊ မတရားတာ မှန်သမျှ ဘာ တစ်ခု ကို မှ မသိချင်တော့ဘူး ။ အာရုံငါးပါး နဲ့ ပတ်သက်တဲ့ အရာ တွေ ကို သူ ရေးမယ် ၊ သူ ဖတ်မယ် ၊ ကဗျာ က လွဲရင် ဘာမှ ခေါင်းထဲ မထည့်တာဟာ ကဗျာဆရာ ပါ ပဲ ။ ပြီးတော့ ကဗျာ ဆိုတာ ဘာလဲပေါ့ ။ ကျွန်တော်  ကဗျာ နဲ့ ပတ်သက်တဲ့ ဆောင်းပါး ပေါင်းစုံ ကို စုဆောင်းခဲ့ပါတယ် ။ ဒဂုံ ၊ မိုးဝေ ၊ မြဝတီ စတဲ့ အင်္ဂလိပ် လို ရေးသားထားသော ဆောင်းပါးများ ဖြစ်ပါ တယ် ။


ကျွန်တော် ရန်ကုန် ရောက်စက သီချင်းရေးဆရာ ဂီတသမား လုပ် မလို့ပါ ။ တစ်နေ့ ရေးထားတဲ့ သီချင်းတွေ ကို ဝင်းလွင် ဆိုတဲ့ သူငယ်ချင်း ကို ပြလိုက်ပါတယ် ။ သူ က မင်း သီချင်းတွေ က မော်ဒန်ကဗျာတွေ ဖြစ်နေတယ် ဟု ဆိုပါတယ် ။ ကျွန်တော် က မော်ဒန် ဆိုတာ ဘာလဲလို့ မေးမိတာပေါ့ ။ အဲဒီနောက် ၁၉၆၈ ခုနှစ် က ဆရာမောင်သာနိုး ရဲ့ ' ထင်းရှူးပင်ရိပ် ' စာအုပ် ကို ဖတ်ပြီး မော်ဒန်ကဗျာ ကို စ ရေးချင်စိတ် ပေါ်လာပါတယ် ။ ကဗျာ ဆိုတာ ကဗျာတွေ ကို ခံစားနားလည်နိုင်တယ် ဆိုတာ ကဗျာဓာတ် ပါမှ ကဗျာ သဘောတရားတွေ ကို နားလည်ပါ မှ ဖြစ်ရပါမယ် ။ ကဗျာ ကို လဲ ချစ်တတ်ရပါတယ် ။


ရုရှား ကဗျာဆရာ က ဘယ်နေရာ ရောက်ရောက် ပေါ်လာတဲ့ အတွေး ကို ချက်ချင်း ချ ရေးတတ်ရမယ် လို့ ပြောခဲ့ပါတယ် ။ မော်ဒန် ဆိုတာ တစ်ကြောင်း ရေး ရင် တစ်ပုဒ် ၊ နောက် တစ်ပုဒ် နဲ့ နောက် တစ်ပုဒ် ဟာ ဆက်စပ်မိချင် မှ မိမှာ ပါ ။


သို့သော် အနုပညာ မြောက်ပြီး ရေးသူ - ဖတ်သူ တို့ ရင် ထဲကို ရောက်တဲ့ အတွက် တစ်သက် မေ့မရတာ ဟာ မော်ဒန်ကဗျာ ပါ ။ မော်ဒန်ကဗျာ မှာ ဒေါသသင့်တာလဲ ပါပါတယ် ။ အတွေးသစ် ကို မှတ်ပြီး မော်ဒန်ကဗျာ တစ်ပုဒ် ရေးရမယ် ဆိုပါက တစ်ခါတစ်ခါ လ နဲ့ ချီ ကြာတတ်ပါတယ် ။


မော်ဒန်ကဗျာ နဲ့ ပတ်သက်ပြီး ရေးချင်ကြတယ် ဆိုရင်တော့ စာ များများ ဖတ်ပါ ။ တွေးပါ ။ အတွေး ပါတဲ့ စာအုပ်တွေ ဖတ်ဖို့ တော့ လိုပါတယ် ။


 ▢ ဆရာ ဝင်းမောင်

📖စာပေရေးသားခြင်း အနုပညာ

No comments:

Post a Comment