❝ အင်တာဗျူး ဆိုသည် ❞
( ဟိန်းလတ် )
အင်တာ - ကြား
ဗျူး - အမြင်
တစ်ယောက် နှင့် တစ်ယောက် ကြားထဲ က အမြင် အား ပြည်သူတွေ ကို ချပြတာ အင်တာဗျူး ဖြစ်ပါတယ် ။
၁ ။ မိမိ မေးမြန်းမည့် ပုဂ္ဂိုလ် ၏ အားသာချက် အားနည်းချက်များ ကို ကြိုတင် သိရှိထားရပါမည် ။
၂ ။ မိမိ မေးမြန်းမည့် ပုဂ္ဂိုလ် အား လေးစားမှု ရှိရပါမည် ။
၃ ။ အင်တာဗျူး ဆိုသည် မှာ စကားစစ်ထိုးပွဲ မဟုတ် သလို စကားရည်လုပွဲ လည်း မဟုတ်ပါ ။ မိမိ မေးမြန်းသူ ဖြေသည် ကို သေချာစွာ နားထောင်ပြီး ငြင်းဆန်ခြင်း မပြုဘဲ ပြောခွင့် ပြုရပါမည် ။
၄ ။ အင်တာဗျူး မေးမြန်းသူ က ပညာ ပါ သလို ဖြေကြားသည့် ပုဂ္ဂိုလ် က ပညာသား ပါပါ နှင့် ရှောင်တတ် တိမ်းတတ်လျှင် အလွန် ပျော်စရာ ကောင်းသည့် အင်တာဗျူး တစ်ပုဒ် ဖြစ်မည် ။ ဖြေကြားသူ မခံချင်သည့် မေးခွန်းများ ကို မမေးပါနှင့် ။
၅ ။ မေးမြန်းမည့် ပုဂ္ဂိုလ် ကို ရဲ က တရားခံ စစ်သလို မမေးရ ။ ရေလာမြောင်းပေး စကားဖြင့် မေးမြန်းရမည် ။
၆ ။ Off the record အကြောင်းအရာ တစ်ခု ကို ပြောလျှင် ( သို့မဟုတ် ) ထိုအကြောင်းအရာ ကို ထည့် မရေးပါ နှင့် ဟု အလွတ် ပြောလျှင် လုံးဝ ထည့် ရေးခြင်း မပြုရပါ ။
၇ ။ ပရိသတ် စိတ်ဝင်စားမည့် အကြောင်းအရာများ ကို ရေလာ မြောင်းပေး ပြုလုပ်၍ သွယ်ဝိုက်ကာ မေးမြန်းတတ်ရမည် ။
၈ ။ မေးခွန်း ဖြေသူ ၏ အတွင်းစိတ် အဇ္ဈတ္တ ကို ပေါ်လွင်အောင် မေးမြန်းရမည် ။
၉ ။ မေးသူ ၏ အားပြိုင်မှု နှင့် ဖြေသူ ရဲ့ ပါးနပ်မှု ရှိကြလျှင် ပို သင့်တော်၍ တစ်ခါတစ်ရံ မြှောက်သင့် က မြှောက် ပြောရမည် ။
၁၀ ။ မိမိ အင်တာဗျူးများ ကို စာအုပ် အဖြစ် ထုတ်ဝေပါ က မေးမြန်းသူ က တစ်ဝက် ၊ ဖြေကြားသူ က တစ်ဝက် ပိုင်ဆိုင်ကြောင်း နားလည် ထားရမည် ။
( အင်တာဗျူး နေရင်း တင်းမာ နေရင် ပျော့ပြောင်း သွားအောင် ဟာသ နှောရမယ် )
ဆောင်ပုဒ်
အမေး နွားကျောင်းသား ၊ အဖြေ ဘုရားလောင်း
အမေး ဘုရားလောင်း ၊ အဖြေ ဘုရားလောင်း ဆို ပို ကောင်းပါတယ် ။
▢ ဟိန်းလတ်
📖စာပေရေးသားခြင်း အနုပညာ
No comments:
Post a Comment