❝ သင်္ဘောသား မို့ စကား မတတ်ရှာ ❞
မဟာထိုင်လမ်းသွယ် ထဲ မှာ ဆက် နေလို့ မဖြစ်တော့လောက်အောင် နှစ်ကြိမ် နှစ်ခါ ခေါ်ယူ စစ်ဆေးခံခဲ့ရ ပြီးနောက် ကိုဆန်နီ က သူရည်းစား ‘ မျှောင် ’ ဆိုသည့် ယိုးဒယားမလေး နေသော ရပ်ကွက်ထိပ် ရှိ တိုက်ခန်းတွဲကြီး တွင် အခန်း ငှားပေးသည် ။ တိုက်ခန်း က သိပ်မကြီး ၊ ဟောခန်း ပါသည် ။ မီးဖိုချောင် ၊ အိမ်သာ တွဲလျက်ပါရှိသည် ။ လစာ က လည်း မများလှ ။ ဘတ်နှစ်ထောင် သာ ပေးရ၏ ။ မိုးပျံတံတားကြီး ကို ကျော်ပြီး နောက် တစ်မှတ်တိုင် ဆိုလျှင် လမ်းထိပ်သို့ ရောက်ပြီ ။ ထို လမ်းထိပ် မှ ဆိုင်ကယ် ငါးဘတ် ပေး၍ စီးလျှင် ရောက်ပါသည် ။ စီးလုံ သို့ သွား လျှင် လည်း လွယ်၏ ။ လေဆိပ် နှင့် တော့ အလှမ်း ဝေးလှသည် ။
စင်ကာပူ သို့ ဝင်ရသည် မှာ လည်း အတော်ပင် ခက်ခဲလာပါသည် ။ မြန်မာပြည် မှ ဗီဇာ ပါလာသူများ ကလည်း ဘန်ကောက် မှာ ကြာကြာ မနေကြတော့ ။ အဖမ်းအဆီး ထူပြော၍ ဖြစ်သည် ။ ရန်ကုန် စင်ကာပူ တိုက်ရိုက် ဝင်ကြသူ က များသည် ။ ကျွန်တော်တို့ အတွက် အရင်လို ဗီဇာ လျှောက်ရသည် မှာ မလွယ်ကူတော့ပြီ ။ သို့ရာတွင် စားပေါက် တစ်မျိုး ထွင်ကြရ ပြန်သည် ။
သင်္ဘောသား ဗီဇာ ကို ရအောင် လျှောက်ကြ ပြန်လေပြီ ။
စင်စစ် စင်ကာပူသံရုံး သည် သင်္ဘော တက်ရန် သွားမည့် မည်သည့် သင်္ဘောသား ကို မှ ဗီဇာ မပေးပါ ။ စင်ကာပူ မှ သင်္ဘောအေးဂျင့် က ဖက်စ် ဖြင့် ခေါ်စာ ပို့ပေးသည် ။ ထို ခေါ်စာဖြင့် လေယာဉ်လက်မှတ် ဝယ်ရသည် ။ လေဆိပ် ရောက်လျှင် သက်ဆိုင်ရာ လေကြောင်းလိုင်း သို့ ခေါ်စာ နှင့် လေယာဉ်လက်မှတ် ပေးရပါသည် ။ ထို့ပြင် စင်ကာပူ ရှိ သင်္ဘောအေးဂျင့် က လေကြောင်းလိုင်း သို့ ခေါ်စာ ဖက်စ် ဖြင့် ထပ်မံ ပို့ပေးရ၏ ။ ထိုအခါ လေကြောင်းလိုင်း က သင်္ဘောသား ကို သူ့ လေယာဉ် ပေါ်သို့ တက်ခွင့် ပြုသည် ။ စင်ကာပူလေဆိပ် ရောက် လျှင် လ.ဝ.က မှ သုံးရက် စာ ဗီဇာ ပေးလိုက်၏ ။ အေးဂျင့် က သင်္ဘောသား ကို လေဆိပ် မှာ လူကြို လွှတ် ပေးပါသည် ။ လိုအပ်လျှင် လ.ဝ.က အရာရှိ က လာ ကြိုသော အေးဂျင့်နှင့် တိုက်ရိုက် စကားပြောနိုင်ရန် လာစောင့် ပေးရပြန်သည် ။
တစ်ရက်မှာ တော့ အစ်ကို နှင့် အတူ ပါသွားသည့် သင်္ဘောသား တစ် ယောက် အား လေယာဉ်လိုင်း က အပြန် လက်မှတ် မပါ၍ လေယာဉ် ပေါ် တက်ခွင့် မပြု ။ အနည်းဆုံး သံရုံးဗီဇာ ပါမှ တက်ခွင့်ပြုမည် ဟု ဆိုလာပါ၏ ။ အစ်ကို ဘာလုပ်ပါသနည်း ။ သူ ရော ထိုသင်္ဘောသား ကို ပါ အဝတ်အစားအိတ်များ ကိုယ်စီ ဆွဲ၍ စင်ကာပူသံရုံး သို့ ချီတက်ပါတော့သည် ။ သံရုံး ရောက်တော့ လေယာဉ်လက်မှတ် တွေ ပြ ၊ လေကြောင်းလိုင်း မှ ပြောလိုက်သည်များ ကို ရှင်းပြပြီး ဗီဇာ မပါလျှင် ဒီ သင်္ဘောသား သင်္ဘော တက်ခွင့် မရတော့ ဟု တောင်းဆိုပါတော့သည် ။ သံရုံး က သုံးရက်ဗီဇာ ပေးလိုက်ပါတော့၏ ။ နောက်ပိုင်းတွင် လည်း သင်္ဘောသား ကို သုံးရက် ဇာ ပုံမှန် ထုတ်ပေးပါတော့သည် ။
လေကြောင်းလိုင်းများ နှင့် ပတ်သက်၍ ကျွန်တော်တို့ ဘက်က ချို့ယွင်းချက်လေးများ လည်း ရှိပါသည် ။ လေကြောင်းလိုင်းများ သည် စင်ကာပူခရီးစဉ် ၌ မြန်မာများ ကို တင်ရသည့် အခါတိုင်း ဗီဇာ မပါဘဲ မတင်ချင်ကြ ။ ဗီဇာ ပါလျှင်လည်း အပြန် လက်မှတ် ကို မေးလာပြန်၏ ။ တစ်ခါတစ်ရံ ရှိုးမန်းနီး ကို ပင် ကျူးကျူးကျော်ကျော် မေးမြန်းလာတတ်ပါသည် ။ သူတို့ ကို လည်း အပြစ် မဆိုသာပါ ။ သူတို့ လေယာဉ်ဖြင့် ပါသွားသော ခရီးသည် အား စင်ကာပူ လ.ဝ.က မှ ပြန်ပို့ လာပါလျှင် အတော့်ကို အလုပ်ရှုပ်ကြရသည် ။ ထို့ကြောင့် မြန်မာ ဆိုလျှင် သိပ် မတင်ချင်ကြ ။ လေယာဉ်လက်မှတ် သွား ဝယ်လျှင်ပင် ဗီဇာ ကို မေးတတ်ကြသည် ။ သင်္ဘောသား ဗီဇာ ဖြင့် ဝင်ရချိန်တိုင်း သက်ဆိုင်ရာ လေယာဉ်လိုင်း နှင့် ကျွန်တော်တို့ စကား မပြောရဘဲ မပြီး ။ ကျွန်တော်တို့ ညီအစ်ကို ၏ အဓိက အတားအဆီး လေကြောင်းလိုင်း သည် ပစိဖိတ်အဲယားလိုင်း ဖြစ်ပါသည် ။
သူတို့ က ကျွန်တော်တို့ လိုက်ပို့သူများ ကို သင်္ဘောသား ဟု မယုံ ၊ စ ကား ပြော ကြည့် တော့လည်း ကိုယ့် လူများ က စကား မကျွမ်းကျင် ။ အင်္ဂလိပ်စကား ကို တောင်တောင်အီအီ ဖြစ်နေ၏ ။ ဒါကိုတောင် မနည်း သင်ထားရခြင်း ဖြစ်သည် ။ သူတို့ က သင်္ဘောသားတွေ ကို မေး ၊ ကျွန်တော်တို့ က ဝင် ဖြေပေးရင်း တစ်ခါတလေ စကား များကြ ရသည် ။ သင်္ဘောသား တွင် အပြန်လေယာဉ် လက်မှတ် မလို ။ ရှိုးမန်းနီး မလို ။ ပတ်စ်ပို့ဒ်စာအုပ် နှင့် CDC ပါလျှင် ပြည့်စုံပြီး မှန်း ကျွန်တော်တို့ က ဆုပ်ကိုင် ပြောရသည် ။ ထိုအခါ ဂျူတီမန်နေဂျာ ကို သူတို့ က ခေါ်လေပြီ ။ ဂျူတီ မန်နေဂျာ က စင် ကာပူ မှ အေးဂျင့် သို့ ဖက်စ် ပို့၍ မေးမြန်းသည် ။ အေးဂျင့် က လက်ခံ အတည်ပြု မှ လေယာဉ် ပေါ် တက်ခွင့် ပြုသည် ။ နောက်ပိုင်း ဗီဇာ ယူလာသော အခါ သူတို့ ပို၍ ပင် ခံရ ခက်ရှာ၏ ။ ဤလူများ သည် တကယ် သင်္ဘောတက်သူများ မဟုတ်မှန်း သိပါလျက် သူတို့ လေယာဉ်လိုင်း ကို အသုံးချ နေသည် ကို ခံရခက် နေရှာ၏ ။ သို့သော် ဘာမှ မတတ်နိုင် ။ သူတို့ ဘက်က တတ်နိုင်သည် မှာ သင်္ဘောသား အား နောက်ဆုံး ပါစင်ဂျာ အဖြစ် ချန်လှပ် ပြီး ပညာပြခြင်း ဖြစ်၏ ။
ဘင်္ဂလားဒေ့ရှ်အဲယားလိုင်း ( ဘီးမန်း ) နှင့် အိန္ဒိယအဲယားလိုင်း တို့ မှာ တော့ နှစ်ပတ် ဗီဇာသမားများ ကို ဈေးသက်သက်သာသာ ဖြင့် ကျွန်တော် တို့ တင်ပို့ပေးသော ဖောက်သည် အဲယားလိုင်းများ ဖြစ်ပါသည် ။ ထို လေကြောင်းလိုင်းများ က အဲယားလိုင်းကြီးများ နှင့် စာလျှင် ဒေါ်လာ တစ်ရာ ကျော် ဈေးသက်သာ၏ ။ ဈေး သက်သာ သည့် နည်းတူ အချိန် လည်း မမှန်တတ် ၊ တစ်ခါတစ်ရံ တခြားလေကြောင်းလိုင်းများ သို့ အကူအညီ တောင်း၍ လွှဲပြောင်း ပေးရတတ်သည် ။ ထိုအခါမျိုး တွင် ဟိုဘက် လေဆိပ် မှာ လည်း ဝင်ခွင့် လွယ်ပါ၏ ။ အကယ်၍ ဘန်ကောက် လေဆိပ် မှာ ပင် လာမည့် လေယာဉ် မှာ အကြောင်းကြောင်းကြောင့် နာရီများစွာ နောက်ကျမည် ဆိုပါက လေယာဉ်လိုင်းများ က စားသောက်စရိတ် ကတ်ပြား များ ထုတ်ပေး၏ ။ လေဆိပ် တွင်းရှိ မည်သည့် ဆိုင် ၌ မဆို ဝဝလင်လင် စားနိုင်သည် ။ ဤ အခွင့်အရေးမျိုး လည်း ကြုံရသေးသည် သာ ။
ကြာတော့ ဘန်ကောက်လေဆိပ် သည် ကျွန်တော် ကျင်လည်ကျက် စားရာ ကွင်းပြင်ကြီး ဖြစ်လာခဲ့ပြီ ။ တစ်လ လျှင် ဆယ်ကြိမ်ထက် မနည်း ဝင်ထွက်သွားလာ နေသူမို့ လေဆပ် အတွင်း နှံ့စပ်ခဲ့သည် မှာ မဆန်းလှပါ ။ ကား ငှားလျှင် လမ်းမကြီး သို့ ပေါင်းကူးတံတား မှ ဆင်း၍ ထွက် ငှားတတ်ခဲ့ပြီ ။ ပြည်တွင်းခရီးစဉ်လိုင်း ဘက် မှ ထွက် လိုလျှင် ပေါင်းကူးတံတား မှ ဖြတ်ထွက်တတ်ခဲ့ပြီ ။ လေဆိပ်တယ်လီဖုန်း အိတ်ချိန်းရုံး ထဲ ဝင်၍ ဖောင်ဖြည့် ကာ ဈေးသက်သက်သာသာဖြင့် ဖုန်းဆက်တတ်ခဲ့ပြီး KFC တွင် ကြက်ကြော် စား၍ အချိန်ဖြုန်း တတ်ခဲ့ပြီး ပို့ဆောင်ခန်း အတွင်းဘက် မှ စားသောက်ဆိုင် သို့ သွား၍ လေယာဉ်ပြေးလမ်းများ ၊ ဂိတ်ပေါက်များမှ လေယာဉ်များ ကို သွား ငေးတတ်ခဲ့ပြီ ။ ဂိတ်အမှတ်များ ကို ကြည့်ပြီး မည်သည့် လ.ဝ.က ပေါက် မှ ဝင်လျှင် နီးမည့် အကြောင်း လမ်းညွှန်တတ်ခဲ့ပြီ ။ ဘန်ကောက်လေဆိပ် သို့ ပထမဦးစွာ ရောက်လာမည့် မြန်မာဧည့်သည် များ အပေါက် မှား ထွက်တတ်သည့် တစ်ဖက်ခြမ်း ကို သတိထား စောင့်ကြည့် နိုင်ခဲ့လေပြီ ။ လပ်ဂိတ် ဖြင့် ပါမလာသော အဝတ်အစား အိတ်များ ကို လပ်ဂိတ်ဌာန သို့ အကြောင်းကြားကာ ရွေးယူတတ်ခဲ့ပြီ ။
ဤ ပညာများ ကို သင်ကြားပေးသူ မှာ ကိုဆန်နီ ဖြစ်ပါသည် ။ သူ က ဝါရင့်သင်္ဘောသား မို့ လေဆိပ်မျိုးစုံ ကို ဝင်ထွက် သွားလာဖူး၏ ။
သူ့ အကြောင်းပြောရလျှင် သူ့ရည်းစား ‘ မျှောင် ’ ကို ချန်ထား မရပြန် ။ ‘ မျှောင် ’ က မချော ။ သွားလေး ခေါတတ်သေး၏ ။ သို့ရာတွင် ‘ မျှောင် ’ က ရဲတင်းသည် ။ ပွင့်လင်းသည် ။ အကြံဉာဏ်ကောင်း များသည် ။ ပြီးတော့ ငယ်သည် ။ သူ့ အသက် နှစ်ဆယ် ပင် မပြည့်တတ်သေး ။ ကိုဆန်နီ က ကျွန်တော့် လို ပင် ယိုးဒယား စကား ကို ယိုးဒယားမလေးများ နှင့် ချစ်ကျွမ်းဝင်ပြီး သူတို့ ရင်ခွင်ထဲ ဝင် ကာ စကား သင်ပါသည် ။ ကိုဆန်နီ က ယိုးဒယားစကား သာမက စာ လည်း ဖတ်တတ်သည် ။ များများစားစား တော့ မဟုတ် ။ ကိုဆန်နီ မှာ အလုပ်အကိုင် သေသေချာချာ မရှိသည့် တိုင် ငွေတော့ မရှားတတ် ။ သူ့ အစ်ကိုက အမေရိက မှာ ရှိသည် ။ မိဘများ က ရန်ကင်း ဘက် မှာ နေကြသည် ။ ကိုဆန်နီ တတ်ကျွမ်းသည် က လေယာဉ်လက်မှတ် ကိစ္စ ၊ ဗီဇာ ကိစ္စ ၊ လေယာဉ်ကွင်း ၊ အပို့အကြို ကိစ္စ အပြင် အသစ် ရောက်လာသူများ ကို သွားရေး လာရေး နှင့် လိုအပ်သော အင်္ဂလိပ်စကား ၊ ဝိုက်ကတ် ဖြည့်သွင်းခြင်းများ ကို စိတ်ရှည်လက်ရှည် သင်ပေးတတ်၏ ။ သူ့ မျက်နှာ က အမြဲ ပြုံးချို နေတတ်သည် ။ စကားပြော လျှင် ပျော့ပျောင်းညင်သာ သဖြင့် လူခင် များ၏ ။ လူနိုင် လည်း များ ၏ ။ သူ့ ကို အနိုင်ဆုံးသူ မှာ သူ့ ရည်းစားလေး ‘ မျှောင် ’ ပင် ဖြစ်ပါသည် ။
‘ မျှောင် ’ မှာ စေ့စပ်ထားသူ ရှိပြီးသား ဖြစ်ပါသည် ။ ကိုဆန်နီ နှင့် ဘယ်လို တွေ့ခဲ့ကြသည် ကို တော့ ကျွန်တော် မမေးမိ ။ ‘ မျှောင် ’ တို့ ဘက်မှ ကိုဆန်နီ ကို လုံးဝ သဘောမကျ ။ ‘ မျှောင် ’ တို့ မိဘများ က နယ်မှာ နေကြ သည် ။ ဒီမှာ က ‘ မျှောင့် ’ အစ်မ လင်မယား ရှိ၏ ။ ‘ မျှောင် ’ က ရွာ သို့ မပြန် ။ ဟို ရောက်လျှင် လက်ထပ်ရ မှာ လန့်နေ၏ ။ ကိုဆန်နီ ကို လည်း ချစ်ရှာသည် ။ ချစ်၍ ပါးမကြာခဏ ရိုက်၏ ။ ဤသည် မှာ ဓမ္မတာပင် ။ ယိုးဒယားမ များ ချစ် လျှင် ထိုသို့ ပါးရိုက် တတ်ကြောင်း နောင်တော် နောင်တော် မြန် မာကြီးများ က ကျွန်တော်တို့ ကို ပြောထားခဲ့ပြီး ဖြစ်၏ ။ ဖိုင်ကတော့ ကျွန်တော့် ကို တစ်ကြိမ် ရိုက်ဖူးသည် ။ ‘ မျှောင့် ’ လို ခဏခဏ မရိုက် ။ သိပ် မချစ်၍ လားတော့ မပြောတတ် ။
‘ မျှောင် ’ သည် ကိုဆန်နီ ကို အနိုင်ကျင့်တတ်သော်ငြား ကျွန်တော်တို့ လုပ်ငန်းများ ကို တော့ အများကြီး ကူညီပေးပါသည် ။ ကျွန်တော် ချင်းမိုင် သို့ နှစ်ကူးရက်ကြီး တွင် ခရီးထွက်ဖို့ ကြုံလာစဉ်က ကားဂိတ် ရော ရထားဘူတာ မှာ ပင် လက်မှတ် မရ ဖြစ်နေခိုက် မျှောင် က လေဆိပ် သို့ အ ရေးပေါ်ဟန်ဖြင့် ဖုန်းဆက် ကာ လေယာဉ်လက်မှတ် မှာ ပေးသည် ။ နောက်တစ်နေ့ မနက်မှာ ထို လေယာဉ် ဖြင့် ကျွန်တော် ခရီး ထွက်နိုင်ခဲ့ပါသည် ။
တစ်ကြိမ် မှာ တော့ ရနောင်းနယ်စပ် သို့ သွားရန် အတွက် ကား ငှားဖို့ ကိစ္စ၌ မျှောင့် ကို ခေါင်းဆောင် တင်ရသည် ။ ဖိုင် နှင် ဖိုင့်အဖေ တို့ လည်း လိုက်လ ည်ကြပါသည် ။ ကား က ‘ တောင်းအေ့စ် ’ အမျိုးအစား ဖြစ်ပြီး မျှောင် တို့ ပါနေ သဖြင့် အသွားရော အပြန်မှာ ပါ အဆင် ချောပါ၏ ။
စကားမစပ် ထို ခရီးတွင် မျှောင် တို့ အုပ်စု သရဲခြောက်ခံရပုံလေး ပြောပြပါဦးမည် ။
ရနောင်းမြို့ ရှိ GREEN PEACE ဟိုတယ် တွင် ကျွန်တော်တို့ အခန်း သုံးခန်း ငှားကြပါသည် ။ ကျွန်တော် ၊ ဖိုင် ၊ ကိုဆန်နီ ၊ မျှောင် နှင့် မိုးမိုး တို့ က တစ်ခန်း ၊ ဖိုင့် အဖေတို့ နှင့် ကားသမားများ က တစ်ခန်း ဖြစ်သည် ။ မိုးမိုး က အလယ်တွင် ခုတင် တစ်လုံး အစား ထိုး၍ အိပ်သည် ။ သရဲ သည် ကျွန်တော့် ကို ပုံတူ ဖမ်း၍ ခြောက်ခြင်း ဖြစ် ပါသည် ။ ရေမိုးချိုးပြီး ထမင်းစား ထွက်ကြသည် ။ ထမင်းစားပြီး အားလုံး ခရီးပန်း လာသဖြင့် စောစောပင် မီးမှိတ်၍ အိပ်ရာ ဝင်ကြပါသည် ။ ကျွန်တော် က အိပ်မပျော်၍ ရေထချိုးပါသည် ။ ရေချိုးပြီးတော့ ဟိုတယ်သုံး တဘတ်ကြီး ဖြင့် ကိုယ် ကို ပတ်၍ စားပွဲခုံရှေ့၌ ဆေးလိပ် ထိုင် သောက်နေ၏ ။ ခဏအကြာ တွင် ဖိုင် တို့ အဖေ အခန်း သို့ ကားသမားများ နှင့် မနက် ခရီးစဉ် ကိစ္စ အတွက် စကား ပြောရန် ထွက်သွားခဲ့၏ ။ ထို့နောက် နာရီဝက်ခန့် အကြာတွင် ပြန် ဝင်လာခဲ့တော့သည် ။ ကျွန်တော် ဝင်လာသည် ကို မြင်တော့ အရင်ဆုံး ထ အော်သူမှာ မိုးမိုး ၊ နောက် မျှောင် ဖြစ်သည် ။ မျှောင် အော်ပုံ က ရူးပါပြီ ရူးပါပြီ ဟု သုံး လေး ငါးခွန်း ထ အော်နေ၍ ကျွန်တော်တို့ မီးများ ဖွင့်လိုက်ကြ၏ ။ မျှောင် ကြောက်လန့် နေသလို မိုးမိုး လည်း ခေါင်မြီး ခြုံ ရင်း ဘုရားတ နေပါ၏ ။ သရဲ ကား ကျွန်တော် ထိုင်နေ သလို ထိုင် ၊ ကျွန်တော် ပတ်ထားသော တဘတ် ကို ပတ်၍ မှန်တင်ခုံ ရှေ့၌ တစ်ချိန်လုံး ဆေးလိပ် ဖွာရင်း မိုးမိုး မေးသမျှ ခေါင်းညိတ် ၊ မျှောင် ပြောသမျှ လိုက် ရယ်သံ ပေးခဲ့သည် တဲ့ ။ မျှောင် က စကားပြောခဲ့သူ မို့ ပို၍ ကြောက်သည် ။ သ ရဲ ၏ လုပ်ကွက်ပိုင်ပုံ ကို ကျွန်တော် အတော့် ကို အံ့ဩပါ၏ ။ ကျွန်တော် ထွက်သွားချိန် လေး ကို အမိအရ နေရာယူ နိုင်ပုံလေး ကို ချီးကျူးရ မလိုပင် ။ သို့သော် မချီးကျူးနိုင် ။ ဟိုတယ်ဝန်ထမ်း ခေါ်၍ ချက်ချင်း အခန်းပြောင်း ပြေးကြသဖြင့် ဖိုင် တို့ မိန်းမသား သုံးယောက် ခုတင်တစ်လုံးတွင် အိပ်ခွင့် ရယူ၍ ကျွန်တော် နှင့် ကိုဆန်နီ တို့ လက်ကျန် ပုလင်း ကို ရှင်းရင်း သူတို့ နှင့် ခပ်ခွာခွာ အိပ်ရပါလေ၏ ။
သရဲတစ္ဆေ နှင့် ပတ်သက်လျှင် ကျွန်တော် မကြောက်တတ်ခြင်း က မျိုးရိုး လိုက် ၍ ဖြစ်ပါလိမ့်မည် ။ ကျွန်တော့် ထက် သတ္တိ ကဲသူ မှာ ကျွန်တော့် ဦးလေး ဦးတင်အေး ပင် ။ သန့်စင် တို့ အဖေ ဖြစ်ပါသည် ။ သူ ငယ်စဉ်က တစ္ဆေ နှင့် နပန်းလုံးဖူးသည် ဟု အဒေါ် က ပြောပြဖူးပါသည် ။ သူတို့ နေသော ကံဘောက်ရွာ သည် တစ်ခေတ်တစ် ခါက ခဲမိုင်းတွင်း ပေါင်း များစွာ ၊ တူးဖော်ထုတ်လုပ်ရင်း စီးပွားရှာကြသူများ ဖြစ်သည် ။ ခဲမိုင်းများ က အမျိုးအစား များလှ၏ ။ အများအားဖြင့် တရားမဝင် ခဲမိုင်း ထောင်သူများ က အများစု ဖြစ်သည် ။ ကျွန်တော့်တို့ အဘိုး လည်း ဖ .ဆ.ပ.လခေတ် က ယောက်ဖဖြစ်သူ ပြည်နယ်အမတ် ဦးစံမြိုင် ၏ အရှိန်အဝါ ကို သုံး၍ ခဲမိုင်းထောင်ဖူးသည် ။ သူ့ သားသမီးများ လက်ထက်ကျ တော့လည်း ဆက်လက် လုပ်ကိုင်ခဲ့ကြ၏ ။ ထိုခေတ် ထိုအခါက ခဲမိုင်း ထောင်စားသည် မှာ ဘာမှ မဆန်းလှ ။
ကျွန်တော်တို့ မြို့နေသူများ အဖို့ လက်တွေ့ မဟုတ်၍ မယုံနိုင်သည် များက အဖေတို့ နယ်တွင် အများအပြား ရှိလှပါသည် ။ လူ ကြမ်းလျှင် နတ်ကြမ်း မခံနိုင်သည့် စကား ကို သက်သေပြခဲ့သူ လည်း အဖေတို့ နယ်တွင် ရှိခဲ့ဖူးပါသည် ။
ကျွဲများ နွားများ ကို တစ်ဖက် နိုင်ငံ သို့ ခိုး ပို့ကြရာတွင် လမ်း ၌ နတ်စင် နှင့် နတ်ကွန်းများ ရှိသော ညောင်ပင်ကြီး တစ်ပင်ကို ဖြတ်သန်း သွားရပါသည် ။ ထို ဒေသ၌ အလေ့အထ လုပ်ထားသည် မှာ ထို ညောင်ပင် ၌ နား ခို၍ ထို ညောင်ပင် မှ ဖြတ်သန်း သွားသည့် ကျွဲ ၊ နွား မှောင်ခိုသမားများ အနေဖြင့် ကျွဲ ၊ နွား တစ်ကောင်ကောင် ကို ထို ညောင်ပင်၌ ချန်ထားပေးခဲ့ရသည် ဟု ထုံးစံ ရှိ၏ ။ ထို ညောင်ပင် မှ နတ် ကလည်း အလွန် ကြမ်းလှသည် ဟု သတင်း ကြီးလှသည် မို့ ထို ထုံးစံ ကို ကျွဲ ၊ နွား မှောင်ခိုသမား များ မဖျက်ရဲ ။
တစ်ချီ မှာ တော့ ခပ်ရွတ်ရွတ် ခပ်ကန်းကန် ကျွဲမှောင်ခိုသမား တစ် ယောက် သူ့ ကျွဲအုပ် နှင့် အတူ ညောင်ပင် အောက်သို့ ရောက်လာကြတော့သည် ။ အချိန်တန်သည့် အခါ ကျွဲမှောင်ခိုသမား က ထုံးစံအတိုင်း သူ့ ကျွဲအုပ် ထဲ မှ ကျွဲ တစ်ကောင် ကို ချန်ထားရစ်ပါ၏ ။ သို့ရာတွင် သူ ချန် ထားပုံမှာ သူများ တွေ လို ညောင်ပင် နှင့် ချည်နှောင်၍ ချန်ထားသည် မဟုတ် ။ နတ်စင်တိုင် နှင့် ကျွဲ ကို ချည်နှောင်ထားခြင်း ဖြစ်၏ ။ ကျွဲအုပ် က ခရီး နှင်သောအခါ ကျန်ခဲ့ သော ကျွဲ က ရုန်းပါတော့သည် ။ ခပ်မာမာ ဆောင့် အရုန်း တွင် နတ်စင် ခမျာလည်း ဒရွတ်တိုက် ကာ ကျွဲ နှင့် ပါချေ တော့၏ ။ ထိုအခါ ကျွဲမှောင်ခိုသမား က နတ်စင် ကို ဖြုတ်၍ “ ကိုင်း ရှင်ကြီးရေ ငါ တော့ ထားခဲ့တာပဲ ။ ဒါပေမဲ့ ရှင်ကြီး ကျွဲ က မနေဘူး ။ ဒါကြော င့် ခေါ်သွားပြီဝှေ့ ” ဟု ဆိုကာ ကျွဲ ကို ခေါ်သွားပါတော့၏ ။ ညတွင် ထို ညောင်ပင်ထိပ် ၌ မီးထ လောင် လေတော့သည် ။
ထို့နောက် ရွာသူကြီး ထံ နတ်ဝင်ပူးသော လူ တစ်ယောက် ရောက်လာ ၍ အကျိုးအကြောင်း မေးမြန်း သည် တွင် နတ် က တိုင်ချက် ဖွင့်ပါတော့၏ ။ သူကြီး က အရေးယူ ပေးပါမည့် အကြောင်း ၊ ကျွဲ ၊ နွား မှောင်ခိုများ ပြန်လာလျှင် မည်သူ့ လက်ချက်မှန်း ပြောပါ ဟု နှစ်သိမ့်ကာ နတ်စင် အသစ် ပြန်လည် ပေးရလေတော့၏ ။ ကျွဲနွား မှောင်ခိုသမားများ ပြန်လာချိန်တွင် လူစုစေပြီး ထို နတ်ကြမ်း ကို ပင့်ကာ မေးရပြန်တော့သည် ။ နတ်ကြမ်း က လူ ကို ဝင်ပူးပြီး တန်းစီ ရပ်နေသော ကျွဲ ၊ နွား မှောင်ခိုသမားများ ကို စေ့စေ့ငှငှ လိုက်ကြည့်၏ ။ ကို လူရမ်း ရှေ့ ရောက်သည့် အခါ ကိုလူရမ်း က မျက်ထောင့်နီကြီး ဖြင့် ကြည့်၍ အံကြိတ် ပြလိုက် ၊ နတ်ကြမ်း က နောက် တစ်ယောက် ကို မျက်နှာ လွှဲလိုက် နှင့် နောက်ဆုံး သူကြီး ရိပ်မိတော့မှ ကို လူကြမ်း က ဝန်ခံပါတော့သည် ။ သို့ရာတွင် နတ်ကြမ်း က ဘာမှ မပြောဝံ့ ဟု ဆိုကြ၏ ။
ကျွန်တော် နှင့် ဖိုင် တို့ ၏ အချစ် ကို အားကျကာ ကျွန်တော်တို့ ကဲ့သို့ သားသမီး ရရန် ကြိုးစားခဲ့သော ကိုဆန်နီ နှင့် မျှောင် တို့ ၏ ဇာတ်သိမ်း က ကြားရသည် မှာ မချိ ရှာ ။ မျှောင် တစ်ယောက် သူ့ အသိုင်းအဝိုင်း သူ့ ဓလေ့ထုံးစံများ ကို ဆန့်ကျင်၍ သားသမီး ယူရင်း မီးတွင်း မှာ ပင် ဆုံးပါးသွားခဲ့ ရှာသည် ။ ကိုဆန်နီ လည်း မြန်မာပြည် သို့ ပြန်သွားသည် ဟု သိရ၏ ။ ကလေး ကိုတော့ ဘာ သတင်းမှ ဆက်၍ မကြားရတော့ ။ ကိုဆန်နီ တစ်ယောက် မျှောင် နှင့် စကား များတိုင်း ပြောလေ့ ရှိသည့် စကားလေး တစ်ခွန်း ကို ကျွန်တော် ကြားနေမိသည် ။ “ သင်္ဘောသား လေ ၊ ထိုင်းစကား ဘယ်ကျွမ်းပါ့မလဲ ” ဟူသော စကား ကို ကိုဆန်နီ က ဆဲချင် လျှင် မြန်မာ လို ဆဲ၏ ။ မျှောင် က မေး လျှင် ထို စကားလေး ဖြင့် နှာနှပ်လွယ်တတ်ပါ၏ ။
ယခုတော့ မျှောင် လည်း မရှိရှာတော့ပြီ ။ သူ့ မိဘများ ကတော့ ကျေနပ်ကြမည် မထင် ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment