❝ လွတ်လပ်ရေးနေ့ မွေးတဲ့ နှင်းဦးရဝေ ❞
ကျွန်တော် ရုပ်ရှင်ရုံ မှ ထွက်လိုက်ချိန် မှာ ပင် အဖျား ဝင်ပြီ ဆိုတာ ချက်ချင်း ရိပ်မိလိုက်ပါသည် ။ ရုပ်ရှင်ရုံ ထဲ မှာ နှစ်နာရီ နီးပါး အအေးခံ ခဲ့သော ကိုယ်ခန္ဓာ က နေ့လယ် နှစ်နာရီကျော် ဘန်ကောက် နေ စ၍ အပူဒဏ် ကို မခံနိုင်ရှာ ။ ကြက်သီး ဖြန်းဖြန်း ထရင်း အိမ်ပြန် လာခဲ့ရသည် ။ ကျွန်တော့် အိမ် တွင် ဇနီးအေး ၏ မောင် ဖြစ်သူ ကိုနိုင် လည်း ရောက်နေ၏ ။ ကျွန်တော် အိမ် မရောက်ခင် လမ်းသွယ်ထိပ် မှ ဆိုင် တွင် ‘ ကော့တီရို ’ ဝင် စားကြည့်သည် ။ ပါးစပ် က လက် မခံတော့ ။ အသားလုံးများ ကို ဝါး နေရင်း ကပင် ခံတွင်း က အန်ချင် နေ၏ ။ ကိုယ် ပူရှိန် က တရိပ်ရိပ်တက် လာပြန်သည် ။
အိမ် ရောက်တော့ ကိုနိုင့် ကို 7/11 တွင် ဆေးသွား ဝယ်ခိုင်းသည် ။ ကိုနိုင် သွားဝယ်၏ ။ သို့သော် မရခဲ့ ။ သူ က ယိုးဒယားစကား မှ မတတ်ဘဲကိုး ။ ဆေးများ က ကောင်တာ မှာ သာ ရှိသည် မို့ မပြောတတ်လျှင် ဝယ်၍ မရ ။ ယိုးဒယားဆေး ‘ တစ်ဖီ ’ ကိုပင် ကိုနိုင် က မပြောတတ် ။ ကိုနိုင် ဆေး ဝယ် မရသဖြင့် ကျွန်တော် ခေါင်းမြီးခြုံ အိပ်နေရာ မှ ကပျာကယာ ထပြီး ဖိုင်တို့ အိမ် သို့ ထွက်လာခဲ့မိပါသည် ။
ဖိုင်တို့ အိမ် ၌ စူဒါနမ်( နမ့်ရို ) အား သူ့ အဘွား က ချော့သိပ် နေပါသည် ။ ကျွန်တော့် ကို တွေ့တော့ မေးလာသည် ။ နေမကောင်း ဖြစ်နေပုံ ကို ရိပ်မိ ၍ ဘာဖြစ်လာတာလဲ ဟု မေးခြင်းပင် ။ ကျွန်တော် စကား မဆိုနိုင် ။ နေမကောင်းကြောင်း ခေါင်းညိတ် ပြ၍ စောင် နှင့် ခေါင်းအုံး တောင်းကာ ကြမ်းပြင် ပေါ်မှာ ပင် ထိုးလှဲချလိုက်တော့၏ ။ ထိုနောက်ပိုင်း ကျွန်တော် ခြောက်နာရီ နီးပါး သတိလစ် သွားခဲ့၏ ။ ဖိုင် လည်း အချိန်ပို မဆင်းတော့ ဘဲ ပြန်လာပြီး ကျွန်တော့် ကို ပြုစုရှာသည် ။ ဆေး ခေါ် ထိုးပေး၏ ။ စားဆေးတွေ တိုက်၏ ။ ကျွန်တော့် အဖျား က မကျ ။ သတိ က ရ တစ်ချက် မရ တစ်ချက် ။ နောက်တော့ ရေပတ်တိုက် ဖို့ ကျွန်တော် သတိရ ပြီး ဖိုင့် ကို ရေပတ် တိုက်ခိုင်း၏ ။ ဖိုင် က မလုပ်ရဲ ။ ကျွန်တော် အတန်တန်ပြောတော့မှ မျက်နှာ ကို အရင် တိုက်ပေးသည် ။ နောက်တော့ ကိုယ်လက်များ ကို တိုက်ပေး၏ ။ ကျွန်တော် အပူချိန် ကျသွားသဖြင့် သုံး လေးခါ တိုက် ပေးပါတော့သည် ။ ည နှစ်နာရီ တွင် ကျွန်တော် ကောင်းကောင်း သတိရ လာပါတော့သည် ။ ဖိုင် က ကျွန်တော့် ကို ပွေ့ထားရင်း ငေးငိုင် နေပါ၏ ။
မနက်ပိုင်း မှာ အဖျား က ပြန် တက်ချင် သေးသော်ငြား ဆယ့်တစ်နာရီ လောက် မှာ တော့ အဖျား မရှိတော့ ။ ဖိုင် က မေးသည် ။
“ ရှင် ဘာဖြစ်တာလဲ ဟင် တစ်ညလုံး အို ... တစ်ညလုံးပဲ ကျွန်မ ကြောက်တယ် ”
“ ဟုတ်တယ် ဖိုင် ကျွန်တော် တစ်ခါမှ ဒီလို မဖြစ်ဖူးဘူး ။ ရုပ်ရှင်ရုံ က ထွက်လာ ကတည်းက ဖျားတာပဲ ”
“ တစ်ညလုံး ပဲ အခုကျတော့လည်း အံ့ဩစရာပဲ ။ ရှင် ဘာမှ မဖြစ်သလိုပဲ ။ တကယ်နော် ”
ဖိုင် က “ သူ ဘယ်လောက် ပြုစု ယုယခဲ့သည် ကို ဖွင့် မပြော ။ သို့သော် ဖိုင့် အမေ က ပြောပြ၍ ကျွန်တော် သိပြီးလေပြီ ။ ဖိုင့် အမေ ကလည်း ကျွန်တော် ချက်ချင်း နေပြန် ကောင်းလာပုံကို မယုံနိုင် ။ တစ်နေ့လုံး ။ တစ်ညလုံး သေလုမြောပါး သတိလက်လွတ် ဖြစ်နေသည် မို့ ဆေးရုံ တင်ရန် ကို ပင် တိုင်ပင် နေကြ၏ ။ ယခု ကျွန်တော် ပြန် နလန်ထ နေပုံက ယုံချင်စရာမရှိ ။ ကျွန်တော် တွေး လိုက်သည် က ဇနီးအေး ကို ဖြစ်ပါသည် ။ “ အေး ” သည် နေ့စေ့ လစေ့ ဖြင့် မီးဖွားချိန် ရောက်နေပြီ ။ ကျွန်တော် သက်သာ လာခြင်းသည် သူ့ အတွက် ဥပါဒ် ဖြစ်စေမည်လား ဟု တွေးကာ ဖုန်းဆက် မိ၏ ။ “ အေး ” က ဘာမှ မဖြစ် ။ လွန်ခဲ့သော နှစ်ရက်က ပင် “ သမီးလေး ” မွေးဖွားပြီး ဖြစ်ကြောင်း အမေ က ပြောပြသည် ။ လွတ်လပ်ရေးနေ့ မှာ မွေးသည် ဟု ဆို၏ ။ ကျွန်တော် အံ့ဩမိသည် မှာ စူဒါနမ် ( နမ့်ရို့ ) သည် စနေနေ့ မွေး၍ ယခု သမီး သည် လွတ်လပ်ရေးနေ့ မွေး၏ ။ ‘ စူဒါနမ် ’ ကို ၉၈ မှာ မွေးပြီး ‘ နှင်းဦးရဝေ ’ အား ၂၀၀၀ ပြည့်နှစ် မှာ မွေးခဲ့သည် ။
စူဒါနမ် က စိတ်ကြီး၏ ။ ငယ်တုန်းမို့လားတော့ မပြောတတ် ။ သူ့ ပစ္စည်း သူ့ ဥစ္စာ ကို အလွန် မှတ်သား တတ်၏ ။ အနိုင်ကျင့်တတ်သည့် စိတ်ကလေး ကို မူ ကျွန်တော် မကြိုက် ။ သူ့ အစ်မဝမ်းကွဲများ ၏ ကျောင်းစာအုပ် များ ၊ ကစားစရာများ ၊ အဝတ်အစားအသစ်များကို မကြာခဏ လုယူ တတ်သည် ။ တစ်အိမ်လုံး ကလည်း သူ့ဘက် က ဆိုတော့ ပို၍ အနိုင်ယူလိုစိတ်များ ကဲနေခြင်း ဖြစ်သည် ။ တစ်ချီ မှာ တော့ သူ့ အစ်မ ဝမ်းကွဲ ပစ္စည်း ကို သွား လု သဖြင့် ကျွန်တော် သူ့ကို ရိုက်ဖို့ ပြင်သည် ။ အာခေါင်ခြစ်၍ အော်လေ သဖြင့် သူ့ အဘွား ရော ၊ ဘေးခန်း မှ လူများ ပါ ဒရောသောပါး ရောက်လာကြ၏ ။ ကျွန်တော် မရိုက်ရသေးကြောင်း သူ့ အစ်မ က သက်သေစကား ဆိုသည့် တိုင် ‘ နမ်ရို ’ ဤမျှအထိ မကြောက်ခဲ့ ဖူးကြောင်း သူ့ အဘွား က ကျွန်တော့် ကို ပြစ်တင် ပြောဆို၏ ။ ဟုတ်တော့ နေပြီ ။ စူဒါနမ် သည် အတော့် ကို ပုံသွင်းရ ခက်တော့မည် ။
ထိုကိစ္စ နှင့် ပတ်သက်၍ ဖိုင် နှင့် ကျွန်တော် ဆွေးနွေးရလေပြီ ။
“ အမေတို့ က မရဘူးရှင် ၊ နမ့်ရို မှ နမ့်ရို ဆိုတော့ ကျွန်မ လည်း ရိုက် တာပဲ မရဘူး ”
“ ကြာရင် ဖိုင့် ကို မကြောက်ဘဲ နေမယ်နော် ”
“ မကြောက်တာတော့ အမှန်ပဲ ။ အမေ က သူ့ ကို လသား ကတည်း က ထိန်းကျောင်း ခဲ့တာ ။ သူ့ အလုပ် က တောင် ထွက်ပြီး ထိန်းခဲ့တာ ။ ညဆို အဘိုး အဘွား နဲ့ ပဲ အိပ်တယ် ။ ကျွန်မ ကို ကပ်တာ မဟုတ်ဘူး ”
“ ဖိုင် က အပျို လုပ်နေတာကိုး ”
“ ရူးပြန်ပြီ ဘာစကား ပြောတာလဲ ”
“ ဖိုင် ဖိုင့် မှာ မိခင်စိတ် သိပ် မရှိသလိုပဲ ။ ကျွန်တော် အခု လာတယ် ။ ဖိုင် ဘာမှ မစဉ်းစားဘူး ။ ကျွန်တော် ၊ ဖိုင် ၊ သမီးတို့ နှစ်ဆယ့်လေးနာရီ မဆုံသေးဘူး ။ ဖိုင် လုံးဝ မပြောဘူး ။ ဖိုင့် အလုပ် ကိုပဲ ဖိုင် တွေးတယ် ။ အချိန် ပိုတွေ ဆင်းတယ် ။ ဖိုင် ”
သူ ခေါင်းငုံ့ သွားသည် မို့ ကျွန်တော် လေသံ လျှော့လိုက်ရ၏ ။
“ ရှင် ဘာမှ မသိဘူးနော် တကယ် တကယ် ရှင် ဘာမှ မသိဘူး ”
“ ဘာဖြစ်လို့ လဲ ဖိုင် ”
“ ကျွန်မတို့ လေ ကျွန်မတို့ ဖေဖေ အကြွေးတွေ ဆပ် နေရတယ် ။ ဖေဖေ ငွေတွေ အများကြီး ရှုံးခဲ့တယ် ။ လူမိုက်တွေ ဆီက ချေးတာ မဆပ်ရင် ဒုက္ခ ရောက်မယ် ။ အဲဒါကြောင့်ပါ ”
“ ဘယ်လောက်တောင် လဲ ဖိုင် လောင်းကစားကြောင့် လား ”
“ ဟုတ်ပါ့ ထားပါလေ ဖိုင် ရှင့် ကို တောင်းပန်တယ်နော် ”
“ ကိစ္စမရှိပါဘူး ဖိုင် ။ ကျွန်တော် ဘာလုပ် ပေးရမလဲ နမ့်ရို ကို ”
“ အမေ့ ကို တော့ နမ့်ရို စရိတ် အတွက် ကျွန်မ ပေးပါတယ် ။ ဟိုတစ်လော က ရှင် ပေးတဲ့ ဒေါ်လာတွေ လည်း အကြွေး ဆပ်ထားတယ် ။ ကျွန်မ မှာ လက်ကျန် မရှိတော့ဘူး ”
“ လေး ငါးရက် နေရင် ကျွန်တော် ပေးမယ်နော် ”
“ ရပါတယ် ကျွန်မ တောင်းပန်တယ်နော် ”
“ ဖိုင် နမ့်ရို ကို ဘယ်မှာ ကျောင်းထားမလဲ ။ ကျွန်တော် ဒီမှာ သိပ် ကြာမှာ မဟုတ်ဘူး ။ ခရီး ထွက်ရဦး မယ် ။ တရုတ်ပြည် ကို သွားဖြစ်ဦးမယ် ထင်တယ် ။ ဗီဇာတော့ ရပြီးပြီ ”
“ ဪ သိပြီ သိပြီ မိန်းမသွား ရှာမလို့လား ဟုတ်ပါတယ်လေ ”
ဖိုင် က ကျွန်တော် စိတ်မညစ်စေရန် စ နေခြင်းဖြစ်သည် ။ ဖိုင် သည် ကျွန်တော် မိန်းမ ရသည့် ကိစ္စကို သေချာသော မနောစိတ် က သိနေပြီး ရှာသည် ထင် ။ မိန်းမတို့ ၏ အသိစိတ် ကို ကျွန်တော် မခန့်မှန်းတတ် ။ ဖိုင့် ကို တော့ ဝန်ခံ၍ မဖြစ်သေး ။ ဖိုင် သည် စစ်ရှုံးနေသူ ဖြစ်သည် ။ သူ အပိုင်ရပြီ ဟု တွက်ထားသော သမီး နမ့်ရို မှာ လည်း သူ့ ကို အသာစီး ဖြင့် သာ ချင်နေ၏ ။ ဖိုင့် ဘဝ သည် ဘာဆို ဘာမှ ကိုယ်ကျိုး မရှိသော ဘဝ ပင် ။ ကျွန်တော် က ပါးစပ် က သာ အများ အတွက် အသက်ရှင်နေခြင်း ဟု ကြိမ်းဝါး နေသောငြား ဖိုင် လောက်ပင် ကိုယ်ကျိုး စွန့်နိုင်သူ မဟုတ် ။
ဖိုင့် ဘဝ မှာ ဘာရှိသနည်း ။
ကျွန်တော့် မှာ က ဇနီး အေး ရှိ၏ ။ သမီး တစ်ဦး လည်း ရပြီ ။ လောက သိုက်မြုံ ကို ကျွန်တော် တည်ဆောက် ခဲ့ပြီးပြီ ။ ဖိုင့် မှာ ဘာမှ မရှိ ။ သမီး စူဒါနမ် ၏ စရိုက် ၊ အမူအကျင့် ၊ လူ ဖြစ်လာပုံ အစ ကို က ဖိုင် နှင့် ခပ်ကွာကွာ ရှိလှ၏ ။ ဖိုင့် အမူအကျင့်မျိုး စူဒါနမ် မှာ မရှိ ။ တစ်ချိန်တွင် စုဒါနမ် သည် ကျွန်တော့် လို ပင် လောက ကို ထင်ရာ စိုင်းချေ ဦးမည် ။ သူ လူလားမြောက် ဖို့ အတွက်မူ ဖိုင့် ကို အသုံးချ သွားလိမ့်မည် ။ ဖိုင့် အချစ် ၊ ဖိုင့် စွမ်းအား ၊ ဖိုင့် မေတ္တာများ ကို စားသုံးမှီဝဲပြီး တစ်ချိန်တွင် ဖိုင့် ကို စွန့်မှာ သေချာ၏ ။ အဖေ့သွေး က ချည်းနင်းခဲ့ပြီကိုး ။
ထိုစကားတွေ ဖိုင့် ကို ကျွန်တော် ပြောသောအခါ ဖိုင် က ပြုံးလျက် သည်းခံစွာ ခေါင်းငုံ့ ရှာသည် ။ ကျွန်တော် ဖိုင့် ကို ကရုဏာ ဖြစ်စွာဖြင့် သူ့ လက် ကို ဆုပ်ကိုင်၍ ကျွန်တော် ပြန်လာမှာပါ ။ ကျွန်တော့် ကို ယုံပါ ဟု ပြောတော့ ဖိုင် ခေါင်းညိတ်၏ ။ ဖိုင့် ကို ကျွန်တော် ကြိမ်ဖန်များ စွာ ခေါ်ခဲ့သော်ငြား ဖိုင် က သူ့ မိဘ ကို မခွာနိုင် ။ ကျွန်တော် ဖိုင့် ကို မတားချင်တော့ ။ ဖိုင် တည်ဆောက်ခဲ့သော ဘဝသိုက်မြုံ ၌ ဖိုင် သည် မရှိမဖြစ် လိုအပ်ချက် ဖြစ်၏ ။ သူ့ ဘဝ ၊ သူ့ စွမ်းအား ၊ သူ့ ပေးဆပ်မှုများ ကို ရယူသုံးစွဲသူများ သည် သူတို့ အတွက် ဖိုင် မရှိ၍ မဖြစ်ပါ ။ ဒါကတော့ မိသားစု ရေးရာသာ ဖြစ်၏ ။ မတရားမှု လည်း မဟုတ် ။ မိသားစု တစ်ခု ရှင်သန် ကြီးထွားရန် အတွက် တစ်ဦး မဟုတ် တစ်ဦး ကတော့ ရုန်းကန်ရမြဲ ဖြစ်ပါ ၏ ။ ဖိုင့် ကို ဆိုလျှင် ဖိုင့် မိဘများ က အားကိုးကြသည် ။ ဖိုင့် ညီမ နှစ်ယောက် က ချစ်သည် ။ ဖိုင့် တူမ နှစ်ယောက် က မရှိ မဖြစ် တွယ်တာ၏ ။ စူဒါနမ် က တော့ ဖိုင်သည် သူ့ မူပိုင်ပစ္စည်း ဟု အပိုင် တွက်ထား၏ ။ ကျွန်တော် ပင် လျှင် ဖိုင့် ဆီမှ ရယူခြင်းပေါင်း များ စွာ ပိုင်ဆိုင်ခဲ့သူ ဖြစ်သည် ကိုး ။ ဖိုင့် ကို ဆိုလျှင် ကျွန်တော် က အစ ပတ်သက်သမျှ အားလုံး က အပိုင် ဟု တွက်ထားကြသည် ။ ဖိုင့် ကို ဘာမှ ပေးစရာ မလို ။ ဖိုင့် ဆီက သာ ရသင့်ရထိုက်တာ မှန်သမျှ ယူကြမည့် သူတွေ ထဲ တွင် ဖိုင် တစ်ယောက် လူသား စင်စစ် ဖြစ်နေ၏ ။ သို့တိုင် ဖိုင် သည် ငြူစူခံရ၏ ။ အပြစ်တင် ခံရ၏ ။ ဝေဖန်ခံရ၏ ။ ချစ်သလိုလို နှင့် အနိုင်ကျင့် ခံရ၏ ။
ကျွန်တော် ဖိုင့် ကို ဘာ ချစ်ပါသနည်း ဟု စေ့စေ့ စဉ်းစားတိုင်း ကျွန်တော် ထင်တိုင်း ခြယ်လှယ်ခွင့် ရ၍ ချစ်ခြင်း ဟု တဖြည်းဖြည်း ဝန်ခံ တွေးတောမိလာသည် ။ ဖိုင် ကျွန်တော် နှင့် ဝေးအောင် ဘယ်မျှ ပြေးပြေး ဘယ်နှနှစ် ပြေးပြေး မိပြီ ဆိုလျှင် ဖိုင် သည် ကျွန်တော့် ကို ချစ်ရမြဲပင် ။ ဤဖြစ်ရပ် အတွက် ကျွန်တော် ဖိုင့် ကို ဒူးထောက် ချင်သည့် တိုင် ဘယ် တော့မှ ဒူးထောက်မည် မဟုတ် ။ ဖိုင် သည် ကျွန်တော် ၏ ရပိုင်ခွင့် ဖြစ်သည် ။ ကျွန်တော့် နှလုံး သား တွင် နန်းစံ နေသော ကျွန်တော် ၏ မူပိုင် မိဖုရား သာ ဖြစ်သည် ။
သံသရာ ဟူသော ဝေါဟာရ ကိုပင် ကျွန်တော် လွန်လွန်ကဲကဲ တွေး ကြည့်မိပါသည် ။ လွန်လေပြီးသော သံသရာ တွင် ဖိုင် နှင့် ကျွန်တော် ဆုံခဲ့သည် ဆိုငြားအံ့ ။ ဖိုင် သည် ဤသဘော အတိုင်းသာ ကျွန်တော့် ကို ချစ်ရှာပါ လိမ့်မည် ။ ကိုင်း နောင် သံသရာ ရော ဟု ဆက်တွေး ပါ လျှင် လည်း ဤသဘော အတိုင်း ရှိနေမည် ထင်ပါသည် ။
သမီး ရဝေ ကို ကျွန်တော် ရခဲ့ပြီ ဆိုသောအခါ အိမ်ထောင်စု တာဝန် အား စတင်၍ တွေးတောလာမိသည် ။ ဖိုင် ၊ စူဒါနမ် နှင့် ကျွန်တော်တို့ သုံးဦးသား အိမ်ထောင်စုလေး အဖြစ် ကို မဖန်တီးနိုင် ။ ကြိမ်ဖန်များစွာ ကျွန်တော် ရော ဖိုင် ပါ ကြိုးစားသည် ။ မရ ။ ၂၄ နာရီ မပြည့်သည့် အကြိမ်ပေါင်း များစွာဖြင့် ခွဲခွာရသည် ။ ဖိုင့် မိသားစု ၌ ဖိုင် မရှိမဖြစ် ။ စက်ယန္တရား ၏ ပင်မ အစိတ်အပိုင်း လို ဖြစ်နေသောကြောင့် ဖိုင် မရှိလျှင် လည်ပတ်ရာ၌ ကမောက်ကမ ဖြစ် သည် ။ ဖိုင့် တူမ နှစ်ယောက် က အော်ကြ ၊ ငိုကြသည် ။ ဖိုင့် အဖေ က စိတ်ဓာတ် ကျသည် ။ ဖိုင့် အမေ က မြည်တွန်သည် ။ ဖိုင့် ညီမ နှစ်ဦး က ဘာသိဘာသာ ဖြစ်ကုန်သည် ။ ဖိုင် သည် လည်း စူဒါနမ် လို ပင် သူ့ အိမ် သို့သာ လွမ်း နေရှာသည် ။
ကျွန်တော် နှင့် ဖိုင် သည် မိသားစု ကိစ္စများ အတွက် ကိုယ်ကျိုး ရှာ သော အတ္တပညာ မထွန်းကားကြ ။ အချိန်တန် လျှင် ဖိုင် သည် သူ့ မိသားစု သိုက်မြုံ သို့ ပြန်၏ ။ ကျွန်တော် လည်း မိသားစု ကိစ္စများ ထဲ သို့ ပြန် ဝင်ပြေး၏ ။
လောက၌ ဖိုင် သည် ကျွန်တော် မရှိဘဲ ဘာမှ မဖြစ် ။
ဤ သဘောတရား ကို ကျွန်တော် ကောင်းစွာ လက်ခံပြီး ဇနီးအေး နှင့် မိသားစုသိုက်မြုံ ကို အကောင်အထည် ဖော်ချင်လာမိသည် ။ သို့ရာတွင် ချက်ချင်း မဟုတ်သေး ။ ကျွန်တော် အမေရိကား သို့ ထွက်သွားရန် အမျိုးမျိုး ကြံသည် ။ စိတ် က ပြင်းပြင်းပြပြ အာသီသ ဖြစ်မလာခဲ့ ။ ထို့ကြောင့် စာပေအနုပညာ နယ်ပယ် ကို ကြံဆတွေးတောပြီး အများ နည်းတူပဲ ဟု စိတ်လျှော့ လိုက်မိတော့သည် ။
ဖိုင် နှင့် ကျွန်တော် နောက်ဆုံး ဆွေးနွေးပွဲ တစ်ခု ပြုရမည် ဟု တွေး ရင်း စင်ကာပူ သို့ ပြန် ဝင်ပေးရမည့် ကိစ္စ တစ်ခု ကို လက်ခံလိုက်မိသည် ။
ထို စင်ကာပူခရီး သည် ကျွန်တော့် ဘဝ အား သွေးထွက်အောင် ပြောင်းလဲ စေခဲ့သော ခရီး ဖြစ်တော့သည် ။ ကျွန်တော့် အား ကိုယ်ကျိုးရှာ ထင်ရာစိုင်း နေလျှင် လောကဥပဒေသ က ဒဏ်ခတ်တော့မည် ဟု တိတိကျကျ သတိပေး လိုက်သော ခရီးစဉ် ဖြစ်တော့သည် ။ စင်ကာပူထောင် ၏ အရသာ ကို ဝဝလင်လင် ခံစားစေသည့် ခရီး ပင်တည်း ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment