❝ ဘန်ကောက် ကို သစ္စာ ဖောက်မိသူ ❞
( ဒုတိယပိုင်း )
တရားသူကြီးမင်း က ကျွန်တော့် မျက်လုံးများ ကို စူးစိုက် အကဲခတ် နေသဖြင့် ကျွန်တော် ရဲရင့်တည် ကြည်စွာပင် သူ့ ကို ပြန် ငေးကြည့် နေမိသည် ။ မျက်လုံးချင်း ဆုံနေကြသည် မှာ အနည်းငယ် ကြာသည် ။ ထို့နောက် တရားသူကြီးမင်း က ကျွန်တော့် ပြစ်မှုများ ကို ပြန် ကြည့်ရင်း အမိန့် ချသည် ။
စုစုပေါင်း သုံးလ နှင့် ဆယ်ရက် သာ ။ ကြိမ် က သုံးချက် ။
အချုပ်ရက် ကို နုတ်ခွင့် ပေးပြန်တော့ ကျွန်တော် ထောင်ချခံရမည့် ရက်မှာ နှစ်လ နှင့် ရက်နှစ်ဆယ် ။ ကျွန်တော့် နား ကိုပင် ကျွန်တော် မယုံ ။ တရားသူကြီး မှ အမိန့် ချမှတ်လိုက် ပြီးလျှင် ထို တရားခံ မှာ တရားခွင် ၌ ဆက် နေခွင့် မရှိ ။ ဘေးပေါက်လေး မှ တစ်ဆင့် လှေကားထစ် တွင် စောင့် နေရသည် ။ ယနေ့ အဖို့ အချုပ်ဆောင် သို့ မသွားရတော့ ။ ထောင် သို့ တိုက်ရိုက် သွားရတော့မည် ။ ကျွန်တော်တို့ အုပ်စု ထဲ တွင် များများစားစား ပြစ်ဒဏ်ကျသူ က နှစ်ဦး သုံးဦး သာ ရှိပါသည် ။ ပထမဆုံး အဖမ်းခံရ သော မောင်ကျော် က တစ်နှစ်ခွဲ ၊ သူ လက်ညှိုး ထိုး၍ တရားခံ လုပ်ခဲ့သူ လင်မယား နှစ်ဦး မှ ယောက်ျား ဖြစ်သူ က သုံးနှစ် ၊ ဖြူဖြူ က သုံးနှစ် အသီးသီး ပြစ်ဒဏ် ကျခံရသည် ။
ကျွန်တော် ကျခံရသော ပြစ်ဒဏ် ကို ကြားရသောအခါ မည်သူမှ မယုံ ။
လူ အပို့အကြို ၊ အိမ်ငှားစားမှု ၊ ပတ်စ်ပို့ဒ် ရောင်းဝယ်မှု ၊ စာရွက်စာတမ်းအတု ပြုလုပ်မှု ၊ သူတစ်ပါး ကျောင်းသားကတ် လက်ဝယ် တွေ့ရှိမှု ၊ သူတစ်ပါး ပတ်စ်ပို့ဒ် နှစ်ခု အား လက်ဝယ် တွေ့ရှိမှု စသည့် အပြစ်များ ကြောင့် ထောင်ဒဏ် နည်းလိမ့်မည် မဟုတ် ဟု ကျွန်တော့် ကိုယ် ကျွန်တော် လည်း တွက်ထားခဲ့သည် ။
သို့ရာတွင် ကျွန်တော် တကယ် ရင်ဆိုင်ရသည် က တရားမဝင် နေ ထိုင်မှု နှင့် သူတစ်ပါး ကျောင်းသားကတ် လက်ဝယ် တွေ့ရှိမှု နှစ်ခု သာ ဖြစ်သည် ။ ကျွန်တော့် သစ္စာ ဖောက်သော မိတ်ဆွေကြီး မှာ တော့ ထောင်ဒဏ် နှစ်ရက် သာ ပြစ်ဒဏ် ကျခံရပြီး မြန်မာပြည် သို့ ပြန်ခွင့် ပြုခဲ့သည် ။ သူ ထင်ထားသည် က အစိုးရသက်သေ အဖြစ် နောက်ထပ် နှစ်နှစ် ၊ သုံးနှစ် ဆက်လက် နေထိုင်ခွင့် ရလိမ့်မည် ဟူ၍ ဖြစ်သည် ။ သူ တွက်ဆထား သလို ကျွန်တော်တို့ အမှုများ က မရှည်ဝေး ။ ရက်နှစ်ဆယ် ဖြင့် ပင် စီရင်ချက် ချနိုင်ခဲ့သောကြောင့် သူ လည်း အစိုးရသက်သေ မဖြစ်တော့ ။
ကျွန်တော့် ကို ချန်ဂီထောင် သို့ ပို့သည် ။
ထောင်အဝင် တွင် တလာ စီ ကြသည် ။ စုစုပေါင်း လူငါးဆယ် ကျော် သဖြင့် ဆယ်ယောက် လျှင် တစ်တန်း နှုန်း တန်းစီ ကြရသည် ။ နေ က ပူ ရသည့် အထဲ ကိုယ်လုံးတီး ဖြင့် ဖိနပ် ပင် စီးခွင့် မရဘဲ ကွန်ကရစ် ပေါ်၌ တန်းစီ ကြရသည် ။ လူ တစ်ကိုယ်လုံး အပေါက်အစ မကျန် ရှာသည် ။ ကုန်းခိုင်း ၊ ကွခိုင်းသည် ။ ထို့နောက် ပစ္စည်းစာရင်း အလိုက် နာမည် ခေါ်၍ ကိုယ့် ပစ္စည်း ကိုယ် အစစ် ခံကြရသည် ။ အဝတ်အစား ပြန် ဝတ် ကြရသည် ။ ပိုက်ဆံများ ကို စနစ်တကျ လက်ခံ သိမ်းပေး၏ ။ လက်သည်းညှပ် ၊ နားဖာကလော် စသည် များကိုတော့ အမှိုက်ပုံး တွင်း သို့ ချက်ချင်း ပစ်ထည့်သည် ။
ထောင်ဝတ်စုံများ ဝတ်ပြီးကြသည့် အခါ လက် ၌ ကော်ကြိုး အမာစားလေးဖြင့် ထောင်ကျ နံပါတ် ပါ တစ်ခါတည်း တွဲပေးရင်း မဖြုတ်ရ ၊ မပြုတ်စေရ ဟု ပြင်းပြင်းထန်ထန် သတိ ပေးကာ ဝတ်ထားစေသည် ။ ထို့နောက် မြက်ဖျာ တစ်ချပ် နှင့် စောင် နှစ်ထည် ၊ စတီးခွက် တစ်ခွက် ၊ တဘက် ၊ ဆပ်ပြာများ ပေးပြီး အတွဲလိုက် ၊ အတွဲလိုက် မိမိတို့ နေရမည့် အချုပ်ခန်းဆောင် သို့ ပို့ပေးသည် ။
ထောင် ကတော့ ကျပြန်လေပြီ တစ်ချီ ။
ရောက်ရောက်ချင်း နေ့တွင် ကျွန်တော့် အား တခြား ထောင်ကျ မြန်မာ တစ်ဦး ၊ အိန္ဒိယသား နှစ်ဦး နှင့် တွဲကာ အချုပ်ခန်းလေး ၌ နေရသည် ။ အလျား ကိုးပေ၊ အနံ ခုနှစ်ပေခန့် ရှိသော အခန်းကျဉ်းလေး ဖြစ်ပြီး နေရောင် မမြင်ရ ။ အထဲ ၌ ဟင်းလင်း ဖွင့် ထားသော ရေအိမ် ရှိသည် ။ မျက်နှာ ပဲ သစ်သစ် ၊ အပေါ့အလေး ပဲ သွားသွား ၊ ကျန် လူများ က မျက်နှာ လွှဲ ပေးရသည် ။ အနုစား တိုက်ပိတ်ခံရခြင်းဖြစ်သည် ။ ထို အခန်း တွင် နှစ်ရက် လောက် နေရပြီး ခေါင်းတုံးပုံစံ ဆံပင်ညှပ် ပေးသည် ။
နောက်ရက်များ တွင် ကျွန်တော် ပြောင်းရွှေ့ ရသော အဆောင်ကြီး မှာ အချုပ်ဆောင် အကြီးစားကြီး ဖြစ်သည် ။ စုစုပေါင်း လူလေးဆယ် ကျော် ဆံ့သည် ။ မနက် ဆိုလျှင် လက်ဖက်ရည် နှင့် ပေါင်မုန့်ကြမ်းများ ကို လိုက် ဝေ၏ ။ ကိုယ့် ခွက်ကို သွား၍ စီချ ထားရုံသာ ။ မနက်စာ လက်ဖက်ရည် တိုက်ပြီးလျှင် တန်းစီ ထိုင်ရသည် ။ ထို့နောက် ကိုယ့် အစု နှင့် ကိုယ် စကား ပြောနိုင်သည် ။ ခဏကြာလျှင် အပြင်သို့ ထုတ်၍ ရေချိုးခွင့် ၊ ဘောလုံး ၊ ခြင်းလုံး ကစားခွင့်ပေးသည် ။
ထို အဆောင် မှာ နေရသည် မှာ သိပ် မကြာလိုက် ။ အလုပ်သမား စာရင်း တွင် ကျွန်တော့် နာမည် ပါလာ သဖြင့် အလုပ် ထွက် လုပ်ရန် ပြောင်းရွှေ့ ခဲ့ရတော့သည် ။ ကျွန်တော် မလိုက်ချင် ၍ ငြင်းကြည့် သေးသည် ။ အချုပ်ဆောင် မှ စင်ကာပူလူမျိုး လူကြီးများ က လိုက်သွား စေလိုကြောင်း၊ အလုပ်သမား ဖြစ်လျှင် အနေ ၊ အစား သက်သာကြောင်း ၊ တစ်နေ့လျှင် သုံးကြိမ် အပြင် ထွက်ခွင့် ရကြောင်း ၊ အလုပ် မလိုက်လျှင် ပို့စ်ဒေါင်းဆောင် သို့ ပို့တတ်ကြောင်း ဝိုင်း ပြောသဖြင့် အလုပ် လာခေါ်သူများ နှင့် လိုက်ဖြစ်ခဲ့သည် ။
အလုပ်သမား မို့ အနေ၊ အစား ချောင်သော်ငြား အလုပ် မှာ မချောင် ။
ကျွန်တော် တာဝန်ကျသည့် အလုပ် မှာ ထောင်ကျများ အား မနက် လက်ဖက်ရည်၊ နေ့လည် ထမင်း ၊ ညနေ ထမင်း ၊ ကြားတွင် လက်ဖက်ရည် တစ်ကြိမ် လိုက်လံ ပို့ပေးရသည့် အလုပ် ဖြစ်သည် ။ ကိုယ့် အဆောင် နှင့် ကိုယ် တာဝန် ယူရသည် ။ ကျွန်တော်တို့ အုပ်စု တာဝန် ယူရသော အဆောင် ၌ အခန်း ရှိသမျှ အပေါ်ထပ်ရော အောက်ပါ လူစေ့ အခန်းစေ့ ထမင်းပုံစံ၊ ပန်းကန်များ လိုက်ဝေပေးရသည် ။ စုစုပေါင်း အလုပ်သမား နှစ်ဆယ် ကျော် ရှိသည့် တိုင် အမောဆို့အောင် လုပ်ရခြင်းများ ဖြစ်သည် ။ လှေကား အတက်အဆင်း ထမင်းပုံစံ ပန်းကန်စေ့ မစေ့ စား ပြီးလျှင် ပြန် သိမ်း ၊ ရေနွေးလိုက် စသော အလုပ်များ ကို ခေါက်တုံ့ခေါက်ပြန် လုပ်ကြရ သည် ။ အလုပ် မစ ခင် တီဗွီ ကြည့်ခွင့် ရသည် ။ ပြီးလျှင် ရေမိုးချိုးခွင့် ပေး၏ ။ ရေ မချိုးခင် ခြင်းလုံး ကစားခွင့် ပေးသည် ။ တီဗွီ ကြည့် ခွင့်ရသည် ။ ထို အလုပ်များ မှာ လည်း ကျွန်တော် ဆယ်ရက်ကျော် သာ လုပ်ခဲ့ရသည် ။
နောက်ထပ် ပြောင်းရသည့် အလုပ် ကတော့ အထူးသီးသန့် လူ စစ်၍ ခိုင်းသော အလုပ် ဖြစ်သည် ။ အလုပ် လုပ်ရမည့် သူ သည် နှစ်ရှည်လများ ထောင်ကျ မဖြစ်ရ ။ ဘာသာစကား တီးမိခေါက်မိ ရမည် ။ ခန္ဓာကိုယ် ကြံ့ခိုင်ရမည် ။ ပြေပြစ်ပါးနပ်ရမည် စသည် သတ်မှတ်ချက်များ ဖြင့် ပြည့်စုံသူ ကို ရွေး၍ ခေါ်သည် ။
သူ့ကို ဘာကြောင့် ရွေး၍ ခေါ်ရသနည်း ။ သေဒဏ် လျာထားခံရသည့် အနီဝတ် ထောင်သားများ ကို လက်ဖက်ရည် ၊ ထမင်း ၊ တစ်နေ့ နှစ်ကြိမ် လိုက်လံ ပို့ဆောင်ရသော အလုပ် ဖြစ်၍ လူ ရွေးပြီး ခေါ်ရခြင်း ဖြစ်သည် ။ ကျွန်တော် က ထောင်ကျရက် နည်း သဖြင့် ထို အနီဝတ်များ နှင့် သံယောဇဉ် တွယ်စရာ မရှိ ။ ရင်းနှီးကျွမ်းဝင်ဖွယ် မရှိ ။ ဘာ စကား မှ မပြောရ ဟု မိန့်မှာ ထား သဖြင့် ပို၍ ပင် သတိထားပြီး လုပ်ရသောကြောင့် ဘာ ပြဿနာ မှ မရှိတော့ ။ သို့ သော် ကျွန်တော် တုန်လှုပ်သည် ကိုတော့ ဝန်ခံပါသည် ။ သူတို့ ခမျာ သေချာပေါက် သေဒဏ် ကျတော့မည့် သူများ ဖြစ်သည် ။ အနီဝတ်စုံကြီးများ ဝတ်ထားကြသည် ။ ကျွန်တော် က လက်ဖက်ရည် ၊ ထမင်း တစ်နေ့ နှစ်ကြိမ် လိုက်လံပို့ဆောင်ပေးရ သဖြင့် တံခါးချပ် ပွင့် လာချိန် တွင် မရဲတရဲ ကြည့်မိသည် ။ သူတို့ က ချိုသာပါသည် ။ ဘာ ပြဿနာ မှ မရှာ ။ တချို့ဆို ငယ်ရွယ်နုနယ်သော ချာတိတ် သာသာ အရွယ်လေးများ ပင် တွေ့ရသည် ။ တံခါးဝ မှာ ကပ် ထားသော စာရွက်ကို ကြည့်၍ သေဒဏ် ဆိုသည့် စာသားကြီးကြောင့် ကျွန်တော် မှာ အလိုလို လန့် နေပါသည် ။
ကျွန်တော့် အခန်းဝ မှာ ကျွန်တော့် ထောင်ချနံပါတ် ကို ရေးပြီး ကပ် ထားသည် ။ ကျသည့် နေ့၊ လွတ်မည့် နေ့ ကို ကပ်ထားသည် ။ ကျွန်တော့် လက် မှာ လည်း ကော်လက်ပတ်ကြိုး နှင့် အတူ ထောင်ကျ နံပါတ် ကို ကပ်ထားသည် ။ ကျွန်တော် က အပြင် ရောက်ဦးမည့် သူ ၊ လောလောဆယ် သေမင်း နှင့် ပြဿနာ မရှိသေး ။ သူတို့ က သေဒဏ် ချမှတ် ခံရပြီးသူများ တွေ ၊ အယူခံ ဝင်ထားကြသူတွေ ဖြစ်သည် ။ မူးယစ်ဆေးဝါးမှု က အများစု ဟု သိရသည် ။
ဪ ကျွန်တော် ကြိမ်ရိုက် ခံရသည် ကို ဖောက်သည် ချရဦးမည် ။ ကြိမ်ဒဏ် ပေးသည့် နေ့ က ကျွန်တော် အလုပ် နားခွင့် ရသည် ။ အောက်ထပ်ရှိ ရုံးခန်း မှ လာ ခေါ်သည် ကို စောင့်ပြီး ကြိမ်ယစ်ပလ္လင် ၌ အပူဇော်ခံ ရန် ဘုရားတ ရင်း စောင့်နေရပါသည် ။
ထိုနေ့ က ကျွန်တော် နှင့် အတူ ကြိမ်ဒဏ် ပေးခံရမည့် သူများ သုံး ဆယ်ခန့် ရှိသည် ။ လူမျိုးစုံ ပါသည် ။ ကြိမ်ဒဏ် မပေး ခံရမီ အတော့် ကို ထိ တ်လန့်စရာ ကောင်းသော ကိစ္စမှာ ရုပ်မြင်သံကြား ၌ အရင် ပြသခြင်း နှင့် ကြိမ်ဒဏ် ပေးခံနေရသူများ ကို မလှမ်းမကမ်း မှ ကျောပေး ၍ ကြည့်နေ့ရခြင်း ဖြစ်ပါသည် ။ ဝှီးခနဲ လေပေါ် မြောက်တက် သွားသံ ၊ အသား ကို ထိ သံ ၊ အမယ်လေး အော်သံ ၊ ကြိမ် ကို လေ ထဲမှာ တဝှီးဝှီး အားယူနေသံများ က တကယ့် ကို ငရဲခန်း အသေးစား ထဲ ရောက်နေခြင်း ဖြစ်သည် ။
ကိုယ့် အလှည့် မရောက်မီ နှစ်ယောက် အလိုတွင် အနီးကပ် သွားထိုင် ၍ မျက်နှာချင်းဆိုင် ကြည့်နေရ ပြန်သည် ။ ကြိမ်ဒဏ် ခံရမည့် သူ အား မှောက်ခုံ အိပ်စေပုံ၊ လက်နှစ်ဖက် အား ချုပ်နှောင် တုပ်ဆွဲထားပုံ၊ တင်ပါး ဖော်ရပုံ၊ ခြေနှစ်ဖက် အား ကွင်းခတ်၍ တုပ်နှောင်ထားပုံများ မှာ အတော့် ကို မသတီစရာ ကောင်းလှပါသည် ။
တစ်နည်း ပြောရရင် အရှက်တကွဲ အကျိုးနည်း ခံစားစေရခြင်း ဖြစ် သည် ။
ကျွန်တော့် ကို ရိုက်ချိန်၌ နာကြည်းစိတ် ၊ ခံပြင်းစိတ် ၊ အရှက်ရစေသည့် စိတ် တို့ ကြောင့် ကျွန်တော် အရိုက် ခံရပြီးချိန် တွင် မူးခနဲ ၊ မိုက်ခနဲ ဖြစ်သွားသည် ။ အသားများ ဆတ်ဆတ်တုန် နေသည် ။ အစော်ကားခံရလေခြင်း ဟု တွေးကာ အတော် နှင့် စိတ် ၌ ကျေမည် မထင်တော့ ။ ကျွန်တော် မည်မျှ ခံပြင်းမိသည် ဆိုလျှင် စင်ကာပူ မှ အကြီးအကဲများ အား ထို ကြိမ်ဒဏ်ဖြင့် ကျွန်တော် ကောင်ကောင်းကြီး ဆုံးမ ပစ်လိုက်သည် ဟု စိတ် ထဲမှ သရုပ်ဖော် မိသည် အထိပင် ။ အမယ်လေး ၊ အဘလေး တ နေကြသော သူတို့ ပုံရိပ်များကို တွေးလိုက်တော့ မှ စိတ်အနာ ကျက်တော့သည် ။ တကယ်သာ ရိုက်ခွင့် ရလျှင် ယခုပင် ကျွန်တော် ပြန်ရိုက်ချင်သည် ။ လူလူချင်း အရှက်ခွဲသည် ဟု ခံစားရ၍ ပင် ။ စင်ကာပူအစိုးရ သည် အာရှ တွင် တစ်နေ့တော့ ဒုက္ခလှလှကြီး တွေ့ဦးမည် ဟု ကျွန်တော် မဆီမဆိုင် ကောက်ချက်ချထား ဖြစ်ပါသည် ။
ထောင်တွင်း အလုပ်အကိုင် နှင့် စားသောက်နေထိုင်မှု အပိုင်း ကို ပြောပြပါဦးမည် ။
ပထမ အလုပ် က မိန်းဆောင် မှာ လုပ်ရခြင်း ဖြစ်ပြီး အတော့် ကို ပင်ပန်းတကြီး နိုင်လှသည် ။ မနက်ပိုင်း မှာ လက်ဖက်ရည် ဝေငှရန် အတွက် သတ္တုချိုင့် အကြီးစားကြီးများ ကို မိန်းဆောင် ရုံးခန်း တွင် နှစ်ယောက် တစ်ချိုင့် သယ်ကြရသည် ။ အခန်းဆောင်များ စတုရန်းပုံ ပတ်ပတ်လည် ဆောက်ထားသော အဆောင်ကြီးများ တွင် အခန်းတိုင်း မျက်နှာစာ ပြုထားကြသည် ။ အခန်းတံခါး ဖွင့်သည် နှင့် လူသွားစင်္ကြံ ရှိမည် ။ ထို ရှေ့တွင် ကွက်လပ် ဟောင်းလောင်းကြီး လုပ်ထားပြီး လှေကား အတက်အဆင်း နှစ်ခု ရှိသည် ။ လေးထပ်အထိ ရှိပြီး အောက်ဆုံးထပ် တွင် ထောင်ကျ အလုပ်သမားများ စုဝေးရာ ခန်းမ နှင့် ထောင်သားများ တီဗွီ ကြည့်ရာ ခန်းမ ဟူ၍ ခွဲထားသည် ။ မနက်ပိုင်း လက်ဖက်ရည် ဆွဲရသည့် အချိန် မှာ ဘာမှ မကြာ ။ ကိုယ် တာဝန်ကျသော အထပ် ၌ အခန်း မည်မျှ ရှိသည် ၊ အခန်းစေ့ လူ မည်မျှ ရှိသည် ကို အုပ်စုခေါင်းဆောင် က မှတ်ပြီး စားဖိုဆောင် သို့ စာရင်း သွင်းထားသည့် အတိုင်း လက်ဖက်ရည် သတ္တုချိုင့်ကြီးများ နှင့် နှစ်ချိုင့် သုံးချိုင့် အထိ ဆွဲရသည် ။ တစ်ခါတစ်ရံ လေးလွှာ ပို့ပေးရ သည့် အခါ အသက်ထွက်မတက် ပင်ပန်းပါသည် ။
လက်ဖက်ရည်ချိုင့်ကြီးများ ဆွဲသည့် အခါ ကိုယ် နှင့် ယှဉ်ပြိုင် ဆွဲသူ အား ရွေးထားရသည် ။ အရပ်ညီညီ ဖြစ်ဖို့ က အရေးကြီးလှ၏ ။ မဟုတ် လျှင် ခြေလှမ်းပြီ ဆိုသည် နှင့် လက်ဖက်ရည်များ ဘောင်ဘင်ခတ် ကာ လက် ကို စင် လျှင် ပူလွန်း၍ ဖြစ်သည် ။ လှေကား အတက်တွင် အထူး သတိထားရသည် ။ ထောင်ကျ အလုပ်သမားများ တီဗွီ ကြည့်ခွင့် ရသည့် အဆောင်၌ သတင်းစာ အဟောင်းများ ပေးထားသည် ။ ထို သတင်းစာဖြင့် သတ္တုချိုင့်ကြီးများ ကို ကိုင်ဆွဲရသည် ။ လက်နှီးပိုင်းများ လည်း ပေးပါသည် ။
လက်ဖက်ရည် လိုက် ပို့ချိန်၌ ပေါင်မုန့်ကြမ်းများ ကို ထောပတ်သုတ် ထားသည့် ပလတ်စတစ် ပက်လက်ခြင်း အား တစ်ယောက် က ကိုင်ရသည် ။ သောဖွင့်သူ က ထောင်ဝန်ထမ်း ဖြစ်သည် ။ သူ က အဆောင်လိုက် အခန်း အားလုံး ကို သော့ဖွင့် ပေးသွားသည် ။ ထောင်ကျများ ထဲ မှ တစ်ဦး စီ လက်ဖက်ရည် ထွက် ယူကြသည် ။ ပေါင်မုန့် ထွက် ယူကြသည် ။ ပြီး လျှင် ထောင်ဝန်ထမ်း က တံခါး ပြန်ပိတ်သည် ။
ထမင်း ပို့ချိန်တွင် ဦးစွာ ရေးနွေးပူ လိုက် ပို့ရသည် ။ သတ္တုရေနွေးချိုင့်ကြီးများ ကို အဆောင် အလိုက် နေရာ ချပေးရသည် ။ အောက်ထပ် ၌ ထမင်း အဆင်သင့် ပြင်၍ သယ်ယူချိန်တွင် အတော့်ကို သတိထား ရသည် ။ ထမင်း ထည့် ထားသည့် ပလတ်စတစ် ပုံစံခွက်များ က လေးထောင့်ကွက် ဖြစ် ပြီး ဆင့်ကာဆင့်ကာ ထားသည် များ ကို လက်မြဲမြဲ ကိုင်၍ သယ်ကြရသည် ။ လေးလွှာ အထပ်များ ကိုတော့ လက်ဆင့်ကမ်းပြီး သယ်ကြသည် ။ အောက်ထပ် မှ သယ်လာသူများ က လှေကားထိပ် တွင် ထားခဲ့ရုံသာ ။ အပေါ်၌ သယ်သူများ က အခန်းရှေ့ သို့ လူစေ့ လိုက် ၍ ချပေးသည် ။ ထမင်းပန်းကန် ကို အရောင် နှစ်မျိုး ခွဲထားသည် ။ မူစလင်များ အတွက်က တစ်ရောင် ၊ ဗုဒ္ဓဘာသာများ အတွက်က တစ်ရောင် ဖြစ်သည် ။ ထမင်းပုံစံခွက်များ စေ့ငှပြီ ဆိုတော့မှ ထောင်ဝန်ထမ်း က သော့ လိုက် ဖွင့်၏ ။ ရေနွေးသမားများ က ရေနွေး လိုက်ရသည် ။ ဟင်းချိုသမားများ က ဟင်းချို လိုက်ရသည် ။ အခန်းတွင်း မှ ထောင်ကျများ ကိုယ့် ပန်းကန် ကိုယ် ယူပြီးလျှင် ထောင်ဝန်ထမ်း က တံခါးသော့ ပြန်ပိတ်သည် ။ ထို ပုံစံ မှာ နေ့စဉ် အထပ်လိုက် ၊ အဆောင်လိုက် လုပ်နေကျ ပုံစံဖြစ်သည် ။
ထိုအချိန်တွင် အောက်ဆုံးထပ် ၌ စ၍ ထမင်း ပို့သည် မို့ စားပြီးသား ပန်းကန်များ အခန်းတွင်း မှ ပြန် ထုတ် ရန် ထောင်ဝန်ထမ်း က တံခါးများ ပြန် ဖွင့် ပေးသည် ။ ဤသို့ဖြင့် အလွှာအလိုက် ပန်းကန်များ ပြန် သိမ်းကြရသည် ။ သယ်ယူစဉ် က တစ်ခေါက် လျှင် လေးငါးချပ် သယ်ယူပေမယ့် သိမ်းချိန်မှာ တော့ ကျွမ်းကျင်သူများ က အချပ် နှစ်ဆယ် မက ဆင့်ကာ ထပ်၍ ပြန် သယ်လာကြသည် ။ တစ်ခါတရံ တော့ ခြေချော် လက်ချော် ဖြင့် လှေကား အတက်အဆင်း တွင် ပုံစံခွက်များ ပြုတ်ကျရင်း ဆူညံ သွားတတ်၏ ။ ထိုအဆောင် ကို တာဝန်ယူရသူများ အဖို့ လှေကား သန့်ရှင်းရေး လုပ်ရပြန်တော့သည် ။
သန့်ရှင်းရေး ကတော့ အဆောင်အလိုက် တစ်နေ့လျှင် သုံးကြိမ် မက လုပ်ရသည် ။ အဝတ် ကို ရေဆွတ်ပြီး ဆပ်ပြာရည် နူးထားသော သမံတလင်း စင်္ကြံ တစ်လျှောက် လိုက် တိုက်ရသည် ။ တံမြက်စည်း လှည်းရသည် ။ ထို တာဝန် ပြီးမှ ထောင်ကျ အလုပ်သမားများ ကိုယ့် အခန်း ကိုယ် ပြန်၍ ကိုယ့် အတွက် ချထားသော လက်ဖက်ရည် ၊ ပေါင်မုန့် ၊ ထမင်း ၊ ဟင်း ၊ ရေနွေး စသည် ဖြင့် အချိန်အလိုက် ယူပြီး အခန်း တွင်း မှာ စားရသည် ။ ထိုအချိန် တွင် ထောင်ဝန်ထမ်း က တံခါး လာ ပိတ်သည် ။
ထမင်း ၊ ဟင်း များ ကတော့ အသီးအနှံကြော် နှင့် အသား၊ ပဲပင်ပေါက် နှင့် ငါးကြော်၊ ကြက်သားကြော် ချက် ၊ ငါးပိဖျော် တို့ စရာ စသည် ဖြင့် ပတ်လည် ကျွေးပါသည် ။ ခေါက်ဆွဲကြော် ၊ ကြာဇံကြော်မျိုးလည်း ကျွေးသည် ။
ကျွန်တော်တို့ ထောင်ကျ ဝန်ထမ်းများ မှာ ပေါင်မုန့် နှင့် ထမင်း ဟင်းများ အမြဲပင် ပိုပိုလျှံလျှံ စားရပါ သည် ။ ပေါင်မုန့် ဆိုလျှင် မကုန်သဖြင့် ညနေဘက် တွင် ကျားကစားရင်း ထပ် စားရသည် ။ အခန်း ထဲမှာ တော့ ကြာကြာ ထားခွင့် မရှိ ။ ကျွန်တော် သဘောကျသည် က မနက်ပိုင်း မျက်နှာသစ် ၊ သွားတိုက်ချိန် တွင် အခန်းဆောင်များ ထိပ်၌ သွားပွတ်တံ များ ကို နံပါတ်စ ဉ်နှင့် ထုတ်ပေးခြင်း ၊ ပြန်သိမ်းခြင်း ဖြစ်သည် ။ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေး ရိတ် လို လျှင် လည်း ထို အခန်း မှ ထောင်ကျ အလုပ်သမား ထံ ခွင့်တောင်း ရသည် ။ ထို အခန်း နှင့် မလှမ်းမကမ်း တွင် အိမ်သာခန်း ရှိသည် ။ ထို အခန်း ကို လည်း ကျွန်တော်တို့ သန့်ရှင်းရေး လုပ်ပေးရသည် ။ အဆောင် ၏ စင်္ကြံလမ်းများ ၊ လှေကားများ ၊ အခန်း များကို သန့်ရှင်းရေး လုပ်ရာတွင် လည်း ထို အိမ်သာခန်း မှ ပင် ရေယူရသည် ။ အခန်းများ အား နေ့စဉ် သန့်ရှင်းရေး ဝင် လုပ်ပေးရသည် ။ ထောင်သားများ အခန်းတွင်း မှ ထွက်ပြီး အားကစားကွက် လပ်သို့ ထွက်ခွာချိန် များ တွင် ကျွန်တော်တို့ က သန့်ရှင်းရေး ဝင်လုပ်ပေးရသည် ။
ပြောရလျှင် တစ်နေ့တာလုံး အလုပ် နှင့် ပြတ်သည် ဟူ၍ မရှိ ။
ထောင်ကျ အလုပ်သမား ဖို့ အနေစား ချောင်ခြင်း၊ တီဗွီ ကြည့်ရခြင်း၊ အားကစားချိန် တွင် စိတ်တိုင်းကျ ကစားခွင့်ရခြင်းများ ကြောင့် သာ စိတ်ဖြေသာခြင်း ဖြစ်၏ ။ နှစ်ကြီးသမား အလုပ်သမားများ ကို တော့ လစာ သဘောမျိုးဖြင့် အာလူးကြော် ၊ ချိုချဉ် စသည် ဖြင့် လစဉ် ပေးပါသည် ။ ကျွန်တော်တို့ လို လနည်းသူများ အဖို့ တော့ အခန်းကျဉ်းလေး ထဲ တွင် အိပ်နေရသည် ထက် စာလျှင် တီဗွီ ကြည့်ခွင့်ရခြင်း ၊ စာအုပ်လှန် ဖတ်ခွင့်၊ သတင်းစာ ကြည့်ခွင့် ရခြင်း ၊ ပိုက်ကျော်ခြင်း ကို မောလဲသည် အထိ ခတ်ခွင့်ရခြင်းများ ကြောင့် အလုပ် လုပ်ရတာ တန်ပါသည် ။ ပြီးတော့ စာ ရေးခွင့်ရ၏ ။ မြန်မာပြည် သို့ စာ ပို့ လိုလျှင် ထောင် မှ ပေးသော စာရွက်၌ ရေး ၍ စာရွက် အတိုင်း ပေးနိုင်သည် ။ ကျွန်တော် ပင်လျှင် နှစ်စောင် မျှ ထည့်ဖြစ်သေးသည် ။ စာရွက် ပေါ်၌ ထောင်ကျနံပါတ် နှင့် တကွ အင်္ဂလိပ်စာ ဖြင့် ရေးသွင်းပို့ရသဖြင့် အမှတ်တရ သဘောမျိုး ရေး၍ ပို့ လိုက်ခြင်းပင် ။ အပြင် မှ စာ ပို့ လိုလျှင်လည်း ထောင်ကျ နံပါတ် ၊ လိပ်စာ နှင့် တကွ အင်္ဂလိပ် လို ရေး၍ ပို့ လာပါလျှင် ရောက်သည် ။ ဤ အခွင့်အရေး မှာ အတော့် ကို စိတ် ဖြေသာ ကျေနပ်စေ၏ ။ တစ်လ လျှင် နှစ်ကြိမ် မျှ စာ ရေးခွင့် ရသည် ။ ကိုယ် ယူလိုက်သည့် စာပို့လွှာ ကို တော့ မဖြစ်မနေ ပြန် အပ်ရသည် ။ ရေးသည် ဖြစ်စေ ၊ မရေးသည် ဖြစ်စေ သိမ်းထားခွင့် မရှိ ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment