❝ စာပေရေးသားခြင်း အနုပညာ ❞
ဒေါက်ထွေး ( ဆေး - မန်း )
စာပေ Literature
- ( ၁ ) ရသစာပေ Fiction
- စိတ်ကူး ( Imagination ) မှ ဖန်တီး create
- ( ၂ ) သုတစာပေ Non Fiction
- အချက်အလက် Fact ကို အခြေခံ
သုတစာပေ အနုပညာဖန်တီးမှု
Creative Non Fiction
- တစ်နည်းအားဖြင့် Literary non Fiction Narrative non Fiction
ဟု လည်း ခေါ် Academic Writing , Technical writing မဟုတ်၊ Journalism မဟုတ်။
သုတစာပေအမျိုးအစားများ
အကြောင်းအရာ
( ၁ ) အတ္ထုပ္ပတ္တိ
( ၂ ) အချက်အပြုတ်
( ၃ ) ကျန်းမာရေးနှင့် ကြံ့ခိုင်ရေး
( ၄ ) အချစ်တော် တိရစ္ဆာန်
( ၅ ) လက်မှုအနုပညာ
( ၆ ) အိမ်တွင်းအလှဆင်
( ၇ ) ဘာသာစကား
( ၈ ) ခရီးသွားခြင်း
( ၉ ) ဘာသာရေး
( ၁၀ ) နိုင်ငံရေး
( ၁၁ ) စီးပွားရေး
( ၁၂ ) လူမှုရေး
( ၁၃ ) ပညာရေး
( ၁၄ ) အောင်မြင်ကြီးပွားရေး
( ၁၅ ) ဥပဒေနှင့် ပြစ်မှုများ
( ၁၆ ) နီတိကျင့်ဝတ်
( ၁၇ ) အနုပညာ
( ၁၈ ) ပန်းချီ
( ၁၉ ) ဂီတ
( ၂၀ ) ရုပ်ရှင်
( ၂၁ ) ဇာတ်သဘင်
( ၂၂ ) သဘာဝပတ်ဝန်းကျင်
( ၂၃ ) ဖက်ရှင်အဝတ်အစား
( ၂၄ ) အလှအပ၊ ပြုပြင်ခြင်း
( ၂၅ ) အချုပ်အလုပ်
သုတစာပေ ပုံသဏ္ဌာန်များ
Non Fiction Forms
( ၁ ) ဆောင်းပါး
( ၂ ) ဝတ္ထုဆောင်းပါး
- နမူနာ - သိပ္ပံမောင်ဝ ဝတ္ထု ဆောင်းပါးများ
( ၃ ) စကားဝိုင်း
- နမူနာ ဆိုကရေးတီး၊ ပလေတို
- လက်ဖက်ရည်ကြမ်းဝိုင်း၊ အိုးဝေ
- ကျန်းမာရေးစကားဝိုင်း Health Digest
( ၄ ) ပေးစာ
- နမူနာ ဖခင် မှ သမီးထံ ပေးစာ၊ နေရူး နှင့် အင်ဒီယာဂန္ဒီ
- ဖခင် မှ သားထံ ပေးစာ၊ ဒေါက်တာမောင်မောင်၊ သားမောင်စစ်သည် သို့
- ဦးလေး မှ တူ၊ တူမ များ ထံ ပေးစာ ဇဝန ၏ ဦးလေးပြောမယ်၊ ကံချွန် ၏ တူမောင်သို့ ပေးစာ၊
- ခင်ပွန်းသည် မှ ဇနီးထံ ပေးစာ၊ ရန်ကုန်ဘဆွေ၊ ချစ်ဇနီးသို့
- မိတ်ဆွေထံ ပေးစာ၊ သော်တာဆွေ၊ ပြောရဦးမယ် မမြရီ ရေ၊ ယောက်ျားအချင်းချင်း ပွင့်ပွင့်လင်းလင်း ( Sex Education )
( ၅ ) အမေးအဖြေကဏ္ဍ
- နမူနာ ကျန်းမာရေးအမေးအဖြေ၊ Diabetes Corner? ကောင်းသွားမှာ ပါ
( ၆ ) အင်တာဗျူးပုံစံ ရေးသားခြင်း
- နမူနာ ဆရာဝန်ကြီးများ နှင့် ကျန်းမာရေးပြဿနာအကြောင်း ဆွေးနွေး ( လူတိုင်းသိသင့်တဲ့ ကျန်းမာရေးပြဿနာ )
- စာပေနှင့် ပန်းချီအင်တာဗျူး
နမူနာ ဝင်းငြိမ်း၊ ဟိန်းလတ်၊ တင်မောင်တည်
( ၇ ) သတင်းဆောင်းပါး ( Journalism )
- လက်ရှိ ဖြစ်ပျက်နေသော အကြောင်းအရာ ဖြစ်လေ့ရှိ
- လူတိုင်း သို့မဟုတ် အများပြည်သူနှင့် သက်ဆိုင်လေ့ရှိသည့်
အကြောင်းအရာ၊ သတင်းအင်္ဂါရပ်၊ ဘ ၆ လုံးပါရန်၊ သုံးသပ်ချက်ပါရန်
ဘာလဲ ( အကြောင်းအရာ )
ဘယ်သူတွေလဲ ( လူ )
ဘယ်တုန်းကလဲ ( အချိန် )
ဘယ်နေရာမှာလဲ ( နေရာ )
ဘာကြောင့်လဲ ( ပြဿနာ )
ဘယ်လောက်လဲ ( ကြီးကျယ်မှု )
( ၈ ) သတင်းစာခေါင်းကြီး
- သတင်း တစ်ခုပေါ် မူတည်၍ ဝေဖန်သုံးသပ်ခြင်း၊ မှတ်ချက် ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း
- အဓိကထား၊ မီဒီယာ ၃မျိုး
( ၁ ) နောက်လိုက် ပရိသတ် အကြိုက်၊
( ၂ ) ဘေးတိုက်၊
( ၃ ) ရှေ့ဆောင် လမ်းညွှန်
( ၉ ) မဂ္ဂဇင်း၊ဆောင်းပါး
- ဘာသာရပ် တစ်ခုခု အခြေခံလေ့ရှိ၊ အထားခံသော အကြောင်းအရာဖြစ်၊
- ဘယ်အချိန်ဖြစ်ဖြစ် ပြန်ဖတ်လို့ အသုံးဝင်
- ရေးမည့် အကြောင်းအရာကို လေ့လာရှာဖွေရန် သုတေသနပြုရန် နမူနာ လိုအပ်တတ်
- သိပ္ပံမှူးတင် နှလုံးခွဲစိတ်ခန်း ဝင်လေ့လာ၊ ပြတိုက်လေ့လာရေး၊ အိုး ဖုတ်လုပ်ငန်း စသည်
( ၁ဝ ) ဝေဖန်ရေး ( Criticism )
- စာပေ၊ ရုပ်ရှင်၊ ဂီတ စသည့် အကြောင်းအရာ တစ်ခုခုနှင့်
ပတ်သက်၍ ရေးသားခြင်း
- နမူနာ စာပေပုံသဏ္ဌာန်များ၊ ကာရန်မဲ့ကဗျာပြဿနာ
- ရုပ်ရှင်နမူနာ ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ။ စိန်ခင်မောင်ရီ
- ဂီတနမူနာ ကိုလေးမြတ်
( ၁၁ ) သရော်စာများ
- နမူနာ ဗြိတိသျှကိုကိုမောင်
( ၁၂ ) စာအုပ်သုံးသပ်ချက် ( Book Review )
- စာအုပ် တစ်အုပ် နှင့် ပတ်သက်၍ မိတ်ဆက်ပေးခြင်း၊ စာရေးဆရာ ကို မိတ်ဆက်ပေးခြင်း၊
- အကြောင်းအရာကို မိတ်ဆက်၊ ဝေဖန်သုံးသပ်ချက်အကျဉ်း
( ၁၃ ) မိန့်ခွန်းရေးသားခြင်း
( ၁၄ ) အမှာစာ ရေးသားခြင်း။ သဝဏ်လွှာ၊ ဥယျောဇဉ် ရေးခြင်း
( ၁၅ ) စာတမ်း
- စာတမ်းဖတ်ပွဲတွင် တင်သွင်းသည့် ပုံစံ၊ အကြောင်းအရာ ကို သုတေသန ပြုလုပ်ရန်လို
( ၁၆ ) စာတန်း improvization
- အချို့က ရသစာတမ်း၊ အက်ဆေး၊ အစမ်းစာ၊ ရသစာတန်း ဟု လည်း ခေါ်ကြ၊
- သုတ အချက်အလက် ကို ရသ ဆန်အောင် ရေးသားခြင်း၊ တိတိကျကျ
- ရည်ရွယ်ချက် မရှိဘဲ ဟိုရောက် ဒီရောက် ရောက်ချင် သလို ရောက်ပါစေ ရေးသားထားခြင်းမျိုး
( ၁၇ ) ကြော်ငြာဆောင်းပါး ( Copywriting )
- ကုန်ပစ္စည်းများကို ကြော်ငြာပေးသည့် ဆောင်းပါး
- ဆေးပစ္စည်း OTC နှင့် POM ဟူ၍ ရှိ
- နမူနာ Ovaltine ကြော်ငြာ
( ၁၈ ) ဘာသာပြန်ဆောင်းပါးများ ၊
အခြေခံ သိထားသင့်သည့် အချက်များ
( ၁ ) စာစီစာကုံး တစ်ပုဒ် ကဲ့သို့ပင် နိဒါန်း၊ စာကိုယ်၊ နိဂုံး ဟူ၍ ရှိ
- စက်ဝိုင်းတစ်ခု ရေးသလို စ ထားသည့် နေရာသို့ ပြန်ရောက်အောင် ပို့ဆောင်ရမည်။
( ၂ ) အချို့က စာပိုဒ် တစ်ခုလျှင် ခေါင်းစဉ်ငယ် တစ်ခု ပေး၍ ရေးသားကြသည် ။
- ပို၍ စိတ်ဝင်စားဖွယ် ဖြစ်သည် ။
- အမေးအဖြေ မှာ လည်း ထိုသဘောပင် ဖြစ်သည် ။
( ၃ ) ဆက်စပ်လျက် ရှိသော အကြောင်းအရာများ ကို ပါ ဆီလျော်မည် ထင်လျှင် အနည်းငယ်
- ထည့်သွင်း တို့ထိ ဖော်ပြခြင်း ဖြင့် ဝေဝေဆာဆာ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်စေသည် ။
- ယခင်တုန်းက အဖြစ်အပျက် တစ်ခု ကို လက်ရှိ အဖြစ်အပျက်နှင့် နှိုင်းယှဉ် ဆက်စပ် ပေးခြင်းမျိုးဖြစ်သည်။
- နိဂုံးပိုင်း တွင် ခြုံငုံသုံးသပ်ခြင်း၊ အကျဉ်းချုပ် ဖော်ပြခြင်း၊ မှတ်ချက်ပေးခြင်း၊
- အကြံဉာဏ်ပေးခြင်းများ ထည့်သွင်းသင့်သည် ။ တစ်နည်းအား ဖြင့်
Take Home Message
စာဖတ်သူများ သိရှိမှတ်မိသွားစေချင် အချက်အလက် များကို ထပ်မံ ဖော်ပြပေးသင့်။
( ၆ ) ကျမ်းကိုး စာရင်း ထည့်ရန်လိုပါ က ထည့်ရမည်။
( ၇ ) စုတုပြု ဟူသော သဘောတရား က မည်သည့် စာပေအမျိုးအစား ကို ရေးသည် ဖြစ်စေ အတူတူပင် ဖြစ်သည် ။ ( စာများများ နှင့် စာ စုံအောင် ဖတ်ရန်လိုသည် ။ အင်္ဂလိပ်ဘာသာ စသည့် အခြားဘာသာဖြင့် ရေးသော စာများ ကို လည်း ဖတ်သင့်သည်။
( ၈ ) စာ ရေးသားရာတွင် စာဟန်၊ “ သည် ၊ ၏ ” စသည့် ဟန်ဖြင့် ရေးသား ဟန်ကို စကားပြောဟန် “ တယ်၊ ဘူး၊ မယ် ” စသည့် စကားပြော သည့် လေသံ ဖြင့် လည်း ရေးနိုင်သည် ။ စကားပြော ဟန် က စာဖတ်သူ ၏ နား ထဲ ကို ပို၍ လွယ်ကူစွာ ရောက်လွယ်သည် ။
( စာပေဆု ရွေးချယ်ရေးအဖွဲ့များ က စကားပြောဟန် ရေးလျှင် ရွေးချယ်ခြင်း မပြုတာတော့ ရှိသည် ။ )
( ၉ ) သင့် ဆောင်းပါး ကို ဖတ်မည့်သူ က ဘယ်သူလဲ
- မည်သူ့ကို ရည်ရွယ်တာလဲ။ အများကြီး ကျယ်ကျယ်ပြန့်ပြန့်
အားလုံးကို ရည်ရွယ်တာတော့ မဖြစ်နိုင်။ အုပ်စု တစ်စု၊ အသက် အရွယ် အပိုင်းအခြား တစ်ခု၊ လုပ်ငန်းခွင် တစ်ခု မှ လုပ်သားများ စသဖြင့် ဖြစ်နိုင်
- နမူနာ အင်ဂျင်နီယာအသင်းမဂ္ဂဇင်း၊ ဆရာဝန်အသင်းမဂ္ဂဇင်း
- သင့် စာဖတ်ပရိသတ် ၏ ပုံသဏ္ဌာန်ကို မြင်ယောင် ကြည့်ပါ။ သင့် ရှေ့တွင် ထိုင်နေ သလို စိတ်ကူးကြည့်ပါ။
( ၁၀ ) သင် သိထားတာတွေ ကို မျှဝေပါ။ သင် ရေးမည့် အကြောင်းအရာများ ၊ အချက်အလက်များ သည် စာဖတ်သူ အတွက် ဗဟု သုတ ရရှိသွားစေရန် ဖြစ်စေရမည်။ စာဖတ်သူများ သိစေချင်သည့် အရေးကြီးသော အကြောင်းအရာများ ပါစေရမည်။
(၁၁) မေးခွန်းများ ထုတ်ကြည့်ပါ။ စာဖတ်သူ နှင့် သင် ကိုယ်တိုင် မျက်နှာချင်း ဆိုင်၍ စကား ပြောနေ သလို စဉ်းစားကြည့်ပါ။ သင် ပေးနေတဲ့ အချက်အလက်များ ရယူနေပုံ ကို မြင်ယောင် ကြည့်ပါ။ သူ က ဘာတွေ ထပ် ပြီး မေးနိုင်မလဲ၊ မေးခွန်းများ သူ့ ကိုယ်စား ထုတ်ကြည့်ပါ။ ထို မေးခွန်း များ အတွက် အဖြေ ကို လည်း စဉ်းစား ပြီး အဖြေများ ပါအောင် ထည့်ရေးပါ။
( ၁၂ ) အပြင်ဘက် ထွက်၍ ကြည့်ခြင်း ( Out of the bo_ )
- ကမ္ဘာကျော် အင်္ဂလိပ်သတင်းစာဆရာ တစ်ဦး ၏ သြဝါဒ
( ၁ ) မိမိ မယုံကြည်လျှင် မရေးပါနှင့် ။
( ၂ ) ပြဿနာ နှင့် မဆိုင်သော စကားလုံးမျိုး တစ်လုံး မှ အပို မထည့်ပါနဲ့ ။
( ၃ ) အချက်အလက်ပေါင်း မြောက်များ စွာ ထည့်သွင်း မရေးသင့်။ ပိုင်လောက်သော အချက်များ ကို သာ ထည့်ပါ။
( ၄ ) ပြင်းထန်လွန်းစွာ မဝေဖန်ပါနှင့် ။ ( ခွေး ကို ချောင်ပိတ်ရိုက် ပြန်ကိုက် )
( ၅ ) ဝါးလုံးရှည် နှင့် သိမ်းကျုံးမရမ်းနှင့် ။
( ၆ ) မသိသော အကြောင်းအရာ မရေးနှင့် ။
▢ ဒေါက်ထွေး ( ဆေး - မန်း )
📖 စာပေရေးသားခြင်း အနုပညာ
No comments:
Post a Comment