❝ သင် က စားသုံးသူ ၏ အလို သို့ လိုက်မည်လော ❞
ချစ်မိတ်ဆွေ
သင် သည် ကုန်ထုတ်လုပ်ငန်းရှင် တစ်ဦး ဖြစ်နေသည် ဆိုပါစို့ ။
ကုန်ထုတ်လုပ်ငန်းရှင် ဟု ဆိုလိုက်သဖြင့် ဟို အမြင့်ကြီး လှမ်း မတွေးလိုက်ပါနဲ့ဦး ။
လမ်းဘေး မှာ မုန့်ပျားသလက် လုပ်ရောင်းစားသူ ဟာ လည်း လုပ်ငန်းရှင်ပါပဲ ။
မုန့်ဟင်းခါး ၊ ထမင်း ၊ လက်ဖက်ရည်ဆိုင် တွေ ဟာလည်း လုပ်ငန်းရှင်ပါပဲ ။
မော်တော်ကား ၊ မီးရထား ၊ သင်္ဘော ၊ လေယာဉ်ပျံ ထုတ်လုပ် ရောင်းချသူ ဟာ လည်း လုပ်ငန်းရှင်ပါပဲ ။
အဲသည် လုပ်ငန်းရှင် က ကုန်ပစ္စည်း ထုတ်လုပ်တဲ့ အခါ ဘယ်ဘက် က ရပ်တည်ရပါသလဲ ။ မိမိ ဘက် ( ထုတ်လုပ်သူ ) က ရပ်တည် ပါသလား ။
( ဝယ်ယူ ) စားသုံးသူ ဘက် က ရပ်တည်ပါသလား ။
ငါ ဟာ လုပ်ငန်းရှင် ။
ငါ လုပ်တာ ကို ( စားသုံးတဲ့ ) လူ တွေ က လက်ခံရမယ် ။
အဲသလို လက်မ ထောင်လိုက်ရင် ဘာဖြစ်သွားလဲ ။
လက်မ မထောင်ဘဲ ( စားသုံးတဲ့ ) လူတွေ ဝယ် စားနိုင်ပါစေ ၊ ဝယ် သုံးပါစေ ။ ထိုက်တန်တဲ့ ငွေကြေး ပေးပြီး ဝယ် စားနိုင်ပါစေ ဆိုတဲ့ စိတ် နဲ့ ထုတ်လုပ် ရောင်းစားမယ် ဆိုရင် ။
ဝယ်သူ ဘက် က ပေးလိုက်ရတဲ့ ငွေကြေး နဲ့ တန်အောင် လုပ်ပေးမယ် ဆိုရင် ။
ကုန်ထုတ်လုပ်ငန်း မှာ အရေးအကြီးဆုံး က ဘာလဲ ။
မောင်ချမ်းသာ လက်လှမ်းမီ သလောက် တွေးကြည့် နေမိတာ ကတော့ ။ မိမိ ထုတ်လုပ်လိုက်တဲ့ ပစ္စည်း ဟာ ဝယ်ယူ သုံးစွဲသူ ၊ လက်လှမ်းမီတဲ့ အဆင့် ဖြစ်ဖို့ အဓိက ပါပဲ ။
ကုန်ပစ္စည်း ထုတ်လုပ်တော့မယ် ဆိုရင် ဘယ်လိုလူတန်းစား ကို တာ့ဂက် ထားမလဲ ။
ဥပမာ
အရက်ထုတ်လုပ်ငန်း
အဖြူဂျမ်း
ဒါက အောက်ဆုံး အဆင့် အတွက် ။
ဘီယာ
လူလတ်တန်းစား အတွက်
ဝီစကီ ၊ ရှန်ပိန် ။
ဒါက ငထောကြီးတွေ အတွက် ။
ကိုယ် က အလယ်အလတ် ကို မှန်းမယ် ဆိုရင် အလယ်အလတ် သုံးစွဲနိုင်မယ့် ငွေကြေး ပမာဏ နဲ့ ချင့်ချိန်ပြီး သောက်မယ့် လူ လက်လှမ်း မီနိုင်တဲ့ အဆင့် ကို ထုတ်ရတော့မယ် ။
သူဌေး ပဂေးကြီး တွေ အတွက် သာ မှန်းမယ် ဆိုရင် ။
လူ့လောက မှာ သူဌေးပဂေး ဆိုသူတွေ ရဲ့ အရေအတွက် ။
အလယ်အလတ်တွေ ရဲ့ အရေအတွက် ။
အောက်ခြေတွေ ရဲ့ အရေအတွက် ။
လူဦးရေ အချိုးအစား ကို ထည့်တွက်ရမယ် ။
သူဌေးပဂေးကြီးတွေ အတွက် က သူဌေးပဂေးတွေ က သာ ထုတ် လုပ် ရောင်းချလိမ့်မယ် ။
အဲသည် အထဲ ဝင် မယှဉ်တာ အကောင်းဆုံးပဲ ။
တကယ် ကုန်ထုတ်လုပ်ငန်း လုပ် ကြည့်ပြီး ရောင်းစား ကြည့်လိုက်တော့
အလယ်အလတ် နဲ့ အောက်ခြေ က လူဦးရေ အများဆုံး ၊ ဝယ်ယူစားသုံးသူ အများဆုံး ဖြစ်နေတာ တွေ့ရတယ် ။
အဲသည်တော့ ဘယ်လို လုပ်ရပါသလဲ ။
အလယ်အလတ် အတွက် အလယ်အလတ် သုံးစွဲနိုင်တဲ့ ငွေကြေး နဲ့ ချင့်ချိန်ပြီး အရည်အသွေ ၊ တစ်မျိုး ထုတ်လုပ် ပေးရတယ် ။
အောက်ခြေ အတွက် အောက်ခြေလူတန်းစား သုံးစွဲနိုင်တဲ့ ငွေ ကို ကြည့် ပြီး အရည်အသွေး တစ်မျိုး ထုတ်ပေးရတယ် ။
အရှင်းဆုံး ဥပမာ
မုန့်ပျားသလက် ကို ပဲ ကြည့် ။
ပလိန်း ( အဖြူ ဘာမှမပါ ၊ မုန့်ရည်သက်သက် ) ကို အနိမ့်ဆုံး က စားတယ် ။
ပဲပြုတ် လေးငါးစေ့ ပါတာ ကို နည်းနည်း မြင့်တဲ့ လူ က စားတယ် ။ ပဲပြုတ် မောက် နေအောင် ထည့်ထားတာ ကို အမြင့် က စားတယ် ။
တန်ဖိုး ကြည့်ပါ ။
ပလိန်း က ငွေ ၁၀၀ ဖိုး ၁၀ ခု ရတယ် ဆိုရင် လေးငါးစေ့ ပါတာက ငါးခု ပဲ ရတယ် ။ ပဲတွေ မောက် နေတာ က ၁၀၀ ဖိုး နှစ်ခု လောက်ပဲ ရတယ် ။
ဒါဟာ အသေးဆုံး နဲ့ အရှင်းဆုံး ဥပမာ ပါပဲ ။
အဲသည်မှာ အဖြေ က ဝယ်ယူစားသုံးသူ လက်လှမ်းမီ နိုင်တဲ့ အဆင့် ၊ ဈေးနှုန်း ဆိုတာပါပဲ ။
ဘီယာ တစ်ပုလင်း ကျပ် ၁၈ဝဝ အော် နေတဲ့ အခါ ကိုယ့် အိတ်ကပ် ကို ပြန် ကြည့်မိတယ် ။ တစ်ပုလင်း ၁၀၀၀ - ၁၂၀၀ သို့ ( လက်လှမ်းမီအောင် ) ချပေးတဲ့ အခါ အိတ်ကပ် ပြန် မကြည့်တော့ဘူး ။ ဆော်ထည့်လိုက်တယ် ။
ဒါ လက်တွေ့ပဲ ။
အဲသည်တော့ မိတ်ဆွေ ။
ဝယ်သူ ၏ အလို သို့ လိုက်မည်လော ။
သင် ၏ အလို သို့ ဝယ်သူ ကို လိုက်ခိုင်းမည်လော ။
▢ မောင်ချမ်းသာ
📖မော်ဒန် သတင်းဂျာနယ်
၂၆ ဒီဇင်ဘာလ ၂၀၀၈
No comments:
Post a Comment