❝ အမ် ၊ အစ် ၊ အာ ၊ ဝေါ့စ် ၊ ဝယ်ရ် ❞
ကျွန်တော် ကျောင်း တက်ရသည့် အကြောင်း မှာ ကျောင်အပ်ပြီး ကျောင်းမှန်မှန် မတက်သော ၊ ကျောင်းသားများ ကို စိစစ်သော ကာလ ကို ရောက်လာ သဖြင့် တက်ရခြင်း ဖြစ်သည် ။ ထို ပြဿနာများ မဖြစ်ခင် က ကျောင်း တက်ဖို့ အစ်ကို က ပြောလေတိုင်း ကျွန်တော် ငြင်းသည် ။ ကျောင်း ၌ အရှက်ကွဲမည် ကို လန့်နေသည် ။ ကျောင်း ကို ငယ်ငယ် ကတည်း က ပင် လန့်သူကိုး ။
ကျောင်းအပ် ထားပြီး နှစ်လကျော် သည် အထိ ကျွန်တော် ကျောင်း သို့ မရောက် ။ ဂျူတီ ကို အကြောင်းပြ ၊ ပင်ပန်းသည် ကို အကြောင်းပြပြီး ကျောင်း သို့ မသွား ၊ နောက်တော့ ကျောင်း မတက်လျှင် ကျောင်းဗီဇာ ရုပ်သိမ်း မည် ဆိုပါမှ ကျောင်း တက်ဖြစ်တော့သည် ။
ကျွန်တော့် အဖို့ စိမ်းကား ကျယ်ပြန့်သော ၊ ပညာတတ် နယ်ပယ်သို့ ဒုတိယအကြိမ် တိုးဝင်ရသော တိုက်ပွဲ ဖြစ်သည် ။ လူမျိုး မျိုးစုံ ၊ ဘာသာ မျိုးစုံ ၊ ရုပ်အင်္ဂါ မျိုးစုံ ကြား ကို တိုးဝင်ရမည့် ဒုက္ခ အစား အလုပ်ခွင် ထဲမှာ နေ့ မအား ညမအား ဝင်လုပ် နေချင်သည် ။ သို့သော် မရတော့ပြီ ။ ပထမပိုင်း မှာ တော့ အစ်ကို က အစားထိုး တက်ပေးသေးသည် ။ နောက်တော့ လ.ဝ.က များ ကိုယ်တိုင် ကျောင်း မှာ လာ စစ် သဖြင့် သူ လည်း မတက်ပေးရဲတော့ပေ ။ ပြီး တော့ သူ့ မှာ လည်း INFOR ကွန်ပျူတာသင်တန်း တက်ရန် လျှောက်ထားပြီး ဖြစ်သည် ။ အင်္ဂလိပ်စာ ကို သူ သင်ဖို့ မလိုတော့ ။
ကျွန်တော် က လိုသည် ။ အလုပ်ခွင် ထဲ တွင် “ You Go လား I do လား ” ။ တတ်နေသည့် တလားလား နှင့် ဗန်းစကားများ ထက် စာလျှင် စာသင်ခန်း ထဲ မှ အင်္ဂလိပ်စကား နှင့် စာ က ပို အသုံးဝင်မည်ကိုး ။
တကယ်တော့ အလုပ်ခွင် ထဲ တွင် ကျွန်တော် ပြောသည့် အင်္ဂလိပ်စကား မှာ ကမ္ဘာ့ မည်သည့် ဒေသ တွင် မှ အသုံးဝင်မည် မဟုတ်ပါ ။ ဝါကျ လည်း မမှန် ၊ လေသံ က တလွဲ ၊ အသံထွက် က ပြင်းစပ်စပ် မို့ ကျွန်တော့် ရှပ် နှင့် အကွိ မှ လွဲ၍ မည်သူမှ နားမလည်တာ သေချာသည် ။ ကျွန်တော် လေ့လာသူ မှာ လည် အကွိ ထံ မှ ကိုး ။ သူ က နေ့လည် ၁၂နာရီ ကို ‘ ခြောက် အိုကလော့ ’ ဟု တိတိကျကျ ပြောလာသဖြင့် ကျွန်တော် ဂျူတီ အဝင် လွဲခဲ့ ရသေးသည် ။ သူ က ကျွန်တော့် ကို မနက်ဖြန် သူ သွားစရာ ရှိသဖြင့် ၁၂ နာရီ ဂျူတီ ဝင်ပေးပါ ဟု ပြောခဲ့ခြင်းပင် ။ သူ ပြော သည် မှာ “ I have go , you come ” ဟု ဆိုကာ ‘ ခြောက်အိုကလော့ ’ ဟု သုံးခါ တိတိ ပြောသည် ။ သူတို့ က “ Twelve ” ကို ‘ ခြောက် ’ ဟု ခေါ်သည် ကို ကျွန်တော် မသိ ။ ထို့ကြောင့် ညနေ ခြောက်နာရီ အထိ အိမ် မှာ နှပ် နေစဉ် အစ်ကို က ဖုန်း ဆက်ခေါ်တော့သည် ။
ထားကြပါစို့ ။
ကျွန်တော်တို့ က ၁၂ ကို “ တွဲအိုကလော့ ” ဟု သိထားသည် ။ သူတို့ က ‘ ခြောက်အိုကလော့ ’ ဟု ခေါ်ဝေါ်ကြ သည် ။ ‘ တွဲ ’ ကနေ မည်သို့ ‘ ခြောက် ’ ဖြစ်သည် ကို ကျွန်တော် မသိ ။ အကွိ တစ်ယောက် မြန်မာ လိုပင် ခြောက် ဂဏန်း ခေါ်တတ်နေပါလား ဟု ကျွန်တော် ယူဆခဲ့သည် ကိုး ။
ထိုသို့ ကျွန်တော် သင်ယူ လေ့လာခဲ့သော ဝန်းကျင် မှ အတတ် စကားလေး ဖြင့် အင်္ဂလိပ်စကားပြောသင်တန်း သို့ သွားရမည် ဆိုသည် ကို ကျွန်တော် လန့်သည် မှာ မလွန်လောက်ပေ ။
“ ASCANDA ” ဟူသော ကျောင်းအမည် ၏ နောက်တွင် “ အင်တာနေရှင်နယ် ” ဟူသော စကားလုံးကြီး နှင့် ဘာသာစကားသင်တန်း ဟူသော ဝေါဟာရ က တွဲ၍ ခြောက်လှန့်နေသည် ။ ပြီးတော့ “ ORCHID ” ဟူသော အင်မတန် လူစည်ကားသည့် ဒေသ တွင် သွားတက်ရမည် ကို ORCHID သည် စင်ကာပူ၏ အသည်းနှလုံးဒေသ ၊ တကယ့် ထိပ်တန်း ကုမ္ပဏီကြီးများ ၊ ဝတ်ကောင်းစားလှ ဝန်ထမ်းများ ၊ ဘဏ်ကြီးများ ၊ ရုပ်ရှင်ကြီးများ ၊ ကုန် တိုက်ကြီးများ ဟီးဟီးထ နေသော “ ORCHID ” ဖြစ်ပါ၏ ။
ကျွန်တော် လို ကောင်ကို ထို “ ORCHID ” ဒေသ ၏ ဘူတာရုံ ( MRT ) အပေါ်ထပ် တွင် အပြည်ပြည်ဆိုင်ရာ သင်တန်းကျောင်း သို့ ပို့စေလေသည် မှာ ကံကြမ္မာ က ကျီစား သန်လွန်းသည် ထင် ။ သို့သော် လည်း ကျွန်တော် ရဲစိတ် တင်းကာ ကျောင်းတော် သို့ နင်းချ ဝင်ရောက်ခဲ့ပါသည် ။ တကယ်တော့ ကျွန်တော်တို့ ကျောင်းတော်ကြီး သည် ထင်သလောက် မကြီး ။ မကြီးသမှ လူ နှစ်ဆယ်စာ လျှင် သင်တန်းချိန် တစ်ချိန် သတ်မှတ် ထားသော အမည်ခံ ကျောင်းလေး မျှ သာ ဖြစ်ချေသည် ။
ကျောင်း တွင် ကျွန်တော် လို ကျောင်းသား ဆယ်ယောက်ခန့် ကျွန်တော့် ထက် အဆ ခုနစ်ဆယ်ကျော် တုံးသော ကျောင်းသား ၊ ကျောင်းသူ များ က ပိုများသည် ။ ကျွန်တော့် ထက် တော်သူ ကား နှစ်ယောက် သုံးယောက် ထက် ပို မရှိ ။
မယုံအံ့ပြီထင် ။
“ What is your name? ” ဟူသော စကား ကို သုံးရက် သင်သော ကျောင်း တွင် ကျွန်တော် အင်္ဂလိပ် စကားပြော လာ တက်နေခြင်း ဖြစ်သည် ။ ထို စကား ကို ပင် ချွေးပြိုက်ပြိုက် ကျ၍ ခက်ခက်ခဲခဲ သင်ယူ နေသော သင်တန်းသားများ ကြားတွင် ကျွန်တော် ပျင်း၍ ပင် လာသည် ။ သင် သည့် ဆရာမ က လည်း မွန်အမျိုးသမီး ဖြစ်နေသည် ။ သူ့ အမျိုးသား က ဒီမှာ အင်ဂျင်နီယာ မို့ သူ က အချိန်ပိုင်း ဆရာမ ဝင် လုပ်နေသည် ဟု ဆို၏ ။ အင်မတန် အသင်အပြ ကောင်း၍ လွန်စွာ သဘောကောင်းသည့် အပြင် သူ ခက်ခက်ခဲခဲ သင်ပေး နေရသော သင်တန်းသား များ ထဲတွင် ကျွန်တော်တို့ မြန်မာများ မပါဝင်သည် မို့ ပို၍ ပင် ကျွန်တော်တို့ နှင့် အဖွဲ့ကျကြပါသည် ။
သင်တန်း ဆိုတော့လည်း အခက်သား ။
ပြဌာန်းချက် စာအုပ် ထဲ မှ အခန်းများ ကို သင်တန်းများများ ကျကျနန သင် ပြီးပါလျှင် စာမေးပွဲ ဖြေပြရသည် ။ ပြီးမှ သင်ခန်းစာ အသစ် တက်ရသည် ။ ကျွန်တော်တို့ အတွက် အခြေခံသင်တန်း စာသည် ခုနစ်ရက် ဖြင့် ပြတ်သည့် တိုင် သုံးလ နှစ်ကြိမ် သင်ယူရသည် ။ ကျောင်းသား ၊ ကျောင်းသူများ တကယ် ရှိကြသည် ။ မည်သည့် တိုင်းပြည် နှင့် လူမျိုး ဟု တော့ ကျွန်တော် မပြောတော့ ။ အာရှတိုက်သားများ ဖြစ်သည် မှာ တော့ အမှန်ပင် ။ ကျွန်တော်တို့ သိပြီး တတ်ပြီးသည် မှာ ကျွန်တော်တို့ ပညာရေးစနစ် ကြောင့် ဖြစ်၏ ။ သူတို့ တတ်သည့် တခြား ပညာ များ ကျလျှင် ကျွန်တော်တို့ တတ်ချင် မှ တတ်မည် ။ အခြေခံပညာရေးစနစ် မတူသော ကြောင့် ဖြစ်ပါသည် ။
ကျွန်တော် တက်သော “ ASCANDA ” ကျောင်း သည် ORCHID MRT ဘူ တာ မှ ထွက်လျှင် ထွက်ချင်း ဘယ်ဘက် လှေကား မှ တက်လိုက် လျှင် စာအုပ် အရောင်းဆိုင်ကြီးများ ၏ မျက်နှာချင်းဆိုင် တွင် တည်ရှိသည် ။
တက်ရသည့် သင်တန်းချိန် မှာ မနက် ကိုးနာရီ မှ ဆယ့်တစ်နာရီ အထိ သာ ။ တစ်ပတ် လျှင် သုံးရက် သာ တက်ရသည် ။ ထို့ကြောင့် အခြေခံသင်တန်း က ခြောက်လ ကြာရပါသည် ။ နောက်ပိုင်းမှာ တော့ ဆရာမ က ကျွန်တော်တို့ အကျိုး ရှိစေရန် သီးသန့်သင်ခန်းစာများ ချပေးသည် ။ သူ့ စေတနာ ကို ကျွန်တော်တို့ လေးစားရပါသည် ။ တကယ် ဆိုလျှင် ခြောက်လစာ အတွင်း ထိုသင်ခန်းစာများ ကို သူ သင် မပေးလည်း သူ့ အပြစ် မရှိ ။ သို့သော် ကျွန် တော်တို့ ကို ပိုတတ်စေချင်၍ သူ့ ဘာသာ သီးသန့် ရွေးထုတ်ထားသော သင်ခန်းစာများ ကို ပို့ချပေးသည် ။ ဆရာမ စေတနာများ သည် စင်ကာပူ လို အင်္ဂလိပ်စကား ဖြင့် ကျင်လည်ရသော ဒေသ တွင် ကြာလေလေ အထောက်အကူ ပြုလေမှန်း ကျွန်တော် လက်တွေ့ သိလာရတော့သည် ။
ကျွန်တော့် အခြေအနေ မှာ လည်း အတော့် ကို ပြောင်းခဲ့ပါလေပြီ ။
အနှီး = ဒါ ဘာလဲ
မဲ့ချိုင့် = မဟုတ်ဘူး
စသည့် ယိုးဒယားစကား ကို တတ်မြောက်ခဲ့သော မောင်ထွေး နှင့် ။
How are you? တတ်မြောက်ထားသော မောင်ထွေး တို့ ခြားနားလာ ခဲ့သည် မှာ သေချာလေပြီ ။
အထူးခြားဆုံး ပြောင်းလဲမှုကြီး ကား ရည်စား နှစ်ယောက် နှင့် တစ်ပိုင်း အပြိုင် ထားနိုင်ခဲ့ခြင်းပင်တည်း ။ နှစ်ယောက် တွင် တစ်ဦး မှာ ဖိလစ်ပိုင်သူလေး ဖြစ်၏ ။ ကျန် တစ်ဦး မှာ ဝပ်ပါမစ် နှင့် အလုပ် လာ လုပ်သော တစ်ခုလပ် ကလေးအမေ ဖြစ်၍ ကျန် တစ်ပိုင်းမှာ သင်တန်းကျောင်း မှာ တရုတ်စပ် မြန်မာမလေး တစ်ဦး ဖြစ်သည် ။ ဖိုင် သည် ကျွန်တော့် အာရုံနှင့် အတော်ပင် မှုန်ဝါးဝေ့ဝဲ ခဲ့သော အရပ် ၌ ရှိသည် ဆိုရုံလေး ရှိနေသည် ။ ကျွန်တော် ဘဝ မေ့ လေပြီကိုး ။
ဖိလစ်ပိုင်မလလေး ' ရိုတာ ' နှင့် ကျွန်တော် တွေ့ပုံမှာ ဖူးစာကြောင့် ထင်ပါ၏ ။ ကျွန်တော်တို့ စင်ကာပူ ရောက် မြန်မာများ အားလပ်လျှင် ဖားသွား ရိုက်တတ်ကြသည် ။ ဖိလစ်ပိုင်သူများ တနင်္ဂနွေတိုင်း အလည်အပတ် ထွက်ရင်း ငွေလွှဲငွေပို့ လုပ်ကြသည့် ပလာဇာသို့ မြန်မာများ လာ လာ ချောင်းတတ်ကြသည် ။ ကျွန်တော် လည်း မြန်မာပီပီ ဖားထွက်ရိုက်ခဲ့ မိသည် ။ တကယ်တမ်း ကျွန်တော် လာခဲ့သည် မှာ သူငယ်ချင်း ၏ ရည်စားနှင့် အဖော် လိုက်လာခြင်း ဖြစ်သည် ။ ကျွန်တော် နှင့် အတူနေသူ အီစွတ် မှာ ဖိလစ်ပိုင်သူ ရည်းစားမလေး ရှိ၏ ။ ဓာတ်ပုံများ ပင် ဖက်လှဲတကင်း ရိုက်ထားကြ၏ ။ ထို ကောင်မလေးမှာ မချော ။ အီစွတ် က လူဖြောင့် လူချော ။ ထို့ကြောင့် ကောင် မလေး က ခခယယ ချစ်ပြရှာသည် ကောင်မလေး က ချိန်းလိုက်လျှင် အီစွတ် က အဖော် မပါဘဲ မသွား ။ ကျွန်တော် လိုက်လိုက် သွားရင်း ကောင်မလေး က သူ့ သူငယ်ချင်းများ နှင့် မိတ်ဆက်ပေးမည် ဟု ကတိ ပေး၏ ။ ကျွန်တော် သဘောကျစွာ လက်ခံ လိုက်သည် ။ သို့သော် ချိန်းထားသော နေ့တွင် သူ့ သူငယ်ချင်းများ မလာကြ ။ ကျွန်တော် စိတ်ပျက်လက်ပျက် ဖြင့် စားပွဲတစ်လုံး ၌ ဝင် ထိုင်ပြီး စီးကရက် ခဲကာ မျက်လုံး က ဖားကောင် ရှာနေ၏ ။ မတွေ့ မမြင် ။ အီစွတ် ကောင်မလေး လည်း ပြန်သွားချေပြီ ။
ကျွန်တော် စီးကရက် သောက် နေစဉ် တစ်ဝိုင်းကျော် က ကောင်မလေး က ကျွန်တော့် ကို အကူအညီ လာ တောင်း၏ ။ သူ က မီးခြစ် လိုက် ရှာ နေခြင်းပင် ။ ကျွန်တော် မီးခြစ် ထုတ်ပေးလိုက် သော်လည်း သူ က ပြန် မသွားဘဲ သူ့ ဝိုင်းမှာ လူ တစ်ယောက် လိုနေ၍ လိုက် ထိုင်ပေးပါရန် တောင်းဆိုချေ၏ ။ ကျွန်တော် သူ့ ကို စက္ကန့်ပိုင်း အတွင်း အကဲခတ် လိုက်၏ ။ ထက်ထက်မြက်မြက် နှင့် လက်ရဲဇက်ရဲ ရုပ်ရည်မျိုး ဖြစ်၏ ။ အချောအလှကြီး မဟုတ်သည့် တိုင် အသက် မှာ နှစ်ဆယ်လောက် ပင် ရှိဦးမည် ။
သူ့ သဘော ကို လိုက်လျောပြီး သူတို့ ဝိုင်း သို့ ကျွန်တော် ထ လာခဲ့၏ ။ စားသောက်ခန်း ထဲ ဝိုင်း နှစ်ဆယ် ကျော်မို့ ပွတ်လောရိုက် နေပါသည် ။ ကျွန်တော် သူ့တို့ ဝိုင်းသို့ ရောက်သည့် အခါ ကောင်မလေး က ရှင်းပြသည် ။ ယနေ့ သူ့ မွေးနေ့ ဖြစ်ကြောင်း ၊ မီးခြစ် လည်း ပါမလာ၍ မွေးနေ့ ဖယောင်းတိုင် ထွန်းရန် ခက်နေကြောင်း ၊ ယခုလို လိုက် ထိုင်ပေး၍ ကျေးဇူးတင်ပါကြောင်း ။
သူ့ သူငယ်ချင်းများ က လည်း ဝိုင်းဝန်း ကျေးဇူးတင်ကြသည့် အပြင် သူ့ အား ဘုရားသခင် က လက်ဆောင် အဖြစ် ကျွန်တော့် ကို ပေးခြင်း ဖြစ်နိုင်ကြောင်း စကြပါသည် ။ သူတို့ စကြ ၊ နောက်ကြ ၊ ပြောကြသည် များ ကို ဖြည်း ဖြည်းချင်း ကျွန်တော် အဓိပ္ပာယ် သိလာခြင်း ဖြစ်၏ ။ သူတို့ ကတော့ အင်္ဂလိပ်စကား ကို ကရားရေလွှတ် ပြောနိုင်ကြပါ၏ ။ ကွန်တော် က ထိုသို့ မပြောတတ်၍ ခွင့်လွှတ်ဖို့ တောင်းပန်သော အခါ မွေးနေ့ရှင်မလေး ကျွန်တော့် ကို ကြီးစွာသော ကရုဏာ ဖြစ်ရှာ၏ ။ သူလေး က ၂ဝ ပြည့်သည့် မှာ နာရီပိုင်းသာ ရှိသေး၏ ။
ကျွန်တော့် အကွက် တော့ ဆိုက် လေပြီ ။
မွေးနေ့ပွဲ ပြီးတော့ ကောင်မလေး က အိမ် လိုက်ပို့ ပေးမလား ဟု တောင်းဆို ပြန်၏ ။ ရိုတာ ဟု သူ့ နာမည် ကို ကျွန်တော် ကျကျနန ခေါ်တတ် သွားပြီမို့ လိုက်ပို့ခဲ့ပါသည် ။ ရထား ပေါ် ရောက်တော့ ရိုတာ တစ်ယောက် သူ့ ဘုရားသခင် ရဲ့ လက်ဆောင် ကို တင်းတင်း ဆုပ်ကိုင်ရင်း သူ့ ကိုယ် သူ အကြီးအကျယ် အောင်ပွဲခံ နေသည် ။ ကျွန်တော် ဘာ ပြောရမည်နည်း ။ အဖေ နှင့် အမေ က ကျွန်တော့် ကို ကြည့်ပျော် ရှုပျော် ဖြစ်အောင် မွေးပေးခဲ့သည့် အပြင် အရယ် ၊ အမော ဟန်ပန် ရုပ်ဆင်း က လူရာဝင် ဖြစ်စေခဲ့သည့် မို့ ကျွန်တော် ဖားတစ်ကောင် ရခြင်းသည် မဆန်းလှ ။
ရိုတာ ၏ အလုပ် မှာ အိမ်ဖော် ဖြစ်သည် ။
သူ့ အိမ်၌ နှစ်နှစ်သားကလေး နှင့် လေးနှစ်သားကလေး တို့ ရှိသည် ။ ထို ကလေး မိဘများ က မနက် ဆိုလျှင် အလုပ်ခွင် ကိုယ်စီ ဝင်ကြပြီ ။ ထို့ကြောင့် ရိုတာ တစ်ယောက် ကလေး နှစ်ယောက် နှင့် တစ်နေ ကုန်ရသည် ။ ကလေး များ အိပ်လျှင် ပျင်းရှာမည် ။ ထို့ကြောင့် ရည်းစား ထားခြင်းပင် ။ ကျွန်တော် ကတော့ ဖိလစ်ပိုင်သူလေး နှင့် ရည်းစားဖြစ်ရသည့် အရသာဆန်း ကို အားရဝမ်းသာ ဖြစ်မိသည် ။ ထို အထဲ မှ ပင် မြန်မာအိမ်ဖော် ဖြစ်သော မနွယ်နီ နှင့် တယ်လီဖုန်းရည်းစား ဖြစ်ကြရသည် ။ တကယ် တော့ သူ နှင့် ကျွန်တော် ရည်းစား ဖြစ်ရခြင်း မှာ သူ့ ရည်းစား က သူ့ ကို သ စ္စာဖောက် သွား၍ ပင် ။ သူတို့ လည်ကြ ၊ ပတ်ကြ ၊ ပျော်ပါးကြပြီး သောအခါ သူ့ ရည်းစား က သူ့ကို ထား၍ တခြား တစ်ယောက် ကို ချစ်ခွင့် ပန်သည် ။ ထိုဖြစ်ရပ်များ က ကျွန်တော်တို့ မျက်မှောက်တွင် ပင် ဖြစ်သွား ကြသည် ။ ထို့ကြောင့် ထို ရည်းစားပစ်မကြီး ကို နှစ်သိမ့်ဖို့ တယ်လီဖုန်း တာဝန် ကို ကျွန်တော်တို့ ယူကြသည် ။ ဖြစ်ချင်တော့ မနွယ်နီ အလုပ် လုပ်သည့် မှာ အိမ် မှာ S,S,C ရေကူးကလပ်ကြီး နှင့် နီးနေ၏ ။ ထို့ကြောင့် ကျွန်တော် တွေ့ဆုံခွင့်ရ၏ ။ နောက် ချစ်ကြ၏ ။ ရိုတာ နှင့် လည်း ချစ် ၊ မနွယ်နီ နှင့် လည်း ချစ်နေသည့် ကြားမှ ပင် ကျောင်း မှ တရုတ်စပ် မြန်မာမလေး က ကျွန်တော့် ကို အနိုင်ကျင့် နေသေးသည် ။ ကုသိုလ်ကံများ ကောင်းလွန်းလှချည်တကား ။
ရည်းစား နှစ်ယောက် နှင့် တစ်ပိုင်း ထားရခြင်း၌ ကုန်ကျစရိတ် ရှိလာပါသည် ။
ရိုတာ နှင့် တွေ့ရချိန်သည် နေ့လည်ခင်း အလုပ် နားချိန် နှစ်နာရီစာ အချိန်တွင်း တွေ့ရသည် ။ သွား တွေ့ ရသည် က တောင်မှ မြောက်သို့ ခရီးမို့ အပြန် ဆိုလျှင် အလုပ်ချိန် မီအောင် တက္ကစီ စီးရသည် ။ ရိုတာ နေသည် က YINSHI မှာ ။ ကျွန်တော်တို့ S.S.C က KILLANG MRT မှ ကား ဆက် စီးရသည် မို့ အတော်ပင် အလှမ်း ကွာ ပါ၏ ။ ကျွန်တော် ရက်ကြာကြာ လေး သွား မတွေ့လျှင် မချော က မီးဖိုဆောင် သို့ ဖုန်းဆက်လာ၏ ။ ငို၏ ။ ကောက်၏ ။ ဒေါသပြ၏ ။ ဆိုးနွဲ့ ချေ၏ ။ သူ့ မှာ ဘာ အပြစ်ရှိလို့ လဲ ဟု မေးလာ မြန်းလာ၏ ။ သူ့ ဘုရားသခင် ၏ လက်ဆောင်သည် အချိန်းပိုင်း အလုပ်သမား တစ်ဖက် ၊ ကျောင်းသား တစ်ဖက် ဖြစ်နေသည် ကို သူ မသိ ။
ကျွန်တော် သွား တွေ့ လျှင်တော့ သက်စွန့်ဆံဖျား ပင် သူ့ အခန်း ထဲသို့ ခိုးသွင်းကာ ပြုစုယုယ ရှာသည် ။ အချိုပွဲလေးများ သာ ကျွေးမွေး၏ ။ နှိပ်နယ်ပေး၏ ။ ဆံပင်များ ကို ဖြီးလိမ်းပေး၏ ။ ရင်ခွင် ထဲ တိုးကာ အနမ်းမိုး တောင်းခံ၏ ။ ကျွန်တော့် လက်များ ကို ကိုက်၏ ။ ဤသည် ကား သူ့ အချစ် အကုန်ပင် ။ ကျွန်တော် သာယာပါသည် ။ သူ့ ကို ချစ်ကြင်စွာ နမ်းပါသည် ။ သို့သော် ပင်ပင်ပန်းပန်း လုပ်အားခများ က တက္ကစီခ ကုန်သွား ရသည် ကို တော့ နှမြောလှ၏ ။ ပြီးတော့ သူ့ အိမ်ရှင် မိသွား လျှင် ဖောက်ထွင်းမှု ၊ ကျူးကျော်မှု နှင့် ထောင်ကျဦးမည် ။ သူ က တစ်လ လျှင် အပြင် ထွက်ခွင့် တစ်ကြိမ် သာ ရရှာသည် မို့ အချစ် နှင့် တွက်လျှင် ထိုအချိန် မှာ မလောက်ငှ ။ ကျွန်တော်တို့ အဖို့ မှာ လည်း တနင်္ဂနွေရက် သည် အလုပ်ရှုပ်သောနေ့ ဖြစ်၍ ခွင့်ယူခွင့် မရှိ ။ နာ၍ ဖျား၍ ဆိုလျှင်တော့ ဆေးစာဖြင့် ခွင့်ပြုသည် ။ အချစ်ကြောင့် တော့ဖြင့် တနင်္ဂနွေ ကို ခွင့်တင်၍ မရ ။ ရေကူးကလပ် ဆိုသည် မှာ တနင်္ဂနွေနေ့မျိုး သည် အားဂနေ့ ဖြစ်သည် ကိုး ။
ချစ်သက်တမ်းလေး ရင့်မာလာသော အခါ သူ က ကျွန်တော် ခြေလှမ်း ကျဲလာသည် ကို မခံရပ်နိုင်တော့ သဖြင့် စနေနေ့ နေ့တစ်ပိုင်း ခွင့်ယူမည် ။ တနင်္ဂနွေနေ့ နေ့တစ်ပိုင်း ခွင့်ယူမည် ။ တိုက်ရိုက် မေးသည် တော့ မဟုတ် ။ ‘ ကေလန် ’ ဘူတာရုံ နား တွင် အချိန်ပိုင်း တည်းခိုများ ရှိကြောင်း ကျွန်တော် သူ့ ကို ပြောပြထားသည် ။ သူ က လာမည့် စနေ ၊ တနင်္ဂနွေ တွင် ထို တည်းခိုခန်း ၌ ကျွန်တော် နှင့် ဆွေးနွေးစရာ ရှိသည် ။ ကြိုက်သည့် ရ က် ကို ပြောပါ ဟု ဖိတ်ခေါ်လာ၏ ။ စနေနေ့ ကို ကျွန်တော် ချိန်းလိုက်သဖြင့် သူ ရောက်လာပါသည် ။
ကျွန်တော့် မှာ အကျင့် တစ်ခု ရှိသည် ။
တကယ့် မိုးထဲရေထဲ ကိစ္စမျိုး ဆိုလျှင် ကတိကဝတ် ကို အသေအလဲ ဆုပ်ကိုင်တတ်သော အကျင့် ဖြစ်သည် ။ မချော ကို ကျွန်တော် ခေါ်ပြီး တည်းခိုခန်း တွင် အခန်း ငှားသည် ။ အခန်း ထဲ ဝင်ခဲ့ကြသည် ။ ရေချိုးကြသည် ။
ကျွန်တော် ကြက်သီးထ သွားပါသည် ။ ကျွန်တော့် ရမ္မက် အတွက် သူ့ အမေ ကို ပေးခဲ့သော ကတိအား ဖျက်ရပေတော့မည် ။ မဖြစ် ။ ကျွန်တော် မဝံ့ ။ ထို့ကြောင့် ပွဲတော် ကို စွန့်လိုက်သည် ။ ထို့အတူ ထိုနေ့ မှာ ပင် သူ့ ကို ကျွန် တော် လမ်းခွဲ လိုက်ပါကြောင်း အေးအေးဆေးဆေး ရှင်းပြ၏ ။ သူ လည်း မငို ။ သူ နှင့် ကျွန်တော် တစ်နေ့ ခွဲရမည် ကို သိပြီးသား ဟု ဆို၏ ။ သူ သည် နိုင်ငံခြားသား ကို မယူနိုင် ဟု ဆို၏ ။ ကျွန်တော့် ကို သူ ချစ်သည် ။ ကျွန်တော် ချစ်သည် ကို လည်း ကျေးဇူးတင်သည် ဟု ဆို၏ ။
သူ နှင့် ကျွန်တော် လမ်းခွဲ ခဲ့ကြသည် ။ သူငယ်ချင်း အဖြစ် ဖုန်းဆက် ပါရစေ ဟု သူ က တောင်းဆိုသည် ။ ကျွန်တော် ခွင့် မပြု ။ ကျွန်တော့် စိတ်ရိုင်း ကို ချွန်း မအုပ်နိုင် မှာ သိနေသည် ။
နောက် သုံးလကျော် အကြာတွင် ရိုတာ က အရေးတကြီး တွေ့ လိုကြောင်း ၊ သူ့ သူဌေးမ ကပါ ကျွန်တော် နှင့် တွေ့ လိုကြောင်း ဖုန်းဆက် လာသည် ။ ကျွန်တော် သွား တွေ့သော အခါ ရိုတာ ၏ ဝပ်ပါမစ် သက်တမ်း တိုး မရသည် မို့ ပြန်ရတော့မည့် အကြောင်း ၊ ကျွန်တော် နှင့် ရိုတာ ချစ်ကြိုက်ကြသည် ကို သူဌေးမ မှာ မကန့်ကွက်ကြောင်း ရိုတာ ပြန်လာလျှင် လာရောက် တွေ့ဆုံနိုင်ပါကြောင်း ပြောပြကြသည် ။
ရိုတာ့ ကို ဘာ အခက်အခဲ ရှိသလဲ ဟု ကျွန်တော် မေးသည် ။
ရိုတာ က ငွေ လိုကြောင်း ပြောလာသဖြင့် လစာ ထုတ်ထားသော ငွေ ရှစ်ရာ ကျွန်တော် ပေးလိုက်သည် ။ သူ့ အဝတ်အစားအိတ်ကြီး ကျွန်တော့် ဆီ မှာ ချန်ထားခဲ့သည် ။ သို့သော် သူ ပြန်မလာတော့ပါ ။ သူ ပေးထားခဲ့ သော သူ့ သူငယ်ချင်း ဖုန်းနံပါတ် ကို ခေါ်ကြည့်တော့ ရိုတာ ဟောင်ကောင် သို့ သွားပြီ ဖြစ်ကြောင်း သိရသည် ။
ကျွန်တော် သူ့ ကို သနား နေမိသည် ။ သူ့ ဘဝ တွင် အချစ်ဦး အချစ်ဖျား ဘုရားသခင် ၏ လက်ဆောင်ကြီး သည် ထာဝရ မဖြစ်ရလေခြင်း အတွက် နှလုံးသား တွင် အမည်းစက် တင်နေရှာမည် ဟု တွေးနေမိသေး၏ ။ နောက် တော့ ကျွန်တော် လည်း မနွယ်နီ နှင့် လုံးထွေးရစ်ပတ် လိုက် ၊ ကျောင်း မှ ကောင်မလေး ကို အလိုလိုက် ၊ အကြိုက်ဆောင်လိုက် ဖြင့် ဘဝ အမေ့ကြီး မေ့ နေပါတော့သည် ။ ဖိုင် သည် ရိပ်ရိပ်ကလေး မျှ သာ ကျွန်တော့် ကို လွှမ်းမိုးနိုင် တော့သည် ။ သို့သော် ထို ရိပ်ရိပ်ကလေး သည် အလွန် နက်ရှိုင်းသော ရိပ်ရိပ်ကလေး ဖြစ်မှန်း အချိန် ကြာလာသော ကျွန်တော် နားလည် လာလေပင် ။ ဖိုင် သည် တည်ငြိမ်၏ ။ အပျော် မမက် ၊ ဘဝ ကို လွန်စွာ ရောင့်ရဲနိုင်သည် ။ ကျွန်တော် ပြန်လာမည့် ၉၇ ခုနစ် ကို မမှိတ်မသုန် ကြည့် နေမှန်း နောက်တော့ ကျွန်တော် သိခဲ့ရပါတော့သည် ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment