❝ ဖိုးကြွား နှင့် မယ်ရိုး ❞
( ပုံပြင် )
ရှေးသရောအခါ တောရွာ တစ်ရွာ တွင် ဖိုးကြွား နှင့် မယ်ရိုး ဟူသော လင်မယား နှစ်ယောက် ရှိလေ၏ ။ ထို တောရွာ တွင် နေထိုင်ကြသော ရွာသူရွာသားတို့ သည် ဝမ်းစာရေး အတွက် မိရိုးဖလာ အတိုင်း လယ်ယာ လုပ်ငန်း ကို လုပ်ကိုင်ကြရလေသည် ။ ဖိုးကြွား သည် နာမည် နှင့် လိုက်အောင် အကြွား သန်သည့် ပြင် ဗေဒင်ပညာ ကို မတောက်တခေါက် တတ်မြောက် ထားသဖြင့် သူ့ ကိုယ် သူ ဗေဒင် တွက်ကာ ကောင်းစားမည့် ဇာဏာရှင် ဟု စိတ်ကြီးဝင်ပြီး လယ်ယာလုပ်ငန်း ကို မလုပ်ကိုင်ချေ ။ ရွာ ထဲတွင် သူ့ကိုယ် သူ ဗေဒင်ဆရာ ဟု ကြွားဝါလေ၏ ။ နေ့စဉ်နေ့တိုင်း ဖိုးကြွား သည် မည်သည့် အလုပ် ကို မျှ မလုပ်ဘဲ အိမ်ဦးခန်း တွင် အခန့်သား ထိုင်လျက် ချမ်းသာကြွယ်ဝရန် မျှော်လင့်တောင့်တရင်းဗေဒင်မေးသူ ကို စောင့်မျှော် နေတတ်သည် ။
အနီးအနား ရွာများ မှ ဖိုးကြွား အကြောင်း ကို မသိသူများ က ဖိုးကြွား ကို ဗေဒင်ဆရာကြီး ဟု ထင်မှတ်ပြီး အားကိုး ယုံကြည်မှုဖြင့် ဗေဒင်မေးရန် ရောက်လာကြ၏ ။ ထိုအခါ ဖိုးကြွား လည်း ကျောက်သင်ပုန်း ပေါ် တွင်တဂျောက်ဂျောက် ရေးခြစ်လိုက်ပြီး ...
“ ဒီ ဇာတာရှင် ဟာ ကုသိုလ်ကံ နိမ့်နေလို့ အလုပ်ကြမ်း နဲ့ အသက်မွေးဝမ်းကျောင်း ပြုရမယ်လို့ ဆိုတယ် ။ အိမ်း ... ဆရာတို့ ဇာတာ ကျတော့ တကယ် ကောင်းတာကလား ... ပညာ နဲ့ အသက်မွေးဝမ်းကျောင်း ပြုရမယ့် ဇာတာ ပါလာတော့ အိမ်ဦးခန်း မှာ အေးအေးထိုင် ရင်း ဗေဒင် ဟောတာနဲ့ ငွေရတာပဲ ” ဟု ဗေဒင်ဟောကိန်း ထုတ်ရင်း သူ့ ကိုယ် သူ ကြွားဝါလေ့ ရှိ၏ ။
ရွာ ထဲ မှ အကြောင်း သိသူများ က ဖိုးကြွား ကိုအလုပ်အကိုင် မယ်မယ်ရရ မရှိဘဲ မယား လုပ်စာ ကို ထိုင်စားသူ လူ့ဘော်ကြော့ အဖြစ် အထင်သေး၏ ။ အလွန် ကြွားဝါတတ်မှန်း သိကြ သဖြင့် လည်း သူ့ စကား ကို မယုံကြည်တော့ သည့်ပြင် ရူးပေါပေါ လူ တစ်ဦး အဖြစ် ယူဆကာ ဆက်ဆံမှု မလုပ်ကြတော့ ။ ဖိုးကြွား လျှောက်လာသည် ကို မြင်လျှင် ရွာသူရွာသား တို့ က မမြင်ချင်ယောင် ဆောင်သူ က ဆောင်ကာ ရှောင်သွားသူ တို့က ရှောင်သွားကြသည် ။ ထိုသို့ ရွာသား တို့ အပြုအမူ ကို ဖိုးကြွား မြင်လေသောအခါ သူ လို ပညာရှိ ဗေဒင်ဆရာကြီး ကို ရိုသေကျိုးနွံကြ သဖြင့် မျက်နှာချင်း မဆိုင်ဝံ့ကြ ဟု ယူဆကာ သူ့ ကိုယ် သူ ပို၍ အထင်ကြီး နေတော့၏ ။
ဖိုးကြွား ၏ ဇနီး မယ်ရိုး သည် ရိုးရိုးအေးအေး နေတတ်သူ ပီပီ အလုပ် မလုပ်သော ယောက်ျား ဖြစ်သူ ကို ဆူပူကြိမ်းမောင်းခြင်း မပြုဘဲ ဝမ်းစာရေး အတွက် သူ တတ်နိုင်သလောက် ရှာဖွေ လုပ်ကိုင်လေသည် ။ မိုးတွင်း ကောက်စိုက်ချိန် တွင် မယ်ရိုး သည် သူတစ်ပါး လယ် ၌ အငှား လိုက် စိုက်ပေးရသည် ။ ကောက်စိုက်ချိန် ပြီးလျှင် တတ်ကျွမ်းသည့် လက်မှုပညာ ဖြင့် တောင်း များ ၊ ဇကာများ နှင့် ပုတ်များ ရက်လုပ်ကာ ရောင်းချလေသည် ။
တစ်ခါသော် ဖိုးကြွား သည် ရွာ ထဲ တွင် လမ်း လျှောက်ရင်း ရေနွေးကြမ်း တစ်အိုး နှင့် ဝိုင်းဖွဲ့ကာ စကား ပြောနေသည့် လူတစ်စု ကို တွေ့မြင်လေလျှင် သူ့ ဝါသနာ အတိုင်း ဝင်ထိုင် လေ၏ ။ ဝိုင်းဖွဲ့ နေသည့် လူတစ်စု လည်း လယ်ယာ လုပ်ငန်း အကြောင်း အလုပ်အကိုင် များပြား၍ မအားမလပ်အောင် လုပ်ကိုင်ရကြောင်း ကို တစ်ယောက် တစ်ခွန်း ပြောဆို နေကြ၏ ။ အတန် ကြာမျှ နားထောင် နေသော ဖိုးကြွား သည် အသံ ကျယ်ကျယ် ဖြင့် “ ခင်ဗျားတို့ တစ်တွေဟာ အတော် သနားစရာ ကောင်းတဲ့ လူတွေ ပါလား ။ မိန်းမ ကို နွားနဲ့ ဖက်ရုန်းပြီး လုပ်ကိုင် ကျွေးနေရ တာ ပင်ပန်းလှပါတယ်ဗျာ ။ ကျုပ်တို့ တော့ဖြင့် မယားရ ကံကောင်းလိုက်တာ ။ မယား က အသင့် ရှာဖွေ ချက်ပြုတ် ကျွေးတယ် ။ နောက်ပြီး ကျုပ် မယား မယ်ရိုး ဆိုလည်း လက်မှုပညာ ဘယ်လောက် ကျွမ်းကျင်သလဲ ။ ခင်ဗျားတို့ မြင်တယ် မှတ်လား ။ မယ်ရိုး ရက်လုပ်တဲ့ တောင်းတွေ ၊ ခြင်းတွေလေ ” ဟု ပြောဆို ကြွားဝါလေတော့၏ ။
လူဝိုင်း ထဲမှ ဖိုးကြွား ကို မနှစ်မြို့သူ တစ်ယောက် သည် ဖိုးကြွား ၏ ကြွားဝါချက် ကို နားထောင်ပြီး ပြန် ပြောရန် အချက် ရသဖြင့် ...
“ ဒီမှာ ကိုဖိုးကြွား ။ ခင်ဗျား မယား မယ်ရိုး ဟာ လက်မှုပညာ မှာ တကယ်တမ်း တတ်ကျွမ်းတော့ ခင်ဗျား ကြွားမယ်ဆို ကြွားလောက်ပါရဲ့ ။ ဒါပေမယ့် မယ်ရိုး ဟာ ဘယ်လောက် လက်ရာ ကောင်းတဲ့ တောင်းတွေ ခြင်းတွေ ရက်ပေမယ့် သူတကာ အဆင်သင့် သုံးဖို့သာ ဖြစ်နေ တယ်ဗျာ ။ သူ ကိုယ်တိုင်ကတော့ အိမ် မှာ တောင်းစုတ် ခြင်းစုတ်တွေ အသုံးပြုနေရတာ သနား စရာပဲဗျ ” ဟု ပြောလိုက်လေရာ စကားဝိုင်း မှ လူစု လည်း ဝိုင်းဝန်းလှောင်ပြောင်ရယ်မောလေ၏ ။ ဖိုးကြွား သည် လူစု ၏ ရယ်မောခြင်းကြောင့် အရှက် ရသဖြင့် မယ်ရိုး အပေါ် အလွန် စိတ်ဆိုး သွားကာ အိမ်သို့ ခြေလှမ်းကျဲကျဲ လှမ်း၍ ပြန်ခဲ့လေ၏ ။
“ ဟေ့ ... မယ်ရိုး ... နင့် လောက် မိုက်တဲ့မိန်းမ ရှိပါဦးမလားဟင် ။ နင် တောင်းတွေ ၊ ခြင်းတွေ ကိုယ်တိုင်ရက်နေပါရက် နဲ့ အိမ် မှာ တောင်းစုတ် ၊ ခြင်းစုတ်တွေကို သုံးရသလား ။ သူများတကာတွေ လို အသစ်စက်စက် အကောင်းတွေကို ဘာလို့ မသုံးရသလဲ ... ” ဟု ဖိုကြွား လည်း အိမ် ပြန် ရောက်လျှင် မယ်ရိုး ကို ဒေါသတကြီး ဆူပူ ကြိမ်းမောင်းလေ၏ ။ ထိုအခါတွင် တောင်းရက် နေသည့် မယ်ရိုး လည်း စိတ်ဆိုးလာ ကာ ...
“ ဘာပြောတယ်ရှင့် ကိုဖိုးကြွား ။ ခုလို ကိုယ်တိုင် ရက်ပေမယ့် အစုတ် သုံးရတာ ရှင် အသုံးမကျလို့ပေါ့ရှင့် ။ ရှင် က ဘာ အလုပ်အကိုင် မှ မလုပ်လို့ အိမ် မှာ စားသောက်ဖို့ မရှိဘူး ။ ကျွန်မ က ဒီ တောင်းတွေ ရက်ပြီး မရောင်းရင် အိမ် မှာ ဘာ စားသောက်ကြ မလဲ ။ သူများ အတွက် အလုပ် လုပ်လို့ ဝင်ငွေ ရှိတော့ ကျွန်မ ရက်တဲ့ ခြင်းတို့ ၊ တောင်းတို့ ကိုအဆင်သင့် ဝယ်သုံးနိုင်တာ ပေါ့ရှင့် ” ဟုအော်ကျယ်ဟစ်ကျယ်ပြန် ပြောလေ၏ ။
မယ်ရိုး ၏ စကားသည် မှန်ကန်ကြောင်း စဉ်းစားမိသော ဖိုးကြွား လည်း တစ်ခွန်း မှ ပြန် မပြောတော့ဘဲခေါင်းငိုက်စိုက် ကျသွားလေ၏ ။
အချိန် ဖြုန်းကာ အလုပ် မလုပ်ဘဲ နေခဲ့သည့် အတွက် သူ့ ကိုယ် သူ အရှက်ကြီး ရှက် လာတော့၏ ။ သူ သည် နောင်တ ကြီးစွာ ရပြီ ဖြစ်သဖြင့် သူ ၏ မရေရာသော ကြွားဝါခြင်း ၊ ဗေဒင် ဟောခြင်းတို့ ကို စွန့်လွှတ်လိုက်၏ ။ အလုပ် ကိုလည်း ဆထက်တံပိုး ကြိုးစားကာ လုပ်ကိုင်တော့ ရာ သူ့ အိမ်ထောင်စု ၏ ဝင်ငွေ မှာ သိသိသာသာကြီး တိုးတက် လာတော့သည် ။ လုပ်အားကြောင့် ဝင်ငွေ တိုးလာသဖြင့် ဖိုးကြွား နှင့် မယ်ရိုးတို့မှာ ပျော်ရွှင်ကြပြီး အိမ်ထောင် သာယာလျက် ရှိလေ၏ ။
ယခင်က နှင့် မတူတော့ဘဲ အပြောင်းလဲကြီး ပြောင်းလဲ သွားပြီး အလုပ် ကြိုးစားသော ဖိုးကြွား ကို လည်း ရွာသူရွာသား တို့ က လေးလေးစားစား ဆက်ဆံကြရလေတော့သည် ။
⎕ အေးမိုး
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၅ ၊ ဇွန်
No comments:
Post a Comment