Monday, June 2, 2025

ပစ်တိုင်းထောင် ( ၀၃ ) ( ၂ )


 

❝ ပစ်တိုင်းထောင် ❞
    အပိုင်း - ၃ ( ၂ )

မရီ သည် ရှက်၍ သွားလေသည် ။ မအေးချို ၏ တင်ပါးကို လက် ဖြင့် လိမ်ဆွဲရင်း ...

“ မအေးချိုကြီး တစ်ယောက် ပြောလိုက်ရင် သိပ် ပက်စက်တာပဲ ၊ အရီ က ဒါမျိုး ဝါသနာ မပါသေးဘူး ”

“ အေးပါတော် ၊ ဝါသနာ မပါတဲ့ လူလား ၊ တော်တော်ကြာ လာပါလိမ့်မယ် ၊ ညည်း အဆက် ဟို အမောက်လေး နဲ့ စတိုးဆိုင် က လူလေ ”

မရီ သည် မအေးချို အား အရိပ်အကဲ ပြလိုက်ရင်း တစ်ဖက်သို့ မေးငေါ့ ပြလိုက်လေသည် ။ သည်တော့မှ လည်း မအေးချို က လျှာ ကို ထုတ်လိုက် ရင်း မျက်လုံး ကို တမင် ပြူးပြလိုက်သည် ။ တစ်ဖက် စားပွဲ တွင် ကား သူတို့ ပြောနေသော အမောက် နှင့် လူ က အခန့်သား ထိုင်လျက် ရှိလေသည် ။

သူ သည် မအေးချို နှင့် မရီ အား မချိုမချဉ် ကြည့်၍ နေလေသည် ။

မအေးချို သည် မှင်တက်မိကာ ထို လူ ရှိရာ သို့ ထ၍ သွားရင်း မရီ အား လှမ်း၍ စကား ဖာ လိုက်သည် ။

“ ဟဲ့ ... မရီ ၊ ထမင်း စားမယ့် နင့် ဦးလေးကြီး ရောက်နေပြီလေ ၊ ဘာဟင်း စားမလဲလို့ မေးလိုက်ပါဦးဟယ် ”

မရီ သည် လျှောက်၍ သွားလေသည် ။ ယောက်ျားပျို သည် ပြုံးစပ်စပ် ဖြင့် မရီ အား ကြည့်ရင်း ..

“ ဦးလေးကြီး တော့ မခေါ်ပါနဲ့ဗျာ ၊ ခုမှ အသက် သုံးဆယ်တောင် မပြည့်သေးပါဘူး ”

“ ဪ …. ကျွန်မတို့ က အကောင်း ခေါ်တာပါရှင် ၊ ဦးလေးကြီး ဇာတ်ကား ထဲ က ကိုမြင့်အောင် လို ဦးလေးကြာကူလီ အဖြစ် နဲ့ ခေါ်တာပါ ”

“ ဒါက သာ ဆိုးသေးဗျာ … ”

“ ကဲပါရှင် ၊ ဘာဟင်း စားမလဲ ”

မရီ သည် စိတ်မရှည်နိုင် သကဲ့သို့ ခပ်ဆတ်ဆတ် မေးလိုက်သည် ။

“ မရီ က လည်း … ၊ ကျွန်တော် စားမယ့်ဟင်း သိရက်သား နဲ့ မေးနေရသေးသလား ”

ကျွန်တော် သည် ထိုသူ ၏ စကား ကို နားထောင်ရင်း မခံချင်သလို ဖြစ်လာမိသည် ။ သူ ပြောပုံမှာ မရီ အပေါ်တွင် ပိုင်စိုးပိုင်နင်း နိုင်လှပေသည် ။

“ ရှင် စားချင်တဲ့ ငါး နဲ့ ပဲ နဲ့ ချက်တဲ့ ငါးပဲဟင်း ကတော့ ကုန်သွားပြီ ”

မအေးချို က ဝင်၍ ဖောက်လိုက်သည် တွင် ထိုလူ က ပြုံးဖြဲဖြဲ ဖြင့် ...

“ ဘာလဲ ၊ ခင်ဗျားတို့ အကုန် စားပစ်လိုက်လို့လား ၊ ကဲဗျာ .. ဆိတ်ကလီစာ နဲ့ တစ်ပွဲ ပေးပါ ၊ ဆာလှပြီဗျာ ”

မရီ လည်း ထို ယောက်ျား အား ထမင်းဟင်းများ ပြင်၍ ပေးလိုက်သည် ။

ကျွန်တော် သည် ထို ယောက်ျားပျို ၏ အမူအရာ ကို ကြည့်၍ အလိုလို ရွံမုန်းမိလေသည် ။ သူ သည် ကျွန်တော်တို့ ဆိုင် သို့ နေ့တိုင်းပင် အချိန်မှန် လာ၍ စားတတ်လေသည် ။ အမြဲ စားနေသူ တစ်ယောက် ကို ခင်မင်ရင်းနှီး ရမည့် ဝတ္တရား ရှိသော်လည်း ထိုသူ အား ကျွန်တော် ခင်မင်၍ မရပေ ။ အထူးသဖြင့် မရီ အား ရိသဲ့သဲ့ ကြည့်၍ ပြောခြင်းများ ကို ကျွန်တော် မြင်တွေ့တိုင်း နှလုံးနာမိသည် ။

တစ်ခါတစ်ရံ မအေးချို ကိုပါ ကျွန်တော် က မကျေမနပ် ဖြစ်မိသည် ။ မအေးချို သည် ဆိုင်၌ လာသော တချို့ ယောက်ျားပျိုကလေးများ ကို မရီ အား ရိသဲ့သဲ့ ပြောဝံ့အောင် ရေလာမြောင်းပေး လုပ်သည် ဟု ကျွန်တော် ထင်မိ သည် ။ ယခုလည်း ယောက်ျားပျို တစ်ယောက် က ချိတ်စောင်း၍ ပြောနေသည် ကို မအေးချို သည် ပြုံး၍ လိုက်လျောဟန် ပြုနေသည် ။

ကျွန်တော် သည် ထိုသူ အား အလစ် မပေးဘဲ ကြည့်နေမိသည် ။ သူ က ကျွန်တော့် အား ဂရုစိုက်ပုံ မရပေ ။ ထမင်း ကို စားလိုက် ၊ မအေးချို နှင့် မရီ အား အရိပ်အကဲ ကို ကြည့်လိုက်ဖြင့် လုပ်နေပြန်သည် ။

ထမင်းလိုက်ပွဲ ဟင်းလိုက်ပွဲများ သွား၍ ချပေးသည့်အခါ သူ သည် မရီ အား ခပ်တိုးတိုး ပြောလိုက်သည် ကို ကျွန်တော် သတိထား မိလေသည် ။ မရီ သည် သူ့ အား မကြားယောင် ပြု၍သာ ပြန်၍ ထွက်ခဲ့သည် ။

စားသောက် ပြီးသောအခါ မရီ က ထမင်းပန်းကန်များ ကို သိမ်းဆည်းရင်း ကျသင့်ငွေ ကို တွက်ချက် နေသည် ။ သူ သည် မရီ အား ခပ်တိုးတိုး ပြော၍ နေသည် ကို တွေ့ရလေသည် ။ ထိုအချိန်တွင် ကျွန်တော် သည် ဆိုင်ရှေ့ သို့ထွက်၍ သွား နေလိုက်သည် ။ အကြောင်း တစ်ခု ရှိခဲ့သော် အသင့် ရှိရန် တမင်တကာ ထွက် ၍ ထိုင်နေခြင်း ဖြစ်လေသည် ။ မအေးချို  က ကျွန်တော့် အား လှမ်း၍ ကြည့်လိုက်ရင်း...

“ ဟဲ့ ... သံချောင်း ၊ ဒီမှာ ပန်းကန်တွေ လာ ဆေးလေ ”

“ ဟုတ်ကဲ့ပါ ၊ ကျွန်တော် ပြီးတော့ ဆေးပါ့မယ် ”

မအေးချို က ကျွန်တော့် အား မရီတို့ အနား တွင် မရှိစေလိုမှန်း ရိပ်စား မိသည် ။ ထို့ကြောင့်လည်း ကျွန်တော် က တမင် ပေကပ်၍ နေခြင်း ဖြစ်သည် ။ ယောက်ျားပျို သည် ကျွန်တော့် အား တစ်ချက် ပြုံး၍ ကြည့်ရင်း သူ ၏ အိတ် ထဲမှ ငါးကျပ်တန် တစ်ရွက် ကို ထုတ်၍ လှမ်း ပေးလိုက်သည် ။

“ ဒီမှာ မိတ်ဆွေ ၊ ကျွန်တော့် ဖို့ စီးကရက် တစ်ဘူး လောက် ဝယ်ပေးစမ်းပါ ”

ကျွန်တော် သည် သူ့ အား ရှူသိုးသိုး ဖြင့် ပြန်၍ ကြည့်နေလိုက်သည် ။ မအေးချို က ဝင်၍ ကျွန်တော့် ကို ခိုင်းလိုက်ပြန်သည် ။

“ ဟဲ့ .. သံချောင်း ၊ ဝယ် ပေးလိုက်လေ ”

“ ဘာဆိုင်လို့ ဝယ်ပေးရမှာလဲ မအေးချို ရ ၊ ထမင်း စားပြီး သူ့ ဘာသာ ဝင်ဝယ်သွားပေါ့ ”

“ ဟဲ့ .. နင် တယ် ရိုင်းပါလား ၊ ကိုယ့် ဆိုင်မှာ လာစားတဲ့ လူ ဆိုတာ တတ်နိုင်သမျှ ကိုယ့် ဘက်က ဝတ္တရား ကျေရတယ် ”

ကျွန်တော် သည် ဘာမှ ပြန်၍ မပြောတော့ချေ ။ ထိုလူ ကို သာ စိုက်၍ ကြည့်နေသည် ။ ထိုလူ က ကျွန်တော့် အား မခိုးမခန့် ကြည့်၍ ငါးကျပ်တန် ကို ထိုး၍ ပေးသည် ။ သူ ၏ အမူအရာ မှာ ကျွန်တော့် အား အခိုင်းအစေ တစ်ယောက် လို သဘောထားဟန် ရှိသည် ။

ကျွန်တော် က သူ့ လက် ထဲမှ ငါးကျပ်တန် ကို ဆွဲယူ လိုက်ပြီးလျှင် ဆိုင် ထဲ မှ ထွက်ခဲ့လေသည် ။ အမှန်၌ ကျွန်တော့် စိတ်ထဲတွင် လုံးဝ မကျေနပ် မိပေ ။ သို့သော် မအေးချို ၏ စကား ကို မလွန်ဆန် နိုင်၍သာ လုပ်ပေးရခြင်း ဖြစ်လေသည် ။ ကျွန်တော် လည်း အတော်အတန် တော့ ပါးနပ်သူ ဖြစ်သည် ။ စီးကရက် အဝယ် ခိုင်းခြင်းမှာ ကျွန်တော့် အား ဆိုင်ထဲ၌ မရှိစေလို၍ တခြား ကို ရှောင်ထုတ်လိုက်ခြင်း ဖြစ်သည်ကို ကျွန်တော် ကောင်းကောင်း ရိပ်မိလေသည် ။ ကျွန်တော် မရှိသည့် အချိန်၌ သူ သည် မရီအား တစ်စုံတစ်ခု ပြောမည် ကိုလည်း ကျွန်တော် ရိပ်မိလေသည် ။ ထို့ကြောင့်လည်း စီးကရက် ကို အပြေးအလွှား ဝယ်မိသည် ။ ဝယ်ပြီး လျှင် ပြီးချင်း ကျွန်တော် သည် ဆိုင်ဘက် သို့ ပြန်လှည့် ခဲ့မိသည် ။

ကျွန်တော် ဆိုင် နှင့် မလှမ်းမကမ်း လောက် အရောက် တွင် ဆိုင် ထဲ မှ ထွက်လာသော မအေးချို ကို တွေ့ ရလေသည် ။ ကျွန်တော် သည် မအေးချို ၏ ပြုမူပုံ ကို မအံ့သြဘဲ မနေနိုင်ချေ ။

“ ဪ … နင် ကလည်း ၊ တောသား လည်း ဆိုရဲ့ ၊ ဗိုက် လည်း ရွှံ့တွေ နဲ့ ၊ နင့် ကို စီးကရက် အဝယ် ခိုင်းတာ ဟိုလူ က မရီ ကို ငမ်းနေတာ နင် မသိဘူး လား ၊ အခုလို အခွင့်အရေးများ ရရင် ဘာမဆို လိုချင်တာ ရတယ် ၊ သူ က စတိုးဆိုင် က ၊ မင်း ဘာလိုချင်သလဲ ၊ ငါ တောင်းပေးမယ် ”

ကျွန်တော် သည် မအေးချို အား ကြောင်၍ ကြည့်နေမိတော့သည် ။

မအေးချို အား ကျွန်တော် အံ့သြစွာ ကြည့်နေမိသည် ။ နောက်မှ ဒေါသ ဖြစ်မိသည် ။ သူ ၏ ယုတ်မာပုံ ကို လည်း နားလည်၍ သွားလေသည် ။

ကျွန်တော် သည် မအေးချို အား ဘာမျှ မပြောတော့ချေ ။ ဆိုင် ဘက် သို့သာ အပြေး လစ်ခဲ့မိသည် ။ ဆိုင် ထဲ တွင် မရီ က ရှေ့က ရှောင်ဖယ်ဖယ် လုပ်နေသည် ကို ယောက်ျားပျို က နောက်မှ တစ်စုံတစ်ခု လိုက်၍ ပြောနေသည် ကို မြင်တွေ့ ရသည် ။

“ တကယ်ပါ မရီ ရ ၊ ငါ နင့် ကို တကယ် ချစ်တာပါ ၊ နင် လိုချင်တာ ပြောကွာ ၊ ငါ ဝယ်ပေးမယ်နော် ၊ နက်ဖြန် တနင်္ဂနွေနေ့ ဆိုင် ကို လာခဲ့ပေါ့ ”

“ ဘာမှလည်း မလိုချင်ဘူး ၊ လာလည်း မလာဘူး ”

“ နင့် ကို ငါ တကယ် ချစ်လို့ ပြောတာပါဟာ ”

ကျွန်တော် သည် နောက်မှ နေ၍ ယောက်ျားပျို ၏ လက်မောင်း ကို ဆွဲလှည့် လိုက်သည် ။

“ ဒီမှာ .. ခင်ဗျား ထမင်း စားပြီးရင် ဆိုင် ထဲ က ထွက်သွားဖို့ပဲ ရှိတယ် ”

ယောက်ျားပျို သည် ကျွန်တော့် အား စူးစူးဝါးဝါး ကြည့်နေသည် ။ ရုတ်တရက် ကျွန်တော့် အား ဒေါသဖြင့် ကြည့်လိုက် သော်လည်း ကျွန်တော့် မျက်နှာ တွင် တစ်စုံတစ်ခု လုပ်မည် ကို ဆုံးဖြတ်ပြီးကြောင်း ရိပ်မိသွားဟန် ဖြင့် အလျှော့ ပေး၍ ထွက်သွားလေသည် ။ မရီ သည် ရှက်ဟန်ဖြင့် မျက်နှာ လွှဲနေရာ မှ ကျွန်တော့် အား ကျေးဇူးတင်စွာ ကြည့်နေရှာသည် ။

“ ကိုသံချောင်း ရောက်လာလို့ ၊ ကျွန်မ ဒီကောင် ကို မျက်နှာကြော မတည့်ဘူး ”

“ မိန်းကလေး တွေ ကို ဖျက်ဆီးနေတယ် ဆိုတာ ဒီလို ကောင်မျိုးတွေပဲ ဖြစ်မှာပဲ ”

“ မအေးချို က လည်း မကောင်းဘူး ၊ ဆိုင် မှာ မရီ တစ်ယောက်တည်း တမင် ထားခဲ့တယ် ”

ကျွန်တော် သည် မရီ ၏ စကားကို နားထောင်ရင်း လက် ထဲ မှ စီးကရက်ဘူး ကို အမှတ်ရတော့သည် ။ ယောက်ျားပျို သည် ရှက်ကိုးရှက်ကန်း ဖြင့် ထွက်သွား၍ စီးကရက်ဘူး နှင့် ပြန်အမ်းငွေ ကိုပင် ယူရမည် မေ့သွားဟန် ရှိလေသည် ။

ထိုအခိုက်တွင် မအေးချို သည် ရောက်၍ လာသည် ။ မအေးချို သည် ကျွန်တော့် အား ကျေနပ်ပုံ မရသော်လည်း ဘာမျှ မပြောတော့ချေ ။ မရီ သည် မအေးချို အား မကျေမနပ် ဖြင့် ကြည့်ရင်း ..

“ မအေးချိုကြီး က တကယ် မကောင်းတာ ၊ သူများ တစ်ယောက် တည်း ရှိမှန်း သိရက်နဲ့ တမင် ရှောင်ပေးတယ် ”

“ ဟဲ့ ... ငါ က ညည်း အတွက် စားပေါက်စားလမ်း ဖွင့်ပေးတာပါ အေ ၊ ဒီလိုကောင်မျိုး ဆိုတာ လိုက်လိုက်လျောလျော လုပ်ပြီး ချူရတယ် အေ့ ”

“ မအေးချို သာ ဒီလို လုပ် ချင် လုပ် ၊ အရီ တော့ ဒါ ဝါသနာ မပါဘူး ”

“ အေးပါတော် ၊ နောက်တော့ မှ ဒါမျိုး ကောင်းမှန်း သိနေပြီး ဒါထက် မဆိုးပါနဲ့ ”

ကျွန်တော် သည် မအေးချို ကို သာ နားမလည် သလို ကြည့်နေလိုက် မိသည် ။ မအေးချို သည် ကျွန်တော့် လက် ထဲမှ စီးကရက်ဘူး ကို ယူ၍ စတိုင်ကျကျ မီးညှိ သောက်နေတော့၏ ။

ကနေ့ ည ကျွန်တော် တို့သည် ခါတိုင်းလိုပင် နောက်နေ့ အတွက် ချက်စရာဟင်းများ ကို ချက်ကြရသည် ။ မရီ ကား စောစောကပင် ပြန်၍ သွားလေသည် ။

ဆိုင် ၌ ဆိုင်ရှင် ကိုလှမောင် ၊ ဆိုင်ရှင်ကတော် မသန်းရီ နှင့် မအေးချို တို့ သာ အလုပ်ရှုပ်လျက် ရှိလေသည် ။ အားလုံး ကျက်ပြီးသောအခါ သူတို့ အကုန် ပြန်သွားကြ၍ ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည် ။

ကျွန်တော် သည် ခါတိုင်းလို ပင် ဆိုင်နောက်ဖေးခန်း တွင် အိပ်ရန် အိပ်ရာ ကို ပြင်လိုက်လေသည် ။ အိပ်ရာ ပြင်ပြီး အိပ်မည် အပြုတွင် ဆိုင်ရှင် ကိုလှမောင် နှင့် မအေးချို တို့ ပြန် ရောက်လာကြသည် ။ ကိုလှမောင် သည် ကျွန်တော့် အား ငွေနှစ်ကျပ် ပေး၍ …

“ ဟေ့ .. သံချောင်းရေ ၊ ငါတို့ ကို တရုတ်တန်း က ခေါက်ဆွဲကြော် နှစ်ခွက် ဝယ်ပေးစမ်းကွာ ၊ လတ္တာလမ်းထောင့် က ဆိုင် က ဝယ်ခဲ့နော် ၊ ဘဲသား နဲ့ တစ်ခွက် ၊ ဝက်သား နဲ့ တစ်ခွက် ”

ကျွန်တော် သည် ရုတ်တရက် အောင့်သက်သက် ဖြစ်လိုက်မိသည် ။ တစ်နေကုန် ပင်ပန်းသမျှ ညဘက် တွင် ဝအောင် အိပ်ရင်း အနားယူရန် ပြင်ဆင် နေစဉ်မှာပင် ယခု လို ခိုင်းသဖြင့် မကျေနပ် သော်လည်း ဘာမျှ မပြော တော့ချေ ။

သူ ပေးသော ပိုက်ဆံ ကို ယူ၍ တရုတ်တန်း ဘက်သို့ ထွက်ခဲ့လေသည် ။ ခေါက်ဆွဲဆိုင် တွင် အတော်ကြာအောင် စောင့်ရလေသည် ။ မှာလိုက် သော ခေါက်ဆွဲကြော်များ ရလျှင် ကျွန်တော် သည် ဆိုင်ဘက် သို့ ခပ်သုတ်သုတ် ပြန်ခဲ့လေသည် ။

ဆိုင် သို့ ရောက်လျှင် ဆိုင်ရှေ့ ၌ လူတစ်ယောက် မျှ မတွေ့ ရချေ ။ ကျွန်တော် သည် မှောင်နေသော ဆိုင်တွင်း သို့ အသာ ဝင်၍ သွားလေသည် ။ ဆိုင်နောက်ပိုင်း ကျွန်တော် အိပ်သော အခန်း ဆီ မှ မသဲမကွဲအသံများ ကြားရလေသည် ။

“ သံချောင်း လာခါနီးပြီ အစ်ကို ရဲ့ ”

“ အိုကွယ် .. မလာသေးပါဘူး ၊ ငါ တမင် အချိန် ကြာအောင် ဘဲသား နဲ့ တစ်မျိုး ၊ ဝက်သား နဲ့ တစ်မျိုး မှာလိုက်တာပဲ ”

"ဟင်း .. ဒါမျိုးကျ တယ် ဉာဏ်များတယ် ၊ အစ်ကို အေးချို ဖို့ နိုင်လွန် တစ်ဝတ်စာ လောက် ဝယ်ပေးနော် ”

“ အေးပါဟယ် ဝယ်ပေးပါ့မယ် ၊ နင့် ကို ဝ ယ်ပေးရင် မရီ ဖို့ လည်း ဝယ်ပေး မှ ကောင်းမှာကွယ့် ”

“ အမယ် … ဒီလိုတော့ ဉာဏ် မများနဲ့ ၊ မရီ ကိုများ စိတ်ကူးမယ် ကြံရင်တော့ ဒေါ်လေး သိအောင် အကုန် ဖွင့်ချလိုက်မယ် ”

“ ဟဲ့ .. ငါက စိတ်ကူး လို့ ပြောတာ မဟုတ်ဘူးဟ ၊ ဆိုင် မှာ နင်တို့ နှစ်ယောက် လုပ်နေကြပြီး နင့် ကို ချည်း ကွက် ဝယ်ပေးရင် ဘယ်လို ထင်မလဲ ”

“ မဆိုင်ပါဘူး ၊ မရီ က ဘာ ဆိုင်လဲ ၊ သူများ က မှ ဆွေနီးမျိုးစပ် တော် သေးတယ် ၊ ပြီးတော့လည်း ဒီက ဖြင့် သူ့ အကြိုက် ကို အကုန် လိုက်နေရတာ ”

“ အေးပါဟာ … နင် ကြိုက်တာ ဝယ်ပေးပါ့မယ် ၊ ကဲ ... တော်ပါတော့ ... ”

“ အဟင့် ..... အို .. အစ်ကို က လည်း ... ”

ကျွန်တော် သည် မယုံနိုင်သော အဖြစ် နှင့် ရင်ဆိုင် တွေ့၍ နေရသည် ။

ကျွန်တော် ရောက်လာသည် ကို မသိ၍ ယခုလို ဖြစ်ချင်တိုင်း ဖြစ်နေပုံရလေသည် ။ ရုတ်တရက် ဘာ လုပ်ရမည် ကို စဉ်းစား၍ မရပေ ။ အကယ်၍ အခုမှ အသံ ပေးလိုက်လျှင် ကျွန်တော့် အား အပြစ်တင်ချင် တင်ဦးမည် ။ သည်နေရာ တွင် ကြာကြာလည်း ရပ်၍ မနေရဲပေ ။ ယိုသူ မရှက် မြင်သူရှက် ဆိုသော စကား လို ပင် မမြင်ရသော်လည်း အသံ ကြားရုံ နှင့် နားရှက်မိသည် ။ ကျွန်တော် သည် ကြားနေရသော အသံများ ကိုပင် ဆက်၍ နားမထောင်ရဲတော့ပေ ။ နောက်ဆုံး၌ ကျွန်တော် သည် ဆိုင် ထဲ မှ ပြန်၍ ထွက်ခဲ့သည် ။ မောင်ခိုင်လမ်း လောက် ထိ ပြန်သွား ပြီးမှ သီချင်း ကို အော်၍ ဆိုရင်း ပြန်လာခဲ့ရသည် ။ ဆိုင်နား ရောက်လျှင် သီချင်းသံ ကို မပြတ်အောင် ဆိုရင်း ဆိုင် ထဲသို့ တန်း၍ ဝင်ခဲ့သည် ။ ကျွန်တော့် ဆရာ လုပ်သူသည် အပြင်ဘက် တွင် ရောက်၍ နေသည် ။ သူ သည် စီးကရက် ကို အကျ ခဲ၍ ကျွန်တော့် အား ဣန္ဒြေ မပျက် ပင် ဆီး၍ မေးလိုက်သည် ။

“ ဘယ့်နှယ်လဲ ကွ ၊ ရရဲ့လား ၊ ငါ ပြောတဲ့ ဆိုင် က ဟုတ်ရဲ့လား ”

“ ဟုတ်ပါတယ် ခင်ဗျာ ၊ ဝယ်တဲ့ လူတွေ များ နေလို့ တော်တော် စောင့်နေရသေးတယ် ”

သူ သည် ခေါက်ဆွဲထုပ် ကို လှမ်း ယူရင်း အတွင်းဘက် သို့ လှည့် ၍ ကြည့်လိုက်သည် ။ ဆိုင် နောက် ထဲမှ မအေးချို သည် ဆံပင်များ ကို ပြင်၍ ထဘီ ကို လှည့်ဝတ်ရင်း ထွက်လာသည် ။ မအေးချို သည် တွန့်လိမ်တက် နေ သော အင်္ကျီအထက်စများ ကို ဆွဲဖြေ၍ ချရင်း အနား သို့ ရောက်လာသည် ။ သူ့ အမူအရာ မှာ ကောင်းလှသည် ။ ဘာမှ မဖြစ်သလို ခပ်ပေါ့ပေါ့ပင် စားပွဲ ပေါ်သို့ချထားသော ခေါက်ဆွဲထုပ် ကို ယူပြီး ...

“ ကဲ .. သွားကြမယ် အစ်ကို ၊ အချိန် မရှိဘူး ၊ ဒေါ်လေး ဆူနေမယ် ”

“ အမယ် ... မင်း က ခုမှ ဆူ မှာ ကြောက်နေသလား ”

“ ခုတော့ ကြောက်နေရသေးတယ် ရှင့် ၊ နောက်မှ နံပါတ်ကလေးလေး ချိတ်ရင်တော့ မသိဘူး ”

ကျွန်တော် သည် မအေးချို ကို ကြည့်၍ မဲ့ပြုံးပြုံး လိုက်သည် ။ မအေးချို သည် ဆရာကိုလှမောင် နောက် မှ အရိပ်အကဲ ကို ကြည့်လိုက်သည် ။ နောက် ပြန် လာပြီး ...

“ နင် က ဘာ ပြုံးတာလဲဟင် သံချောင်း ”

“ ဘာမှ မပြုံးပါဘူး ခင်ဗျာ ”

“ ငါ သိပါတယ် ၊ နင် ရောက်နေတာ ကြာပါပြီ ၊ နင် တို့ ကို ချောင်း နားထောင် နေတယ် မဟုတ်လား ၊ မှန်မှန် ပြောစမ်း .. မအေပေးလေး ”

“ ဘာမှ ကျွန်တော် မသိပါဘူး ခင်ဗျာ ၊ သီချင်း ဆိုပြီး လာတာပဲ ၊ ခင်ဗျားတို့ ကြားမှာပေါ့ ”

“ အမယ် ... နင့် ဉာဏ်ကို ငါ သိပါတယ် ၊ ချောင်းကြည့် အားရမှ အပြင် ကို တစ်ခေါက် သွားပြီး သီချင်း ဆိုလာတာ ၊ နင် ဒါပဲနော် ၊ မရီ ကိုများ သွားပြောရင် ပါးကွဲသွားဖို့သာ ပြင်ပေတော့ ”

“ ကျုပ် က ဘာသိလို့ ပြောရမှာလဲ ၊ ခင်ဗျားတို့ ကမြင်းချင် တိုင်း ကမြင်းတာ ကို ကျုပ် က ဘယ်သူ့ ကို သွားပြီး အရေးလုပ် ပြောနေရမှာလဲ ၊ အိုး မလုံ အုံပွင့် မနေပါနဲ့ဗျာ ”

သည်တော့မှ လည်း မအေးချို မျက်နှာထား မှာ တစ်မျိုး ပြောင်းသွား လေသည် ။ ကျွန်တော့် အား ပြုံး၍ ချော့လိုက်ရင်း ကျပ်တန်နှစ်ရွက် ကို ထုတ် ၍ ပေးလိုက်သည် ။ ကျွန်တော် က သူ ပေးသော ကျပ်တန် ကို မယူဘဲ နေသဖြင့် မအေးချို က အတင်းပင် ကျွန်တော့် လက်ထဲ သို့ ထိုးပေး လိုက်ရင်း ...

“ ရော့ပါဟယ် ... ၊ နင့် မုန့်ဖိုး ယူထားပါ ၊ ဒါကြောင့် ပေးတာ မဟုတ်ပါဘူး ၊ ငါ က နင့် ကို ခင်လို့ ၊ ငါ့ မှာ လည်း ရှိလို့ ပေးတာပါ ”

“ မယူချင်ပါဘူး ဗျာ ၊ ကျွန်တော့် မှာ ရှိပါတယ် ၊ ခင်ဗျား မပြောချင်တာ ကို ကျွန်တော် က ဘယ်မှ လျှောက် မပြောရင် ပြီးတာပဲ မဟုတ်လား ”

“ ကဲပါဟယ် ... ရော့ ၊ ငါ သွားတော့မယ် ”

မအေးချို သည် ပြောပြောဆိုဆို ငွေ နှစ်ကျပ် ကို ကျွန်တော့် အိတ် ထဲ သို့ အတင်း ထည့်ပေးလိုက်ရင်း ကိုလှမောင် နောက် သို့ အပြေး လိုက်သွား လေသည် ။ ကျွန်တော် သည် မအေးချို ပေးသော ငွေနှစ်ကျပ် ကို ကြည့်ရင်း ကြောင် နေမိသည် ။ လောကကြီး တွင် နားမလည်နိုင်တာတွေ ဖြစ်တတ်သည် ကို ကျွန်တော် ယခု မှ သိရလေပြီ ။

⎕ အောင်လင်း
📖ပစ်တိုင်းထောင်

No comments:

Post a Comment