Monday, August 19, 2024

အကယ်ဒမီ မြင့်မြင့်ခိုင်


 ❝ အကယ်ဒမီ မြင့်မြင့်ခိုင် ❞


မင်္ဂလာပါ ခင်ဗျာ ။ ကျွန်တော် ဝင်းငြိမ်း ပါ ။ ဒီနေ့ ကျွန်တော်တို့ တင်ဆက်မယ့် အစီအစဉ် က တော့ “ လိပ်ပြာကူး ထူးခြားသူများ ” ဆိုတဲ့ အစီအစဉ် ဖြစ်ပါတယ် ။


▢ မကြူ ရေ မင်္ဂလာပါ ။


❥ ဟုတ်ကဲ့ မင်္ဂလာပါ ကိုဝင်းငြိမ်း ။


▢ ကျွန်တော်တို့ က “ လိပ်ပြာကူး ထူးခြားသူများ ” ဆိုတာက မကြူ တို့ အနေနဲ့ အပြင်မှာတော့ သရုပ်ဆောင် မြင့်မြင့်ခိုင် က တော့ မြင့်မြင့်ခိုင် ပေါ့နော် ။ ဒါပေမဲ့လို့ ဇာတ်ကား ရိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အဲဒီ ကာရိုက်တာ ဖြစ်သွားအောင် လိပ်ပြာကူး သွား ကြတယ်ပေါ့နော် ။ အဲဒါ ကြောင့်မို့ ဒီ အစီအစဉ်ကို ကျွန်တော်တို့ “ လိပ်ပြာကူး ထူးခြားသူများ ” လို့ တပ်ထားတာပါ ။ အဲဒီတော့ ကျွန်တော် က မကြူ အကြောင်း သိ သလောက် ဆိုရင် မကြူ က ရုပ်ရှင်မျိုးရိုး မဟုတ်ဘူး ။ သာမန် အရပ်သူ တစ်ယောက် က နေ ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာတာ ။ ဆိုတော့ အဲဒီ အကြောင်းလေး က ကျွန်တော် စ,သိပါရစေ ။


❥ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ။ ရုပ်ရှင်မျိုးရိုး မဟုတ်ဘူး ။ ဒါပေမဲ့ ကြူ တို့ က အနုပညာ ကို ချစ်တယ် ။ နောက် တစ်ခု က သရုပ်ဆောင် တာ အရမ်း ဝါသနာပါ ခဲ့တယ်ပေါ့နော် ။ ပါခဲ့တယ် ဆိုတာ လည်း ကိုယ်ကတော့ သေသေချာချာကြီး တော့ ကိုယ့် ကိုယ် ကို ဒီ အနုပညာ ကို ၊ မင်းသမီး တစ်ယောက် ဖြစ်ချင်တာကို ၊ ဝါသနာပါတယ် ဆိုတာကို သေသေချာချာကြီး ကိုယ့် ကိုယ် ကို မသုံးသတ်ခဲ့မိ ဘူး ။ ငယ်ငယ်တုန်း က ပေါ့နော် ကြူ တာမွေ မှာ နေတာ ၊ တာမွေသူ ပေါ့ နော် ။ အဲဒီမှာ နေတဲ့အခါကျတော့ ငယ်ငယ်တုန်း က တန်ဆောင်တိုင်ပွဲတော် တို့ ၊ သီတင်းကျွတ်ပွဲတော် တို့ တွေ က အရင်တုန်း က ဆို အရမ်း ဒီ မြန်မာ့ရိုးရာဓလေ့ မှာ အရမ်း အစည်ကားဆုံးပွဲတွေပေါ့နော် ။ ဒီ ပွဲတွေ ရပ်ကွက် ထဲ မှာ ကျင်းပပြီ ဆိုရင် ဥပမာ - တေးသရုပ်ဖော် ရှိမယ် ၊ ဒီလို သီချင်း ဆိုတာတွေ ဘာတွေ မရှိသေးဘူး ။ အဓိက တေးသရုပ်ဖော် လုပ်ကြတယ် ။ နောက်ပြီးတော့ ဦးဝင်းငြိမ်း ကတော့ ကြူ တို့ နဲ့ လယ်ဗဲလ်တန်း တွေ ဆိုတော့ မီ မှာပါ ။ သီချင်း ဖွင့်ပြီး တော့နော် သီချင်း ထဲ မှာ ပါတဲ့ အခန်းတွေပေါ့ အဲ့ဒီဟာတွေ ကို ရုပ်သေပုံ နဲ့ သရုပ်ဖော်ကြတယ် ။ သီချင်း တစ်ပုဒ် စ,ပြီဆိုတာ နဲ့ ကိုယ် လုပ်ရမယ့် အမူအရာ ဒီ ဘက် စင် က လည်း လုပ် ၊ ဟို ဘက် စင် က လည်း ထိုးတယ် ကြိတ်တယ် ဆို ထိုးတဲ့ကြိတ်တဲ့ ဟန်ပေါ့နော် အဲဒီဟာမျိုးတွေလုပ်ရတဲ့ အချိန် ကတည်း က ကြူ တို့ က အဲဒါမျိုးတွေ ထဲမှာ ပါဝင်ခဲ့တယ် ။ ဒါပေမဲ့ အဲဒါကို ပေါ့နော် ဒါကြီး စိတ် ထဲ မှာ မတွေးမိဘူး ။ ဒါ စိတ် ထဲ မှာ ဖြစ်ပေါ်လာတဲ့ ဟာတွေ ရပ်ကွက် ထဲ မှာ အဲဒီလို လုပ်ရတယ် ။ အဲဒီတော့ အသက် က ဘယ်လောက်ရှိဦးမလဲ ၊ ကြူ တို့ ပါလို့ ရှိရင် ၁၂ ၊ ၁၃ ပေါ့ နော် ။ အဲဒီလို နေရင်း နေရင်း နဲ့ နောက် ကြူ တို့ သေသေချာချာပေါ့နော် ကိုယ့် ကိုယ် ကို ပေါ့နော် ၊ ငါ အနုပညာ ကို ဝါသနာပါတယ် ဆိုတာ သိလာတာ ။ ကြူ တို့ ၈ တန်း လောက် ရောက်တဲ့ အချိန် မှာ စိတ် ထဲ မှာ ဘာဖြစ်လဲ ဆို အရမ်း အမူအရာတွေ သိပ် လုပ်ချင်တာပဲ သိလား ။ အဲဒီတော့ မှန် ကြည့်လို့ ရှိရင်လည်း ကိုယ့် ဘာသာ ကိုယ် ပြုံး ကြည့် လိုက် ၊ ရယ် ကြည့်လိုက် ၊ မဲ့ ကြည့်လိုက် ၊ ငို ကြည့်လိုက် အဲဒီလို အမူအရာတွေ လုပ်လာတယ် ။ အရမ်း လှချင်လာတယ်ပေါ့နော် ။ အဲဒီလို နေလာတယ် ။ ဒါပေမဲ့ စကား ပြောရင် အခု ကိုယ့် ရဲ့ လုပ်ငန်း အတွေ့အကြုံ ရယ် ၊ အသက်အရွယ် ရ လာတယ်ပေါ့နော် ။ ပေါင်းသင်းဆက်ဆံတဲ့ လူတွေ အများကြီး အတွက် ဒါ ငယ်ငယ်တုန်း က အေးတယ် ၊ စကား သိပ် မပြောဖြစ်ဘူး ။ တစ်နေ့ နေလို စကား ပြောတယ် ဆိုတာ နည်းတယ် အတန်း ထဲ မှာ လည်း ။ ကြူ မင်းသမီး ဖြစ် ချင်တယ် ဆိုတော့ အရမ်း အံ့သြတယ် ။ ဘယ်လိုလုပ် မင်းသမီး လုပ်မှာလဲ ။ မင်းသမီး ဆိုတာ သွက်သွက်လက်လက် ၊ ချက်ချက်ချာချာ နဲ့ ဟာ ဘာဖြစ် တယ် ညာဖြစ်တယ် ပြောနိုင်ပြီးတော့ နေကြမယ့် အချိ န်မှာ ကြူ တို့ က အပေါင်းအသင်း အများကြီး မရှိဘူး ။ သူငယ်ချင်း ၃ , ၄  ယောက် ၊ ၄ , ၅ ယောက် ပဲ ရှိတယ် ။ အဲဒီလိုပဲ နေခဲ့ရတာပေါ့နော် ။ နေခဲ့ရတာ က နေပြီးတော့ ဒီ အနုပညာ ကို ဝါသနာ စ , ပါပြီလို့ မေမေ့ ကို ဖွင့်ပြောလာတဲ့ အချိန်ကို ရောက် လာတယ် ။ ရောက်လာတော့ မေမေ ကလည်း စဉ်းစား ကြည့်စမ်းပါ ၊ ဘယ်သူ များ အသိ ရှိမလဲ ။ မေမေ က လည်း နည်းနည်းပါးပါး ၊ စဉ်းစားကြည့် ဘယ်လို လုပ် ဒီ လောက ထဲ ကို ။ အခု ဆိုလို့ရှိရင် ကြူတို့ တွေ သရုပ်ဆောင်သင်တန်း ဖွင့်တယ် ၊ သင်တန်းတွေ ။ ဒီ သင်တန်းတွေ က ဘာလဲဆိုတော့ ဒီ အနုပညာ လမ်းကြောင်း ပေါ် ရောက်ပေးလို့ ရအောင် ။ တင်ပေးလို့ ရတဲ့ အခြေအနေ ထိ ရှိတယ်လေ ။ ဘယ်လိုတွေ နဲ့ ဆက်သွယ် ၊ ဘယ်လိုတွေ ရှိပြီ ဆိုတဲ့ဟာတွေ အဲဒီလို ရှိကြတာပေါ့ ။ အရင်တုန်း က ဆိုတော့ ဘာမှလည်း မရှိဘူး ၊ သင်တန်း ဆိုတာ လည်း မရှိဘူး ၊ ဘာမှလည်း မရှိခဲ့တဲ့ အခါကတော့ မေမေ နဲ့ ဖေဖေ ကို ပဲ အတင်းပဲ ပူဆာတာပေါ့နော် ။ ပူဆာ တော့ ကျောင်း မှာ လေ စာ လည်း မတော် ဘူး သိလား ၊ စိတ် မဝင်စားဘူး ။ အနုပညာ ပဲ လုပ်ချင်တာကို ။ တစ်ရက် မှာ သတင်းစာ ၊ အရင်တုန်းက ရုပ်ရှင်ကားတွေ ကြော်ငြာ လို့ ရှိရင် သတင်းစာ ထဲ မှာ Page ကို အပြည့်အပြည့် ကြော်ငြာကြတာလေ ။ အဲဒီတုန်းက ခေတ် က အပြည့် ။ အဲဒီလို ကြော်ငြာကြတဲ့ အခါကျတော့ အဲဒီ ကား တစ်ကားက အန်တီ ဝါ ပေါ့နော် ။ အန်တီဝါဝါဝင်းရွှေ ကား တစ်ကား တက်လာတဲ့ အခါမှာ ဇာတ်ညွှန်း စာရေးဆရာ တင်စိုး တဲ့ ။ အဲဒီလို ပါတယ် ။ ကြူ တို့ ရဲ့ ဆရာ အရင်းပေါ့ ။ အဲဒါ မေမေ က ကြည့်ပြီးတော့ “ ဟာ ... ” တဲ့ ၊ ဒီ ကိုတင်စိုး က ဖေဖေ့ ကို ပြော တာပေါ့ ၊ မိတ်ဆွေ ၊ သူငယ်ချင်း လား မသိဘူးတဲ့ ။ စာရေးဆရာ တင်စိုး ဆို တော့ သူ့ နာမည် က ကိုထွန်းရင်လို့ လည်း ခေါ်တယ်တဲ့ ။ ဖေဖေ က နေပြီးတော့ “ ဪ .. ဟုတ်တယ်လေ ” တဲ့ ။ အရင်တုန်း က ဖေဖေ ထောင်မှူး ဖြစ်တဲ့ အချိန် က သူ လည်း နိုင်ငံရေးပုဒ်မ နဲ့ ရှိခဲ့ဖူးတယ် ဆိုတော့ အဲဒါနဲ့ စုံစမ်းလိုက် တဲ့ အခါကျတော့ နည်းနည်းတော့ လမ်းစလေး တော့ ရှိလာပြီပေါ့ ဆိုပြီး တော့ အဲဒီလို ပြောရင်းနဲ့ ရောက်သွားတာပေါ့နော် ။ ဟုတ်ကဲ့ တဲ့ ၊ ဒီမှာ ကျွန်မ သမီးပေါ့တဲ့ ။ မိတ်ဆက် ပေးတာ ။ သူ က လေ အရမ်း မင်းသမီး ဖြစ်ချင်တယ်လို့ ပြောတယ်တဲ့ ။ အဲဒါပေါ့နော် အဆက်အသွယ်များ ရှိရင် သူ့ကို လည်း နည်း နည်းပါးပါး ကြည့်ပေးပါဦး တဲ့ ။ သူ က မင်းသမီး လုပ်ချင်လို့ ဘာကို မှ မလုပ်ချင်ဘူး ၊ မင်းသမီး ပဲ လုပ်ချင်တယ် ပြောနေလို့ အဲဒါ ကျွန်မ လည်း ပူဆာလို့ လာရတာတဲ့ ။ အဲဒီလို ပြောတယ် ။ အဲဒါ ပြောတဲ့ အခါ ကျတော့ သူ က ကြည့်ပြီး တော့ အေး နင် ကုသိုလ်ကံ ကောင်းမလား တော့ မသိဘူးတဲ့ ။ သူ က လေ ။ အေး နင် က ငယ်တော့ ငယ်သေးတယ်နော် တဲ့ ။ အဲဒီတုန်း က ၈ တန်း ဆို တော့ အသက် ဘယ်လောက် ရှိမလဲ ၁၃ နှစ် ကျော်ကျော်လောက် ပဲ ရှိဦးမှာ ပေါ့နော် ။ အဲဒီတော့ ကုသိုလ်ကံ ကောင်းမလားတော့ မသိဘူး ။ ငါ့ ကို ပိုက်ဆံ ရှိတဲ့ သူဌေး တစ်ယောက် က တဲ့ သူ က ရုပ်ရှင်လောက , က တော့ မဟုတ်ဘူး ၊ ဒီ လောက , က တော့ မဟုတ်ဘူး ။ သူတို့ ကုန်သည်လောက ပဲ ပေါ့နော် ။ ပိုက်ဆံ လည်း ရှိတယ်ပေါ့နော် ။ သူ က အနုပညာ အရ မ်းဝါသနာပါတယ် ပြောတယ် ။ ဒါပေမဲ့ သူ က မင်းသား ၊ မင်းသမီး အသစ် ကို ပဲ ရိုက်ချင်တာ ၊ အဟောင်း တွေ ကို မရိုက်ချင်ဘူး လို့ ပြောတယ်တဲ့ ။ အဲဒါနဲ့ ငါ  ခေါ်လာခဲ့မယ် တဲ့ ပြောတယ် ။ ဒါပေမဲ့ သိပ်တော့ မမျှော်လင့်ဘူး ၊ ဖြစ်တော့ ဖြစ်ချင်တာပေါ့ ။ ဒါပေမဲ့ တစ်ရက် မှာ ပေါ့ ကြူ တို့ ကျောင်း က ပြန်လာ ၊ ကျောင်းစိမ်းလေး နဲ့ ပြန်လာ မိုးတွေ က ရွာ နေတယ် ။ အိမ်ရှေ့ ကို လှမ်း ကြည့်လိုက်တဲ့ အခါမှာ အိမ်ရှေ့ မှာ ကားကြီး အကြီးကြီး တစ်စီး ဆိုက်ထားတယ် ။ ငါ တို့ အိမ် မှာ မော်တော်ကား နဲ့ လာရတဲ့ ဧည့်သည် ဆိုလို့ တစ်ယောက် မှ မရှိပါဘူး လို့ ။ မေမေ က လာ လာ လာ သမီး တဲ့ ။ အဲဒီမှာ ဖေဖေ က ရောပဲ ခေါ်တော့ အဲဒါနဲ့ ဆရာ ဦးတင်စိုး ကနေပြီးတော့ သူ့ နာမည် က ဆရာ ဦးပွ ပေါ့နော် ။ ကြူ တို့ ရဲ့ လက်ဦးဆရာ ပေါ့ ၊ ဆရာ နှစ်ယောက်ရှိတယ် ။ ဒါကပေါ့ ဒီမှာ ကိုပွ တဲ့ ၊ သူ ပေါ့ တဲ့ ၊ မင်းသမီး ဖြစ်ချင်တယ် ဆိုတာတဲ့ ။ သူ က တစ်ချက်ပဲ ကြည့်လိုက်တယ် ။ “ ဪ အေး အေး ” ။ ဟင် ငါ့ ကို သဘော မကျဘူး နဲ့ တူတယ်ပေါ့နော် စိတ် ထဲ မှာလည်း ဟို မေး လည်း မမေးရဲဘူး ၊ ပြောလည်း ဒီလို လူကြီးတွေ နဲ့ ဆက်သွယ်ပြီး ပြောလည်း တစ်ခါ မှ မပြောဖူးဘူး ဆိုတော့ လေ ။ အဲဒီလို နေပြီးတော့ ဘယ်နှတန်း ရောက်ပြီလဲ ၊ ဘာဖြစ်ချင်တာလဲ ဘာညာ အဲဒါပဲ မေးတယ် ။ မေးပြီးတော့ “ အေး ၊ အေး ” တဲ့ ။ အဲဒါ ဆိုလို့ ရှိရင်  ကိုတင်စိုး ရေ ဟို သူ့ ကို ဓာတ်ပုံလေး ရိုက်ကြည့်ရအောင် တဲ့ ပြောတယ် ။ ဓာတ်ပုံလေး ရိုက်ကြည့်ရအောင် ဆိုတော့ ဓာတ်ပုံ ကို တောင်ဥက္ကလာပ မှာ မှတ်မိသေးတယ် ၊ အဲဒီတုန်းကလေ ။ အဲဒီကို သွား ရိုက်မယ် တဲ့ ။ အရင်တုန်းက အဲဒီလို ဓာတ်ပုံတွေ ရိုက်တယ် ဆို ခေါင်းမြီး ခြုံ ပြီးတော့ အဲဒီလို ကင်မရာမျိုး နဲ့ ရိုက်ခဲ့ရတာမျိုးပေါ့ ။ အဲဒီတော့ ရိုက်ကြည့်မယ် ပြောပြီးတော့ သူ က ပြန်ခါနီး လည်း ကျရော “ ရော့ ၊ ရော့ ” တဲ့ ။ ခင်ဗျားသမီး က ပိန် လည်း ပိန်တယ် ၊ ငယ် လည်း ငယ်သေးတယ် တဲ့ ။ ချက်ချင်းတော့ မဖြစ်သေးပါဘူး တဲ့ ။ အဲဒီလို ပြောတယ် ။ ရော့ ပိန်တယ်တဲ့ ။ နွားနို့လေး ဘာလေး ဝယ်တိုက်လိုက် တဲ့ ပိုက်ဆံ နှစ်ရာ ပေးခဲ့တယ် ။ ငါ့ ကို သဘောမကျဘူးလားပေါ့ နော် စိတ် ထဲ မှာ ။ အဲဒီလို နေပြီးတော့ နောက် ဓာတ်ပုံရိုက်မယ့် နေ့ ကျ ဓာတ်ပုံ သွားရိုက်တော့ ကိုယ့် မှာ မိတ်ကပ်လေး ဘာလေး နည်းနည်းပါးပါး ဝယ် စု ရတာပေါ့နော် ။ ဘူးဝိုင်းလေး နဲ့ ထည့်ပြီးတော့ အဲဒါ ဓာတ်ပုံ သွားရိုက်တာ ။ ဓာတ်ပုံ သွားရိုက် တော့ မှတ်မိသေးတယ် ။ ဓာတ်ပုံ မှာ အဲဒီလို အရမ်း ဝမ်းသာပြီးတော့ ပျော် နေ တဲ့ အမူအရာမျိုး တွေ ၊ နောက် ဝမ်းနည်း သွားတဲ့ အမူအရာမျိုး တွေ ၊ ဒေါသ ဖြစ်တဲ့ဟာ တွေ ၊ နောက် ဝမ်းသာရာ က နေပြီးတော့ အရမ်း ဝမ်းနည်း သွားတာ ၊ ဝမ်းနည်းတာ က နေ ဝမ်းသာ သွားတာ အဲဒီလို အမူအရာတွေ အဲလိုမျိုးတွေ နဲ့ ဓာတ်ပုံရိုက် ပြီးတော့ သူ က သဘောကျတယ် ။ ဒါပေမဲ့ ကျောင်းဆက် တက်ဦး ၊ ငယ်သေးတယ် တဲ့ ။ အဲဒါနဲ့ ၂ နှစ် လောက် ထိ ကျောင်း တက် လာလိုက်ရတယ် ပေါ့နော် ။ အဲဒီ ကျောင်း တက် နေတုန်းမှာ ကြူ တို့ က ဓာတ်ပုံ ရိုက်တာလည်း ဝါသနာ ပါတယ် ။ ပါတဲ့ အခါကျလို့ ရှိရင် သူငယ်ချင်းတွေ နဲ့ ကျောင်း က အပြန် ဓာတ်ပုံဆိုင်တွေ ဘာတွေ ဝင် ရိုက်တယ် ။ အဲတော့ အဲဒီ ဓာတ်ပုံလေး ကို ဓာတ်ပုံ ဆရာ က သဘောကျပြီးတော့ “ တိုင်းရင်းမေ ” မျက်နှာဖုံး မှာ ထည့်လိုက်တယ် ။ မျက်နှာဖုံး မှာ ကြူ နာမည် က အိမ်နာမည် ကြူကြူ လေ ၊ ကျောင်းနာမည် က မြင့်မြင့်ကြူ ။ မြင့်မြင့်ကြူ အနေနဲ့ ပါလာတာ ။ အဲဒီ ဓာတ်ပုံ သဘောကျ ပြီးတော့ တခြား ဓာတ်ပုံဆရာတွေ ၊ တက္ကသိုလ်မောင်မောင်စိုး တို့ ၊ တက္ကသိုလ်ကျော်စိန် တို့ သူတို့တွေ ပေါ့နော် သူတို့ဓာတ်ပုံဆရာကြီး တွေ အဲဒီတုန်း က နာမည်ကြီး နေတဲ့ အချိန်မှာ ကြူ တို့ ကို ဆက်သွယ်ပြီးတော့ လာတယ် ။ ဆက်သွယ်ပြီး တော့ သူတို့ ပြက္ခဒိန် ရိုက်ချင်တယ်တဲ့ ။ အဲဒီလို ဓာတ်ပုံ ရိုက်ချင်တယ် တဲ့ ။ အဲဒီကနေ မျက်နှာဖုံး တွေ ၊ ပြက္ခဒိန် တွေ မှာ ပါလာတာ ။ မင်းသမီး မဖြစ်ခင် ... ။


▢ မကြူ က မင်းသမီး မဖြစ်ခင် မှာ မဂ္ဂဇင်းကာဗာ ၊ ပြက္ခဒိန် ရိုက်ရပြီ ။


❥ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ။ အဲဒါမျိုးတွေ ဖြစ်လာတဲ့ အခါမှာ ကြူတို့ သူငယ်ချင်းတွေ နဲ့ ဟဲ့ ငါ လို့ နာမည် ပြောင်းချင်တယ် ။ ဆရာ က နာမည်ပေးတယ် ၊ သူ ပေးတဲ့ နာမည် မကြိုက်ဘူး ။ ကြူတို့ က တစ်ခုခု လုပ်မယ်ဆို ကိုယ့် ကိုယ် ကို ယုံကြည်မှုတော့ ထားတယ် ။ နောက် ကိုယ် ဆုံးဖြတ် လိုက်ရင် ဆုံးဖြတ်တဲ့ အတိုင်း ကို လုပ်ချင်တယ် ။ အဲဒီတော့ နာမည် ကို စဉ်းစားလိုက် တယ် ။ အဲဒီတုန်းက “ ခိုင် ” ဆိုတဲ့ နာမည်တွေ က ဘယ်သူမှ မပေါ်သေးတော့ “ ခိုင် ” ကြိုက်တယ် ။ မြင့် လည်း မြင့်မယ် ၊ ခိုင် လည်း  ခိုင်မယ် ဆို အရမ်းကောင်း မှာပဲ ဆိုပြီး ကလေး လို ပဲ တွေးတော့ သူငယ်ချင်းတွေ နဲ့ စကား ပြောပြီးတော့ ငါ မြင့်မြင့်ခိုင် လို့ မှည့်ချင်တယ်လို့ ။ အေး အဲဒါဆို ငါတို့ ကို မုန့်ဝယ်ကျွေးတဲ့ ။ 


▢ ဘယ် ဗေဒင် မှ မမေးတော့ဘူး ။


❥ မမေးတော့ဘူး ၊ ဘယ် ဗေဒင်မှ လည်း မမေးခဲ့ဘူး ။ အဲဒီတော့ ကြူ တို့ ဆရာ လာ တော့ ကြူ နာမည် ကို မြင့်မြင့်ခိုင် လို့ မှည့်လိုက်မယ်လို့ ။ ညည်း က ဒီ နာမည် ကို ကြိုက်လို့လား ဆိုတော့ ဟုတ်ကဲ့လို့ ။ အဲဒီ နာမည် ကို ကြိုက်တယ်လို့ ။ အဲဒါနဲ့ အဲဒီအချိန်က စ , ပြီးတော့ ပါလို့ရှိရင် မြင့်မြင့်ခိုင် ဆိုတဲ့ အနေနဲ့ပဲ ပါလာတာပေါ့နော် ။ အဲဒီကနေ ကြူ ဖြစ်ပြီးတော့ နောက်ကျ တော့ ကြူ ဒီ MEMC Calendar လေ ၊ မြန်မာ့ အိတ်ပို့စ် အင်ပို့စ်ပေါ့နော် ။ အဲဒါတွေကို နိုင်ငံခြား ကို ပို့ပြီးတော့ Calendar ကြီး ထုတ်တဲ့ ကြော်ငြာတွေ မှာ လည်း ကြူ တို့ ကို ချိန်းလာတယ် ။ ချိန်းလာ ပြီးတော့ ကြူတို့ ဓာတ်ပုံတွေ ရိုက်လာရတာပေါ့နော် ၊ အဲဒီ Calendarကနေ ။ အဲဒီကနေပြီးတော့မှ ကြူတို့ ဆရာ က အဲဒီ အချိန်မှာ ဇာတ်လမ်း တင်တယ် ။ ၂ နှစ် ပြည့် တော့ မှ ကြူ တို့ ကား ရိုက်ဖို့ ။ အခုဆိုရင် ကြူ တို့ ဒီ ဇာတ်လမ်း ထဲ မှာ ပါတဲ့ အတွက် ကြည့်ရင် ဇာတ်တွေအကုန် ကျပါတယ် ။ ကြူတို့ ခေတ်တုန်းက ဆိုရင် ဇာတ် တစ်ကား ရုပ်ရှင်ကား တစ်ကား ကျဖို့ မလွယ်ဘူး ။ ဇာတ် တင်လို့ ရှိရင်လေ ဇာတ် ကို ပယ်တာ ။ ကြူတို့ ဇာတ် က ပယ်တဲ့ထဲ ပါသွားတာ ။ ပါပြီးတော့မှ ကြူတို့ အဲဒီမှာ Calendar ရိုက်တော့ ကြူတို့ ကို လူ လည်း သိ သွားတယ် ။ အဲဒီက ပြန်ကြားရေးဝန်ကြီး ဌာန က လူတွေ ပါတဲ့ အခါကျတော့ ကြူတို့ ကို လေ မင်းသမီး လုပ်ပါလား ဘာ ညာဆို ။ ကြူတို့ က လို့ ဇာတ် ကို တင်ထားတာ ။ ဟုတ်လား ပြောပြော ဆို ပြန် တင်ပြီးတော့ ကြူတို့ ဇာတ် က ကျလာတာ ။ အရင်တုန်း က ဆိုရင် ဇာတ် ကို လေ ကျဖို့ တောင်မှ မနည်း ဆုတောင်းရတယ် ။ ဒါပေမဲ့ ရုပ်ရှင်ကားတွေ က ကြူ တို့ ခေတ် တုန်း ကလည်း အရိုက် များတယ် ။ တစ်နှစ် ကို ကားပေါင်း ၈ဝ တို့ ဘာတို့ ထွက်တာလေ ။ ကားပေါင်း ၈၀ ၊ ၁၀၀ အဲဒီလို တွေ ထွက်ကြတဲ့ ခေတ်ပေါ့နော် ။ ရုပ်ရှင်လိုင်း တစ်လိုင်းတည်း ပဲ ရှိတာလေ ။ အဲဒီတော့ အဲဒီ ကားလေး လည်း ကျလာတဲ့ အခါမှာ ကြူတို့ ဆရာ က ကြူတို့ ကို ကား စရိုက် မယ်လို့ ပြောတယ် ။


▢ အဲဒီတော့ မကြူ အဲဒီ ၂ နှစ် ဆိုတဲ့ ကာလပေါ့နော် ၊ လုပ်ချင် တယ်လို့ ပြောပြီး ဦးပွ က လာတွေ့ပြီး ၂ နှစ် စောင့်ရတာပေါ့ ။


❥ စောင့်ရတာပေါ့ ။ အရမ်း ဖြစ်ချင်တာပဲ ။ တော်တော့် ကို အောင့်အည်း ပြီး စောင့်ရတယ်သိလား အဲဒီတုန်း က ဆို ။


▢ အဲဒီတော့ “ ပွင့်ချိန်တန်လျှင် ” ဇာတ်ကားပေါ့နော် ဇာတ်ကား စ, ရိုက်တယ်ဆို ဒီကြားထဲ မှာ ခုနေ ပြောတဲ့ စာရေးဆရာ က သော် လည်း ကောင်း ၊ ဦးပွ က သော် လည်းကောင်း မကြူ ကို Training ပေးတာတွေ ဘာတွေ မရှိဘူးလား ။ အခုခေတ်လိုပေါ့ သရုပ်ဆောင်သင်တန်းလို မျိုး ။


❥ မရှိဘူး ။ ဒါပေမဲ့ ဘာလုပ်ရလဲ ဆိုတော့ ကြူ တို့ ကလေ ကြူ တို့ ရိုက် မယ့်ဇာတ်လမ်းတွေကို ဇာတ်ညွှန်း ပေးရတယ် ။ ဇာတ်ညွှန်း ရေးပေးတော့ ဇာတ်ညွှန်း ရေးပေးနေရင်း နဲ့ ကြူ အခန်းတွေ ရဲ့ သဘောတရား ကို နားလည် လာတယ် ၊ အိုက်တင်တွေ နားလည်လာတယ် ။ အဲဒီတော့ မနက် ဆိုလို့ ရှိရင် ကြူ တို့ ကျောင်း က နေပြီးတော့ မရှိတဲ့ အချိန်မှာ ဆိုရင် ကြူတို့ ဆရာအိမ် ကို သွားရတယ် ။ သွား ပြီးလို့ ရှိရင် သူတို့ က ပါးစပ် က နေ ပြောပေးတယ် ။ အဲဒါကျလို့ ရှိရင် ဘယ်သူက ဘယ်လို အိုက်တင် နဲ့ ရေးရတယ် ၊ ဘယ်သူ ဘယ်လို အိုက်တင် ပြောလိုက်တယ် ၊ ဘယ်သူက ဘယ်လို စိတ်ဆိုး သွားတယ် အဲဒီဇာတ်ညွှန်းတွေ ရေးရေး နေရင်းနဲ့ပဲ ကြူ တို့ က အိုက်တင် ရဲ့ သဘောထား ကို နားလည်လာတယ် ။ ဒီလိုတော့ အိုက်တင် တွေ လေ့ကျင့်ပေးတာတော့ မရှိဘူး ။


▢ အဲဒီတော့ “ ပွင့်ချိန်တန်လျှင် ” ရိုက်တာ ပြောပါဦး ။


❥ ပွင့်ချိန်တန်လျှင် က ကြူတို့ ဆရာ က လည်း သူ က မင်းသား ၊ မင်းသမီး အသစ် ကို ပဲ ရိုက်ချင်တာလေ ။ အဲဒီတော့ ကြူ တို့ ကို မင်းသား အဲဒီမှာ သရုပ်ဆောင်ဟောင်း ဆိုလို့ အခု မရှိတော့တဲ့ အဘဦးသိန်းမောင် နဲ့ ၊ အကယ်ဒမီဒေါ်မေသစ် သူတို့ပဲ အမေ အဖေ အခန်း က နေ ပါတယ် ။ ကျန်တာ ကတော့ အကုန် အသစ်တွေချည်းပဲ ။ အသစ်တွေ နဲ့ ပဲ ဟုတ်ကဲ့ ။


▢ အဲဒီတော့ မကြူ နဲ့ တွဲပြီး ပါတာက မောင်သန်းဝင်း နော် ။ 


❥ ကိုသန်းဝင်း ၊ ဟုတ်ကဲ့ ။


▢ မောင်သန်းဝင်း က ဦးပွ ရဲ့ သားမလား ။


❥ ဟုတ်ကဲ့ ၊ ဆရာ့ သား ကိုသန်းဝင်း က ။ သူ က အဲဒီကား မှာတော့ သူ က Secondအနေနဲ့ပဲ ပါတာပေါ့ ။ First အနေနဲ့ ပါတာတော့ မဟုတ်ဘူး ။ 


▢ နောက် တစ်ယောက် ပါသေးတာပေါ့ ဒါဆိုရင် ၊ အမျိုးသားသရုပ်ဆောင် ။


❥ မင်းသား က အောင်သူ လေ ။


▢ ဪ အောင်သူ ။


❥ ကြူ တို့ နဲ့ တွဲတာ မင်းသား အောင်သူ ။ ကြူ တို့ မိတ်က ပ်လိမ်းတာ က အစ ကြူတို့ ကလေ ကိုယ့် ကိုယ် ကို ပဲ ၊ တတ်လို့ မဟုတ်ဘူး ကိုယ့် ဘာသာ ကိုယ် ပဲ လိမ်းတယ် ။ လိမ်းတော့ ဆရာ က ပိုပြီး လှချင်တော့ ခေါ်ပေးတာပေါ့ ။ အဲဒီတုန်းက မိတ်ကပ်ဆရာတွေ ဆိုတာ အခုလို မပေါ်သေးဘူးလေ ။ မပေါ် သေးတဲ့ အခါကျတော့ ပန်းချီဆရာတွေ ပဲ မိတ်ကပ် ပေးကြတာလေ ဟုတ် တယ်မလား ။ နာမည်ကြီး ပန်းချီဆရာ ဦးဘရင်လေး ၊ ဦးဘသစ် တို့ အများကြီး ပါပဲ အဲဒီလို ပန်းချီဆရာတွေ လေ အဲဒီလို လိမ်းပေးကြတဲ့ ခေတ်မှာ ကြူ တို့ ကို ခေါ်ပေးတဲ့ အခါမှာ စ , ရိုက်နေ့မှာပဲ ကြူ တို့ ပေါ့နော် သူ လိမ်းတာ ကို စိတ် ထဲ မှာ ကိုယ် လိမ်းတာ လှတယ်လို့ စိတ် ထဲ မှာ ထင်မိတယ် ။ သူ လိမ်းတာ ကိုယ့် မျက်နှာ ကို များ မသိလို့လား ။ ကြားဖူးတာကတော့လေ ကိုယ် ရဲ့ ရုပ်အ ကြားမှာ ကိုယ့် မှာ အားနည်းချက် ရှိတဲ့ နေရာကို ကိုယ်ပဲ အသိဆုံးလို့ စိတ် ထဲ မှာ ထင် တယ်လေ ။ အဲဒီတော့ ပို လှအောင်လည်း ကိုယ့်ဘာသာ ကိုယ် ပဲ လုပ်ချင်တဲ့ စိတ် ပဲ ရှိတဲ့အခါမှာ အဲဒီ နေ့ က ရိုက်တဲ့ နေရာမှာ ကြူတို့ အခက်အခဲလေး တွေ တွေ့သွားတာပေါ့နော် ။ စိတ် ထဲ မှာ မပျော်ဘူး ။ မပျော်ဘူး ဆိုတာ ကြူ က ကိုယ့် ဘာသာ ကိုယ် မိတ်ကပ် မလိမ်းရလို့ ။ မိတ်ကပ် မလိမ်းရတော့ မပျော် တော့ ကြူ တို့ ဆရာ က ရိပ်မိတယ် ။ ဟဲ့ ကြူကြူ နင် ဘာဖြစ်နေတာလဲတဲ့ ၊ မျက်နှာ က တစ်မျိုးပဲ တဲ့ ။ အလုပ် တစ်ခု လုပ်တယ် ဆိုတာ စိတ်ပါဝင်စားမှ ရတယ် ။ စိတ် ထဲ မှာ ရှင်းနေရမယ် ၊ ပျော်နေရမယ် တဲ့ ။ အဲဒါမှ နင် အမူအရာ တွေ ထည့်လို့ ရမှာပေါ့တဲ့ ။ အခုဟာက တစ်ခုခု တစ်မျိုးပဲ ဖြစ်နေ သလိုပဲတဲ့ ။ အဲဒါနဲ့ ကြူ က ဟုတ်ဘူးလို့ ၊ ကြူ တစ်ခု လောက် တောင်းဆိုချင်တယ်လို့ ၊ နောက်နေ့ မှာ ကြူ ကိုယ့် ဘာသာ ကိုယ် မိတ်ကပ် လိမ်းလို့ ရမလားလို့ ။ ဘာဖြစ်လို့ လဲတဲ့ ။ ကြူ ကိုယ့် ဘာ ကိုယ် လိမ်းရင်များ ဘယ်လိုများ ဖြစ်မလဲလို့ လိမ်းကြည့်ချင်တယ်လို့ ။ တကယ်လို့ ကြူ လိမ်းလိုက်လို့ ပေါ့နော် ရိုက်ကြည့် လိုက်လို့ ဒီနေ့ ရိုက် ကြည့်လိုက်တဲ့ ဟာ နဲ့ ယှဉ်ကြည့်လိုက်လို့ ကြူ လိမ်းတာ မကောင်းဘူး ဆိုရင် သူ နဲ့ ပဲ ဆက်လိမ်းမယ် ၊ ကောင်းတယ် ဆိုလို့ရှိရင် ကြူ ပဲ ဆက်လိမ်းမယ် ။ ဪ ရတယ် ၊ လုပ်တဲ့ ။ အဲလို ပြောတယ် ။ အဲဒီလို ပြောတော့ အဓိက , က နင် စိတ်ချမ်းသာဖို့ပဲလေ ။ လူ က စိတ်ချမ်းသာ မှ အလုပ် လုပ်ရတာ ပျော်တာလေတဲ့ ။ မဟုတ်ရင် စိတ်မချမ်းသာဘဲ အလုပ် ထဲ မှာ ဘယ် စိတ်ဝင်စားမလဲတဲ့ ၊ စိတ် ဘယ်ပါမလဲ တဲ့ ။ နောက်တစ်နေ့ ကျတော့ ကိုယ့် ဘာသာ ကိုယ် ပဲ တစ်နေရာလေး မှာ ထိုင်ပြီးတော့ မိတ်ကပ် ကို လိမ်း တယ် ၊ အကောင်းဆုံး ဖြစ်အောင်လိမ်းတယ် ။ ဒါပေမဲ့ အခုခေတ် လို လည်း အများကြီး လည်း မပေါ်သေးပါဘူး ။ ဒီ လိုင်နာ က အစ မပေါ်သေးဘူး ။ ဘာတစ် ခုမှ မပေါ်သေးဘူး ။ မိတ်ကပ် ရယ် ၊ ဒီ သူတို့ က Black & White ရိုက်တာ ကို ။ Black & White ဆိုတဲ့ မိတ်ကပ် ကို လိမ်းရတာကိုပဲ နားလည် ဖို့ပဲ လိုတာပေါ့ ။ ကြူ တို့ ရဲ့ အသားအရေ ပေါ်မှာပဲ မူတည်ပြီးတော့ ပေါ့နော် ကြူ တို့ ရဲ့ အသားအရောင် က ဘယ်လို အသားအရောင် ရှိသလဲ ၊ အဲဒီမှာ ကိုယ် သုံးတဲ့ ကာလာ အရောင် လိုတယ် ။ ကြူ တို့ မျက်နှာ အသား က ဖြူ တဲ့ အခါကျတော့ မိတ်ကပ် ကို နည်းနည်း ညိုညိုလေး လိမ်းတယ် ။ အဲဒီလိုပေါ့ နော် ။ အဲဒီလို ရိုက်ရင်း အဆင်ပြေ သွားတယ် ။ ဓာတ်ပုံတွေ ထွက် လာတော့ ကြိုက်တယ်တဲ့ ။ ကြိုက်တယ် ဆိုတော့ ပျော်သွားတာပေါ့ ။ အဲဒါနဲ့ ကိုယ့် ဘာသာ ကိုယ် ဖန်တီး ပြီးတော့ အဲဒီလိုပေါ့နော် မိတ်ကပ် လိမ်းပြီးတော့ ရိုက်ဖြစ်တယ် ။ ပြီးသွားတာပေါ့နော် ။


▢ အဲဒီလိုက နေပြီးတော့ မကြူ ကားပေါင်းများစွာ ရိုက်ခဲ့တယ် ။ တချို့ နားလိုက်သေးတယ်နော် ။


❥ ဟုတ်ကဲ့ ။


▢ အိမ်ထောင်ကျ ပြီးတော့ နားလိုက်တာလား မသိဘူး ။ 


❥ အိမ်ထောင် မကျခင် ကတည်းကလည်း နည်းနည်း နားလိုက်တာပါ မယ် ထင်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကြူ တို့ ပေါ့နော် ရုပ်ရှင် မှာ ဖလင်တွေ ပြတ်သွားတဲ့ အချိန် ဦးဝင်းငြိမ်း ရေ အဲဒီတုန်းက သိမှာပေါ့ ။ သူတို့ က ဖလင် ကို သေချာ ဒီကနေ ပြီးတော့ ရွှေ နဲ့ စက် ဝယ်ရတယ် ။ ဖလ င်က အရမ်း ရှား တယ်လေ ။ ဖလင် ကို မတင်သွင်းနိုင်တဲ့တော့တဲ့ အချိန်မှာ ကြူ တို့ ရုပ်ရှင် လောကကြီး က တော်တော်ကြီး ပျက်သလို ဖြစ်သွားတယ် ။ အဲဒီအချိန်အခါမှာ အဲဒီတော့ ရုပ်ရှင် မှာ အဲဒီမှာ ကျဲသွားတာပေါ့ ၊ ရိုက်တာတွေ ကလေ ။ ကျဲသွား တာ မဟုတ်ဘူး ၊ ရိုက် ကို မရိုက်ကြတော့တာ ။ အခုလို ဗီဒီယို လည်း မပေါ်သေးဘူး ၊ ဘာမှလည်း မပေါ်သေးတဲ့ အခါမှာ အကုန်လုံး လိုလို နားကြရတာ ။ အဲဒီခေတ်ပေါ့ ။ အဲဒီ အချိန်အခါက ကြူ က ဘာလုပ်လဲ ဆိုတော့ မေမေ ရှိတုန်း က ပေါ့နော် မေမေ က ကြူ တို့ အနုပညာရှင် တစ်ယောက် က အကုန်လုံး တတ် ထားရမယ် ။ ကိုယ် မလုပ်ချင်ခါ မှ နေ ၊ ဘယ်သူက ဘယ်လို ခိုင်းခိုင်းပေါ့နော် လုပ်နိုင်တဲ့အရည်အချင်းလေး ရှိရမယ်တဲ့ မေမေ က ရော ၊ ဖေဖေ က ရော အဲဒီ လိုပဲ ပြောတယ် ။ ပြောတဲ့အခါကျတော့ ကြူ တို့ က သီချင်းဆိုလေး ကိုလည်း သွား သင်ထားတယ် ။ သူ့ ရဲ့ ကီး မှန်လေး ဆိုနိုင်အောင် ပေါ့နော် ။ အဆိုတော် ကြီး တွေ လောက် ဒီလိုလည်း သီချင်း ဆိုတာ ဒီလောက် ဝါသနာ မပါဘူး ။ အဲဒီတော့ အဲဒါမျိုးလေးတွေ လုပ်တတ်တော့ သီချင်းတွေ ဘာလေးတွေ လည်း စတိတ်ရှိုးလေး တွေ သွား ဆိုတယ် ။ နယ်တွေ ပါ အဲဒီလို ။ ဘာလို့ဆို ကြူ တို့ မှာ အဲဒီ အချိန်အခါ မှာ အမေ ရော ၊ အဖေ ရော မရှိတော့တဲ့ အခါမှာ မောင်နှမ ၈ ယောက် လုံး ကို ကျောင်းထားရတာ ဆိုတော့ စားဝတ်နေရေး ကလည်း ရှိသေးတယ်လေ ။ အဲဒီမှာ ကိုယ် က အမေ နေရာ ဝင်ရတဲ့ အခါကျ တော့ အဖေ လည်း မရှိတော့တဲ့ အခါမှာ အဲလိုပေါ့နော် ရုန်းကန်ရတယ်ပေါ့ နော် ။


▢ မကြူ တစ်ကျော့ ပြန် ဝင်တဲ့ အချိန်ပေါ့နော် အဲဒီ အချိန်မှာ ဒါရိုက် တာ ကြည်စိုးထွန်း က “ သမီးနဲ့ အမေများ ” ။ အဲဒီ ကား မှာ ပဲ မကြူ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ရ သွားတယ် ။ အဲဒီ ကား ရဲ့ အတွေ့ အကြုံလေး ပြောပြပေးပါဦး ။


❥ ဟုတ်ကဲ့ ။ အဲဒီ ကား အတွေ့အကြုံ ပြောမယ် ဆိုရင် ကြူ က အဲဒီ ကားလေး ရိုက်လာပုံလေး ကို အရင် စ,ပြောပေးမယ်နော် ။ ကြူ အဲဒီတုန်းက နယ် ကို ရောက် နေတယ် ။ နယ် ကို  ရောက်နေတဲ့ အချိန်မှာ ဘယ်လို နေရာမျိုးလေးလဲ ဆိုတော့ ကြူတို့ ကလေ မုန်းချော င်း ကို ဖြတ်ပြီး ဆင်ဖြူကျွန်း ၊ ဆင်ဖြူကျွန်း ဟိုးဘက်က ။ ခေါ်တဲ့ လူ ကလည်း မြို့လို့ ပြောပေမဲ့ တကယ်တမ်း ရောက်သွားတဲ့ အခါကျတော့ ရွာ လို ဖြစ် နေတယ်ပေါ့နော် ။ အဲဒီ မတိုင်ခင် မှာ ကြူတို့ ဘာ ရိုက်ထားလဲ ဆိုတော့ ဦးဝင်းဦး က နေ ပြီးတော့ ခိုင်မာလာနှင်းဆီ ဆိုတဲ့ ဇာတ်ကား ရိုက်နေတာ ။ အဲဒီ ခိုင်မာလာနှင်းဆီ ကား ရိုက်တုန်းက ပထမ တော့ အဲဒီ ကား မှာ ကြူ မပါဘူးလို့ ၊ မပါတော့ဘူး လို့ ပြောတယ် သူတို့ ငှားတဲ့ အခါမှာ ။ သူ က ဖုန်းဆက် ပြီးတော့ မဟုတ်ဘူးတဲ့ ၊ ညီမ ရယ် ပါပေးပါ တဲ့ ။ အခန်း က နေရာ ကောင်းပါတယ်တဲ့ ၊ လုပ်ပေးပါပေါ့ နော် ။ သူ လည်း နေရာ သေချာ ပေးပါ့မယ်တဲ့ ။ သူ့ ကို ယုံကြည်ပါ ၊ ရိုက်ပေးပါ ဆိုတော့ စဉ်းစား ပြီးတော့ နောက်တော့ အင်းလေ ၊ အဲဒါဆိုလည်း လက်ခံလိုက်ပါ့မယ် ဆို အဲဒီ ကားရိုက် ပြီးတော့ တစ်နှစ် လောက် နဲ့ သူ က ကား က တော်တော်နဲ့ တစ်ခါတလေ မပြီးတတ်ဘူးလေ ။ နောက်နှစ်ပိုင်းမှာ သူ ကျန်းမာရေး မကောင်း ဘဲနဲ့ သူ မရှိတော့ဘူး ဖြစ် သွားတာလေ ။ အဲဒီတော့ ဆက် ရိုက်မယ် ဆိုတာ လည်း သိပ်ပြီးတော့ မသိဖြစ်တော့ဘူးပေါ့နော် ။ အဲဒီတော့ ကြူ လည်း ခရီး သွားဖြစ်တဲ့ အခါမှာ သီချင်းသွားဆိုတော့ သွားခါနီးမှာ တယ်လီဖုန်း လာတယ် ။ သူတို့ ဘယ်နေ့ ဒီ ကား ကို ပြန်ရိုက်မယ် ဆိုတဲ့ ဟာကို ။ အဲဒီတော့ ဒါရိုက်တာ က ဦးကြည်စိုးထွန်း နဲ့ ရိုက်မယ် တဲ့ ။ ဦးကြည်စိုးထွန်း ကို ပြောင်းလိုက်တယ် ။ အဲဒီတော့ ဇာတ်ကား က နည်းနည်း သုံးပုံတစ်ပုံ လောက် ရိုက်ထား ပြီးပြီး သား အရင်တုန်း က ကြူ တို့ အခန်းတွေ ကို ။ ရိုက်မယ် ဆိုတော့ ကြူ တို့ ဘယ်နေ့ ဘယ်နေ့ ဆို မီတယ် ဆိုပြီးတော့ ၊ ဟိုဘက်မှာ လည်း ပိုက်ဆံ ယူထားတော့ သွားလိုက်တယ်ပေါ့နော် ။ သွားလိုက်ပြီးတော့ ကြူတို့ မှာ အပြန်ကျတော့မှ အခက်အခဲတွေ တွေ့တာပေါ့နော် ။ ဟို သီချင်း ဆိုခါနီးမှာ ကန်ထရိုက် က လည်း မဆိုဖြစ်လို့ ထွက်ပြေး သွားတာနဲ့ ၊ သိတယ်မလား ။ ထွက်ပြေးသွား ပြီး ကိုယ် က ပြန်ဖို့ က လည်း မပြန်တတ်ဘူး ။ အရင်တုန်းက လမ်းပန်းဆက်သွယ်ရေး ကလည်း ခက်ခဲတယ်လေ ။ အခုလိုမှ လည်း မဖွံ့ဖြိုးတဲ့အ ချိန်လေ ။ ဒီလို Express ကားတွေ ဘာမှ ပေါ်သေးတဲ့ အချိန်မှ မဟုတ်တာ ။ အဲဒီတော့ ပြန်တဲ့ အချိန်အခါ မှာ ကိုယ် ဘယ်လို ပြန်ရမှန်း ကို မသိတာ ၊ ရန်ကုန် ကို လေ ။ အဲဒီ ရွာကနေ ဘယ်လို လုပ်ရမှန်း ကို မသိတာ ။ မသိတော့ အဲလိုပဲ လိုက်ပြီး စုံစမ်းတာပေါ့ ။ ကားဂိတ် က ဘယ်မှာ ရှိတယ် ၊ အဲဒီ ကားဂိတ်နား ရောက်သွား တယ် ။ အဲဒီ ရောက်တော့ အဲဒီလိုပေါ့နော် ဟိုဘက် ကို ၊ ကြူ တို့ က ပြန်ချင်တာ ကတော့ ရန်ကုန် ကို  ။ ဒါပေမဲ့ သူတို့ က တစ်ဆင့် ပြန်ရမယ်တဲ့ ။ မကွေး တို့ ဘာတို့ ဘက် ကနေ ပြန်ရမှာတဲ့ ။ အဲဒီလို ပြန်ရမှာ ဆိုတော့ ကား က မရှိဘူးတဲ့ ၊ မလာတော့ဘူးတဲ့ ။ မလာတော့ ၊ ဟယ် ဒုက္ခပဲ ။ ရက် ကို တွက်လိုက်တာပေါ့ နော် ၊ ကြား ထဲ မှာ ကားရိုက် က အဲဒီနေ့ ဆို ရိုက်တော့မယ် ။ ကြူ တို့ က ရုပ်ရှင် မှာ တင် စ,ပြီး မင်းသမီး လုပ် ကတည်း က ရှုတင် တစ်ခု ကို ချိန်း ပြီးရင် ဘယ်တော့မှ မဖျက်ဘူး ။ ဘယ်တော့မှ ကတိ တစ်ခု ကို တည်တယ် ။ ဖျက် တယ်ဆို တဲ့ အလုပ် ကို မလုပ်ချင်ဘူး ။ ကျန်းမာရေး အရ သော် လည်းကောင်း မလွှဲသာမရှောင် တာသာ ဖြစ်ရင် ဖြစ်မယ်ပေါ့နော် ။ အဲဒီလိုကြီး မပြောချင်ဘူး ၊ ဖြစ်အောင် ပြန် ချင်တယ်ပေါ့နော် ။ ပြန်ချင်တယ် ဆိုတော့ သူတို့က အဲဒါဆို လို့ ရှိရင်တော့ အရင်တုန်း ကတော့ ကားတွေ လေ လော်လီကားတွေ က လေ ကြက်သွန်အိတ် တို့ ၊ ငရုတ်သီး တို့ တင်တဲ့ ကားတွေ ။ 


▢ ကုန်တင်ကားတွေ ။


❥ အင်း အဲဒီ ကားတွေပဲ လာတော့မှာ တဲ့ ။ အဲဒီ ကား နဲ့ ပြန်ရင်တော့ ရမယ်တဲ့ အဲဒီက ရွာ က လူတွေက ။ စဉ်းစားရင်း နောက် တစ်ရက် ထပ်စောင့် လိုက်ရင် မမီတော့ဘူးလေ ။ နောက် တစ်နေ့ မနက်မှ ရှိမယ် ဆိုတော့ အဲဒီတော့ ကြူ က ရတယ် ၊ အဲဒီကား ပဲ စီး ပြန်တော့မယ် ။ ပြန်လိုက်တဲ့ အခါမှာ ကြက်သွန်အိတ်တွေ ထပ်ထားတဲ့ ထဲမှာ ထိုင် ရတယ် ။ နေ က လည်း အညာ က နွေ ဆို တော့ အရမ်း ပူတာပဲလေ ။ အညာနေ ဆိုတော့လေ ။ ဒါပေမဲ့ ပူ လည်း မတတ် နိုင်ဘူး ။ ရအောင်တော့ ပြန်ရမှာပဲဆိုပြီး ပြန်တော့ ။ အဲဒီ မုန်းချောင်း ကို ဖြတ်ရတာ ပွင့်ဖြူမြို့နယ် ဆင်ဖြူကျွန်း တို့ ဘာတို့ ကနေ ဖြတ်လည်း ပြီးရော အဲဒီမှာ သဲတော ထဲ မှာ ကားကြီး က  ရှပ်ကျိုးတာလား နစ်ပြီးတော့ အောက် က လည်း ဘာကြီးလဲ မသိဘူး အဲဒါ ကျိုးသွားပြီးတော့ နေ က လည်း ပူ ၊ ဘယ်မှ အရိပ် ဆိုတာ မရှိဘူး ။ အဲဒီတော့ မတတ်နိုင်ဘူးလေ ၊ စိတ် ကို အဲလိုပဲ ဖြေပြီးတော့ပဲ နေတော့ ကောင်းသွားရော ။ ညနေ လောက်ကျမှ ကောင်းသွား တော့မှ အဲဒီ ကား နဲ့ ပြန်လိုက်တာတော့ ဘယ်ရောက်လာလဲဆိုတော့ မင်းဘူး ကို ရောက်သွားရော ။ မကွေး ကို မသွားနိုင်တော့ဘူး ။ မင်းဘူး ရောက်လည်း ရောက်ရော ကားပေါ် က နေ ဆင်း လည်း ဆင်း ရော ကြက်သွန်အိတ်တွေ ဘာတွေနဲ့ ကားတွေ ဟာ ဘယ်ကနေ ဘယ်လိုဖြစ်လဲ မသိပါဘူး မီး ထ, တောက်တော့ ကမန်းကတန်း ပြေးဆင်းရပြန်ရော သိလား ။ ဪ ဘဝ မှာ အခက်အခဲတွေ ပြောပါတယ် ။ စိတ် ကို ကြံ့ကြံ့ခံ နိုင်ဖို့ ရင့်ကျက်လာတာတွေ ။ အဲဒီတော့ ဆင်း ပြီးတော့မှ ကြည့်လိုက်တော့ မကွေး ကို မော်တော် နဲ့ ကူးရ မှာတဲ့ ။ မော်တော် က ထွက် တော့မှာတဲ့ ။ အဲဒါနဲ့ မော်တော်ဆိပ် ကို သွား ၊ သွားပြီးတော့ အဖော် လည်း တစ်ယောက် ပါတယ် ၊ မောင်ဝမ်းကွဲ တစ်ယောက် လည်းပါတယ် ။ သုံးယောက် ပေါ့နော် ။ အဲဒါနဲ့ အဲဒီကို သွားတာပေါ့ ။ အဲဒီ သွား တော့ မော်တော် ပေါ် တင် တော့ပြီး တော့ ဧရာဝတီ အရင်တုန်းက အခုဆိုရင် တံတားတွေ ဘာတွေ ထိုးပြီး သွားပြီလေ ။ အခုက တော်တော်ကြီး ကို ကောင်း တယ် ။ အရင်တုန်းကတော့ တစ်ဆင့် တစ်ဆင့် သွားရတာများတယ် ။ အဲဒီ နား ရောက်ပြီးတော့ အလယ် ရောက်တော့ မော်တော် က ပျက်သွား ပြန်ရော သိလား ။ မကွေး ကို မိုးချုပ် မှ ရောက်တယ် ။ မိုးချုပ် မှ ရောက်တော့ နေစရာက လည်း ဘယ်သွား နေရမှန်း မသိဘူး ။ အဲဒါနဲ့ မထူးတော့ဘူး ၊ ငါတို့ ကားဂိတ် သွားစုံစမ်းမယ် ဆိုတော့ ကား က မရှိတော့ဘူး ထွက်သွားပြီတဲ့ ။ ဟယ် တော် ဒုက္ခပဲ ၊ မနက်ကျရင်တော့ ကား တစ်စီး ရှိတယ် တဲ့ ၊ ၄ နာရီ လောက် ။ ဒါပေမဲ့ ပြည် ကို ပဲရောက်မှာတဲ့ ။ ပြည် က နေ တစ်ဆင့် ရန်ကုန် ပြန် ။ ရတယ် ၊ ပြည် ပဲ ဝယ်လိုက်တော့မယ် ဆိုပြီး ပြည်လက်မှတ်ဝယ် ပြီးတော့ အဲဒီ နား တည်းခိုခန်း မှာ နေရတယ် ။ တည်းခိုခန်း က လည်း လူစုံတော့လေ မနေချင် တော့ မကွေး မြသလွန်ဘုရား ပေါ်မှာ သွား နေလိုက်တယ် ။ သွား နေပြီးတော့ ကားဂိတ် ဆင်းပြီး ဖြစ်ချင်တော့ ပြောတာပေါ့နော် စိတ်ဓာတ် သာ ကျသွားမယ် ဆိုရင် ငါ ဒီ ကား ကို လက်လွှတ် လိုက်တော့မယ် ၊ နေပါစေတော့ ငါ ရောက် ချင်တဲ့ အချိန်မှ ရောက်မယ် အေးအေးဆေးဆေး ကိုယ့် ဟာ ကိုယ် ငြိမ့်ပြီးတော့ ပဲ ပြန်တော့မယ် ဆိုရင်တော့ ကြူ တို့ ဒီ အကယ်ဒမီ ရဖို့လည်း ဖြစ်ချင် မှ လည်း ဖြစ်လာမှာပေါ့နော် ။ အဲဒါကို ပြောပြချင်တာပါ ။ အဲဒီတော့ အဲဒီလို နေရင်းနဲ့ ပြည် ကို မနက်အစောကြီး သွားတော့ အဲဒီ ကားကလည်း အရင်တုန်းက ဟိုက်လက်ကားတွေ လေ ။ ကားတွေ က အရမ်း အကောင်းကြီးတွေ မရှိသေးဘူးလေ ။ အဲဒီတော့ အဲဒီ ကား နဲ့ သွား တော့ လမ်း မှာ အဲဒီ ကားလည်း ဖွတ်ချက် ဖွတ်ချက် နဲ့ ပြည် ကို တော်တော်နဲ့ မရောက်ဘူး ။ မိုးချုပ် မှ ရောက်တယ် ။ မိုးချုပ် မှ ရောက်တော့ ရထားလက်မှတ် ကို ညတွင်းချင်း ပြန်မှာ ၊ မနက် ကို ကားရိုက်ရတော့မယ် ။ ညတွင်းချင်း ဝယ် တော့ ရထား ကလည်း ထိုင်ခုံမဲ့ ပဲ ရတယ် ။ အဲဒီဟာနဲ့ ပြန်တော့ မနက် ၅ နာရီ ရန်ကုန် ကို ရောက်တယ် ။ ရောက်တယ် ဆို ရှုတင် ကိုသွားတာ ၈ နာရီ ထိုး မှ သွားလိုက်တယ် ။ မနက် အိမ် ကို ရောက် ၊ ရေမိုးချိုး ပြီးတော့ ။ အဲဒီမှာ ဦးကြည်စိုးထွန်း နဲ့ စ , တွေ့တာ ။ ကြူ ဦးကြည်စိုးထွန်း ကို မတွေ့ဖူးသေးဘူး ။ အဲဒီ ကား ရိုက်တော့မှ တွေ့ဖူးတာ ။ သူ က နေပြီးတော့ တစ်ခန်း နှစ်ခန်းလည်း ရိုက်ရော နင့် ကို အခန်းတွေ တော်တော် ကောင်းတာပဲ တဲ့ ဇာတ်ညွှန်းတွေ ရေး ထားတာတဲ့ ။ ရေးသွား ပေးခဲ့တယ်ပေါ့နော် မင်းသားကြီး က ။ ဦးဝင်းဦး က ရေးထားတာ ကောင်းတယ်တဲ့ သူ က ။ သရုပ်ဆောင် တဲ့ လုပ်ကွက်တွေ လည်း ရှိတယ်ပေါ့နော် ။ ဦးဝင်းငြိမ်း တို့ ပြောထားတဲ့ သမီး နဲ့ အမေများ ရိုက်ဖို့ ပြောတာ ။ ပြောတော့ ကြူ က ဘယ်လိုနေရာ သရုပ်ဆောင် ရမှာလဲ လို့ ပြော တော့ သူ က စိမ်းစိမ်း နေရာ က နေ ။ မင်းသမီး က အမေ ၃ ယောက် ပေါ့နော် ။ အဲဒီတော့ နင် က တစ်ကားလုံး ကို အစိမ်း ဝတ်ရမယ်တဲ့ ။ အဲဒီထဲ မှာ နင် က ဒီ သမီး ပါ လို့ ပြောလာတဲ့ သမီး ကို လုံးဝ မလိုလားဆုံး လူပဲပေါ့နော် ။ အဲဒီလို နေရာက သရုပ်ဆောင် ရမယ်တဲ့ ။ ကြူ အိမ် မှာ ပြန် တိုင်ပင်လိုက်ဦးမယ် လို့ ၊ ကြူ အမျိုးသား ကို ပြန် တိုင်ပင်ပြီး ပြောမယ်လို့ ဆိုတော့ ။ အမျိုးသား က လိုက်လာပြီး သူ က ကျတော့ ဦးကြည်စိုးထွန်း ကို သူ က သိနေတယ် ၊ ခင် တယ် ။ ဘာလို့ဆို သူ က YMCA မှာ လုပ်တော့ အရင်တုန်းက YMCA မှာ မင်းသား အောင်အောင် တို့ ဘာတို့ နေတယ် ။ ဦးကြည်စိုးထွန်း က အမြဲတမ်း သူ့ ဆီ လာနေတာ ။ သူ က အဲဒီတော့ ရှုတင်မန်နေဂျာ လိုလို ဘာလိုလို အဲလို လာ နေတာ ။ လာ နေတော့ သူ က သိနေတာ ဦးသာဉာဏ် က ။ ဦးသာဉာဏ် က ရိုက်ပေါ့ ကိုကြည်စိုး က ဟိုသင်း ဖြစ်တာပဲဆိုပြီးတော့ အဲဒါနဲ့ စိတ် မပူနဲ့တဲ့ ။ သူ က အကုန်လုံး ကို ပံ့ပိုးမှု ပေးပါတယ် ရိုက်တော့လေ ။ လိုအပ်တာ ဘာညာ အကုန် ရှုတင် လိုက်တာ ကြိုတာ ။ အဲဒီ ကား သမီး နဲ့ အမေများ ရိုက်ဖြစ်သွား တယ် ။ အဲဒီတော့ ကြူ တို့ စိတ် ထဲ မှာ ဘာ ဆုံးဖြတ်ချက် ချလိုက်လဲ ဆိုတော့ ကြူ မြင့်မြင့်ခိုင် ဆိုတာ ဒီ ရုပ်ရှင် ကနေ နည်းနည်း ပျောက် နေတာ တော်တော် ကြာသွားပြီ ။ ၇ နှစ် ၊ ၈ နှစ် လောက် တော့ ရှိပြီ ထင်တယ်နော် ။ အဲဒီလို အချိန် အခါ ဖြစ်သွားတဲ့ အချိန်မှာ ကြူတို့ ဒီ ကား နဲ့ ပြန်ပြီးတော့ ရုပ်ရှင်လောက ကို ပြန်ဝင်ရမယ် လို့ ဆိုတော့ ကြူ တို့ စိတ်ထဲမှာ ဒုတိယအကြိမ် ဆုံးဖြတ်ချက် ပြန် ချလိုက်တယ် ။ ငါ မြင့်မြင့်ခိုင် ဆိုတာ လူတွေ သိသင့်သလောက် ပြန်ပြီး သိစေ ရမယ် ။ အရင်တုန်းက မြင့်မြင့်ခိုင် မြင့်မြင့်ခိုင် ဖြစ်ခဲ့တယ် ။ အခုလည်း မြင့်မြင့်ခိုင် ဆိုတာ ဖြစ်လာအောင် ကိုယ့် ရဲ့ ဒါ ယုံကြည်မှုပေါ့ ။ အဲဒီတော့ ဘုရား တရား လည်း လုပ်တယ် ၊ သေသေချာချာ လည်း အလုပ် ကို ကြိုးစားပြီး တော့ သရုပ်ဆောင်တယ် ။ ဘယ်လို ဇာတ်ကောင်စရိုက် ခုန လိပ်ပြာကူးတယ် ဆိုတဲ့ အဲဒီရဲ့ ဇာတ်ကောင် ကာရိုက်တာ ကိုယ့် ဆီ မှာ ဘယ်လို ပူးကပ်ရမလဲ ၊ ဘယ်လို ကူးလာရမလဲ ဆိုတဲ့ ကာရိုက်တာ ကြူ စဉ်းစားတယ် ။ ည ရော ၊ နေ့ ရော စဉ်းစားတယ် ။ အိုက်တင် လုပ်လို့ ရှိရင်လည်း ကြူတို့  အဝတ်အစားလေး က အစ ကြူ တကယ့်ကို ကြိုတင် ပြင်ဆင်ပြီး တော့ ဘယ်အခန်း မှာ ဘယ်လိုလေး ဝတ်မယ် ၊ ဘယ်အခန်း မှာ ဘယ်လို ဝတ်မယ် အကုန်လုံးသေချာ စီစဉ်ထားပြီးတော့ ဘယ် အခန်း က ကျရင် အစိမ်းလေးတွေ ဆို ငါ ဆွဲကြိုး ကို ဘာဝတ်မယ် ၊ နားကပ် က အစ အကုန်လုံး စီစဉ်တယ် ။ အဲ ဒီ ဇာတ်ကောင် စရိုက် ဖြစ်အောင်လို့ တစ်ခါတည်း မွေးထားတယ် ။ မွေးထားတဲ့ အခါ ကြူ သရုပ်ဆောင်တဲ့ အခါ မှာ Mood ထည့်လိုက်ရုံပဲပေါ့ ။ ကိုယ့် ရဲ့ ဇာတ်ကောင်စရိုက် သွင်း ပြီးသား ဖြစ်သွားတာပေါ့နော် ။ သေသေချာချာ အဲဒီလိုလေး သရုပ်ဆောင် ခဲ့ တော့ ကြူ ကို ဒီ မေမြို့ မှာ သွားရိုက်တဲ့ အခန်း တုန်း က ဆို မို့မို့ နဲ့ ရိုက်တဲ့ အခန်းမှာ မို့မို့ ကို “ အန်တီ က ငယ်ငယ်တုန်းက တိတ်တိတ်ပုန်း ဗိုက်မကြီးခဲ့ဘူးလား ဟင် ” ဆို အဲဒီလို ပြောတော့ ဒေါသ အရမ်း ဖြစ်သွားတာ ။ ငါတို့ သိက္ခာ ကို စော် ကားတာ ၊ နဂိုကတည်း က သူ့ ကို မကြည်နေဘူးလေ ။ အဲဒီတော့ ဘာပြော တယ် ဆို ပါးရိုက်လိုက်တာ ။ အဲဒီမှာ ဦးကြည်စိုးထွန်း က ပြောတယ်လေ ၊ “ ဟဲ့ မကြူ တဲ့ နင် နော် အကုန်လုံး အကယ်ဒမီ ရနေတဲ့ ကြား မှာ သရုပ်ဆောင် ရတာ နင် အကယ်ဒမီ ဆိုတာ နင် မရသေးဘူး ပြောတော့ နင် သေချာ သရုပ်ဆောင် ရင် နင် ဖြစ်မယ် ” တဲ့ ။ အဲဒီဆိုတော့ ဩော် ဟုတ်သားပဲ ၊ ငါ အဲဒီ လို စိတ် ထဲ မှာ အဲဒါလေး ကို ပေါ့နော် ထည့်ထားရမယ် ဆိုပြီးတော့ စိတ် ထဲ မှာ ။ အဲဒီတော့ မို့မို့ ကို ပြောတာ “ ဟဲ့ မို့မို့ လို့ အစ်မ ပါးရိုက်လို့ ရှိရင် တကယ်ရိုက် လို့ ရမလား ” ၊ “ ရပါတယ် အစ်မ ရိုက်လေ ရတယ်တဲ့ ” ။ “ အဲဒါဆို တကယ် ရိုက်မယ် ၊ တစ်ခါပဲ ရိုက်မယ်လေ လို့ ” ။ အဲဒါနဲ့ တကယ်ကို ချထည့်လိုက်တာ “ ဖြောင်း ” ဆို သူ လည်း အိုက်တင်တွေ ပိုကောင်း သွားတယ် ။ ခုနဲ့ ကြူ နဲ့ ဦးဝင်းငြိမ်း နဲ့ စကား ပြောသလိုလေ အပေးအယူ ဆိုတာ ရှိတယ် ။ Responde အိုက်တင် ဆိုတာ ရှိတယ် ။ တစ်ယောက် ကို တစ်ယောက် ပြန် ပို့မှ အရမ်း ကောင်းတာလေ ။ သရုပ်ဆောင် တဲ့ လူ က တစ်ယောက် က ဘယ်လောက် လုပ် နေနေ တစ်ယောက် က ပြန် မပို့နိုင်ဘူး ဆိုရင် ၊ ဒါ ပါ မလာရင် ဒီ အခန်းက ကောင်း ကို မကောင်းတော့ဘူး ။ အဲဒီတော့ အဲဒီလို ဖြစ်ရမယ်လေ ။ အဲဒါ ကြောင့် ကြူတို့ က အဲဒီ အခန်းလေး ကို ပီပီပြင်ပြင်နဲ့ လုပ်ခဲ့တယ် ။ ရှေ့မှာ လည်း အများဆုံး ကြူ အကယ်ဒမီ ရ သွားတဲ့ကား Sailing အိုက်တင်တွေ ရသွားတာ ။ Sailing မျက်လုံးလေး နဲ့ ပဲ စကား ပြောတာ ဒီလို ပုံစံတွေ လုပ်သွား တာတွေ များတယ်ပေါ့နော် ။ အဲဒီတော့ တကယ် ပေါ့ နော် ကြူ တို့ ဘဝမှာ အခက်အခဲတွေ ၊ အကယ်ဒမီ ရဖို့လည်း အချိန်လည်း တန်လာမှာပေါ့ ။ အရင် တုန်း က လည်း ရမယ်လို့ နာမည်ကြီး ပေမဲ့လည်း မရခဲ့တဲ့ကားတွေ အများကြီး ရှိတယ်လေ ၊ အရင်တုန်းကလေ ။ အဲဒီတော့ ဒီ ကား မှာတော့ အကယ် ရော ဖြစ်ပါ့မလား ဆိုတဲ့ စိတ်လေး လည်း ရှိတာပေါ့နော် ။ အဲဒါနဲ့ ဒီ ကား မှာ ကြူတို့ က ပြန် ပြီးတော့ မြင့်မြင့်ခိုင် ဆိုပြီးတော့ ဖြစ်ပြီးတော့ ဒီ လောက ထဲ ပြန်ရောက် လာတာပေါ့ ။


▢ “ သမီး နဲ့ အမေများ ” ပေါ့နော် ။ “ သမီးနဲ့ အမေများ ” မှာ ဇာတ်ကောင် နာမည်တွေ က ဝါ ၊ စိမ်း ၊ နီ ။


❥ ဟုတ်ကဲ့ ။ စိမ်းစိမ်း ရယ် ၊ ဝါဝါ ရယ် ၊ နီနီ ရယ် ။ 


▢ စိမ်းစိမ်း ရယ် ၊ ဝါဝါ ရယ် ၊ နီနီ ရယ်ပေါ့ ။


❥ ဟုတ်ကဲ့ ။


▢ မကြူ အဲဒီ ကား နဲ့ အောင်မြင်ပြီး နောက်မှာ အဲဒီ သုံးယောက် နာမည် နဲ့ ပဲ စိမ်းဝါနီ ဆိုပြီးတော့ ရုပ်ရှင်ထုတ်လုပ်ရေး ထူထောင်လိုက် တယ်နော် ။


❥ ဟုတ် ။


▢ ရုပ်ရှင်ထုတ်လုပ်ရေး ထူထောင် ပြီးတဲ့ အခါမှာ လည်း မကြူ ရိုက်တဲ့ ကားတွေ က တကယ် ကောင်းတဲ့ ကားတွေပါ ။ ဘာဖြစ်လို့ ဆို ရုပ်ရှင် ဖြစ် ပြီးရော ဆိုတာမျိုး မဟုတ်ဘဲနဲ့ ဥပမာ မစန္ဒာ ရဲ့ ဝတ္ထု ကို ရိုက်တယ်ဆိုရင် “ ဆဋ္ဌဂံ ” ။ “ ဆဋ္ဌဂံ ” ဆိုရင်လည်း အင်မတန် ကောင်း တယ် ။ တကယ့် တကယ် ကျတော့ ကိုယ်ဝန်ဆောင် ၆ ယောက် အကြောင်း ကို ရိုက်တာပေါ့နော် ။ အဲဒီ ကား မှာလည်း မကြူ လည်း ကောင်းတာပဲဗျ ။ ဒါပေမဲ့ မကြူ ကျန်ရစ်ခဲ့တယ် ။


❥ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ။ ဒါပေါ့လေ ကြူ တို့ လည်း ကြိုးတော့ ကြိုးစား တာပဲပေါ့နော် ။ တစ်ခါတလေ လည်း ကိုယ် နဲ့ မအပ်စပ်တဲ့ အခါကျရင် ကျန်ခဲ့ မှာပေါ့ ။ ကြူ တို့ အဲဒီကား မတိုင်ခင် ကြူ ရတဲ့ အောင်မြင်သောနေ့ ။ မှတ်မှတ်ရရ ဦးဝင်းငြိမ်း နဲ့ ကြူ ပေါ့နော် အကယ်ဒမီ ပေးပွဲ မှာ ပြောလိုက်တဲ့ စကား တစ်ခွန်း ကို ကြူ မှတ်မိတယ် ။


▢ ကျွန်တော် ထိုင်ကြည့်တဲ့ အချိန်မှာ ရုပ်ရှင်မြှင့်တင်ရေး မှာ အစမ်း ပွဲ ကြည့်ကြတယ် ။ အစမ်းပွဲ ကြည့် ကြတော့ ထွန်းထွန်းဝင်း ကို လူသ,တ်မှု နဲ့ ကြိုးပေးမယ့် အချိန် ၊ သား လုပ်တဲ့ စိုးသူ က အဖေ ကြိုးပေးမယ့် နေရာ ကို သွားစောင့်နေတယ် ။ မကြူ က လောကကြီး မှာ ကိုယ် ထင်တိုင်း လုပ်လို့ မရဘူး ဆိုပြီးတော့ အင်မတန် စိတ်ဓာတ်တွေ ကျပြီး သီလရှင် ဝတ်သွား တာပေါ့နော် ။ သီလရှင် ဝတ်တော့ ဟိုဘက် က လည်း ကြိုးပေး မယ် ၊ ဒီဘက် က လည်း ရေစက်ချတယ် ။ ရေစက်ချ ပြီးတော့ ဒါရိုက်တာ သက်မောင်မောင် ရိုက်တဲ့ သီလရှင်တွေ ကြွနေတဲ့ နေရာ ကို ခြေထောက် တွေပဲ ပြထားတယ် ။ အဲဒီ အချိန်မှာ စိုးသူ က ဝင်လာပြီးတော့ အမေ လို့ အော်လိုက်တဲ့ အချိန် မကြူ ခြေထောက် နဲ့ ကောဇော ရဲ့အနား နဲ့ ငြိသွား တယ်ပေါ့နော် ။ အင်မတန် ကောင်းတဲ့ ရိုက်ချက်ပါ ။ ဒါပေမဲ့ မကြူ ခြေသည်း ရှည် နေတယ်လို့ ကျွန်တော် ပြောခဲ့တယ် ။ အဲဒီမှာ မကြူ ရဲ့ Mood ပေါ့နော် ။ ကျွန်တော် ထင်တာ မကြူ စိတ် ထဲ မှာ Mood က အပြည့် ရှိနေ တယ်လို့ ကျွန်တော် ထင်တယ် ။ ဒီက တော်တော် ရှုပ်တဲ့ ဇာတ် ကို ဒါပေမဲ့ Mood အပြည့် ရှိနေပုံရတယ် ။ အဲဒီ ကား ကို ကြည့်ရတာ ပေါ့နော် ။ မကြူ အဲဒီလို ဇာတ်ကောင် စရိုက် ကို ကြို မွေးတဲ့ အကျင့် ရှိသလား ။


❥ ဟုတ်ကဲ့ ။ ကြူ တို့ အဲဒီ ဇာတ်ကား ရိုက်ဖို့ စ,ပြောတဲ့ ကိုနိုင် ( သက်မောင်မောင် ပေါ့နော် ) ကြူတို့ ကို ပြောတဲ့ အခါမှာ စာရေးဆရာမ ခင်နှင်းယု ရဲ့ ဝတ္ထု ။ တော်ပါတယ် ဒေါ်ခင်နှင်းယု ရေးထားတဲ့ ဇာတ်ကလေး ကြူ သူတို့ ဇာတ်လမ်း မေးတော့ သူ ဇာတ်လမ်း အကျဉ်းလေး ပေးတော့ ဇာတ်လမ်း အကျဉ်း မှာ ကတည်းက တော်တော် ကောင်းတယ် ။ ဒါပေမဲ့ ကြူ မေးတယ် ။ ကိုနိုင် လို့ ကြူ တို့ ကို ဝတ္ထုစာအုပ် မပေးနိုင်ဘူးလားလို့ ။ ကြူ ဝတ္ထုစာအုပ် ကို ဖတ်ချင်တယ်လို့ ။ ရတယ်လေ ၊ မကြူ ကို ပေးလိုက်မယ်လေ ။ ဒါပေမဲ့ ကျွန်တော့် ကို ပြန် ပေးရလိမ့်မယ် ၊ ဒီ တစ်အုပ် ပဲ ရှိတယ်တဲ့ ။ စာအုပ်တွေ ပြန် ထုတ်တဲ့ အထဲ မှာ မပါသေးဘူးတဲ့ အဲဒီ အောင်မြင်သောနေ့ စာအုပ် ။ ကြူ က ရပါတယ် ၊ ခဏပဲ ငှားပါလို့ ။ ပေးလိုက်တဲ့ အခါမှာ ကြူ စာအုပ် ကို ဖတ်တယ် ။ ဖတ်ပြီးတော့ ဘာလုပ်လဲ ဆိုတော့ တစ်အုပ်လုံး ကို မိတ္တူ ဆွဲလိုက် တယ် ။ သူ့ ကို ပြန် ပေးရမှာ ဆိုတော့ ။ အဲဒီ မိတ္တူဆွဲ လိုက်တဲ့ တစ်အုပ်လုံး ကို မတတ်နိုင်ဘူး ။ တစ်နေ့ ကို တစ်ခေါက်ကျ အဲဒီ ဇာတ် ကို သေသေချာချာ ဖတ်တယ် ။ ဖတ်ပြီးပေမဲ့လည်း နားလည်အောင် ဖတ်တယ် ။ အဓိက , က ကြူ ဇာတ်ကောင် ကာရိုက်တာ ကို သိချင်တယ် ။ ဇာတ်ကောင် ကာရိုက်တာ ကို သိတော့မှ အဲဒီ အိုက်တင် ကို လုပ်လို့ ရမှာလေ ။ အိုက်တင် ဆိုတာ ခုန ဦးဝင်းငြိမ်း ပြောသလို ရိုက်ခါနီးကျ မှ ဒီနေ့ ဘာအခန်းရိုက်မှာလဲ ၊ ဝမ်းနည်းခန်းလား ၊ ပျော်တဲ့အခန်းလား ၊ အမေအခန်းလား ပြောပြီးတော့ ရိုက်တာ ထက် ကြူ ဇာတ်ကောင်စရိုက် ကို ကြူ သိချင်တဲ့ အခါမှာ ဇာတ်ကောင် စရိုက် က သူ က ဒေါ်ခင်နှင်းယု ရေးထားတဲ့ ဝတ္ထု က တော်တော်လေး ကောင်းတယ် ။ သူ က ဒီမှာ ကြူ က မေဘယ်လ် နေရာက သရုပ်ဆောင် ရ တယ် ။ မေဘယ်လ် နေရာက သရုပ်ဆောင် ၊ မေဘယ်လ် က ခေတ်ဆန်တဲ့ အမျိုးသမီး တစ်ယောက် အနေနဲ့ပေါ့ ။ သူ့ မိန်းမ စော်ကားမော်ကား စကား တွေ ပြောတော့ သူ က ဒေါသအလျောက် သေနတ် နဲ့ ပစ်လိုက်တာလေ ။ သေနတ် နဲ့ ပစ်လိုက်တော့ လူသ,တ်မှု နဲ့ ထောင်ကျတယ် ။ အဲဒီမှာ သူ့ ယောက်ျား အတွက် ကို အမှုလိုက်တာ ။ အမှုလိုက်တဲ့ နေရာမှာ သူ ပါတီတွေ သွားတယ် ။ သူ့ ယောက်ျား အမှု ကို ဘယ်လိုနည်း နဲ့ ဖြစ်ဖြစ် လွတ်ရရင် ပြီးရော ဆိုတဲ့ ဆန္ဒတွေ ရယ် ၊ သူ က ဆုံးဖြတ်ချက် ချကာ ဒီ အမှု က လွတ်ရမယ် ဆိုတဲ့ သူ့ ရဲ့လုပ်ရပ် ဖြစ်တယ် ဆိုတဲ့ Artist ဆိုတဲ့ စိတ်ကလေး နဲ့ ချစ်လို့ သူ လုပ်ခဲ့တဲ့ အခါမှာ သူ့ ဘဝ နစ်မွန်းသွားတယ် ။ သူ တရားသူကြီး ကို ခန္ဓာကိုယ် ပါ ပေးလိုက် ရတယ် ။ ဒါကို သူ့ သား က သိသွားတဲ့ အခါမှာ သူ အရမ်း ရှက်သွား တယ် ။ သား က သိတယ် ။ သူ့ ခန္ဓာကိုယ် မှာ ဆေးလိပ်နံ့တွေ ဘာတွေ ဆိုတာ ။ အဲဒီမှာ သူ သား မသိအောင် မျက်ရည်တွေ ဘာတွေ ကျိတ်ပြီး ကျရတယ် ၊ လွမ်းရ တယ်ပေါ့နော် ။ သား က လည်း သိတယ် ။ ဒါပေမဲ့ သူ့ အမေကို သနား သွားတာပေါ့ နော် ။ အဲဒီကြားထဲ က မှ နောက်ဆုံး ဦးညွန့်ဝင်း က သူ က လာ ပြောလိုက် တယ် ။ မေဘယ်လ် စိတ်ခိုင်ခိုင် ထား တဲ့ ။ သူ လုံးဝ သေဒဏ် ကျသွားပြီတဲ့ ဆိုမှ အဲဒီတော့ မှ သူ ကိုယ် မျှော်လင့်ထားတဲ့ အရာတွေ က လုံးဝ မဖြစ်နိုင် တော့ပါလား ဆိုတဲ့ စိတ်တွေ ပေါ့နော် ။ အဲဒီမှာ ပုံလျက်သား မေ့ ပြီးတော့ လဲသွားတော့တာလေ ။ အဲဒီမှာ သားရယ် အမေ ဖြစ်ချင်တဲ့ အရာတွေ မဖြစ် တော့ပါလား သားရယ် ဆိုပြီးတော့ သူ့ သား ကို ဖက်ပြီးတော့ ငိုလိုက်တယ် လေ ။ အဲဒီလို ပြောပြီးတော့ မှ သူ့ အဖေ ကြိုးမိန့် ပေးတဲ့နေရာ ကို သူ့ သား က သွားတယ် ။ ကြူ ဒီ စိတ်တွေ ကို မွေးဖို့ ကြူ ဒီစာအုပ် ကို Photo ကူး ယူရတယ် ။ ကူးယူပြီးတဲ့ နောက်ပိုင်းမှာ ကြူ က ဒီဟာတွေ ကို ထပ်ကာထပ်ကာ ဖတ် တယ် ။ ဒီ စိတ်တွေ ကို ကြူ အမြဲတမ်း မွေးထားတယ် ။ အိုက်တင် ကို ဘယ် အခန်း မှာ ဘယ်လို အိုက်တင် လုပ်တယ် ။ တစ်ခါတလေ ငိုလိုက်ရတာကလေ ကြူ ထင်တယ် ၊ အိုက်တင် လုပ်တဲ့ အခါမှာ အရမ်း အော်ဟစ်ပြီး ငိုလိုက်ရတဲ့ အိုက်တင် က လွယ်တယ် ။ ကျိတ်ပြီး ခံစားရတဲ့ အမူအရာ က အရမ်း ခက် တယ် ။ ဒါပေမဲ့ မျက်နှာ မှာ ပေါ်ရမယ် ၊ မျက်လုံး မှာ ပေါ်ရမယ် ။ ကျိတ်ပြီးတော့ အရမ်း ပြိုလဲချင်ရင်တောင် စိတ် ထဲ မှာ အရမ်း ကျိတ်ပြီး ခံစားရတော့ ဘာဖြစ် လဲ ၊ မျက်ရည် က ကျလာတယ် ။ အဲဒီ အိုက်တင်မျိုး ကို ကြူ တို့ က လုပ်ချင် တာ ။ လုပ်ချင်တော့ ကြူ အဲဒါကို သေသေချာချာ ဖတ်ပြီးတော့ အဲဒီ ဇာတ်ကောင် Mood ကို အစောကြီး ကတည်း က သွင်းထားတယ် ။ နောက်ပြီးတော့ ဘယ် ဒိုင်ယာလော့ခ် မှာ ဘယ် အမူအရာ ကြူ လုံးဝ မျက်ရည် မသုံးခဲ့ဘူး ၊ အဲဒီ ကား မှာ ။ တစ်ခါတလေ ကြူ တို့ သရုပ်ဆောင် တဲ့ လူ မျက်ရည် မရတဲ့ အချိန် မျက်ရည် ချူရတာတွေ အများကြီး ရှိတယ် ။ ဒါပေမဲ့ အဲဒီ စိတ် ကို သွင်း ထားခဲ့တယ် ။ အဲဒီတော့ ယောက်ျား ကို ပြောလိုက်တဲ့ အခါမှာ တစ်ဖက် လှည့် လိုက်တာနဲ့ ကြူ မျက်ရည် ကျသွားတာ ။ ဒီဘက်မှာ တော့ ပြုံးပြီး ပြောနေပေမဲ့ ဒီဘက်မှာ ခံစားနေရတယ် ။ သူ မလွတ်နိုင်တော့တဲ့ အခြေအနေ ၊ ကိုယ့် ဘဝ လည်း ဒီလို ဖြစ်သွားပြီ ဆိုတဲ့ အခါမှာ အဲဒီ စိတ် ကို ကြူ ကြိုမွေးတဲ့ အခါမှာ ကြူ ကားရိုက်တဲ့ အခါ အိုက်တင်တွေ ကို ကိုယ့် ကိုယ် ကို အထင်ကြီးတာ မဟုတ်ဘူး ၊ ကြူ စိတ် ထဲ မှာ ကျေနပ်မှုတွေ ရလာတယ် ။ ကိုယ် တွေးလိုက်လို့ ရှိရင် ငါ လုပ်လိုက်တဲ့ အိုက်တင် က ... ပြန်လာလို့ ရှိရင် အမြဲတမ်း စဉ်းစားတယ် ။ ဒီနေ့ လုပ်ခဲ့တဲ့ အမူအရာတွေ ဘာ အမူအရာတွေ လုပ်ခဲ့တယ် ၊ အဲဒါ ငယ်ငယ်လေး ကတည်း က ကားရိုက် ကတည်းက အဲဒီလို စဉ်းစားတယ် ။ ကိုယ့် ကိုယ် ကို စိတ် ထဲ မှာ ကျေနပ်မှုလေးတွေ ရတဲ့ အရသာလေး ကိုတော့ ခံစားမိတာပေါ့နော် ။ အဲဒါကြောင့် ကြူ ကလေး တွေ ကို လည်း ပြောရတယ် ။ အလုပ် တစ်ခု လုပ်မယ် ၊ သရုပ်ဆောင် တစ်ယောက် က မရိုက်ခင် မှာ ကြိုတင် ပြင်ဆင်မှု က ၅၀ ရာခိုင်နှုန်း အောင်မြင်မှု ကို ရတယ် ဆိုတာလေ ။ အဲဒီလိုပေါ့နော် ကြူ က တော့ အဲဒီလိုလေး ကြိုတင်ခဲ့တယ် ။


▢ အဲဒီတော့ မကြူ က “ အောင်မြင်သောနေ့ ” အတွက် က ဝတ္ထု ကို အထူးသဖြင့် နေ့တိုင်း ဖတ် ပြီးတော့ ဒါ Mood သွင်း ထားတယ် ဆိုတာ ... ။


❥ Mood သွင်းထားတယ် ။ အဲဒါကြောင့် ကြူ တို့ က ဝတ္ထု က နေ ရိုက် တဲ့ ဝတ္ထု ကို သေသေချာချာကို ဇာတ်လမ်း ကို ထပ်ကာ ထပ်ကာ နားလည် အောင် ဖတ်တယ် ။ ဘယ်လို အိုက်တင်တွေ လုပ်ရမယ် ဆိုတာကို ပေါ့နော် ။ 


▢ ဒါ အကျိုးကျေးဇူး ရှိတာပေါ့နော် ။ 


❥ အကျိုးကျေးဇူး ရှိတာပေါ့ အဲဒါ ။


▢ မကြူ အဲဒီလိုမျိုး အောင်မြင်မှုတွေ ရလာခဲ့တယ်ပေါ့နော် ။ ကိုယ် ပရိုဂျူဆာ ဖြစ်တဲ့ အခါမှာ လည်း အောင်မြင်မှု ရတာပဲ ။ သရုပ်ဆောင်ပိုင်း မှာလည်း အောင်မြင်မှု ရခဲ့ပြီးပြီ ။ အခု မကြူ က သရုပ်ဆောင် သင်တန်း ဖွင့် ထားတယ်ပေါ့ နော် ။ Broadway ထင်တယ် နာမည် ။


❥ Supreme Broadway Institute. Supreme Broadway Institute အကယ်ဒမီ မြင့်မြင့်ခိုင် သရုပ်ဆောင် သင်တန်း ။ 


▢ သရုပ်ဆောင် သင်တန်း ဖွင့်ထားတယ်ပေါ့ ။ အဲဒီတော့ ကျွန်တော် သိသလောက် မကြူ တို့ ဇနီးမောင်နှံ မှာ သမီး က တစ်ယောက် တည်း ပဲ ရှိတယ် ။ အဲဒီ သမီး ကလည်း မကြူ တို့ အနားမှာ မရှိဘူး ၊ နိုင်ငံခြား ရောက်နေတယ် ။ အဲဒီတော့ မကြူ ၊ ဒီ သင်တန်း ဖွင့်တယ် ဆိုတာ ကိုယ့် ဝါသနာ ကြောင့် လား သို့တည်း မဟုတ် Actor ဖြစ်နေလို့ စိတ်အပန်း ဖြေလို့ ရအောင် ဖွင့်တာလား ။


❥ အဲဒီလို မဟုတ်ဘူး ။ ကြူ က ဘယ်လို ပြောရမလဲ မသိဘူး ။ အနုပညာပိုး တော်တော်ကြီးတဲ့ သူ ခေါ်မှာပေါ့နော် ။ တစ်ခါတလေတောင် မှ ကြူ အခက်အခဲတွေ တွေ့လာရင် ကိုယ် ဖြစ်ချင်တာလေး မဖြစ်တဲ့အခါ မှာ ကြူ ပြန်စဉ်းစားမိတယ် ။ ငါ ဒီပိုး က ကုန်နိုင်ရင် သိပ် ကောင်းမှာပဲလို့ ။ သိတယ်မလား ။ ဒီပိုး ကုန်သွားလို့ ရှိရင်တော့ ငါ အနုပညာ အလုပ် ကို မလုပ် တော့ဘူးလို့ ။ ဒီပိုး ကလည်း မသေနိုင်ဘူးဖြစ်နေတယ် ။ အဲဒါနဲ့ ဘာပဲဖြစ်ဖြစ်လေ အနုပညာလောက မှာ ကြူ ပေါ့နော် တစ်ထောင့် တစ်နေရာ ကနေ ပြီးတော့ Support လုပ်ချင်တယ် ။ အဲဒါကြောင့်မို့လို့ ဒီ သရုပ်ဆောင် သင်တန်း မှာလည်း ကလေးတွေ ကို ကြူ က လမ်းကြောင်းပေါ်လေး ရောက်အောင် တင်ပေးတယ် ။ အရမ်းတော့ နာမည်ကြီး ဖြစ်စေချင်တာပေါ့ ။ ဒါပေမဲ့ သူ တို့ ရဲ့ ခံယူချက် ရယ် ၊ သူတို့ ရဲ့ လေ့လာလိုက်စားမှု ရယ် ၊ သူတို့ ရဲ့ ကြိုးစား အားထုတ်မှု ရယ် တွေ ကတော့ လိုတာပေါ့ ။ ဒါပေမဲ့ ဒီ အမူအရာတွေ ကို လုပ်ပြ နေရတဲ့အတွက် ကိုယ် က ပျော်နေတာပေါ့နော် ။ ပျော်နေတော့ ဘာပဲဖြစ်ဖြစ် လေ ၊ ဟို ဘဝ ကို အဓိပ္ပာယ် ရှိရှိလေး ဖြတ်သန်းပြီးတော့ ကုန်ဆုံးသွားချင် တယ် ။ ကြူ တို့ လည်း ဒီ အသက်အရွယ် ရောက်လာ ပြီးတော့ ဘယ်တော့ လောက်ထိ နေရမလဲ ဆိုတာလည်း မသိဘူး ။ အဲဒီတော့ အနုပညာ မှာ ကြူ တို့ နာမည် တစ်လုံး တည်း နဲ့ ရှိနေချင်တယ် ။ အမြဲတမ်း ဖြတ်သန်း ပြီးတော့ ပျော် နေချင်တယ် ။ အဲဒါကြောင့် ဒီ သရုပ်ဆောင်သင်တန်း ကို လည်း ဖွင့်ဖြစ် သွားတာပါ ။


▢ အနုပညာသင်တန်း ဖွင့်တာ ဘယ်နှသုတ် လောက် ရှိသွားပြီလဲ ။ 


❥ ကြူ ဖွင့်တာ ဆို ၁၉၁၂ ခုနှစ် လောက် က ဖွင့်တာ ။ တကယ်တော့ သရုပ်ဆောင် သင်တန်း ကို စပြီးတော့ ကြုံ ဖွင့်ခဲ့တာ ၂ဝဝ၈ ခုနှစ် ကတည်းက ဖွင့်ခဲ့တာပေါ့ ။


▢ ၂ဝဝ၈ ခုနှစ် ။


၂ဝဝ၈ ခုနှစ်မှာ က ရုပ်ရှင်အစည်းအရုံး မှာ ဖွင့်တယ် ။ 


▢ ကိုယ်ပိုင် ဘရော့ ... ။


❥ ကိုယ်ပိုင် က ၂၀၁၂ ခုနှစ် မှာ စ , ဖွင့်တယ် အဲဒီမှာ ။ 


▢ ဘယ်နှသုတ် ရှိသွားပြီလဲ ။


❥ ဘယ်နှသုတ် လဲ ဆိုရင်တော့ ၇ သုတ် ၊ ၈ သုတ် လောက် ရှိသွားပြီ ။ သင်တန်းသူ ၊ သင်တန်းသား က တော့ ၁ဝဝ ကျော် လောက် တော့ ရှိသွား တာပေါ့ ။ အဲဒီလောက် ဆိုတော့လေ ၊ ဟုတ်ကဲ့ ။ 


▢ ကျေးဇူးတင်ပါတယ် ။


❥ ဟုတ်ကဲ့ပါ ၊ ကျေးဇူး တင်ပါတယ် ။ ဦးဝင်းငြိမ်း ကို လည်း ကိုယ့် ဘော်ဒါတွေ နဲ့ အရမ်း ပြန်တွေ့ရတာ ။ ကြူ ခုန ပြောတဲ့ ဦးဝင်းငြိမ်း တို့ အကယ်ဒမီခန်းမ ထဲ ကို ဝင်လာတော့ အောင်မြင်သောနေ့ မှာလေ ။ “ မကြူ ရေ ဒီနေ့တော့ အောင်မြင်သောနေ့နော် ” တဲ့ ။ ဒါပေမဲ့ စိတ် ထဲ မှာ မယုံရဲဘူး ။ သေချာကြီး လည်း ဘယ်သူမှ ပြောတာ မဟုတ်တဲ့ အတွက်ပေါ့နော် ။ ကြူ ကြေညာ မှ သာ ဒါ ရှိမှာလေ ။ အဲဒါအတွက် ကြူ စိတ်ထဲ မှာ မယုံရဲ ယုံရဲ နဲ့ ။ ဒါပေမဲ့ ဦးဝင်းငြိမ်း မျက်နှာကြီး အော်လိုက်တဲ့ အချိန်မှာ အရမ်း ပျော်သွား တာပေါ့နော် ။ အဲဒါလေး ကို တော့ မမေ့ခဲ့ဘူး ။


▢ ဟုတ်ကဲ့ပါ ။ ၂ဝ၂ဝ ဆိုရင် မြန်မာ့ရုပ်ရှင် နှစ် ၁ဝဝ ပြည့် တော့ မယ်နော် ။ အဲဒီတော့ မကြူ အနေနဲ့ နှစ် ၁ဝဝ ပြည့် Wish လေးများ ပြောပေးလို့ ရမလား ခင်ဗျ ။


❥ ဟုတ်ကဲ့ ။ ကြူ ကတော့ ၂၀၂၀ မှာ မြန်မာ့ရုပ်ရှင် လောကကြီး နှစ် ၁၀၀ ၁ဝဝ ပြည့်တဲ့ အချိန်မှာ ရုပ်ရှင်လောကကြီး က ပိုမိုပြီးတော့ပေါ့နော် တိုးတက်အောင်မြင်ပြီးတော့ အဆင့်တန်း မြင့်တဲ့ ရုပ်ရှင်ကားတွေ နဲ့ ရှိလာပါ စေ ၊ ရှိလာမယ် လို့လည်း မျှော်လင့်ပါတယ် ။ အဲဒီလိုလည်း ဖြစ်စေချင်ပါ တယ် ။ အဲဒီလို ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ် ။ 


▢ ဟုတ်ကဲ့ ၊ ကျေးဇူး တင်ပါတယ် ။


◾ဝင်းငြိမ်း 


📖 လိပ်ပြာကူး ထူးခြားသူများ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment