❝ ကျုပ် ခယ်မ ❞
ဦးသာစံ နှင့် ဦးသာဟန် သည် ဂုဏ်တု ဂုဏ်ပြိုင် ဖြစ်ကြ၏ ။ သို့သော်လည်း အပြင်အပ အားဖြင့် ခင်မင် သလို နေကြ၏ ။ ယခုမှာ ကား အခါတိုင်း နှင့် မတူ ၊ တစ်ယောက် ကို တစ်ယောက် မတွေ့ချင် သလိုလို ဖြစ်၍ နေကြလေ၏ ။ လမ်း ၌ ပင် တစ်ယောက် ကို တစ်ယောက် မလွှဲသာ မှ တွေ့မြင် ကြ၍ နှုတ်ဆက်ကြ၏ ။ ထို ကဲ့သို့ ရက်ပေါင်း အတော် ကြာသောအခါ ဦးသာဟန် က စ၍ စကား ပြောလေ၏ ။
“ ဘယ့်နှယ့်ဗျာ ကိုသာစံ တို့ များ ဘယ်လို အကြောင်း နဲ့ ကျုပ် အပေါ် ခါးခါးသီးသီး ဖြစ်နေရတာတုန်း ဗျာ့ ။ ဒီ ကနေ့ မနက် လဲ တံတားဦး မှာ ကျုပ် မြင်မိပါတယ် ” ဟု တစ်စုံတစ်ရာ ကို စွပ်စွဲ သလို ပြောလေ၏ ။
“ ဘာဖြစ်လို့လဲ ဗျာ ။ ကျုပ် တံတားဦး ကို ရောက်တာ တော့ မှန်ပါတယ် ။ ဆိုစမ်းပါဦး မြင်သလား ” ဟု ကိုသာစံ က ပြန် ပြောလေ၏ ။
“ မြင်တာပေါ့ ဗျာ ။ ခင်ဗျား က မမြင်ဟန် ဆောင်နေတာ ကျုပ် သိပါတယ်ဗျာ ” ဟု ငေါ့သလို ကိုသာဟန် က ပြောလေ၏ ။
“ ကျုပ် လား ... ဘောက်မဲ့ ကြောင့် ဟန်ဆောင် ရ မှာ တုန်း ။ မွန်းသာဟန် ရဲ့ ၊ ကျုပ် မှာ အရေးကြီးတဲ့ ကိစ္စကလေး ရှိ လို့ပါ ။ ခင်ဗျား လဲ ကိစ္စ ရှိမှန်း သိလို့ နှုတ်မဆက်ဘဲ နေတာပါ ၊ ခင်ဗျား လို ချည်း မထင်ပါနဲ့ ”
“ ဘာ အရေးများ ကြီးရတာလဲ ၊ သာလှကလေး နဲ့ ရယ်မော ပြောဆို နေတာဟာ အရေးကြီးတဲ့ ကိစ္စလား ဗျာ ”
ကိုသာစံ မှာ အဖြေရ ကြပ်သလို လို နှင့် တအောင့် မျှ ငေး နေပြီး မှ “ ဒီလိုပါဗျာ ။ တခြား မဟုတ်ပါဘူး .... ” ဟု ပြောပြီး စကား ရပ် လိုက်လေ၏ ။
“ ခင်ဗျား မနေ့ က တော့ အရှေ့ မသွားဘူး ပြောပြီး တစ်ယောက် တည်း သွားတာမဟုတ်လား ဗျာ့ ။ ပြီးတော့ သာလှ နဲ့ ကျုပ် အကြောင်း ပြောနေတာ မဟုတ်လား ” ဟု ကိုသာဟန် က စိတ် ဆိုးသော အမူအရာ နှင့် ပြော လေ၏ ။
“ ဖြစ်မှ ဖြစ်ရလေ ကိုသာဟန် ရယ် ၊ ကျုပ် ပြောသမျှ စကား ကို ခင်ဗျား က ပေထက် အက္ခရာ တင်ဖို့ မှတ်သား နေတာ လား ဗျာ့ ။ ကျုပ် မနေ့ က ခင်ဗျား ကို ဘာပြောမှန်း တောင် သတိ မရ ဘူး ။ ကိုင်းဗျာ ဒါ ထားလိုက်ပါတော့ ။ ကျုပ် သွားချင်တဲ့ သူ နဲ့ သွားပြီး ရယ်မော စကား ပြောချင်ရာ မပြောရတော့ဘူးလား ခင်ဗျာ ”
“ အရင် က နဲ့ မတူလို့ ပြောတာပေါ့ဗျာ ။ အရင် က တော့ အတူသွား အတူလာ ။ အခုမှ ခင်ဗျား က ဒီ သာလှ ဆိုတဲ့ ကလေး နဲ့ တွေ့ မှ တစ်မျိုး ဖြစ်နေလို့ ပြောတာပါ ။ သူတို့ သားအမိ က ဘယ် အရပ် က ဒီ ရွာ လာပြီး သောင်ထွန်း တာလဲ ”
“ ခင်ဗျား စကား တစ်ခု ပြောရင် လုံပါ့မလား ” ဟု ကိုသာစံ က ပြုံး လျက် ပြောလေ၏ ။
ဟန် ။ ။ “ ကျုပ် ဘယ်တုန်းက များ သင်္ကာ ရှင်းရဘူးလို့လဲ ”
စံ ။ ။ ကျုပ် သာလှ အမေ နဲ့ ဗျ နေရာ ကျနေပြီ ။ သည်တော့ ကိစ္စ များတယ် ။ ဗဟုကိစ္စ - လူ့ဘဝ တဲ့ ဗျ ။ တစ်ဘဝ ပြောင်းလဲခြင်းပဲ ” ဟု ကိုသာဟန် ကို အကဲခတ်သလို ကြည့်၍ ပြောလေ၏ ။
ဟန် ။ ။ “ ဪ ... ဒီလိုလား ။ ဝမ်းသာရတာပေါ့ဗျာ ။ အခြေအနေ ပြောစမ်းပါဦး ”
“ အခြေအနေ က ဒီလို ပေါ့ လေ ။ ဒီ ရွာ မှာ အိမ် ဝယ်တယ် ။ သူ့ ယောက်ျား ဆုံးပြီးတာ အခါလယ် ပြီ ။ ဒီ အိမ် ခြောက်ရာ တန် တယ် ။ ချောင်းဟိုဘက် မှာ ပျဉ်ထောင် သွပ်မိုးအိမ် တစ်လုံး ငှား ထားတယ် ။ ဒီ အိမ် မှာ အဖီကလေး ပြင်ဖို့ ကိစ္စ များနေတယ် ။ ခင်ဗျား လို ကာလသား လုပ် မနေအားဘူးဗျာ ” ဟု အကဲခတ် သလို ကြည့် ၍ ပြောလေ၏ ။
“ ဟင် လျော် လိုက်လေဗျာ ။ ဒါပဲလား ရုပ် မှာ တော့ ဘာမျှ ကျုပ် မမြင်ဘူး ။ မျက်နှာ က ချဉ်စုပ်စုပ် နဲ့ ”
“ ဒီလိုလဲ ချိုးချိုးဖဲ့ဖဲ့ ကိုယ် မရ တိုင်း မပြောပါနဲ့ လေ ။ လယ်ဧက ၂ဝ ဆိုတာ ကျုပ်တို့ အဘိုးကြီး အမယ်ကြီး ။ ဒီ သာလှ တစ်ယောက် နဲ့ တစ်သက် ထိုင်စား ဘာ ကုန်မလဲဗျာ ” ဟု မိမိ ကို အမြဲ ဂုဏ် ပြိုင်နေသော ကိုသာဟန် ကို မခံချင် အောင် ပြော လေ၏ ။
“ နို့ ခင်ဗျား အသက် ၆ဝ ပြောတာ သူတို့ သားအမိ သိ ရဲ့လား ။ ခင်ဗျား အရွယ် နဲ့ ဗျာ ။ ဒုက္ခ မှ ရှာတတ်ပလေ ။ ကျုပ် တို့ လို ငယ်ငယ်ရွယ်ရွယ် ဆို တော်သေးရဲ့ ” ဟု ပြောပြီး ထွက်သွား လေ၏ ။
နောက် တစ်နေ့နံ နက် စောစော ကိုသာဟန် နှင့် တကွ သုံးယောက် သား မီးလှုံ ရာ မှ တွေ့ကြ လေ၏ ။
ဟန် ။ ။ “ သားအဖ နှစ်ယောက် က တော့ သိပ် လိုက်တာပဲ ”
သာလှ ။ ။ “ ဦးကြီး က ဘာလဲဗျာ့ ။ မဟုတ်တာတွေ ”
ဟန် ။ ။ “ ဘာ မဟုတ်တာလဲ ကွဲ့ ။ မင်း ပထွေး က သေသေချာချာ ပြောနေတာပဲ ။ ကိုယ့် လူ အသက် ၆ဝကျော် မှ ကံ ကော်တာပဲ ။ အသက် ၆ဝ ရှိပြီကွဲ့ မင်းပထွေး ” ဟု ကိုသာဟန် က ပြော လေ၏ ။
သာလှ ။ ။ “ ဪ ဦးကြီး ၆ဝ တောင် ရှိပလား ။ ငါးဆယ်မပြည့်သေးဘူး ဆို ”
ဟန် ။ ။ “ ဟာ ဟာ ။ မင်းတို့ သားအမိ က ယုံ နေ သလား ။ မင်း လူ သင်္ချိုင်း ထဲ ခြေစုံ နင်း နေပြီ မင်း ကြာကြာ ပထွေး တော်ရမှာ မဟုတ်ဘူး ”
စံ ။ ။ “ ဟာ ခင်ဗျား မဟုတ်တာတွေ လာ ပြော နေတယ် ။ တော်ပါဗျာ ။ ဟေ့ သာလှ လှည်း ပြင်ကြစို့ ။ ဟို ဝါးတွေ က ဒီ ကနေ့ အရောက် ယူမှ ။ မင်း မယ်တော် က ဒီ ဝါး အတွက် အင်မတန် ပူနေတယ် ”
သာလှ ထ၍ သွားရာ ။ အဘိုးကြီး နှစ်ယောက် ကျန်ရစ်ကြလေ၏ ။
စံ ။ ။ “ ခင်ဗျား ဘယ့်နှယ့် လုပ်တာလဲဗျ ။ ကျုပ် ကို အသက် ကြီးတယ်လို့ ဒီကောင်ကလေး က ခဏခဏ သူ့ အမေ ကို ပြော နေတယ် ။ ကျုပ် က လေးဆယ့်ကိုးနှစ် လို့ ပြော ထားတယ် ။ အခု ခင်ဗျား လာ ပြောတာ ခွကျတာပေါ့ ဗျာ ”
ကိုသာဟန် သည် စကား မပြောဘဲ မော့ကာ ပြုံးလျက် မီးပုံနား သို့ တိုးကာ ချမ်းသဗျာ ဟု ပြောရင်း လက် နှစ်ဘက် ကို ဖြန့်၍ လှုံ လေ၏ ။
သာလှ ပြန် လာပြီး “ ဒီ ကနေ့ ဝါး သွား တိုက်လို့ ဟန် မကျသေးဘူး ဦးကြီး ရဲ့ ။ ည က အမေ က အလကား ညာ နေ တာ ။ ကျွန်တော် တွေးတာ အမှန် အသက် ၆ဝကျော် ပြီလို့ ဦးကြီး က ဘယ်လောက် ရှိသလဲ ” ဟု ကိုသာဟန် ကို မေးလေ၏ ။
“ ငါ လား ငါ က သူများ လို မညာတတ်ဘူး ကွဲ့ ။ အသက် ၅၁ နှစ် ။ ကိုယ့် အသက် ကို ဘာ လိမ်ပြောစရာ ရှိသလဲ ”
“ ဪ ... ဒီလိုလား ။ ကိုသာစံ က ဒါနဲ့ အသက် ကို လျော့ ပြောနေတာ ကိုး ။ ကျွန်မ ကလဲ မယုံပါဘူး ။ အောင်မယ်လေး ဒီလို မဟုတ်တာ ပြောတတ်ရင် ။ အသိ မလုပ်ချင်ပါဘူး ။ ကျွန်မ ဒီ ပစ္စည်းတွေ နဲ့ မသိမ်းနိုင် မဆဲနိုင် မို့ အားကိုးရ မလား လို့ မောင်လိုဖွားလို ပေါင်း တာပါ ။ ဒီ ပုံ ဖြင့် မကိုက်ဘူး ကိုသာစံ ။ ကျွန်မ က စကား မှန်မှကြိုက်တာ ။ ဒါထက် ရှင့် နာမည် ကိုသာဟန် မဟုတ်လား ။ ကျွန်မ တို့ သားအမိ နှစ်ယောက်တည်း ပါရှင် ။ အားကိုးပါရစေ ။ ဒီ အိမ်သာကလေး ကို တဆိတ် အလကား လဲ မဟုတ် ပါဘူး ။ ကုန်ကျသရွေ့ ကို ... ”
“ အို ကိစ္စ မရှိပါဘူး ။ ကျုပ် လဲ တစ်ယောက်တည်း မို့ ကိုယ်ချင်းစာ ပါတယ် ။ အိမ်အခြေအနေ နဲ့ လိုက်အောင် ဆောက် ရင် တစ်ဆယ် ကိုးကျပ် ကုန်တော့ မပေါ့ ။ ဒါလဲ ကိစ္စ မရှိပါဘူး ။ ကျုပ် မိတ်ဆွေ ကိုသာစံ မှာ တော့ မရှိရှာ ဘူး ။ ဒီမှာ တော့ အရင်က လွှထောင် ခဲ့ လို့ ပိုမို နေတာတွေ ရှိတယ် ။ အခုလဲ တော မှာ လွှစင်ပေါင်း အစိတ် ရှိပါတယ် ။ လယ်တော့ လယ်ခစား ချခဲ့တာ တစ်နှစ် စပါး ထောင့်လေးငါးရာ သိမ်းပြီး လှူဒါန်း နေရတာပါပဲ ။ အသက်ပင် မကြီးသေး သော်လဲ စိတ်တူ သဘောတူ နဲ့ မတွေ့ရ အခုလို နေတာပါ ” ဟု ပြေလေ၏ ။ ကိုသာဟန် မှာ ပစ္စည်းအတော် ကလေးရှိ သဖြင့် လူ ကို မမက်ပဲ ပစ္စည်း ကို မက်သူများ နှင့် တွေ့မှာ စိုးသောကြောင့် မိမိ ကဲ့သို့ ပစ္စည်းရှိ သော မိန်း မကို ရမှ ယူဖို့ ရန် ကြံစည်၍ နေခဲ့ရာ ယခု မှာ နေရာကျပြီ ဟု စိတ် ကို ပိုင်း လိုက်လေ ၏ ။ ကိုသာစံ မှာ ပစ္စည်း မရှိသူ ဖြစ်ရာ သိုက် တူးရန် ကြံစည်နေ သည် ဟု ကိုသာဟန် မှတ်ယူ ကာ မုဆိုးမကြီး ကို နှမြော၍ နေခဲ့ လေ၏ ။ သို့နှမြော ကာ ကိုသာစံ ကို မနာလို ၍နေလေ၏ ။ ကိုသာစံ က လည်း သိ လေ၏ ။ ထိုမိန်းမကြီး နှင့် ကိုသာစံ ညားလျှင် ကိုသာစံ မှာ မိန်းမ ၏ ပစ္စည်း ကို မှီကာ မိမိ နှင့် တန်းတူ ဖြစ်မှာ မိမိ ထက် သာ၍ သွားမှာ ကို လည်း ကိုသာဟန် စိုးရိမ်၍ နေလေ၏ ။
သို့ စိုးရိမ်သည့် အတိုင်း ၊ ကြိုးစား၍ ကြံလို က်ရာ ၊ ကိုသာစံ မှာ ကျန်ရစ်လျက် ကိုသာဟန် မှာ သာလှ နှင့် သားအဖ တော်စပ်ခြင်း အဖြစ်သို့ လျင်မြန် စွာရောက်လေတော့ သတည်း ။ တစ်နေ့ သ၌ ကိုသာစံ နှင့် လမ်း မှာ တွေ့ကြလေ၏ ။
စံ ။ ။ “ ဘယ့်နှယ့် ကာလဝိပါက် နောက်ပိုးတက်တာ သိရဲ့လား ”
ဟန် ။ ။ “ ဘာဝိပါက် လဲ ဗျာ့ ”
စံ ။ ။ “ ကျုပ် ကို ခင်ဗျား က ရှော်တယ် လို့ ပြောတာ မှတ်မိသေးရဲ့ လား ။ အခု ဘယ့်နှယ့် ရှိစ ဘယ်သူ က ရှော် သလဲ ”
ဟန် ။ ။အောင်မယ် မရတော့ မှ ရှော်တယ် ပြော ချင်သလား ။ ရရင် ဘာရှော်မလဲ ”
စံ ။ ။ “ သိချင်သလား ”
ဟန် ။ ။ “ ဘာလဲ ”
စံ ။ ။ “ ကျုပ် ခယ်မ ဗျာ့ ။ အခု မုဆိုးမ ဖြစ်နေပြီး ဆင်းရဲ နေတာ နဲ့ ခင်ဗျား မှာ ပစ္စည်းကလေး လဲ ရှိနေတာ နဲ့ သျှောင် ရှိ ဆံထုံး ရှိ မှ တင့်တယ် ဆိုတာမျိုး လဲ ဖြစ်စေတော့ လို့ သဘော ထားပြီး ခင်ဗျာ တို့ နှစ်ယောက်စလုံး နေရာ ကျအောင် ကျုပ် စီမံ တာ ဒီ အိမ် က ကျုပ် ယောက်ဖ ရဲ့ အစ်ကို ရဲ့ အိမ် ။ အလကား နေကြ ဖို့ ပေး ထားတာ ၊ အပိုင် မဟုတ်ဘူး ။ အဲဒါ အခု ခင်ဗျား အပိုင် ဝယ်မယ် ဆိုရင် ၅ဝဝိ/- တည်း နဲ့ ရမှာ ။ အချောင် ပဲ ။ ကျုပ် ပွဲခ မယူပါဘူး ။ တခြား လူကိုလဲ ဒီ အဖိုးအခ နဲ့ မပေးပါဘူး ။ ခင်ဗျား မို့ ခယ်မ နဲ့ ပတ်သက်လို့ ။ စဉ်းစားဦး လေ ” ဟု ဝမ်းသာစွာ ဖြင့် ပြော၍ သွားလေ၏ ။
◾ ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန် ဂျာနယ်
၁၉၃၃ ခု ၊ ဒီဇင်ဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment