Thursday, August 8, 2024

ကွေ့မယ် ရပ်ထား



 

❝  ကွေ့မယ် ရပ်ထား ❞

“ အပါး ပဲကြော် မကြော် ဘူးလား ”

“ အေးကွာ ဈေးတွေ တက်လွန်းလို့ ရပ်ကြည့် နေတယ် ”

၂၀၀၂ ခုနှစ် ၊ ဇူလိုင်လ ၁ဝ ရက်နေ့ က တရုတ်ကြီး ဦးဖောင်ဖောင် နဲ့ တွေ့တော့ ပြောဖြစ်ကြတဲ့ စကား ခင်ဗျာ့ ။

အဲ သည် အ ချိန် မှာ ပဲကြီး ဟာ ၂၀ ပိဿာ တစ်တင်း ၁၀,၀၀၀ ( တစ်သောင်း ) ကျော် ၊ မြေပဲ လက်ထွင် လုံးဆန် တစ်တင်း ၁၈,၀၀၀ ( တစ်သောင်း ရှစ်ထောင် ) ဖြစ်နေတဲ့ အချိန် ခင်ဗျာ ။

သိ ကြတဲ့ အတိုင်းပဲ ကုန်ကြမ်းတွေ ဈေး တအား မြင့်တက်လာပြီ ဆို ကုန် ထုတ်လုပ် ရောင်းစားကြရသူ များ ဟာ တော်တော်ကြီး ခေါင်း ခြောက်ရတယ်ဗျာ ။

ရပ်ထားရ မှာလား ။ ဆက်သွားရ မှာလား ။ အရှုံးခံ မှာလား ။ ဘယ်လောက် အထိ အရှုံးခံ နိုင်မလဲ ။ အမျိုးမျိုး စဉ်းစားကြရတယ် ။

အလုပ် ရပ်ထားမယ် ဆို အလုပ်သမား ရဲ့ ဝမ်းဗိုက် ကို ထိမယ် ၊ ဆက် သွားမယ်ဆို အလုပ်ရှင် ရဲ့ ဘတ်ဂျက် ကို ထိမယ် ။

“ ဒီအချိန် က အလုပ် ပါးရုံ မကဘူး ၊ နား ထားရတဲ့ အချိန် ဗျာ့ ။ ဒီတော့ လုပ်သားတွေ လုပ်အားခ ဆက် ပေး နိုင်အောင် ပွဲရုံ မှာ လာ ဆင်း ၊ ဂုန်နီအိတ် ဖာ ၊ ရှင်းလင်းရေး လုပ် ၊ အလုပ် မရှိ ရှိရှိ ရှိ လာခဲ့ ၊ ဒီလို ဖန်တီး နေရတဲ့ အချိန် ဗျာ ”

ပွဲစား ဦးဘဂျမ်း နဲ့ တွေ့တော့ ပြောတဲ့ စကား ပါ ခင်ဗျာ ။

ကျွန်တော်တို့ အောင်လံ တောမြို့ကလေး မှာ ပွဲရုံများ ဟာ တော်သလင်း လ မှ တန်ခူး လ အထိ အလုပ် ကောင်းတတ်ကြပြီး ကဆုန် နယုန် ဆို အလုပ် ပါးပြီး ၊ ဝါဆို ဝါခေါင် ဆို ပွဲရုံမှာ ခြောက်လို့ ကပ်လို့ သရဲခြောက် မှာ တောင် ကြောက်ရသဗျာ ။

ဦးဘဂျမ်း က တော့ သူ့ ပွဲရုံ လုပ်သားတွေ အား ရှိအောင် အလုပ် မရှိ လည်း ပွဲရုံ မှာ အလုပ် ဆင်းစေပါ သတဲ့ ။

သူ့ ဖြေရှင်းနည်း က တစ်မျိုး ပေါ့ ။ ပွဲရုံလုပ်သား ဆိုတာ က တောကုန် တွေ နင်းကန် ကျ ၊ အရောင်းအဝယ် တွေ ဆူဖြိုး ပွက်လော ရိုက် နေတဲ့ အချိန်မျိုး မှာ တစ်နေ့ ၁၅၀၀ ၊ ၂၀၀၀ ကျပ် မခဲယဉ်း ပေမယ့် ၊ ပွဲရုံ ခြောက် နေတဲ့ အချိန်များ မှာတော့ ကွမ်းယာဖိုး တောင် အနိုင်နိုင်ကလားဗျာ ။

ကျွန်တော် လည်း မနှစ် က တော်တော် အကျပ် ရိုက်ခဲ့တယ် ခင်ဗျာ့ ။

မြေပဲဆန်ဈေး က ထောင် တက် ၊ တစ်ဘက် က ရောင်းအား ကျနေ ၊ လက်ရှိ တစ်ထုပ် ၅ ကျပ်တန် ကို ၁၀ ကျပ် နဲ့ ဈေးတင် ရောင်းပါမည် ဆိုသော် လည်း ဝယ် စားတဲ့ လူ က မလိုက်နိုင် ။

ဘယ်လို့ ကြံပါ့ မောင်ကြံ ရယ် ၊ ဦး‌ခေါင်း  ခြောက်လှတယ် ။

ကုန်ကြမ်း က ဈေး နှစ်ဆ မြောက် သွားလို့ ဆိုပြီး ကုန်ချော ကိုများ ဈေး နှစ်ဆ တင် ရောင်းမယ် မကြံပါနဲ့ ငပေါကြီး ဖြစ်သွားမယ် ။

ကုန်ကြမ်း ဈေး တက်ရင် ကုန်ချော ကို တက်ရောင်း ဆိုတာ က စာအုပ် ထဲ မှာပဲ ရှိတယ် ။တကယ် လက်တွေ့ အပြင် လောက မှာ မရှိဘူး ။

အဲဒီ သီအိုရီ ကို လူတော ထဲ ချ ပြရင် ဝိုင်း ရယ်ကြမှာ သေချာတယ် ။

“ မောင်ရေ  ဘယ်လို လုပ်ကြမလဲ ”

ခင်မိငယ် က စိတ်ပူလာပြီ ။

“ အေး မောင် လဲ မှီသလောက် တော့ စဉ်းစား ကြည့် နေတာပဲ ၊ စွန့်စား ကြည့်ရမှာပေါ့ကွာ ”

ဈေးတွေ တက်လွန်းလို့ ရပ်ကြည့် နေတယ် ဆိုတဲ့ ဦးဖောင်ဖောင် ထုံး နှလုံး မူရင် ဘယ့်နှယ် နေမလဲ ။

ကျွန်တော်တို့ မိသားစု သည် မြေပဲဆားလှော်လုပ်ငန်း ကို မြေပဲဆန် အသစ် ပေါ်သည် အထိ ၊ ဈေး ကျသည် အထိ ခဏ ရပ်ထားရန် တညီတညွတ်တည်း ဆုံးဖြတ် ကြလေ၏ ။

၂၀၀၂ ခုနှစ် ၊ ဇူလိုင်လ ၁၁ ရက်နေ့ မှ ဩဂုတ်လ ၂၄ ရက် နေ့ အထိ လုပ်ငန်း ကို ရပ်ထား လိုက်၏ ။

ရပ်ထား လိုက်၏ ။

စာလုံးကလေး လေးလုံး ထဲ ရယ်နော် ။ တကယ် ရပ်ထား လိုက်တော့ ……. ။

နေ့စဉ် လုပ်နေကျ အလုပ် မလုပ် ရ သဖြင့် နှစ်လုံး ယောင်ယောင် သုံးလုံး ယောင်ယောင် ယောင်ချင် လာ၏ ။ ပိုက်ဆံအိတ်ကလေး သည် တဖြည်းဖြည်း ပိန် ပိန် လာရာမှ နောက်ဆုံး ပြား သွားလေ၏ ။ ကိုယ့် ဗိုက် ကိုယ် မသဒ္ဒါ ချင်တော့ ။

လုပ်သားများ လည်း တောင်ရောက် မြောက် ရောက် ရောက် ကုန်ကြလေတော့၏ ။

မြေပဲတောင့် အသစ် ပေါ်လာပါ၏ ။ ဈေး က ထူး မကျလှ ။ ကျပ် ၁၈,၀၀၀ မှ ၁၆,၀၀၀ သို့ ဆင်းလာ၏ ။ ၂ဝဝဝ လျော့ သွား၏ ။ သို့ပေမဲ့ ပဲဆန် က ခြောက်လှစွာကြီး မဟုတ် ။ မခြောက် ရင် အောက်တန်း မကိုက်။

တံဆိပ် အရောင် ကို ပြင် လိုက်၏ ။ အထုပ် အရွယ် ပမာဏ ကို ပြင် လိုက်၏ ။ အသေးဆုံး ငါးကျပ်တန် အထုပ် နေရာ တွင် ၂၅ ကျပ်တန် အထုပ် ဖြစ် သွားလေ၏ ။ ဩဂုတ်လ ၂၅ ရက် နေ့ မှ စ၍ အသစ် ပြန် တင် လိုက်လေ၏ ။

ပထမပိုင်း မှာ ဝယ်စား တဲ့ လူ ဘက် က ခပ်အန်းအန်း ခင်ဗျ ။

ရှင်း ပြ လိုက် တော့ လည်း သဘော ပေါက် သွားပါတယ် ။ အခုဆို အသစ် ပြန် စခဲ့တာ ရှစ်လ ကြာ သွားပါပြီ ။ စားသုံးသူ က လည်း ကျေနပ် လက်ခံ သွားပါပြီ ။

အကွေ့ အပြောင်းကလေး မှာ တော်တော် ခံရတယ် ခင်ဗျာ ။

ကျွန်တော့် လက်တွေ့ အရ ကတော့ ပြောင်း တော့မယ် ဆို ခဏ ရပ် ထားတာ ကောင်း သလိုလို ပဲဗျာ ။

သူများတွေ တော့ ဘယ်လို လုပ်ကြတယ် မသိ ၊ နည်းလမ်း ရှိရင် ပေးကြပါ ဗျာ ။ ကျွန်တော် သိချင်တယ် ၊ နည်း ယူချင်တယ် ။

◾မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
      ၁ ဩဂုတ် ၂၀၀၃
     
#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment