❝ မယ်သုံ ❞
⎯⎯⎯⎯⎯
သန်းဆွေ
⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺⎺
ရွာတိုင်း ရွာတိုင်း တွင် ပင် အိုမင်းရင့်ရော် လှသည့် အမယ်အိုများ ကို မြင်တွေ့ နိုင်ကြသည် ဖြစ်သော်လည်း သူတို့ ၏ လွန်လေခဲ့သော အကြောင်း တစ်ခု ၏ ဖြစ်စဉ်တို့ ကို မူ စုံလင် အောင် သိကြမည် မဟုတ်ပေ ။ သိလည်း သိလို ကြမည် မထင် ။ အထူးသဖြင့် ဆင်းဆင်းရဲရဲ တဲငယ်ကလေး ထဲ တွင် ပြောင်းဖူးဖက် ဆေးလိပ် ကို ဖွာရှိုက် နေသည့် အမယ်အို ဖြစ်ပါ က သာ ၍ ပင် စကား လက်ဆုံ ကျလိုကြမည် မထင် ။ အပေါ်ယံ အားဖြင့် ကြည့်ပါ မူ ထိုထိုသော ဆင်းရဲသူ အမယ်အို တို့ သည် သူ ပိုင်သော ကြက်ဘဲ တို့ ၊ ဥ ထားသည့် ဥ တို့ ကို လည်းကောင်း ၊ ရွာပြင် တောတန်းရှိ ဟင်းရွက် တို့ ကို လည်းကောင်း ၊ လယ်ကန်သင်း မှ ဟင်းရွက် တို့ ကို လည်းကောင်း ခြင်းတောင်း ဖြင့် ထည့်ကာ မြို့သို့ ရောက်အောင် ခြေလျင် သို့မဟုတ် နွား လှည်း ကြုံ ဖြင့် လိုက်ပါ လာတတ်ကြကာ မြို့ ပေါ် တွင် ရောင်းချ ပြီးပါက ဆန် နှင့် ဆန်ကွဲ အနည်းငယ် ကို ဝယ်ကာ လာလမ်း အတိုင်း ရွာ ဆီ သို့ ဦးတည် ကာ ပြန် တတ်ကြသည် ကို သာ မြင် ရပေမည် ။
ထို အခြင်းအရာ တို့ ကို အခြား သူများ အဖို့ တွင် ထူးထူးခြားခြား စိတ်အာရုံ လှုပ်ရှားဖွယ် ရာ အကြောင်း မရှိသော် လည်း ကျွန်တော့် အဖို့ မှာ မူ ရွာစွန် ဇနပုဒ် ရှိ တဲပုတ်ရှင် အမယ်အို တို့ ကို မြင်လေ တိုင်း စိတ် ထဲ တွင် သိသိသာသာကြီး တုန်လှုပ် ချောက်ချား မိရာ မှ ကျွန်တော် ငယ်စဉ် အခါ က စ၍ ယနေ့ တိုင် မမေ့နိုင် သေးသည့် သဏ္ဌာန် တစ်ခု ကို မြင်ယောင် လာ မိ ပါသည် ။
ထို သဏ္ဌာန်ရှင် ကား ကျွန်တော် ငယ်စဉ် က နေခဲ့ရသည့် ရွာစွန် တွင် နေထိုင်သော မိန်းမကြီး တစ်ဦး ပင် ဖြစ်လေသည် ။
သူ့ နာမည် မှာ မူ မယ်သုံ ဟု ထင်ရပါသည်။
သူ့ ယောက်ျား နှင့် သူ့ သား တို့ မှာ နှစ်ယောက်စလုံး သန်မာ ထွားကျိုင်းသူများ ဖြစ်ပါ သည် ။ ရွာသူရွာသား တို့ ၏ ပြောစကား အရ မယ်သုံ ၏ ယောက်ျားကြီး မှာ နွားသူခိုးကြီး ဟု သိ ရပါသည် ။ ကျွန်တော် သိခဲ့သမျှ လည်း ရွာ ထဲ တွင် နွားပျောက်သံ ကြားရတိုင်း ထို လူကြီး သည် လည်း ပျောက်ကွယ် ၍ သွားတတ် ပါသည် ။
သူ့ နာမည် ကို မူကား ကောင်းစွာ မှတ်မိပါသ ည် ။ ကိုဖိုးထင် ... ။
ဤနေရာ တွင် ကိုဖိုးထင် နှင့် မယ်သုံ တို့ ညား လာ ပုံ ကို ဖော်ပြရပါမည်။
ကိုဖိုးထင် ၏ ဘိုးဘွားများ သည် ထို ရွာ တစ်ဝိုက် တွင် လယ်ဧက အတော် အတန် ပိုင်ဆိုင်ခဲ့ သူများ ဖြစ်ကြ လေသည် ။ ကိုဖိုးထင် ၏ ဖခင် လူလားမြောက် လာ သည့် အခါတွင် ကား လယ်ကွက်များ မှာ ချစ်တီး လက် သို့ တစ်ကွက် ပြီး တစ်ကွက် သက်ဆင်း ကုန် ကြကာ ကိုဖိုးထင် မတ်တတ်ပြေး အရွယ် တွင် မူ ကား တစ်ကွက် မျှ မကျန်တော့ဘဲ အရက် ပုလင်းခွံ တို့ သာ လျှင် ကျန်ခဲ့လေသည် ။
ကိုဖိုးထင် သည် လယ် ထွန်နိုင်သည့် အရွယ် သို့ ရောက်သည် နှင့် တစ်ပြိုင်နက် သူရင်းငှား အဖြစ် ဖြင့် အသက် မွေးခဲ့ရ လေသည် ။ လယ်ထွန်သမား ကိုဖိုးထင် သည် ကောက်စိုက်သူ မမယ်သုံ နှင့် လယ် ထဲ တွင် ဆုံမိ လေတော့သည် ။ မြောက်မြားစွာသော ကောက်စိုက်သူမ အထဲ တွင် မယ်သုံ မှ ရွေးချယ် ၍ ညားရသည် မှ အကြောင်း ရှိလေသည် ။
အကြောင်းကား ဤသို့တည်း ။
မယ်သုံ သည် မိဘမဲ့ တစ်ကောင်ကြွက် ဖြစ် ကာ ကိုဖိုးထင် သည် သူရင်းဒိုင် က အိမ် တွင် အခိုင်းအစေ အ ဖြစ် ရွေးထား ခဲ့လေသည် ။ မယ်သုံ ခမျာ လယ် ထဲ တွင် လည်း ကောက်စိုက်ရသည် အိမ် သို့ ရောက်ပြန်ပါ က လည်း ကောက်ရိုးစဉ်း ၊ ရေခပ် ၊ ထမင်းချက် ၊ ထင်းခွဲ မှ စ၍ အိမ်မှုကိစ္စ အဝဝ ကို လည်း လုပ်ရသည် ။ အိမ်ရှိ နွား ၊ ဝက် ၊ ကြက် ၊ ခွေး တို့ ကို လည်း အစာ ကျိုချက်၍ ကျွေး ရသည် ။ ည တွင် လည်း သူရင်းဒိုင် နှင့် သူ့ မယား တို့ ကို နင်းနှိပ် ပေးရသည် ။ ထို အတွင်း အရှင်သခင် တို့ ၏ စိတ် နှင့် မတွေ့ပါ က နီးရာ လက်နက် နှင့် ရိုက်နှက်တတ် သေးသည် ။
ဤသို့လျှင် ရက်စက်ခြင်း ၊ ကြမ်းကြုတ်ခြင်း ၊ အကြင်နာ ကင်းမဲ့ခြင်း တို့ ၏ လောင်းရိပ် ဝယ် ကြီးပြင်း၍ လာခဲ့ရသော မယ်သုံ သည် မမလေး ကို ချစ်လိုက်ပါတဲ့ အာရုံ ဟု အသံဝါ အသံ ပြဲကြီး ကို ဟစ်ကာ မိုးသည်းသည်း ထဲ တွင် ဇွဲ ကြီးကြီး နှင့် လယ်ထွန် နေသော ကိုဖိုးထင် အပေါ် တွင် အားကိုးချင်စိတ် ပေါ်လာတော့၏ ။
အသနား ခံနေသော မယ်သုံ ၏ မျက်လုံး တန်ခိုး ကြောင့် လူဆိုး လူရိုင်းကြီး ကိုဖိုးထင် သည် လယ် မှ အပြန် တစ်ညနေ တွင် သုံးခွန်း သော စကား ကို ပြောကြားလာလေ
တော့သည် ။
ထိုနောက် ကိုဖိုးထင် နှင့် မယ်သုံ တို့ ကြိုက် နေကြပြီ ဟူသော စကားသည် လယ် ထဲ တွင် တဝေ့ဝေ့ လည် နေရာမှ ရွာ ထဲ သို့ ပျံ့ သွားလေ၏။ တစ်နေ့ တွင် မယ်သုံ သည် ကိုဖိုးထင် အား သူ၏ ကျော မှ အရှိုးများ ကို ပြကာ သူ့ ကို ခိုးယူပါ မည့် အကြောင်း ငိုယို တောင်းပန် လေသည် ။ အသက် နှင့် ထပ်တူ ချစ်ကြည်ဖြူသော ရည်းစားသည် အား အနာတရ လုပ်ရပါမည် လော ဟု ဒေါပွား ကာ ကိုဖိုးထင် သည် ထို ညချင်း တွင် ပင် သူရင်းဒိုင် ၏ ခေါင်း ကို ဝါးရင်းတုတ် နှင့် ရိုက်နှက် ဆုံးမ ခဲ့ပြီး မယ်သုံ နှင့် အတူ ကျွန်တော် တို့ ရွာ သို့ ထွက်ပြေး လာခဲ့ကြ လေသည် ။
ယင်းသို့လျှင် ကိုဖိုးထင် နှင့် မယ်သံ တို့ ညား ခဲ့ကြ လေသည် ။
အချို့က မူ မယ်သုံ သည် ကိုဖိုးထင် နှင့် မညားမီ သူရင်းဒိုင် အိမ် တွင် နေခဲ့စဉ် က သူရင်းဒိုင် ၏ ခြေတော်တင် ခံခဲ့ရသေးသည် ဟု ဆိုကြသည် ။ သတင်း မှာ အခြေအမြစ် မရှိလှ သော်လည်း မဟုတ်ဟု မငြင်းနိုင်ပေ ။
မည်သို့ပင် ဖြစ်စေ ၊ မယ်ယုံ သည် ကိုဖိုးထင် နှင့် ညား ကာ သား တစ်ယောက် ၊ သမီး တစ်ယောက် မွေးခဲ့ပေပြီ ။ သမီးကလေး မှာ မွေးပြီး တစ်လ အတွင်း သေသွား သဖြင့် သား တစ်ယောက် သာ ကျန်ခဲ့လေသည် ။ ကိုဖိုးထင် နှင့် ညားပြီး သုံးနှစ် အတွင်း ဝယ် ကလေး နှစ်ယောက် မွေးခဲ့သော မယ်သုံ မှာ နဂိုက ပင် ပိန်သူ ဖြစ်သဖြင့် အတော်ပင် ပိန်၍ နေ လေသည် ။
ကျွန်တော်တို့ ရွာ ၊ လယ်ကွက် မရှိဘဲ တောင်ယာများ သာ ရှိရကား ကိုဖိုးထင် သည် လယ် မထွန်တော့ ဘဲ လှည်း ငှား၍ နွားချေး တိုက်လေသည် ။ နွား အရောင်းအဝယ် လည်း လုပ်လေသ ည်။ သူ သည် ခွေး သုံးကောင် ၊ နွား သုံးကောင် နှင့် ဝက် လေးကောင် ၊ ကြက် ခြောက်ကောင် ရှိ လေသည် ။
မယ်သုံ မှာ မူ ထို တိရစ္ဆာန် တို့ အား အစာ ကျိုချက် ၍ ကျွေးခြင်းဖြင့် အချိန်ကုန် နေတော့ သည် ။ မယ်သုံ အဖို့ တိရစ္ဆာန်များ ကို ဤသို့ ကျွေးမွေးရခြင်း အလုပ် မှာ ပို၍ ပင်ပန်းစရာ အကြောင်း မရှိချေ ။ သူရင်းဒိုင် ၏ အိမ် တွင် နေစဉ် က လည်း နွား ၊ ခွေး ၊ ဝက် ၊ ကြက် တစ်ဦး ပြီး တစ်ဦး ဆက်ကာ ဆက်ကာ ကျွေးမွေးခဲ့ရသည် မဟုတ်ပါလော။
သူတို့ ၏ သားကလေး မှာ လည်း စာ ဟူ၍ တစ်လုံး မျှ မသင်ရ ဘဲ နွား ကျောင်းရင်း ၊ ဘဲ ထိန်းရင်း ၊ တဖြည်းဖြည်း ကြီး လာ ကာ သူ့ အဖေ နှင့် ကစော် ပြိုင် သောက်နိုင်သည့် အရွယ် သို့ ရောက်ခဲ့လေပြီ။ လှည်းမောင်းချိန် သိမ်း ၍ ကစော် မူး ကာ ပြန်လာကြရာ တွင် အိမ် ရောက် ၍ ဟင်း မကောင်းပါ လျှင် သား ဖြစ်သူ က ကြက်အို တစ်ကောင် ကို ဖမ်းကာ လည်လှီး လေတော့သည် ။
မယ်သုံ က ဂရုတစိုက် ကျွေးမွေး လာခဲ့ရသည့် ဝက် တို့ မှာ လည်း ဝဝဖြိုးဖြိုး ဖြစ်၍ လာ ကြပါ က ကိုဖိုးထင် က လှည်း နှင့် တင် ကာ ဝက်သ,တ် တရုတ် ထံ သို့ ရောင်းလေ တော့သည် ။ ကိုဖိုးထင် က အရင် မရောင်းပါ က သားတော် မောင်ဖိုးတေ က ရောင်း လေသည် ။ တစ်ခါတစ်ရံ တွင် နှစ်ယောက် သား အကြံ တူ နေသဖြင့် မယ်သုံ ကို ဘေး တွင် ထား ကာ ဆဲဆို ရန်ဖြစ် လိုက်ကြသေးသည် ။
မယ်သုံ က မူ ဘာမျှ မပြောဘဲ တိတ်ဆိတ်စွာ နေတတ်သည့် သူ့ ဝါသနာ အတိုင်းသာ နေလေ သည် ။ သူ ၏ အသက် မှာ လေးဆယ် ကျော်ရုံ မျှ ရှိသေးသော် လည်း သူ့ ရုပ်ရည် မှာ မူ အိုမင်း ရင့် ရော်ခဲ့လေပြီ ။
ကိုဖိုးထင် တို့ သားအဖ ရှိစေကာ မူ သူ့ အတွက် အကြောင်း မထူး ။ နံနက်ခင်း တွင် ကြက်စာ ၊ ဘဲစာ ၊ ဝက်စာ ၊ နွားစာများ ကို ကျွေးပြီးသည် နှင့် တစ်ပြိုင်နက် ကြက်ဥ ၊ ဘဲ ဥတို့ ကို ဆွဲခြင်း တွေ ထဲ ထည့်ကာ ခွေး သုံးကောင် ခြံရံ ၍ မြို့ ပေါ် ရှိ တရုတ်ဆိုင် သို့ လာရောက် ရောင်းချ၏ ။ အပြန် တွင် တရုတ်ဆိုင် မှ ဆန်ကွဲ နှင့် စားစရာ အချို့ ကို ဝယ် ကာ အမဲသားဆိုင် မှ အရိအရွဲ ၊ အရိုးတို့ ကို တောင်းယူ ၍ အိမ် သို့ ပြန် လာပြီး ကို ဖိုးထင် တို့ ပြန်လာသည့် အချိန် တွင် အဆင်သင့် စားနိုင် ရန် အတွက် ချက်ပြုတ်ရ ပြန်၍ အမဲသားဆိုင် မှ တောင်း လာ သည့် အရိအရွဲများ ကို ရေ ဖြင့် ပြုတ်ကာ နောက်လိုက် ခွေး သုံးကောင် ကို ကျွေးသည် ။ နွား နှင့် ဝက် တို့ အတွက် ဝယ် လာသော ဆန်ကွဲ ကို လည်း ကျို ရ ပြန်သည် ။
တရုတ်ဆိုင် တွင်း ၌ မယ်သုံ ကြက်ဥ ၊ ဘဲဥ တို့ ကို ရောင်းနေစဉ် သူ့ အဖော် ခွေးသုံးကောင် သည် ဆိုင် အပြင် ဘက် မှ စောင့်နေကြ၏ ။ ကြက်ဥ ၊ ဘဲဥဈေး မှာ တစ်ခါတစ်ရံ သူ လိုချင်သည် ထက် ပို၍ ရ၏ ။ ဆိုင်ရှင် တရုတ် က လည်း စကား နည်းကာ ငြိမ်သက် အေးဆေး လှသော မယ်သုံ အား သနား သဖြင့် အစစ အရာရာ လိုက်လျော လျက် ရှိ၏ ။
ကျွန်တော့် မျက်စိ ထဲ တွင် မြင်ယောင်လျက် ပင် ရှိပါသေးသည် ။
ထိုအချိန်မှာ ယခုကဲ့ သို့ပ င် မိုးရာသီ ဖြစ်ပါသည် ။
ကိုဖိုးထင် တို့ သားအဖ သည် တခြား တစ်ရပ် တစ်ရွာ သို့ အလုပ် ကိစ္စ ဖြင့် သွားမည် ဟု ဆိုကာ ၊ ထွက်ခွာ သွားကြလေသည် ။ သူတို့ သည် တစ်အိမ်လုံး ရှိ ပစ္စည်းများ ကို ဘာ တစ်ခု မျှ မယူဘဲ သွားကြသည် ။ နွား ချရန် ဟူ၍ လည်း ပြော သွားကြသည် ။ မယ်သုံ အဖို့ တွင် ထိုအကြောင်း အရာများ ကို သိရန်လည်း မလို။ မေး လည်း မမေးဘဲ ကြက် ၊ ဘဲတွေ အစာဝဝ စား ရ မှ ဥ အုမည် ။ ဥ တွေ ရမှ သူတို့ အတွက် စား စရာ ရမည်။ ဝက်တွေ အစာဝဝ စား ရ၍ ကြီးထွား မှ ဈေး ကောင်းကောင်း နှင့် ရောင်းချမည် ဟူသော အချက် တို့ သာ လျှင် သူ နားလည်လေသည် ။
ရွာသူရွာသားတွေ ကို လည်း မည်သူ့ ကို မျှ မသိ သဖြင့် လည်ပတ်စရာ လည်း မလို ။ စကား ပြောဖော် လည်း မရှိ ။ ကိုဖိုးထင် တို့ သား အဖ အခြား တစ်ရပ် သို့ ထွက်ခွာ သွားပြီး နောက် ခုနစ်ရက် ခန့် အကြာ တွင် နေပူ နေရာ မှ ရုတ်တရက် မိုးရွာ လိုက် သဖြင့် လှန်းထား သော ထင်းများ ကို သိမ်း နေသည့် မယ်သုံ သည် မိုးရေ မိ ကာ ဖျား လေတော့သည် ။
အိပ်ရာ တွင် လဲ နေသည့် အတွင်း ဘဲ ၊ ကြက် ၊ ဝက် ၊ နွား တို့ မှာ အစာ မစားရ သဖြင့် နား ကွဲ လုမတတ် အော်ကြလေသည် ။ ကံအားလျော်စွာ ၄ ရက် အကြာ တွင် ဘာဆေး
မျှ မသောက်ရဘဲ အနည်းငယ် သက်သာ ၍ လာ ကာ ထ ၍ ပင် လမ်းလျှောက် နိုင် လာလေ သည် ။ ဆန်ကွဲအိုး တွင် လည်း ဘာမျှ မရှိ။ ဆန်အိုး တွင် လည်း ဘာမျှ မရှိ။ သူမ အိတ် ထဲ တွင် မူ ပိုက်ဆံ အနည်းငယ် ကျန် သေးသည် ။
နောက် တစ်နေ့ နံနက် တွင် သူ သည် တင်းတောင်း တစ်တောင်း ကို ယူကာ မြို့ သို့ တက် လာလေသည် ။ ခွေး သုံးကောင် က လည်း မြို့ သို့ ရောက်လျှင် အမဲအူ စားရတော့မည် ကို သိ သည့် အလား ခုန်ပေါက်မြူးထူး ကာ လိုက်လာ ကြလေသည် ။ တရုတ်ဆိုင် သို့ ရောက် သောအခါ ဆန် အနည်းသာ ဝယ်ပြီး ဆန်ကွဲ ကို မူ များ စွာ ဝယ် လေသည် ။ ဆိုင်ရှင်တရုတ် ကို လည်း နောက် လေးငါးရက် အတွင်း သူ လာ တော့မည် မဟုတ်သဖြင့် လူ လွှတ် ၍ ကြက်ဥ ကို ယူရန် ပြောခဲ့လေသည် ။ သူ့ စိတ် ထဲ မှာ ကြက် ၊ ဝက် ၊ ဘဲ ၊ နွား တို့ ကို အစာ ကျွေးရင်း အနားယူ ရန် ဖြစ်လေသည် ။
မြို့ မှ ထွက်သည် နှင့် တစ်ပြိုင်နက် မိုး သည် ဝေါခနဲ ရွာချ လိုက်လေသည် ။ မယ်သုံ သည် မြို့ ထဲ တွင် ခေတ္တ ဝင်နားရန် အသိအကျွမ်း မရှိ သဖြင့် ဆက်လက်၍ လျှောက်လာခဲ့ လေသည် ။ မိုး သည် တစ်စ ထက် တစ်စ မဲ၍ မဲ၍ လာကာ သည်း၍ သည်း ၍ သာ လာလေတော့သည် ။ မယ်သုံ ကား အိမ် သို့ မြန်မြန် ရောက်လိုဇော ဖြင့် ခြေကုန် သုတ်ခဲ့ လေသည် ။ လျှောက်ရင်း လျှောက်ရင်း သူမ တစ်ကိုယ်လုံး မှာ နာကျင်၍ လာလေ၏ ။ ခြေထောက်များ မှာ လည်း လေးလံ၍ လာလေသည် ။ ရွာ နှင့် မြို့ မှာ တစ်မိုင် ကျော်ကျော် ဝေးကွာ လေရာ လမ်း လျှောက်ရင်း လျှောက်ရင်း အိမ် ကို မှ ပြန်ရောက်ပါမည် လော ဟု တွေးကာ ပူပန်မိလေသည် ။ အစာ စားချိန် တွင် မရောက် ပါ က ဆူညံစွာ အော်မြည်ကာ အစာ တောင်းကြမည့် အသံ တို့ ကို လည်း ကြားယောင် မိလေသည် ။ အိမ် သို့ ရောက် ပါ က ကိုဖိုးထင် တို့ သားအဖ နှင့် တွေ့ရ လျှင် ကောင်းမည် ဟု မတောင့်တစဖူး တောင့်တမိ လေ၏ ။ သားအဖ နှစ်ယောက် ကစော်မူးမူး နှင့် ဆိုကြသည့် သီချင်းသံ ကို လည်း မိုးသံလေသံ မိုးချုန်းသံ တို့ အကြား မှာ ပင် ကြားယောင် လာလေ၏။
သို့နှင့် မိုးသည်းသည်း တွင် မယ်သုံ ၏ ခြေလှမ်းများ မှာ လေးကန် သည် ထက် လေးကန်၍ လာလေတော့သည် ။ နောက်ဆုံးတွင် မယ်သုံ သည် မဟန်နိုင် တော့ဘဲ သစ် တစ်ပင် အောက် သို့ ဝင်၍ အနားယူ လေသည် ။ သူ ၏ တစ်ကိုယ်လုံး မှာ ရေခဲတုံး ပမာ အေးစက်၍ နေ လေသည် ။ မျက်ခွံများ လည်း လေးလံ ၍ လာ လေသည် ။ ခွေး တို့ လည်း ရွှဲရွှဲစို နေသော ခန္ဓာ ကိုယ် တို့ ဖြင့် သစ်ပင် တစ်ဝိုက် လှည့်ပတ် ၍ ပြေး နေကြလေသည် ။
နံနက် ဆွမ်းခံ ဝင်ချိန် ကတည်း က ရွာ သော မိုးသည် ည ၁ နာရီ လောက် တွင် မှ တိတ်လေ သည် ။ မိုးရွာ ပြီး နောက်တွင် ထွက်ပြူလာသည့် လရောင် ကား အတိုင်းမသိ သာယာ လှဘိ သည် ။ ထို သာယာလှသော လရောင် အောက် ရှိ သစ်ပင်ရင်း ဝယ် မယ်သုံသည် ခွေးများ ခြံရံ ကာ လဲလျောင်း လျက် ရှိလေသည် ။ မယ်သုံ ကား မနိုးသော အိပ်ခြင်း ဖြင့် အိပ်ပျော် ခဲ့လေ ပြီ တကား ။ သစ္စာ ရှိ သော ခွေးများ သည် သူတို့ သခင်မ အား ဘေးရန် မှ ကာကွယ်အံ့သော ငှာ ပတ်လည်ဝိုင်း ၍ နေကြလေသည် ။ ဤတွင် တစ်ကောင် သော ခွေး သည် မယ်သုံ ၏ မျက်နှာ သို့ ကပ်ကာ နမ်းရာ မှ မယ်သုံ ၊ သေကြောင်း သိသွား ဟန်တူ သဖြင့် ခေတ္တ ရပ် လိုက်ရာ အားလုံးပင် ရပ်လိုက်ကြ လေသည် ။ ထို့နောက် တစ်ပြိုင်နက်တည်း အူ ကြလေသည် ။ ခွေးတို့ သည် ဤသို့လျှင် သူတို့ သခင် ၏ အသုဘ ကို ကျင်းပ ကြလေ သတည်း ။
မယ်သုံ ကား တိရစ္ဆာန်များ ကို အစာ ကျွေးရ သည့် ဘ ဝမှ တိရစ္ဆာန် တို့ ဖြင့် ခြံရံကာ တိရစ္ဆာန် ကဲ့သို့ သေလေပြီ ။
နောက် တစ်နေ့ နံနက် တွင် လူငယ် တစ်ယောက် သည် ရွာသူကြီး ထံသို့ လာရောက်ကာ ကွင်း ထဲ ၌ လူသေ အလောင်း တစ်ခု တွေ့ခဲ့ကြောင်း တိုင်တန်း လေသည် ။ သူကြီး လည်း လူသတ် ခံရ၍ သေသည့် အလောင်း ဟု ထင်မှတ် ကာ မောင်း ကို ထု၍ လူစုလူဝေး ဖြင့် ချီတက် လေ၏ ။ သစ်ပင် အောက် တွင် ခွေးများ ခြံရံ ကာ သေ နေသည့် မယ်သုံ ၏ အလောင်း ကို တွေ့ရတော့ မှ “ ဟ နွားသူခိုး မယားကြီး ပဲ ” ဟု မြည်တမ်းကြ လေသည် ။ သူကြီး လည်း ခွေးများ ကို မောင်းနှင် ၍ အလောင်း ကို ကြည့် ကာ ဒဏ်ရာ ကို ရှာ လေသည် ။ ဒဏ်ရာ ကို လည်း မတွေ့ သဖြင့် အစဉ်းစားရ ကျပ် သွားလေသည် ။ သို့သော် အမျိုးအမည် မထင်ရှားသော အမယ်အို အတွက် အထူး စဉ်းစား မနေတော့ဘဲ ဖျာလိပ် ဖြင့် ပတ်ကာ မြေမြှုပ် လိုက်ကြလေသည် ။
ကိုဖိုးထင် တို့ သားအဖ ပြန် လာသော အခါတွင် ကား နွားကျောင်းသားငယ် တစ်ဦး ၏ ပြော စကား ကြောင့် မယ်သုံ ၏ အကြောင်း ကို သိရလေသည် ။ သို့သော် သူတို့ သတင်း ကို ကြားကား မကြားရတော့ပေ ။
ကျွန်တော် ၏ အာရုံ တွင် ကား မယ်သုံ ၏ ရုပ်သွင် မှာ ပန်းချီကားချပ် တစ်ခု ပမာ ထာဝစဉ် မြင်ယောင် ၍ နေမိပါသည် ။ မယ်သုံ သေသွား ပြီး သုံးလေးနှစ် အကြာ တွင် အကြောင်းအားလျော် စွာ ရွာစွန် သို့ ရောက်သွား ရာ မယ်သုံ တို့ အိမ်ဘက် သို့ လှမ်းမျှော် ကြည့်မိလေသည် ။
ကြက်သံ ၊ ဘဲသံ ၊ ဝက်အော်သံ ၊ နွားအော်သံ တို့ ဖြင့် ဆူညံခဲ့သော မယ်သုံ ၏ အိမ်ကလေး ကား မိုးဒဏ် လေဒဏ် ကြောင့် ပျက်စီး ယိုယွင်းခဲ့ပြီ တကား ။
လူမှန်း သိတတ်စ က ပင် တိရစ္ဆာန်နှ င့် သူတစ်ပါး တို့ ကို ကျွေးမွေးခြင်း ဖြင့် အချိန်ကုန် ခဲ့ရ သည့် မယ်သုံ သည် အိမ်ထောင်သည် ဘဝ တွင် လည်း လင် နှင့် သား အပြင် နွား ၊ ဝက် ၊ ကြက် ၊ ဘဲ တို့ ကို အစာ ကျွေးရင်း ပင် အသက် အတိုင်း နေခဲ့ရာ မှ သူတို့ အတွက် စားစရာများ ကို သယ်ပိုး လာရင်း လမ်း တစ်ဝက် မှာ ပင် ခွေးတွေ အကြားဝယ် ခွေး ကဲ့သို့ သေခဲ့ချေပြီ ။
မယ်သုံ သေခဲ့သည် မှာ ကာလ အတော် ကြာခဲ့ပြီ ဖြစ်သော်လည်း သူ ၏ ဖြစ်စဉ် ကို မူ မှုန်မွှားမွှား မြင်ယောင် မိသေးသည် ။ ကြက်သံ ၊ ဘဲသံ ၊ ဝက်သံ တို့ မှာ လည်း အတော် ခပ်ဝေး ဝေး မှ တီး နေသည့် စောင်းသံ ပမာ သာယာစွာ ကြားယောင်မိ သေးသည် ။
မယ်သုံ ကား ပစ္စုပ္ပန် ဘဝ တွင် မထင်ရှား သော သူဆင်းရဲမ အဖြစ် ဖြင့် ဒုက္ခ အမျိုးမျိုး ကို ခံစား လာခဲ့ရာ မှ သေခြင်း ဟူသော ပေါင်းကူး တံတား ဖြင့် အေးဆေးစွာ ထွက်ခွာ သွားချေပြီ တကား ။
◾သန်းဆွေ
📖 တာရာ မဂ္ဂဇင်း
၁၉၄ဝ ပြည့်နှစ်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၂၂၄
ဇူလိုင်လ ၊ ၂ဝဝ၈ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment