❝ ဧည့်စာရင်း ❞
━━━━━━━━━━
ဗေလုဝ
━━━━━━━━━━
ငယ်သူမြစ်ကမ်းရွာ က တံငါ ရွာ ။ အလွန်ဆုံး ရှိ မှ အိမ်ခြေ ၂၂ အိမ် ။ ကာလပေါ် စကား အရ ဆယ်အိမ်မှူး လည်း မက ၊ ရာအိမ်မှူး လည်း ခေါ်လို့ မရတော့ လူကြီး ကိုသံချောင်း ကို ရွာ မှ ရွှတ်နောက်နောက် ဖိုးဆောင်း က တွမ်တီတူးမှူး ဟု ခေါ်ရာ မှ ကိုသံချောင်း ခမျာ တွမ်တီတူးမှူး ဘဝ သို့ ရောက် သွားသည် ။
ကြင်မြ ဒီ ည ကျ မှ ဘာ ရောဂါ ထ လဲ မသိဘူး ။ စုန်းပူး သလိုလို ၊ နတ်ပူး သလိုလို နှင့် ဆွဲမ နိုင် လွဲမရ ၊ ဘာပုဂ္ဂိုလ် မှ လဲ မေး မရ ။ ကြင်မြ ယောက်ျား “ အုန်းတင် ” လည်း လှေ တစ်စင်း နှင့် ပင့် လိုက်ရ တဲ့ ပယောဂ ဆရာ ။ ပိုက် ချ နေသူတွေ လည်း တစ်ယောက် မှ အ ငြိမ် မနေရ ။ ပြော ရရင် တစ်ရွာ လုံး ယောက်ယက်ခတ် ။
ကြင်မြ မျက်လုံးကြီး က လည်း မီးဝင်းဝင်း တောက် နေ လို့ ယောက်ျား ဖြစ်သူ အုန်းတင် လည်း နေစရာ ထိုင်စရာ မရှိ ။ ရွာ ထဲ မှာ ဖြစ်တဲ့ ကိစ္စပဲ ၊ ထုံးစံ အတိုင်းပေါ့ ။ အိုင်ဒီယာ တွေ လည်း ပေး လိုက်ကြ တာ ဝေဝေ ကို ဆာ လို့ ။ တစ်ယောက် တစ်ပေါက် နှင့် သိသမျှ ၊ တတ်သမျှ ၊ မှတ်မိ သမျှ ကြားဖူးနားဝ တွေ လည်း စုံလို့ ။
“ ဟေ့ ... ကိုချစ်သုန် ကို ပင့် လာပြီဟေ့ ”
ရွာသား တစ်ယောက် ၏ အသံကြောင့် အားလုံး ရှဲ သွား ကြသည် ။ ကိုချစ်သုန် က လည်း နာမည် တစ်လုံး နှင့် လူ ။ ပယောဂ ထုတ် ရင် နားအုံ ကို တီး လွန်း လို့ ကိုချစ်သုန် အမည် ကနေ ကိုနားအုံ ဆိုပြီး နာမည် ရထားသူ ။
“ ဟဲ့ ... နင့် ကြိုး နဲ့ နင် တုပ် ထားစမ်း .. ငါ့ ကို မာယာ မများ နဲ့ နော် ”
အမိန့်သံ နှင့် အတူ နားအုံ ကို တစ်ချက် လှမ်း ရိုက် လိုက်သည် ။
“ ဖြောင်း ”
ယောက်ျား အား နှင့် ကြင်မြ ဝုန်းခနဲ လဲ ကျသွားသည် ။ ယောက်ျား ဖြစ်သူ အုန်းတင် မျက်စိမျက်နှာပျက် နှင့် ...
“ ဆရာ ဆရာ ... အဲဒီ လောက်ကြီးတော့ ... ”
“ မင်း ကု မလား ... ငါ ကု နေရင် ဘေးက လူတွေ အသက်တောင် မရှူကြနဲ့ .. မင်း မိန်းမ ပူးနေတာက အနုနည်း နဲ့ မရဘူးကွ ”
ပယောဂဆရာ ဆရာနားအုံ က အသံနက်ကြီး နှင့် လှမ်း ဟောက် လိုက်သည် ။ အုန်းတင် မျက်လုံးလေး ပြူးကြောင်ကြောင် နှင့် ပါးစပ် ပိတ် သွားသည် ။
“ ဪ .. လက်စသတ်တော့ နင် က နှစ်ချို့ကြီး ကိုး ... ဟား ဟား ... ပေါက်ပင်ချိုရွာ က နှစ်ချို့ ကတော့ အစွယ်တောင် ထွက် နေပြီ ... ဒါတောင် ငါ ရအောင် ထုတ် ခဲ့သေးတာပဲ ... ဟား ဟား ”
ပရိသတ် အားလုံး နောက်သို့ မသိမသာ ရှဲ သွားကြသည် ။
“ နှစ်ချို့လား ဟင် ... ဆရာ ”
ငယ်သူရွာသူ မသန်း က မ ကြားတကြား လှမ်း မေးလိုက် သည် ။ ကိုနားအုံ မသန်း ဘက် သို့ မျက်ထောင့်နီကြီး ဖြင့် လှည့် ကြည့်ပြီး ...
“ သရဲ နှစ်ချို့ကြီး ... အစွယ် တောင် ထွက်နေပြီ ”
“ တောက် ... အနှစ် ၄၀ သရဲတောင် ရအောင် ထုတ် လာတဲ့ ငါ ဆရာနားအုံ ...အဲ ... ချစ်သုန် .. နင် လို သရဲနုနုလေး လောက် တော့ နာမည် အပျက် မခံဘူး ”
“ ဖြောင်း ဖြောင်း ”
နားအုံ ကို နှစ်ချက်ဆင့် တီး လိုက်သည် ။
“ ဟယ် ... ကြင်မြ တော့ နားအုံ ကွဲပါပြီ ”
“ လက်သံ ကတော့ အတော့် ကို ပြောင် တာပေါ့ ”
“ သရဲနှစ်ချို့ ဆိုရင် ချဲ နံပါတ် မေးလို့ ရတယ် ”
ရွာသားများ ၏ တစ်ယောက် တစ်ပေါက် အသံ များ ညံ သွားသည် ။
“ ဟေ့ .. အချိန် မရဘူး ... ခု ချက်ချင်း ထွက် ... ဟာ ...ဘာ စားချင်တယ် ... ညာ စားချင်တယ် လို့ ချင်ခြင်း လာ မတက် နဲ့ ... ဘာမှ မကျွေးဘူး ... ခု ထွက် ဆို ထွက် ဟာ ”
ဆရာနားအုံ ဒေါသသံ နှင့် အတူ နားအုံ ထက် ကျော်၍ လက်သီး ပါ ပါလာ၏ ။
“ ဖြောင်း ဖြောင်း .. ခွပ် ခွပ် ”
“ ဟာ ... ပယောဂ ကုတာမှ မဟုတ်တာ ... လူ သ,တ်နေတာပဲ ”
အုန်းတင် ၏ အသံကျယ်ကြီး ...
“ ခင်ဗျား .. ကျုပ် မိန်းမ ကို ဒီလို အငြိုး နဲ့ ထိုးရင် ကျုပ် က လည်း ခင်ဗျား ကို ဓား နဲ့ ခုတ် တယ် ဗျာ ”
ပွဲ က ကြမ်း သွားသည် ။ ပြေး ကြ လွှားကြ ၊ ပါးစပ် နှင့် လှမ်း တားကြ ။ အနားတော့ မကပ်ရဲကြ ။ အုန်းတင် နှင့် ဆရာနားအုံ က လုံးလားထွေးလား ။ ပယောဂရှင် ကြင်မြ ကတော့ ဘာကြောင့်မှန်း မသိ ။ တခွီးခွီး နှင့် တက် နေသည် ။
“ ဟိတ် ”
ဆိုသည့် အသံ က အောင်မြင် လှသည် ။ တွမ်တီတူးမှူး သံချောင်း အသံ ။
“ ဘာဖြစ်ကြတာလဲ ဟေ့ ”
ပြေးလွှားနေသော ရွာသား တစ်ယောက် က ...
“ ကြင် ... ကြင်မြ သရဲပူး နေလို့ ”
“ ဘာ သရဲလဲ ...သရဲ မကလို့ တစ္ဆေ ပဲ ဖြစ်ဖြစ် ... ဧည့်စာရင်း မပေးဘူးနော် ... ဧည့်စာရင်း မတိုင်လို့ ကတော့ အဲဒီ သရဲ ကို ဖမ်း ချုပ်ပစ်မယ် မှတ် ”
သံချောင်း အမိန့် ။
မီးတောက်မီးလျှံကြီး ကို ရေ နှင့် ငြိမ်း လိုက်ဘိ သကဲ့ သို့ ဆူပွက် နေသော လူသံများ ငြိမ်သက် သွားကြသည် ။
ကြင်မြ လည်း နဂို ပကတိ အကြည့် နှင့် ပြူးပြူးပျာပျာ ။
ဆရာနားအုံ နှင့် အုန်းတင် က ဘာဆို ဘာမှ မဖြစ်ခဲ့ကြသည့် အတိုင်း မောဟိုက် နေ သည့် ကြား မှ ဣန္ဒြေ ကို အပြင်းအထန် ဆည် နေကြ သည် ။ ငယ်သူရွာ ရာဇဝင် မှာ တော့ သံချောင်း စာတင် ထား နိုင်ခဲ့သည် ။
“ ကိုသံချောင်း အမိန့် က နှစ်ချို့ သရဲတောင် ဧည့်စာရင်း မပေးဘူး လို့ ဗြောင်ပဲတော့ .. အမိန့် ထုတ် ပစ်လိုက်တာ နှစ်ချို့ သရဲတောင် မခံနိုင်ဘူး ... ပြေး လိုက်တာ တန်း နေတာပဲ ”
“ နင် မြင်လို့ လား ”
“ ကြင်မြ ဘေး က ဖြတ် ပြေး တာ ငါ မြင် လိုက်တယ် ”
“ မင်း မိန့် ဆိုတာ ဟုတ်မယ် ”
“ ဟဲ့ ဟဲ့ .. ဒီည ဧည့်စာရင်း တိုင် ထားကြဦး နော် ”
◾ဗေလုဝ
📖 ဟဒယ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၀၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment