❝ ညာမိတာ ကွဲပြီ ❞
( တေလေရာ )
ဘတ်စ်ကားတစ်စီးပေါ်တွင် သားအမိနှစ်ယောက် စကားပြောနေကြသည် ။ မိခင်ဖြစ်သူက ရှင်းပြလိုက် ၊ ကလေးက မေးလိုက်ဖြင့် အသံများ ပွက်ပွက်ညံနေသည် ။ ကလေးမှာ အရာရာကို စူးစမ်းချင်သည့် စိတ်ဖြင့် သူ့လက်ကို ပါးစပ်ထဲ ထည့်စုပ်ရင်း စပ်စုနေသည် ။ မိခင်ဖြစ်သူက သူ့ကလေး လက်စုပ်သည်ကို ဘဝင်မကျ ။ ထို့ကြောင့် “ သား လက် မစုပ်ရဘူးလေ ဗိုက်ကြီး ပူတတ်တယ် ” ဟု ပြောလိုက်သည် ။ ထိုအခါ ကလေးက ပါးစပ်ထဲက သူ့လက်ကို ထုတ်ပြီး သူ့အမေကို ကောက်ကာငင်ကာ မေးသည် ။ ဘေးနားရှိ ခရီးသည်အားလုံး ကြားသွားပြီး တဝါးဝါး ထရယ်ကြတော့သည် ။
“ ဟင် .... ဒါဆိုလည်း မေမေလည်း လက်စုပ်လို့ပေါ့နော် ” ဟူ၏ ။ မိခင်ဖြစ်သူမှာ ကိုယ်ဝန်ကြီးနှင့် ဖြစ်၏ ။
▢ တေလေရာ
📖 ရယ်စရာ မဂ္ဂဇင်း
ဧပြီ ၊ ၂၀၁၅
No comments:
Post a Comment