❝ တာဝန် ကျေပွန်လိုက်ပုံများ ❞
▢ ထွန်းသိန်းဦး ( ခေတ္တ - စင်္ကာပူ )
ရေကူးကန် လုံခြုံရေးနှစ်ဦးက ကလေးအမေ တစ်ဦးကို ရှင်းပြနေသည် ။
“ အစ်မကြီးရဲ့သား ရေကန်ထဲ ပြုတ်ကျသွားပါတယ် ... မပူပါနဲ့ခင်ဗျ ... ကျွန်တော်တို့ ဆယ်ယူပြီးတဲ့အခါ အရေးပေါ်အသက်ကယ်ဆယ်နည်း ( နှာခေါင်းမှလေမှုတ် သွင်းသောနည်း ) နဲ့ အသက်ရှူအောင် လုပ်ပေးဖို့ ကြိုးစားပါတယ် ... ဒါပေမယ့် အစ်မကြီးရဲ့ ကလေးက အကိုင်မခံဘဲ ထွက်ပြေးနေပါတယ် ခင်ဗျား ”
••••• ••••• •••••
❝ တော်လိုက်တဲ့ တွက်ချက်သူ ❞
ဖရက်က ပီတာ့ကို မေးသည် ။
“ မင်း အိမ်ခန်းနံရံမှ နံရံကပ်ပိုစတာတွေ ခန်းလုံးပြည့်ကပ်တုန်းက ဘယ်နှလိပ်လောက် ကုန်သလဲကွ ... မင်းအခန်းနဲ့ ငါ့အခန်းက အကျယ် အတူတူပဲမို့ မေးတာပါ ”
“ ၁၂လိပ် ... ကုန်တယ်ကွ ”
××× ×××
နောက်တစ်နေ့တွင် ဖရက်က ပီတာကို စိတ်ဆိုးစွာဖြင့် ...
“ ဟေ့ကောင် .. ပီတာ ၊ မင်း ပြောတော့ ၁၂ လိပ် ဆိုကွ ၊ အခု ငါ့မှာ ၄ လိပ်တောင် ပိုနေတယ် ”
ပီတာက အေးအေးဆေးဆေး ပြန်ပြောလိုက်သည် ။
“ အေး ၊ ငါ့တုန်းကလည်း အဲလိုပဲ ပိုနေတယ် ”
Source : Reader's Digest; Classic Reads 18 ( Subscriber Edition, 2014 )
▢ ထွန်းသိန်းဦး ( ခေတ္တ - စင်္ကာပူ) ဘာသာပြန်ပြီး ပေးပို့သည် ။
📖 ရယ်စရာ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၂၀၁၅
No comments:
Post a Comment