❝ နောက်ချက် ❞
( ကိုလုံ )
ရယ်စရာမဂ္ဂဇင်း၏ လစ်လပ်အယ်ဒီတာ တစ်နေရာအတွက် အလုပ်လျှောက်လွှာ ခေါ်ခဲ့ရာ အလုပ်လျှောက်သူဦးရေ အများအပြား လာရောက် လျှောက်ထားကြသည် ။ ထိုအထဲမှ အချိန်အတော် နောက်ကျပြီးမှ ရောက်လာသော စာရူးပေရူး လူငယ်လေး တစ်ဦးနှင့် မဂ္ဂဇင်း ဦးစီးသူ ဦးမြဟိန်းခေါင်တို့ အင်တာဗျူးရာတွင် ...
ဦးမြဟိန်းခေါင် ။ ။ ကဲ .. ညီလေး အခြေခံလစာ ဘယ်လောက် မျှော်မှန်းထားပါသလဲ ။
လူငယ် ။ ။ တစ်လ သိန်း ၅၀ နဲ့ မဂ္ဂဇင်းရဲ့အမြတ်အပေါ်မူတည်ပြီး ရတဲ့ Bonus ရယ်ပေါ့ဗျာ ။
ဦးမြဟိန်းခေါင် ။ ။ အင်း .. ကောင်းပြီလေ ညီလေး ပြောသလို ပေးပါ့မယ် ။ ဒီမဂ္ဂဇင်းက ညီလေးကို တစ်နှစ်မှာ ၁ဝ ပတ် ရက်ရှည် ပိတ်ပေးမယ် ။ ဆေးဝါးကုသမှုအတွက် အကုန်တာဝန်ယူတယ် ။ အလုပ်သက်တမ်း၂ နှစ် ပြည့်ရင် ဇိမ်ခံကား တစ်စီးထုတ်ပေးမယ် ။
လူငယ် ( မျက်လုံးပြူးလျက် ) ။ ။ ခင်ဗျာ ... နောက်များ နောက်နေတာလား ။
ဦးမြဟိန်းခေါင် ။ ။ အင်းလေ ... မင်းကပဲ ... အရင် စနောက်တာလေ ။
ဦးမြဟိန်းခေါင်၏ စကား အဆုံးတွင် လူငယ်သည် ထိုင်နေရာမှ ထ၍ တစ်ချိုးတည်း လစ်ပြေးတော့သည် ။
▢ ကိုလုံ
📖 ရယ်စရာ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၅
No comments:
Post a Comment