Saturday, July 4, 2026

ကော်မရှင် ရရန်ရှိ


❝ ကော်မရှင် ရရန်ရှိ ❞ 
▣  ထွန်းသိန်းဦး( ခေတ္တ - စင်္ကာပူ )

မစ္စဘရောင်းသည် သူ၏သား နေမကောင်း ဖြစ်စဉ်က ကုသပေးသော ဆရာဝန်၏ ဆေးဖိုး တောင်းခံလွှာမှာ များလွန်းလှသဖြင့် ဆရာဝန်ထံ သွား၍ ဖြေရှင်းချက် တောင်းသည် ။

“ ဆေးဖိုးက များလွန်းတယ်ဗျာ ... အမှန်ဆို ဆရာ့ဆီကတောင် ကျွန်တော်က ကော်မရှင် ပြန်ရရဦးမှာပါ ”

ထိုအခါ ဆရာဝန်က ...

“ ဗျာ .. ဘယ်လို ... ၊ ကျုပ်က ခင်ဗျားသား တုပ်ကွေးမိတုန်းက ၁၁ ခါ တိတိ လာကုပေးခဲ့တာကို မမေ့နဲ့လေ ”

“ ဟုတ်ပါပြီ ... ။ သူ့ကြောင့် တစ်တန်းလုံး တုပ်ကွေးကူးသွားတယ် ဆိုတာလည်း ဆရာ မမေ့နဲ့လေ ... ၊ တစ်တန်းလုံးက ကလေးတွေကို ဆရာပဲ ကုပေးခဲ့ရတာ မဟုတ်လား ”

Source : Reader's Digest; Classic Reads 18
( Subscriber Edition, 2014 )

- ထွန်းသိန်းဦး ( ခေတ္တ - စင်္ကာပူ ) ဘာသာပြန် ပေးပို့သည် ။

📖 ရယ်စရာ မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂၀၁၅

No comments:

Post a Comment