Thursday, August 6, 2026

သူ့နည်း


❝ သူ့နည်း ❞ 
( ချစ်သဲမောင် )

ဆရာဝန်လေး ။ ။ ဆရာကြီးခင်ဗျာ ၊ လူနာတွေကို “ ညစာ ဘာဟင်းနဲ့ စားခဲ့သလဲ ” လို့ ဘာကြောင့် ဆရာကြီးက အမြဲ မေးရတာလဲ ။

ဆရာဝန်ကြီး ။ ။ ဒါ အရေးကြီးဆုံး မေးခွန်းကွ ၊ သူတို့ စားတဲ့ ဟင်းလျာတွေရဲ့ တန်ဖိုးကို ကြည့်ပြီး ငါက ဆေးကုခ တောင်းနေရတယ်လေ ။

••••• ••••• •••••

❝ စည်းကမ်း ❞ 

ဆံရှည် ။ ။ ကျုပ်အိမ်နီးချင်းတွေက စည်းကမ်း မရှိကြဘူးဗျာ ၊ ငှားထားတဲ့ ပစ္စည်းကို ပြန်မပေးချင်ကြဘူး ။

ကတုံး ။ ။ ကျွန်တော့် အိမ်နီးချင်းတွေကတော့ စည်းကမ်းရှိရှိ ပြန်ပေးပါတယ် ။ မိုးတွင်းက ငှားသွားတဲ့ ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး စောင် ပြန်ငှားသွားတယ်။ နွေ ရောက်တော့ စောင် ပြန်လာပို့ပြီး ယပ်တောင် ပြန်ငှားသွားကြတယ်ဗျာ ။

▢ ချစ်သဲမောင်
📖 ရယ်စရာ မဂ္ဂဇင်း
      ဇွန် ၊ ၂၀၁၅

No comments:

Post a Comment