Tuesday, August 4, 2026

လိုရမယ်ရ


❝ လိုရမယ်ရ ❞
▢  မောင်စည်သူ ( အဖျောက် )

စိန်နားကပ် ဝယ်ပြီး ပြန်လာသော မိန်းမဖြစ်သူကို ယောက်ျားဖြစ်သူက လှမ်းမေးလိုက်သည် ။

ယောက်ျား - မိန်းမရေ ... မင်း အရင်လကလည်း စိန်နားကပ်တစ်ရံ ဝယ်ခဲ့တယ် မဟုတ်လား ။

မိန်းမ - ဟုတ်တယ်လေ ယောက်ျားရဲ့ ။

ယောက်ျား - ဒါဖြင့် ... ဘာဖြစ်လို့ နောက်တစ်ရံ ထပ်ဝယ်တာလဲ ။

မိန်းမ – လိုရမယ်ရ ဖြစ်အောင်လို့ပါ ယောက်ျားရယ် ။

တစ်လခန့် ကြာသောအခါ ရုံးမှ ပြန်လာသော ယောက်ျားဖြစ်သူ အိမ်ထဲ ဝင်လာသည်နှင့် မိန်းမဖြစ်သူက ဒေါသထွက်နေသည့်အသံဖြင့် လှမ်းမေးလိုက်သည် ။

မိန်းမ - ရှင် ... ကျွန်မ ကွယ်ရာမှာ အငယ် ထားနေတယ်ဆို ။

ယောက်ျား - ဟုတ်တယ်လေ ။ ဘာဖြစ်လို့လဲ ။

မိန်းမ - ရှင့်မှာ မယားကြီးတစ်ယောက်လုံး ငုတ်တုတ်ရှိနေတာတောင် အငယ်ထားတာ ဘာသဘောလဲ ။

ယောက်ျား - လိုရမယ်ရ ဖြစ်အောင်လို့ပါကွာ ... ။

▢  မောင်စည်သူ ( အဖျောက် )
📖 ရယ်စရာ မဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၀၁၅

No comments:

Post a Comment