Monday, August 3, 2026

ရေငုပ်ချန်ပီယံ


❝ ရေငုပ်ချန်ပီယံ ❞
         ( ကိုလုံ )

ရေငုပ်သမားတစ်ဦးသည် ရေငုပ်နေရင်း ပင်လယ်ရေမျက်နှာပြင်အောက် ၁၅ ပေခန့် အရောက် သူနှင့် မလှမ်းမကမ်းတွင် ရေငုပ်ဝတ်စုံ မပါသော အခြားလူ တစ်ယောက်ကို တွေ့လိုက်ရသည် ။

ပေ ၃၀ ခန့် ရောက်လျှင်လည်း ထိုလူကို တွေ့ရပြန်သည် ။

ထို့နောက် ပေ ၄ဝ ကျော်အထိ ဆက်ငုပ်လိုက်သည် ။ သူနှင့်အတူ ထပ်ကြပ်မကွာ လိုက်ပါလာသော ထိုလူကို တွေ့ရပြန်သဖြင့် အံ့သြမှုကို မထိန်းချုပ်နိုင်တော့ ။ ထို့ကြောင့် ရေအောက်မှာ အသုံးပြုလို့ရသော Waterproof chalkboard ပေါ်တွင် စာရေပြီး ထိုလူကို မေးလိုက်သည် ။

“ ဟေ့လူ ... ခင်ဗျား ရေငုပ်ဝတ်စုံ မပါဘဲ ဒီလောက် ပင်လယ်ရေအနက်ထိ ငုပ်နိုင်တာ ... ချီးကျူးပါတယ်ဗျာ ”

ထိုလူက သူ့ chalkboard ကို ဆွဲယူပြီး စာပြန်ရေးပြလိုက်သည် ။

“ ငါက ရေနစ်နေတာဟ ... မအေပေးရ ”

▢  ကိုလုံ
📖 ရယ်စရာ မဂ္ဂဇင်း
      ၂၀၁၅  ၊ ဖေဖော်ဝါရီ

No comments:

Post a Comment