❝ အချို့အတွက်တော့ အင်္ဂလိပ်စာက ခက်ပါတယ်❞
( နေလင်းအောင် )
အမေရိကန်နိုင်ငံ ဂျပန်သံရုံးက ဖြစ်ရပ်မှန် တစ်ခုပါ ။
ဂျပန်ဝန်ကြီးချုပ် မိုရီဟာ ဝါရှင်တန် သွားပြီး သမ္မတ အိုဘားမားနဲ့ မတွေ့မီ အခြေခံ အင်္ဂလိပ်စကားပြော သင်ပါတယ် ။ သင်ကြားပေးသူက ဝန်ကြီးချုပ်ကို အိုဘားမားနဲ့ တွေ့ပြီး လက်ဆွဲနှုတ်ဆက်တဲ့အခါ “ how r u? ( နေကောင်းလား ) ” လို့ ပြောလိုက်ဖို့ သင်ပေးပါတယ် ။ အဲဒီအခါ အိုဘားမားက “ I am fine , and u? ( ကောင်းပါတယ်။ ခင်ဗျားရော နေကောင်းလား ) ” လို့ ပြောလာလိမ့်မယ်တဲ့ ။ ဒီတော့ “ me too. ( ကျွန်တော်လည်း ကောင်းပါတယ် ) ” လို့ ပြောလိုက်ဖို့ သင်ပေးလိုက်ပါတယ် ။ အဲဒီနောက်မှာတော့ စကားပြန်တွေကပဲ ဘာသာပြန်ပေးပါမယ် ... တဲ့ ။
ဖြစ်ချင်တော့ မိုရီဟာ အိုဘားမားနဲ့ တွေ့တဲ့အခါ “ how r u? ” အစား “ who r u? ( ခင်ဗျား ဘယ်သူလဲ ) ” လို့ မှားမေးမိပါတယ်။ အိုဘားမား အတော် လန့်သွားတယ်။ ဒါပေမယ့် မှားမေးတယ် ဆိုတာကို သဘောပေါက်ပြီး ဟာသသဘောနဲ့ ‘ well , I'm Michelle's husband , ha ha ’ ( ကောင်းပါပြီ။ ကျွန်တော်က မီချဲလ်ရဲ့ ခင်ပွန်းပါ ။ ဟားဟား ) ’ လို့ ပြောလိုက်တယ် ။
အဲဒီနောက် မိုရီ ကလည်း ပြန်ပြောလိုက်ပါတယ် ။
“ me too , ha ha . ( ကျွန်တော်ရောပဲ ... ဟား ... ဟား ) ” တဲ့ ။
▢ နေလင်းအောင်
📖 ရယ်စရာ မဂ္ဂဇင်း
ဇွန် ၊ ၂၀၁၅
No comments:
Post a Comment