❝ ရွှေလက်ညှိုး ❞
တစ်ခါက မြို့ တစ်မြို့ မှာ ရှေ့ဖြစ် ဟော အလွန် မှန်တယ် ဆိုတဲ့ ပုရောဟိတ်ကြီး တစ်ယောက် ရှိတယ် ။ စာမေးပွဲ ဖြေဆို ပြီး ပြန် လာတဲ့ ကျောင်းတော်သား သုံးယောက် ဟာ ပုရောဟိတ်ကြီး ဆီ ကို ဗေဒင် မေးဖို့ ဝင်ရောက်ခဲ့ကြလေရဲ့ ။
ပုရောဟိတ်ကြီး ဟာ သူ့ ရဲ့ အဆောင် ထဲ မှာ သားမြီး ယပ်တောင်ကြီး ခတ်ပြီး မြိန့်မြိန့်ကြီး ထိုင်နေတယ် ။ ပရောဟိတ်ကြီး ရဲ့ နံဘေး မှာ ဖိုးသူတော်ကြီး တစ်ယောက် လည်း ထိုင်နေတယ် ။ ကျောင်းတော်သား သုံးယောက် ထဲ မှာ ခေါင်းဆောင် ဖြစ်ပုံ ရတဲ့ လူငယ် က သူတို့ သိချင်တဲ့ လိုရင်း မေးခွန်း ကို ပဲ တန်းမေးတယ် ။
“ ပုရောဟိတ်ကြီး ... ကျွန်တော် တို့ ကို ယတြာတွေ ဘာတွေ လည်း မချေခိုင်းပါနဲ့ ။ ဗေဒင် အရ ဖြစ်နိုင်ချေ ရှိတာ ကို သာ တန်း ဟောပါ ။ တပည့်တပန်း တွေ သုံးပြီး ခြောက်စား မြောက်စား လည်း မလုပ်ပါနဲ့ ၊ ပုရောဟိတ်ကြီး ကိုယ်တိုင် ဖြေပါ ”
“ မင်းတို့ က ဘာကို သိချင်တာတုန်း ”
“ ကျွန်တော်တို့ သုံးယောက် ခု စာမေးပွဲ ဖြေပြီး ပြန် လာ ပါတယ် ။ ဘယ်သူ အောင်ပြီး ဘယ်သူ ကျမယ် ဆိုတာကို သိချင်ပါတယ် ။ ပြောပြပေးပါ ”
ပုရောဟိတ်ကြီး က သားမြီးယပ် ကို ကိုင်ပြီး မျက်လုံး တွေ ကို ခပ်တည်တည် မှိတ်လိုက်တယ် ။ ခဏ ကြာပြီး မှ မျက်လုံး ပြန် ဖွင့်ပြီး လက်ညှိုး တစ်ချောင်း ထောင်ပြတယ် ။ ကျောင်းတော်သားလေး တွေ က
“ အဲဒါ ဘာ အဓိပ္ပာယ်လဲ ပုရောဟိတ်ကြီး ”
“ အထက် က အမိန့် ရှိတယ် ၊ အဓိပ္ပာယ် ကို မပြော ပြရဘူး တဲ့ ၊ ကိုယ့် အတိတ်နိမိတ် နဲ့ ကိုယ် ကောက်ယူတဲ့ ”
“ ဟာဗျာ ”
ကျောင်းတော်သားလေး တွေ က မကျေမနပ် နဲ့ ပြန် လှည့် ထွက် သွားကြပါတယ် ။ သူတို့ တွေ တင် မဟုတ်ဘူး ။ ဘေး မှာ ထိုင် ကြည့်နေတဲ့ ဖိုးသူတော်ကြီး က လည်း ပုရောဟိတ်ကြီး ကို မကျေနပ်ဘူး ။ ဒါ ပုရောဟိတ်ကြီး သက်သက် ညာ စား နေတာ လို့ သူမြင်တယ် ။ ( ကြို ပြောထားမယ် ၊ ဟုတ်လည်း ဟုတ်တယ် )
ဖိုးသူတော်ကြီး က စကား တစ်ခွန်း ကို မကျေမချမ်း ဆိုလာတယ် ။
“ သူတို့ ထဲ က တစ်ယောက် က စာမေးပွဲ ကျသွား ရင် ခင်ဗျား ဘယ်လို လုပ်မတုန်း ”
“ အဲဒီ တစ်ယောက် ကို ကျုပ် ပြောတာပေါ့ဗျ ၊ လက်ညှိုး တစ်ချောင်း တည်း ထောင် ပြတာ မမြင်ဘူးလား ”
“ တစ်ယောက် တည်း က အောင် သွားရင်ကော ”
“ အဲဒါ ဆိုရင် လည်း အဲဒီ တစ်ယောက်တည်း ကို ပဲ ပြောတာပဲ ”
“ သုံးယောက် လုံး စာမေးပွဲ ကျရင်ကော ”
“ တစ်ယောက် တောင် မအောင်ဘူး လို့ ပြောတာ ”
“ သုံးယောက် လုံး စာမေးပွဲ အောင်ရင်ကော ”
“ တစ်ယောက် မှ မကျဘူးလို့ ပြောတာ ”
“ အကြောင်း ကြောင်း ကြောင့် စာမေးပွဲ အောင် စာရင်း တွေ မထုတ်ပြန် ဖြစ်ရင်ကော ”
“ တစ်ခု ခု အနှောင့်အယှက် ရှိနေတယ်လို့ ပြောတာ ”
ဖိုးသူတော်ကြီး က မကျေနပ်ပါဘူး ။ မဟုတ်မှန်း သိသိကြီး နဲ့ ခံ နေရလို့ပါ ။
“ နေဦးဗျာ ... ခင်ဗျား ကို ကျွန်တော် တစ်ခု မေးမယ် ”
“ ဘာ မေးမှာလဲ ”
“ ဗေဒင်ပဲ မေးမှာပေါ့ဗျ ”
ပုရောဟိတ်ကြီး က သားမြီးယပ်ကြီး ကို ခါရမ်း ပြီး မျက်လုံး အစုံ မှိတ် သွားပြန်ပါတယ် ။ ခဏကြာ မှ မျက်လုံး ပြန် ပွင့် လာပြီး ညာဘက် လက်ညှိုး တစ်ချောင်း ထောင်ပြ ပြန်တယ် ။ ဖိုးသူတော်ကြီး က ...
“ အဲဒါ ဘာ အဓိပ္ပာယ်လဲ ”
“ တော် ... တန် ... တိတ်လို့ ပြောတာ ”
ဖိုးသူတော်ကြီး အရမ်း ဒေါပွ သွား ပါတယ် ။ ဂျစ်ကပ်ကပ် နိုင်တဲ့ စကား တစ်ခွန်း ကို လည်း တင်းတင်းမာမာ ဆို လာပါတယ် ။ ညာဘက် လက်ညှိုး ပြန် ထောင် ပြပြီး
ဆိုတာပါ ။
“ ကဲ ... ခု ခင်ဗျား ကို ကျုပ် လက်ညှိုး တစ်ချောင်း ထောင် ပြတယ် ”
“ အဲဒါ ဘာဖြစ်လဲ ”
“ ပြော ... အဲဒါ ဘာ အဓိပ္ပာယ်လဲ ”
“ ကလေး တောင် သိတယ်ဗျာ ... သွား သွား ရှူးရှူး ပေါက် ချင်ရင် နောက်ဖေး မှာ အိမ်သာ ရှိတယ် ”
◾တာရာမင်းဝေ
📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment