Tuesday, July 23, 2024

မီးတောက် ကို ချုပ်ကိုင်တဲ့သူ


 

❝ မီးတောက် ကို ချုပ်ကိုင်တဲ့သူ ❞

“ ဦးမင်း ပြောခဲ့တဲ့ စကား ကို ဦးမင်း မှတ်မိပါ တယ်နော် ၊ မီး ကို စက္ကူ နဲ့ ထုပ်နိုင်တဲ့ တစ်နေ့ မှာ ငါ့ သမီး ကို မင်း လာ တောင်း ၊ ငါ စဉ်းစားမယ် ဆိုတာ ”

“ အေး .. ဟုတ်တယ် ၊ ပြောခဲ့ဖူးတယ် ”

“ ဦး ရဲ့ အတွေးအခေါ် ကို ကျွန်တော် လေးစားပါ တယ် ။ “ မီး ” ကို စတင် တွေ့ ရှိတာ ဟာ လူယဉ်ကျေးမှု အတွက် အင်မတန် အရေးကြီးတဲ့ အချက်ပေကိုး ”

“ အင်း ”

“ စက္ကူ ကို တီထွင်နို င်ခဲ့တာ လည်း လူ့ယဉ်ကျေးမှု ကို အပြောင်းအလဲ ဖြစ်စေခဲ့တာပဲ ။ စက္ကူ ကို တီထွင်သူ ဟာ
တရုတ်လူမျိုးတို့ ရဲ့ “ ဟိုတီ ” နန်းတော် ထဲ က ပညာရှိ ‘ နိုင်းလွန် ’ လို့ ပြောနေကြတယ် ။ အေဒီ ၁၀၅ နှစ် မှာ တို့ ဘာတို့ ပေါ့ ၊ မဟုတ်သေးပါဘူး ဦးမင်း ရယ် ၊ တကယ့် တကယ် ကျ တော့ စက္ကူ ကို နကျယ်ကောင် တွေ က စ ပြုလုပ်တာပါ ”

“ ဘာ ”

“ အမှန်ပဲ ဦးမင်း ရဲ့ ၊ သူတို့ ဟာ နကျယ်အိမ် ဆောက်ဖို့ အတွက် သစ်သားစကလေးတွေ ကို ဝါး ပြီး စက္ကူ ဖြစ် အောင် လုပ်ခဲ့ကြတယ် ။ အဲဒါကို မှ လူ က လိုက် တု တာပါ ။ အီဂျစ်တွေ က ဆိုရင် Papyerus ဆို တဲ့ ကျူပင် တစ်မျိုး က နေ စာ ရေး ရမယ့် ပိတ်စပုံစံ ‘ ဖြတ်ပိုင်း ’ တွေ ကို ထုတ်လုပ်ခဲ့ကြတယ် ၊ အာရပ်တွေ ဆီ ကို ”

“ အင်း ... ထားပါတော့ ၊ လိုရင်းကိုပြောကွာ ”

“ ဪ ... အဟင်း ... ဒီလိုပါပဲ ၊ ဟိုလေ ... ကျွန်တော် ပြောချင်တာ က ဘာပဲပြောပြော မီး ကို စက္ကူ နဲ့ - ထုပ်ပိုး ဖို့ ဆိုတာ မလွယ်ပါဘူး ၊ ကျွန်တော် အတော် ကို ကြံဆတွေးတော ရပါတယ် ၊ အဲဒီလို တီထွင် နိုင်ဖို့ ဦးမင်း ရဲ့ စမ်းသပ်ချက် ကို တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ဆိုတာ က လည်း ကျွန်တော့် အနေနဲ့ တွေးခေါ်မှုစနစ်မျိုးစုံ ကို လေ့လာခဲ့ ရပါတယ် ။ ဒီဘိုးနိုး တို့ ၊ ပီတာ ဒရက်ဘာ တို့ တင်မက ... ”

“ တော်ပါတော့ကွာ ... မင်း ဘယ်လို လုပ်လာသလဲ ဆိုတာ ကို ပြော ”

“ ကျွန်တော် ပြောရင် ဦးမင်း အံ့ဩ သွားမှာပါ ။ အမေရိကတိုက် ကို တွေ့ ခဲ့တဲ့ ကိုလံဘတ်စ် ဘဲဥ ကို ထောင်ပြ သလိုပေါ့ ”

“ မင်း တော်တော် လေရှည်တဲ့ ကောင်ပဲ ကွာ ... ငါ့ မှာ အချိန်မရဘူး ”

“ ဒါဆိုရင် လည်း ဒီမှာ ကြည့်ပါတော့ ဦးမင်း ရယ် ၊ ကျွန်တော် မီး ကို စက္ကူ နဲ့ ထုပ်ထားလိုက်ပါပြီ ၊ ဒီ မီးပုံးလေး ဟာ မီး ကို ထုပ်ပိုးထားတဲ့ စက္ကူမီး ပုံးပါ ”

“ ဪ... မင်း မဆိုးဘူးပဲ ”

“ ဟုတ်ကဲ့ ... အဟဲဟဲ ... ဟုတ်ကဲ့ ၊ ကျွန်တော် အောင်မှတ် ရပြီပေါ့ နော် ”

“ အေး ... မင်းက အောင်မှတ် ရပါတယ် ၊ ဒါပေမဲ့ ဂုဏ်ထူးမှတ် ရသွားသူ က ရှိတယ်ကွ ”

“ ဗျာ ”

“ အေး... ဟုတ်တယ် ၊ နောက်မှ ငါ စဉ်းစားမိ
တယ် ၊ မီး ကို စက္ကူ နဲ့ ထုပ်တာ က မှ လွယ်ဦးမယ် ၊ ကျွတ်ကျွတ်အိတ် နဲ့ ထုပ်နိုင်ဖို့ က မလွယ်ဘူး ၊ အဲဒါကြောင့် စက္ကူ မီးပုံး လုပ်တဲ့ မင်း နဲ့ ပေးစားမယ့် အစား ကျွတ်ကျွတ်အိတ် မီးပုံးပျံ လုပ် တဲ့ ဒဂုံမြောက် က မောင်မောင်မြင့်ဦးဦးမြင့် နဲ့ ပဲ ငါ့ သမီး ကို ပေးစားတော့မယ် ”

“ ဗျာ ... ”

◾တာရာမင်းဝေ

📖 ဘယ်ဘက် လက် ထဲ မှာ ဝှက်ထားတဲ့ ပုံပြင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment