❝ ပေးနိုင်သလား ကျွေးနိုင်သလား ❞
“ ဟေ့ ယောက်ဖ ၊ မင်း ကလေး ဘယ်နှယောက် ”
“ ကိုးယောက် အစ်ကိုကြီး ”
“ အေး ကောင်းတယ် ၊ ဒါမှ ဆွေကြီး မျိုးကြီး ဖြစ်မှာ ”
“ အမှန်ပါပဲ ”
ကျွန်တော်တို့ တောရွာ များ ၌ ဆွေမျိုးအင်အား တောင့်တင်းခြင်းသည် အလွန် ဂုဏ် ရှိပါ၏ ။
အိမ် ဆောက်မလား ၊ သက်ကယ် မိုးမလား ၊ စပါး ရိတ်မလား ၊ ရှင် ပြုမလား ၊ မင်္ဂလာ ဆောင်မလား ။
ဆွေမျိုးအင်အား တောင့်တင်းပါ က အလွန် စိတ်ချမ်းသာရပါ၏ ။ ဝိုင်းကူ ၊ ဝိုင်းလုပ် ၊ ဝိုင်းစား လွန်စွာ မှ ပျော်စရာ ကောင်းလှပါပေ၏ ။
မောင်ချမ်းသာ ဆိုသူ ကား ပိုက်ဆံ မချမ်းသာပါ သော်လည်း ဆွေမျိုး အလွန် ချမ်းသာပါ၏ ။ မောင်ချမ်းသာ ၏ ဇာတိ ရပ်ရွာ မှာ တစ်ရွာလုံး အမျိုးချည်း နှယ်နှယ် ဖြစ်လေ၏ ။
မောင်ချမ်းသာ ၏ ဇနီး ဒေါ်ခင်မိငယ်ကြီး ကား သူ့ ရွာ မှာ သာ မဟုတ် အခြား ရွာ နှစ်ရွာ မှာ လည်း အမျိုးတွေ ချည်း ဗျာ ၊ သုံးရွာ ပေါင်း အမျိုးများ ၊ ကဲ ဘယ်လောက် အားထားရပါသလဲ ။
ကျွန်တော် တို့ သား တွေ သမီး တွေ မင်္ဂလာ ဆောင်ကြသော အခါ ဆွေမျိုးများ က ဝိုင်းဝန်း ပံ့ပိုး လက်ဖွဲ့ကြ သဖြင့် မင်္ဂလာ အရင်း ကျေရုံမက အမြတ် ပင် ထွက်လေ၏ ။
ဆွေကြီး မျိုးကြီး ဂုဏ် ပေတည်း ။
သို့သော်
“ ဟေ့ ငါ့ တူ မင်း ကလေး ဘယ်နှယောက်လဲ ”
“ တစ်ယောက် တည်း ဦးလေး ”
“ ဟဲ့ ငါ့တူမ နင့် ကလေး ဘယ်နှယောက်လဲ ”
“ နှစ်ယောက် တည်း ဦးလေး ”
“ ဟယ် မွေးကြဦး ဟ ၊ နင်တို့ တော့ ဆွေသေး မျိုးသေး တွေ ဖြစ်ကုန်တော့မှာပဲ ”
အင်း ဆွေသေး မျိုးသေး ဆိုတာ က ရပ်ရွာ မှာ တယ် မျက်နှာ ငယ်ပေ သကိုး ။
ဘာ အကြောင်း ရှိရှိ ဝိုင်းဝန်း ကူမမည့် သူ အလွန် နည်းပါးဘိခြင်း ။
လုပ်ကြပါဦး ဟကောင် တို့ ရ ၊ ဟို လူ့ ပြေး ခေါ် သည် လူ့ ပြေး ခေါ် ။
“ တော်ပြီ ဦးလေး ၊ မွေးတာ က ဟုတ်ပါပြီ ၊ နောင်ရေး က ရှိသေး ”
ကဲ သည်လို သာ ဆိုရင် ဖြင့် သည်လို သာ ကန့်သတ် နေကြရင်ဖြင့် ။
သို့သော် သူတို့ ဘက် က ကြည့်ပြန် တော့ လည်း မွေးထား လိုက်ပါပြီ တဲ့ ၊ အများကြီး အလုပ် ပေးနိုင်ပါ့ မလား ၊ အစား ကျွေးနိုင်ပါ့ မလား ။
ကုန်ဈေးနှုန်း က သာ တက် နေတာ ။ အလုပ်အကိုင် က တက်မလာဘူး ။
မွေးထား တဲ့ ကလေး တွေ ဘယ်သူ က တာဝန် ယူမလဲ ၊ အလုပ်ရရေး ၊ ထမင်းဝရေး ။
မွေး တဲ့ မိဘ က တာဝန် ယူ ၊ အလုပ်အကိုင် မဖြစ် ဖြစ်အောင် ဖန်တီးပေး ။ အားထား လောက် တဲ့ လုပ်ငန်း ကိုင်ငန်းကြီး တွေ ၊ ဥပမာ ဆီစက်ကြီး တွေ ၊ ဆန်စက်ကြီး တွေ ၊ စက်မှု အလုပ်ရုံကြီး တွေ ၊ လက်မှု အလုပ်ရုံကြီး တွေ မိဘ မှာ ရှိရင်ဖြင့် နိုး ပရော်ဘလင် ပြဿနာ မရှိပါ ။
မိဘ အလုပ် က တစ်နိုင်ကလေး ပဲ ဆိုရင် တော့ ကလေး တွေ ဘယ် အလုပ် ထဲ ထိုး ထည့် ပေးရပါ့ ။
အလုပ်အကိုင် တွေ အရမ်း ပေါ နေတဲ့ ပြည်ပ နိုင်ငံ တွေ ကို လွှတ် ရ မလား ။
အဲသလို လွှတ် ပြန်တော့ ကော အဆင်ပြေပါ့မလား ။
ငွေကုန် လူပန်း ဖြစ်လာ မှာ လည်း စိုးရသေး ။
ပြည်တွင်း မှာ ဖြစ်အောင် လုပ်ကြ ။
ဟာ ပြော တော့ လွယ် လိုက်တာ ။ စက်ရုံ ၊ အလုပ်ရုံ ထူထောင်ဖို့ ငွေက ဘယ်မှာလဲ ၊ အတတ်ပညာ က ဘယ်မှာလဲ ၊ နည်းပညာ က ဘယ်မှာလဲ ။
အဲဒါမှ ပြဿနာ ဗျာ ။
ကလေး များများ မွေးချင်ပါ၏ ။ မမွေးရဲဘူးဗျာ ။
ချမ်းသာ ရင် တော့ စက်ရုံ ၊ အလုပ်ရုံကြီး တွေ ထူထောင်ပြီး အလုပ်အကိုင် တွေ ပေးထားချင်ပါ၏ ။
“ ကဲ ဘယ်လိုလဲ ”
“ ပေးနိုင်သလား ”
“ ကျွေးနိုင်သလား ”
“ မွေးတာ က မွေးနိုင်ပါ သဗျာ့ ”
◾ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၅ ဇန်နဝါရီ ၂၀၀၇
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment