❝ မေတ္တာတော် တုံးပါလို့ ❞
( ၁ )
ရန်ကုန်တက္ကသိုလ် မြန်မာစာပေအသင်း ၏ အမှုဆောင် ၊ ပါဠိအသင်း ၏ ငွေထိန်း ၊ ရာဇဝင်အသင်း ၏ ဒု - အတွင်းရေးမှူး ၊ သထုံကျောင်းဆောင် သဟာယ နှင့် စာဖတ်အသင်း ၏ ပိဋိကတိုက်စိုး ဖြစ်ခဲ့ဖူးသော ကိုအီစမံအင် ကို ကျွန်တော် က စာဖတ်သူများ နှင့် မိတ်ဆက် ပေးပါရစေ ။ ကိုအီစမံအင် ကို လူချင်း သာ တွေ့မည် ဆိုလျှင် မည်သူ က မျှ သူ့ အား အိန္ဒိယသား အစစ် ဟူ၍ ထင်ကြမည် မဟုတ် ။ သူ သည် မြန်မာစကား ကို အမြဲတစေ ပြော၏ ။ မြန်မာသီချင်း ကို ဆို၏ ။ မြန်မာ အဝတ် ကို ဝတ်၏ ။ မြန်မာ ကျောင်းသားများ နှင့် သာ တွဲ၏ ။ မြန်မာမ ကို သာ ဂေါ်၏ ။ ထို့ကြောင့် သူ့ အား သထုံကျောင်းသား အားလုံး က မြန်မာသွေး ပါသည့် မြန်မာမူဆလင် တစ်ယောက် ဟူ၍ ထင်မှတ် ခဲ့ကြသည် ။
သူ နှင့် တစ်ခန်းတည်း နေသော ကျောင်းသား ပင် သူ ကု,လား အစစ် ဖြစ်ကြောင်း ကို မသိခဲ့ ချေ ။
ကိုအီစမံအင် ကို အိန္ဒိယပြည် အလ္လဟဘတ်မြို့ တွင် ၁၉၂၆ - ခုနှစ် က အဖေ ကု,လားစစ် အမေကု,လားစစ် မှ ဖွားမြင်ခဲ့၏ ။ သို့သော် သူ လေးနှစ်သား အရွယ် တွင် သူ့ အဖေ သည် မြန်မာပြည် အထက်ပိုင်း မြို့ တစ်မြို့ တွင် အစိုးရ ရာထူး တစ်ခု ဖြင့် ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည် က စ၍ ကိုအီစမံအင် သည် ငါးပိနံ့ သင်း သော မြန်မာ လေ ကို ရှူရှိုက် ကာ ကြီးပြင်း ခဲ့ရလေသည် ။
“ ခပတ် ” စော် ညှော်သော မဂိုလမ်း အရေးပေါ် ကောလိပ် မှ နေ၍ ၁၉၄၆ - ခုနှစ် တွင် ရန်ကုန်တက္ကလိုလ် ကို စစ်ပြီးခေတ် သည်ဘက် မှ ပြန်၍ ဖွင့်လှစ် လိုက်သော အခါ ၌ အသက် -၂ဝ အရွယ် မြန်မာရည် လည် နေပြီ ဖြစ်သော ကိုအီစမံအင် သည် ' ဖရက်ရှာ ' ကလေး အဖြစ် ဖြင့် ရန်ကုန်တက္ကသိုလ် သို့ ရောက် လာခဲ့၏ ။
သူ သည် ငါးပိနံ့ ကို ရှူရှိုက်၍ ကြီးပြင်း လာခဲ့ရသော အိန္ဒိယသား ဖြစ်သော ကြောင့် မြန်မာစာ ကို အတော် နှစ်ခြိုက်ကြောင်း တွေ့ရ၏ ။ သာမန် မြန်မာကျောင်းသား တစ်ဦး နှင့် စာ လျှင် သူ သာ မြန်မာစာ ၌ ပို၍ တတ်ကျွမ်းကြောင်း သိရမည် ဖြစ်၏ ။ သူ သည် အထက် မြန်မာပြည် အင်္ဂလိပ်မြန်မာ အထက်တန်းကျောင်း တစ်ကျောင်း ၌ စာသင် နေစဉ် က ပင် မြန်မာ စကားရည် လုပွဲများ ၌ ထင်ရှား ခဲ့၏ ။ နတ်သျှင်နောင် , နဝဒေး , ရှင်သံခို , မင်းဇေယျ ရန္တမိတ် စသော စာဆိုတော်ကြီးများ ၏ ဘုရားတိုင် , မယ်ဘွဲ့ရတု , စစ်ချီရတုများ ကို အလွန် နှစ်သက် သဖြင့် အပုဒ် တော်တော်များများ ကို အာဂုံ ဆောင်နိုင်ခဲ့၏ ။
ထို့ကြောင့် ရန်ကုန်တက္ကသိုလ် သို့ ရောက်လာသော အခါ ကိုအီစမံအင် က စိတ်ကြိုက် မြန်မာစာ , ပါဠိ နှင့် ရာဇဝင် ကို တွဲ၍ ယူ လေသည် ။ အထူးသဖြင့် မြန်မာစာပေ ကို အပတ်တကုတ် ကြိုးပမ်း လုံ့လ ထုတ်ရာ ၌ နောင် တစ်ခေတ် မြန်မာစာ ပါမောက္ခ ရာထူး ကို ပင် ချိန်ထားလေရော့သလား ဟု အောက်မေ့ရ ပါတော့သည် ။
ဤကဲ့သို့ လျှင် မြန်မာစာ ပါမောက္ခလောင်းကြီး ဖြစ်သော ကိုအီစမံအင် ကို ကိုခင်မောင်လေး ( ယခု ဗထူးမြို့ စစ်တက္ကသိုလ် ၏ မိတ်ဖွဲ့ ပေးမှုကြောင့် ကျွန်တော် က သိကျွမ်း ခဲ့ရသည် ။ ကိုအီစမံအင် ၏ ရာဇဝင်အထုပ္ပတ္တိ မှာ မော်ကွန်း တင် ထား လောက်အောင် စိတ်ဝင်စားဖွယ် အသွယ်သွယ် နှင့် ပြည့်စုံ သဖြင့် စာဖတ်ပရိသတ် အား ယခု တစ်ဖန် ပြန်၍ ဖောက်သည် ချနေရခြင်း ဖြစ်ပါသည် ။
ကိုအီစမံအင် မှာ အိန္ဒိယတိုင်းရင်းသား ပင် ဖြစ်သည် ဟု သူ ၏ ဇာတ် ကို စွဲ၍ ပြောရမယ့် စကား မူ မြန်မာ ပီသလှသူ ဖြစ်၏ ။ မြန်မာ ပီသသည် ဟု ဆိုသည် မှာ ဆန့်ကျင်ဘက် လိင်များ အပေါ် တွင် အချစ်စိတ် ပြင်းထန် တတ်ခြင်းပင် ဖြစ်၏ ။ ထို့ကြောင့် ကိုအီစမံအင် ၏ နှလုံးသည်းပွတ် အထဲ ၌ အချစ်တုံး, အချစ်ခဲကြီးများ သည် ဆန့်ကျင်ဘက် လိင် နှင့် တွေ့လျှင် ချက်ချင်း လက်ငင်း ထုတ်၍ ပေးနိုင်ရန် အတွက် အမြဲပင် အသင့် ရှိနေပါသည် ။
သူ သည် ကျွန်တော် တို့ မြန်မာ ' ဂေါ်ငနဲ ' များ နည်းတူ လှပခြင်း နှင့် အရုပ် ဆိုးခြင်း ကို ခွဲခြားတတ်သူ ဖြစ်၏ ။ အရုပ်ဆိုးခြင်း ကို ရှောင်၍ လှပခြင်း ကို ရှာလေ့ ရှိသူ ပင် ဖြစ်၏ ။ သူ ရှာ၍ တွေ့မြင် နေသမျှ သော လှပခြင်း ကို သူ ၏ မျက်လုံး , သူ ၏ ဦးနှောက် , သူ ၏အသိဉာဏ် တို့ မှ တစ်ဆင့် သူ ၏ စာပေရိပ်မြုံ ထဲ သို့ ကဗျာ ဆန်လှသော စာတို , ပေစကလေးများ အဖြစ် ဖွဲ့တတ် , နွဲ့တတ် သီကျူးတတ် သူ ဖြစ်ပါသည် ။
ကိုအီစမံအင် နှင့် ကျွန်တော် ကား ကျောင်းတက်ချိန် များ တွင် တတ်နိုင် သမျှ အတူ သွား အတူလာ ကာ ခင်မင် ရင်းနှီးသော သူငယ်ချင်း များ ဖြစ်လာကြ ပါသည် ။ သို့ဖြစ်၍ လည်း ကျွန်တော့် မှာ သူ ၏ တိုးတိုးဖော် တိုင်ပင်ဘက် ဖြစ်လာရ တော့သည် ။ သူ့ အပေါ် တွင် ကျွန်တော် ဂရုစိုက် မိသော အချက် တစ်ခု ကား သူ သည် သူ နှင့် မြန်မာစာ သင်တန်း ၌ အတူတူ တစ်ခန်းတည်း ကျလေ့ ရှိသော ကျောင်းသူကလေး တစ်ဦး ကို တမ်းတမ်းစွဲ ဖြစ်နေခြင်း ပင် ဖြစ်၏ ။
သူ တမ်းတမ်းစွဲ ဖြစ်နေ သူ ကား ကျွန်တော် နှင့် ဂျပန်လက်ထက် က သိရှိခဲ့သော ဟင်္သာတမြို့ မှ ဘုရားဒကာ မြေပိုင်ရှင် ဦးမင်းဟန် ၏ သမီး အမာ ပင် ဖြစ်၏ ။ အမာ မှာ စစ် မဖြစ်မီ က အင်္ဂလိပ် - မြန်မာ ရှစ်တန်း တွင် ပညာ သင်ကြား နေ သော်လည်း စာ ကို ဂရုတစိုက် ကြိုးစားခဲ့ သူ ဖြစ်၍ စစ်ပြီးစ ကျင်းပသည့် ဟိုက်စကူး ဖိုင်နယ် စာမေးပွဲ ကို အောင် ကာ ကျွန်တော်တို့ နှင့် အတူ ကောလိပ် သို့ ရောက် လာ ခဲ့ပေသည် ။
အတန်း ထဲ တွင် ကျွန်တော် တို့ ခုံ ရှေ့ မှ ထိုင် နေသော အမာ ကို သူ က ဆရာ မမြင်အောင် လက်ညှိုး ထိုး ပြ သဖြင့် ကျွန်တော် က ကျွန်တော် သိ နေသော အမာ ဖြစ်နေသည့် အတိုင်း နာမည် , နေရပ် နှင့် အင်းလျားကျောင်းဆောင် မှ အခန်း နံပါတ် ကို ပါ ပြောပြ လိုက်သောကြောင့် ကိုအီစမံအင် က ကျွန်တော့် အား ကျေးဇူး စကား မြွက်ဆို ဖူး ပါသည် ။
ကိုအီစမံအင် က အမာ ကို တမ်းတမ်းစွဲ ဖြစ်မည် ဆို ကလည်း ဖြစ်လောက် ပါ ပေ၏ ။ အမာ မှာ နတ်သျှင်နော င်နှင့် နဝေးကြီး တို့ ၏ မယ်ဘွဲ့ကဗျာ အတိုင်း လှပ ချောမွေ့သူကလေး ဖြစ်ရုံ မက ကဗျာ ဝါသနာအိုးမကလေး လည်း ဖြစ်ပါသည် ။
ကျွန်တော် က သူ တမ်းတမ်းစွဲ နေသည့် အမာ့ အကြောင်းစုံ ကို ပြောပြပြီး နောက် သုံးရက် အတွင်း တွင် ပင် ကိုအီစမံအင် ၏ မနားမနေ ပူဆာချက် ကို နားညည်း လှ သဖြင့် သူ့ ကို အမာ နှင့် မိတ်ဖွဲ့ ပေး လိုက် ရ၏ ။
ထိုသို့ မိတ်ဖွဲ့ ပေးလိုက်ပြီး နောက် ၇ - ရက် အတွင်း တွင် သူ ၏ အဆိုအရ သူ နှင့် အမာ တို့ သည် အတော်ပင် ခင်မင် သွားကြသည် ဟု ဆိုပါသည် ။ သို့သော် ထို အချိန် အထိ ကိုအီစမံအင် သည် သူ့ နှလုံးအိမ် အတွင်း မှ အရည်ပျော် ၍ စီးဆင်း လာသော အချစ်တုံး , အချစ်ခဲကြီးများ ၏ ရေအလျဉ် ကို ရှက်ခြင်း , ကြောက်ခြင်း တည်း ဟူသော ရေကာတာ ဖြင့် အတင်း တားဆီး ၍ ထားခဲ့ရပုံ ရ၏ ။ ထို့ကြောင့် သူ့ အား အုံပုန်းပူ အဖြစ် နှင့် သာ အခန်း အောင်း ဆွေး နေသည် ကို တွေ့ရ တတ်၏ ။
သို့ဖြစ်၍ သူ့ အခန်း နား သို့ ကပ်မိသည် နှင့် တစ်ပြိုင်နက် ...
“ ရေ ဝေးတဲ့ လူ ၊ ကုန်းခေါင်ခေါင် မှာ မွေးခဲ့လို့ ၊ တဆိတ်ကလေး ဖြင့် ထူပါသည် ။ ယူ ချင်တဲ့ သဘော ၊ မေတ္တာများ နှောခဲ့လျှင် ၊ ပြောတဲ့ပ ကုန်ကုန် ၊ ပြုတ်မနူး ဟာမို့ ၊ ကျုပ် ဒူး က တုန်လှချည့် ၊ ပုံမှာဖြင့် ပိုင်ပိုင် ၊ အသရေမနွမ်းပါရစေ နှင့် ၊ ရွှေခွန်းတော် လှိုင်စမ်းပ ...” ဟူ၍ လည်းကောင်း ၊
“ အဆူဆူတွေ ၊ စစ်ကိုင်း က ဘုရား အကုန် စူးပြီး ၊ ရူးနောက်လို့ သေပါ့စေ ၊ သပြေတန်းခံမြို့ ၊ မသွေတမ်းကြံစို့ ။ ထန်းလျက် ပခုံးထမ်း ၊ တစ်သက် မမုန်းတမ်း ။ ကျမ်းသစ္စာမှန် ၊ ပုဂံ က ဆေးအိုး နှင့် ပဲခူး က ဆေးတံတို တောင် ၊ အင်မတန် ဟန်ရ၍ ၊ ကာလရှည်ညောင်း ၊ လေထိုးသားဖာထည်းတွင် ၊ တစ်ခါတည်းပေါင်း သေးသပ ” ဟူ၍ လည်းကောင်း ၊ နဘေထပ် ကာရန်လုံး တွေ နှင့် ကုန်းကုန်းပြီး ရည်းစား စကား အပြော ကျင့် နေသော သူ့ အသံ ကို ကြား လာ၏ ။
ထို့ကြောင့် လည်း ကျွန်တော် သည် သူ ရှက်မည် စိုးသောကြောင့် သူ့ အခန်း ထဲ ဝင်မည် လုပ်ပြီး မှ ပြန်ပြန် ထွက်လာရသည် မှာ မနည်းလှ တော့ ။ ကျွန်တော်တို့ ၏ မြန်မာစာ ပါမောက္ခလောင်းကြီး ကိုအီစမံအင် သည် ဤသို့ အခန်း ပိတ် ၍ မြည်တမ်း ရေရွတ်ရင်း ပင် လုံးပါး ပါး ဖွယ်ရာ သာ ရှိတော့သည် ။
သို့ဖြစ်၍ ကျွန်တော် သည် ကိုခင်မောင်လေး နှင့် တိုင်ပင် ကာ တတ်သမျှ မှတ်သမျှ ဆေးကလေး ဝါးကလေး ကို သူ့ အား တိုက်ကျွေးတော့အံ့ ဟု ဆုံးဖြတ်ချက် ချ လိုက် မိပါသည် ။
( ၂ )
နောက် တစ်နေ့ ညဘက် တွင် ကျွန်တော် သည် ကိုခင်မောင်လေး ကို ခေါ် ကာ ကိုအီစမံအင် ၏ အခန်း သို့ လာခဲ့၏ ။ ကျွန်တော်တို့ နှစ်ယောက် က ခပ်လှမ်းလှမ်း က ပင် အသံ ပေး၍ ဝင် လာသောကြောင့် သူ့ ကို အိပ်ရာ ပေါ် တွင် ခပ်မဆိတ် လဲလျောင်း နေသည် ကို တွေ့ရပါသည် ။
ကိုအီစမံအင် သည် အချစ်ကိစ္စ နှင့် ပတ်သက်၍ အလွန် ရှက်တတ်သူ ဖြစ်၏ ။ သူ ခံစား နေရသော ဝေဒနာ ကို ဆရာကောင်း သမားကောင်း ထံ ချဉ်းကပ်၍ ကုသမည့် အစား တစ်ယောက် တည်း နဘေလုံးတွေ ကို ကုန်း၍ မြည်တမ်း ရင်း အချိန် ကုန် ခံနေသည် မဟုတ်ပါလော ။
ကိုခင်မောင်လေး က သူ့ အခန်း ထဲ သို့ ရောက် လျှင် ရောက် ချင်း -
“ ဟေ့လူ ... ဘာဖြစ်တာလဲ ၊ မှန်မှန် ပြောစမ်း ”
“ ခေါင်း ကိုက်လို့ပါဗျာ ...”
သူ က သဲ့သဲ့ကလေး နှင့် ယဲ့ယဲ့ကလေး ဖြေ၏ ။ ကိုခင်မောင်လေး က ခပ်တည်တည် လုပ်ပြီး ...
“ ဖြီး မနေ နဲ့ ကိုယ့်လူ ၊ ဒီ ရောဂါမျိုး က သိပ် အခံရ ခက်တယ် ။ ခင်ဗျား ရောဂါ က အချစ် ရောဂါ ပဲ မဟုတ်လား ” ဟု မေးလိုက်သောကြောင့် ကိုအီစမံအင် က မျက်စိကလေး ပေကလပ် , ပေကလပ် လုပ်ကာ တုဏှိဘာဝေ ဆိတ်ဆိတ်ကြီး မြုံ နေ၏ ။
“ ခင်ဗျား - အမာ ကို ကြိုက် နေတယ် မဟုတ်လား ”
ကိုအီစမံအင် သည် ထန်းလျက်ခဲနံ့ ရသော ခွေးအိုကြီး လို ခေါင်း လှုပ်၍ လာ လေသည် ။
“ ဟုတ်ပါတယ်ဗျာ ... ကျွန်တော့် မှာ တော့ စတင်ရန် ခက်ပါဘိ အသက် ကြောင့် မောင်ပူ ဆိုတာလို ဖြစ်နေပြီ ”
ကျွန်တော် နှင့် ကိုခင်မောင်လေး က ပြိုင်တူ တဟဲဟဲ ရယ် လိုက်ကြသည် ။ ကိုခင်မောင်လေး က ဆက် ၍ ...
“ ဘာများ ခက် နေစရာ ရှိလဲ ကိုယ့် လူ ရဲ့ ၊ ကိုယ် က ချစ်နေတာ ၊ ချစ်တဲ့ အကြောင်း စာ ရေးပေါ့ ။ ခင်ဗျား က မြန်မာစာ ခေတာ မှ မဟုတ်ဘဲ ”
“ စာ ပေးတာတော့ ဟုတ်ပါပြီ ၊ သူ က မပြန်ရင် ဘယ့်နှယ် လုပ်မလဲ ”
ခု သေတော့မည့် မသာလို အိပ်ရာ ပေါ် တွင် စန့်စန့်ကြီး လဲ နေသော ကိုအီစမံအင် က ထ ထိုင်လာ၏ ။
“ တစ်စောင် နဲ့ မရ နှစ်စောင် ၊ နှစ်စောင် နဲ့ မရ သုံးစောင် ပေါ့ ဗျာ ၊ တချို့များ စာပေါင်း ၇၃ဝ - တောင် ပေးတယ် ”
“ ဒီလို ပေးလို့ မရတော့ ကော ”
“ အတင်း လိုက်ပြီး စကား ပြော ပေါ့ ဗျာ ”
“ ပြောတာတော့ ဟုတ်ပါရဲ့ ၊ ဘယ်လို ပြောရမယ် ဆိုတာ ခက်တယ် ”
“ အိုဗျာ ချစ်ပါတယ် ကြိုက်ပါတယ် ဆိုတာများ ပြောဖို့ ခက် နေရသေးလား ”
ကိုအီစမံ က ခေါင်း ကို ကုတ် ပြီး ညည်းညည်းညူညူ အသံ နှင့် ...
“ ခင်ဗျား ပြောသလို တုံးတိတိကြီး ဆို ရင် လည်း ဘယ် ကောင်းမလဲ ကိုခင်မောင်လေး ရယ် ... ၊ သူ နားဝင်အောင် ပြောမှ ပေါ့ ...”
“ ဘာလဲ ခင်ဗျား က နဘေထပ် တွေ , ကာရန် တွေ နဲ့ ပြော မလို့လား ”
ကျွန်တော် က ဝင် စွက် လိုက်သောကြောင့် ကိုအီစမံအင် က ...
“ ဟုတ်တယ်ဗျ ... ၊ သူ က လည်း ကဗျာ ဝါသနာအိုးမကလေး ဆိုတော့ အဲဒီလို ပြောမှ ပို ကောင်းမယ် ထင်တယ် ။ ကျွန်တော် လည်း ပြောမယ့် စကား တစ်ခု တော့ ရ ထားတယ် ”
“ အဲ - အဲ - ဟုတ်ပြီ ... ဆိုစမ်းပါဦး ကိုယ့်လူ ”
“ ဒီလိုလေ ... ဒီလို ၊ အဲ ... အဲ ... ဒီလို ပြောရင် မကောင်းဘူးလား ”
“ ဘယ်လိုလဲဗျ - ခင်ဗျား ဟာ က လုပ်ပါဦး ”
ကိုအီစမံအင် သည် ထိုင် နေရာ မှ ထ လိုက်ကာ ကိုခင်မောင်လေး အနား တွင် မျက်နှာသေကလေး ဖြင့် ရပ် လိုက်၏ ။ ပြီးမှ ကိုခင်မောင်လေး ကို အမာ ဟူသော အထိမ်းအမှတ် ဖြင့် ...
“ မဆိုင်လို့သာ မအမာ ရယ် ၊ ကိုယ့် ဟာ လိုများ တကယ် လို့ ပိုင်ငြားရင် ၊ ကြောင်ပါးကြီး မြီးတိုလို ၊ ခင်ဗျား ကို ကျွန်တော် ဝါးပြီး ၊ ကိုက်စားကာ မျိုလိုက်ချင်ပါတော့တယ် ”
“ ဟာ ... ခင်ဗျား ဟာ က သိပ် မနိပ်သေးပါဘူး ဗျာ ”
ကျွန်တော် နှင့် ကိုခင်မောင်လေး က ရယ်ချင်စိတ် ကို သော့ပိတ် ထားပြီး ပြိုင်တူ ညည်းညည်းညူညူ ပြော လိုက်ကြ၏ ။
“ ဒါဖြင့် - ဟိုဟာကော ဗျာ ”
သူ က မျက်နှာ ခပ်ပျက်ပျက် နှင့် ခါးတောင်းကျိုက် မဖြုတ်တမ်း ကြိုးစားပမ်းစား ဆက်၍ ပြောနေ ပြန်သည် ။
“ ဘယ်ဟာတုံး ”
ကိုခင်မောင်လေး က မေး လိုက်၏ ။ ကိုအီစမံအင် သည် တစ်ချက်မျှ ခေါင်း ကုတ် ၍ ဉာဏ်ထုတ် လိုက် ပြန်၏ ။ သူ့ ဦးနှောက် ထဲ သို့ နဘေထပ် တစ်လုံး သည် အုန်းသီး ကြွေ သလို ဘုန်းခနဲ ကျလာသည် ဟု ထင် ရသည် ။ ချက်ချင်းပင် နဘေထပ် တစ်ခု ကို ကောက် ၍ ရွတ် လိုက်၏ ။
“ ရှက်ဖို့ အရာ ၊ ကျွန်တော့် ဇာတာ ထဲတွင် နည်းနည်းမှ မပါသောကြောင့် ”
“ ဟိုး ... ဆရာ ၊ ဟိုး ... ဟိုး ... ”
“ ဘာလဲဗျ ...”
သူ က ပင် ကျွန်တော့် ကို ဟိန်းဟောက် နေပေပြီ ။
ထို့ကြောင့် စိတ်ပျက်ပျက် နှင့် လက်မြှောက် လိုက် ကာ ...
“ ဒါဖြင့်လည်း ဆက် ဆို ဗျာ ၊ နားထောင်ရ အောင် ”
“ ဆုံးအောင်လည်း နားထောင်ကြစမ်းပါဦးဗျာ ”
“ ကဲ - ကဲ - လုပ်ပါ - လုပ်ပါ ”
“ ရှက်ဖို့အရာ ... အဟမ်း အဟမ်း ကျွန်တော့် ဇာတာ ထဲ တွင် နည်းနည်းမှ မပါသော ကြောင့် ၊ မိုက်စရာ ရှိရင် မီးသွေးခဲ ၊ ရဲစရာ ရှိရင် ပန်းစက္ကူ ၊ မြှူစရာ ရှိရင် ခွေးဝင်စား လို့ ...”
“ ခက်နေပါပြီ ဗျာ ”
“ ဘာ ခက်စရာ ရှိသလဲဗျ .. ခင်ဗျား က ခွေးဝင်စား ဆိုတဲ့ စကား ပါလို့လား ၊ ခွေးဝင်စား ဆိုတာ ကျွန်တော့် ကိုယ် ကို ကျွန်တော် ခိုင်းနှိုင်း ထားတာ ။ ခွေးဝင်စား ဆိုတာ အင်မတန် သနားဖို့ ကောင်းတဲ့ သတ္တဝါ မဟုတ်လား ဗျ ။ ဒီ စကား ဟာ ကျွန်တော့် ဘဝ ရဲ့ ကြေးမုံ ပဲ ”
သူက အားရပါးရ ပြောနေ လေလေ ၊ ကျွန်တော်တို့ နှစ်ယောက် မှာ ရယ်ချင်သည့် စိတ် ကို အံကြိတ် ထားရ လေလေ ဖြစ်နေ၏ ။ ဟက်ဟက်ပက်ပက် ရယ် နိုင်ရန် ထွက်ပေါက် ရှာ လို ဟန် တူသော ကိုခင်မောင်လေး က ...
“ ခု - ခင်ဗျား ပြောပြတာတွေ တစ်ခု မှ မကောင်းသေးဘူး ။ ကျွန်တော် ကြားဖူးတဲ့ နဘေထပ် တစ်ခု တော့ ရှိတယ် ”
“ ဘာလဲဗျ လုပ်စမ်းပါဦးဗျ ”
ကိုအီစမံအင် မှာ လူနာ အမဲခြောက် တောင်း သလို ဖြစ်နေလေသည် ။
“ ဟိုဗျာ ... ပဒုမဇာတ် ထဲ က နဘေထပ် ”
“ ဘာလဲဗျ ဆိုစမ်းပါဦး ၊ ကျွန်တော် တော့ အဲဒီ စာအုပ် မဖတ်မိဘူး ”
“ နားထောင် ... နားထောင် ”
ကိုခင်မောင်လေး က အင်မတန် အဖိုးတန်သော စကား ကို ပြောတော့မည့် ဟန်မျိုး ထုတ်ပြီး ...
“ ကဲ - ဗျာ ... ခင်ဗျား တစ်ခါတည်း ရေးပြီး မှတ်ထား လိုက်ပါ ၊ ဟုတ်လား ”
“ ကောင်းတယ် ... ကောင်းတယ် ၊ တော်တော်ကြာ မေ့နေရင် ဒုက္ခ ”
ကိုအီစမံအင် က စာအုပ် နှင့် ခဲတံ ကို ကောက် ကိုင်ကာ အသင့် ဖြစ်နေပေပြီ ။
“ ယောက်ျား တကာ ”
“ ယောက် - ကျား - တ - ကာ ”
ကိုအီစမံအင် က ပါးစပ် က ပါ လိုက် ဆိုပြီး ကိုခင်မောင်လေး ပြောသမျှ ရေးမှတ် နေ၏ ။
“ မရုန်းသာအောင် ... ”
“ မ - ရုံး - သာ - အောင် ”
“ တဏှာ ချုပ်တည်း .. ”
“ တ - ဏှာ - ချုပ် - တည်း ... ”
“ တွေ့တိုင်း မရှောင် ... ”
“ တွေ့ - တိုင်း - မ - ရှောင် ... ”
“ လူကို ထောင် တဲ့ ... ”
“ လူ - ကို - ထောင် - တဲ့ ... ”
“ မညောင်စည်း ...”
“ မညောင် ... ဟာဗျာ ... ခင်ဗျား ဟာ က ... ”
မျောက် မီးခဲ ကိုင်မိ သလို ဖြစ် သွားသော ကိုအီစမံအင် ၏ အမူအရာ ကို ကြည့်ပြီး စောစောက ချုပ်တည်း ထားခဲ့ရ သမျှ ကို ခုမှ အတိုး ချ ၍ တဟားဟား ရယ် လိုက်ရင်း ကျွန်တော် နှင့် ကိုခင်မောင်လေး သည် သူ့ အခန်း မှ ဒုန်းစိုင်း ၍ လစ်ခဲ့ကြ လေသည် ။
( ၄ )
ကိုအီစမံအင် သည် ကိုခင်မောင်လေး နှင့် ကျွန်တော့် အား လေးငါးရက် ခန့် စကား မပြောဘဲ နေခဲ့၏ ။ ကျွန်တော် တို့ က ပြောင်စရာ လှောင်စရာ ဟု သဘော ထား၍ ပြောခဲ့ခြင်း ကို သူ က အတော် နာကြည်း သွားဟန် တူပါသည် ။
သို့သော် သူ ကျွန်တော် တို့ ကို ကြာကြာ စကား မပြောဘဲ မနေနိုင်ပါ ။ ခြောက်ရက်မြောက် သော နေ့ တွင် သူ သည် စကား ဆို လာပါတော့သည် ။
“ ကျွန်တော် တော့ ဆုံးဖြတ် ပြီးပြီ ”
သူ က အရင်း မရှိ အဖျား မရှိ ခါးလယ်ပိုင်း မှ နေ၍ ပြော၏ ။
“ ဘာများ ဆုံးဖြတ်ပြီးတာလဲ ဆရာ ရယ် ”
ကိုခင်မောင်လေး က သူ မမြင် အောင် ကျွန်တော့် ကို မျက်စိ တစ်ဖက် မှိတ် ပြရင်း နောင် တစ်ခေတ် မြန်မာစာ ပါမောက္ခလောင်းကြီး ကိုအီစမံအင် အား ကဗျာ ဆန်ဆန် မေးလိုက်၏ ။
“ အမာ ရဲ့အချစ် ကို ကဗျာ နဲ့ ပဲ ရအောင် ယူမယ် ”
ကိုအီစမံအင် က တိကျ ပြတ်သားစွာ ပြောလိုက်၏ ။ သူ့ အသံ မှာ နှစ်ပေါင်း လေးဆယ် အုပ်စိုးမယ် ဟူသော ဗျာဒိတ်သံ နီးနီး တည်ငြိမ် လှ ပါ၏ ။
“ ဟာ ... သိပ် ကောင်းတာပေါ့ဗျာ ။ ဒီနည်း ဟာ နတ်သျှင်နောင် တို့ အသုံးချခဲ့တဲ့ နည်းပဲ ။ ဒီ အတိုင်း သာ လုပ် စွံ မှာ သေချာတယ် ”
ကိုခင်မောင်လေး ၏ စကား ကြောင့် ခပ်တည်တည်ကြီး လုပ် နေသော ကိုအီစမံအင် က ပြုံး လာလေသည် ။ သူ သည် သူ့ အိပ်ရာ ခေါင်းအုံး အောက် သို့ လက် လျှို၍ နှိုက် လိုက်ပြီး လျှင် စာအုပ်လေး တစ်အုပ် ကို ဆွဲ ထုတ် လိုက်၏ ။
“ ဒီမယ် ဘာလဲ ... သိလား ”
သူ က စာအုပ်ကလေး ကို ထောင်ပြရင်း မေး လိုက်သော ကြောင့် ကိုခင်မောင်လေး က ...
“ သိတာပေါ့ ၊ အာသံနိုင် မော်ကွန်း မှတ်စု စာအုပ် ”
“ ဒါ ပြောတာ မဟုတ်ဘူး ”
“ နို့ - ဘာပြောတာလဲ ”
“ ဪ ... ကိုယ့် လူ ကလည်း ... အ , လိုက်တာ လွန်ရော ။ အာသံနိုင် မှတ်စု စာအုပ် ကို ဘာလို့ အလကား သက်သက် ပြ နေရမှာလဲ ”
“ နို့ - ဘာလို့ ပြ နေရတာလဲဗျ ”
“ ဒါ သူ့ စာအုပ် လေ ”
“ ဘယ်သူ့ စာအုပ်တုံး ”
“ အမာ လေ ... အမာ့ စာအုပ် ”
“ အမာ့ စာအုပ် ”
“ ဟုတ်တယ် ”
“ ဘာ လုပ်မလို့လဲ ”
“ ဟဲ ... ဟဲ ... ကောလိပ်ကျောင်းသား လုပ် နေပြီး ဒါလောက် အ , ရ သလား ”
“ ဪ ... ဪ ... စာ ထည့် ပြီး ပေးမလို့ ဆိုပါတော့ ”
“ စာ မဟုတ်ဘူးဗျ ”
“ နို့ ... ဘာတုံး ”
“ ကဗျာ ... ”
“ ကဗျာ လည်း စာပေါ့ ဗျာ ”
“ ဟာ ... ကဗျာ ဟာ ကဗျာ ပေါ့ ... ဘယ်က စာ ဟုတ်ရမလဲ ”
“ ကဲ - မဟုတ်ရင် လည်း နေပါစေတော့ ၊ ဘာ ကဗျာ ပေးမလဲ ”
“ ရတု ... နတ်သျှင်နောင် လို ရတု ရေးပြီး ပေးမယ် ”
“ ကောင်းပါ့ဗျာ ... ကောင်းပါ့ ”
ကိုခင်မောင်လေး က ညည်း သလိုလို ညူ သလိုလို နှင့် ခပ်လေးလေး ပြော လိုက်၏ ။ ကိုအီစမံအင် က မူ သူ့ အကြံ ကို သူ အတည်ပြု လိုက်ပြီ ဖြစ်၍ နက်ဖြန် ကျောင်း တက် အမီ အမာ့ လက် သို့ သူ ၏ ရတုကဗျာ ကို ပေး လိုက်နိုင်ရန် အတွက် သူ ယခင် က ပင် ရေးစပ် ထားသော ရတု ကို အပြာရောင် စာရွက် ပေါ် ၌ အချော ကူး နေ လေသည် ။
သူ့ ကဗျာ မှာ ဧကပိုဒ်ရတု မဟုတ်ဘဲ ရတုပိုဒ်စုံ ဖြစ်၏ ။ အမာ ၏ ချောပုံ လှပုံ နှင့် သူ့ စိတ် တွင် ခံစား တွေ့ရှိချက် တို့ ကို အသေးစိတ် ရေးသား ထား သဖြင့် လည်း အတော်ပင် ရှည်လှ၏ ။
ကျွန်တော် သည် သူ့ နောက် မှ ရပ်၍ သူ အချော ကူးရေး နေသော ကဗျာ ကို ဖတ်ရင်း ဝါးခနဲ တစ်ချက် သမ်း လိုက် မိလေသည် ။
ကိုအီစမံအင် သည် အပြာနုရောင် စာရွက် လှလှကလေး ပေါ် တွင် ရတုပိုဒ်စုံ ကို အချော ကူးပြီး သွားသော အခါ အပြာနုရောင် စာအိတ် ပေါ် တွင် အသည်း ကို မြား နှစ်စင်း ဖောက် ၍ သွေး တစက်စက် ကျနေပုံ ကို မဂ္ဂဇင်းစာအုပ် အဟောင်း တစ်ခု မှ ခဲတံ နှင့် ထပ် ဆွဲနေပြန်သဖြင့် ကျွန်တော် နှင့် ကိုခင်မောင်လေး တို့ သည် သူ့ အား အနှောင့်အယှက် မပေး တော့ဘဲ သူ့ အခန်း ထဲ မှ ထွက်လာ ခဲ့ကြပါသည် ။
တနင်္လာနေ့ နံနက်ပိုင်း ကျောင်း တက် ချိန် တွင် ကိုအီစမံအင် သည် ရတုပိုဒ်စုံ ကဗျာ ကို ရေး ၍ ထည့် ထားသော အပြာနုရောင် စာအိတ်ကလေး ကို အာသံနိုင်မော်ကွန်း မှတ်စု စာအုပ်ကလေး ထဲ တွင် ညှပ် ၍ အမာ အား ပြန်ပေး လိုက်သည် ကို တွေ့ လိုက်ရ၏ ။
ထို နေ့ တစ်နေ့လုံး ကို ကိုအီစမံအင် သည် အလွန် အူမြူး နေ၏ ။ သူ သည် ခါတိုင်း ထက် ပြုံး၏ ။ အသိ တွေ့ တိုင်း လည်း စပ်ဖြဲဖြဲ မျက်နှာ နှင့် နှုတ်ဆက်၏ ။ ညနေ ကျောင်း မဆင်းမီ နာရီဝက် သာသာမျှ အချိန် ရ သေးရာ ကိုအီစမံအင် သည် အယ်လ် - စီ - အာ ခေါ် မိန်းကလေးကျောင်းသူများ အခန်း ရှေ့ တွင် ၇ - ခေါက် ၈ - ခေါက် ထက် မနည်း ခေါက်တုံ့ ခေါက်ပြန် လျှောက် ကာ သထုံကျောင်းဆောင် သို့ မျက်နှာကြီး တပြုံးပြုံး နှင့် ဒုန်းချ ၍ ပြန်ခဲ့လေသည် ။
ညဘက် တွင် ကျွန်တော် နှင့် ကိုခင်မောင်လေး တို့ သည် ကိုအီစမံအင် ၏ အခန်း ဘက် သို့ ခြေသံ မကြား အောင် လျှောက်လာ ခဲ့ကြ၏ ။ သူ့ အခန်း ထဲ မှာ ပိတ် နေ လေသည် ။ တံခါး နား သို့ နား ကပ် ၍ ထောင် လိုက်သည် နှင့် တစ်ပြိုင် နက် ...
“ မြေထုမဟိန် ၊ မေရုသိန်လဲ ၊ နှိုင်းချိန်မလောက် ၊ မောင်ကြီး ဆွဲတာ ၊ ပုလဲညှာကို ၊ ကဲသာမောက်၍ ၊ ရောက်တဲ့စေတနာ ၊ ကျင်းကုန်မထောင့် ၊ စင်းလုံးဖြောင့်တဲ့ ၊ အဟမ်း ... အဟမ်း .. မောင့် ဟဝါ ... အင်း .. အင်း .. မောင့်မေတ္တာ ကို ၊ ယတြာပြု ၊ အာဂန္တု ၊ ကယ်မူမဟုတ် ၊ မေတ္တာကပ်ပါး ၊ တစ်နပ်စား ၊ အငှားလုပ်တယ် လို့ ၊ ရွှေရုပ်ကယ် နတ်သွင် ၊ စိုးရိမ်အားနှင့် ၊ ယုံမှားထင် ၊ ထင်သူသာ လွဲကြမည် ... ။ စွဲမိတဲ့ ချစ်ရေ ... ၊ ပုစွန် , ဝံ , ငါး ၊ ဒေါင်းမြီးဖျား တွင် ၊ စာလေးပါး ကျေကာမှ ၊ သွေပါ့မယ် လှယဉ်ကြူးငဲ့ ၊ တင်ကူးတော် မမူပါနှင့် ၊ နန်းသူငယ် ”
ဟူသော ဝိဇယပြဇာတ် မှ ဝိဇယမင်းသား က မယ်ကုဝဏ် အား လူပျို လှည့် သည့် အပိုဒ် ကို ရွတ် နေသံ ကြားရ၏ ။
ကျွန်တော် နှင့် ကိုခင်မောင်လေး က စာရွက် အလွတ် တစ်ခု ကို ကျောင်းသား တစ်ယောက် ထံ မှ တောင်းပြီး ...
“ အပန်းနှင့် အဆွေး ၊ စခန်းသင့် မဝေးအောင် ၊ ခွေးရူးကိုက် စွန်ရဲ ၊ သည်ဆောင်းလ အတွင်းမှာ ၊ ဝပ်ကျင်း ကို ဆွဲတော့မည် ။ နန်းပွဲရပ် ကဝိန္ဒံက ၊ အဓမ္မလက်သံ နှင့် ဓားပြဉာဏ် သစ်လိုက်စမ်း ကိုးမြို့စား ... ”
ဟူသော အလွတ် ရနေသည့် စာပိုဒ်ကလေး ကို ရေးကာ ပြတင်းပေါက် မန်ကျည်းစေ့တံခါးရွက် အကြား မှ နေ၍ သူ့ အိပ်ရာ ပေါ် ရောက် အောင် ထိုးချ ပြီး လစ် ၍ လာခဲ့ကြ လေသည် ။
နောက် တစ်နေ့ နံနက်ပိုင်း တွင် ကြော်ငြာစာ ကျောက်သင်ပုန်း နား ၌ တစ်စုံတစ်ယောက် ကို စောင့် နေဟန် တူသော အမာ ကို တစ်ယောက် တည်း မြင် ရ၏ ။ ကျွန်တော် သည် မနေ့ည က အကြောင်း ကို ဘာမျှ မသိဟန် ပြုပြီး ကိုအီစမံအင် ကို အမာ့ ထံ သို့ ဆွဲခေါ် လာ ကာ အတင်း ထိုး ၍ လွှတ်လိုက် သဖြင့် သူ သည် ခပ်ကြောက်ကြောက် နှင့် ပင် အမာ့ ထံ သို့ တစ်လှမ်းချင်း သွား နေသည် ကို တွေ့ရသော ကြောင့် အမာ က ကျွန်တော့် အား မမြင်မီ ထို နေရာ မှ ထွက်ခွာ ၍ လာခဲ့၏ ။
ညနေဘက် တွင် ကျွန်တော် နှင့် ကိုခင်မောင်လေး တို့ ကိုအီစမံအင့် အခန်း သို့ ရောက် သွားသော အခါ ၌ ကား မနေ့ ည က လို နဘေလုံးတွေ ကို ကုန်းကုန်း ပြီး ရွတ် မနေတော့ဘဲ ၁ဝ၈ - ပုဒ် မျှ ရှိသည့် ဧကပိုဒ်ရတုကြီး တစ်ခု ကို ထပ်မံ ၍ စပ် နေသည် ကို တွေ့ရ ပြန်သည် ။
“ ဘယ့်နှယ့်လဲ ဗျ ... ဒီနေ့ ဟန်ရဲ့လား ”
ကျွန်တော် က ပင် စတင် ၍ ပဋိသန္ဓာရ စကား ပြောကြား သော ကြောင့် ကိုအီစမံအင် က ...
“ ဟန်တယ် လို့ လည်း မဟုတ်သေးပါဘူး ဗျာ ၊ ကျောင်း နေတုန်း မှာ ဒီလို စိတ်မျိုး မထားဖို့ ပြောတာပဲ ... ဟဲ ... ဟဲ ”
“ ဟာ ... ဒီလို ပြောရင်တော့ စွံဖို့ သေချာ နေပြီ ”
“ ဟဲ ... ဟဲ ... ဒါကြောင့် ဧကပိုဒ်ရတုစာတော်ကြီး ကို ဒီနေ့ ည အပြီး ရေးစပ်တော် မူနေရတာကလား မောင်မင်းများ ... ”
ကိုအီစမံအင် သည် ယခု အသက် အရွယ် ရောက် မှ နတ်သျှင်နောင် ဝင်စား၍ လာလေသည် လား မပြောတတ် ၊ သူ ပြော လိုက်သော စကား မှာ မင်းညီမင်းသား သံ ပေါက် နေလေသည် ။
သူ ရေးသော ဧကပိုဒ်ရတုကြီး မှာ ရှည်လွန်း လှ သဖြင့် လုံးစေ့ ပတ်စေ့ မမှတ်မိတော့ ၊ ပြီးခါနီး အဆုံးပိုင်း နား တွင် ...
“ မေတ္တာထုတ်စုံ ၊ နောက်တန်းခုံမှ ၊
အာရုံမပျက် ၊ မေတ္တာဆက်သည် ၊
ခင့်မက်မပြေ မှန်သောကြောင့် ... ”
ဟူ၍ ရေးထားသည် ကို သာ မှတ်မိပါသည် ။
“ ဘယ့်နှယ့်လဲဗျ ... ကောင်းရဲ့လား ... ”
သူ က တကယ့် စာဆိုတော် ပညာရှိကြီး လေသံ ဖြင့် မေး လိုက် သောကြောင့် ကိုခင်မောင်လေး က ထုံးစံ အတိုင်း “ ကောင်းပါ့ဗျာ ... ကောင်းပါ့ ” ဟု သံတော်ဦး တင် လိုက်လေသည် ။
နောက် တစ်နေ့ တွင် သူ သည် ခါတိုင်း ကဲ့သို့ ပင် အမာ တို့ ခုံတန်း နောက်မှ ကပ် ၍ ထိုင်၏ ။ ဆရာ က အာသံနိုင် မော်ကွန်း ကို ငုံ့ ၍ ဖတ်ပြစဉ် ကိုအီစမံအင် သည် အပြာနုရောင် စာခေါက်ကလေး ကို နောက်ခုံ မှ နေ၍ လျင်မြန် ဖျတ်လတ်စွာ အမာ့ ထံ သို့ ပို့ လိုက်၏ ။
ကျွန်တော် ကား ကိုအီစမံအင် နှင့် အတူတူ မထိုင်ရဲ ဘဲ နောက်ဘက် လေးခုံ လောက် မှ နေ၍ အရိပ်အခြည် ကို ကြည့် နေရ၏ ။
အမာ သည် အလွန် ပါးနပ်သော မိန်းကလေး ဖြစ်သည် နှင့်အညီ ရှေ့သို့ ကျ လာသော စာခေါက်ကလေး ကို ဘေးလူများ မသိအောင် လက်ကိုင်ပဝါ နှင့် အသာ ဖိအုပ် ကာ ဖမ်းယူ လိုက်သည် ကို မြင်ရသည် ။
ထိုနေ့ အဖို့ ကိုအီစမံအင် သည် ယခင် အခါ က ထက် ပင် ပို၍ အူမြူး နေ လေသည် ။ ထို့ထက် အတိုင်းထက် အလွန် အူမြူးစရာ ကောင်းပုံကား ညနေ ဘက် တွင် အမာ က ပြုံးပြုံးကလေး နှင့် ကိုအီစမံအင် ထံ မှ ပါဠိမှတ်စု စာအုပ်ကလေး ကို ငှားယူ ထားလိုက်သော ကြောင့် ဖြစ်ပါသည် ။
စနေနေ့ နေ့လယ်ပိုင်း ကျီးကန်ရှင်ကြီးမေတ္တာစာ သင် ပြီး ကျောင်း အဆင်း တွင် အမာ သည် ကိုအီစမံအင် ထံ သို့ တကူးတက လာ ကာ မှတ်စု စာအုပ်ကလေး ကို ပြန်ပေး သွား လေသည် ။
မှတ်စုစာအုပ်ကလေး ထဲ တွင် စာခေါက် နှင့် သဏ္ဌာန် တူသော အရာကလေး တစ်ခု ပါ လာရာ ကိုအီစမံအင် သည် အမာ ကို ပင် နှုတ် မဆက်နိုင်တော့ဘဲ သူ့ အခန်း သို့ ကသောကမျော လစ်ပြေး လေသည် ။
ကျွန်တော် က ကိုခင်မောင်လေး ကို သွား ခေါ်ကာ ကိုအီစမံအင် နောက် မှ ထက်ကြပ် မကွာ လိုက်ပါ လာခဲ့၏ ။ ကိုအီစမံအင် သည် မိန်းမပျို တစ်ဦး ထံ မှ လက်ရေး နှင့် စာ ဆို၍ သူ့ နှမ ထံ က လွဲ၍ တစ်ခါဖူး မျှ မရဖူးသည့် အတိုင်း ယခု အမာ့ ထံ မှ စာ ရသော အခါ ဝမ်းသာလုံး ဆို့ နေသော အရှိန် သည် သူ့ ရင်ဝ ကို ခြေ နှင့် စောင့် ကန်နေ သလို တလှပ်လှပ် ခုန်နေ၏ ။
အခန်း ထဲ သို့ ရောက်၍ စာခေါက်ကလေး ကို ဖွင့် နေသော သူ ၏ လက်များ မှာ လည်း တဆတ်ဆတ် တုန်နေ၏ ။
စ ၍ ဖတ် လိုက်သော ခဏ၌ ကိုအီစမံအင် ၏ မျက်နှာ မှာ ပြုံး နေ၏ ။ သို့သော် ... ဖတ်ရင်း ဖတ်ရင်း ပြုံး ရာ မှ မဲ့၍ မဲ့၍ လာ၏ ။ မဲ့ ရာ မှ ရွဲ့၍ ရွဲ့၍ လိုက်လာသည် ။
ကျွန်တော် နှင့် ကိုခင်မောင်လေး တို့ သည် သူ့ လက် မှ လွတ်ကျ သွား သော စာရွက်ကလေး ကို ကောက် ၍ အလျင်စလို ဖတ် လိုက်ကြရာ အောက်ပါ အတိုင်း တွေ့လိုက်ကြရပါ သတည်း ။
“ မပြေခင်မက် ၊ အာရုံရှက်၍
ပန်ဆက်မေတ္တာ ၊ ခွင့်ဆိုလာသည်
မသာပုပ်ကောင် ၊ ညှီငွေ့ဟောင်သည့်
အမောင် လင်းတ - အသုဘ ၊
ဗာလပီပီ ၊ နင့်ရုပ်ရည် ကို
သတီဖို့ဝေး ၊ အန်ချင်သေးရဲ့
အမွေးစုတ်ဖွာ ၊ ' တဏှူးရာ ” ကို
ငါ “ မလင်ဂျို ” ၊ ချစ်ရေးဆို နဲ့
သံချိုသံနွဲ့ ၊ စောင့်ရဆဲဟဲ့
အမဲရိုးရာ ၊ အားမနာလား
နင့်မှာ တစ်မူ ၊ ကိုဘာဘူ မို့
မတူမတန် ၊ ချစ်လာပြန်နဲ့
ထပ်မံ ဖောက်လွဲ ၊ အတင့်ရဲက
မလွဲဧကန် ၊ ခွက်ခွက်လန်အောင်
ဆယ်ပြန်မက ၊ ပါးချပြမည်
တစ်ချီတစ်လမ်း - စမ်းမည်လော ။ ”
မှတ်ချက် ။ ။ လွန်ခဲ့သော ရှစ်နှစ် ခန့် က တက္ကသိုလ် မှ ထုတ်ဝေသည့် ကျွန်တော် အယ်ဒီတာ အဖြစ် ဆောင်ရွက်ရ သော အဟမ်း ... အဟမ်း ... ဤကား ပညာရှိ ပီပီ ကြွားဝါ ချင်၍ မဂ္ဂဇင်း တစ်ခု တွင် ကျွန်တော့် သူငယ်ချင်း ကိုခင်မောင်လေး ရေးသော ဝတ္ထု တစ်ပုဒ် ကို သူ ၏ ခွင့်ပြုချက် အရ မွမ်းမံ ပြင်ဆင် ၍ ရေးသား ထားခြင်း ဖြစ်ပါသည် ။ ကိုခင်မောင်လေး ခင်ဗျား ... ဝတ္ထု ရေးခ ကို တော့ နန္ဒမိတ် “ ဒိုင်ယာတံဆိပ် ၊ ထိုင်ကာနှိပ် ၊ ပစ္စယော ဟောတု ” ပဲ လုပ်လိုက်ပါတော့ ။
◾တက္ကသိုလ် နန္ဒမိတ်
📖 မြဝတီ မဂ္ဂဇင်း
အတွဲ - ၅ ၊ အမှတ် - ၆
ဧပြီလ ၊ ၁၉၅၇
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment