❝ လူမိုက်ကြီး ❞
“ လူမိုက်ကြီး လာပြီ ၊ လူမိုက်ကြီး လာပြီ ဟေ့ လမ်း ဖယ် ပေးလိုက်ကြပါ ”
“ မိန်းမ တစ်ယောက် ကို ၁၀ နှစ် လုံး ေ သအောင် သ,တ်တာ မေသသေး လို့ ခု တစ်ခါ နောက် ဆုံးအကြိမ် လာ သ,တ်ပြန်ပြီလေ ။ ခု တစ်ခါတော့ ေ သ မှာပါ ။ စိတ် မပူပါနဲ့ မင်း မသ,တ်ရသေးခင် တည်းက ေ သငယ်ဇော နဲ့ မျော နေပြီလေ ။ လမ်း ဖယ် ပေးလိုက်ကြပါ ရှင် ။ သူ့ ကို ဦးစားပေး လိုက်ကြ ပါ ။ နိုင်ငံတကာ က အမြင့်ဆုံး အမျိုးအစား စံဝင် ရှားပါး အနုပညာရှင်ကြီး လာပြီ တော့် ။ သမီး လေး ရေ .. ေ သဖို့ သာ ပြင်ထားပေတော့ ”
ကျွန်တော် ချစ်သော ကျွန်တော် အချစ်ဆုံးသော အချစ်ဆုံး မယား ေ သငယ်ဇော နှင့် မြော နေချိန် တွင် အိမ် သို့ ကျွန်တော် ပြန် ရောက် ခဲ့သည် ။ အချစ်ဆုံး မယား၏ မိခင် သည် ေ သငယ် ဇော နှင့် မြော နေသော သမီး အဖြစ် ကို မကြည့်ရက်သည့် အဆုံး သွေးပျက် ကာ ရူးသွပ် သွား တော့ သည် ။ ထို မိန်းမကြီး သည် ခေတ် များစွာ ကို ဖြတ်သန်း လာခဲ့သူ ။ လောကဓံ များစွာ ကို ဖြတ်သန်း လာခဲ့ သူ ။ သမီး များစွာ သား များစွာ ကို မွေးဖွား ပေးခဲ့သူ ၊ ပြုစုပျိုးထောင် ပေးခဲ့ သူ ဝါရင့် မိခင် ကောင်းကြီး တစ်ယောက် ဖြစ်သည် ။
သမီး ေ သငယ်ဇော နှင့် မြော နေသည် ကို မကြည့်ရက် သည့် အဆုံး ရူးသွပ် သွားသော ဝါရင့် မိခင်ကောင်းကြီး တစ်ယောက် ၏ ရေရွတ် လိုက်သော စကားသံများ သည် ကျွန်တော့် အသည်းနှလုံး ကို တစ်စစီ ဖဲ့ချွေ နေ သလို အခံရ ဆိုး လာစေ၏ ။ သွေးကြော ထဲ မှ သွေးများသည် ပင် စီးဆင်းခြင်း တာဝန် ကို မယူကြတော့ဘဲ ခဲ ကုန်သလို ထင် လိုက်ရသည် ။ နှလုံးသား သည် အအေးချိန် အထူးပြု ပြင်းထန်သည့် ရေခဲပြင် ထဲ ကျ သလို ဖြစ် သွား၏ ။ အေးစက် တောင့်ခဲ သွား ၏ ။
အခြေအနေ မကောင်းတော့ပါ ။ အားလုံး သိသာစေရန် ဖြစ်ပါတယ် ။
စိတ်ဓာတ် အခြေအနေများ ပျက်ယွင်း နေပြီ ဖြစ် သော်လည်း ဝါရင့် မိခင်ကောင်းကြီး ၏ ရုပ်ပိုင်း အသွင်အပြင် တို့ က တည်ငြိမ် အားကောင်း နေ သေးသည် ။ မိခင်ကောင်း တစ်ယောက် ၏ တည်ငြိမ် လေးနက်မှု ဖူးပွင့်ဝေဆာမှု အသိဉာဏ် အလင်း ကြွယ်ဝမှု တို့ ကို သူ့ ရုပ်ပိုင်း အသွင် သဏ္ဌာန် တိုင်း အပြည့်အဝ တွေ့ နေရ သေးသည် ။ ဝါရင့် မိခင်ကောင်း တစ်ယောက် ၏ အတွင်း အင်အားများ ကြေပျက် နေပြီ ဖြစ် သော်လည်း အပြင်အပ အပြင် အင်အားများ ကျန် နေသေးသည် ။ ထို မိန်းမကြီး ၏ မျက်နှာ ကို မြင် လိုက်ရသည် မှာ ကမ္ဘာကျော် အမေရိကန် အက အနုပညာရှင် မကြီး မာသာဂရေဟမ် ၏ အနုပညာ မှော် မျက်နှာကြီး ကို မြင်လိုက်ရသည်နှင့် တူ နေ၏ ။ မာသာ ဂရေဟမ် က ဝါရင့် အနုပညာသည် ထို မိန်းမကြီး က မိခင် အနုပညာ ၏ အရှင်သခင် ။ မိခင်မှု ဆိုသည် မှာ အနုပညာ အသီးသီး ၏ ရေသောက်မြစ် မဟုတ်လား ။ ဘယ်သူ ငြင်းချင်သလဲ ။ ( ကျွန်တော့် အချစ်ဆုံး မယားသည် တစ်ယောက် ေ သငယ်ဇော နှင့် မြော နေချိန် ဖြစ်သောကြောင့် ဘယ်သူ မှ လာမငြင်းရန် မေတ္တာရပ်ခံပါသည် )
မာသာဂရေဟမ် မျက်ခွက် ပိုင်ရှင် မိန်းမကြီး ၏ မျက်နှာ ကို တစ်ကြိမ် သာ မော့ ကြည့် လိုက်ပြီး နောက်ထပ် တစ်ကြိမ် မကြည့် ရဲတော့ ။ အာရုံကြော အသီးသီး တွင် ကြောက်ဒူး တုန် လာမိ သည် ။ ရင်ဘတ် တစ်ဝိုက် ရှိ အာရုံကြောများ သည် ပိုမို၍ ကြောက်ဒူး အတုန်ဆုံး ဖြစ်သည် ။ ကျွန်တော် ၏ အချစ်ဆုံး မယား အပေါ် တွင် တာဝန် မကြေမှုများ ကို ထို မိန်းမကြီး ၏ မျက်နှာ ကို မြင် လိုက်တိုင်း ၊ ထို မိန်းမကြီး ၏ စကားသံ ကို ကြား လိုက်တိုင်း ပိုမို သတိရ လာစေသည် ။ ချစ်ခြင်း မေတ္တာ တာဝန် မကြေမှု ၊ ကိလေသာ တာဝန် မကြေမှု ၊ လူမှုဆက်ဆံရေး အကြင်အနာ အယုအယ နှင့် မိန်းမ ဘဝ ၊ တစ်ကိုယ်ကောင်း ဆန်သော ကျွန်တော် ။ အတ္တ ကြီးသော ကျွန်တော် ။ အကုသိုလ် အင်အား များသော ကျွန်တော် ။
နား ကို လက်ဝါး ဖြင့် မပိတ်သာ သော်လည်း စိတ် ဖြင့် ကြိုးစား ရှုပိတ်ရင်း ကျွန်တော် ၏ အချစ်ဆုံး မယား ေ သငယ်ဇော နှင့် မြေနေရာ အခန်း ထဲ သို့ ဝင် လိုက်ရသည် ။ တစ်အိမ်လုံး က ကျွန်တော် ရောက်ရှိ လာကြောင်း သိ သွားပြီ ဖြစ်၍ စကားနာ ဝိုင်း ထိုး ကြသည် ။ စကားနာ ထိုးမှု တွင် အပြင်းထန် ဆုံး မှာ တိုင်ကပ်နာရီကြီး ဖြစ်သည် ။
“ ငါ့ အသက် လည်း ကြီး လှပါပြီ ကွာ ၊ ငါ့ ကို လူ အတော်များများ က တိုင်ကပ် နာရီအိုကြီး တောင် ခေါ် နေကြပါပြီ ၊ မင်း လို လူမျိုး တော့ မတွေ့ဖူးပါဘူး ၊ မင်းတို့ ချစ်သူ ဘဝ မှာ တုန်း ကတည်း က မင်းတို့ ညဉ့် ၁၂ နာရီ မှာ တွေ့ချင်တယ် ဆို ၊ အသံ ၁၂ ချက် မြည်အောင် လုပ်ပေး ရတာပါကွာ ၊ မင်း မိန်းမ ကောင်မလေး က မင်း ကို သိပ် ချစ်တာ ၊ ငါ့ ကို တိုင်တည် ပြီးတောင် တစ်ခါတစ်ခါ ပြော တတ် သေးတယ် ။ အချိန် နဲ့ အမျှ မင်း ကို ချစ်ပါသတဲ့ ။ မင်း ဘယ်တွေ လျှောက် သွား နေသလဲ ၊ လောကကြီး ထဲ မှာ ဘာတွေ ထွက် ရှာခဲ့သလဲ ၊ ပင်လယ်ကမ်းခြေ လှလှလေး တွေ ရောက် ခဲ့သေးသလား ၊ ခရုလှလှလေး တွေ ကောက်ခဲ့သေးသလား ၊ မိုးကောင်းကင်ပြာပြာကြီး ကော ရင် ထဲ မှာ ထည့် သိမ်းလာခဲ့သလား ၊ မင်း ရလာတာ တွေ က မင်း မယား ရဲ့ အသက် ကို မကယ်နိုင်ပါဘူး ကွာ ၊ သူ့ ကိုယ် သူ များ အနုပညာရှင်ကြီး တဲ့ ၊ ၂၀ ရာစု နောက်ပိုင်း အတွက် အရယ်ရဆုံး ဟာသပဲ ဟေ့ ”
ကျွန်တော် အိမ် က ထွက်ခွာမည် လုပ်တုန်း က အကြိမ်ကြိမ် စားကြသော ဧည့်ခန်း မှ ကု,လားထိုင် တို့ သည် ကျွန်တော့် အား ခုတွင် စိမ်းစိမ်း ကြည့်လေပြီ ။
“ သွား မထိုင်နဲ့ အလိုမရှိ ၊ အလိုမရှိ ”
“ သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ ၊ အလိုမရှိ အလိုမရှိ ၊ လင့်ဝတ္တရား မကြေတဲ့ လူ ၊ အလိုမရှိ ”
အခန်းထောင့် တွင် ရှိသော အနိမ့်ကျဆုံး တံမြက်စည်း ကပင် ကျွန်တော့် ကို ကန့်ကွက်သည် ။ ခေါင်း မဖော်နိုင် ။ ရှုံးသင့် ၍ ထိုက်တန် ကြေကွဲစွာ ကျွန်တော် ရှုံး ရသည် ။ အခန်း ပတ်လည် တွင် အဖြူရောင် နံရံကြီး သာ ရှိသည် ။
အဖြူရောင် နံရံကြီး က လေးဘက်လေးတန် တွင် ရပ်တည် နေသည် ။ နံရံ ပေါ် တွင် ဘာဆို ဘာမှ မရှိ ။ ပန်းချီကားလေး တစ်ချပ် ချိတ် ထား တာ မရှိ ။ ဓာတ်ပုံ လေး တစ်ပုံ ချိတ် ထားတာ မရှိ ။ အောက်ထစ်ဆုံး လူ အတော်များများ က အထူးသဖြင့် မိမိ ကိုယ် မိမိ ခေတ်မီသည် ဟု ယူဆ ထားသော်လည်း တကယ် ခေတ်မမီသော လူများ က အထင် သေးသည့် ခုတစ်လော ရန်ကုန်မြို့ လမ်းဘေး တွင် ရောင်းသော ဆုံးမစာ စာရွက်ကလေး တစ်ရွက်တလေ ကပ် ထား တာပင် မရှိ ။ လေးဘက် လေးတန် တွင် အဖြူရောင် နံရံ အတိသာ ပြီးသည် မို့ ငြီးငွေ့စရာ ကောင်း လှသည် ။ ငြီးငွေ့စရာ ကောင်းသော အဖြူရောင် ။ ဖျားနာ နေသော အဖြူရောင် က ထို အခန်း ကို သိမ်းပိုက် ထားသည် ဟု ဆိုနိုင်သည် ။
မျက်နှာကြက် တွင် ထွန်း ထားသော မီးချောင်း က မတရား ရှည် လွန်းသည် ။ မတရား လင်း လွန်းသည် ။ မတရား လင်းလွန်းခြင်း သည် အကျည်းတန်ခြင်း တစ်မျိုး ပင် ဖြစ်သည် ။ ပေ ၄ဝ ပတ် လည် ကျယ်သော အခန်း တွင် ပေ ၄ဝ နီးပါး ရှိသော မီးချောင်း က မျက်နှာကြက် တွင် နေရာယူ ထားသည် ။ အခန်း ထဲ သို့ ရောက်လာသူ တစ်ယောက် သည် ခံနိုင်ရည် မရှိဘူး ဆိုပါ က အကျင့် မရှိ ဘဲ နေလုံး ကို ကြည့်သည့် သူ ပမာ ချက်ချင်း မျက်လုံး ကန်း သွားနိုင်သည် ။
အခန်း ထဲ သို့ ရောက်ရောက် လာချင်း ၊ ထူပိန်းသော အလင်းရောင် နှင့် လေးဘက်လေးတန် နံရံဖြူဖြူများ က ကျွန်တော့် ကို ပူးပေါင်း နှိပ်စက်၏ ။ ကျွန်တော့် အချစ်ဆုံး မယား က အခန်း အလယ် တည့်တည့် ရှိ ကြေးခုတင်အိုဟောင်းကြီး တစ်လုံး ပေါ်တွင် ေ သငယ်ဇော နှင့် မြောလျက် လူ့ ဘဝ ကို နောက်ဆုံး နှုတ်ဆက် နေပြီကော ။ ကျွန်မ ဟာ လူ့ ဘဝ တွင် အသက်ရှင် စဉ် အခိုက် ကမ္ဘာကျော် အမြင့်ဆုံး အမျိုးအစား စံဝင် ရှားပါး အနုပညာရှင် တစ်ယောက် ကို ချစ်ခဲ့မိပါတယ် ။ မရိပါ နဲ့ အချစ်ရယ် ၊ နောင်တများ နဲ့ အာရုံကြောများ လောင်ကျွမ်း ပြီး ကာမှ ပြန် ရောက်လာတဲ့ သူပါ ။ နောက်တ နဲ့ အချစ် ပေါင်းစပ်ပြီး ကြွေးဟောင်း ဆပ်မယ့် လူ အချိန် နှောင်းပြီး ရောက် လာသည် ။ ရယ် ပြီး မျက်ရည် ကျလောက် အောင် အခံ ရ ဆိုးသည် ။
ပုံမှန်အားဖြင့် လူ တစ်ယောက် ခုတင် ပေါ် တွင် အိပ် လျက် ခြေဖျား မှ နေ လည်ပင်း ရောက် အောင် စောင်ခြုံ ထားမည် ဆိုလျှင် သိသာ လွန်းပါသည် ။ အထူးသဖြင့် အမျိုးသမီး ဖြစ်ပါက ပို သိသာပါသည် ။ ရင်သား ရှိသော နေရာ တွင် တခြား နေရာများ ထက် အတော်အသင့် မို့မောက် နေမည် ။ ခုတင် ပေါ် တွင် အမျိုးသမီး တစ်ယောက် လည်ပင်း က နေ ခြေဖျား အထိ စောင်ခြုံပြီး အိပ် နေသော မြင်ကွင်း သည် ခုတင် ပေါ် တွင် လူ မရှိဘဲ စောင် တစ်ထည် ဖြန့်ခင်း ထားသော မြင်ကွင်း နှင့် ဘယ်လိုနည်း နဲ့ မှ မတူနိုင် ။ စောင် ခြုံ ထားသော်လည်း ဝမ်းဗိုက် နေရာ တွင် အမြင်အာရုံ တစ်မျိုး ရှိမည် ။ ခြေဖျားလေးများ နေရာ တွင် အမြင်အာရုံ တစ်မျိုး ရှိမည် ။ ခုတော့ သည်လို မဟုတ် ။ ခုတင် ပေါ် တွင် အနက်ရောင် ကတ္တီပါစောင် ထူထူကြီး တစ်တည် ဖြန့်ခင်း ထားတာ ကို တွေ့ရသည် ။ ကြေးခုတင်အို ၏ ခေါင်းရင်း ဘက် အလယ် လောက် ဆီ တွင် ခေါင်းအုံးနိမ့်နိမ့် တစ်လုံး ရှိသည် ။ ခေါင်းအုံး ပေါ် တွင် ကျွန်တော် အချစ်ဆုံး မယား ၏ ဦးခေါင်း ကို တွေ့ ရသည် ။
ကျွန်တော် အချစ်ဆုံး မယား သည် ကြေးခုတင်အိုကြီး ပေါ်တွင် ေ သငယ်ဇော နှင့် မြော လျက် ရှိပါသည် ။ ကျွန်တော် မြင် နေရသည်မှာ ကြေးခုတင်အိုကြီး ပေါ်တွင် ကတ္တီပါစောင်နက်ကြီး တစ်ထည် ကို ဖြန့် ခင်းထားသည် ။ ခေါင်းအုံး တစ်လုံး ရှိသည် ။ ခေါင်းအုံး ပေါ်တွင် အချစ်ဆုံး မယား ၏ ဦးခေါင်း ရှိသည် ။ ကတ္တီပါ စောင်နက် အောက် က ကျွန်တော့် မယား ၏ ကိုယ်ခန္ဓာ သည် အလွန်တရာ ကြုံလှီ အလွန်တရာ ပိန်ကပ် နေသော ကြောင့် ယခုလို မြင် နေရခြင်း ဖြစ်သည် ။ ကျွန်တော့် အချစ်ဆုံး မယား ၏ ကိုယ်ခန္ဓာ တွင် ရှိသော အသားအရေ များ ပြည့်ဖြိုးခြင်း များ ၊ အမို့ အမောက် များ ဘယ် ရောက် ကုန်ပြီလဲ ။
ကြံ တစ်ချောင်း ကို အရည် ကုန် သွားအောင် ဒလိမ့်တုံး နှစ်ခု ကြား တွင် ညှပ်ပြီး ညှစ် တာ ကို ကျွန်တော် အခါခါ တွေ့ဖူးသည် ။ ကျွန်တော့် အချစ်ဆုံး မယား ၏ အဖြစ်သည် နောက်ထပ် အရည် လုံးဝ မထွက်နိုင် သော ကြံကြိတ်ဖတ်များ နှင့် တူ နေ၏ ။ ရောဂါ ဝေဒနာများ ၊ ကျွန်တော် ၏ တစ်ကိုယ်ကောင်း ဆန်မှုများ ၊ အတ္တ ကြီးမားမှုများ ၊ မျက်ကန်း အနုပညာသည် စိတ်ဓာတ်များ ၊ အကုသိုလ်များ က သူမ ၏ အလှဘဝ နှင့် ကိုယ်ခန္ဓာ ကို ငရဲမီး လောင်းချခဲ့သည် ။ မိမိ ၏ လက်ချက် ကြောင့် တစ်ဦး တစ်ယောက် အသက် ထွက် လောက်အောင် ေ သငယ်ဇော နှင့် မြော နေသော အချိန် ကို ရောက်ခါမှ ဖြစ်ထွန်း လာသော နောင်တ သည် အကျိုး ရှိပါရဲ့လား ။
ကျွန်တော် သည် ခြေထောက် ကို အဖော့နိုင်ဆုံး ဖော့နင်းလျက် ကြေးခုတင်အိုကြီး နား သို့ ကပ် လာခဲ့သည် ။ ခြေသံ နည်းနည်း ပြင်း သွားလျှင် ကျွန်တော့် အချစ်ဆုံး မယား သည် လူ့ လောက ထဲ မှ စက္ကန့် ၃၀ လောက် ဒါမှမဟုတ် စက္ကန့် ၄၀ လောက် စောပြီး ထွက်ခွာ သွားနိုင် သည် ။ ခုအချိန် မှာ တစ်မိနစ် မပြည့်တတ်သော စက္ကန့်လေး ကို ပင် အရေး ထား နေရသည် ။ နှစ်များစွာ ကြာအောင် တစ်ခါ သုံးပြီး နောက်ထပ် မသုံးသော လက်ကိုင်ပဝါ တစ်ထည် ပမာ ချောင် ထိုးထား ခဲ့မိသော ကျွန်တော့် အချစ်ဆုံး မယား ။ ခုတော့ အကြောင်း မထူးသော နောင်တ ဖြင့် ကျွန်တော် ဂရုစိုက် နေသည် ။
အလွန်တရာ ဝမ်းနည်း ကြေကွဲစရာ ကောင်းသော စိတ်ခံစားမှုကြီး တစ်ရပ် ကို တယော သံ သက်သက် ဖြင့် တယော တစ်လက် တည်း ဖြင့် သရုပ်ဖော် ထိုးပြ နေသည် ကို နားထောင် နေရ သလို ကျွန်တော့် စိတ် ထဲ တွင် ကြားယောင် ခံစား လာရသည် ။ ကြေးခုတင်အိုကြီး နှင့် တဖြည်းဖြည်း နီး လာခဲ့သည် ။ တယောသံ သည် အမြင့်ဆုံး သို့ ရောက် အောင် ပင့်ထောင်၍ တက် သွားသည် ။ အချစ် ဆုံး ၏ အနား ခုတင် ဘေး တွင် ကျွန်တော် ရပ် နေ၏ ။
“ အလိုမရှိ ... အလိုမရှိ လင့်ဝတ္တရား မကျေပွန်တဲ့လူ အလိုမရှိ ”
“ ကျွန်မတို့ မိသားစု ထဲ ကို ကျွန်မ တို့ နား မလည်တဲ့ စကားတွေ ပြောပြီး ဝင် လာတဲ့ အနုပညာ ရှင်ကြီး ကျွန်မ သမီး ကို သ,တ်ပါတော့မယ် ရှင့် ”
အခန်းအပြင် ဘက် မှ အသံ တို့ သည် အခန်း ထဲ သို့ သာမက ကျွန်တော့် ရင် ထဲ သို့ပင် ကြီးစွာသော ဒုက္ခ ကို ပေးလျက် ပြေးဝင် လာ ကြသည် ။ တယောသံ နှင့် အခန်း အပြင်ဘက် မှ အသံ တို့ သည် ရောထွေး အားပြိုင်လျက် ရှိ၏ ။ အခန်း ထဲ တွင် မီးရောင် လင်း နေ လွန်း၍ အကျည်းတန်သည် ။
“ အချစ်ဆုံး မောင် ရောက် လာပြီလေ ၊ အချစ်ဆုံး အတွက် ခုအချိန် တိုင်အောင် ရွှေ လည်း မပါ ခဲ့တာ ငွေ လည်း မပါခဲ့တာ မောင် ဝန်ခံပါတယ် ၊ မောင် ဟာ လူညံ့ တစ်ယောက် ၊ လူမိုက်ကြီး တစ်ယောက်ပါ အချစ်ဆုံး ရယ် ၊ မောင့် ရင် ထဲ မှာ ခုထက်တိုင်အောင် အချစ်ဆုံး အပေါ် ထားအပ်တဲ့ အချစ် ၊ လူ့ လောကကြီး အပေါ် ထားအပ်တဲ့ အချစ် တွေ နဲ့ လတ်ဆတ် နေတဲ့ နှလုံးသား ရှိ ပါသေးတယ် ။ မောင့် နှလုံးသား ကို အချစ်ဆုံး ရေဖျော် သောက် လို့ ကျန်းမာမယ် ဆိုရင် ဖျော် တိုက်ပါ့မယ် ၊ ရင် ကို ခွဲလို့ နှလုံးသား ထုတ်မယ့် အချစ်ဆုံး ရဲ့ လူပါ ”
အချစ်ဆုံး သည် မျက်လုံး ကို ပင် မဖွင့်နိုင်တော့ ။ နှုတ်ခမ်းသား ကို ဖွဖော့စွာပင် မလှုပ် ရှား နိုင်တော့ ။ မှိတ် ထားသော မျက်လုံးအိမ် ၏ တောင့်စွန်းများ ဆီ မှ မျက်ရည်ပူများ ပါးပြင် ပေါ် သို့ လိမ့်ဆင်း စီး ကျနေသည် ။ အချစ်ဆုံး သည် ကျွန်တော့် စကားသံ ကို ကြားဟန် တူသည် ။ ကျွန်တော့် စကားသံ ကို ကျွန်တော့် စကားသံ မှန်း မှတ်မိဟန် တူသည် ။ ရောဂါဝေဒနာ ခံစား နေရသော အချစ်ဆုံး ၏ မျက်နှာ ဆီ တွင် အသွေးအရောင် တစ်မျိုး ဖျတ်ခနဲ ယှက်သန်း သွားသည် ကို ကျွန်တော် ဖမ်း မိ လိုက်သည် ။ အချစ်ဆုံး က ကျွန်တော့် အပေါ် တွင် ကျွန်တော် နှင့် ထပ်တူထပ်မျှ ချစ် ပါကြောင်း စတင် ဝန်ခံ ခေါင်းညိတ် သော နေ့ က ထို အသွေးအရောင်မျိုး ဖြစ်ထွန်း ဖူးသည် ။ ဒုတိယ အကြိမ် ဘာ တတ် နိုင်မှာလဲ ။ နောင်တ များ နဲ့ ဘဝ တစ်ခုလုံး ကို သေတ္တာ တစ်လုံး နဲ့ ထည့်ပြီး သူမ ကို အပိုင် ပေးတော့မည် ဆိုမှ အချိန် နှောင်း ၏ ။ အခါ မကောင်းတော့ ။
အချစ်ဆုံး သည် ကျွန်တော့် ကို စကား တစ်စုံ တစ်ရာ ပြန် ပြောဖို့ ကြိုးစား နေဟန် တူသည် ။ အလို မပြည့်သော ကြိုးစားမှု ၏ ပြယုဂ် အဖြစ် မျက်ရည်ပူများ သည် ပါးပြင် ပေါ် သို့ ပိုလို့ ပိုလို့ လိမ့်ဆင်း စီးကျ လာသည် ။ ကြေးခုတင်အိုကြီး ၏ ခေါင်းအုံး တစ်လုံး ပေါ် မှ အချစ်ဆုံး ၏ မျက်နှာ သည် တစ်ချက် တစ်ချက် အကြော ဆွဲ သလို မသိမသာ တုန်ယင် တုန်ယင် သွားသည် ။ တစ်ခါ တုန်း က ပန်းနုသွေး လို စိုပြည်ခဲ့သော နှုတ်ခမ်းသားများ သည် ခုတွင် ခြောက်သယောင်း ထသော ဆင်းရဲသော ပန်းရောင် ဘဝ သို့ ကူးပြောင်း သွားတော့သည် ။ သည် မျက်နှာလေး ကို အခါခါ ကျွန်တော် နမ်း မွှေး ဖူးသည် ။ လက်သီး နဲ့ တစ်ခါ ထိုး ဖူးသည် ။
ကျွန်တော် သည် “ ဘဝသစ်များ အရှာ ထွက်ခြင်း ” ဟု အမည် ရသော ဆီဆေးပန်းချီကား တစ်ချပ် ကို ရေးဆွဲ နေစဉ် ကာလတုန်း က ဖြစ်သည် ။ ကျွန်တော့် နောက် တွင် အချစ်ဆုံး ရပ် နေသည် ကို ကျွန်တော် မသိ ။ ပန်းချီ ရေးဆွဲသော အလုပ်၌ အသစ်တစ်ဖန် မွေးဖွား နေစဉ် ကာလ ဟု ဆိုရမည် ။
“ ဒါက ဘာ လုပ်နေတာလဲ ၊ ဒီမှာ ကြည့်ပါဦး ”
“ နေ့စေ့လစေ့ လေ ရှင့် ရင်သွေး လေ ”
ကျွန်တော် နောက် သို့ လှည့် ကြည့် လိုက်ချိန်တွင် အချစ်ဆုံး သည် သူ့ ဝမ်းဗိုက် ကို သူ ပုတ် ပြလျက် နှုတ်ခမ်းသားများ လှုပ်ရှား နေကြောင်း ကျွန်တော် တွေ့ လိုက်ရသလို ရှိသည် ။ သူမ သည် ပါးစပ် ကို လှုပ်ရှား နေသည် ။ ဘာတွေ ပြောနေမှန်း ကျွန်တော် မသိ ။
ပန်းချီအာရုံ သည် ကျွန်တော့် ကို စိုးမိုး နေသေးသည် ။ ဆေး အထူအပါး နှင့် ဝေဒနာလှိုင်း ထိပ်ဖျားများ ကူးပြောင်းခြင်း ပြဿနာ သို့ စိတ် သည် စူးစိုက် နေသည် ။ တခြား အာရုံသည် ပြတ် ပြတ်သားသား ဝင်လို့ မရသေး ။
“ ဒါက ဘာလုပ် နေတာလဲ ၊ ဒီမှာ ကြည့်ပါဦး ”
“ နေ့စေ့လစေ့ လေ ၊ ရှင့် ရင်သွေး လေ ”
အချစ်ဆုံး သည် သူ့ ဝမ်းဗိုက် သူ ပုတ်ပြ နေကြောင်း ကျွန်တော် ပီပီသသ မြင် လိုက်ရ သည် ။ တစ်ခု ခု ပြောနေမှန်း လည်း သိသည် ။ ဘာ ပြော မှန်း တော့ မသိသေး ။
“ ရှင် ကျွန်မ ကို ချစ်တော့ ချစ်တတ်တယ် နော် ၊ ကျွန်မ ရဲ့ ဆံပင်လေးတွေ တစ်ချောင်း ချင်း ကို တောင် ချစ်တယ် လို့ ရှင် ပြောခဲ့ဖူးတယ် ၊ အနည်းဆုံး တစ်နာရီ လောက် ကြာနိုင်တဲ့ ကျွန်မ ကို ချစ်တယ် ချစ်တယ် ဆိုတဲ့ စကားသံ တွေ သာ ပါဝင်တဲ့ အသံအိပ်မက် တစ်မျိုး တောင် မက်ဖူး တယ်လို့ ရှင် ပြောဖူးသေးတာပဲ ၊ အချစ် ဆိုတာ တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်တယ် ဆိုတာ နား မလည်ဘူးလား ၊ နေ့စေလစေ့ မွေးခါနီး ကျ မှ ငွေ မရှိ လို့ အမေ့ အိမ် ကို ကလေး ပြန် မွေးရမယ် ဆို တော့ မဟုတ်သေးပါဘူး ၊ တာဝန်မဲ့ လူ သွား သွား ”
အချစ်ဆုံး ပြောလိုက်သော စကားသံများ ကို ပီပီသသ တိတိကျကျ ကျွန်တော် ကြား နေ ရပါပြီ ။ ဖြစ်ထွန်း လာသော ဝေဒနာ အာရုံ ခံစားမှုများ ကို အထင်ကြီး လျက် လူးလှိမ့်၍ နေထိုင် တတ်သော ကျွန်တော့် အတွက် မှန် ကြည့် လိုက်ရ သလို စိတ် ထဲ တွင် ဖြစ် သွား၏ ။ မှန် ထဲ တွင် ကျွန်တော့် ရုပ် ကို မမြင်ရ ။ စိတ် ကို မြင် ရသလိုလို အနာ ပေါ် ဆား ဖြူး ချလိုက်သလို စိတ် ထဲ တွင် ဖြစ် သွား၏ ။ မိမိ ၏ အတ္တ ဘက်မှ ခုခံ ကာကွယ် လိုက်သည် ။ နေ့စေ့လစေ့ မိခင်လောင်း တစ်ယောက် ၏ မျက်ခွက် ပေါ်သို့ ကျွန်တော် ၏ လက်သီး တစ်လုံး ကျရောက် သွားသည် ။ ရုပ် အမူအရာ နှင့် တစ်ထပ်တည်း ကျွန်တော် ၏ စကားသံ တချို့ ထွက်ပေါ် လာ သေးသည် ။
“ မောင့် ရဲ့အချစ်ဆုံးလေး ညည်း ကို ငါ သိပ် ချစ်တယ် ကွ ”
မျက်ရည်များ ဝေ နေသည့် ကျယ်လောင်သော ရယ်သံကြီး ထွက်ပေါ် လာ၏ ။
ကြေးခုတင်အိုကြီး နား တွင် စိတ် တစ်မျိုး ဖြင့် ကျွန်တော် ရပ် နေ တော့သည် ။ ယခု အချိန် ၌ ကျွန်တော့် တွင် ဖြစ်ထွန်း နေသော စိတ် မှာ ဝမ်းနည်းကြေကွဲ စိတ် ဖြစ်သော်လည်း သာမန် ဖြစ်ရိုးဖြစ်စဉ် ဝမ်းနည်း ကြေကွဲစိတ်မျိုး မဟုတ်သည့် အတွက် ဝမ်းနည်း ကြေကွဲစိတ် ဆိုတာ ထက် စိတ် တစ်မျိုး လို့ ခေါ်တာ ပို ကောင်းပါသည် ။ အချစ်ဆုံး ကို အား အကောင်းဆုံး ယုယ ချင် မိသည် ။
နောက်ဆုံး ယုယတာလား ၊ နောက်ဆုံး ယုယတာ မဖြစ်ပါစေနဲ့ ။
ခန့်မှန်းခြေ အားဖြင့် အနည်းဆုံး အကြိမ် ၁၇ဝ လောက် နမ်း ဖူးတဲ့ မျက်နှာလေး ဖြစ်ပါ တယ် ။ ရှားရှားပါးပါး တစ်ခါ တည်း သာ လက်သီး နဲ့ ထိုးခဲ့ ဖူးပါတယ် ။ ဒါလည်း မကောင်းပါဘူး ။ လက်သီး နဲ့ နှစ်ခါ ထိုး လည်း မကောင်းပါဘူး ။ လက်သီး နဲ့ တစ်ခါ ထိုး လည်း မကောင်း ပါဘူး ။ အရင်းအနှီးဆုံး သူ တစ်ပါး ဖြစ်တဲ့ အချစ်ဆုံး ကို ရက်စက်ဖူးခဲ့တယ် ။ ခုအချိန် မှာ ယုယ ပါ ရစေတော့ ။ နောက်ဆုံး ယုယခြင်း မဖြစ်ပါစေနဲ့ ။
ကြေးခုတင်အို ပေါ် မှ ကတ္တီပါစောင် ကို အသာ ခွာ ချ လိုက်သည် ။ အချစ်ဆုံး ၏ ကိုယ်လုံး လေး ကို ချီပွေ့ လိုက်သည် တွင် သေးကွေးသော သစ်ကိုင်းခြောက် တစ်ခု ပမာ ပေါ့ပါးစွာ ပါ လာသည် ။ ဦးခေါင်း က နောက် ကို လန် ကျ သွားသည် ။ ပြင်းထန်သော လောင်ကျွမ်း ထိမှန်မှု ကို ကြည့် ရသလိုပဲ ။ ယုယတော့ မယ် အချစ် ရယ် ။ ထမင်း ရှာ မကျွေးခဲ့တာ မှန် ပေမဲ့ ရိုးရိုးသားသား ယုယ နေချင် မိတယ် ။ ပွေ့ ထားသော ကိုယ်လုံးလေး ကို အပေါ် သို့ မြှင့် ယူ လိုက်သည် ။ လန်ကျ နေသော အချစ်ဆုံး ဦးခေါင်းလေး ဆီ သို့ ကျွန်တော့် မျက်နှာ သည် ငိုက် ကျ လာ၏ ။
ဘယ်သူမဆို ၊ မိမိ ရဲ့ အချစ်ဆုံး ကို နောက်ဆုံး အကြိမ် ဖြစ်စေ ၊ ပထမ အကြိမ် ဖြစ်စေ ၊ ဒုတိယ အကြိမ် ဖြစ်စေ ယုယ ချင် ကြပါတယ် ။
“ ကယ်တော်မူကြပါရှင် ကမ္ဘာ့ အဆင့်အတန်းမီ အနုပညာရှင်ကြီး တစ်ယောက် က ကျွန်မ သမီးကလေး ကို သ,တ်နေပါပြီ တော် ၊ ပျိုကြည်အောင် ယခုတိုင်ပင် တွေးတော့ မှတ်မိသေး ပါတယ် ”
အချစ်ဆုံး ၏ မိခင် ဖြစ်သူ ရူးသွပ် နေသော မိန်းမကြီး ၏ အသံ နှင့် အတူ အလွမ်းဆုံး သော အလွမ်းဝေဒနာ ကို ဖော်ပြရာ တယောသံ က ကျွန်တော့် နား ထဲ တွင် ကြား နေရသည် ။ လောလောလတ်လတ် မျက်လုံး သည် ဘာကို မှ မမြင်တော့ဘဲ ပြာဝေ သွား သည် ။ ကျွန်တော့် မျက်လုံး အကြည် ဓာတ် ပုံမှန် သို့ ပြန်လည် ရောက်ရှိလာ အောင် အချိန် အတော်အသင့် စောင့် ရသည် ။ အနည်းဆုံး ကြက် သုံးခါ တွန်လောက် ရှိ နိုင်သည် ။ စက်နာရီ အားဖြင့် အချိန် အတိုင်းအတာ ဘယ်လောက် ရှိမည် ကို ကျွန်တော် မသိ ။
အချစ်ဆုံး ၏ ဝါထိန် နေသော မျက်လုံး အတွင်းသား နှစ်ခု ပေါ် သို့ မျက်ခွံ နှစ်ခု အုပ်ကျလာ သည် ။ အချစ်ဆုံး ၏ သနားစရာ အကောင်းဆုံး နောက်ဆုံး ရုပ်ပုံ ဖြစ်သည် ။ တိုက်ကြက်ကြီးများ သည် ကျယ်ကျယ်လောင်လောင် တွန် ကြ၏ ။ တစ်ကောင် နှင့် တစ်ကောင် အားသွန်လျက် ဒေါကြီးမောကြီး ခွပ် ကြသည် ။ တစ်ကောင် တွင် ရှိသော အတက် က တစ်ကောင် ၏ ကိုယ် ထဲ ကို မညှာမတာ စူးဝင် သည် ။ အချစ် ၏ ေ သဆုံးမှု ကို မနောဝိညာဉ် ထဲ တွင် ပေါက်လွှတ်ပဲစား အထိန်းအချုပ် မဲ့စွာ မြင်ယောင် ချင် သလို လျှောက် မြင်ယောင် နေ ပြန်သည် ။ တကယ်တမ်း ကျတော့ အသက် မရှိတော့ပြီ ဖြစ်သော သစ်ကိုင်းခြောက်ကလေး ကို ကျွန်တော့် ရင်ခွင် မှာ ပွေ့ပိုက် ထားပါတယ် ဗျာ ။
မြေ မျို ခံရသလို သောက များ အမျို ခံရသည် ။ တဟုန်ထိုး အောက် ကို နစ်ကျ သွား သလိုပါပဲ ။ လှမ်းပြီး ဖမ်းပြီး ဆွဲစရာ မြက်ပင်လေး တစ်ပင် ၊ ကောက်ရိုးလေး တစ်မျှင် ၊ တုတ်တန်းလေး တစ် ချောင်း မရှိ ။ ကိုယ်ပေါ် ကို လည်း အစိုင်အခဲများ က ပြို ပြို ပိ ကျ လာသည် ။ မွန်းကျပ် နေရင်း နှုတ်ဆက် သင့် သူများ ကို နှုတ်ဆက် ခဲ့ရမည် ။ ဝန်ချ တောင်းပန်သင့် သူ များ ကို လည်း တောင်းပန် ခဲ့ရ ဦးမည် ။
ငဝန်ကမ်းခြေ တစ်နေရာ တွင် မွေးဖွားခဲ့ တုန်း က အချင်း မြှုပ်ခဲ့ တုန်း က ဘဝ သက်တမ်း တစ်လျှောက်လုံး အကုသိုလ် များစွာ ကျူးလွန်ခဲ့မယ် လို့ ကြို မသိခဲ့ ။
မည်သို့သော အခြေအနေ သို့ ရောက်စေကာ မူ ကျွန်တော် သည် မိမိ ၏ သားမယားများ အပေါ် တွင် ဝီရိယ အရင်းခံလျက် ကောင်းသော သမ္မာအာဇီဝမှု ဖြင့် ရှာဖွေကျွေးမွေးခြင်း မပြုခဲ့ ကြောင်း နှိမ့်ချသော စိတ်ဖြင့် ညှိုးသိမ်စွာ ဝန်ခံ အပ်ပါသည် ။ ပြောချင်စရာ တွေ များစွာ ရှိသော် လည်း ဆက် ပြော၍ မရတော့ပါ ။ သောက များ က ကျွန်တော့် လည်ပင်း ကို ကျော် လျက် နှာသီး ဖျား ရောက်သည့် တိုင် မျို မိနေပြီ ။ သောကများ နှင့် ကျွန်တော် ၏ ထွက်သက်ဝင်သက်များ တိုးမိ တိုက်မိ နေသည် ။ မကြာခင် ထွက်သက် ဝင်သက်များ ကို သောကများ မျို သွား ဦးမယ် ထင်ပါရဲ့ ။ အနုပညာသည် ဖြစ်တာ တစ်ခု တည်း နဲ့ မိန်းမ တစ်ယောက် အပေါ် မိုက်မိုက်ရိုင်းရိုင်း စော်ကား မိခဲ့ပါတယ် ။
◾မောင်ရန်ပိုင် ( ၁၉၈၁ )
📖 ၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment