❝ မောင်သက်ရှည် ❞
( စံသာထွန်း )
တစ်ခါတုန်း က မောင်သက်ရှည် ဆိုတဲ့ သူငယ်လေး တစ်ယောက် ရှိတယ် ကွဲ့ ။ သူ့ မေမေ နဲ့ ဖေဖေ ဟာ သူ ငယ်ငယ်လေး ကတည်း က ဆုံး သွား ကြတော့ သူ့ ဘွားဘွားကြီး နဲ့ ပဲ နေရ တယ် ။ မောင်သက်ရှည်လေး ကြီးပြင်း လာ တော့ သူ့ ဘွားဘွားကြီး လည်း အိုမင်း လာတာပေါ့ ။ သူတို့ မှာ လယ် က လည်း မရှိ ၊ နွား ကလည်း မရှိတော့ ရွာ ထဲ မှာ မနေချင်တော့ဘဲ တောင်ကုန်း တစ်ခု နား မှာ သွားပြီး တဲကလေး ထိုး နေကြ သတဲ့ ။ မောင်သက်ရှည်လေး ဟာ စိတ်နှလုံးထား ကောင်းသူ ပီပီ သူ့ ကို ငယ်စဉ် ကတည်း က ကျွေးမွေးစောင့်ရှောက် လာတဲ့ သူ့ ဘွားဘွားကြီး ကို ဘာမှ မလုပ်ခိုင်းဘဲ သူ ကိုယ်တိုင် ချက်ပြုတ်ရေခပ် ထင်းခွေ အိမ်မှုကိစ္စ ကို လည်း မလစ်ဟင်း ရအောင် ဂရုစိုက်ရှာတယ် ဆိုပဲ ။ တစ်ဖက် က တော့ ဝမ်းစာအတွက် တောင်ကုန်းလေး နား မှာ ယာကလေး ၊ ဥယျာဉ်လေး လုပ်ပြီး ထွက် သမျှ အသီးအနှံ ပန်းမျိုးစုံ ကို ဈေးချိုချို နဲ့ ရောင်း သတဲ့ ။ ဒီတော့ မောင်သက်ရှည်လေး ဟာ သူတစ်ပါး တွေ လို မြို့တက် ပြီး ဈေး ရောင်းဖို့ မလိုဘဲ ကိုယ့် ယာ ထဲ မှာ ပဲ မပင်မပန်း ရောင်းရသတဲ့ ။ ဘာဖြစ်လို့ ဒီလို လုပ်ရတယ် ဆိုတာ ကတော့ သူ့ ဘွားဘွားကြီး ရဲ့ ဝေယျာဝစ္စ ကလည်း ရှိသေးတယ် မဟုတ်လား ။
သူ့ ဘွားဘွားကြီး က လည်း နေ့စဉ် ဆို သလို ပုတီးစိပ်ပြီး တောစောင့်နတ် ၊ တောင် စောင့်နတ် အစရှိတဲ့ နတ်တွေ ၊ သတ္တဝါတွေ ၊ လူတွေ အားလုံး ကို မေတ္တာပို့ အမျှအတမ်း ဝေ သတဲ့ ။ မောင်သက်ရှည် ဟာ လည်း အိပ်ရာ ဝင် ၊ အိပ်ရာ ထ အမြဲမပြတ် ၊ ဘုရားရှိခိုး ၊ အမျှအတမ်း ဝေ သတဲ့ ကွယ် ။ ဒီတော့ တောစောင့်နတ် ၊ တောင်စောင့်နတ် တွေ က လည်း သဘော ကျပြီး စောင့်ရှောက်တဲ့ သဘော နဲ့ .. အသားစား တိရစ္ဆာန်တွေ ကို ဝေးဝေး နှင် ပစ်ပြီး အသီးအရွက် စားတဲ့ သတ္တဝါ ။ လူ ကို ရန် မမူတတ်တဲ့ သတ္တဝါ လောက် သာ ထား သတဲ့ ။ တိရစ္ဆာန် တွေ နဲ့ မောင် သက်ရှည်လေး ဟာ လည်း နည်းနည်း ရင်းနှီး လာကြတယ် ဆိုပဲ ။ အထူးသဖြင့် တော့ ချိုးမလေး ရယ် ၊ ယုန်လေး ရယ် ၊ ရှဉ့်လေး ရယ် က မောင်သက်ရှည် နဲ့ ပိုပြီး ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်ကြ သတဲ့ ကွယ် ။
တစ်နေ့ တော့ မောင်သက်ရှည် ဟာ တော ထဲ မှာ ထင်းခြောက် ကောက် ရင်း တော လည် ထွက် လာတဲ့ မြို့စားကြီး နဲ့ မုဆိုး နှစ်ယောက် ကို မြင် သတဲ့ ။ ဒီတော့ မောင်သက်ရှည်လေး ဟာ ငါ့ မိတ်ဆွေ တွေ တော့ ဒုက္ခ ရောက်တော့မှာ ပဲ ဆိုပြီး ကျွဲချိုလေး ကို တူ - တူ တူ - တူ - တူ တူ နဲ့ မှုတ် လိုက်တယ် ဆိုပဲ ။ ဒီလိုလည်း မှုတ် လိုက် ရော တောတိရစ္ဆာန်လေး တွေ ဟာ တစ်ခါ ထဲ ကြက်ပျောက် ၊ ငှက်ပျောက် ပျောက် ကုန်ကြ သတဲ့ ။ မြို့စားကြီး တို့ လူသိုက် လည်း တောကောင် တစ်ကောင် မှ မရဘဲ ပြန်ကြရ တာပေါ့ကွယ် ... ။ ဒီလိုနဲ့ တောလည် ထွက် တိုင်း တောကောင် တွေ ကို တွေ့ ရက် နဲ့ တောကောင် မှ မရတော့ ဒေါပွကြ သတဲ့ ။
မြို့စားကြီး တို့ လူသိုက် ဟာ တစ်နေ့ တော့ အရက် နဲ့ ကြက်သားကြော် ယူ လာ ပြီး တော ထဲ မဝင်ခင် တောစောင့်နတ် ကို တင်မြှောက် ပသကြ သတဲ့ ။ ဒီလို လုပ်တာ ကို ချိုးမလေး က မြင် တော့ မောင်သက်ရှည် ဆီ ကို အမြန် ပျံလာပြီး အကျိုးအကြောင်း ပြော ပြတာပေါ့ ။ ဒီတော့ မောင်သက်ရှည် လည်း ကပျာကယာ သူ့ အချက်ပေး ကျွဲချိုလေး ကို တူ - တူ တူ ၊ တူ - တူ တူ နဲ့ မှုတ် သတဲ့ ။ တောကောင် တွေ လည်း အနား နီးရာ ချုံပုတ် တို့ ၊ ဂူလှိုင်ကျောက်ခေါင်း တို့ ထဲ ကို ဝင် ပုန်းကြတယ် ဆိုပဲ ။ ဒါပေမယ့် ကံဆိုး ရှာတဲ့ ဇီးနဲ့ သမင်မ ( ကိုယ်ဝန် ရှိ သမင်မ ) တစ်ကောင် ဟာ ပြေးရင်း မြို့စားကြီးရဲ့ မြားချက် ထိသွား ရှာရတယ် ။ ခမျာ က လည်း နေ့စေ့လစေ့ကြီး ဆိုတော့ သိပ် မပြေးနိုင် ရှာဘူးပေါ့ ကွယ် ။ သမင်ကြီး ဟာ မြား မှန်တယ် ဆိုရင်ဘဲ ကျွဲချို မှုတ်သံ ဆီ ကို ဦးတည် ပြီး ပြေး သတဲ့ ။ နောက် က လည်း မြို့စားကြီး တို့ လူသိုက် ဟာ မျက်ခြေမပြတ် လိုက် ကြတာ ပေါ့ ။ သမင်မကြီး ဟာ မောင်သက်ရှည် ရဲ့ ခြေရင်း လှဲ အိပ် ပြီး ဒဏ်ရာ ကို ပြတယ် ဆိုရင်ပဲ မောင်သက်ရှည်လေး က ကိုင် မလို့ လည်း လုပ် လိုက်ပါရော မြို့စားကြီး က “ ဟေ့ ... မဆိုင်သူ မကပ်နဲ့ ” ဆိုပြီး သမင်မကြီး ကို အားရပါးရ ကောက် မ လိုက် သတဲ့ ။ မ လည်း မ လိုက်ရော သမင်မကြီး က ရင်ဝ ကို ခြေထောက် နဲ့ စုံ ကန် လိုက်တာ မြို့စားကြီး မှာ ပက်လက်လန် သွား ပါရောတဲ့ ကွယ် ။
မြို့စားကြီး လည်း တော်တော် ဒေါပွ ပြီး မြား နဲ့ အနား ကပ် ပစ် လိုက်တော့ သမင်မကြီး ဟာ ဆန့်ငင်ဆန့်ငင် နဲ့ သမင်ပေါက်စလေး ကို မွေးထုတ် လိုက်တယ် ဆိုပဲ ။ မောင်သက်ရှည်လေး က လည်း ကပျာကသီ သမင်လေး ကို ကောက် ပွေ့ထားရင်း သမင်လေး လည်း ဆန့်ငင် ဆန့်ငင် နဲ့ ေ သ သွား ပြန်ပါရောတဲ့ ကွယ် ။ မြား က လည်း အဆိပ်လူး မြား ဆိုတော့ မြားဆိပ် တက် တာပေါ့ကွယ် ။ မြို့စားကြီး က မောင်သက်ရှည်လေး ကို လက်ညှိုး ထိုးပြီး “ ဒီ ကောင်လေး ကို ဖမ်း ၊ ဒင်းကြောင့် ငါ တောကောင် တွေ မရတာ ကြာပြီ ။ ဒီ ကျွဲချို ကို မှုတ်ပြီး အချက် ပေး တဲ့ ကောင် ” ဆိုပြီး ဖမ်းခိုင်း သတဲ့ ။ နောက်ပြီး နားရင်း ကို ရိုက် လိုက်တာ မောင်သက်ရှည်လေး ဟာ မြေကြီး ပေါ် ဒူးထောက် လျက်သား လဲကျ သွားတယ် ကွဲ့ ။ မြို့စားကြီး တို့ လူသိုက် ဟာ သမင်မကြီး ကို လည်း ထမ်းပိုး ပြီး သမင်လေး လည်း ယူ ၊ မောင်သက်ရှည်လေး လည်း ကြိုး နဲ့ တုပ် ခေါ်သွား သတဲ့ ။ မြို့စားကြီး ဟာ သိပ် ရက်စက်တာပဲ နော် ။
ဒီလို ဖြစ်ပျက်ပုံ ကို ချိုးမလေး ဟာ အစအဆုံး လိုက် ကြည့် ပြီး ရှဉ့်လေး နဲ့ ယုန်လေး ကို “ ငါတို့ မိတ်ဆွေ ကိုကိုသက် တော့ အဖမ်း ခံရပြီ ။ ဘွားဘွားကြီး လည်း သနားပါတယ် ။ ဒို့ တော့ ဒီလို နေလို့ မဖြစ်ဘူး ။ တစ်ခု ခု တော့ လုပ်ကြရအောင် ” လို့ ပြောပြ တိုင်ပင် သတဲ့ ။ မကြာခင်ပဲ သူတို့ သုံးဦး ဟာ မြို့စားကြီး အိမ် နား ကို ကပ် သွားကြ သတဲ့ ။ မြို့စားကြီး ရဲ့ အိမ်ရှေ့ ခြံ ထဲ မှာ သမင် သား နဲ့ အရက် ကို သောက် နေတဲ့ လူတွေ ဟာ စကား တွေ ဖောင် နေအောင် ပြောပြီး ရယ်မော နေ တာ တွေ့ရ သတဲ့ ။ မြို့စားကြီး က တော့ အရက်ခွက် ကိုင် ပြီး ငိုင် နေတယ် တဲ့ ။ သူ့ အနား မှာ တော့ မြို့စားကတော်ကြီး က တတွတ်တွတ် နဲ့ တောလိုက် တဲ့ ဝါသနာ ကို စွန့်လွှတ် ဖို့ သမင်မကြီး ဟာ သနားစရာ ကောင်း တဲ့ အကြောင်း ပြောပြ နေရှာ သတဲ့ ။ မြို့စားကြီး လည်း စိတ် မကောင်း ဖြစ်ပြီး အရက်ဝိုင်း ကို သိမ်းခိုင်း အိပ်ရာ ထဲ ကို တန်း ဝင် သွား သတဲ့ ကွယ် ။
ချိုးမလေး က “ တဂူကူး ကူး အစောင့် ကိုမျက်ပြူး ထူးထူးကဲကဲမူး ” လို့ ကူ ပေးသတဲ့ ။ ဒီတော့ အစောင့်ကြီး လည်း မူး ပြီး အိပ်ပျော် သွားတာပေါ့ကွယ် ။ ယုန်ကလေး က လည်း ကပျာကသီ အချုပ်ခန်း အောက် က နေပြီး တွင်း တူး သတဲ့ ရှဉ့်ကလေး လည်း “ ကတ်ကတ် ကတ် - ကတ် ကျွန်တော် လာပြီ ကိုကိုသက် ” လို့ ဆိုပြီး အချုပ်ခန်း သစ်သားတိုင် ကြား က ဝင်ပြီး မောင်သက်ရှည်လေး ရဲ့ နှောင်ကြိုး တွေ ကို ကိုက်ဖြတ် ပေးတယ် ဆိုပဲ ။ ပြီးတော့ ယုန်လေး တူး ထားတဲ့ အပေါက် က ထွက် ပြေး ဖို့ လည်း သတိပေး လိုက်သေး သတဲ့ ။ မောင်သက်ရှည်လေး လည်း ဝမ်းသာအားရ နဲ့ မြေတွင်းလေး ကြည့် လိုက် တော့ လား ... လား ... ခေါင်း တောင် မဝင်နိုင်ဘဲကိုး ။ ဘယ် ခေါင်း ဆံ့ပါမလဲ ကွယ် ။ ယုန် က ငယ်တယ် မဟုတ်လား ။ ရှဉ့်ကလေး က မစိုးရိမ်နဲ့ ။ အကြံ ရပြီ ဆိုပြီး သစ်သားတိုင် ကို ဂျစ်ဂျစ် – ဂျစ်ဂျစ် နဲ့ ကိုက်ဖြတ် တော့တာပဲ ဟေ့ ။
ရှဉ့်ကလေး ကိုက် နေသံ ကို ကြား တဲ့ မြို့စားကြီး ဟာ ဓားကြီး ကို တစ်ဖက် က ကိုင် ၊ မီးခွက် ကို တစ်ဖက် က ဆွဲပြီး အိမ် အောက် ကို ဆင်း လာတာပေါ့ ။ ချိုးမလေး က လည်း ကဗျာကသီ ပျံ သွားပြီး အတောင်ပံ နဲ့ မီးခွက် ကို ပုတ်ချ လိုက် သတဲ့ ။ ဒီတော့ နောက် က ပါ လာတဲ့ မြို့စားကတော်ကြီး က “ သတိ ထားပါ ... လက် လွန်မယ် ။ အရမ်း မလုပ်နဲ့နော် ” လို့ သတိ ပေး လိုက် ရင်း မီး ထွန်း ပေး သတဲ့ ။ ဒီတော့မှ ယုန်လေး က တွင်းတူး ပေးတာ ၊ ရှဉ့်လေး က ကြိုး ဖြတ်ပြီး - သစ်သားတိုင် ကို ကိုက်တာ ၊ ချိုးမလေး က မီးခွက် ကို ပုတ် ချတာ သိ ရတော့ မြို့စားကြီး ဟာ စိတ်ကောင်း ဝင်သွား သတဲ့ ။ ဒါနဲ့ မောင်သက်ရှည်လေး ကို “ မင်း ရဲ့ မိတ်ဆွေတွေ က အားကိုး ရသားပဲ ။ ဘယ်လိုများ ကျေးဇူး ရှိဖူးလို့လဲကွာ ” လို့ မေး သတဲ့ ။ ဒီတော့ ချိုးမလေး က “ ကျွန်မ အတောင် နာ နေတုန်း က သူ ဆေးကု ပေးလို့ ပျောက်တယ် ” ။ ရှဉ့်ကလေး က တော့ “ ကျွန်တော် နေတဲ့ သစ်ပင် ကို သစ်ခုတ်သမား မခုတ်ရ အောင် တောင်းပန် ပေးတယ် ” ။ ယုန်လေး က လည်း “ ကျွန်တော် မုဆိုး ထောင်ချောက် မှာ မိ တုန်းက သူ ပဲ လွှတ် လို့ လွတ်ရပါတယ် ” လို့ ပြောပြကြ သတဲ့ ကွယ် ။ ပြီးတော့ သူ့ မှာ ဘွားဘွား ကို လည်း စောင့်ရှောက်ပြုစု ရပါသေးတယ်လို့ ပြောကြ ပြန် သတဲ့ ။
ဒီတော့မှ မြို့စားကြီး လည်း ငါ ဟာ တိရစ္ဆာန် တွေ ကို အထင် သေးခဲ့တာ မှားပြီ ။ သူ တို့ တစ်တွေ ဟာ လူတွေ ထက် တောင် ကျေးဇူး သိတတ်ပါ ကလား ဆိုပြီး တော လိုက်တဲ့ အလုပ် ကို လည်း စွန့်လိုက်ပါပြီ လို့ ပြောပြရင်း မောင်သက်ရှည်လေး ကို အချုပ်ခန်း က ဖွင့် လွှတ် လိုက် သတဲ့ ကွယ် ။ မောင်သက်ရှည်လေး နဲ့ မိတ်ဆွေ သုံးဦး လည်း ကျေးဇူးတင် စကား ပြောပြီး ပြန်ခဲ့ ကြပါရောတဲ့ ကွယ် ။
ဥပဒေသ ။ ။ အရေးရှိခါ ၊ ကူညီလာ ၊ ကလျာ မိတ်ကောင်းမှတ် ။
◾စံသာထွန်း
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၈ ၊ စက်တင်ဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment