❝ ရွှေစင်တိပိဋက ဆရာတော် ❞
ပိဋကတ် သုံးပုံ မှာ ပါဝင်တဲ့ သုတ္တန် ၊ ဝိနည်း ၊ အဘိဓမ္မာ က စာအုပ် အနေ နဲ့ အုပ်ရေ ၂၀ ရှိတယ် ။ စာမျက်နှာ ပေါင်း ၈၀၂၆ မျက်နှာ ရှိပါတယ် ။ ပိဋကတ်တော် တွေ အားလုံး ကို နှုတ်တက် အာဂုံ အလွတ် ပြန်ဆိုနိုင်ရ သလို ရေးဖြေ လည်း အောင်မြင် မှ တိပိဋက ဆရာတော် ဘွဲ့ထူး ကို ဆွတ်ခူး ရရှိနိုင်တာပါ ။
အာဂုံ ပြန်တယ် ဆိုရာ မှာ လည်း မိနစ် အစိတ် အတွင်း မှာ စာအုပ်ကြီး ထဲ က စာ ခြောက်မျက်နှာ ပြီး ရတာ ။ စာ ခြောက်မျက်နှာ ပြီး ဖို့ စံချိန် ဆိုတာ က ပါဠိပါဌ်သား တွေ ကို မရပ်မနား ဒေါင်းဒေါင်းပြေး ရွတ်ဆို နိုင် မှ ဖြစ်နိုင်တာ ။
တိပိဋက ဆရာတော် ဘဒ္ဒန္တ ဂန္ဓမာလာ လင်္ကာရ က အညာ ကျေးလက် မှာ မွေးဖွားခဲ့ သူ ဖြစ်ပါတယ် ။ ငယ်စဉ် ကတည်း က မျက်စိ အား ချို့တဲ့ လို့ ညပိုင်း မှာ စာ ကျက် လို့ မရဘူး ။ ငယ်စဉ် က တိပိဋက ဖြစ်ဖို့ ရည်းမှန်းချက် မထားခဲ့ ပေမယ့် အကြောင်း အားလျော်စွာ တိပိဋက လမ်းကြောင်း ပေါ် ရောက် သွားတဲ့ အခါ မျက်စိ ကို ချွေတာ ပြီး ကြိုးစား ခဲ့ရတယ် ။
မန္တလေးမြို့ က VEC ပညာရိပ်သာ က ဆရာတော် ရဲ့ ဒကာရင်းချာတွေ ဖြစ်ကြတယ် ။ ဆရာတော် ဆန္ဒ ရှိတဲ့ မိုးမိတ်ကုန်းမြေ ရေ ရရှိဖို့ ငွေ မတည် လှူဒါန်းတာ ၊ နှစ်စဉ်နှစ်တိုင်း ကျောင်း မှာ သီတင်းသုံး တဲ့ သံဃာတော် တွေ အတွက် သင်္ကန်း ကပ်လှူတာ ၊ ဆရာတော် တာဝန်ယူ ထား တဲ့ မင်းကွန်း ဓမ္မနာဒတိုက် မှာ ကထိန် ခင်းတာ ၊ မင်းကွန်း ဆရာတော်ကြီး သက်တော် ရာပြည့် အထိမ်းအမှတ် ဗိမာန် ဆောက်လုပ်ဖို့ လှူဒါန်း တာ စတဲ့ အကြောင်းစုံ နဲ့ ကျွန်တော် ဆရာတော် နဲ့ မကြာခဏ တွေ့ဆုံဖြစ်တယ် ။ တစ်ခါတစ်ရံ မှာ ဆရာတော် ကို မေးခွန်း ထွေလာ မေးဖြစ်တယ် ။
ဆရာတော် က ခေတ်အမြင် ရှိတယ် ။ မြန်မာ လူငယ်တွေ နိုင်ငံတကာ နဲ့ ယှဉ် နိုင်ဖို့ အသိအမြင် ကျယ်စေဖို့ ဆန္ဒ ရှိတယ် ၊ နိုင်ငံ တိုးတက်ရေး အမြင် ရှိတယ် ။
ဆရာတော် က ပညာ လိုလားသူ ဖြစ်ပါတယ် ။ နိုင်ငံခြားသား တွေ သိချင်တဲ့ မေးခွန်းတွေ ကို ကျေကျေလည်လည် ဖြေကြား နိုင်ဖို့ အတွက် အင်္ဂလိပ်စာ လေ့လာ နေတယ် ။ ပြည်ပ တက္ကသိုလ် တစ်ခု မှာ တက်ရောက်ပြီး ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင် သင်ယူဖို့ စီစဉ် နေတယ် ။
ဆရာတော် ကို ရန်ကုန်မြို့ တိပိဋက ကျောင်းတော် မှာ တွေ့ဆုံပြီး ဆရာတော့် ဘဝ ကို လျှောက်ထားတော့ ယခု လို မိန့်ကြားပါတယ် ။
••••• ••••• •••••
ဦးပဉ္ဇင်း ကို ဧရာဝတီ မြစ်ကမ်း က မြင်းခြံမြို့ နယ် လေးအိမ်တန်း ကျေးရွာအုပ်စု ၊ ကျောင်းကုန်းရွာ မှာ ခမည်းတော် ဦးထင်ပေါ် ၊ မယ်တော် ဒေါ်ပွား တို့ က ၁၃၂၉ ခုနှစ် ၊ တပေါင်းလဆန်း ၆ ရက် ( ၁၉၆၈ ခုနှစ် ၊ မတ်လ ၄ ရက် ) တနင်္လာနေ့ မှာ မွေးဖွားတယ် ။ ဦးပဉ္ဇင်း ရဲ့ ငယ်နာမည် က မောင်ခင်မောင်အေး တဲ့ ။ မွေးချင်း လေးယောက် မှာ ဒုတိယမြောက် ပေါ့ ။
ခုနစ်နှစ်သား လောက် ကတည်း က ရွာ က ဘုန်းကြီးကျောင်း မှာ ကျောင်းအိပ် ကျောင်းစား သွားပြီး နေတယ် ။ ကိုးနှစ်သား မှာ မိဘနှစ်ပါး က ရှင်ပြု ပေးတယ် ။ ရွာ က ရွှေညောင်ပင်ကျောင်း မှာပေါ့ ။ ဆရာတော် တွေ က အခြေခံ ဘာသာရေး စာပေ တွေ သင်ပေးတယ် ။ ကိုရင် ဘွဲ့ က အရှင် ဂန္ဓမာလာ ။
ဦးပဉ္ဇင်း တို့ ရွာ တစ်ဝိုက် က ဝါဆိုဦး ဆိုရင် ကလေး တွေ ကိုရင် ဝတ်ကြလေ့ ရှိတယ် ။ ဘုန်းကြီးကျောင်း မှာ ကိုရင် အပါး ၄ - ၅ဝ ရှိတယ် ။ သီတင်းကျွတ်ချိန် မှာ အများစု က လူ ပြန် ထွက်တယ် ။ အမြဲနေ ကိုရင် ၁၅ ပါး ၊ အပါး ၂ဝ လောက် သာ ကျောင်း မှာ ကျန်ရစ်ပါတယ် ။
သူများ တွေ လူ ထွက်တော့ ဦးပဉ္စင်း တို့ ညီအစ်ကို လည်း ဝါကျွတ်ချိန် မှာ လူထွက် တာပေါ့ ။ ဦးပဉ္စင်း ရဲ့အမေကြီး ဒေါ်လှမေ က ဦးပဉ္ဇင်း ကို သိပ် ချစ် ပါတယ် ။ ဦးပဉ္ဇင်း က ပိန်ပိန်ပါးပါးလေး မို့ သင်္ကန်း ဝတ် ပြီးပဲ နေစေချင်တယ် ။ အစ်ကို ကိုခင်မောင်မြင့် ကို တော့ မပျော်ရင် ထွက်ပါ ။ ဦးပဉ္ဇင်း ကို တော့ ကိုရင် ပြန် ဝတ်ပါ ပြောတာ နဲ့ ကိုရင် ပြန် ဝတ်တယ် ။
တစ်နှစ် လောက် ကိုရင် ဝတ် ပြီးတော့ လူ ထွက် ပြန်တယ် ။ အမေကြီး ဒေါ်လှမေ က စိတ် မချမ်းမြေ့ ပေမယ့် ထပ်ပြီး မတောင်းဆို တော့ဘူး ။ ဦးပဉ္ဇင်း ရဲ့ အမေ ဒေါ် ပွား က ဦးပဉ္ဇင်း ကို တော ထဲ ခေါ် သွားတယ် ။ ခရမ်းချဉ်သီး တွေ ခူး ခိုင်းတယ် ။ ခူး ပြီးတဲ့ ခရမ်းချဉ်သီး တွေ ကို အိတ်ကြီး ထဲ ထည့် ကိုရင် လူထွက် ဦးပဉ္ဇင်း ရဲ့ ခေါင်း ပေါ် ပင့်တင် ပေးပြီး ရွက် ခိုင်းတယ် ။ နေ က ပူပူ ၊ ခရမ်းချဉ်သီးအိတ်ကြီး က လေးလေး ၊ အိမ် အပြန်လမ်း က ဝေးဝေး ၊ အမေ က သင်ခန်းစာ ပေးတာ ဖြစ်မှာပေါ့ ။
ဦးပဉ္ဇင်း က အမေ မနိုင်တော့ဘူး ၊ အိတ်ကြီး ကို ယူပါ ပြောပေမယ့် မယူဘဲ အမေ က ရှေ့ က သုတ်သုတ်သုတ်သုတ် နဲ့ သွားတယ် ။ အမေ ကျွန်တော် မနိုင် တော့ဘူး ၊ လှမ်း အော် ပြောပေမယ့် အမေ က လှည့် မကြည့်ဘူး ။ ဒါနဲ့ ဦးပဉ္ဇင်း က မနိုင်မနင်း ရွက်ထားတဲ့ ခရမ်းချဉ်သီး အိတ်ကြီး ကို အောက် ပစ်ချ လိုက်တယ် ။ သည် ခရမ်းချဉ်သီး တွေ ကောင်း နေ သေးရင် အမေ က နောက် တစ်ခါ ပြန် ရွက် ခိုင်းဦးမှာပဲ လို့ တွေးပြီး ခရမ်းချဉ်သီး တွေ ကို ခြေထောက် နဲ့ နင်းချေ ပစ်တယ် ။ အမေ က စိတ် ဆိုးပြီး လိုက် ရိုက်တာပေါ့ ။ ဦးပဉ္စင်း လည်း ဘုန်းကြီးကျောင်း ကို တန်း ပြေးပြီး ကိုရင် ပြန် ဝတ်တာ ။ အဲသည် က နေ တစ်လျှောက်လုံး မြဲ သွားတယ် ။ ဘုန်းကြီး ဖြစ် ကံ ပါတာပေါ့ ။ အမေကြီး ဒေါ်လှမေ လည်း စိတ်ချမ်းသာ ၊ အမေ ဒေါ်ပွား လည်း ဆန္ဒ ပြည့် သွားတယ် ။
ဦးပဉ္စင်း ကိုရင် ဘဝ မှာ မြင်းခြံ ကိုးဆောင်တိုက် ဆရာတော်ကြီး ဦးသောဘိတ ကျောင်း က ကျင်းပတဲ့ ရှင်ကျင့်ဝတ် စာမေးပွဲ ကို ရွှေညောင်ပင်ကျောင်း က ကိုရင် လေးပါး ဝင် ဖြေ ကြတာ ဦးပဉ္ဇင်း တစ်ပါး သာ အောင်မြင်တယ် ။
ကိုရင့် ကို စာ တော်တယ် ဆိုပြီး ရေစကြို မဲကုန်းရွာ ညောင်ပင်ကျောင်း ကို စာ သင်ဖို့ ပို့မယ် ဆိုပြီး အဘကြီး တွေ က စီစဉ်ကြတယ် ။ အဖေ ရဲ့ အဖေ အဘကြီး ဦးထွန်းတင် နဲ့ အမေ ရဲ့ အဖေ အဘကြီး ဦးတင်မောင် တို့ က ခေါ်သွား ကြတာပေါ့ ။
အဲသည် နေ့ က နေ့ ၂းဝဝ နာရီ လောက် မှာ ရွာ က ထွက်ခဲ့ ကြတယ် ။ ဧရာဝတီ မြစ်ကြီး ကို ဖြတ်ကူးတယ် ။ ညနေ ၄း၀၀ နာရီ လောက်မှာ မြစ် တစ်ဖက်ကမ်း က ဆိပ်ကမ်း ကို ရောက် တယ် ။ မဲကုန်းရွာ ကို ခြေလျင် သွား ရင် နှစ်နာရီ ကျော် ၊ လှည်း နဲ့ ဆိုရင် တစ်နာရီ ကျော်ကျော် သွား ရတယ် ။
ပထမဆုံး ကိုယ့် ရပ် ကိုယ့် ရွာ ကို ခွဲခွာဖူးတဲ့ ခရီး ပါ ။ အခါ ရာသီ ကလည်း နွေဦးရာသီ ၊ ရေစကြို ဘက်ကမ်း ကို ရောက်ပြီး ညောင်ပင်ကြီး တွေ အောက် က ဖြတ်သွားကြ ချိန်မှာ ဥဩ တွန်သံ ကြားရတယ် ။ မှတ်မှတ်ရရ မြင်းခြံဘက် မှာ ဦးပဉ္ဇင်း က ဥဩ ဆိုတာ မကြားဖူး ။ ဥဩသံ က ဆွဲဆွဲငင်ငင် အော် နေတာ ကြားရတော့ သိပ် လွမ်းဖို့ ကောင်းတာပဲ ။ ဥဩ ဥဩ နဲ့ အော်တာ ကြားရတော့ ဥဩ မှန်း လည်း မသိဘူး ။ ကိုယ့် နာမည် ခင်မောင်အေး ၊ ခင်မောင်အေး လို့ ခေါ် နေ သလို ခံစားရတယ် ။ မျက်ရည် ဝဲမိတယ် ။ အဲသည်တုန်း က အသက် ၁၁ နှစ်သား ပဲ ရှိသေးတယ် ။
ရေစကြို မဲကုန်းရွာ ညောင်ပင်ကျောင်း မှာ စာ သင်တော့ လည်း အတန်းတူ သူငယ်ချင်းတွေ ထဲ မှာ ဦးပဉ္စင်း က အချွန်ဆုံး ပါပဲ ။ ဦးပဉ္စင်း အနေ နဲ့ ပင်ကိုဉာဏ် က ကောင်းတာ ၊ ဉာဏ်ကောင်း စေတော့ရယ် လို့ လေ့ကျင့်ရတာ မရှိဘူး ။ အတိတ်ကံ ပါရမီ ဖြစ်မယ် ထင်တယ် ။
ညောင်ပင်ကျောင်း ဆရာတော် ဦးဥတ္တရ ရဲ့ အဆက်အသွယ် က တောင်မြို့ ( အမရပူရ ) မဟာဂန္ဓာရုံ မှာ ရှိတယ် ။ ဆရာတော် ရဲ့ တပည့် ၄ - ၅ - ၁၀ ပါး ရောက် နေပြီမို့ ဦးပဉ္ဇင်း ကို လည်း ပညာ ဆက် သင်ဖို့ တောင်မြို့ မဟာဂန္ဓာရုံ ကို ပို့ပေး တာ ။ တောင်မြို့ မဟာဂန္ဓာရုံ က အနေအထိုင် လည်း ကောင်းတယ် ။ စာသင်စာပြ လည်း ကောင်းတယ် လို့ နာမည် ကြီးတယ် ။
ဦးပဉ္ဇင်း မဟာဂန္ဓာရုံ ကို ရောက်တာ ၁၃ နှစ် သား လောက် ၊ လမ်းငါးခွ ၊ ရွှေဂဲရွာ တွေ ဘက် ကို ကြွပြီး ဆွမ်း ခံရတယ် ။ ဦးပဉ္ဇင်း က စာမေးပွဲ တွေ မှာ ထူးထူးချွန်ချွန် အောင်မြင် နေတော့ သီတင်းသုံးဖော် တွေ က ဆွမ်းခံတာ နဲ့ အချိန် မကုန် စေချင်ဘူး ။ ကျောင်း မှာ ပဲ စာကျက် နေခဲ့စေပြီး သူတို့ က ဆွမ်းခံ ကျွေးကြတယ် ။
ရေစကြို မှာ နေစဉ် ကတည်း က မျက်စိ က စ ပြီး မှုန် နေပြီ ။ စာ ကျက်မှတ် နေရင်း မျက်စိ အားက နည်းနည်း လာတယ် ။ ကျန်းမာရေး အသိ ကြွယ် တဲ့ ပတ်ဝန်းကျင် မဟုတ် တော့ မျက်စိ ကို စစ်ဆေးတာ ၊ ကုသတာ လည်း မလုပ်မိဘူး ။ တောင်မြို့ မဟာဂန္ဓာရုံ ရောက်တော့ လည်း မျက်စိမှုန် တာကို ဦးစား မပေးမိဘဲ စာ ပဲ ဆက် ကျက် နေခဲ့တယ် ။
မဟာဂန္ဓာရုံ မှာ နှစ်နှစ် နေပြီး ၁၅ နှစ် သား မှာ မုံရွာ ပဇ္ဇောတာရုံတိုက် ကို ဦးပဉ္ဇင်း ပြောင်းတယ် ။ မုံရွာ ပဇ္ဇောတာရုံတိုက် မှာ ဦးပဉ္ဇင်း ခုနစ်နှစ် ကြာတယ် ။ ကြား ထဲ မှာ တစ်ခါတစ်ရံ ဇာတိဖြစ် တဲ့ ကျောင်းကုန်းရွာ ရွှေညောင်ပင်ကျောင်း ၊ ရေစကြို မဲကုန်းရွာ ညောင်ပင်ကျောင်း တို့ ကို ပြန်ပြီး သီတင်း သုံးတဲ့ အခါ သုံးပါတယ် ။
မုံရွာ ပဇ္ဇောတာရုံကျောင်း မှာ နေရင်း သာမဏေကျော် စာမေးပွဲ တွေ ပထမငယ် ၊ ပထမလတ် ၊ ပထမကြီး စာမေးပွဲ တွေ ဖြေတယ် ။ ကိုရင် ဘဝ မှာ ပဲ ဓမ္မာစရိယဘွဲ့ ၊ သာမဏေကျော်ဘွဲ့ တွေ ရတယ် ။ ဘွဲ့ အမည် မှာ ကိုရင် ဂန္ဓမာလာ လင်္ကာရ ဖြစ် လာတယ် ။
တစ်ဖက် မှာ ကိုယ့် အတွက် စာပေလေ့လာ သင်ယူ သလို ၊ အခြား တစ်ဖက် မှာ အခြား သာမဏေကျော် တွေ ကို စာသင် စာချ ပေးရတယ် ။
အကြီးတန်းစာ တွေ သင်ယူ နေခိုက် မှာ ရှေ့ က ဆရာ က ဘော ( Black board ) ပေါ် ရေးပြပြီး စာ သင်တာ ကို နောက်တန်း မှာ ထိုင်တဲ့ အခါ မမြင်ရတော့ဘူး ။ ရှေ့တန်း ပြောင်း ထိုင်မှ မြင်ရ တော့တယ် ။ ဒါနဲ့ မျက်စိ စမ်းလိုက်တော့ ပါဝါ က ၂၀၀ ကျော် ၃ဝဝ ဖြစ် နေပြီ ။
၁၃၄၉ ခုနှစ် ဝါဆိုလဆန်း ၈ ရက်နေ့ ၊ ၁၉၈၇ ခုနှစ် ဇူလိုင် ၃ ရက် နေ့ မှာ မန္တလေး မှန်ကင်း ပဇ္ဇောတာရုံ ကျောင်းတိုက် ခဏ္ဍသိမ်တော် မှာ မုံရွာ ပဇ္ဇောတာရုံ ကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ နာဂဝံသ ကို ဥပဇ္ဈာယ် ပြုပြီး ဒေါ်စိန့် ၊ သမီး ဒေါ်စန်းရီ မိသားစု ရဲ့ ပစ္စယာနုဂ္ဂဟ ခံယူပြီး ရဟန်း ပြုတယ် ။
ဦးပဉ္စင်း နဲ့ မင်းကွန်း တိပိဋက ဆရာတော်ကြီး နဲ့ က မွေးရပ် ဇာတိ တူတယ် ။ ငယ်စဉ် ကတည်း က ဆရာတော်ကြီး ရဲ့ ဂုဏ်သတင်း ကို ကြားဖူးပြီး အားကျ စိတ် ရှိခဲ့တယ် ။ ဒါပေမဲ့ တိပိဋက ဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက် ကို ငယ်စဉ် ကတည်း က ချခဲ့တာ မဟုတ်ဘူး ။ မုံရွာ ပဇ္ဇောတာရုံ မှာ သီတင်း သုံးရင်း ၁၉၈၇ ခုနှစ် မှာ ဝိနည်းတော် ရှေ့ပိုင်း ကျက်ပြီး တိပိဋက စာမေးပွဲ ဝင် ဖြေတာ အောင် သွားတယ် ။
မင်းကွန်းဆရာတော်ကြီး က မိုးမိတ်ကုန်းမြေ မှာ တိပိဋက စာမေးပွဲ ဝင်မယ့် သူတွေ သီတင်း သုံးပြီး စာ ကို သီးသန့် ကျက်နိုင်ဖို့ စီစဉ် ပေးထားတယ် ။ မုံရွာ ပဇ္ဇောတာရုံ မှာ ကိုယ့် အတွက် စာ ကျက်ဖို့ လို သလို တစ်ဖက် မှာ စာသင်စာချ လည်း လုပ် ပေးတယ် ။ မျက်စိ အား ကလည်း နည်း တော့ ကိုယ့် အတွက် စာ ကျက် ရတာ လည်း ခရီး မတွင်ဘဲ ဖြစ်နေတယ် ။ ဒါကြောင့် ၁၉၈၉ ခုနှစ် မှာ မိုးမိတ် ကုန်းမြေ ကို ပြောင်းရွှေ့ ပြီး တိပိဋက စာမေးပွဲ ဝင် ဖို့ ပြင်ဆင်တယ် ။
မိုးမိတ် ကုန်းမြေ ကို ရောက်ပြီး နောက် နှစ် က စ လို့ တစ်နှစ် ပြီး တစ်နှစ် စာမေးပွဲ တွေ ဝင် ဖြေတာ ၁၉၉၇ ခုနှစ် မှာ ပိဋကတ် တော် နှစ်ပုံခွဲ အောင်မြင်တယ် ။
ဦးပဉ္ဇင်း မျက်စိ က လည်း တဖြည်းဖြည်း နဲ့ ပါဝါ ၈၀၀ ကျော် ၉ဝဝ ဖြစ်လာတယ် ။ စာ ကြာကြာ ကြည့် ရင် မျက်ရိုး တွေ ကိုက် ၊ မျက်ရည်ပူ တွေ ကျ တယ် ။ နေ့ခင်း မှာ စာ ကြည့်တဲ့ အခါ အဓိက ကျတဲ့ အချက် တွေ ကို သေသေ ချာချာ ကြည့် ထားတယ် ။ ည မှာ စာ မကြည့်နိုင်တော့ မျက်စိ ကို မှိတ် ပြီး နေ့ခင်း က ကြည့် ခဲ့တဲ့ စာတွေ ကို စိတ် ထဲ မှာ ပြန် စဉ်းစားတယ် ။ တစ်ခါ တွေးတာ က စာ ကို သုံး လေးခါ ထပ် ကြည့်တာနဲ့ ညီမျှတယ် ။ ဦးပဉ္ဇင်း ပြန် တွေးတဲ့ အခါ စိတ် ထဲ မှာ ပြန် ပေါ် မလာဘဲ ထစ် နေတာမျိုး လည်း ကြုံတတ်တယ် ။ စာအုပ် ကို ဘေး မှာ ချ ထားတော့ ပြန် လှန် ကြည့်တဲ့အခါ လည်း ကြည့်တယ် ။ မှတ်ထား လိုက်ပြီး နောက် မှ ပြန် ကြည့်တဲ့ အခါ လည်း ကြည့်တယ် ။ စာအုပ် က အဝေး ရောက် နေလို့ ပြန် မကြည့်နိုင်တဲ့အခါမျိုး ဆိုရင် မှတ်ထား လိုက်ပြီး နောက် ရက် စာ ပြန် ကြည့် တဲ့အခါ စိတ် ထဲ မှာ ဇဝေဇဝါ ဖြစ်နေတာ သံသယ ဖြစ်နေတာမျိုး ပြန် ကြည့်ပြီး မှတ်ထား လိုက်တော့ ၊ နောက် နေ့ စဉ်းစားတဲ့ အခါ အဆင်ပြေ သွားတာပေါ့ ။
⎕ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment