❝ ဆီ ဆမ်းပြီးသားပါ ခင်ဗျား ❞
“ ပော့ကောင် ချမ်းသာ ပဲကြီးလှော် ယူဦးကွာ ၊ ထန်းရည် နဲ့ အတော်ပဲ ”
“ ပာာ ငါ့ မှာ နှစ်ပိဿာ လောက် ကို ရှိနေသေးတာ ကွ ၊ ထန်းရည် နဲ့ မြည်း ဖို့ ဝယ်ထားတာ ”
“ ယူပါဦး သူငယ်ချင်း ရာ ၊ အရမ်း ရှုံးနေလို့ပါ ”
“ ကဲ ... ကဲ ... နမူနာ ပေး ”
သူ က နမူနာ ပြတယ် ခင်ဗျာ့ ။
“ ဟင် ... မင်း က လည်း အတူးအခြစ် တွေ ကော ၊ ကိုက်ဖဲ့ တွေ ရော ၊ ဆန်ခါ နဲ့ ချ ပြီး သန့် ပစ် မှ ရောင်းပန်း လှ တော့မှာပေါ့ကွ ”
“ ဟာကွာ ... အလိုလို မှ ရှုံး ရတဲ့အထဲ ”
“ ပော့ကောင် ... ရှုံး ကာ မှ ရှုံး ရော ၊ သန့်သန့်ပြန့်ပြန့် လှလှပပလေး မှ ဈေးကွက် ဝင် မှာ မောင် ”
ကျောင်းနေဖက် သူငယ်ချင်း မောင်ပေရှုး သည် ပဲကြီး ဝယ် လှောင် ထားရာ မှ မတရား ဈေး ကျ သဖြင့် ပဲကြီးလှော် လှော် ပြီး ငွေ ပေါ် ရောင်း နေလေ၏ ။
“ ဦးရီးတို့ များ လှည့် ကြည့်ဖော် တောင် မရဘူး ”
“ လှည့် ကြည့်ပါတယ် ပာယ် ၊ ပာင် နင့် မှာ ငါး တွေ အများကြီး ကျန်ပါသေးလား ၊ ကဲ ... ငါးခူ သုံးကောင် အရှိ ချိန် လိုက် ၊ ကြော်စား မှာ အိုးဝင် လုပ်ပေးလိုက်နော် ”
ငါးသည်မ သည် ကျွန်တော် ရွေး ပေးသော ငါးခူကြီး သုံးကောင် ကို အညှီ ဆီထုတ် ၊ ဝမ်းဗိုက် ကို ခွဲ ၊ ကြော် လို့ဖြစ် အောင် မွှန်း ပေးလေ၏ ။ သူ တို့ အရောင်း ပါးပြီ ဆို ကျွန်တော် တို့ ဝယ် လို့ ကောင်းတယ် ခင်ဗျာ့ ၊ မျက်နှာ က ပြုံး ၊ အသံ က ချို ၊ လက် က သွက် ၊ ကိုယ် လိုချင်တဲ့ပုံစံ စိတ်တိုင်း ကျ ခင်ဗျာ့ ။ အဲ ... ပာဲ ... ပာင်း ... ပာင်း ... သူတို့ ဈေးရောင်း ကောင်း နေ ဝယ်သူ တွေ ဝိုင်းအုံ နေ လို့ ကတော့ အနား မကပ်နဲ့ တော့ ဗျို့ ၊ နှုတ်ဆက် ဖို့ ခေါ် ဖို့ ဝေးစွ ၊ လှည့် တောင် မကြည့် မတော်တဆ မြင် သွားရင် တောင် မမြင်ချင် ယောင် ဆောင် နေတယ် ဗျာ့ ၊ မစားကောင်း တဲ့ အသီး ပဒိုင်းသီးကြီး များ မှတ် နေလား မသိ ။
“ ပာင် ... အတက် တွေ အားကြီးပါလား ၊ အလုပ် မရှိ အလုပ် ရှာ လို့ ဟယ် ”
“ ထမင်းဆိုင် တွေ က မှာ လို့ ”
“ ပော ”
ငရုတ်သီး ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ အဓိက ထား ရောင်းသော ဈေးသည်မ မဲတူဆိုင် မှာ တပည့်မကလေး တစ်ယောက် က ကြက်သွန်ဖြူ အကောင်းကြီး တွေ အတက် ဖဲ့ နေတယ် ဗျာ့ ၊ ဗန်းကြီး တစ်ချပ် ၊ အမောက်အဖြိုး ရ နေပါပြီ ။ ဈေး ထဲ က ကုန်ခြောက်ဆိုင် တွေ မှာ ကြက်သွန်ဖြူ အတက်ပဲ့ များ အပုံလိုက် အပုံလိုက် တွေ့ ရ လေ့ ရှိ သော်လည်း အမှုမဲ့ အမှတ်မဲ့ သာ နေခဲ့ မိလေ၏ ။ ချိန်ရင်း တွယ်ရင်း သယ်ယူ ရွှေ့ပြောင်းရင်း ပဲ့ကျ သွားသည် အတက်ပဲ့များ ကို စုထားသည် ဟု ထင်ခဲ့ မိသည် ။
ညံ့လိုက်လေခြင်း မောင်ချမ်းသာ ပာား ... ပာား ... ဒါနဲ့များ လူတတ်ကြီး လုပ်ပြီး စီးပွားရေးဆောင်းပါး တွေ ရေးနေပါ သတဲ့ ၊ ပာဲ ... ပာဲ ။ အခုမှ သိရပါသဗျာ ။ ထမင်းဆိုင် တွေ ကို သွင်း ဖို့ တမင် အတက် ဖဲ့ ထားကြတာပါတဲ့ ဗျာ ။ အခွံ သင်ပေး မှ ယူမယ် ဆိုရင် လည်း သင်ပေး မှာ ပါပဲ ။ ကိုယ် က ရောင်းချင် သကိုး ။
“ ဦးချမ်းသာ ရေ ရေသန့်ဘူးခွံ အကြည်လေး တွေ ရရင် စုထားပေးပါဗျာ ”
“ အမလေး ပေါပါ့ ဗျာ ၊ ကျုပ် တို့ အအေးဆိုင် မှာ ”
ပြည်မြို့ တွင် ဖွင့် ထားသော ကျွန်တော့် သား ရဲ့ အအေးဆိုင် မှာ တစ်ခါ သောက်ရေသန့်ဘူးခွံ အကြည် တွေ အားကြီးပါ ။
“ ဘာလုပ်ဖို့လဲ ဆရာသမား ရဲ့ ”
“ ဆီ ထည့် ရောင်းဖို့လေဗျာ ၊ ဘူးကြည် တစ်ဘူး ဆီငါးဆယ်သား အကိုက်ပဲ ၊ ဘူးကြည် ဆိုတော့ အရောင် ကို မြင်သာတယ် ဗျာ့ ၊ လူတွေ က ဆီ လာ ဝယ် ရင် အခွံ ပါ မလာခဲ့ဘူး ဗျာ့ ၊ အဆင့်သင့် ငါးဆယ်သား ဝင် ဘူးတွေ ထည့် ထား လိုက်တော့ အကိုက် ပဲ လေ ”
ဆီစက်သမား ဆိုတာ က လည်ိး နှမ်းကလေး ဝယ် ၊ ဆီကလေး ကြိတ် ၊ စားအုန်းဆီကလေး နဲ့ ရော ၊ တင်ကလိန် ချိတ် ၊ အိပ် နေလို့ မရဘူးလေဗျာ ။ ဝယ်သူ မဝယ်ချင် ဝယ်ချင် အောင် ဖန်တီး ကြရတာကိုး ဗျာ့ ။ ကြည့်ပါ လား ၊ ပုဆိုး ဆို ချုပ်ပြီး သား ၊ တံဆိပ် ခွာ ပြီး တန်း ကောက် ဝတ် လိုက်ရုံပဲ ။ ဘယ်လောက် လွယ်ကူ လိုက်သလဲဗျာ ။ ဆန် ဆို လည်း ရွေးပြီး သား ပြာပြီး တီးပြီး ၊ လုံးစင်း အိုးဝင် ဗျာ ။ ငရုတ်မှုန့် ၊ မဆလာ ၊ နနွင်း အားလုံး အဆင်သင့် ချည်းပဲ ။
ပောာ်တယ်ကြီး တွေ ကို ကြည့်ဦး မလား တယ်လီဖုန်း အဆင်သင့် ၊ တီဗီ အဆင့်သင့် ၊ စလောင်း အဆင်သင့် ၊ အိပ်ရာ ဆို ခင်းပြီးသား ၊ သန့်လို့ ပြန့်လို့ ၊ ရေခဲသေတ္တာ မှာ ဘီယာ အသင့် ၊ အချိုရည် အသင့် ၊ ရေသန့်ဘူး အသင့်ဗျာ ။ ရေပူ ချိုး မလား ၊ ရေအေး ချိုး မလား ၊ အပူအအေး စပ် ချိုး မလား ၊ သွားတိုက်ဆေး ၊ သွားတိုက်တံ ၊ ဆပ်ပြာ ၊ တစ်ရှုးပေပါ အဆင့်သင့် ပါ ဗျာ ။ မွေးကာ စ အူဝဲနီလေး ကို အမိအဖ များ က လိုလေသေး မရှိ စောင့်ရှောက် တဲ့ အတိုင်းပါပဲ ။ ငါးခြောက် ဆို ဖုတ်ပြီး ၊ ထုပြီး ၊ ကြက်သွန် လှီးပြီး ဆီ ဆမ်းပြီး ၊ အဆင်သင့် ဖြစ်အောင် စီစဉ်လေ့ ရှိတဲ့ အိမ်ရှင်မ ကောင်း လိုပါပဲခင်ဗျာ ။ ခု ခေတ်ကြီး ထဲ မှာ ဘာမဆို လိုလေသေး မရှိပါတဲ့ ခင်ဗျာ ။ ဝယ် သူ ရဲ့ အလိုက် လိုက် ကြ ရတာ ။
⎕ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၆ ဇွန်လ ၂၀၀၃
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment