❝ ပန်းလိပ်ပြာ ❞
( မြသွယ် )
ဟို ရှေးရှေးတုန်း က တောင်ခြေ တစ်ခု နား မှာ ပန်းဥယျာဉ် စိုက်ပျိုး စား ရ ရှာတဲ့ သူဆင်းရဲ လင်မယား နှစ်ယောက် နဲ့ သမီးလေး တစ်ယောက် ရှိ သတဲ့ ။ ယောက်ျား ဖြစ်သူ က အရုဏ်တက် အချိန် မှာ ပန်းတွေ ထမ်း ပြီး မြို့ ကို သွား သွား ရောင်းရ သတဲ့ ။ မိန်းမ ဖြစ်သူ က ထမင်း ဟင်း ချက် ၊ သမီးလေး က ဥယျာဉ် မှာ ပေါင်းသင် ရေလောင်း တဲ့ အလုပ် လုပ်ရ သတဲ့ ။
တစ်နေ့ တော့ ပန်းသည် အဘိုးကြီး ဟာ ပန်းရောင်း သွား ရင်း အချိန် နည်းနည်း စော သေးလို့ မြို့တံခါး မဖွင့်သေး တာ နဲ့ တံခါးနား မှာ ထိုင် စောင့် နေ သတဲ့ ။ နန်းတော်တွင်း မှာ မိဖုရားကြီး ကို နေ့စဉ် ဆက်ရတဲ့ ပန်းတော်ဆက် ဟာ လည်း အဲဒီ နေ့ မှာ ခါတိုင်း နေ့ တွေ လို ပန်းလှလှ မရ လို့ မကြံ တတ် အောင် ဖြစ်နေရာ က ပန်းသည်များ လာ တတ်တဲ့ မြို့တံခါး နား မှာ ပန်း ကောင်းကောင်း ရလို ရငြား လာ စောင့်နေ သတဲ့ ။ မိဖုရားကြီး ဟာ ပန်း အလှအပ အင်မတန် ကြိုက်တဲ့ ပြင် ဒေါသ က လည်း တယ် ကြီးတယ် ဆိုပဲ ၊ ပန်းလှလှ တွေ ရတဲ့ နေ့ မှာ ဆုလာဘ်များ ပေးတတ်ပြီး ပန်း မလှတဲ့ နေ့ ကျ ရင် ဒဏ် ပေးလေ့ ရှိ သတဲ့ ။
အဲဒီ နေ့ မှာ မြို့တံခါး လည်း ဖွင့် ရော ပန်းတော်ဆက် ဟာ ပထမဆုံး ပန်းသည် အဘိုးကြီး နဲ့ သွား တွေ့ သတဲ့ ။ အဘိုးကြီး ရဲ့ ပန်းတွေ က လည်း ဘယ် ပန်းသည် ဆီ မှာ မှ သူ့ ပန်းမျိုး မရနိုင်ပါ ဘူး တဲ့ ။ အင်မတန် လှပြီး တချို့ ပန်းတွေများ ဆိုရင် လူတိုင်း မမြင်ဖူးကြဘဲ အမျိုးအမည် တောင် မမှတ် မခေါ် နိုင် လောက်အောင် လှ သတဲ့ ။ ပန်းတော်ဆက် ဟာ ပန်းတွေ လည်း တွေ့ ရော အဘိုးကြီး တောင်း သမျှ ဆို သမျှ အဖိုး ကို မဆစ် ဘဲ အကုန် ဝယ်သွား သတဲ့ ။
အဲဒီ နေ့ မှာ အင်မတန် ထူးဆန်းတဲ့ ပန်းမျိုးစုံ တွေ ဆက်သ လို့ မိဖုရားကြီး ဟာ သဘော တော်ကျပြီး ပန်းတော်ဆက် ကို ဆုတွေ လာဘ်တွေ ချ သတဲ့ ။ နောက် ကို လည်း ဒီလောက် လှတဲ့ ပန်းမျိုးတွေ ကို ရအောင် ရှာ ဆက်ရမယ် လို့ အမိန့်တော် မှတ် လိုက်သေး သတဲ့ ။
ပန်းသည် အဘိုးကြီး က တော့ ပန်းတွေ လည်း တစ်ထိုင်ထဲ အကုန် ရောင်းရ ပြန် ငွေစ လေးများ က လည်း ခါတိုင်း ထက် ပို ရ ပြန်တော့ ဇနီး နဲ့ သမီးလေး အတွက် ဝယ်စရာ ရှိတာလေးများ ရှာ ရင်း ဝယ်ရင်း နဲ့ ပဲ နေ တော်တော် မြင့် မှ အိမ် ပြန် ရောက်သွား သတဲ့ ။
နောက်နေ့ မနက် ကျ တော့ ခါတိုင်း လို ပန်းရောင်း သွားရအောင် ဇနီး ဖြစ်သူ က အိပ်ရာ က နှိုး တော့ အဘိုးကြီး ဟာ မနေ့ က နေပူ မိလာ တာ လည်း တစ်ကြောင်း ခရီး က လည်း ပန်း လာ ပြန်တော့ ဖျား ပြီး အိပ်ရာ က မထနိုင်တော့ဘူးတဲ့ ကွယ် ။ အဲဒါနဲ့ ဒီနေ့ အဖို့ ခူး ထားရတဲ့ ပန်းတွေ ဟာ အလကား ညှိုး ကုန်ရတာပေါ့ ။ ဒီလိုနဲ့ပဲ အဘိုးကြီး ပန်းရောင်း မသွားနိုင် တာ ၃ ရက် ပြည့် သွားပါရော တဲ့ ။
မိဖုရားကြီး က တော့ ခါတိုင်း လို ပန်းလှလှ တွေ မရတာ ၃ - ရက် ရှိသွားလို့ ပန်းတော်ဆက် ကို ဒေါသ ထွက်ပြီး “ ဒီနေ့ ပန်းကောင်းကောင်း ရအောင် ဆက် နိုင် ရင် ဆက် ၊ မဆက် နိုင် ရင် သင့်ကို ရာထူး က ချပြီး ကြိမ်ဒဏ် ပေးရလိမ့်မယ် ” လို့ ကြိမ်း သတဲ့ ။
ကံအားလျော်စွာ ပဲ အဲဒီ နေ့ မှာ ပန်းသည် အဘိုးကြီး အစား သမီးကလေး က ပန်းတွေ လာ ရောင်းတာ နဲ့ အဆင်သင့် သွား တွေ့လို့ ပန်းတော်ဆက် ဟာ ပန်းလှလှ တွေ ဆက်နိုင် ပြန် သတဲ့ ။ ပန်းသည်လေး လည်း ငွေစလေးများများ ရတော့ ဝမ်းသာအားရ နဲ့ ပြန်လာ လိုက်တာ သူတို့ ပန်းဥယျာဉ် နဲ့ မနီးမဝေး က တောနက်ကြီး ကို ဖြတ်တဲ့ လမ်း လည်း ရောက် ရော လမ်းဘေး မှာ မျက်စေ့ လည် လမ်း မှား ပြီး အစာရေစာ ပြတ်လဲ နေတဲ့ လူ တစ်ယောက် ကို သွား တွေ့ သတဲ့ ။ ဒါနဲ့ ပန်းသည်ကလေး ဟာ ကတိုက်ကရိုက် အိပ် ပြန် သွားပြီး ရေ နဲ့ စားစရာ သောက်စရာ တွေ ယူ လာပြီး ပြုစု လို့ အားပြည့် လာတော့မှ အိမ် ကို ခေါ်သွား သတဲ့ ။ အဲဒီ နေ့ က စပြီး ခရီးသည်လေး ဟာ သူ့ ရဲ့ အသက်သခင် ကျေးဇူးရှင် ဖြစ်တဲ့ ပန်းသည်လေး နဲ့ ပန်းပင် တွေ ရေလောင်း ၊ ပေါင်းသင် ၊ ပန်းခူး အလုပ် တွေ ကို ကူညီ ပြီး လုပ်ပေး သတဲ့ ။ သူ့ မှာ ပါ လာတဲ့ ငွေစ တွေ ကို လည်း ကျေးဇူးဆပ် တဲ့ အနေနဲ့ အဘိုးကြီး နဲ့ အမယ်ကြီး ကို ကန်တော့ သတဲ့ ။ ဒီလိုနဲ့ သူတို့ လေးယောက် ဟာ ပျော်ပျော်ရွှင်ရွှင် နဲ့ နေ လိုက်ကြတာ သုံးလပြည့် သွား ပါရော တဲ့ ။ သုံးလ ပြည့် တဲ့ နေ့ ကျတော့ မှ ခရီးသည်လေး ဟာ မိဘ ရပ်ထံ ပြန်ရမှာ ကို သွား သတိရ သတဲ့ ။ “ တက္ကသိုလ်ပြည် ကို ပညာ သင် ရအောင် ထွက်လာရာ က ပညာစုံပြီး မိဘ ရပ် ထံ အပြန် မှာ မျက်စေ့ လည် လမ်း မှား ပြီး ခုလို ကယ် မယ့်သူများ နဲ့ တွေ့ရတဲ့ အတွက် အင်မတန် ကျေးဇူး တင်ပါတယ် ။မကြာမီ ဒီ ကျေးဇူးတွေ ကို လည်း ဆပ်ပါမယ် ။ အမှတ်တရ အဖြစ် နဲ့ ဟောဒီ လက်ဝတ်ရတနာ ကို ယူထားပါ ” ဆိုပြီး သူ့ လက် က လက်စွပ် ကို ချွတ် ပြီး ပန်းသည်လေး လက် ကို စွပ် ပေးရင်း သူ ဟာ ဘုရင့် သားတော် ဖြစ်လို့ တိုင်းတော်ပြည်တော် ကို ပြန်ရတော့မယ် လို့ နှုတ်ဆက် ရင်း ခရီး ဆက် ပြီး ထွက်ခဲ့ သတဲ့ ။
အဘိုးကြီး ၊ အမယ်ကြီး နဲ့ ပန်းသည်လေး လည်း အဲဒီတော့ မှ ဘုရင်သားတော် မှန်း သိလို့ ဝမ်းနည်းပက်လက် လွမ်း ကျန်ရစ်ကြ သတဲ့ ။
မိဖုရားကြီး ဟာ ခါတိုင်းလို ပန်းလှလှတွေ မရ တာ အတော် ကြာပြီ မို့ ဒေါသ ထွက်ပြီး ပန်းတော်ဆက် ကို ရာထူး က ချ ၊ နောက်ထပ် ပန်းတော်ဆက် အသစ် ထားပြီး ပန်းလှလှ ရောင်းသူ တွေ့ ရင် ပန်း ကို သာ ဝယ်ရုံ မဟုတ် လူ ပါ ခေါ်ခဲ့ရမယ် လို့ အမိန့်တော် မှတ်ထားပါ သတဲ့ ။
ပန်းသည်လေး ဟာ မင်းသားလေး ကို လွမ်းတာ နဲ့ တွေ့လို တွေ့ငြား မြို့ ကို ပန်းရောင်း သွားပါရစေ လို့ ဖခင်ကြီး ဆီ ခွင့်တောင်း ပြီး ဥယျာဉ် ထဲ မှာ သူ နဲ့ မင်းသားလေး ရှိစဉ် က အတူတူ စိုက် ခဲ့တဲ့ ပန်းပင် က ပန်းတွေ ခူးပြီး ပန်းရောင်း ထွက် လာ သတဲ့ ။ ပန်းတွေ ဟာ ဘယ်လောက် လှသလဲ ဆိုရင် မြင်ရသူ တိုင်း ဟာ လုပ်လက်စ အလုပ် ကို ချ ထားပြီး ငေးကြည့်ရ လောက်အောင် လှသတဲ့ ကွယ် ။
အဲဒီ နေ့ မှာ ပန်းတော်ဆက် ဟာ အဆင်သင့် ပဲ ပန်းသည်မလေး နဲ့ သွား တွေ့ တော့ ပန်းတွေ ဝယ်ရုံ တင် မကဘူး ပန်းသည်လေး ကိုပါ နန်းတော် ထဲ ခေါ်သွား သတဲ့ ။ မိဖုရားကြီး ရှေ့ ရောက်တော့ မိဖုရားကြီး ဟာ ပန်းတွေ ရ လို့ ဝမ်းသာရမယ့် အစား အရင် ရက်တွေ က ပန်း လာ မရောင်းရ ကောင်းလား ဆိုပြီး ဒေါသ ထွက်နေတာပေါ့ ကွယ် ။ ဒီ ကြား ထဲ မှာ ပန်းသည်မလေး လက် မှာ ဝတ် ထားတဲ့ လက်စွပ် ကို မြင်တော့ “ ဟဲ့ ... ပန်းသည်မ ၊ ဒီ လက်စွပ် ကို ဘယ်က ရသလဲ မှန်မှန် ပြော ” လို့ မေး သတဲ့ ။
ပန်းသည်ကလေး က လည်း အမှန်အတိုင်း ပြန် ပြော သတဲ့ ။ ဒါပေမယ့် မိဖုရားကြီး က မယုံဘူးပေါ့ကွယ် ။ မင်းသားကလေး က လည်း ဒီနေ့ မှ ပဲ မယ်တော်မိဖုရားကြီး ဆီ ခစား ဖို့ ဝင်လာ တော့ ပန်းသည်ကလေး နဲ့ သွားတွေ့ တာပေါ့ ။ ပန်းသည်ကလေး က “ မယုံရင် ဟောဒီ မောင်တော် ကို မေးကြည့်ပါ ။ အသက်သခင် ကျေးဇူးရှင် အဖြစ် နဲ့ ပေး သွားတာ ဖြစ်ပါတယ် ” လို့ ထပ် လျှောက် သတဲ့ ။
အဲဒီလို ကြားရင် ပဲ မိဖုရားကြီး ဟာ ဒေါသတွေ ပို ထွက် လာပြီး “ တယ် ... ရိုင်းလိုက် လေ ။ ပန်းသည်မ နှယ် ငါ့ သားတော် ကများ နင်တို့ လို ပန်း ရောင်း စားရတဲ့ အမျိုး ကို အသက်သခင် ကျေးဇူးရှင် အဖြစ် နဲ့ ကျေးဇူး ဆပ်ရမှာတဲ့ လား ။ ငါ့ သားတော် ကို တောလမ်း မှာ နင် မာယာ နဲ့ ဖြားယောင်း လှည့်ပတ်ပြီး ပါတဲ့ ပစ္စည်းဥစ္စာ များ ယူ လိုက်တာ သာ ဖြစ်ရမယ် ။ ကဲ ... မင်းချင်းများ ဒီ ပန်းသည်မ ကို ကျော တစ်ရာ ရင် တစ်ရာ ကြိမ်ဒဏ် ခတ်ပြီး မြိုင်ရပ် နှင်ရမယ် ” လို့ အမိန့်တော် မှတ်ပြီး နန်းမဆောင် ထဲ ပြန် ဝင်သွား သတဲ့ ကွယ် ။ သားတော် က အကြိမ်ကြိမ် ရှင်းပြပြီး တောင်းပန် ပေမယ့် မရဘူး တဲ့ ။
မင်းသားလေး လည်း သူ့ ချစ်သူ ပန်းသည်လေး ကြိမ်ဒဏ်တွေ ခံရတဲ့ နေ့ က စပြီး မစား နိုင် မသောက် နိုင် ဘဲ အိပ်ရာ ထဲ လဲရှာပါရော တဲ့ ။ ကြာ တော့ ဘုရင်ကြီး က သားတော် သေ မှာ စိုး တဲ့ အတွက် “ သားတော်မောင် သင့် ချစ်သူ ကို ခမည်းတော် ခေါ်ဆောင် ၍ သားတော် နှင့် ထိမ်းမြား ပေးမည် ။ မကြောင့်ကြနှင့် စိတ်ချမ်းသာစွာ နေ သားတော် ” လို့ အမိန့် ရှိပြီး ပန်းသည် လေး ရှိ ရာ အရပ် ကို သားတော် ထံ မေးပြီး နောက်ပါတွေ ခြံရံ လို့ ထွက်ခွာ လာ သတဲ့ ။ မိဖုရားကြီး က လည်း ခုမှပဲ သားတော် အတွက် သောက တွေ ပွေ လို့ သူ လည်း လိုက်ပါရစေ ဆိုပြီး အတင်း လိုက် လာ သတဲ့ ။ ပန်းသည်လေး ဆီ လည်း ရောက် ရော သူ့ ခမျာ မင်းသားကလေး နဲ့ ရတဲ့ သန္ဓေသား ဟာ ကြိမ်ဒဏ် ကြောင့် သန္ဓေ ပျက်ပြီး အိပ်ရာ က မထနိုင်ဘဲ လဲ နေတာ တွေ့ရ သတဲ့ ။ ဘုရင်ကြီး နဲ့ မိဖုရားကြီး လည်း အဘိုးကြီး အမယ်ကြီး ကို အကျိုးအကြောင်း ပြောပြပြီး ပန်းသည်လေး ကို မင်းသားလေး ထံ ခေါ်ဆောင် သွားဖို့ ခွင့် တောင်း သတဲ့ ။
ဒါပေမယ့် ... အချိန် က နှောင်း သွားပြီပေါ့ ကွယ် ။ ပန်းသည်လေး ဟာ ဘုရား ဘုရား တ ရင်း နဲ့ တဖြည်းဖြည်း အားနည်း လာပြီး “ ဖြစ်လေရာ ဘဝ မှာ ပန်းတွေ လှ သလို လှပြီး ချစ်သူ မင်းသားလေး နဲ့ တွေ့နိုင် တဲ့ ကိုယ် ဖြစ်ရပါစေ ။ သူ ပိုင်ဆိုင်တဲ့ ပန်းများ ကို ဖျက်ဆီးသူများ ဟာ လည်း ပန်းများ ပျက်စီးသလို ပျက်စီးပါစေသား ” လို့ ဆုတောင်းရင်း သေသွား ရှာပါရော ကွယ် ။
ပန်းသည်လေး လည်း သေ ရော သူ့ ခေါင်းရင်း မှာ အင်မတန် ထူးဆန်းတဲ့ ပန်းပွင့်ကြီး ပွင့် နေတဲ့ ပန်းပင် တစ်ပင် ချက်ချင်း ပေါက်လာ သတဲ့ ။ မိဖုရားကြီး လည်း ပန်း ကြိုက်တတ်လေ တော့ သတိ မထားမိဘဲ ပန်းပွင့်ကြီး ကို လှမ်း ချိုးယူ လိုက်တာ ပန်းပင် က ဆူး စူးပြီး လန့် အော်ရင်း ပန်းပွင့်ကြီး ကို လွှတ်ချလိုက် သတဲ့ ။ ပန်းပွင့် ပန်းချပ်လွှာတွေ ဟာ တစ်ခါ ထဲ ပြန့်ကျဲ ပြီး ပန်းသည်လေး ရဲ့ ကိုယ် ပေါ် မှာ ပန်းမွေ့ရာ ခင်း သလို အုပ် သွားပါရော တဲ့ ။ မိဖုရားကြီး လည်း ပန်းပင် က စူး တဲ့ အဆိပ် နဲ့ ပဲ ဒီနေရာ မှာ သေရှာပါရောတဲ့ ကွယ် ။
ဘုရင်ကြီး ဟာ ကြင်နာ သနားတတ်သူ ဖြစ်လေတော့ စိတ် မကောင်း ဖြစ်ပြီး အဘိုးကြီး အမယ်ကြီး ပါ ခေါ် ပြန် လာတာပေါ့ ကွယ် ။ နန်းတော် ရောက် လို့ သားတော် အဆောင် ထဲ ဝင် လာ တော့ သားတော် က သူ့ ချစ်သူ ပါရဲ့လား လို့ မေး သတဲ့ ။ ဘုရင်ကြီး က မပါခဲ့ကြောင်း “ မကြာမီ မိဖုရားကြီး နဲ့ အတူ လာကြလိမ့်မယ် ” လို့ သားတော် ကို ချော့ထား ပေမယ့် သားတော်မောင် ဟာ သူ့ မိခင်ကြီး ရဲ့ စိတ်ဓာတ် ကို သိပြီး မို့ အကျိုးအကြောင်း ရိပ်မိ သတဲ့ ။
ဒီလိုနဲ့ ပဲ နောက်တော့ မင်းသားလေး ဟာ အကြောင်းစုံ သိသွား တဲ့ နေ့ လည်း ကျရော သူ လည်းပဲ “ ချစ်သူ ကို ဖြစ်ရာ ဘဝ မှာ တွေ့အောင် လိုက် ရှာနိုင်တဲ့ ကိုယ်ဖြစ်ရပါလို၏ ” လို့ ဆုတောင်းရင်း အသက် ပျောက် သွားပြီး လိပ်ပြာကလေး ဖြစ်ကာ ပြန် သွားရှာ သတဲ့ ။
အဲဒီနေ့ က စပြီး ပန်းလိပ်ပြာလေး ဟာ ပန်းပွင့်တွေ ရှိ ရာ မှာ ပျံဝဲ ရင်း သူ့ ချစ်သူလေး ကို လိုက်လိုက် ရှာ နေ သတဲ့ ကွယ် ။
◾မြသွယ်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၈ ၊ နိုဝင်ဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment