Tuesday, September 8, 2026

ကိုရီးယား ရောဂါ


❝ ကိုရီးယား ရောဂါ ❞
( နီယွန်းအိမ် - သာပေါင်း )

အသက် ၆ဝ ကျော် အဘွားနှစ်ယောက် စကားပြောနေကြလေ၏။

ပထမအဘွားအိုက...

“ဒီည လာမယ့် ကိုရီးယားဇာတ်လမ်းကို ကြည့်ဖြစ်အောင် ကြည့်ပါအေ... ကိုရီးယား မင်းသားနဲ့ မင်းသမီးက ခပ်ချောချောလေးတွေလေ... ဇာတ်ကားနာမည်က ဘာတဲ့.. မေ့နေလိုက်တာ... အသက်အရွယ်က ရလာပြီကိုး... ညည်း ညကျရင်... တီဗွီကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါအေ... ”

ဒုတိယအဘွားအိုက...

“နင် ပြောတဲ့ ကိုရီးယားဇာတ်လမ်းတွဲကို ကြည့်မှာပါအေ... ညည်းလည်း... ကိုရီးယားဇာတ်လမ်းတွဲကို ကြည့်လွန်းအားကြီးလို့ အတော့်ကိုပဲ... ခေတ်မီခေတ်ဆန်လာတယ်နော် ... စကတ်အတိုတွေ ဘာတွေ ဝတ်လို့ ..”

ပထမအဘွားအိုက “အိမ်က... အဘိုးကြီး... နောက်တစ် ယောက် ခပ်ချောချော စမောငယ်ငယ်ချောချောလေးတစ်ယောက် အသစ် တွေ့သွားမှာစိုးလို့ အခုလို ခေတ်မီခေတ်ဆန်နေတာလေ..”

ဤအဘွားအို နှစ်ယောက်၏ ရောဂါက ဘာရောဂါပါလိမ့်။

ကျုပ် အထင် ပြောရရင်တော့ ဟိုရောဂါလေ.. ဘာတဲ့ ဘာတဲ့ ...အို ... “ကိုရီးယားရောဂါ” တဲ့လေ..။ ။

▢  နီယွန်းအိမ် (သာပေါင်း)
📖 မဟေသီ မဂ္ဂဇင်း
      ဇူလိုင်လ ၊ ၂၀၁၅

No comments:

Post a Comment