❝ ကို ညွှန်းတဲ့ နှစ်လုံးဆေး ❞
▢ ပိုင် ( ဆေး -၁ )
ကိုသည် မြို့သား ပွဲစားတစ်ယောက်။ သူ့ရည်းစား ကောင်မလေးကား မအူမလည် တောသူမလေး။ ကိုသည် မြို့သားပွဲစားပီပီ စကားကို လှည့်ပတ် ပြောတတ်သည်။ စကားကြီး ဆယ်မျိုးကို အရည်ကျို သောက်ထားလေရော့သလား မသိ။ ကိုလည်း ယောက်ျားတစ်ယောက် ဖြစ်လေရာ သက်သတ်လွတ်စားသည့် ကျားတော့ မဟုတ်။ သို့ဖြစ်၍ ယခုတစ်ခေါက် ကို့ရည်းစား ကောင်မလေး ရန်ကုန် ရောက်တုန်း ရောက်ခိုက် ကောင်မလေး မရောက်ဖူးသည့် နေရာအစုံ လိုက်ပို့သည်။ ပန်းခြံ၊ ကစားကွင်း စသည် စသည်ဖြင့်။ သည့်နောက်တွင်တော့ သူတို့ ဓားသွားထက်က ပျားရည်စက်များကို ချိုမြိန်စွာ သောက်သုံးခဲ့ကြသည်။ ပန်းဝတ်ရည် ရေယာဉ်ကြောတွင် နှစ်ဦးသား စီးမျောမိခဲ့ကြသည်။
ကို့ရည်းစား ကောင်မလေးနှင့် ကိုတို့ ချစ်ရည်လူးပြီးချိန်သည် ညနေ ၃း၃၀ ဖြစ်နေပြီ ဖြစ်သည်။ ကို့ကောင်မလေးသည် ညနေ ၄ နာရီ ကားနှင့် နယ်ပြန်ရမည် ဖြစ်သည်။ ကားလက်မှတ်လည်း ဝယ်ပြီး ဖြစ်သဖြင့် ကိုသည် သူ့ကောင်မလေးကို ကားဂိတ်သို့ လိုက်ပို့ကာ နှုတ်ဆက်ခဲ့သည်။ ကိုသည်လည်း မိမိ ခိုးစားထားသည့် ကိစ္စပေါ်မည် စိုးသဖြင့် သူ့ရည်းစား ကောင်မလေး နားသို့ ကပ်ကာ-
“ချစ် ကိုယ်တို့ မှားခဲ့ကြတယ်နော်” ဟု တိုးတိုးလေး ကပ်ပြောသည်။ ကို့ရည်းစား ကောင်မလေးက ဘာမှ ပြန်မပြော။ ရေငုံနှုတ် ပိတ်ကာ ရှက်သွေးဖြာနေသည်။ ကိုလည်း နောက်ဆုံးတွင် ပြောသည့်စကားကို ကောင်မလေး မမှတ်မိမည် စိုး၍ နှစ်ခေါက် ပြန်ပြောလိုက်သည်။
“ချစ် .. နှစ်လုံးဆေး ဝယ်သောက်လိုက်နော်” တဲ့။
ကောင်မလေးက ခေါင်းညိတ်အပြီး ကိုလည်း လက်ပြကာ ပြန်လာခဲ့သည်။
••••• ••••• •••••
နောင်တစ်လ၊ တစ်လခွဲအကြာ ကောင်မလေးမှ ဖုန်းဆက်သည်။
“ကို... ချစ် ကိုယ်ဝန်ရှိနေပြီ” တဲ့။
ဟိုက် သေပါလေရော။ သေချာ မှာထားရက်နှင့် ဆေးများ ဝယ်မသောက်ဖြစ်သလားဟု ကိုမေးတော့သည်။ ခိုးစားထားသည့် ကိစ္စက ဘူးပေါ်သလို ပေါ်လာတာကို ခေါင်းကျိန်းနေလေပြီ။
ကောင်မလေး အဖြေက “အဒေါ် အမောဖောက်ရင် သောက်တဲ့ နှလုံးဆေးတော့ နေ့တိုင်း ပုံမှန် စားတာပါပဲ ကို” တဲ့။
▢ ပိုင် (ဆေး-၁)
📖 မဟေသီ ရုပ်စုံ မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၂၀၁၇
No comments:
Post a Comment