Wednesday, January 10, 2024

ရှေ့လူ‌ မြွေ‌ကျော် ၊ အလယ်လူ‌ မြွေကိုက် ၊ ‌နောက်လူ‌ မြွေရိုက်


 

❝ ရှေ့လူ‌ မြွေ‌ကျော် ၊ အလယ်လူ‌ မြွေကိုက် ၊ ‌နောက်လူ‌ မြွေရိုက် ❞

၂၀၀၃ ခုနှစ် မတ်လ ၅ ရက်‌ နေ့ က အောင်လံမြို့‌ မြောက်ပိုင်း ရှေ့‌ဆောင်ပွဲရုံ သို့ ရောက်‌သော အခါ ... ။

“ ပြည်တွင်းသုံး သီးနှံ နဲ့ အိတ်စပို့ သီးနှံ ဘယ်ပာာ‌ ရွေးရင်‌ ကောင်းမလဲ ဦး‌လေး ချမ်းသာ ”

ပွဲစား ကိုသိန်းတန် က ‌ရောက် မဆိုက်‌ မေးလိုက်‌ သော အခါ ကျွန်‌တော် သည် အကြား အမြင် ရ‌သော ဘိုး‌တော်‌ ယောင်‌ယောင် ၊ ပေါက်‌ နေ‌သော ဝိဇ္ဇာ လိုလို မိုး‌ပေါ်‌ မော့ ကြည့်
တောင်ကြည့်‌ မြောက်ကြည့် မျက်စိ ကစား လိုက် ပြီး‌နောက် ။

“ ပာာ ... ကိုသိန်းတန် ခင်ဗျား ကြိုက်ရာ သာ ‌လှောင်‌ ပေ‌တော့ဗျို့ ၊ ကံပဲ ”

“ ပာင် ... ဒါ‌တော့ ဦး‌လေးချမ်းသာ‌ ပြောမှလား ”

“ ‌အေး‌လေ ... ကိုယ် က လည်း ကိုယ်‌ ပြောနိုင်တာ ကိုယ်‌ ပြောတာကိုး ကွယ် ”
( အပာဲ ... ဘိုး‌တော်‌ လေသံ )

အမှန်ပါပဲ ခင်ဗျာ ၊ ဘယ် သီးနှံ ဘယ် လ ၊ ဘယ်ရက်‌ ရောက်ရင် ‌ဈေး‌ မြောက်မယ် ၊ ဘယ် သီးနှံ က ဖြင့် ‌ဈေး ကျမယ် မည်သူမျှ အတတ် မ‌ပောာနိုင်ပါ ခင်ဗျာ့ ၊ ဘယ်‌ ဗေဒင် ဆရာ မှ လည်း မပာာဘုတ် ထူ ၍ ရနိုင်မည် မထင်ပါ ။ ပေါတာ ရှားတာ နဲ့  မဆိုင်ဘူး ခင်ဗျာ့ ၊ တက် ချင်တဲ့ သီးနှံ ထိုး တက် ပြီး ကျ ချင်တဲ့ သီးနှံ က အဝီစိ ‌ဇောက်ထိုး ဆင်း‌ တော့ တာပါပဲ ။ သည်‌နေ့ မတ်လ ၅ ရက်‌ ပေါက်‌ဈေး ကို ပဲ ကြည့်ပါ ။ ပဲစင်းငုံ အနီ ၂ဝ ပိဿာ တစ်တင်း ၆၂၀ဝ ကျပ် ၊ နီဖြူကြား  ၅၉၀ဝ ကျပ် ၊  ကုလားပဲ ( ဂျပန်မျိုး ) ၆၅၀ဝ ကျပ် ၊ နှမ်းနီ ၄၅ ပိဿာ တစ်အိတ် ၃၄၀၀ဝ ကျပ် ၊ နှမ်းပြာ ၃၃၀၀ဝ ကျပ် ၊ နှမ်းဖြူ ၃၂၀၀ဝ ကျပ် ၊ ပဲကြီး အသစ် ၂၀ ပိဿာ တစ်တင်း ၈၀၀ဝ ကျပ် ၊ ၇၀၀ဝ ကျပ် ၊ ‌ခြောက်လပဲ ပြန့်ပဲဆန် ( ဆီဆန် ) တစ်ပိဿာ အောင်လံ ထိပ်စ ၇၀ဝ ကျပ် ။ ဒါ က မတ်လ ၅ ရက်‌ နေ့ က‌ ဈေး ဗျာ ။ မတ်လ ၈ ရက်‌ နေ့ ကျ‌ တော့ ‌ဈေး က တစ်မျိုး ဗျာ ။

နှမ်း ၃၃၀၀ဝ ကျပ် ၊ ပြန့်ဆန် က ၆၅ဝ ကျပ် ၊ ပဲကြီး ၆၀၀ဝ ကျပ် ပဲစင်းငုံ ၅၅၀ဝ ကျပ် ။ ထပ် ကျ သွား ပြန်ပြီ ။ ခု ရက်‌ တွေ ဝယ် လို့ အရမ်း‌ ကောင်း‌ပေါ့ ။ သို့‌သော် လူတိုင်း မဝယ်နိုင်ပါ ခင်ဗျာ ။ ဇန်နဝါရီ လဆန်း ပိုင်း က  ‌အောက်‌ဈေး နဲ့ ဝယ်ထားပြီး ဖေ‌ဖော်ဝါရီ ( ၇ ) ရက် အမြင့်ဆုံး ဈေး‌ မြောက် ခဲ့‌သော အချိန် ပဲစင်းငုံ တစ်တင်း ၉၀၀ဝ ကျပ် နှင့် ‌ရောင်း လိုက်ရသူများ ၊ နှမ်း တစ်အိတ် ၄၄၀၀ဝ ကျပ် နှင့် ရောင်းလိုက် ရ သူများ သာ
ဝယ်နိုင် ပါလိမ့်မည် ။ ဝယ်နိုင် ကြပါသည် ။ သူတို့ က ‌ရှေ့ လူ‌ မြွေ‌ကျော် အုပ်စု ထဲ ပါဝင်သူများ ဖြစ်ပါ၏ ။ ဖိုးကံ‌ကောင်း များဖြစ်ပါ၏ ။ တော်‌ပေစွ ဦး‌နှောက် ။ အဲ ... အလယ် လူ မြွေကိုက် ခံ ထားသူများ က‌ တော့ မျက်နှာ ညိုပုတ်ပုတ် မလှုပ်‌ ရေးချ မလှုပ်နိုင်ပါ ခင်ဗျာ ။ ဇန်နဝါရီလ ကုန် ပတ် ၂၇ ၊ ၂၈ ၊ ၂၉ ပဲစင်းငုံ တစ်တင်း ကျပ် ၈၀၀ဝ အထက် ဝယ် ထည့် ထားပြီး‌ နောက် ‌ဖေ‌ဖော်ဝါရီ ( ၇ ) ဈေး အမြင့်ဆုံး အချိန် ( တစ်တင်း ၉၀၀၀ ) ကျပ် တွင် ကျပ် ( ၁၀၀၀၀ ) ဈေး‌ မျှော် မိ ၍ လက် မလွှတ်‌သေးဘဲ ထားသူများ ခမျာ ယ‌နေ့
၆၀၀၀ ၊ ၅၅၀ဝ ကျပ် တွင် ဘာ လုပ် လို့  ဘာ ကိုင်ရမှန်း မသိ ၊ ကျ‌ဈေး နှင့် လိုက် ဝယ်ပါမည် အားခဲ ထား‌ သော်လည်း လက် ထဲ တွင် သီးနှံ သာ ရှိ ၊ ပိုက်ဆံ မရှိ ဗျာ ။ မြွေ‌ကျော် အုပ်စု
ထ ဝယ်‌ နေသည် ကို မြင်ရ‌သော အခါ ငါး‌ကြော် စား‌ နေ‌သော ပူစီက‌လေး ကို မနာလို ဝန်တို ဖြစ်‌ နေ‌သော အမြီး‌ ကောက်‌ကောက် အ‌ကောင် ကဲ့သို့ ရှိ‌နေ‌ချေ၏ ။

“ အမှန်အတိုင်း‌ ပြောတာ ကိုသိန်းတန် ၊ ဘယ်သူ မှ အတတ် မ‌ပောာနိုင်တာ
ဈေးနှုန်း ပဲ ဗျာ့ ၊ အတတ် ပြောနိုင်ရင် ‌မောင်ချမ်းသာ တို့ သူ‌ဌေး ဖြစ်တာ ကြာလှ‌ပေ့ါ ”

“ ဦး‌လေး ချမ်းသာ လဲ ‌ဈေးကြီး မိထားတယ် ဆိုပါ‌တော့ ”

“ ပာာ ... ‌ပြော မှ ‌ပြော တတ်ပ‌လေ ၊ ‌မောင်ချမ်းသာ ဘာသား နဲ့ ထုထားတာ မှတ်လို့ မြေပဲဆား‌လှော်‌ လှော်ဖို့ လက်ထွင်‌ မြေပဲဆန် အတင်း ၂၀ဝ ‌လောက် ပိုက်‌ဘော မိ‌ နေပါ‌ရောလား ဗျာ ”

ယ‌နေ့ မတ်လ ၈ ရက်‌ နေ့ လူချင်း ဆုံ မိ‌တော့ ၅ ရက်‌ နေ့ က စကား ကို အစပြန်‌ ကောက် ကြ‌ လေ၏ ။ အမှန်ပဲ ခင်ဗျာ့ ၊ ‌ဈေး တက်‌ နေစဉ် က တစ်ပိဿာ ၁၀၀ဝ ကျပ်‌ ဈေး နဲ့ ပိသာချိန် ၃၀၀ဝ လောက် ဝယ် ထည့် ထား မိ‌လေရာ ယ‌နေ့ တစ်ပိဿာ ၇၀ဝ ကျပ်ထိ
ကျ‌ နေ‌သော အခါ ဝယ် ချင် လျှက် နဲ့ မဝယ် နိုင် ဖြစ်‌ နေ‌သော မောင်ချမ်းသာ ပါခင်ဗျာ ။

‌ရှေ့လူ‌ မြွေ‌ကျော် ‌တော်‌ပေစွ  လူစွမ်း‌ကောင်း ။

အလယ်လူ‌ မြွေကိုက် မောင်ချမ်းသာ လူမိုက် ။

‌နောက်လူ ‌မြွေရိုက် ၊ အ‌နေ‌တော် တုံးပြီး  မီး‌အေး‌အေး နဲ့  အသာက‌လေး နှပ် စား လိုက်ရုံပါပဲ ။

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment